ဒဿန
ပိုက်ဆံချမ်းသာသူက
သူဌေးဖြစ်တယ်
သူဌေးသားက
ငွေဖြုန်းတတ်တယ်
ေြွမွကို ပြန်မျိုတဲ့ဖား
ပုံပြင်ထဲမှာကြားဖူးတယ်
မသိမတတ်လည်း
ဒီခေတ်မှာဆရာဖြစ်တယ်
နားမလည်အောင်ရေးထားရင်
မော်ဒန်ကဗျာဖြစ်တယ်
မိန်းမမုဒိန်းမုှ
ဟုတ်ပါ့မလားထင်မိတယ်
မြန်မာနိုင်ငံမှာ မဖြစ်လာဖို့
ကြယ်ကြွေနေ့တိုင်းဆုတောင်းမယ်
9 comments
myat pearl phyu
January 30, 2014 at 5:34 pm
ှရှင်ဘုရင် နဲ့ ညားတော့ မိဖုရား ဖြစ်တယ်…
သူတောင်းစားနဲ့ ညားတော့ ခွက်ဆွဲရတယ်…
နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တော့ မထူးပါတယ် …
သန်းခေါင်ထက်တော့ ညဉ့် မနက်နိုင်ပါပြီကွယ်…
(MPP ‘s opinion )
kai
January 30, 2014 at 5:49 pm
စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်…။
မင်းတို့.. ငါတို့.. လူတွေကြောင့်..
လူတွေရဲ့အတွေးအခေါ်တွေကြောင့်…
အတွေးအခေါ်ကိုလွှမ်းမိုးတာ.. ဘာသာရေး..
ဘာသာရေး…။
Mr. MarGa
January 30, 2014 at 6:23 pm
ဘာသာရေး ဘာသာရေးနဲ့
တကယ့်တကယ်ကျ လူ လူ
လူက ဘာသာရေးကို ဖန်တီးတာ :mrgreenn:
kai
January 31, 2014 at 4:26 am
အဲဒီ ဘုရားဟော ဗုဒ္ဓဓမ္မတွေကို ဟိန္ဒူ၊ ရိုးရာနတ်တွေနဲ့ရောသမမွှေပြီး.. လိုရာစိတ်ကြိုက်ဖြည့်စွက်ပြုပြင်ထားတဲ့.. ဘာသာရေးကို.. ဘယ်သူတွေဖန်တီးထားသလည်း.. သိလား..
Wow
February 7, 2014 at 1:45 pm
ဒဂျီးလို ကျပ်လွန် (ကျပ်ပြည့်ယုံမက ကျော်နေတဲ့) တွေဖစ်မှာပေါ့….
အနော်တို့ ကျပ်မပြည့်တွေကတော့ အေးချေး…. ကန်တော့ချင် ထိုင်ကန်တော့လိုက် .. မကန်တော့ချင် ဘုရားဟော ဒေသနာမစစ်ဝူးပေါလိုက်…
မဟာရာဇာ အံစာတုံး
January 31, 2014 at 10:47 am
နား မလည်အောင် ရေးထားရင်
မော်ဒန် ကဗျာ ဖြစ်တယ် …
ဒါမျိုးဆို ကိုယ်ဒို့က အလွန်ကျွမ်းစ် …
ဒညင်းဝက်
February 4, 2014 at 1:43 pm
အဲဒီ အယူအဆကို… လုံးဝ….လုံးဝ ဆန့်ကျင်ပါကြောင်း…
အကြောင်းအချက် စုံစုံလင်လင်နဲ ့…ဆန့်ကျင်ဖို ့…
စာတစ်စောင်ပေတဖွဲ ့.. ရေးပြီး..ငြင်းချင်သေးတယ်.. ။
အချိန်မရသေးလို ့.. ။
:kwi:
မော်ဒန်ကဗျာ ဆိုတာ..ဘာလဲ…
နားမလည်ခြင်းပြဿနာဆိုတာဘာလဲ…
မော်ဒန်ကဗျာနဲ ့ဂန္ထဝင်ကဗျာ..ရဲ ့.. ကွာခြားချက်ကဘာလဲ…
စသည်ဖြင့်….
……………..
……………..
အပေါ်ယံလေးတွေးတတ်သူတွေကြားထဲက…. အယူအဆ…
အဲဒီ…နားမလည်အောင်ရေးရင်..မော်ဒန်ကဗျာဖြစ်တယ်..ဆိုတာကြီးကို…
ရယ်ချင်ပါကြောင်း….
:kwi:
သီဟသူရ ညောင်ရမ်းဂျီးထူ
February 4, 2014 at 8:37 pm
ဘာကဗျာဖတ်ဖတ် နားမလည်တာပဲ
ကျုပ်တို့ညံ့လို့ဖြစ်မှာပေါ့
ဒီကဗျာကလည်း ဘာပြောချင်တာလဲမသိဘူး
ကျုပ်ညံ့လို့ပါဗျာ
မီ မီ
February 5, 2014 at 9:24 pm
ရယ်စရာ
ဟင့် ###