ရေကို စည်းသား အကြားမထင် – အပိုင်း(၃)

ဝန်ကြီးချုပ် ကျောက်ကျီနဲ့ သူ့လက်ထောက် ဝမ်ယန်ပို က ရှေ့ထွက်လာတဲ့ပြီး ကျောက်ကျီက –

“ကူးစက်ရောဂါဆိုးကြီးက လျော့ပါးသွားသည် မရှိ တိုးလို့သာ ဆိုးလာပါသဖြင့် လူသူအများ သေဆုံးနေကြ

ပါသည် အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့အနေဖြင့် အရှင်မင်းကြီးသည် နတ်ဒေဝတာများကို တောင်းပန် ပူ

ဇော်စေချင်ပါသည်။ ရာဇဝတ်သားများကိုလည်း အပြစ်ပေါ့လျော့ပေးစေ လိုပါသည်။ အခွန်များကိုလည်း

လျော့ချပေးစေ လိုပါသည်။ မိုးကောင်းကင်အား တိုင်တည်၍ လူအများ ဤကပ်ဆိုးကြီးမှ ချမ်းသာရာရ

စေကြောင်း ဆုတောင်းစေလိုပါသည်။”

ဒီလို လျှောက်တော့ ဧကရာဇ်ကလည်း ချက်ချင်းပဲ ဟန်လင်း အကယ်ဒမီက စာရေးတော် ပညာရှိတွေကို

အမိန့်ပြန်တမ်း ရေးစေသတဲ့။ ပြစ်ဒဏ်တွေ လျော့ဖို့၊ အခွန်တွေ လျော့ဖို့၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်း

တွေမှာ ရောဂါဆိုးကြီးက လွတ်ဖို့ ဆုတောင်းစာတွေ ရွတ်ဖို့ ပေါ့။

ဒါပေမဲ့ ကပ်ဆိုးကြီးက ပိုလို့သာ ဆိုးလာတာပဲ။ ဧကရာဇ်ကြီးလည်း စိတ်မသာလို့ သူ့ မှူးကြီးမတ်ရာများကို

နောက်တစ်ခါ ထပ်ပြီး ဆွေးနွေးဖို့ ဆင့်ခေါ်ပြန်တယ်။ အဲဒီမှာ ဖန်ကျုံးယန် ဆိုတဲ့ ဒုဝန်ကြီးချုပ်က ဧကရာဇ်ကို ဒီလို

လျှောက်သတဲ့။

“ကပ်ဆိုးကြီးက လျော့ပါးသည် မရှိ၊ တိုး၍သာနေပါသည် မင်းကြီး။ ဒီကပ်ဆိုးကြီး လွင့်ပျယ် သွားစေဖို့

ကျွန်တော်မျိုး အမြင်တစ်ခု လျှောက်တင်ပါမည်။ လုံဟူရှန်း(နဂါးကျားတောင်) တွင် သီတင်းသုံးသော

တောက်ဆရာအရှင် ကို ပင့်ဖိတ် ဆုတောင်းစေမှ ရနိုင်ပါလိမ့်မည်။”

ဧကရာဇ်ကလည်း သူ့အဆိုကို လက်ခံပြီး စာရေးတော်တွေကို အမိန့်ပြန်တမ်း စာချွန်ရေးစေတယ်။ အဲဒီ

အမိန့်ပြန်တမ်းမှာ သူ့လက်မှတ်ကို ဟင်္သာပြဒါးနဲ့ ရေးထိုး ခပ်နှိပ်လို့ အရာရှိ ဟုန်ရှင်းကို နဂါးကျား တောင်

ကို စေလွှတ်တာပေါ့။ အဲဒီတောင်က ကျောင်းရှိပြည်နယ် စင်းကျိုး မှာရှိတာ။ တောက်သခင် ကျောင်း ကို

ရွှေနန်းအထိ ပင့်ဖိတ်လာဖို့ ဧကရာဇ်ကိုယ်တော်တိုင် ဟုန်ရှင်းကို မှာတယ်။

အရာရှိဟုန်ရှင်းလည်း အမိန့်တော် စာချွန်ကိုလက်ခံပြီး အိတ်မှာထည့်လို့ ကျောမှာလွယ်တယ်။ ရွှေဘူး

တစ်လုံးထဲမှာတော့ အမွှေးနံ့သာတိုင်တွေ ထည့်တယ်။ လူအချို့ကို ဦးဆောင်ပြီး အရှေ့မြို့တော်ကနေ မြင်းတွေ

ကိုယ်စီနဲ့ ထွက်လာခဲ့ကြတာပေါ့။ စင်းကျိုးဘက်မှာ ရှိတဲ့ ကွေးရှိ မြို့ကို တိုက်ရိုက်ဦးတည်းပြီး သွားကြတာပဲ။

ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ အဲဒီမြို့ကို ရောက်သွားတယ်။ အဲဒီက အမှုထမ်း အရာထမ်းများက

အရာရှိဟုန်ကို ကြိုဆိုကြတယ်။ သူတို့က နဂါးကျားတောင်မှာ ရှိတဲ့ အနှိုင်းမဲ့သန့်စင် ကျောင်းတော်ကို

အမိန့်ပြန်တမ်း လက်ခံယူဖို့ လူလွှတ်ပြီး အမှာပါးစေတယ်။

နောက်တစ်နေ့ အရာရှိဟုန်နဲ့ အခြားအရာရှိများ နဂါးကျားတောင်ခြေကို ရောက်တော့ တောက်ဝါဒီ

ကိုယ်တော်တွေ အစုံအလင် ဆိုင်းတွေ ဗုံတွေနဲ့ ကြိုဆိုတာတွေ့တာပေါ့။ နောက် တောင်ပေါ်က ကျောင်းတော်

ကို ဦး ဆောင်ပြီး ခေါ်သွားကြတယ်။ သုံးဖြာသန့်စင် ခန်းမ ကိုရောက်တော့ ပလ္လင်တော်မှာ စာချွန်ကို တင်ပြီး

တိုက်အုပ်ကိုယ်တော်ကြီး ကို အရာရှိဟုန်က မေးတယ်။

“ဆရာသခင် ဘယ်မှာလဲ ကိုယ်တော်ကြီး”

“အရာရှိဟုန် အနေနဲ့ နားလည်ဖို့က ဆရာအရှင်က အင်မတန်ဖြူစင်မြင့်မြတ်ပြီး လောကီရေးရာတွေနဲ့

ခပ်ကင်းကင်းနေလေ့ရှိတယ်။ တော်ရုံနဲ့တော့ ကြိုဆိုဧည့်ခံဖို့ ကိုယ်တော်တို့လည်း မလျှောက်နိုင်ဘူး။

တောင်ထိပ်မှာ သက်ကယ်တဲလေးတစ်လုံး ထိုးလို့ တစ်ပါးတည်း တရားဓမ္မကျင့်ကြံနေတာပဲ။”

“နို့ပေမဲ့ ကျုပ်မှာ ဘုရင့်အမိန့်တော် ပြန်တမ်း ပါတာပဲ။ သူ့ကို ဘယ်လိုရှာရပါ့မလဲ။”

“အမိန့်တော် စာချွန်ကို ဒီမှာပဲ ထားပါလေဦး။ ကိုယ်တော်တို့လည်း ဘယ်သူမှ ဖွင့်မကြည့်ရဲပါဘူး။

ကျောင်းတိုက်ဟောင်းဘက်မှာ လက်ဘက်ရည်လေး ဘာလေးသောက်ပြီး ဆက်ပြောကြတာပေါ့။”

 

အရာရှိဟုန်လည်း တိုက်အုပ်ကိုယ်တော်ကြီး ပြောတဲ့အတိုင်း ကျောင်းတိုက်ဟောင်းဘက် လိုက်

လာပြီး တည်ခင်းဧည့်ခံတဲ့ လက်ဘက်ရည်နဲ့ သက်သတ်လွတ် ဟင်းလျာအမယ်စုံကို သုံးဆောင်တယ်။

စားလို့သောက်လို့ပြီး တော့ ဟုန်က တိုက်အုပ်ကိုယ်တော်ကြီးကို ပြောတယ်။

“ဆရာအရှင်က တောင်ထိပ်က တဲမှာ နေတယ်ဆိုရင် ဘာဖြစ်လို့ သူ့ကို အောက်ဆင်းပြီး အမိန့်စာချွန်

လက်ခံဖို့ မတောင်းပန်တာလဲ။”

“သူ အပေါ်မှာရှိတာတော့ ဟုတ်တယ်။ လောကီရေးတွေနဲ့ သူ့ကိုယ်သူ ကင်းအောင်နေဖို့ပါပဲ။ ဒါပေမဲ့

ဆရာအရှင်မှာ လောကီရေးတွေ ဖြေရှင်းဖို့ရာအတွက် ထူးကဲတဲ့ ဉာဏ်ရှိတယ်။ တိမ်တွေ မြူတွေကို စီး

လို့ ခရီးနှင်နိုင်တယ်။ သူဘယ်မှာ ရှိမလဲဆိုတာ ဘယ်သူမှ သေချာပေါက်မသိနိုင်ဘူး။ တို့များလို သာမန်

တောက်ကိုယ်တော်များဆိုရင် သူ့ကို တွေ့ခဲလှတယ်။ အဲဒီတော့ သူ့ကို အောက်ဆင်းဖို့ ဘယ်လိုများ

ကိုယ်တော်တို့ တောင်းပန်ပါ့မလဲ။”

 

“ကျုပ်ကတော့ သူ့ကိုတွေ့ရမှကို ဖြစ်မှာ။ ကပ်ရောဂါဆိုးကြီးက ပိုပြီး ဆိုးဝါးပျံ့နှံ့နေတာ။ ဧကရာဇ်ကိုယ်တော်တိုင်

အမိန့်စာချွန်နဲ့ ဆရာအရှင်ကို ပင့်ဖို့ စေလွှတ်လိုက်တာ။ ဆရာအရှင် လိုက်လာပြီး ဆုတောင်း ရွတ်ဖတ်သရဇ္ဇယ်မှ

ဒီရောဂါဆိုးကြီးက လူတွေ ချမ်းသာရာရမှာ။ ကိုင်း..ကျုပ် ဘာလုပ်ရမှာလဲ။”

 

“အရာရှိဟုန် အနေနဲ့ ပထမဆုံး မိမိရဲ့ကိုယ်စိတ်နှလုံး ဖြူစင်ဖြောင့်မှန်ကြောင်း သက်သေထူရမယ်။ အသားငါး မစား

ပါနဲ့။ ရေကို စင်ကြယ်စွာချိုးပါ။ ဖျင်ကြမ်းထည်ကို ဝတ်ဆင်ပါ။ စာချွန်တော်ကို ကျောမှာလွယ်ပါ။ အမွှေးတိုင်တွေ

လည်း သယ်သွားပါ။ ပြီးတော့ တောင်ထိပ်ကို တစ်ယောက်တည်း ခြေကျင်တက်သွားပါ။ အဲဒီမှာ ဖိတ်ကြားကြောင်း

ကို ခပ်ကျယ်ကျယ် ဟစ်အော်ပြောပါ။ အဲဒီလိုဆိုရင် ဆရာအရှင်ကို တွေ့ကောင်းတွေ့ပါလိမ့်မယ်။ နို့ပေမဲ့ အရာရှိဟုန်

မှာ လုံလောက်တဲ့ ဖြူစင်ဖြောင့်မှန်မှုနဲ့ မပြည့်စုံသေးဘူး ဆိုရင် ဒီခရီးက အချည်းနှီးဖြစ်မှာပဲ။

 

“ဪ..ကျုပ်ဖြင့် မြို့တော်က ထွက်လာကတည်းက အသားငါးကို မစားပဲနေလာခဲ့တာ..။ကဲပါလေ..ကိုယ်တော်ကြီး

ပြောတဲ့အတိုင်း ကျုပ်လုပ်ပါ့မယ်။ မနက်ဖြန်မနက် တောင်ပေါ်စတက်မယ်။”

 

အဲဒီည အားလုံး အနားယူကြတာပေါ့။ နောက်တစ်နေ့မနက် လေးနာရီလောက်မှာ တောက်ကိုယ်တော်တွေက

အရာရှိဟုန်အတွက် အမွှေးနံ့သာထည့်ထားတဲ့ ချိုးရေရယ်၊ သက်သတ်လွတ် ဟင်းလျာတွေရယ်ကို ပြင်ဆင်ပေး

တယ်။ ဟုန်လည်း ရေမိုးချိုး၊ ဖျင်ကြမ်းထည်ကိုဝတ်၊ ကောက်ရိုးဖိနပ်ကို စီးရတယ်။ ပြီးတော့ သက်သတ်လွတ်

မနက်စာကို စား။ အမိန့်စာချွန်ကို ပိုးစ အဝါနဲ့ထုပ်ပြီး ကျောမှာ လွယ်။ အမွှေးတိုင်တွေ ဘာတွေလည်း သယ်ပေါ့။

တောက် ကိုယ်တော်တွေက ကျောင်းနောက်က တောင်ပေါ်တက်တဲ့ လမ်းအထိ ရောက် အောင် လိုက်ပို့ကြတယ်။

တိုက်အုပ်ကိုယ်တော်ကြီးက အရာရှိဟုန်ကို မှာတယ်။

“လူတွေကို ကယ်ဖို့ရာ အတွက် သင်ဘယ်တော့မှ နောက်ပြန်မဆုတ်ပါနဲ့။ ဘယ်လို အခက်အခဲတွေ့တွေ့ ရှေ့ကိုသာ

ဆက်ပါလေ။”

တောက်ကိုယ်တော်တွေက အရာရှိဟုန်အတွက် ဆုတောင်းပေးကြတယ်။ နတ်ဒေဝတာတွေ ကူညီမှိုင်းမဖို့လည်း

တောင်းပန်ပေးကြတယ်။ အရာရှိဟုန်လည်း တောင်ပေါ်ကို တစ်ကိုယ်တည်း တက်လာခဲ့ရတာပေါ့။ နှစ်လီ သုံးလီ

လောက် ကုပ်ကပ်တက်လာလိုက်တာ တောင်ထွတ် တော်တော်များများတောင် ကျော်လာတယ်။ သိပ်မကြာဘူး၊

သူ့ခြေထောက်တွေ နာကျင် ယောင်ကိုင်းလာတော့တာပဲ။ နောက်တစ်လှမ်းတောင် မလှမ်းနိုင်တော့ဘူးလို့ သူ့စိတ်

ထဲ ထင်မိသတဲ့။ သိပ်ကျယ်ကျယ် မဟုတ်ပေမဲ့ သူ့ဘာသာ ညည်းညူမိတယ်။

“ငါ့လို အရေးပါတဲ့ အရာရှိတစ်ယောက်ဟာ ကိုယ့်မြို့မှာဆို အခင်းကောဇောနှစ်ထပ်နဲ့ နေရတာ။ စားတော့

လည်း စုံစုံလင်လင် ဖွယ်ဖွယ်ရာရာ ။ ခုတော့ ကောက်ရိုးဖိနပ်ကို စီးလို့ ဒီတောင်ကို ကုပ်ကပ်တက်နေရတယ်။

အားအင်လည်း နည်းပြီ။ တောက် ဆရာအရှင် ဘယ်မှာ ရှိတယ်ဆိုတာ ဘယ်သူကများ ဘယ်လိုနည်းနဲ့ သိပါ့

မလဲ။ ဒီလို ကြမ်းတမ်းတဲ့ ဒဏ်ကို ငါ ဘာကြောင့်များ သည်းခံသင့်သလဲ။”

 

နောက်ခြေလှမ်း ငါးဆယ်လောက် မရောက်ခင်မှာပဲ သူ အင်မတန် မောပန်းနေပြီ။ ပုခုံးတွေလည်း နာလှပြီ။

အဲဒီမှာ လေပြင်းတစ်ချက် တိုက်သွားတယ်။ ပြီးတော့ ထင်းရှူးပင်တွေ နောက်က အင်မတန်ကျယ်လောင်တဲ့

ဟိန်းသံကြီးနဲ့ ကျားကြီးတစ်ကောင် ခုန်ထွက်လာတယ်။ မျက်လုံးကြီး စုဖောင်းပြူးထွက်လို့။ နဖူးဖြူဖြူမှာ

အနက်စင်းတွေနဲ့လေ။

 

“အီးယား…”

အရာရှိဟုန်လည်း ကြောက်လန့်တကြားအော်ပြီး နောက်ပြန်လဲကျသွားတယ်။

——————————————————————————————————–

ဇာတ်ကောင်တွေ စာရင်းဆိုလို့ (၂)ပိုင်းခွဲတင်ပေးမယ်။ ပထမ ၃၆ ယောက်က ကောင်းကင်နတ်တွေ၊ ဒုတိယ ၇၂ယောက်က မြေပြင်မိတ်ဆွေ။

မိုးကောင်းကင်မှ နတ်ဝင်စား သုံးဆယ့်ခြောက်ယောက်

တာရာ

အမည်

အနွတ္တသညာ

အဆင့်

အလုပ်အကိုင်

၁။ထျန်းခွေ စုံကျောင်း တရားစောင့်သူ ခေါင်းဆောင် တရားရုံး စာရေး
၂။ထျန်းကန် လုကျွင်းယိ ကျောက်စိမ်းနတ်မြင်း ဒုခေါင်းဆောင် မြေရှင်
၃။ထျန်းကျိ ဝူယုံ စွမ်းအားနက္ခတ် မဟာဗျူဟာခေါင်းဆောင် ပါမောက္ခ
၄။ထျန်းဝမ် ကုန်းစွန်းရှန် တိမ်နဂါး မဟာဗျူဟာမှူး တောက်ဝါဒီ
၅။ထျန်းယုံ ကွမ်းရှန် ဓားမကြီး ကျားငါးကောင် ဗိုလ်ချုပ် ဗိုလ်ချုပ်
၆။ထျန်းရှုံ လင်ချုံး သစ်နက်ခေါင်း ကျားငါးကောင် ဗိုလ်ချုပ် လှံရှည်ကိုင် နည်းပြ
၇။ထျန်းမုန် ချင်းမင် မီးမိုးကြိုး ကျားငါးကောင် ဗိုလ်ချုပ် ဗိုလ်ချုပ်
၈။ထျန်းဝေ ဟူးရန်ကျိုး စွယ်စုံ တင်းပုတ် ကျားငါးကောင် ဗိုလ်ချုပ် ဗိုလ်ချုပ်
၉။ထျန်းရင် ဟွားရုံ မိုးပျံဗိုလ်ချုပ်လေး ကျားပေါက်ရှစ်ကောင်ဗိုလ်ချုပ် ချင်းဖန်းခံတပ် အရာရှိ
၁၀။ထျန်းကွေ ချိုင်ကျင်း လေပွေလေး စာရင်းစစ်ချုပ် (ပို့/ဆက်) သူကောင်းမျိုး
၁၁။ထျန်းဖူ လိယင်း စွန်ရဲထိုးသုတ် စာရင်းစစ်မှူး (ပို့/ဆက်) လိမျိုးနွယ် ရွာသူကြီး
၁၂။ထျန်းမန် ကျူးထုံ မုတ်ဆိတ်သခင် ကျားပေါက်ရှစ်ကောင်ဗိုလ်ချုပ် ရဲသား
၁၃။ထျန်းကူ လူကျီရှန်း ပန်းမင်ကြောင်ကိုယ်တော် ခြေလျင်တပ် ခေါင်းဆောင် မြို့စောင့်တပ်မှူး
၁၄။ထျန်းရှန်း ဝူစုံ ကျားနိုင်သူရဲကောင်း ခြေလျင်တပ် ခေါင်းဆောင် ရဲသား
၁၅။ထျန်းလိ တုန်းဖျင် လှံနှစ်လက်ဗိုလ်ချုပ် ကျားငါးကောင် ဗိုလ်ချုပ် ဗိုလ်ချုပ်
၁၆။ထျန်းကျဲ ကျောင်းချင် အမွှေးမဲ့ မြား ကျားပေါက်ရှစ်ကောင်ဗိုလ်ချုပ် ဗိုလ်ချုပ်
၁၇။ထျန်းအန် ယန်ကျီ မျက်နှာပြာ သားရဲ ကျားပေါက်ရှစ်ကောင်ဗိုလ်ချုပ် စစ်ရုံး အရာရှိ
၁၈။ထျန်းယို ရွှီနင် ရွှေလှံ ကျားပေါက်ရှစ်ကောင်ဗိုလ်ချုပ် ရွှေလှံကိုင် နည်းပြ
၁၉။ထျန်းခုံ စွော်ချောင် စိတ်မြန် တပ်ဦး ကျားပေါက်ရှစ်ကောင်ဗိုလ်ချုပ် စစ်ရုံး အရာရှိ
၂၀။ထျန်းဆု တိုင်ကျုံး ပဉ္စလက်ခရီးသွား ကင်းထောက်မှူး ထောင်မှူး
၂၁။ထျန်းယိ လျိုထန် ဆံနီ မိစာ္ဆ ခြေလျင်တပ် ခေါင်းဆောင် တရားမဝင် ကုန်သည်
၂၂။ထျန်းရှ လိခွေ လေပွေနက် ခြေလျင်တပ် ခေါင်းဆောင် ထောင်ကြပ်
၂၃။ထျန်းဝေး ရှိကျင်း ဆေးမင်နဂါးကိုးကောင် ကျားပေါက်ရှစ်ကောင်ဗိုလ်ချုပ် ရှီမျိုးနွယ် ရွာသူကြီး
၂၄။ထျန်းကျို မုဟုန် အထိန်းမဲ့ ကျားပေါက်ရှစ်ကောင်ဗိုလ်ချုပ် သူဌေး
၂၅။ထျန်းထွေ လေ့ဟုန် အတောင်ပါကျား ခြေလျင်တပ် ခေါင်းဆောင် ပန်းပဲဆရာ/ရဲသား
၂၆။ထျန်းရွှော် လိကျွင်း မြစ်နဂါး ရေကြောင်းတပ် ခေါင်းဆောင် သမ္ဗာန်သမား
၂၇။ထျန်းကျန် ရွမ်ရှောက်အာ ရင်မြေကတုတ် ရေကြောင်းတပ် ခေါင်းဆောင် တံငါသည်
၂၈။ထျန်းဖျင် ကျောင်းဟုင် လှေသမား ရေကြောင်းတပ် ခေါင်းဆောင် ပင်လယ် ဓားပြ
၂၉။ထျန်းကျွေ ရွမ်ရှောက်ဝူ အသက်တို ညီငယ် ရေကြောင်းတပ် ခေါင်းဆောင် တံငါသည်
၃၀။ထျန်းစွန်း ကျောင်းရွှင် လှိုင်းထိပ် အစင်းဖြူ ရေကြောင်းတပ် ခေါင်းဆောင် တံငါသည်
၃၁။ထျန်းပိုင် ရွမ်ရှောက်ချီ သက်ရှိ ယမမင်း ရေကြောင်းတပ် ခေါင်းဆောင် တံငါသည်
၃၂။ထျန်းလောင် ရောင်ရှုန် ဂီလာန ကွမ်းစွော် ခြေလျင်တပ် ခေါင်းဆောင် ထောင်မှူး/ပါးကွက်သား
၃၃။ထျန်းဟွေ ရှီရှို မိုက်ရူးရဲ တတိယညီ ခြေလျင်တပ် ခေါင်းဆောင် ထင်းသည်
၃၄။ထျန်းပေါင် ရှဲကျန်း ခေါင်းနှစ်လုံး မြွေနဂါး ခြေလျင်တပ် ခေါင်းဆောင် မုဆိုး
၃၅။ထျန်းခူ ရှဲပေါင် အမြီးနှစ်ခွ ကင်းမြီးကောက် ခြေလျင်တပ် ခေါင်းဆောင် မုဆိုး
၃၆။ထျန်းချောင် ရန်ချင်း သုံးဖြုန်း လက်ဖွာ ခြေလျင်တပ် ခေါင်းဆောင် ဘဏ္ဍာစိုး

3 comments

  • KZ

    January 27, 2014 at 8:50 pm

    1

    Will be right back, Hlaing.

    😀

  • kyeemite

    January 28, 2014 at 1:40 pm

    ဇတ်လမ်းကတော့ တရုတ်ဇတ်လို့ မပြောရဘူး…ဂျာနီးတူးသည်ဝက်စ် နဲ့ ခပ်ဆင်ဆင်နော..
    ဖတ်လို့တော့ကောင်းပါတယ်… အုပ်ချုပ်မင်းလုပ်သူ ဧကရာဇ် က ပြည်သူတွေအကျိုးအတွက်
    အလေးထားဆောင်ရွက်တာတော့ လေးစားစရာပဲဗျာ…. ကိုယ်တို့ဆီကနဲ့များကွာပ :kwi:

Leave a Reply