ရေကို စည်းသား အကြားမထင် အပိုင်း -(၂)

တန် မင်းဆက် ကုန်ခါနီးက စလို့ မင်း ငါးဆက်အတွင်းမှာ ပြည်တွင်းစစ်တွေ မနားတမ်းကို

ဖြစ်နေခဲ့တာ။ ကနေ့မနက် စစ်သူကြီးတစ်ယောက် အထွတ်အထိပ်ရောက်တယ်။ ကနေ့

ညနေပဲ နောက်စစ်သူကြီး တစ်ယောက် အာဏာသိမ်းလိုက်တယ်။ စစ်သူကြီးတွေ တစ်

ယောက်ပြီး တစ်ယောက်။ စစ်သူကြီး ချူ ချွမ်ချွင်၊ လိစွမ်းစူ၊ ရှိချင်းတန်၊ လျိုချင်ယွမ်၊ ကွော်ဝေ

တို့ အသီးသီးက မင်းငါးဆက်ဖြစ်တဲ့ လျောင်၊ တန်၊ စင်၊ ဟန်၊ ချို တို့ရဲ့ နောက်ကွယ်မှာ ရှိခဲ့

ကြတာပေါ့။ ဆယ့်ငါးနှစ်အတွင်းမှာ ဧကရာဇ် ဆယ့်ငါးပါး စိုးစံခဲ့ကြတာ။ ဟိုမင်းတက် ဒီမင်း

ဆင်း နဲ့ ဖြစ်လာလိုက်တာ နောက်ဆုံး ကျောက်ကွမ်းရင် က စုံမင်းဆက်ကို ထူထောင်တဲ့

တိုင်အောင်ပဲ။ သူက ဧကရာဇ် ဝူးတီ အမည်နဲ့ နန်းတက်တယ်။ ဒီပုဂ္ဂိုလ် မွေးတဲ့အချိန်မှာ

ကောင်းကင်ကြီး တစ်ခုလုံး ရဲရဲနီသွားသတဲ့။ ပြီးတော့ အိပ်ခန်းဆောင်မှာလည်း မွှေးရနံ့တွေ

တသင်းသင်းပျံ့လာတာရောတဲ့။ အဲဒါက မိုးကြိုးနတ်ဘုရားက လူ့ပြည်ဆင်းပြီး လူဝင်စား

တာကြောင့် ဖြစ်တာပါတဲ့လေ။

ဝူးတီက ရဲရင့်တဲ့ သူရဲကောင်းတစ်ယောက်။ ဉာဏ်အမြော်အမြင်နဲ့လည်း အင်မတန်ပြည့်

စုံတာ။ ရှေးရှေးက ဘယ်ဧကရာဇ်မှ သူနဲ့ ယှဉ်ထိုးလို့ မရဘူးတဲ့။ အင်မတန်လည်း ကြံ့ခိုင်တဲ့သူ။

နယ်ပယ်ပေါင်း လေးရာလောက်ကို သိမ်းယူပြီး အင်ပါယာကြီးတစ်ခုလုံးကို တံမြက်စည်းလှဲသ

လို သန့်စင်သွားအောင် ရှင်းလင်းပစ်လိုက်တာ။ ပြန်လျောင် ကို မြို့တော်အဖြစ် တည်ထောင်

တယ်။ အခု ခိုင်ဖုန်း ပေါ့။ သူတည်ထောင်တဲ့ စုံမင်းဆက် ဆယ့်ရှစ်ဆက် ဟာ အနှစ် သုံးရာလောက်

စိုးစံခဲ့ကြတာ။ ဒါကြောင့်မို့လို့ ကဗျာကဝိ က တိမ်ညိုတွေစင်သွားတော့ ကောင်းကင်ပြာ ကို တွေ့ရ

မယ်လို့ ဆိုခဲ့တာပဲ။

အဲဒီအချိန်တုန်းက ဟွာရှန်း တောင်တော်မှာ ချန်ထွမ်း ဆိုတဲ့ တောက်ဆရာအရှင် တစ်ပါး

သီတင်းသုံးနေသတဲ့။ သူက စင်ကြယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီး။ တစ်ရက်တော့ သူ့မြည်းကလေးကို

စီးလို့ တောင်အောက်ကို ဆင်းလာသတဲ့။ ဟွာရင် မြို့ကို သွားတဲ့လမ်းမှာ ခရီးသွားတစ်ဦးက ပြော

တာ သူကြားရတယ်။ ဧကရာဇ် ချိုင်ရှိကျုံးက အရှေ့ဘက် မြို့တော်မှာ စစ်သူကြီး ကျောက်ကို လက်

နက်ချလို့ ထီးနန်းအပ်လိုက်သတဲ့ ဆို တာကိုပေါ့။ အဲဒါကြားတော့ တောက် ဆရာအရှင်လည်း လက်

ခုပ်လက်ဝါးတီးလို့ ရီမောလိုက်တာ သူ့မြည်းပေါ်ကတောင် ပြုတ်ကျတာပဲ။ ဘာလို့များ ဒီလောက်

တောင် ပျော်သွားရသလဲလို့ အမေးရှိတော့ တောက်သခင်က တို့အင်ပါယာကြီးက ခုကစလို့ ပြန်

လည်စည်းလုံး ခိုင်မာလာတော့မတဲ့။ မိုးကောင်းကင်ရဲ့ အလိုဆန္ဒရယ်၊ ဟောဒီ ကမာ္ဘရဲ့ဥပဒေရယ်၊

မိုးအောက် မြေပြင်ကြားက လူသားတို့ နှလုံးသားရယ် အားလုံး ညီညွတ် ကိုက်ညီမှုကြောင့်ပါပဲတဲ့လေ။

စစ်သူကြီး ကျောက်ကွမ်းရင် က ဧကရာဇ် ဝူးတီ(ထိုက်ကျူ) အမည်နဲ့ ထီးနန်းကို အေဒီ ၉၆၀

မှာ စပြီး စိုးစံတယ်။ ဆယ့်ခုနစ်တိုင်တိုင် အေးချမ်းစွာ စိုးစံပြီးတော့ သူ့ညီတော် ထိုက်ကျုံး က

နှစ်ပေါင်းနှစ်ဆယ် စိုးစံတယ်။ ပြီးတော့ ကျန်းကျုံး။ သူပြီးတော့ ရင်စုံ (ရန်ကျုံး) က ဆက်ခံသတဲ့။

အဲဒီ ရင်စုံ ဆိုတာ နတ်ပြည်က လာတဲ့ ဂျင်အိ ချင်ချောင်(ခြေဗလာ ဂျင်အိ) ဆိုတာ ဝင်စားတာတဲ့။

သူမွေးတော့ မရပ်မနား ငိုတာပဲ။ နေ့နေ့ညည ငိုနေတော့ သူ့အဖေ ဧကရာဇ် ကျန်းကျုံးက သူ့

သားတော် ငိုနေတာ တိတ်အောင်လုပ်နိုင်တဲ့ ဆုချမယ်လို့ ကြေညာစေတယ်။ ဒါကို မိုးကောင်းကင်

က ကြားသိလို့ ဂျင်းအိ ထိုက်ပိုင် (ရွှေဖြူရှင်) ကို လူ့ပြည် စေလွှတ်လိုက်တာပေါ့။ သူက အဘိုးအို

အသွင်ယူလို့ ရွှေနန်းတော်ကို သွားပြီး မင်းသားငယ်လေး အငိုတိတ်အောင် စွမ်းနိုင်ကြောင်း သွားပြော

တယ်။ အဲဒီတော့ ဧကရာဇ် မင်းမြတ်ကလည်း ကုစေပေါ့။ ထိုက်ပိုင် က တော်ဝင်ရင်သွေးကလေး

ကို ပိုက်ပြီး စကားရှစ်လုံး နားနားကပ်လို့ တီးတိုးဆိုသတဲ့။ ချက်ချင်းပဲ မင်းသားကလေးက အငိုရပ်

သွားတာ။အဘိုးအို အသွင်နဲ့ ထိုက်ပိုင်ဟာလည်း လေနဲ့အတူ လွင့်ပျယ် ပျောက်ကွယ် သွားတော့

တယ်။ သူပြောခဲ့တဲ့ စကားရှစ်လုံးက –

“ပြည့်ရေး စစ်ရေး တာရာမွေးပြီ” တဲ့။

တကယ်တော့ ကျောက်စိမ်းဧကရာဇ် က တာရာနှစ်ပါးကို လူ့ပြည်ပို့ထားပြီး ဖြစ်ပါသတဲ့။

ဧကရာဇ် ဖြစ်မဲ့ ဒီကလေးငယ်ကို ကူညီဖို့ပေါ့။ ပြည်သူ့အရေး စီမံပေးမှာကတော့ ပေါင်ချိန် ပါတဲ့။

သူက နောက်တော့ တော်ဝင်အကြံပေး ကောင်စီရဲ့ အတွင်းဝန်ကြီး ဖြစ်သလို ခိုင်ဖုန်းမြို့ရဲ့ အုပ်

ချုပ်ရေးမှူးလည်း ဖြစ်လာမှာ။ စစ်ရေးစစ်ရာအတွက်တော့ စစ်သူကြီး တိချင်း။ သူက အနောက်

ဘက် ရှား တိုင်းပြည်ကို စစ်ဆင်ရေးအတွက် ဦးဆောင်မှာ။

ဒီပုဂ္ဂိုလ် နှစ်ဦးအကူအညီနဲ့ ဧကရာဇ် ရန်ကျုံးဟာ လေးဆယ့်နှစ်နှစ် တိုင်တိုင် ထီးနန်းကို

စိုးစံတော်မူသတဲ့။ သူ့လက်ထက်မှာ ကိုးနှစ်တစ်ပိုင်း ခေတ်သုံးပိုင်း ပိုင်းပြီး အမည်ပေးတော်မူတယ်။

ပထမ ကိုးနှစ်တစ်ပိုင်းကို ထျန်းရှန် လို့ ခေါ်တယ်။ တိုင်းပြည် အခြေ အေးချမ်းသာယာတယ်။ ကောက်နှံ

စပါး ပေါများတယ်။ လူတွေက ပျော်ပျော်ရွှင်ရွှင် အလုပ်တွေ လုပ်ကြတယ်။ လမ်းပေါ်မှာ ပစ္စည်းကျ

ကျန်ခဲ့ရင်တောင် ဘယ်သူမှ ကောက်မယူဘူးတဲ့။ တံခါးတွေ လည်း ညဆိုရင်တောင် ပိတ်စရာမလို

ဘူးတဲ့လေ။ အဲဒီခေတ်ကို ပထမကြွယ်ဝခေတ်လို့ ဆိုတယ်။

ဒုတိယကြွယ်ဝခေတ်က မင်တောင် နှစ်အစကနေ ဟွမ်းယူ တတိယနှစ် အထိ။ ဟွမ်းယူ

စတုတ္ထနှစ်က နေ ကျားယူ ဒုတိယနှစ်အထိက တတိယကြွယ်ဝခေတ် လို့ခေါ်ကြတယ်။

အဲဒီ ခေတ်သုံးခေတ် နှစ်ဆယ့်ခုနစ်နှစ် ကာလကို ချမ်းမြေ့သာယာ ခေတ်သုံးဖြာ လို့

ခေါ်သတဲ့။ အဲဒီခေတ် တွေမှာ လူတွေဟာ အင်မတန်ကို ပျော်ကြ ရွှင်ကြတာ။ အပျော်တွေကနေ

ကြေကွဲစရာတွေမွေးလာမယ်လို့ ဘယ်သူကများ ကြိုမြင်ခဲ့မှာလဲ။

ကျားယူ တတိယနှစ်က စလို့ ကူးစက်တတ်တဲ့ ပလိပ်ရောဂါဆိုးကြီးက တိုင်းပြည်မှာ ပျံ့နှံ့လာ

တော့တာ။ တောင်ဘက် မြို့ကြီးနှစ်မြို့က စတာ။ ရွာသိမ် ဇနပုဒ်တောင် အဲဒီ ရောဂန္တရကပ်ဆိုး

ကြီးက မလွတ်ဘူး။ ဘုရင့်ခုံရုံး မှာလည်း နယ်အသီးသီးက အသနားခံစာတွေ အကူညီတောင်းစာ

တွေ ပြည့်နှက်လို့နေတာ။

အရှေ့ဘက်မြို့တော်က စစ်သားတွေ ပြည်သူတွေ တစ်ဝက်လောက်ဟာ သေဆုံးကုန်ကြတယ်။

ပေါင်ချိန်ကျန်း နဲ့ ခိုင်ဖုန်း မြို့မိမြို့ဖ များက ရောဂါကုဖို့ဆေးညွှန်းကို အတည်ပြုထုတ်ဝေပြီး ကိုယ့်အိတ်

ထဲကငွေ ကိုယ်စိုက်လို့ ဆေးဝါးတွေဝယ်ယူ၊ နိုင်သလောက် ကုသပေးကြပေမဲ့လို့ အချည်းနှီးပါပဲ။ အဲဒီ

ကပ်ရောဂါဟာ ပိုပြီးသာဆိုးဝါးပျံ့နှံ့လာတာပဲတဲ့။ အုပ်ချုပ်ရေး နဲ့ စစ်ရေး ဘက်က အရာရှိကြီးများ က

စုဝေးလို့ ဆွေးနွေးတိုင်ပင်ကြတယ်။ မင်းညီလာခံကျလို့ရှိရင် ဧကရာဇ်ကြီးကို တင်ပြပြီး ဖြေရှင်းပေးဖို့

မေတ္တာရပ်ကြမယ်ပေါ့။

အဲဒီနေ့.. ကျားယူ သုံးနှစ်၊ သုံးလပိုင်း သုံးရက်နေ့ ၊သုံးနာရီ မှာ ဧကရာဇ် ရန်ကျုံးဟာ နန်းတွင်းက

ပလ္လင်ပေါ်မှာ ထိုင်တော်မူပြီး ညီလာခံစ စေတယ်။ မှူးမတ်များ အလေးအမြတ် ဂါရဝပြုတာခံယူပြီးတော့

အမိန့်တော်ပြန်က တင်လျှောက်စရာရှိတဲ့သူ၊ အသနားခံစရာရှိတဲ့သူ ရှေ့တော်မှောက် ရောက်စေ။

မရှိရင် ညီလာခံ ရုတ်သိမ်းတော်မူမည်။ အဲဒီလို အော်ပြောတာပေါ့။

15 comments

  • Mr. MarGa

    January 22, 2014 at 7:54 pm

    ဟဲဟဲ…အစ်ကိုရေ့
    လောလောဆယ် နာမည်တွေကို အရင်မှတ်သွားတယ်
    အခုမှ အစ ဆိုတော့ ငြိမ်ငြိမ်လေး ဖတ်လိုက်ဦးမယ်
    တရုတ်ဝတ္ထုဆိုတော့ နာမည်တွေ အတော်များမယ်ထင်ပ 🙂

    • မောင်ဘလိူင်

      January 23, 2014 at 11:53 am

      များမှာပ မောင်မာဃရေ…ဇာတ်လိုက်တင် ၁၀၈ယောက်ကိုး။
      တခြား ဇာတ်ဆောင်တွေလည်း အများကြီး။

  • ဒညင်းဝက်

    January 22, 2014 at 8:04 pm

    ဒီတစ်ခါ.. ဘာသာပြန်အရေးအသားလေးက..
    ပိုသွက်ပြီး.. ပိုလူငယ်ဆန်သလားလို ့…

  • padonmar

    January 22, 2014 at 8:33 pm

    ပေါင်ချိန်ပါမှာလားဟင်၊
    လူငယ်ပေါင်ချိန်ဇာတ်လမ်းတွေဆိုလည်း သိပ်ကြိုက်။
    ဇာတ်အိမ် ခိုင်မာတဲ့အပြင် မတရားမှုဟာ ဆိပ်ကွယ်ရာမရှိ၊
    တရားမျှတမှုက နောက်ဆုံးမှာ အနိုင်ရစမြဲလို့ ရိုက်တတ်တာကြောင့်။

  • Foreign Resident

    January 23, 2014 at 8:31 am

    ကို ဘလိူင် ။

    ပထမ တစ်အုပ်က ” Slum Dog Millionaire ”
    အိန္ဒိယ နောက်ခံ အင်္ဂလိပ် ဝထ္ထု ကို ဘာသာပြန်တာ ။

    အခု တစ်အုပ် ကတော့ တရုတ် နောက်ခံ ဆိုတော့ ၊
    တရုတ် ဘာသာကနေ တိုက်ရိုက် ဘာသာပြန်တာလား ။
    အင်္ဂလိပ် ဘာသာကနေ ဘာသာပြန်တာလား ဗျ ။

    • မောင်ဘလိူင်

      January 23, 2014 at 11:51 am

      ကျွန်တော် အင်္ဂလိပ် ဗားရှင်းကနေ ပြန်တာ အဘဖော။ J.H. Jackson ရဲ့ အပိုင်း၇ဝ မူနဲ့
      Sidney Shapiro ပြန်တဲ့ အပိုင်း ၁၀ဝမူ နှစ်ခု ရှိပါတယ်။

  • kyeemite

    January 23, 2014 at 10:26 am

    အင်း…ပေါင်ချိန်ပါလာတော့ ပိုစိတ်ဝင်စားလာပြီဗျာ…အာတီဒုံပြောသလို..
    “တရားမျှတမှုက နောက်ဆုံးမှာ အနိုင်ရစမြဲလို့ ” သိပ်သဘောကျခဲ့တာဗျ…

  • ဦးဦးပါလေရာ

    January 23, 2014 at 11:25 am

    အရှည်ကြီး စောင့်ဖတ်ရဦးတော့မပေါ့…

    အားပေးနေပါကြောင်း …..

  • မောင်ဘလိူင်

    January 23, 2014 at 11:57 am

    အားပေးကြသော အန်တီဒုံ၊ ဒညင်းဝက်၊ ဦးပါ၊ ဦးမိုက်၊ ဦးမာဃ၊ အဘဖော နှင့် ဖတ်ရှုပေး
    ကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်။ ရှိနိုင်အန်း နဲ့ လိုကွမ်းကျုံးကတော့ သူတို့ရေးပြီးတာ
    စာဖတ်သူများ ဘယ်လိုထင်မြင်ကြတယ် ဆိုတာ ချက်ချင်း သိချင်မှ သိခဲ့ကြမှာ။ ဒီခေတ်လို
    ဆိုရင်တော့ သိကြမှာပဲ။

  • KZ

    January 23, 2014 at 3:21 pm

    ၁ မှာတော့ မရေးတော့ ဘူး မောင်လေး လှိုင်။
    ဒီဟာတော့ ပေါင်ချိန်ပါလို့ ဖတ်မယ် မန့်မယ်လို့။

    ဒါနဲ့ ကျန်ကျောင်းရော ပါမှာလားဟမ်??

    😀

    • မောင်ဘလိူင်

      January 24, 2014 at 5:24 pm

      စိတ်မကောင်းပါဘူး အစ်မရေ..။ အဲဒီအချိန် ပေါင်ချိန်က သေရှာပြီ။
      ကျန်ကျောင်းက စိတ်ကူးယဉ် ဇာတ်ကောင် ဆိုတော့ ဒီဇာတ်လမ်းနဲ့
      မ ဆက်စပ်ဘူး ထင်တယ်။

  • Ma Ma

    January 23, 2014 at 6:04 pm

    အပိုင်း ၂ ဆိုတော့…. ဒီတခါ ဇာတ်ဆရာ သွက်လှချည်လား။
    ကြိုးစားပမ်းစား ဘာသာပြန်ပေးတာမို့ ကျေးဇူးလည်း တင်တယ်။
    အားလည်းပေးမယ်ဗျိ ု့……….. 🙂
    ဒါ့ထက် ဇာတ်ကောင်ချည်းတောင် ၁၀၈ယောက်ဆိုရင် တရုတ်သိုင်းဝတ္ထုတွေမှာလို ဇာတ်ကောင်တွေကို စာရင်းတစ်ခုပြုစုပြီး ချပြပေးထားရင်ကောင်းမယ်။
    တောင်းဆိုတာပါ။ 😀

  • ဝင့်ပြုံးမြင့်

    January 25, 2014 at 11:43 pm

    ရေးအားဖတ်အားကောင်းတဲ့ ကိုဘလှိုင် ကို အားကျလိုက်တာ။ အစ်မမှာတော့ သားတစ်ယောက် မထိန်းနို်င်လို့ စာတောင်အနိုင်နိုင်ဖတ်နေရတယ်။ ဒါပေသိ၊ အခု ဘာသာပြန်က အရှည်ကြီးဆိုတော့ ထုတ်ဝေသူအတွက် ကိုက်ပါ့မလား။ ထုတ်ဝေမယ့်သူ အင်သွားရင် ဘယ်လိုလုပ်မလဲ။ ဘာသာပြန်တာ ထင်သလောက်မလွယ်ဘူး။ အချိန်ပေးရတယ်။ အာရုံစူးစိုက်ရတယ်။

    • မောင်ဘလိူင်

      January 27, 2014 at 5:26 pm

      ဟုတ်တယ် အန်တီပြုံးရေ..ကျွန်တော်လည်း စာအုပ်ထုတ်ဖို့ရယ်တော့ မဟုတ်ပါဘူး။
      ဒီလိုပဲ ဝါသနာအရ ရေးကြည့်နေတာပါ။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။

Leave a Reply