” ကျသွားတဲ့ ခဲ ဂယက်ထတာပါဘဲ”
” ကျသွားတဲ့ ခဲ ဂယက်ထတာပါဘဲ”
တစ်ခါတုန်းကဆိုတာ မေ့လွယ်ပျောက်လွယ်ကြတဲ့ အရာတွေရှိသလို မေ့ပျောက်မရတဲ့ အရာတွေလည်း ရှိတတ်ကြစမြဲပေါ့။
တစ်ခါတလေကျပြန်တော့ အဲဒီတစ်ခါတုန်းကအကြောင်းတွေကို တစ်ယောက်ထဲငေးငိုင်ကာ ပြန်တွေးနေမိ တတ်ကြတာလည်း ရှိတတ်ကြပြန်ရော။
ဒါတွေကို အတိတ်ဇာတ်ကြောင်းမမေ့ကောင်းလို့လည်း တင်စားကာရေးကြပြန်သကိုး။
ကျွန်တော်လည်း တစ်ခါတုန်းက ရွာသာယာတစ်ခုမှာ ဝင်ရောက်ကျင်လည်ကျက်စား ဆော့ကစားခဲ့ဘူးပါတယ်၊ အဲဒီ ရွာသာယာမှာ ကျင်လည်ကျက်စားဆော့ကစားတုန်းကဆို နေ့စဉ်နေ့တိုင်းအချိန်တိုင်းနီးပါးပါဘဲ။ အိမ်သူက ညဉ့်နက်မအိပ်သေး ရွာသာယာမှာဘဲရှိနေသေးလို့ ညဉ့်နက်ပြီအိပ်တော့လေ မနက်အလုပ်သွားရမယ်လေလို့ သတိပေးဖြစ်ခဲ့တာအခါခါ ထမင်းစားချိန် ထမင်းစားဖို့ ထမင်းဟင်းတွေခူးခပ်ပြီးအဆင့်သင့်ပြင် အိမ်သူခဗျာ စောင့်နေသော်လည်း ဒီမောင်က ရွာသာယာထဲကထွက်မလာလို့ ရွာအပြင်ဇနပုဒ်တဲမှာပြင်ထားတဲ့ ဟင်းထမင်း တွေအေးကုန်မှစားဖြစ်ခဲ့ရပေမယ့်လည်း ရွာသာယာထဲဝင်လည်နေရရင်ပျော်နေတတ်သူ ကျွန်တော်ကတော့ ကျေနပ်နေပြန်သပေါ့။
အဲဒီတုန်းကရွာယာယာလေးဟာ စည်စည်ကားကား ဖို့ရို့ဖရားဆိုပေမယ့် အတော်ပျော်ခဲ့ ရွှင်ခဲ့ မြူတူးခဲ့ တယ်လေ။ ဒီလိုနဲ့ အချိန်ဆိုတာရပ်နေရိုးထုံးစံမရှိဆိုစကားနဲ့အညီ တစ်လ တစ်နှစ် အလီလီ ကူးကာပစ်တော့ ဒို့ရွာသာယာလေးလည်း တိုက်တွေ အိမ်တွေနဲ့လမ်းတွေနဲ့ စည်ကာသွယ်ဖောက် မြို့အဖြစ်ရောက်တော့ ကျုပ်နေရာ ရွာပြင်ဇနပုဒ်တဲလည်း လွင့်ကာကွယ်ပျောက်ဖြစ်လာတဲ့အချိန်နဲ့အတူ ကျုပ်လည်း ကိစ္စများမြှောင် ဤလူဘောင့်မို့ မအားမလပ် အရှုပ်တွေလုပ်ရင်း အချိန်တွေကုန်ကာ ရွာသာယာတစ်ဖြစ်လဲ မြို့ထဲ ကိုတောင် ကောင်းကောင်းမလည်နိုင်ခဲ့သပေါ့လေ။
အခုပြန်လည်ကာ ကိုယ်လည်ခဲ့ ဆော့ခဲ့ ကျင်လည်ခဲ့ရာ မြို့သာယာကို ဝင်ကာလည်တော့ အရင်အထှာရယ်မရှိ ခင်မင်စရာ ရွာသူား အဲ မြို့သူားတွေ လူတရုံးရုံးနဲ့ ဆုံလှတဲ့ပွဲ ခုနလေးတင်မှပြီး သမို့ မတွေ့လိုက်တဲ့ ဒို့မြို့သာယာ မြို့သူားတွေကို စုံလင်စွာမတွေ့မမြင်လို့ နီးစပ်ရာကမ်ရေပြင်ကမ်းစပ်မှာ ခြေလက်ပစ်ကာ ထိုင်ကာချပြီး ဘေးနားရှိတဲ့ ခဲလေးတစ်လုံးကို ရေပြင်အလယ်လှမ်းကာပစ်တော့ ခဲကျသွားနေရာ လှိုင်းဂယက် ကယ်ထကာဖြစ်ပြီး တဖြေးဖြေးရင်းလှိုင်းဂယက်ငြိမ်သက် ကန်ရေပြင်တည်ငြိမ်လျှက်ကို ငေးကာသာကြည့်နေခဲ့ မိတာလည်း ဒီနေ့ပြန်ပြောရင် တစ်ခါကပေါ့ကွယ်။
တကယ်တော့ တစ်ခါကဆိုပေမယ့် ပြန်တွေးကာစရင် ရင်ထဲမှအသစ်တဖွယ် ဖြစ်ကာတွယ်နေတာတွေကလည်း ယနေ့လိုပါဘဲလို့။ အဲလိုဖြစ်တည်ခဲ့ရာ တစ်ခါကအကြောင်းတွေကို မေ့ချင်ပေမယ့် မေ့မရနိုင်ရင်ဖြင့် ………….။
ခင်ခ။
11 comments
kyeemite
January 13, 2014 at 11:45 am
မြို့သာယာထဲပြန်တွေ့ရသမို့ ဝမ်းသာပါတယ်ကိုခရေ
မနေ့ကတွေ့ဆုံပွဲမှာတောင်..သတိရနေမိသေးတယ်ဗျာ..
KZ
January 13, 2014 at 12:57 pm
ခဲမပစ်ပဲ ငါးစာကျွေးပါလားးးး
ဂယက်မက ငါးပွက်ထလာမှာ။
ငါးကြော်စားကြမယ်လေ။
😀
TNA
January 14, 2014 at 1:25 pm
တွေ့မရှောင်ကတော့ ချောင်နေဒါဗြဲကိုး
မြို့သာယာမှကြိုဆိုလျှက်ပါကိုခင်ခရေ
ကိုပေါက်(မန္တလေး)
January 13, 2014 at 1:33 pm
ခဲ ပစ် ချက် ပြင်း ရင် ပြင်း သ လောက်
ခဲ ကြီး ရင် ကြီး သ လောက်
ဂ ယက် ထ တာ လဲ ကြီး မယ် ကို ခ ရေ
ခင် ခ
January 13, 2014 at 2:17 pm
ပွဲကို မလာဖြစ်ခဲ့တာကိုတော့ စိတ်မရှိပါနဲ့ ဆရာမိုက်ရေ။
ငါးပွက်ရာ ငါးစာချဖို့ တွန်းအားပေးသူကလည်း ရှိသကိုးဗျ ဒေါ်ကေဇက်ရေ။
လှိုက်ဂယက်မထလောက်ဘူး ထင်တဲ့ ခဲသေးသေးလေး ပစ်ခဲ့ပေမယ် အထင်လွဲပေါ့ ကိုပေါက်ရေ။
Mr. MarGa
January 13, 2014 at 2:17 pm
လေးခရေ
ဂယက် ဆိုတာက
အစပြုရာနေရာကနေ
မိုင်ပေါင်းများစွာ ပြန့်တတ်တာမျိုးနော်
မူလ အစပြုရာနေရာမှာတော့ ငြိမ်သွားပေမယ့်
မမြင်နိုင်တဲ့ ပုံစံမျိုးစုံနဲ့ ရှေ့ဆက်နေဦးမှာပါ။
ခင် ခ
January 13, 2014 at 2:55 pm
မောင်မာဃ အတွေးအရေးကိုတော့ ကြိုက်သပေါ့ဗျာ။
လှိုင်းလေငြိမ်သက်
ဗဟိုချက်မှာ
ပြန့်လွင့်ထွက်သွား
ဂယက်များကြောင့်
ကမ်းစပ်အပင်လေး
ယိမ်းထိုးလေသတည်း။…………. လို့ ဆိုသကွဲ့။
manawphyulay
January 14, 2014 at 9:24 am
လေးခရေ… တစ်ခါက အမှတ်တရတွေဟာ ယခုချိန်တိုင် သတိတရ ဖြစ်နေဆဲပါပဲ။
ဦးကျောက်ခဲ
January 14, 2014 at 2:00 pm
ဆြာခရေ… ဂယက်မရှိလို့ ငြိမ်နေပြန်ရင်လည်း ပျင်းစရာ…
ဟိုအရင်လို မစည်ကားတာတော့ မျက်မြင်ပဲလေ…
ကျောက်စ်တို့တွေတောင် ရေးအားကျလာတယ်…
ရေးပြန်ရင်လည်း ဂုဏ်ပြုကြသူတွေက များသကိုး…
🙂
ဒညင်းဝက်
January 18, 2014 at 9:39 pm
အင်းးး
လူတိုင်းလိုလို… ဂယက်ထဖူးပါတယ်လေ….
😆
myat pearl phyu
January 30, 2014 at 6:48 pm
ဂယက်ထမိဒယ် …
ခဲပစ်စရာ ကန်ရေပြင်ရယ်…
လှမ်းလျှောက်စရာ မြေနီလမ်းလေးရယ်…
ဝေးခဲ့တာ ကြာပါပြီကွယ်…
တစ်ရံရောအခါကလို့ …
ပြန်ပြောပြဖို့ …
တော်တော်ခက်လိမ့်မယ် …:P