Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ဂေဇက်ရွာသူားတွေရဲ့ တတိယအကြိမ်တွေ့ဆုံပွဲနဲ့ ဆုပေးပွဲ

Ma MaJanuary 12, 20145min921101

IMG_1151[1] အခမ်းအနား အပြင်အဆင်

စာအုပ်ကြော်ငြာဗီနိုင်း
စာအုပ်ကြော်ငြာဗီနိုင်း

 

ပရိုလိုင်းပေါ်က ရွာသူားတွေရဲ့ လက်ရာတွေ
အားကျဂုဏ်ယူစရာ ပရိုလိုင်းပေါ်က ရွာသူားတွေရဲ့ လက်ရာတွေ

 

တက်ရောက်လာကြသူတွေရဲ့ လက်မှတ်
တက်ရောက်လာကြသူတွေရဲ့ လက်မှတ်

 

သဂျီးနဲ့ ခိုင်ဇာတို့ဆီက ဆုလက်ဆောင်ပစ္စည်းလေးတွေ
သဂျီးနဲ့ ခိုင်ဇာတို့ပို့လိုက်တဲ့ ဆုလက်ဆောင်ပစ္စည်းလေးတွေ
ဆရာစောဝေရေးပေးတဲ့ အမှတ်တရ
ဆရာစောဝေရေးပေးတဲ့ အမှတ်တရ

 

 

အတွေးအရေး ပေါက်ရလေးတွေ
အတွေးအရေး ပေါက်ရလေးတွေ

 

ဆုလက်ဆောင်
ဆုလက်ဆောင်

 

မအိလက်ရာ ကော်ဖီနဲ့ ဆင်းဒဝစ် ဘရိတ်ဖတ်စ် မိုက်မှမိုက်
မအိလက်ရာ ကော်ဖီနဲ့ ဆင်းဒဝစ် ဘရိတ်ဖတ်စ် မိုက်မှမိုက်

 

တက်ရောက်လာတဲ့ အထူးဧည့်သည်တော်တွေ
တက်ရောက်လာတဲ့ အထူးဧည့်သည်တော်တွေ

 

အကြွေးဆပ်ခြင်း
အကြွေးဆပ်ခြင်း

 

မျိုးဆက်သစ်တွေလည်းပါတယ်။

မျိုးဆက်သစ်တွေလည်း ပါတယ်။

ဆုပေးသူနဲ့ ဆူယူသူ
ဆုပေးသူနဲ့ ဆူယူသူ

 

ဆုပေး ဆုယူပုံတွေ https://www.facebook.com/maw.myintmyint/posts/404246009706782 မှာလည်း ရှိသေးတယ်။ 🙂

 

စားလို့ရပြီ
စားလို့ရပြီ

 

Gentles first :)
Gentlemen first 🙂

 

Ladies last  :P
Ladies last 😛
  1. ဒါဇင်ပလပ်စ်လက်ဆောင် ကျောက်နဲ့နှင်းအတွက် မင်္ဂလာကိတ်
    ဒါဇင်ပလပ်စ်လက်ဆောင် ကျောက်နဲ့နှင်းအတွက် မင်္ဂလာကိတ်
    စားကြပြီ
    စားကြပြီ
    စားကြပြီ
    စားကြပြီ

    Group photo တော့ မရလိုက်ဘူး။
    ဓာတ်ပုံရိုက်ထားကြတဲ့သူတွေ တင်ပေးကြပါအုံး။

 

 

 

 

 

 

 

 

 

 

101 comments

  • မဟာရာဇာ အံစာတုံး

    January 12, 2014 at 10:11 pm

    ပျော်စရာကြီးပါပဲရယ် …
    ဟိုလူကြီးတွေပါတော့ ပိုပြီး ပွဲစည်သွားတယ် …
    မထင်ထားသူတွေလည်း လာဖြစ်ခဲ့တယ် …

    သဂျီးညီ ဆိုတဲ့ လူကြီးကတော့ ပြောသွားသေးတယ် …
    သဂျီး ပျံလာယင် ဂဲနဲ့ဝိုင်းထုဂျဘာဒဲ့ … ငိငိငိ
    :mrgreen:

  • padonmar

    January 12, 2014 at 11:27 pm

    အေးလေ..အေးလေ၊တော်တော်နေစိမ့်တဲ့ သဂျီး။
    ပျံလာကြည့် သိမယ်….
    …..
    စီဂျေ မာမား၊Gentlemen တွေကို မိသွားတယ်။

    • Ma Ma

      January 13, 2014 at 2:50 pm

      သူများကိုပြောချင်စိတ်ကများနေလို့ Gentles ဖြစ်သွားတယ်။
      ပြင်လိုက်ပြီ။ :mrgreen:

  • padonmar

    January 13, 2014 at 1:24 am

    မအိ ဆင်းဒဝစ်ကို မကုန်နိုင်ပါဘူးထင်ထားတာ ၄ခုလုံးဘယ်လိုကုန်သွားမှန်းတောင်မသိဘူး။ကောင်းလိုက်တာ။

    • Ma Ei

      January 13, 2014 at 10:32 am

      ကောင်းတယ်ချီးကျူးလို့ ပင်ပန်းပေမယ့် ပျော်ပါတယ်..မရေ…

      • surmi

        January 13, 2014 at 11:08 am

        အမှန်​အတိုင်​း​ပြောရရင်​ ​နောက်​တစ်​ဗူး ထပ်​ဆွဲချင်​​သေးတာ
        ဗိုက်​ကနည်​းနည်​းပြည်​သွားတာရယ်​..
        ​နောက်​ထပ်​​ရောက်​လာမယ်​့သူ​တွေအတွက်​ရယ်​..
        အဲဒ​ကြောင်​့ ..​နောက်​တပွဲထပ်​​ကြွေးမှာကို မရှက်​မ​ကြောက်​​မျှော်​ရင်​း
        :mrgreen:

  • လူကလေး

    January 13, 2014 at 1:57 am

    မနက်စာမီလိုက်ဘူးတော့ .. နည်းနည်း တော်တော်လေး နောက်ကျသွားတယ် . .
    မီးရက်နဲယိုး.. တောင်းပန်ပါတယ်..

  • ဦးဦးပါလေရာ

    January 13, 2014 at 5:28 am

    လူမများလောက်ဘူးလို့ အစကထင်ထားတာ –
    တကယ်ကျတော့ လူအစုံဆုံးပွဲ လို့တောင် ပြောရမလို….
    ရွာသူားတွေရင်ထဲက ဂဇက်သံယောဇဉ်ကို တွေ့မြင်ကြည်နူးမိပါတယ်….

  • KZ

    January 13, 2014 at 8:16 am

    ပျော်စရာကြီးပါကွယ်။
    မနေ့ကတည်းက ဓာတ်ပုံတွေကို ဖဘ မှာ ထိုင်စောင့်နေတာ။
    ငှက်ကထဂျီး မိုက်မိုက် စိတ်အေးရပြီပေါ့လေ။
    🙂

    လျှို့ဝှက် ဂဇက် စာအုပ်ပြန်ရပြီလား အာတီဒုံ။
    😀

    ဟယ်။
    ပန်းဆီရောင် နာ့ ယောက်ခမွဘေးမှာ နာ့ မက်မှန်လေးးးးးး ပြုံးလို့။
    :chit:
    နောက်ခါ မမ လာမှ ထမင်းကြော်ကျွေးမယ်။

    ချစ်မှ ကို အာတီဒုံ ဓာတ်ပုံမှာတွေ့လိုက်တယ်။ လှလို့။ ပြုံး/ပျော်လို့။
    :chit:

    • Ma Ma

      January 14, 2014 at 8:26 am

      ငါးခူပြုံး ငါးသလောက်ပြုံးလောက် လှရုံလေး ပြုံးဖို့ဟာ ……..
      ကံစမ်းမဲကျေးဇူးနဲ့ သွား၃၂ချောင်းပေါ်သွားတယ်။ :mrgreen:

    • ရွှေတိုက်စိုး

      January 14, 2014 at 9:27 am

      အန်တီကေဇီပေးတဲ့ ပစ္စည်းတစ်ခုမှမရလိုက်ဘူး.. ငမတ်လုပ်တာ.. သူလဲမရလိုက်ဘူး.. အဲဒီတော့ ကမတ်နဲ.တားတားနဲ.အတွက်.. တစ်လုံး ပို.လိုက်..လက်ချောင်.. ခိခိ

      • KZ

        January 14, 2014 at 10:56 am

        တစ်လုံးမက တစ်ဒါဇင်ပေးလိုက်မယ်။
        ရေသန့် အလုံးတွေ။ :mrgreenn:

        တစ်ယောက် ၆ လုံး ဝေယူကြလေ။ :mrgreenn:

  • manawphyulay

    January 13, 2014 at 8:28 am

    ပျံလာရင် မြင့်မြင့်က ပျံလာနော်… သဂျီး အပင်တွေနဲ့ မလွှတ်ရင် အကုန်ညိကုန်မှာစိုးလို့ ပြောဒါဘာ….

    သဂျီးရေ…. သုံးကြိမ်မြောက်မှာ အရောက်လှမ်းပြီး ဝမ်းသာပီတိဂွမ်းဆီထိခဲ့ပါတယ်။

    ကိုယ့်အိမ်ကို မပြန်တာကြာတော့ နွေးထွေးမှုတွေနဲ့ သဂျီးရဲ့အေးရိပ်လေးတစ်ခုပြန်လည်ရောက်ရှိခဲ့ပါတယ်။

    အားလုံးကို အရင်အတိုင်းပဲ
    နွေးထွေးလျက်
    မနော

  • kyeemite

    January 13, 2014 at 8:42 am

    သွက်လိုက်တဲ့ မမ ပါလား…ပုံလေးတွေတင်ပေးတာကျေးဇူး…
    ရင်ထဲတော့ပေါ့ပါးလန်းဆန်းပြီး…ကြေနပ်မိပါ၏
    နောင်ဆိုရင်တော့ မျိုးဆက်သစ်လူငယ်တွေဦးဆောင်ရင် ဒီထက်ပိုသာပါလိမ့်မည်။

    • Ma Ma

      January 14, 2014 at 4:12 pm

      နောင်ဆိုရင်တော့ မျိုးဆက်သစ်လူငယ်တွေဦးဆောင်ရင်….
      ကြိုဆိုပါတယ်၊ မျှော်လင့်ပါတယ်။ 🙂

  • Myo Thant

    January 13, 2014 at 9:19 am

    ဆုပေးသူ နဲ့ ဆုယူသူပုံမှာ
    တကယ်တော့ ကျနော်က ကိုယ်စားယူပေးရတာပါ ၊
    ကိုဇော်သန့်ကိုယ်စား ( သန့်ချင်းတူတဲ့ ) ကိုမျိုးသန့် ယူပေးပါ ဆိုလို့ ၊ 🙂

    တကယ့်ပျော်စရာပွဲပါ ၊

    • Zaw Thant

      January 13, 2014 at 12:29 pm

      .. အဲ့လိုလား.. ကျေးဇူးပါဗျို.. 😀

  • Foreign Resident

    January 13, 2014 at 9:20 am

    မမ ။
    ” အကြွေးဆပ်ခြင်း ” ဆိုတဲ့ပုံက ၊
    ဘာ အဓိပ္ပါယ်လဲဟင် ။

    • Ma Ma

      January 13, 2014 at 3:59 pm

      ရွာသားတစ်ယောက် ပြီးခဲ့တဲ့တွေ့ဆုံပွဲတုန်းက ပျက်ကွက်ခဲ့တာကို အကြွေးဆပ်ပြီး သူ့မဒမ်ရော ကိုယ်ပွားတွေပါ ခေါ်လာလို့ အကြွေးဆပ်ခြင်းလို့ နာမည်ပေးလိုက်တာ။
      ခုတပတ်ပျက်ကွက်တဲ့ FR လည်း အကြွေးဆပ်ရမှာမို့ နောက်တကြိမ်တွေ့ဆုံပွဲကျရင် ပဲ့ကိုင်ရှင်ကို ခေါ်လာဖို့ စီစဉ်ထားအုံး။ :kwi:

  • surmi

    January 13, 2014 at 9:45 am

    ​နောင်​နှစ်​​ပေါင်​း ​တော်​​တော်​အကြာမှာ
    ဒီဂဇက်​ရွာကြီးလည်​း ရှိ​နေဦးမယ်​ဆိုရင်​…..
    ဒီလိုပို့စ်​​တွေကိုပြန်​ဖွင်​့ကြည်​့ရင်​းးးး
    ” ပုံရိပ်​​ယောင်​တို့ ဆုံတဲ့ပွဲ ” လို့ တွေးမိနေဦးမှာပါ

    • Ma Ma

      January 14, 2014 at 8:19 am

      ” ပုံရိပ်​​ယောင်​တို့ ဆုံတဲ့ပွဲ ” တယ်ဆိုတဲ့ စာပါလား။
      အဲဒီနာမည်လေး ကြိုက်လို့ နောင်သုံးဖို့ မှတ်ထားရမယ်။ 🙂

  • sorrow

    January 13, 2014 at 10:54 am

    ဆန်းဒဝစ်ကလဲကောင်း..အစားအသောက်နဲ့ အစီအစဉ်ကလဲကောင်း… အလွန်ပျော်ပါတီ

    • Ma Ma

      January 14, 2014 at 8:21 am

      အလွန်ပျော်တာ အကြွေးသိမ်းမယ့် ချစ်တီးမကြီးဖြူ ဖွေးလိုက်လာလို့လည်း ဖြစ်ရမယ်။ :kwi:

  • Zaw Thant

    January 13, 2014 at 12:02 pm

    .. မလာနိုင်တဲ့အတွက် ပုံတွေကိုပဲ အားပေးသွားပါတယ်.. စားကောင်းမဲ့ ပုံပဲဗျ.. 😀

    • Ma Ma

      January 14, 2014 at 8:23 am

      စာမူဆုရှင် ဇော်သန့်ကို လာစေချင်တာ။ 🙂

  • kai

    January 13, 2014 at 1:16 pm

    အဲဒါကျုပ်ကိုယ်တိုင်မဟုတ်ဖူးလို့.. ဘယ်သူပြောလို့လဲ..။ :mrgreen:

    • sorrow

      January 13, 2014 at 2:00 pm

      ဒါမှန်းသိ .. ခဲနဲ့ထုပါတယ်..အဟီး

    • Mr. MarGa

      January 13, 2014 at 2:11 pm

      မျက်မှန်နဲ့ နှုတ်ခမ်းမွှေး ပျောက်နေတာကြောင့် လွှတ်ပေးလိုက်ခြင်း ဖြစ်ပါကြောင်း… :mrgreenn:

    • Swal Taw Ywet

      January 13, 2014 at 2:16 pm

      လက်ကိုင်ဖုန်းက ပြောတယ်ခည။
      သူကိုင်လာတာ က ပန်းသီးကြီး။
      သူကြီးက ရေခဲသေတ္တာထဲတောင် ပန်းသီးမထားလို့ ပြောခဲ့ဘူးတာလေ။
      စကား စပ်သွားပြီ။
      ပန်းသီးဘဲသုံးတယ်ဆိုတဲ့ သမီးတော် လေး နေ ကောင်းလားးးးးးးးးးး
      ပျံခဲ့ပါဦးဗျာ။
      With respect,
      Swal Taw Ywet.

      • padonmar

        January 15, 2014 at 12:18 am

        စုံထောက် ကိုမြင့်ကျော်တပည့် စွယ်တော်ရွက်ပဲ၊
        ခေသူမဟုတ်။
        http://myanmargazette.net/192387
        မန်းဂေဇက် လျှို့ဝှက်မှတ်တမ်းကြီးပျောက်ဆုံးမှုနောက်ဆုံးအခြေအနေ

    • KZ

      January 13, 2014 at 2:20 pm

      မှတ်ထားနော။
      တဂျီးက ဘာဘရီ တံဆိပ် ကျွဲကော်ကိုင်း ပါဝါမျက်မှန်တတ်တယ်။
      မသင်္ကာရင် ချွတ်ကြည့်ကြ။ မျက်မှန်ကို။

      :mrgreen:

    • ဦးကျောက်ခဲ

      January 13, 2014 at 2:52 pm

      သဂျီးကိုယ်တိုင်တဲ့လား… အား ဟိ
      ဂဇက်ပွဲပြီးတော့ သူတို့နှစ်ယောက် သွားချင်တယ်ဆိုလို့…
      “…..” နေရာကို ကိုယ်တိုင် မောင်းပို့လိုက်ရတာ ကျောက်စ် နဲ့ နှင်း ခင်ဗျ…
      ဖော်လိုက်ရမလားဟင်… ဟီ ဟိ…
      ဝိုင်းဝန်းကူညီကြတဲ့ ဝိုင်းတော်သားများကို အထူးကျေးဇူးပါ…
      😀

      • ပုံအားလုံးနဲ့တကွ အထူးဧည့်သည်တော်နှစ်ယောက်ရဲ့ပုံကိုပါသိမ်းဆည်းလိုက်ကြောင်း ခွက်ဒစ်ပေးပါတယ်
        😀

    • Ma Ma

      January 13, 2014 at 4:11 pm

      ဒီသဂျီးနှယ် ရွာသူားတွေကို အထင်စမောရန်ကောာာာာာာာ 😕

    • TNA

      January 17, 2014 at 8:51 pm

      ဒဂျီးဒ့ါပုံပြန်ရှာဒါ ဘယ်ထားမိမှန်းမသိလို့ ဂယ်ဘာဘဲ။

  • Mr. MarGa

    January 13, 2014 at 1:25 pm

    ပျော်ခဲ့ မော်ခဲ့
    ပြေးခဲ့ လွှားခဲ့
    ရိုက်ခဲ့ နှက်ခဲ့
    စားခဲ့ သောက်ခဲ့ပါကြောင်း………. :mrgreenn:

  • ဦးကြောင်ကြီး

    January 13, 2014 at 1:36 pm

    ဆရာဦးစောဝေကို ရွာထဲမှာ ပို့စ်လေးဘာလေး တင်ခိုင်းပါဦး…။ သူ့ကိုဘယ်သူ ရွာထဲခေါ်လာတာလဲ။ ဂုဏ်ယူစရာပါပဲ…။ လေးစားပါတယ် ဆရာစော..။

    • Mr. MarGa

      January 13, 2014 at 4:12 pm

      ဦးကြောင်တော့ ဟုတ်ပါတယ်နော်… :mrgreenn:

      • kyeemite

        January 14, 2014 at 8:29 am

        ကိုမာဃရေ..သူရွတ်သွားတဲ့ “ရန်ကုန်”ကဗျာလေး ဖြစ်နိုင်ရင်ရှာတင်ပေးပါလား..

    • Ma Ma

      January 13, 2014 at 4:36 pm

      လေးစားပါတယ် ဆရာစော……. တဲ့။
      သာမီးလေးတွေ ရှိလို့လား မသိဘူး။ :mrgreen:

      (ကြောင်ကြီးကို နောက်လိုက်တာ ဆရာစောကို မခန့်လေးစားပြုသလိုဖြစ်သွားမယ်ဆိုရင် တောင်းပန်ပါတယ်။ ကြားထဲက တောင်းပန်ပေးပါ နန်းတော်ရာသူလေးရေ။) 🙂

      • kyeemite

        January 14, 2014 at 8:41 am

        ကိုစောဝေဆိုတာ….ကဗျာဆရာ ကိုစောဝေရေးသားခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ ကဗျာရဲ့ အစ စာလုံးတွေကို ဖတ်ကြည့်မယ်ဆိုရင်“ အာဏာရူးကြီး မှူးကြီး သန်းရွှေ”ဆိုတဲ့ အဓိပ္ပါယ်ထွက်တာကြောင့် အာဏာပိုင်တွေက နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုပြီး ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ဒီကဗျာကို ဇန်နဝါရီလ ၂၁ရက်နေ့ အချစ်ဂျာနယ်မှာ ကဗျာဆရာ စောဝေက ရေးသားခဲ့ခြင်းပါ။ကိုစောဝေ ရေးသားတဲ့ကဗျာဟာ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီကဗျာ ပါပြီး နောက် ကိုစောဝေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခဲ့ပါတယ်။ ၂၀၀၈ မေလမှာ စီရင်ချက်ချပြီး နိုဝင်ဘာလမှာ ရမည်းသင်းထောင်ကို ပြောင်းရွှေ့ခဲ့တာပါ။

        အာဏာပိုင်တွေက ထောင်ဒဏ် နှစ်နှစ် စီရင်ခဲ့ပေမဲ့ ကိုစောဝေဟာ စတင် အဖမ်းခံရတဲ့နေ့ကနေ ထောင်ထဲမှာ စုစုပေါင်း ၂ နှစ် ၄ လနဲ့ ၅ ရက် နေခဲ့ရတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

        ကဗျာဆရာ ကိုစောဝေဟာ HIV/AIDS ကူးစက်ခံရတဲ့ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေရှာဖွေပေးတဲ့ အဖြူရောင်သက်တန့်အဖွဲ့ကို ဦးဆောင်သူတဦးလည်း ဖြစ်ပါတယ်။

        ၂၀၀၉ ခုနှစ်မှာတော့ ဖိနှိပ်မှုကြားကနေ မိမိအမြင်ကို ရဲရဲရင့်ရင့် ဖော်ထုတ်သူအဖြစ် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ကနေ Hellman/Hammett ဆုကို အပ်နှင်းခဲ့ပါတယ်။

        • Ma Ma

          January 14, 2014 at 4:17 pm

          အဲဒီကဗျာကိုလည်းဖတ်ဖူးတယ်။ ကြိုက်တယ်။
          ကဗျာဆရာ ကိုစောဝေဆိုတာလည်း ကြားဖူးတယ်။ သိတယ်။
          စာပေနဲ့ မနီးစပ်လို့ ကဗျာနဲ့ ကဗျာဆရာကို မတွဲမိတာ ခုမှပဲ သိတော့တယ်။ 🙂

      • သာမီးလေးတွေရှိပါတယ်အန်တီမမ ကြောင်နာရှင်အစိုးရကြောက်လို့ မြန်းတျန့်မှာမထားဘူး
        😀
        ဦးကြောင်ရေ တာမီးရန်ကုန်ရောက်ပြီးမှပဲ ရွာထဲဝင်ဖို့၊စာတွေတင်ပေးဖို့ သေသေချာချာပြပေးလိုက်ပါ့မယ်။
        🙂

        အချက်အလက်နဲ့တကွသေသေချာချာရှင်းပြပေးတဲ့ ဥက္ကဌကြီးဦးမိုက်ကိုလည်း ကိုယ်စားကျေးဇူးတင်ရှိပါတယ်
        🙂

    • ဦးကျောက်ခဲ

      January 14, 2014 at 1:20 pm

      ဟမ်… ကိုရင်ကြောင် ဒီတစ်ခါ သက်တင်းနောက်ကျသွားပြီ…
      ရွာထဲမှာ ဆြာစောရဲ့ တူမအရင်းခေါက်ခေါက်ရှိတယ်လေ…
      အဲသည့်တူမကိုယ်စား ဆုလာယူတာပါ…
      အင်ထရိုကတော့ ဆြာစောရဲ့ဆိုင်မှာ ထမင်းသွားစားရင်း ပျိုးခဲ့တဲ့…
      ကျောက်စ်မောင်နှံပေါ့ဗျာ… ဟီ ဟိ
      😀

      • အင်ထရိုဝင်ပေးထားတဲ့ ကျောက်မောင်နှံနဲ့ဦးဦးဆာကို ကျေးကျေးများများ။
        ကျောက်မောင်နှံဆုံခဲ့တာကို မထင်မှတ်ပဲကြားရတဲ့နေ့က တကယ်ကိုဝမ်းသာမိတာပါ။
        ရွာပဲကိုတက်ဖို့လည်း ကြောင်စီစီမနိုင်တော့ဘူးပေါ့။
        အခုလို အားလုံးကလှိုက်လှဲဝမ်းသာကျေနပ်တယ်ဆိုတော့ ကိုယ်တိုင်လာမယူဖြစ်တာတောင်
        ခပ်ကောင်းကောင်းဖြစ်သွားတယ်။
        😀

        • Ma Ma

          January 15, 2014 at 6:09 pm

          ကိုယ်တိုင်လာမယူဖြစ်တာတောင် ခပ်ကောင်းကောင်း လို့တော့လည်း မပြောပါနဲ့။
          ကိုယ်တိုင်လည်းလာပြီး ဆုယူ၊ ပရိုလိုင်းပေါ်က ဦးလေးကိုလည်း ခေါ်လာရင် ပိုပြီး ပြည့်စုံသွားမှပေ့ါ။ 🙂

  • cobra

    January 13, 2014 at 6:34 pm

    အရမ်းလာချင်ပါတယ်
    ကျွန်တော်မသုံးတာလည်း ကြာနေတော့
    ပွဲ ရှိတယ်ဆိုတာ လုံးဝမသိလိုက်တာပါ။
    အဲ့နေ ့မနက်မှ ကိုမာဃကဖုန်းဆက်ပြီး
    လှမ်းခေါ်လို့သိရတာပါ။
    ဖုန်းဆက်ခေါ်တဲ့ ကိုမာဃ ကိုလည်း ကျေးဇူးတင်ပါတယ်။
    ဒီတခါမလာလိုက်ရတော့ နောက်တခေါက်မှ ပိုစားတော့မယ်ဂျာ……………………
    :mrgreen:

    • Ma Ma

      January 15, 2014 at 6:11 pm

      နောင်….. တက်လူတွေ စီစဉ်မယ့်ပွဲမို့ အခုထက်ပို အောင်မြင်ပြည့်စုံမှာမို့ ပွဲတက်ဖို့ ခုကတည်းက ကြိုးစားထားးးးးးး 🙂

  • kyeemite

    January 14, 2014 at 8:51 am

    တွေ့ပါပြီ…
    ဖေဖော်ဝါရီဆယ့်လေး

    အာရင်ဘက်က ပြောတယ်

    နာ နာခံစားတတ်မှ ခံစားမှ

    ရူးရူးမူးမူးကို ဖြစ်နေမှ

    ကြီးမြတ်တဲ့အနုပညာလို့

    မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ

    ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါ တဲ့

    သန်းပေါင်းများစွာသော ချစ်တတ်သူများ

    ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။

    စောဝေ
    1.10.2008

  • Novy

    January 14, 2014 at 10:47 am

    တွေ့ဆုံပွဲကိုလာခဲ့ဖို့ အများကြီးအားခဲထားတာ မလာရမှာဆိုးလို့
    ဒါပေမဲ့ မမျော်လင့်တဲ့အလုပ်တွေရောက်လာတယ်
    မိတိုက်ဖုံးဆက်တဲ့အချိန်မှာ ကားဝပ်ရှော့ကိုရောက်နေပြီ
    နောက်တွေ့ဆုံပွဲကိုမျော်လင့်ရင်းနဲ့

    မျက်ရည်တွေဘူးသီးလုံးလောက်ကျနေတဲ့
    နိုဗွီ :byae:

    • Ma Ma

      January 14, 2014 at 4:21 pm

      ရွာ့ပွဲတွေကို အားတက်သရောရှိတဲ့ မနိုကိုလည်း မျှော်နေမိတာ။
      (မနိုရဲ့ လက်ချောင်တွေကြောင့်လို့ မထင်နဲ့နော်။) 😀

  • TNA

    January 14, 2014 at 12:46 pm

    ပျော်စရာကြီး။ ဒီပွဲကိုလာဖို့အားခဲထားတာ။ အနားရောက်မှ အကြောင်းတခုခုပေါ်လာမစိုးလို့ရင်တမမနဲ့။ အခုတော့ အောင်မြင်စွာတက်ရောက်နိုင်လိုက်ပါတယ်။ မျိုးဆက်သစ်ကလေးကလဲ သဘောတွေကျလို့ 😀

    • Ma Ma

      January 14, 2014 at 4:32 pm

      မျိ ုးဆက်သစ်လေးကလည်း အချိန်ကြာလာတော့ စိတ်ထဲ ရင်းနှီးလာတယ်ထင်တယ်။
      အဲဒီကလေးလေး စကားပြောတာလေးကို သဘောကျတယ်။ 🙂

  • ခင် ခ

    January 14, 2014 at 4:46 pm

    မမ ရဲ့ အခုပထမဆုံး တွေ့ဆုံပွဲပုံတွေ ကို ဖွင့်ကြည့်ရတဲ့နေ့က ကွန်မကောင်းလို့ မြို့သာယာထဲဝင်မရခဲ့သမို့ မမန့်ခဲ့ရဘူး။ တွေ့ဆုံပွဲ ပုံတွေမြင်ရလို့ ကျေးဇူးပါ မမ ရေ။

    • Ma Ma

      January 14, 2014 at 5:12 pm

      ရွာထဲက မန်းသူားတွေကိုလည်း တွေ့ဆုံပွဲမှာ မျှော်နေမိကြပါသေးတယ်။
      ကိုခင်ခကိုလည်း တွေ့ဖူးချင်ပါသေးတယ်။
      တွေ့ဆုံပွဲမှာ ကိုပေါက်ကတော့ ဖုံးကနေတဆင့် စကားပြောဖြစ်လိုက်သေးတယ်။
      အရောက်လာခဲ့တဲ့ မန်းလေးကိုယ်စားလှယ် မစ္စတာမာဃကိုလည်း ကျေးဇူးတင်မိတယ်။

      နောင်နောင်သောအကြိမ်တွေမှာ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။ 🙂

  • ဝင့်ပြုံးမြင့်

    January 14, 2014 at 4:50 pm

    ဓာတ်ပုံတွေ တင်ပေးတာ ကျေးဇူးတင်လိုက်တာ။ ကိုကျောက်စ်နဲ့ မနှင်း ကိုမြင်ဖူးချင်နေတာ။ သူတို့စုံတွဲပုံလေးက ကြည်နူးစရာကောင်းလိုက်တာနော်။ တကယ်တော့ ဟင်းချက်ကောင်းတယ်ဆိုတာ နှလုံးသားလှတဲ့လူမှဖြစ်တာ။ ဟင်းချက်တယ်ဆိုတာ နှလုံးသားနဲ့ချက်မှ စားကောင်းတာလေ။ အသားမည်းသလောက် နှလုံးသားဖြူစင်တဲ့ကျောက်စ်ကို မနှင်း ရသွားတော့ မိန်းမချင်းတောင် မနာလိုတော့ဘူး။
    ကျောက်စ်နဲ့နှင်း အိုအောင်မင်းအောင် ပျော်ရွှင်ပါစေ ဆုမွန်ကောင်းဖြင့်
    မပြုံး

  • ဝင့်ပြုံးမြင့်

    January 14, 2014 at 4:54 pm

    ဓာတ်ပုံတွေ တင်ပေးတာ ကျေးဇူးတင်ပါတယ် မမရေ။ ကိုကျောက်စ်နဲ့ မနှင်းတို့စုံတွဲကို မြင်ဖူးချင်နေတာ။ သူတို့စုံတွဲပုံလေးက ကြည်နူးစရာကောင်းလိုက်တာ။ တကယ်တော့ ဟင်းချက်ကောင်းတယ်ဆိုတာ နှလုံးသားလှတဲ့ လူမှ ဖြစ်တာလေ။ အသားမည်းသလောက် နှလုံးသားဖြူစင်တဲ့ ကျောက်စ်ကို မနှင်း ရသွားတာ မိန်းမချင်းတောင် မနာလိုဖြစ်မိတယ်။
    ကိုကျောက်စ်နဲ့ မနှင်း အိုအောင်မင်းအောင် ပေါင်းရပြီး သက်ဆုံးတိုင်ပျော်ရွှင်ပါစေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

    • Ma Ma

      January 14, 2014 at 5:19 pm

      ဒီပွဲရဲ့စပွန်ဆာတစ်ဦးဖြစ်တဲ့ ကျောက်စ်နဲ့ နှင်း တို့ ကိုယ်တိုင်တက်ရောက်ကြလို့လည်း ပွဲကပိုစည်ပြီး ပိုပျော်ဖို့ကောင်းသွားတယ်။ 🙂
      ရွာထဲက ပရိုတွေရဲ့လက်ရာစာအုပ်တွေပြထားတာမို့ ပြုံး ကိုယ်တိုင်တက်နိုင်ရင်လည်း အားလုံးပဲ ဝမ်းသာအားရဖြစ်ကြရမှာ။ 🙂

      အဲဒီထဲမယ် ကျောက် နဲ့ နှင်းကို အားကျပြီး မြှားနတ်မောင်ကို ပစ်ခိုင်းဖို့ ကြိတ်ကြံနေတဲ့ အင်္ဂလန်ပြန်ဘဆွေတစ်ယောက်လည်း ကဗျာဆရာ ကိုစောဝေနဲ့အပြိုင် ကဗျာရွတ်သွားတယ်ဆိုလားးးးးး :mrgreen:

      • ဦးကျောက်ခဲ

        January 15, 2014 at 9:23 am

        အင်္ဂလန်မားဆွေ မနေ့က ဒိုဟာ (ကာတာ) ကနေ မတ်စိပို့တယ်…
        “ဟိုမြှားနတ်မောင်.. တေနာကောင်…”လို့ ကဗျာစပ်မိတာ မှားသတဲ့…
        😀

        • Ma Ma

          January 15, 2014 at 6:14 pm

          သူ့နေရာနဲ့သူ မျက်နှာချို ုသွေးရမယ့်သူကို မျက်နှာချိ ုမသွေးမိလို့ နောင်တအကြီးကြီး ရပြီး မားဆွေ ဖြစ်သွားပြီထင်တယ်။
          မားစည်နဲ့ နှစ်ယောက်သား ပုဝါကလေးနဲ့ ရိုက်ထားတဲ့ပုံ တွေ့လိုက်တယ်။ 😀

        • ဘဆွေ

          January 16, 2014 at 4:13 pm

          ကဖွ…အဲ..အဲ..မွှားလို့…ကကျောက်….
          ကဗျာစပ်ဖို့ အချိန်မရလိုက်ဘူး..ဒီတစ်ခေါက်…အားတွေကျနေရလို့…ခိခိ။
          ဒီကသာ လွမ်းနေရတာပါနော်…သူကတော့..အချစ်နဲ့တွေ့နေရတော့ ပျော့နေ..အဲ..ပျော်နေပြီပေါ့..
          ကြမ်းး…မာ..ရေးလည်းဂရုစိုက်ဦး..ကွိကွိ..

    • ဦးကျောက်ခဲ

      January 15, 2014 at 9:19 am

      မပြုံးရေ… မင်္ဂလာဆုတောင်းအတွက် ကျေးဇူးပါခင်ဗျ…
      ပြောရရင် ပွဲမတက်မယ်မှန်းသိထားပေမည့် မျှော်နေမိသေးတယ်…
      ဟီ ဟိ… မပြုံးကမြှောက်ပေးတော့ ဟောသည့် ကျောက်စ်…
      ချမ်းချမ်းစီးစီး စားဖို့သောက်ဖို့ချက်နေရတာ အားရှိသွားပြီ…
      အခါအခွင့်သင့်ရင် မပြုံး တို့မြို့ကို အလည်လာခဲ့ပါဦးမယ်…
      ဒါပဲနော်… အသည်းမကွဲချင်လို့ ငပိမစားဘူး… ဟီး ဟီး
      😀

  • ကျော်စွာခေါင်

    January 15, 2014 at 12:06 am

    မန်းဂေဇက်တွေ ့ဆုံပွဲကို မလာနိုင်ပေမယ့်…
    ပုံတွေ ကြည့်ရတော့..ကိုယ်တိုင်ရောက်သလို ခံစားကြည်နူးရပါတယ်..မမရေ..
    ပွဲကျင်းပနေချိန်မှာ ..ဒီကမနက် ၄းဝဝ လောက် ဖုန်းဝင်လာတော့ အချိန်မတော် ဘယ်က ပါလိမ့်လို ့..ဇဝေဇဝါနဲ ့ကိုင်လိုက်တာ..
    နောက်..လုံလုံ ဆိုတော့ တခုခုများဖြစ်လေို ့လ ့ား…စိတ်ပူသွားတာ…( မောင်အံစာများ..နှိပ်စက်နေလား မသိဆိုပြီး…)
    နောက်မှ ဒီနေ ့တွေ ့ဆုံပွဲအကြောင်းသိလိုက်ရတော့…မျက်လုံးကျယ် သွားတယ်…
    ဪ..သူတို ့ ပျော်နေကြမှာဘဲ လို ့တွေးပြီး ကိုယ်တိုင်မလာနိုင်တာ… ကို စိတ်မကောင်းဖြစ်သေးတယ်..
    စာပေနဲ ့ပါတ်သက်တဲ ့ရွာသူရွာသားတွေကို တစ်ကယ် ခင်မင်ခဲ့တာပါ… နောက်ဖုန်းတစ်ချက် ဝင်လာပြီး..စကားပြောပြီးမှ
    မနက် ၆းဝဝ နာရီမှာ အိပ်ယာဝင်ခဲ့တာ…။
    အခုပုံတွေ ကြည့်ပြိး ဝမ်းသာတယ်..
    ဖုန်းဆက်တဲ့ လုံလုံကိုလဲ ကျေးဇူးတင်ပါတယ်..
    ပုံတွေ တင်ပေးတဲ့ မမကိုလဲ ကျေးဇူးအထူးတင်ပါတယ်..ဗျာ.။

    • Ma Ma

      January 15, 2014 at 6:16 pm

      ပဒုမ္မာပြောသလိုပဲ ရွာသူားတွေက ခေါင့်ကို နှုတ်ဆက်ချင်စိတ်တွေများနေလို့ နေ့မှန်း ညမှန်းမသိပဲ ဖုံးခေါ်လိုက်တာ။
      အားနာစရာတောင် ကောင်းနေပြီ။

      ခေါင် ပြန်လာဖြစ်ရင်လည်း ပျော်ပျော်ပါးပါး တွေ့ဆုံချင်ပါသေးတယ်။ 🙂

  • padonmar

    January 15, 2014 at 12:30 am

    ကိုခေါင့်ဆီ Viber နဲ့ ခေါ်မယ်ရေးထားပြီး ခေါ်လိုက်မိတဲ့အချိန်မှာမှ နေ့နဲ့ည လွဲတာ သတိရမိတယ်။အားနာပါးနာနဲ့ တီဗွီကြည့်နေတာပါလို့များပြောသလား မသိပါဘူး။
    ဘာပြောပြော ရွာသူားတွေကတော့ ချစ်ရတဲ့ ဦးခေါင်အသံကို ကြားရလို့ ကျေနပ်ကြပါတယ်။
    အိပ်ရေးပျက်သွားတာ ဆောရီးနော်။

  • Crystalline

    January 15, 2014 at 11:07 am

    ပျော်စရာကောင်းလိုက်တာနော်.. အန်တီအိက ဘာဆန်းဒွစ်လုပ်ပေးခဲ့တာလဲမသိ.. စားချင်လိုက်တာ.. :))

    • Ma Ma

      January 15, 2014 at 6:19 pm

      Cheese & Chicken ၂မျိ ုးတောင် ခရစ်ရေ။
      အဲ့တုန်းက၂မျိ ုးမှန်း သိရင် ၂ဗူးစားပါတယ်။ 🙂

    • Ma Ma

      January 15, 2014 at 6:19 pm

      မစ်စတာ အလက်ဆင်း အလွဲကြီး လွဲပါပေ့ါလို့ ငိုချင်းချနေပြီလား။ :kwi:

  • kai

    January 16, 2014 at 5:24 pm

    ကမ္ဘာရွာကြီးရဲ့ နာရီမှာ.. နေ့ညသတိထားရပါတယ်..
    အမေရိကန်တွေကတော့ အကျင့်ရနေပြီ..
    နယူးယောက်နဲ့ အယ်လ်အေ ၃နာရီကွာတယ်လေ…။

    ထစ်ဆို.. နာရီပြန်ကြည့်ကြည့်နေရတာ…
    ဒါမှမဟုတ်.. ဟိုကအလုပ်က..ပိတ်နေတာမျိုးဖြစ်တတ်တာကိုး..။

  • Ma Ma

    January 16, 2014 at 6:19 pm

    ဆြာခေါင်ကို နှောင့်ယှက်မိလို့ သဂျီးဆူခံထိပြီ 😕

  • nature

    January 20, 2014 at 5:58 pm

    Lady last? ဒါကိုမကျေနပ်ဘူး။ 😛
    ဒီလိုနားလည်မှုမလွဲသင့်ဘူး။ Lady တွေကိုဦးစားပေးချင်ပေမဲ့ မလိုသူတွေက အစာထဲမှာ အဆိပ်ခပ်ထားမှာစိုးလို့ စားသုံးရန်သင့်မသင့် ရှေ့ကနေ အသက်စွန့်ပြီး မြည်းနေတဲ့ အဘဆွေရဲ့စေတနာကို နားမလည်နိုင်ကြပါလားနော်။ 😛

    • Ma Ma

      January 20, 2014 at 8:06 pm

      အသက်စွန့်ပြီး ကာကွယ်ပေးကြတဲ့ သူရဲကောင်းတွေကိုမှ ပြစ်မှားမိလေခြင်းးးးး ဆိုပြီး ငိုချင်းရရမယ်။ 😀

    • kyeemite

      January 22, 2014 at 8:53 am

      ကိုနေချားရဲ့ အပြောလေးကိုထောက်ခံတယ်ဗျို့..သက်စွန့်ဆံဖျား ကာကွယ်ပေးခဲ့ကြသူ အဘဆွေနဲ့
      ရွာသားအပေါင်း ဗရာဗိုပါလို့.. 😀

      • ဘဆွေ

        January 24, 2014 at 6:55 pm

        ပြောပြလိုက်ပါ ကိုမိုက် ရာ…
        အနစ်နာခံတတ်တဲ့ နှလုံးသားတွေ နဲ့ ရပ်တည်နေကြတာပါ ဆိုတာ..
        ပွဲပြီးသွားတာတောင် အန္တရာယ်မရှိတာ မသေချာမှာစိုး လို့ ကျန်နေတာလေးတွေ ကို မြည်းပစ်လိုက်ကြ..အဲ.အဲ ဆက်ပြီး စမ်းသပ် နေကြသေးတာ ကလား..
        တစ်ယောက်ဆို အစာ မသန့်လို့ တွဲတောင် ထုတ်လိုက်ရသေးတယ်…

  • flamingo

    January 21, 2014 at 11:20 am

    WOW ဆိုတာဘယ်တယောက်လဲခင်ဗျ…လာဘူးလား…

    • kyeemite

      January 22, 2014 at 8:56 am

      ဘူဖေးတန်းစီနေတဲ့ထဲက လိမ္မော်ရောင်နဲ့ ချောချောလေးပေါ့ဂျာ….
      WOW ရေ..ကြော်ငြာပေးလိုက်ပြီနော်…ခွိခွိ 😀

  • padonmar

    January 21, 2014 at 9:09 pm

    ဂျီးဝါးရေ မေးနေပြီ၊
    ကမတ်ကိုဖြေခိုင်းရမလား။

  • flamingo

    January 22, 2014 at 9:59 am

    အရင်တခါက….WOW ပြောတော့……WOW ဆိုတာ…..ဘောပြားဆို…..ခုတွေ့လဲမတွေ့ရဘူး……

    • TNA

      January 22, 2014 at 1:50 pm

      ဟိုက်ရှ် ဘောပြားတဲ့တော့ ဝါးဝိုးဝေါင်းရေ။ တန်တော့ တွေ့မရှောင်နဲ့အထင်လွဲပီထင်ဘာ့ :mrgreen:

      • Wow

        January 27, 2014 at 10:36 am

        ဟိ…. လူကြီးတွေ ခိုင်းထားတာ မလုပ်ရသေးလို့ ညက်နှာများတောင် မပြဝန့်ပဲ ခုတစ်လော ရှောင်ကွန်နရီလုပ်နေမိတာ… ခုတော့ ဘောပြားဖြစ်ပါပေါ့လား…. :mrgreen:

        • TNA

          January 27, 2014 at 4:20 pm

          ဒီဘောပြားက ဟောင်ကောင် ၁ ဘီလျှံဒေါ်လာတန်သလားဟင် :mrgreen:

        • Wow

          January 28, 2014 at 10:38 am

          နာသာ ဟောင်ကောင်သွားရင် သထေးဖစ်ပီ… ကျောက်စ် လိင်ဗျံလက်မှတ် ပို့ဘာာာ :mrgreen:

        • Ma Ma

          January 28, 2014 at 4:07 pm

          မီလျှံနာသူဌေးလောင်း ဝေါင်းကို ဟောင်ကောင်မသွားခင်ကြို ပြီး ဖားထားအုံးမှ 😀

      • KZ

        January 29, 2014 at 6:20 pm

        ဟမ်။
        တွေ့မရှောင်နဲ့ဝါးကို ဘယ်သူအထင်လွဲတာတုန်း ယောက်ခမွ။

        :mrgreen:

  • မီ မီ

    January 27, 2014 at 11:55 am

    ဟဲလို
    ဒေါက် .. ​ဒေါက်​ …..​ဒေါက်​

    မီမီ ရောက်ပြီရှင့်

    • Ma Ma

      January 27, 2014 at 4:32 pm

      ကြိုဆိုပါတယ် မီမီရှင့်။
      ဒီရွာက ရွာသူားတွေက ခင်တတ် မင်တတ် ဖော်ရွေတတ်ပါတယ်။
      ဧည့်သည်နေ ဧည်သည်စား မဟုတ်ပဲ…
      ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး အခြေချနေထိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ 🙂

  • ဟို သီ ချင်း ထဲ ကလို ဘဲ

    မ လာ နိုင် တော့ ရင် နာ မိ တယ်
    ပို ရင် နာ စ ရာ ကောင်း တာ က
    13-1-2014 ည မှာ ရန် ကုန် ကို အ ရေး ပေါ် ဆင်း လာ ခဲ့ ရ တယ်
    နောက် ရက် ချက် ခြင်း မန်း လေ း ကို ပြန ်ရ တယ်
    ဘဝ ကြီး က အဲ လို ကို မှား နေတ ာ ပ ါဗျာ
    နောင် အ ကြိမ ်တွေ ဆုံ အောင် ကြိုး စား ပါ မယ်

    • Ma Ma

      January 29, 2014 at 6:19 am

      ကိုပေါက်ရဲ့ အတွေးပါးပါးလေးတွေ၊
      ကိုပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့ လက်ဆော့တွေ၊
      ကိုပေါက်လက်ဆောင် မြန်မာပြည်မှအလှတရားများနဲ့ …………….
      ခွဲမရတဲ့ ဂေဇက်ရွာရဲ့ တွေ့ဆုံပွဲတွေမှာ ရွာထဲမှာ သက်တမ်းအရင့်ဆုံးစာရင်းဝင် ရွာ့သက်တော်ရှည်ဘိုးဘိုးကြီးကိုပေါက် :mrgreen: နဲ့ ဆုံချင်ပါသေးတယ်။ 🙂

      • သက် တော် ရှည် တာတော့ ကြိုက် တယ်
        ဘိုး တော် က တော့ မကြိုက်
        မန်း လေး မှာ ဘိုး တော် ဆို တာ လူ လိမ ် ကို ခေါ် တာ

        • Ma Ma

          January 29, 2014 at 4:14 pm

          ဆောရီးပါ ကိုပေါက်ရေ။
          ရှင်ဘုရင်တွေလက်ထက်က သက်တော်ရှည်ဘိုးဘိုးဆိုသလို ပြောလိုက်တာပါ။
          ပြန်ပြင်လိုက်ပြီနော်။

  • myat pearl phyu

    January 28, 2014 at 11:26 am

    ရွာထဲကို စအဝင်မှာပဲ ရွာပွဲ နဲ့ စတွေ့သကိုး ….

    ေိခိ …

    • Ma Ma

      January 29, 2014 at 7:40 am

      တစ်နှစ်တစ်ခါ (လို့ထင်တာပဲ) ကျင်းပမယ့် နောက်တစ်ကြိမ်တွေ့ဆုံပွဲကျရင် ပျော်ပျော်ပါးပါး ခင်ခင်မင်မင် တွေ့ဆုံချင်ပါတယ်။ 🙂

  • zaw min

    January 29, 2014 at 12:21 am

    အလွန်ပျော်ရွှင်စရာကောင်းတဲ့ပွဲကို မရောက်ဖြစ်တာ နာတာပဲဗျာ…ရွာကိုပြန်ရောက်နေပေမဲ့ ခရီးတွေပဲဆက်တိုက်ထွက်နေလို့ မန်းဂေဇက်ပွဲတွေမတက်နိုင်ဘူးဖြစ်နေတယ်…နောက်ထပ်တွေ့ဆုံပွဲလေးများရှိသေးရင်အကြောင်းကြားကြပါအုံးဗျာ…စာအုပ်တွေရော ထပ်ထုတ်ဖြစ်သေးလား…ဘယ်ဝယ်လို့ရနိုင်သေးလဲသိချင်ပါတယ်ဗျာ…

    • Ma Ma

      January 29, 2014 at 7:46 am

      ဇော်မင်းတစ်ယောက် ရွာထဲမှာ ပျောက်နေတာ အတော်ကြာပါပေါ့လား။
      နောက်ထပ်တွေ့ဆုံပွဲကတော့ လာမယ့်ဒီဇင်ဘာလောက်မှ ဖြစ်မယ်ထင်တယ်။
      စာအုပ်တော့ ထပ်မထုတ်ဖြစ်သေးဘူး။
      ရွာ့အရေးတွေမှာ တက်တက်ကြွကြွပါဝင်တတ်/ခဲ့တဲ့ ဇော်မင်းကိုလည်း ရွာ့လူကြီးသူမများ၊ လူငယ်လူရွယ်များနဲ့အတူ ကျမကလည်း တွေ့ဆုံချင်ပါသေးတယ်။ 🙂

  • padonmar

    February 3, 2014 at 8:51 pm

    အန်တီမမ တောင်းဆိုချက်အရ စတစ်ကီဖြုတ်လိုက်ပါပြီ။

Leave a Reply