never ever ထာဝရ (ကဗျာခွန်အား)
အမေ
အဆုံးကိုမသိသေးတဲ့ခရီးကို
သမီးထွက်လာခဲ့ပြီလေ
လေတွေမိုးတွေတိုက်တဲ့ညက
ဘယ်တော့မှမငိုတဲ့သမီးရဲ့ပါးမှာ (never)
မျက်ရည်စတွေ စိုလို့ပေါ့ ။
အမေ
ကဗျာရေးတဲ့သူဟာ
ကဗျာဆရာ မဟုတ်လဲ
ကဗျာကိုချစ်တယ်
ကဗျာကိုမြတ်နိုးတယ်
ကဗျာရဲ့ခွန်အားတွေခြုံလွှမ်းတယ်
ကဗျာက်ုအမြဲတန်းသစ္စာရှိတယ် (ever)
ကဗျာဟာဓားတစ်စင်းဆိုရင်
ရင်ကိုထွင်းဖေါက်ပြီး
ကဗျာဝိညဉ်နဲ့ အသက်ဆက်ဖို့
ထာဝရ
ထာဝရ
ထာဝရ ………မျှော်လင့်နေခြင်တယ်အမေ ။
အမေ
ဒီတောကကြမ်းတယ် သမီးမသွားနဲ့ လို့
အထပ်ထပ် သတိပေးသံကြားက
ခင်မင်မှုအသစ်တွေ
ပျော်ရွှင်မှုအသစ်တွေ
စိန်ခေါ်မှုအသစ်တွေ
အောင်မြင်မှုအသစ်တွေအတွက်
နောက်မလှည့်တဲ့ခရီးကို
ကဗျာတွေအဖေါ်လုပ်ပြီး
သမီးအားတင်းထားတယ်အမေ
တောဆင်ရိုင်းတွေတွေ့လည်း
သမီးမကြောက်ဖူးအမေ
ခြင်္သေ့ဆိုတာလည်း
ရင်ဆိုင်ရဲပါတယ်အမေ
ကိုးတောင်ကျားစစ်စစ်လည်း
အသက်ခြင်းလဲရဲတယ်အမေ
တောကြောင်တစ်ကောင်မန်ဖီလို့
ဘယ်တော့မှ၊ အမြဲတမ်း ၊ ထာဝရ နောက်မလှည့်ဘူးအမေ ။
6 comments
KZ
February 3, 2014 at 10:16 am
အဲ။
မှတ်ဟ။
မီမီ ကဗျာဉာဏ်ကတော့ အတော်ကောင်းးးး
😀
ဦးကြောင်ကြီး
February 3, 2014 at 10:49 am
ကတောက်စ် ပြောလေကဲလေ မန်းလေပြဲလေ… ကြေးမုံဂျီးနဲ့ အမျုိုးတော်သလား..ဟုတ်မှ မလွဲရော… အသင်သည် ကြေးမုံဂျီ းအမျို း တရုတ်ကူမြူ နစ်ပါတီဝင် ဖြစ်လတ္တံ့..
ဒီမယ် မီမီ..
တောကြောင်တဂါင်
မာန်ဖီလို့
လောကဓံ
အံမတုခင်
ကြွက်တဂေါင်
အသျှင်လတ်လတ်
ဝါးစားပြဈမ်း..
ုုခုတ်ရဲသတ်ရဲ
အစိမ်းဝါးစားရဲမှနော
အချိန်နဲ့ဒီရေ
လူကိုမစောင့်သလို
ကြွက်ဆိုတာ
ကြောင်ကိုစောင့်ဘူး..
ဒါပေမဲ့
ဒါဗေမဲ့
…
…..
…….
မီမီဆိုဒဲ့
အသံလေးကိုတော့
ကြောင်စောင့်ပါ့မယ်
မင်္ဂလာရှိလွန်းလို့
စားဂျင်ပီ မီမီ…။
မှတ်ချက်။ မီမီ = ကြောင်အစာကျွေးလျင် ခေါ်သည့်အသံ
Mr. MarGa
February 3, 2014 at 12:12 pm
ဟိုက်ရှ်
ဟီးးး ကဗျာပြခန်းအတွက် ကဗျာတွေ ထွက်လာမှာ မြင်နေတယ်
ဆက်ထားးး ဆက်ထားး
မီမီရေ့ အဲ့ ကြောင်ဇိုးကြီးကို ဒီအတိုင်းတော့ လျှော့မပေးနဲ့ :mrgreenn:
TNA
February 3, 2014 at 1:56 pm
ဓဂျားဒို့လှိမ့်ပျော်နေဘီ
လုံမလေးမွန်မွန်
February 3, 2014 at 3:57 pm
ကဗျာပြခန်းမှ ကြိုဆိုပါ၏.. 🙂
ကဲ..ကြောင်ဇိုးကြီး..
ဘာတတ်နိုင်သေးလဲ..
ဆက်လုပ် မီမီ
အားပေးတယ်..
ဒညင်းဝက်
February 4, 2014 at 11:11 am
———————
စာသားကို…အားကောင်းကောင်းနဲ ့..သုံးသွားပုံက…
အားကျစရာ.. ။
ခံစားချက်ကို..ပြင်းပြင်းထန်ထန်ဖောက်ထုတ် ဖန်တီးတတ်သူလေးပဲ..ထင်ပါရဲ ့.. ။
ကဗျာပြခန်းက..ကြိုဆိုပါတယ်ဗျာ.. ။