ယစ်ရွှေရည်တန်ခိုး
ယစ်ရွှေရည်တန်ခိုး
အေ့ … ဟေ့လူ
ဟာ … ဒီလောက်တောင်ပဲလား၊
မလန့်ပါနဲ့ဗျာ၊ ကျုပ်တရားမဟောဘူး။
ဂေါပကလူကြီး ကျ ု ပ်မှမဟုတ်တာ။
အိန္ဒြေရရနဲ့ ရီဝေရီဝေလေး မူးရတဲ့အရသာ
တနည်းဆိုရရင်
လူကြီးလူကောင်းသောက်နည်း
ဟိုငနဲ ကျုပ်ကိုသင်ပေးထားပြီးပြီ။
ဒီလိုရှိတယ်၊
တစ်ခွက်တစ်ဖလားချပြီးပြီဆိုရင်
လောကကြီးရဲ့အမှန်တရားတွေ အကုန်သိပြီ။
ဒီတော့ အလွန်အကျွံချဖို့ဆိုတာ လွယ်မှလွယ်၊
ဒါကို နိုင်နိုင်နင်းနင်း ဘယ်လိုကိုင်တွယ်မလဲ။
အေ့ … ကျ ု ပ်ပြောမယ်၊
ခင်ဗျား မချစ်တတ်ရင် မသောက်သင့်ဘူးဗျာ။
ဒီလိုပဲ၊ ခင်ဗျား မသောက်တတ်ရင် မချစ်သင့်ဘူး။
မချစ်ရဘူးဆိုပြန်တော့လည်း
အရေးပါသူကြီးတွေ ဖြစ်မလာနိုင်တော့ဘူး။
လေတဖြ ူ း ဖြ ူ း ဖြစ်ဖို့ခက်ပြီ။
မသောက်တတ်ဘဲ ချစ်တော့လည်း
အရှိတရားထောင်ထဲ ခင်ဗျားကျသွားမှာပေါ့။
ဒါကြောင့် ကျ ု ပ်ပြောမယ်။
လောကရဲ့ သစ္စာတရား
လုံးဝပုံကြီးချဲ့မထားဘူး၊
မချစ်တတ်ရင် မသောက်နဲ့။
မသောက်တတ်ရင် မချစ်နဲ့။
22 comments
ကြောင်ဝတုတ်
January 23, 2014 at 4:52 pm
ချစ်တတ်လို့လဲသောက်ခဲ့တာပါကွယ်…
kai
January 23, 2014 at 5:00 pm
မြန်မာတွေ ဝိုင်..ဒါမှမဟုတ်.. ရိုးရာ ခေါင်ရည်စွဲသောက်သင့်တယ်..
ခေါင်ရည်ကို.. ခေတ်မှီနည်းနဲ့.. များများထုတ်သင့်တယ်..။
ပိုစွမ်းဆောင်နိုင်ရင်တော့.. .. ပြည်ပထုတ်ရောင်းသင့်တာပေါ့…။
အသက်ရှည်ပြီး.. ကျမ်းမာ.. အသားအရေလှ.. ကောင်းတာတွေအများကြီးရမယ်..။
ဆိုးတာထက်..ကောင်းတာကပိုမယ်ထင်တာပဲ..
•*¨နန်းတော်ရာသူ •*¨
January 25, 2014 at 8:05 pm
ဝိုင်ကိုတော့ကြိုက်လို့ခက်နေတာ ဝိုင်ကြောင့် ၁ပါးသီလအကြိမ်ကြိမ်ချိုးမိပါပေါ့
🙁
Mr. MarGa
January 23, 2014 at 7:59 pm
သမ္မတကြီးကတော့ ယစ်ရွှေရည်အစား နွားနို့ပြောင်းသောက်စေလိုပါကြောင်း တဲ့ :mrgreenn:
TNA
January 23, 2014 at 8:05 pm
မှတ်သားသွားပါတယ် အမမျှစ်ကြော်ရေ။ သောက်ပီးရင်ချစ်ပါ့မယ်။ ချစ်ပီးရင်သောက်ပါ့မယ်
ဒညင်းဝက်
January 23, 2014 at 9:02 pm
ရလဲ ့..
Good….
😆
kyeemite
January 24, 2014 at 10:44 am
ကျုပ်ဆိုတဲ့ ကြီးမိုက်ကတော့…ချစ်တတ်သလားမမေးနဲ့..အေ့..ဂေ့ 😀
Myo Thant
January 24, 2014 at 1:04 pm
ယစ်ရွှေရည် ဆိုတာ အနော်မသိ ၊ ဝတ်မှုံရွှေရည်တော့ ကြားဘူးတယ် ၊ 🙂
အနော်က ချစ်တတ်ပါတယ် ၊ သို့သော် အချစ်များရင် အပြစ်သား ဖြစ်မှာစိုးလို့
ဟေ့ ကောင်လေး နောက်တစ်ပိုင်း ပေး ၊ 🙂 🙂
ဘဆွေ
January 24, 2014 at 7:41 pm
အစ်မပြုံးရေ…
ွှအစ်မ ကဗျာ ကိုဖတ်ပြီး..ဘဆွေတစ်ယောက် အကြာကြီးပြုံးမိပါတယ်…
မချစ်တတ်ရင် မသောက်နဲ့။မသောက်တတ်ရင် မချစ်နဲ့..ဆိုတော့…
တစ်ယောက်တည်း လည်းချစ်..
နှစ်ယောက် သုံးယောက် ပေါင်းချစ်..
တစ်ခါတလေ အုပ်စုလိုက်ဖွဲ့ ချစ်
ဆိုင်မှာချစ်..
အိမ်မှာချစ်..
ဟော်တယ်မှာချစ်…
ငဆွေတို့..ချစ်လိုက် သောက်လိုက်…သောက်လိုက် ချစ်လိုက်..နဲ့ပတ်ချာလည်နေတာ ခုအသက်ရောက်လာပြီ..
ချစ်ချင်တုန်းပဲ ..ချစ်နေတုန်းပဲ..ဒါပေမယ့် ရင်ထဲကအသိမှာတော့ ဆက်မချစ်သင့်တော့ဘူးဆို တာ ….
ဝင့်ပြုံးမြင့်
January 25, 2014 at 10:56 pm
အဘဖက်တီးကက်၊ အဘသကြား၊ အဘဝက်၊ အဘမိုက်၊ အဘသန့်၊ အဘဆွေ၊
အဘတို့ရေ .. . တမီးပြောတာက မိန်းမတစ်ယောက်ကို တန်ဖိုးထားပြီး သတ်သတ်မှတ်မှတ်လေး ချစ်တာကို ပြောတာနော်။ ကြုံတိုင်းချစ်ကို ပြောတာမဟုတ်ဘူး။ ဒါမှ လူကြီးလူကောင်းသောက်နည်းကို သောက်တတ်မယ်လို့ ဆိုလိုတာပါ။ မဟုတ်ရင် အမှန်တွေ လွန်လွန်ကျူးကျူး လုပ်မိမှာစိုးလို့။
Myo Thant
January 27, 2014 at 9:21 am
( အဘဖက်တီးကက်၊ အဘသကြား၊ အဘဝက်၊ အဘမိုက်၊ အဘသန့်၊ အဘဆွေ၊
အဘတို့ရေ )
တေဘာဘီ ၊
နာက အဘစာရင်းဝင်သွားပြီလား ၊ အဟင့် 🙂
Shwe Ei
January 24, 2014 at 8:30 pm
ချစ်ရတာ ပင်ပန်းလွန်းတယ် ငွေလောကကြီးရယ်
ချစ်စစ်နဲ့မတန်ဝူးချစ်ရယ် ဂုဏ်လောကကြီးရယ်
(မူးမူးနဲ့ သီချင်းဝင်ဆိုသွားသီ…ခွိ)
ဝင့်ပြုံးမြင့်
January 24, 2014 at 10:05 pm
ပန်းတစ်ပွင့် လှမ်းအစွင့် နမ်းအလင့် မှာ ဟတ်ချိုး ဆိုတဲ့ အန်ကယ်ကြောင်ကို တွယ်ထားတဲ့ကဗျာကို မနေ့ညနေက တင်ပြီး သိပ်မကြာဘူး မအူပင်မှာ မီးလောင်ပါလေရော။ ည ရး၂ဝ မှာ မီးလောင်နေပြီ ဆိုတဲ့ အသံနက်ကြီး ကြားလိုက်ရတယ်။ ရပ်ကွက်ထဲက လူတွေ တဝုန်းဝုန်းပြေးကြည့်တဲ့အချိန်မှာ ဆိုင်ခန်း ၃ခန်း မီးလောင်နေပြီ။ အဲဒီအချိန်ထိ မီးငြိမ်းတဲ့လူ တစ်ယောက်မှ မရှိသေးဘူး။ ဟိုအရင်က မီးလောင်ရင် ဓာတ်တိုင်ကို တဒေါင်ဒေါင် ခေါက်ကြတယ်။ အခုကျတော့ ဓာတ်တိုင်တွေအကုန်လုံးက သံတိုင်မဟုတ်တော့ဘူး။ ကွန်ကရစ်တိုင်တွေဖြစ်ကုန်ပြီ ဆိုတော့ အော်ပဲအော်ကြရတော့တယ်။ ချက်ချင်းထထွက်ကြည့်တဲ့အချိန်မှာ ကောင်းကင်ကြီး နီရဲနေပြီ။ နာရီဝက်အတွင်းမှာ မီးစတွေ တဖွားဖွားကျလာတယ်။ ဒါနဲ့ ဘေးအိမ်က ခေါင်မိုးကိုဖျက်ကြရပြီ။ အိမ်ကို ရေတွေနဲ့ တတ်နိုင်သလောက်လောင်းကြရတယ်။ ကျမက ခလေးနှစ်ကောင်နဲ့ အိမ်မှာ ပိတ်မိနေပြီ။ ပိ်တ်မိနေတယ်ဆိုတာက အိမ်ရှေ့လမ်းမှာ ထော်လာဂျီတွေ၊ (ပစ္စည်းတွေသယ်ထုတ်ဖို့ ချက်ချင်းရောက်လာကြတာ) ဆိုင်ကယ်တွေ နဲ့ ပြည့်ကျပ်နေပြီလေ။ ယောက်ျားက ဘေးအိမ်အမိုးကို ဝိုင်းဖျက်၊ ရေလောင်းတာတွေ လုပ်နေတယ်။ ကျမအမေက ကျမကို အမြဲမှာတဲ့စကားရှိတယ်။ အရေးကြီးစာရွက်စာတမ်းတွေရယ်၊ မှတ်ပုံတင်၊ ကလေးမွေးစာရင်း စတာတွေကို အိတ်တစ်လုံးထဲမှာ အမြဲထည့်ထားဖို့။ ကျမကလည်း ဘယ်တော့မှ စကားနားမထောင်တတ်တော့ အရေးအကြောင်းဆို ဘာမှကို အဆင်သင့်မရှိဘူး။
မီးလောင်တဲ့နေရာကို ကုသလတွေ (ကုသလဆိုတာ ကုလားကိုပြောတာပါ) ရောက်လာကြပြီး အလာဟ် အလာဟ် ဆိုပြီး ဝမ်းခေါင်းသံကြီးနဲ့အော်ကြတယ်။ ရေတော့မလောင်းဘူး။ ရဲတွေတစ်အုံကြီးရောက်လာပြီး လမ်းရှင်း၊ မီးသတ်ကြတာ ည ၉နာရီမှာ မီးညွန့်ကျိုးသွားတယ်။ ကျမသားကလည်း လုံးဝမအိပ်တော့ဘူး။ အလာဟ် အလာဟ် လုပ်နေရော။
ပါသွားတာက ဆိုင်ခန်း ၅ခန်းနဲ့ သုံးထပ်တိုက် တစ်လုံး။ ဆိုင်ခန်း ၅ခန်းဆိုတာ သေးသေးလေး မဟုတ်ဘူး။ မအူပင်မြို့ပေါ်က အချမ်းသာဆုံးစာရင်းဝင်တွေရဲ့ ဆိုင်ခန်းဆိုတော့ ဘယ်သေးမလဲ။ ကြမ်းခင်းဈေး သိန်း ၇ဝ ဘိုးခန့်ဆုံးရှုံးသွားတယ်လို့ သတင်းထဲမှာ ဖတ်ရတာလည်း မဟုတ်ဘူး။ အထည်ဆိုင် နဲ့ လျှပ်စစ်ပစ္စည်းဆိုင် နှစ်ဆိုင်ကို တရုတ်တစ်ယောက်ထဲကပိုင်တယ်။ အဲဒီ ၂ဆိုင်တင် သိန်း တစ်ထောင်ဘိုး ပါသွားတာပါ။
တစ်ခု ဖြေသာစရာရှိတာက အခုလောင်တဲ့မီးမှာ ဆင်းရဲသားနဲ့ မတင်မကျတွေ မပါဘူး။ ( မတင်မကျဆိုတာက အထက်မရောက် အောက်မရောက်လူတန်းစားကိုပြောတာပါ) အရမ်းချမ်းသာတဲ့ တရုတ်ရယ် ကုသလရယ်ပဲ ပါသွားတာဆိုတော့ ဒီလောက်ငွေကလည်း သူတို့အတွက် အယားဖြေသလောက်ပဲ ရှိတယ်။ တရုတ်ထက် သုံးထပ်တိုက်ပိုင်ရှင် ကုသလက ပိုချမ်းသာတယ်။ အရမ်းချမ်းသာတော့ သူတို့အတွက် အယားဖြေသလောက်ပါပဲ။ တကယ်ပြောတာပါ။
မီးလောင်တဲ့အကြောင်းရင်းကတော့ ဝါယာရှော့ပါ။ ဆိုင်ကိုပိတ်ပြီး အိ်မ်ပြန်သွားကြပြီ။ အဲဒါကလည်း နားလည်ရခက်တယ်။ ဝါယာကြိုးတွေကပဲ အဆင့်မမီလို့လား မသိဘူး။
မီးလောင်တဲ့နေ့ကတင် မီးသတ်သရုပ်ပြကျင့်ကြတယ်။ နေ့လည်ဘက်မှာ မီးသတ်တာ သရုပ်ပြကျင့်ကြပြီး ညကျတော့လောင်ပါရော။ အဲဒီတော့ မီးသတ်ကားကို တွန်းကြရတယ်။ လူကြီးတွေကပြောတယ်။ နမိတ်မရှိ နမာမရှိတွေ လုပ်ကြလို့ အခုလိုဖြစ်တာတဲ့။ အခုလောင်တဲ့မီးက ဘာဖြစ်လို့ဆက်မလောင်လဲဆိုတော့ မီးသတ်တာ ကောင်းလွန်းလို့မဟုတ်ဘူး။ လောင်စရာ မရှိတော့လို့။ လေးထပ်တိုက်ကြီး နဲ့ နောက်ထပ်တိုက်ကြီးက လမ်းထောင့်စုံလုံးဝပိတ်ထားတာ၊ အဲဒါကြောင့် မီးကဆက်ကူးစရာမရှိတော့ဘဲ မီးညွန့်ကျိုးသွားတာ။ အဲဒီ ချမ်းသာကြီးတိုက်(မီးခံတိုက်)သာ ကာမထားရင် ခုလောက်ဆို မအူပင် မြို့တစ်ဝက်လောက် ပြာကျနေပြီ။ ကုသလတွေ အလာဟ်လို့အော်ကြတာကြောင့်လားမသိဘူး။ လေက အဲဒီ တိုက်ထောင့်စွန်းကိုပဲ ဖိတိုက်နေတာ ကံကောင်းသွားတယ်။
ဒီကဗျာလေးတင်တဲ့နေ့မှာ အမှတ်တရဖြစ်စရာလေးမို့ ပြောပြတာပါနော်။ ကံကောင်းလို့ ကျမတို့လည်း ဘဝမပျက်တာ။ မီးလောင်တဲ့နေရာနဲ့ အိမ်နဲ့ နီးနီးလေး။
—-
ကွန်မင့်ဝင်ပေးသူတွေကို ကျေးဇူးတင်ပါတယ်နော်။ ညက တစ်ညလုံး၊ နောက်တစ်နေ့ထိ မီးကပျက်နဲ့ အဆင်မပြေဘူး။
ညီမရွှေအိရေ။ ညီမတို့ မအူပင်လာတုန်းက စားသွားတဲ့ ထမင်းဆိုင်လေ၊ အဲဒီဆိုင် နောက်ဖေးအထိ မီးထဲပါသွားတာ။ ဆိုင်ကတော့ မပါဘူး။
ဦးကျောက်ခဲ
January 25, 2014 at 9:11 am
မသောက်လည်း ချစ်… သောက်လည်း ချစ် မို့ ကြော်ငြာ မဝင်တော့ပါဘူး…
မီးဘေးလွတ်တယ်ဆိုလို့ တော်ပါသေးရဲ့ ၊ ဒါပေသည့် မျှစ်ကြော်ပြုံးရဲ့…
“ကုသလ” နဲ့ “အလာဟ်” ကို အတော်ခိုက်သွားတယ်…
ဟီ ဟိ… နောင်များ အဲဒါကိုရေးမိရင် ခွက်ဒစ်စ် ပေးပါ့မယ်… လို့
😀
Lay Pai
January 25, 2014 at 6:17 am
🙂 🙂
Shwe Ei
January 25, 2014 at 9:17 am
တိန် မအူပင်ကို မီးမလောင်ခင်အကောင်းတိုင်းမြင်ဖူးလိုက်တာ အမှတ်တရဖြစ်သွားတာပေါ့နော်
မီးဘေးလွတ်သွားတာဝမ်းသာပါတယ်…အမပြုံးရေ
သများတို့လာလည်တုန်းက အငယ်ကောင်လေးပုံပြန်မြင်ပီး တယောက်ထဲပြုံးစိစိဖစ်သွားတယ်…ဟိ
padonmar
January 25, 2014 at 9:28 pm
ပြုံးရဲ့ ကုသလရယ် မတင်မကျရယ်ကို ကြိုက်သွားပြီ။
မီးဆိုရင်တော့ ကြောက်ပါတယ်။ဝိုင်ယာရှော့အကြောင်းပြောရရင် စနစ်ကြောင့်မဟုတ်ဆိုတာတွေပါလာပါတော့မယ်။
စံမမီတဲ့ ဝိုင်ယာကြိုးနဲ့ စနစ်မကျတဲ့ မီးကြိုးဆက်မှုတွေက ဝိုင်ယာရှော့ရဲ့တရားခံတွေပါပဲ၊ကိုယ်လည်း အဲဒီ သံသရာက ရုန်းမထွက်နိုင်သေးဘူး။
ပြုံးတို့ လွတ်သွားတာ ဝမ်းသာပါတယ်။
ယစ်ရွှေရည်တော့ ပြောတော့ဘူး။
ဝင့်ပြုံးမြင့်
January 25, 2014 at 11:00 pm
မီးဘေးကတော့ ကံသီလို့လွတ်သွားတာ။ ခေါင်းရင်းအိမ် ခေါင်မိုးကို အဖျက်မြန်လို့။ တစ်တောင်လောက်ရှိတဲ့ မီးစကြီးတွေတောင်ကျလာတာ။ အဲဒါကြီးတွေ လိုက်ငြိမ်းရတာ။ မျှစ်ကြော်တို့အိမ်က ပျဉ်ထောင်အိမ်၊ ရေနံဝနေတာ။ ဟိုဘက်အိမ်ခေါင်မိုး ဖျက်တာ နှေးရင် မျှစ်တို့ရပ်ကွက် သွားပြီ။
ကျော်စွာခေါင်
January 26, 2014 at 2:09 am
မပြုံး
အရက်နဲ ့မီး ၂ခုပေါင်းပြီး မန် ့လိုက်မယ်..
…
..
မီး မငြိမ်းတတ်ရင် ..မသောက်နဲ ့..
မသောက်တတ်ရင် မီး မဆော့နဲ ့..။
ပုံ…
ကုသလတို ့ရဲ ့ ဘေးမဲ့…ခေါင်
သီဟသူရ ညောင်ရမ်းဂျီးထူ
January 26, 2014 at 9:33 am
ဒုက္ခဘဲကွာ
ဒီအရပ်ရောက်မှကြားလိုက်ရတာအဆန်းတွေပါလား
မူးရင်မမောင်းနဲ့
မောင်းရင်မမူးနဲ့ဘဲကြားဘူးတယ်
ကြာရင်
ငါရူးတော့မယ်
ဦးကြောင်ကြီး
January 27, 2014 at 2:49 am
ကြောင်စော်ကား
မောင်တော်ဘုရား
ဗျောင်အော်ထား
နောင်ပျော်သွား
ဆောင်မှော်ငါး
လောင်သော်နား
တောင်ဖော်အား
ရောင်မျှော်ညား…။
ကိုပေါက်(မန္တလေး)
January 27, 2014 at 8:45 am
ရောင် မျှော် ညာ း
ကြောင် လူ ပ ါး
လောင် သွား မ နေ ာ်
ညှော် တဲ့ မီး
အရက် ဆို တဲ့ သူ ရာ ယစ် ရွှေ ရည်
စိတ် ညစ် ရင် လို့ တော့ မ သော က် နဲ့ နော်
ပျော် အောင် သောက် ချင် သောက်
မှောက် သွား ရင် သောက် သူ အ မှား
တစ် ခွက် တစ် ဖ လား ချ စို့ လား