လောဘ စိတ် ဖြင့် တွေးကာ မျက်ရည်ဝဲ မိခဲ့ သည် ။
မနက် စောစော နိုးနေသော်လည်း
(၆)နာရီလောက် မှ အိပ်ယာမှထဖြစ်သည် ။ အသက် နည်းနည်ရလာတော့
ခန္ဓာကိုယ် ငယ်ငယ်တုန်းကလို စိတ်သွားတိုင်းကိုယ်မပါနိင်တော့ ။
သားသမီးတွေမျက်နှာကို ကြည့်မနေချင်လို့ ဇနီးမောင်နှံ (၂ )
အေးအေးဆေးဆေး နေခဲ့တာ အခုဆို ရှစ်နှစ်နီးပါး တောင်ရှိခဲ့ ပြီ ။
အခုလည်းစောစောပိုင်း ဘုရားဝတ်ပြုပြီး နည်းနည်း ချူချာသော ဇနီးသည် အတွက်
ဆေးမသောက်ခင်စားရန် လက်ဖက်ရည် လာဝယ်ခြင်းဖြစ်သည် ။
………………………………………………………..
အဘိုးကို ဘက်ဖက်ရည် ပါဆယ် ( ၁ )ခွက် နဲ့ အီကြာကွေး (၁)ချောင်းပေးပါ ။
ဟုတ်ကဲ့ အဖိုး
……………………………………………..
ဒီဆိုင်လေး ဖွင့်တာမကြာသေး ပေမယ့် ဆိုင်ရှင် အညာသားလင်မယား
၏ဆက်ဆံရေးကောင်းမွန်မှုကြောင့် တစ်ခြားဆိုင်တွေထက်စာရင် လူ ဝင်များ ှ၏ ။
စားပွဲထိုးလေးများမှာလည်း အညာမှသူတို့ ဆွေရိပ် မျိုးရိပ်မကင်းသူများဖြစ်ကြပြီး
ရိုးသားပွင့်လင်းလှသူများဖြစ်ကြသည် ။
လက်ဖက်ရည်ဆိုင်လေးကိုကြည့်ပြီး သူတို့မိသားစုဆွေမျိုး ၏စည်းလုံးမှုကို အားကျရင်း
အတွေးများ သည် လွန်ခဲ့သော ရှစ်နှစ်တာကာလသို့ စဉ်းစားမိနေတော့သည် ။
………………………………………………………….
အော် အဖေ… ဘယ်က ဝင်လာတာလဲ
အေးကွာ မင်း အမေကို တရားစခန်းလိုက်ပို့ပြီး လမ်းကြုံတာနဲ့ ဝင်လာတာ။
ဘယ်လိုလဲ မင်းတို့ မိသားစု အဆင်ပြေကြရဲ့လား ။
ဒီလိုပါပဲ အဖေ ရယ် လုံးခြာလည်လိုက်နေတာပါပဲ ။
ကျွန်တော်အခုပဲ အပြင်သွားစရာရှိ့ အဖေ့ မြေး တွေနဲ့ နေခဲ့ဦးနော် ။
ကျွန်တော်သွားပြီ….
……………………………………………………..
တစ်ဦးတည်းသောသားမို့ အိမ်ထောင်ကျတာနဲ့ မျက်နှာမငယ်ရအောင်
လင်မယား ၂ ယောက်လုံး ရှိ အိုစာ၊မင်းစာဖယ်ထားတဲ့ စု မဲ့စု အတွင်းပစ္စည်း
လေးတွေထုခွြဲ့ပီး အိမ်တစ်လုံး
ဖျစ်ဖျစ် မည်အောင်ဝယ်ပေးပြီး လက်ဖွဲ့ ခဲ့ သည် ။
ကုမ္မဏီတစ်ခု၏ GM ဖြစ်သော သားမှာ မိသားစုသိုက်သိုက်ဝန်းဝန်းဖြင့် အဆင်ပြေလှ၏ ။
သို့သော် ဘယ်သောအခါမှ အဆင်ပြေသည် ပြောသံမကြားရ
မယားဖြစ်သူကတော့ ရွှေတွဲလဲ ငွေတွဲလဲ …
သားအချစ် မြေးအနှစ် ဆိုသည့် စကား ကား .. မှန်လှ၏ ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ သားမှ မွေးသော မြေး ဆဲလဲလေးများကို တွေ့ရရင်ဖြင့် အမောပြေ လှ၏ ။
အခုလည်း ရောက်တော့ ချွေးမနှင့် မြေး (၃) ယောက် ထမင်း ဝိုင်းဖွဲ့စားနေသည် ။
ကိုယ်တိုင်လည်း ဗိုက်ဆာလှချေပြီ ။မနက်တည်းက ဇနီးဖြစ်သူ၏ အထုပ်အပိုး တွေကို
ကူညီပေးရင်း မနက်စာ ဘာမှ မချက်ရသေး ။ အိမ်ရောက်ရင်လည်း စားစရာဘာမှ ရှိဦးမည်မဟုတ် ။
……………………………………………
ချွေးမလေးက ….
အဖေ …
တစ်ခါထဲဝင်စားလိုက်ပါလား ။
ဟင့်အင်း ရပါတယ် ….. စား စား
အဖေ သိပ်မဆာသေးပါဘူး ။
……………………………………………….
ဆာနေသော်လည်း အားနာလှသည် ။
ပါးစပ်မှငြင်းနေသော်လည်း ကိုယ်လုံးက ထိုင်ခုံမှ ကြွသွားသည် ။ထို့ကြောင့်
ထိုင်ခုံမထရမလို ထိုင်ရမလို နှင့် ကုန်းကုန်းကွကွ ဖြစ်နေရင်းမှ
ပြန်ထိုင်ဖြစ်သွားသည် ။
ချွေးမလေးက
ဒီမှာ အဖေကြိုက်တဲ့ သရက်သီးသနပ် ပါတယ် အဖေ
တစ်ခါတည်း ဝင်စားပါလား
နောက်တစ်ခါထပ်ခေါ်သည် ..
ဒီတစ်ခါတော့ အပီ တုပ်မည် ရည်ရွယ်ပြီးအထ
မြေးအကြီးမက…..
အဖိုး မစားရင်လည်း ငြိမ်ငြိမ်ထိုင်နေ
ကုန်းကုန်းကွကွမလုပ်နဲ့
ဒီးဒီး က မျက်စိနောက်လာရင် တကယ်ကိုက်တယ်နော်
…………………………………………………….
ဒီးဒီးဆိုသည်မှာ သူတို့အိမ်ပေါ်မှာမွေးထားသော ခွေးကလေးဖြစ်သည်။
ဗိုက်ဆာသော်လည်း ခွေးကိုက်မှာစိုးသောကြောင့် တံထွေးမျိုချရင်း ငြိမ်နေလိုက်ရသည် ။
အတန်ကြာ …
ထမင်းစားပြီးတော့ အချိုတည်းရန် ငှက်ပျောသီးတွေ ယူချလာသည်။
သီးမွှေးသီးမို့ မွှေးလှသည် ။အနံ့ကနှာဝကို ကလိနေသည် ။
အင်း …
၂ လုံး ၃ လုံးလောက် တီးလိုက်ရင် အဆာပြေ မှာပါ ။ ထမင်းမစားရလည်း ကိစ္စမရှိပါဘူး ။
……………………………………
ထိုစဉ်
ချွေးမလေးက
အဖေ……..
ခြံထွက်ငှက်ပျောလေ အဖေရဲ့
တော်တော်လေးချိုတယ် ။
လူ မှန်ရင် …. တစ်လုံးနဲ့ ဝတယ် အဖေရဲ့
စားနော် ….
အော် အေးအေး
…………………………………………….
တစ်လုံးထက်ပိုစားလျှင် လူ့ဘဝမှ ပြောင်းကာ
တစ်ခုခု ဖြစ်သွားနိင်သောကြောင့် ……
တိတိကျကျပြောရလျှင် တစ်ခြားသောဘဝတွေထက် လူ့ ဘဝကို ပိုမိုမက်မောသောကြောင့်
တစ်လုံးထဲ နှင့် ကျေနပ်လိုက်ရသည် ။
လူက ဗိုက်က ဆာဆာ
လိုဘ က မပြည့်
စိတ် ရှုပ်ရှုပ် နှင့် ရှေ့မှ ကွမ်းအစ်ကို လှမ်းဆွဲက
ကွမ်းရွက် ၂ ရွက်ထပ်ကာ ထုံးသုတ်မယ် အလုပ် …
……………………………………………..
မြေးအကြီးမလေးက…..
သူ့ အမေကို
မေမေရေ .. ဖိုးဖိုးကြီးလေ ..
ကွမ်းရွက်( ၂ )ရွက်ထပ်ပြီး စားနေတယ် …
ထိုအခါ အိမ်နောက်တွင် ပန်းကန်ဆေးနေသော ချွေးမက ….
ဟဲ့ ဘာတွေပေါက်ကရလာပြောနေတာလဲ
ကွမ်းရွက် ကို (၂)ရွက်ထပ်စားရအောင် နင့် အဖိုးက
နွားမှ မဟုတ်တာ …..
အဲ …
လူ့ဘဝရဖို့ နောက်တစ်ခါ ကြိုး စားခဲ့ရပြန် သည် ။
……………………………………………………………………………………………
အဖိုး …
အဖိုး …
………………………………………………………………………
လက်ကိုလာ ပြီးတို့ သော
စားပွဲထိုးလေးကြောင့် ပစ္စုပန် နှင့် ပြန်လည်အဆက်အသွယ်ရလာခဲ့သည် ။
……………………………………………
အော်
အေး
အေး
…………………………
ဟေ့
ကလေး
မင်းကို ငါပေးတာ အီကြာကွေး (၁)ချောင်းဖိုးလေ ကွာ
ဒီမှာ ( ၂)ချောင်းတောင်ဖြစ်နေတယ် ။
ဟုတ်တယ်အဖိုးရဲ့
တစ်ချောင်းက အိမ်က အဖွားအတွက် အပိုထည့်ပေးလိုက်တာပါ …
…………………………………………………..
ဆိုင်ရှင် မိန်းကလေး ဝင်ပြောခြင်းဖြစ်ပါသည် ။
အော် မဟုတ်တာကွယ်
အဖိုးတို့က (၂)ယောက်ပေါင်းမှ ဒီတစ်ချောင်းကုန်တာပါ။
အများကြီး မစားနိင်ပါဘူး ကွယ် ။
ကျေးဇူးတင်ပါတယ် ။
အဖိုး ဒီမှာ ပြန်ထားလိုက်ပြီနော် ။
အော် ဒါဆိုလည်း နေပါဦး အဖိုးရယ် ခဏ …
မောင်လေးရေ … အဖွားအတွက် ပေါ့ဆိမ့်ပါဆယ်လေး မြန်မြန် ဖျော်လိုက်ပါကွယ် ။
အဖိုးရယ် ဒါကိုတော့ မငြင်းပါနဲ့နော်
မြိန်ရာဟင်းကောင်း ခင်ရာဆွေမျိုး တဲ့ စကားရှိပါတယ်
သမီးတို့ ဒီမှာနေတာမကြာပေမယ့် ရပ်ဆွေရပ်မျိုးလို့ သဘောထားပေးပါ နော် ။
သမီး ဒါနလေးပြုချင်လို့ပါ ။…..
…………………………………………………..
သာဓု ကွယ် သာဓု သာဓု ……
အိမ်သို့ရောက်ပြီးလျှင် ..
အင်း ငါ့သားလေးသာ…
ဒီ့ ထက် နည်းနည်းလောက်ပိုပြီးသိတတ်ခဲ့ ရင် ကောင်းမှာပဲ ။
(လောဘ စိတ် ဖြင့် တွေးကာ မျက်ရည်ဝဲ မိခဲ့ သည် ။)
One comment
နီလေး
July 22, 2011 at 11:11 am
အဖိုးခမျာသနားစရာလေး စကားအသုံးအနှုန်းတွေက ဒေသနဲ့ဆိုင်တယ်လို့ထင်တယ်