အ ဟား ဟား ဟား . . . . .
“ ရော ့ “
ဖိုးသား က ဝယ် လာ သောအရက် ပု လင်း တွေ ကို ချ ရင်း ကျွန်တော် ့ ကို ဘယ်လိုလဲဟူသော ပုံစံ နှင် ့မေး ဆတ် ပြ သည် ။
“ အေး ချ မယ် ကွာ “
ကျွန်တော် ဒီ နေ ့ လတ်လတ်ဆတ်ဆတ် အသဲကွဲနေ တာ ကို သိလို ့သူငယ်ချင်းနှစ်ယောက်
သား အဆောင် ခန်း မှာ အရက် သောက်ဖို ့ စိတ် ကူးမိ ခြင်း ဖြစ်သည် .. ကျွန်တော်တို ့
နှစ်ယောက်စလုံး နယ် က ပါ ပုသိမ်တက္ကသိုလ် မှာ ကျောင်းလာ တက် ကြ တာ ကျွန်တော်က ပထမနှစ် ………….
မှာ ပဲ ရည်းစားတစ်ယောက် ရ ပါ တယ် ….( ရ ) ရက် ပဲ တွဲ ရ သေးတယ် ဆိုင်ကယ်နဲ ့
ဘဲ တစ်ကောင်နောက် ပါ သွားလေ ရဲ ့ …..ကဲ ဘယ်လောက် ကောင်းသလဲ
နာ ကျည်း မှု တွေနဲ ့ အရက်တွေ တော်တော် များများဖိ သောက်လိုက်တယ် …
လူ ကတော ့ တော်တော်ထွေ နေ ပြီ ဖိုး သားလဲ ယိုင်နေ ပြီ ….
သောက်ရင်း နဲ ့အရက် ၃ လုံးလောက် ကုန် တဲ ့အချိန် မှာ ဖိုးသား က ထ ဖောက်တယ်
“ ဟေ ့ တောင် နင်နာ ့နားကြော် တွေ ယူစား တလား “
မူး ပြီးရစ် စရာလူ မရှိလို ့ နှစ်ယောက် အချင်း ချင်း လာ ရစ်တာ အာလေးလျှာလေးနဲ ့ …
“ အောင်မာ နင် ့ပန်းကန် က နင် ့ဖင် ့အောက်မှာ လေ တွ သေချာရှိုး ဂျမ်းပါ “
ဒီတော ့မှ ငတိ က သူ့အောက် သူငုံ ့ကြည် ့တယ် ပြီး တော ့ကျွန်တော် ့ကို ပြန် ကြည် ့တယ်
ပြီးတော ့ခေါင်း ခါ တယ် ပြီးတော ့လေးဘက်ထောက်လိုက်တယ် ပုဆိုးဝတ်ထားတော ့ ပုဆိုး
နဲ ့ကွယ်နေ လေရဲ ့ ဒါကို ကျွန်တော် က မြင်တယ် ဒီကောင် ဘာလုပ် မလဲ ဆက်ကြည် ့
နေ လိုက်တယ် … သူ မတွေ ့ ဘူး လက်နှစ်ဖက်ကိုကြမ်း ပြင် ကိုထောက် လိုက်တယ် ကလေးတွေ လုပ် သလို ကိုယ် ့ပေါင်ကြား ကို ငုံ ့ ကြည် ့တယ် ပုဆိုး က ကွယ်နေတော့
သူတင်း သွားတယ် မကျေနပ်တဲ ့ ဟန် နဲ ့ မတ်တပ်ရပ်ပြီးခါထောင်းကျိုက်လို
က်တယ်အဲဒီ
အချိန် မှာ ငါးကြော် ပန်းကန် က သူပုဆိုးထဲ ကနေ ခါးထောင်းကျိုက်တဲ ့ အထဲ ကိုဝင်သွား ပါ ပြီ သူ ့မတွေ့ တော ့ ကျွန်တော် ့ ကိုလှမ်းမေး တယ် ….“ ဟဲ ့ကောင် နာ မတွေ ့ တာ သေ ချာတယ် နင် ဘယ်နားကို တွေ ့တာလဲ
ကျောစမ်း ““ နင် ့ ပုဆိုးထဲ မှာ ခု လိုးခု လု ကြီး ဖြစ် မနေ ဘူးလား ငါတယ်
ဖနောင် ့နဲ ့ ထပေါက်လို ့“ အယ် ခုလု ခုလုနဲ ့ ဘယ်နှယ် ့ ဟာ တုန်း “
ငတိ က သူ့ဟာသူစမ်း ပြီး ပြောတယ် ( ပုဆိုး ကို စမ်းတာပြောတာနော် )ပြီး မှ အထဲ ကပန်း ကန် ကို အသာဆွဲထုတ် လိုက်တယ် ငါးကြော်နှစ်ကောင် က ပြားနေ ပါ ပြီ
ဒီကောင် လုပ်နေ ပုံ ကိုကြည် ့ပြီး ကျွန်တော် အန် ချင် လာတယ် ဟုတ်တယ်ဗျာ …
သူ ့ပုဆိုး ခုနှစ် ရက်လောက်မှ တစ်ခါလျှော်တဲ ့ပုဆိုး ထဲ ဝင်သွား တာ စဉ်းစားသာကြည် ့တော့
အဲ ဒီ အချိန် မှာ ပဲ ………….“ ဝုန်း “
အခန်း တံခါး ဖွင် ့သံနှင် ့ အတူ ဘေးခန်း မှ ကျော်ထက် ရောက်လာ သည် …
“ အောင်မာ အနံ ့ ရ လို ့ဝင် လာ တာ ဟဲဟဲ သောက်ရကံ ကြုံ တော ့
အရာ အားလုံး အဆင် သင် ့ ပါ လား အမယ် အမြည်းကလဲစုံလို ့ “
ငနဲ က ပြောပြောဆို ဆို နဲ ့ ခု န က ငါးကြော် ကို ကောက် ဝါးလိုက်တယ် ပြီးတော ့
ခေါင်းတညိတ်ညိတ် နဲ ့ ..“ ကောင်းလှချေ လား ဒေါ်မြ ကြီးဆိုင် က မဟုတ် လား အရင် ကဒီလို
ထူးခြားတဲ ့အနံ ့ မရ ပါ ဘူး တစ်မျိုး ပဲ ငပိ ပုပ် ကို မဆလာ ဖြူးထား
တဲ ့ အနံ ့မျိုး “
ဒီကောင် က နမ်းလိုက်စားလိုက်နဲ ့ လုပ်နေ တယ် ကျွန်တော် ဖိုးသားကို တစ်ချက်လှမ်း
ကြည် ့လိုက်တယ် ဒီကောင် မျက်လုံးကြီးပြူးနေ တယ် …..ပြီး တော ပန်းကန်ကို ထဆွဲ တယ်
ဒါကို ကျော် ထက် က သူ့မကျွေး ချင် ဘူး အထင်နဲ ့ပန်းကန် ကိုင်ထားတဲ ့လက်ကို ဟိုဖက်
ပြောင်းလိုက် ပြီး မကြည်တဲ ့ လေ သံနဲ ့“ အောင်မာ ဘာ လဲ မင်းတို ့ ကငါစားတာ မကြိုက်လို ့ လား
ဟားဟားဒါမျိုး တော ့မရ ဘူးကွ မင်းတို ့နှစ်ကောင် ငါ့ဝက်အူချောင်းတွေ
ခိုးစားတာ မှတ် မိ လား ခု ငါ ပြန် စားတော ့ ဘာ ဖြစ်လဲ ကွာ “ငနဲ က ပြောလိုက် စားလိုက်နဲ ့ ပုံစံက ကျွန်တော် တို ့ ကို တောင် မျက်ခွက်ပြောင်နေလိုက်
သေးတယ် အူယားလာ ပြီ ဒီကောင်အကြောင်းလဲ မသိ ပဲနဲ ့ ကျွန် တော် ပန်းကန် ကိုလှမ်းဆွဲ
လိုက်တော ့ ကျော် ထက် က ထ ပြီးပြေးတယ် ….. အဆောင် က လမ်း အတိုင်း ပြေးထွက်သွားတယ် လက်ထဲ က ငါးကြော် ကို မြှောက် ပြီး လှမ်းစနေ လိုက်သေးတယ် …..
ကျွန်တော် ရော ဖိုးသားရော ဒီကောင်နောက်ပြေးလိုက်တယ် ဒါကို ဒီကောင် က ငါးကြော်
လိုက်လု တယ် ထင် ပြီး စွတ်ပြေး တယ် ပြေးရင်းနဲ ့ အဆောင်အပြင်ကိုရောက်သွားတယ် ….
ဖြစ်ချင်တော ့ဒီကောင် ကကျွန်တော်တို ့ ကို ကြည် ့ ရင်းနောက် ပြန်ပြေးနေတာ သူ့ရှေ ့က
လာနေတဲ ့ ဆရာ ဦးစိန်မြင် ့ ကို မတွေ ့ ဘူး“ ဝုန်း “
ဆို ဝင်တိုက် ပါ လေ ရောလား ..ဆရာ ဦးစိန် မြင် ့ဆို တာ က လဲ လူကောင်ကခပ်သေးသေး
ရယ် ဝင်တိုက်တဲ ့အရှိန်နဲ ့ ဖင်ထိုင်လဲ ပါ လေရောလား …. ကျော်ထက် လဲ ထူပူပြီး
ဆရာ ကို သွားထူတယ် …..“ ဟာ ….ဆရာ ဆော ရီးဆော ရီး …. မတော်လို ့ ပါ နော်ဆရာ
ကျွန်တော် တောင်းပန် ပါတယ် “ဆရာ ဦး စိန် မြင် ့ က လူ ပုစိတ်တို သူ ့ထိ ရင်နည်းနည်းမှကြိုက်တာ မဟုတ်ဘူး …..
ကျွန်တော်နဲ ့ဖိုးသားနဲ ့နည်းနည်း အမူး ပြေချင် သလို ဖြစ်သွားတယ် ခပ်လှမ်းလှမ်းက ရပ်
ပြီး အခြေ အနေ ကြည် ့နေတယ် ဆရာဦးစိန်မြင် ့ဘာတွေပြောနေလဲ မသိဘူး
ကျော်ထက် ခေါင်းတစ်ခါခါ နဲ ့ လက်အုပ်လေး ချီလို ့ …… ပြီးတော ့ကျွန်တော် ့ တို ့နှစ်
ကောင်ဘက်ကို လက်ညှိုး လှမ်း ထိုး ပြတယ် ဆရာဦးစိန် မြင် ့လှမ်း ကြည် ့တယ် ..
ပြီးတော ့ကျွန်တော် တို ့နှစ်ကောင် ကို လှမ်းခေါ်တယ် ……ကျွန်တော်တို ့ တစ်ယောက်
မျက်နှာ တစ်ယောက်ကြည် ့လိုက်ကြတယ် ပြီးတော ့ ကုပ်ကုပ်လေးနဲ ့ဆရာ ဆီ သွား“ ကောင်းသန် ့နဲ ့ဖိုးသားမင်းတို ့ ကျော်ထက်ကို လိုက်ထိုးနေတယ်
ဆို ကျောင်းမှာ ကျောင်းသားအချင်း ချင်းရန် မဖြစ်ရဘူး ူဆို တာ
မင်းတို ့မသိ ဘူးလားကွ .”“ ဟာမ ဟုတ် ဖူလ်း ဆဆဆရာ ကျွန်တော်တို ့ နားကြော် …
ကို ……..ဒဒဒီ ကောင် “ကြောက်ကြောက်လန် ့လန် ့နဲ ့ ဖိုးသား ရှင်း ပြ တော ့မှ ဆရာ က အနံ တစ်ခု ခု ရ သလို
နှာခေါင်း တစ်ရှုံ ့ ရှုံ ့ နဲ ့ …….“ ဟေ ့ကောင် တွေ မင်း တို ့ အရက်ပါ သောက်ထားတယ် အေး ငါနဲ ့တော ့
တွေ ့ ပြီ ပေါ ့ ကွာ စိန်မြင် ့တဲ ့ ကွ ငါမလုပ်ရင် ဘယ် ကောင်လုပ်မလဲ “ဆရာ ဦးစိန်မြင် ့က ဒီလို ဒေါသထွက် လာ တော ဖိုးသား က လေသံကိုသတိထားပြီး ….
“..မ လုပ်ပါ နဲ ့ ဆရာရယ် တစ်ခါလေး ပဲ သောက် မိ တာ ပါ ..
သောက်တယ်ဆိုတာ ကလဲဒီကောင်ကောင်းသန် ့အသဲကွဲ လို ့ ပါ ..
ဒီကောင် ဘာ လို ့ ကွဲ လဲဆို တော ့ သူကောင် မလေး ထားခဲ ့လို ့ ပါ ..
သူကောင် မလေး ဘာ လို ့ ထားခဲ ့လဲဆို တော ့ သူမှာဆိုင်ကယ်မရှိလို ့ ပါ
ဘာ လို ့ သူမှာ ဆိုင်ကယ်မရှိလို ့လဲဆို တော ့ သူအဖေကြောင် ့ ပါ ဆရာ
သူ့အဖေ ဆိုတာ က ကိုသန် ့ဇင် ပါ ကို သန် ့ဇင်ဆို တာ က သူ့အမေ
ယောကျာ်း သူ့အမေ က တော ့ ဒေါ်စိန် မြိုင် ့သမီး ပါ ..ဒေါ်စိန်မြိုင်နဲ ့
ဦးပါကြီး တို ့ ညားပြီးမွေးတော ့ သူ့အမေ က ကလေးပေါ ့ ဘာလို ့ကလေးလဲ
ဆို တော ့ မွေး ကင်းစ ပဲရှိသေးတာ ကိုးဆရာရဲ ့………. “ဆရာ ဦး စိန် မြင် ့လဲ သူပြောသမျှ နားထောင်နေ တယ် ပါးစပ်အဟောင်းသားနဲ ့ အောင်မာ ဆရာ ့ကိုတောင် လှမ်းရိုက်လိုက်သေးတယ် ….
“ ဟုတ် တယ် မဟုတ် လား ဆရာ “
“ ဖောင်း “
“ အေး ဟုတ် သားပဲ ကွ “
“ ဟုတ်ရမှာ ပေါ ့ ဆရာ ရယ် အဲ ဒီ ဦးပါ ကြီး ရဲ ့ အဖိုး ဆို တာ က နယ်နယ်ရရမှ
မဟုတ် ပဲ ဖက်ဆစ်ဂျပန်တွေ ကို ဝက်ခုတ် ဓားနဲ ့ တက် ပိုင်းတဲ ့
မျိုး ချစ်သူရဲ ကောင်း … ဓားပြီးတုတ် ပြီး သေနတ် ပြီး ဆို လား ပဲ …..
နောက်ဆုံး သတ် မရလို ့ တို်င်မှာ ကြိုးနဲ ့ ချည်ထားတုန်းမှာ သူ့လက်ပေါ်
တက်လာ တဲ ့ တီကောင်လေး ကို မြွေ ကိုက် ပါ ပြီ ဆို ပြီးအထင်နဲ ့ နှလုူံးခုန်
ရပ် ပြီး သေ ပါ လေရောလား ………”“ ဟာကွာ တီကောင်လေး ကိုမှ လန် ့ ရ သလား “
“ ဟုတ် ပ ဆရာရယ်ဒါတင် ဘယ် ကမလဲ သူ့ဦးလေး ဂြိုလ်ဖေခင်ဆိုတာလဲ
ရှိသေး ပါ ပ ကောလား ..ဘယ်လို ဂြိုလ် လဲ မမေးနဲ ့ ….အိ်မ် မှာမွေး ထားတဲ ့ကြောင် သူ ့ကို စောင်ကြည် ့ ရကောင်းလားဆို ပြီး
အမြှီး က ဆွဲ ပြီး ပါ းရိုက်တာ ကြောင် ခမျာအသားမစားနိူင်လို ့ ဆန်ပြုတ်
လေး ပဲ သောက် ရတယ်တဲ ့ …. တစ်မြို ့ လုံးမှာ သူ ့ကိုလှန်ရဲ တဲ ့သူမရှိ
ဘူး ဘယ်သူ က လှန် ရဲ မှာလဲ ဆရာရယ် ဟုတ် ဖူးလား ““ အေး ဟုတ် တာ ပေါ ့ “
“ နောက် ဆုံး အိမ်နား မှာ နတ် ပွဲ လာ က တဲ ့ အခြောက် က ဓားနဲ ့
ထိုးလိုက်လို ့
သေ ပါ ရောလား … ထိုးလဲ ထိုးချင်စရာ သူကအခြောက်ကို ဘာသွားပြော
တယ် မှတ် လဲ ….”
“ အေး ဘာ သွားပြောလဲ “
“ နင် ကအပျို လား … တဲ ့ အဲလို ပြောတော ့မှ ဟို က ဓားနဲ ့ကို
လိုက်ထိုးတာ သူ ့ ရွဲ ့ တယ် ဆို ပြီးတော ့ ဟုတ် တယ်လေ
အခြောက် ပါ ဆို နေ အပျို လာ း ဆို တော ့ “
“ ဟေ ““ လာ ပါ ဆရာ ရယ် ကန်တင်း သွားရအောင် ဒီမှာ မတ် တပ် ကြီး
အေး ဆေး ပြော ပြမယ် လာ “ဖိုးသားက စကားရော ဖောရောနဲ ့ ဆရာ ့ကို ပထုတ် သွား လေ ရဲ ့ အမယ် ပုခုံးလေး ဖက်လို ့
သမီးယောက်ဖ တွေ ကျနေ တာ ပဲ …. သူတို ့ ထွက်သွားတော ့ ကျွန်တော် လဲ စိတ်
ညစ်ညစ် နဲ ့ အဆောင် ဘက် ပြန်လှည် ့ခဲ ့တယ် ……… လမ်းကွေ တစ် ခု ရောက်တော့
ဆိုင်ကယ်တစ်စီး က ဟွန်းတီး ပြီး ထွက် လာ ကာ ကျွန်တော် ့ ကို ကျော် တက် သွားသည် ..
သေ ချာ ကြည် ့ လိုက်တော ့ မှ ဆိုင်ကယ် ပေါ်မှာ ဟို သိမ့်သင်ဇာ ဆို တဲ ့ မိန်းမ …
အောင် မာ သူကတောင်မျက်စောင်းထိုးသွားလို်က်သေး ဒေါသ က ငယ်ထိပ်ဆောင် ့ တက် လာတယ် စီးလာ တဲ ့ ခုံဖိ နပ် ကို ချွတ် ပြီး ဆိုင် ကယ် ကိုလှမ်း ပစ်လိုက်တယ် ဒါပေမယ် ့
ဝေးနေ ပြီ ဖြစ်လို ့ ဖိနပ် က မသက်ရောက် ပါ ဘူး အဲ သက်ရောက်တာ က တော့ …….“ ခွပ် “
“ အမလေး တော ့ “
အော် သံ ကြားလို ့ မူးနေ တဲ ့မျက်လုံး ကို ပွတ် ပြီး သေ ချာ လှမ်း ရှိုးလိုက်တော ့ လားလား
အပျို ကြီး မမမိုး ………… ခြေ သလုံး ရိုး ကို ထိ သွားတယ် နဲ ့တူ တယ်ခြေထောက်ကို ပွတ် ပြီး လဲ နေတယ် …… ပြီး တော ့ ကျွန်တော် ့ ကို တွေ ့သွားတယ် ……….
ပြီး တော ့ အသံ ဗြဲ ကြီးနဲ ့ ….“ ဟဲ ့အကောင် နင် ငါ ့ ကို ဘယ် ဘဝ ကအညှိုး နဲ ့ လုပ် တာလဲ ဟေ
အမလေး အမေ ရေ …. “
ကျွန်တော် သူ ့ဆီ ပြေး သွား လိုက်တယ် ……..“ ဟာ အ မ ကျွန်တော် ဟို ဆိုင် ကယ် ကို ပစ် လိုက်တာ ပါ တမင်လုပ်တာ မဟုတ်
ရ ပါ ဘူး အ မ ရယ် တောင်းပန် ပါတယ် ထ လို ့ ရ လားဟင် ““ မရ ဘူး အေး ငါ ့ခြေ ထောက်ကျိုးသွားလို ့ ကတော ့ နင် ခြေ ထောက် ကိုလဲ
ကျန်ကျောင်း ဓား နဲ ့ ခုတ် ဖြတ် ပြစ် မယ် မသာ သေချင်းဆိုး ကာလ နာ မြွေပွေး ကိုက် “ကြံ ရာ မ ရ တဲ ့ကျွန်တော်လဲ ဝတ် လာတဲ ့အကျင်္ီ ကို ချွတ် ပြီး ဒဏ်ရာ ကိုစည်းပေးလိုက်
တယ် ….. ဒါကို အပျို ကြီး က ရှက်နေတဲ ့ပုံစံနဲ ့ ကိုရီးယားမင်းသမီးလို လုပ် ပြနေ တယ်
သူ ့ပုံ က ကို ရီးယားမင်းသမီးနဲ ့တော ့ မတူ နို ့ ဆာနေတဲ ့ ခွေးပေါက်ကလေးတွေ
မျက်လုံးပေကလပ်ပေကလပ် လုပ်တာ နဲ ့ပဲတူ သည် ။“ ကဲ အမ ကျွန်တော် ဒီပုံစံနဲ ့ လိုက်လို ့တော ့ဖြစ်မှာ မဟုတ် ဘူး ဒီတော ့ အမကို
ဆိုက်ကားငှားပေးလိုက်မယ် အနီးဆုံးဆေးခန်း ကို သွား ကျွန်တော်အဝတ်လဲ ပြီးလိုက်
လာခဲ ့ မယ် “
“ ငါ လမ်းလျှောက်လို ့မှ မရတာ နင်ချီ ပြီး တော ့ ဆိုက်ကားပေါ်တင်ပေး “
အရေးထဲ သူ ့ ကို ချီ ဆို ပါ လား မထူးတော ့ ပါ ဘူး ဖြစ်ချင်ရာ ဖြစ် ကိုင်းကွာ …
ကျွန်တော် အပျိုကြီး ကို ပွေ ့ ချီ လိုက်တယ် ..“ ဟဲ ့ ခဏခဏ ငါ ့ ဖိ နပ် ကျွတ်ကျ လိမ် ့မယ် “
ပြော ပြော ဆို ဆို သူ ့ဒေါက်ဖိနပ်ကို ချွတ် ပြီး အနီး က ကြိုး တစ်ချောင်းနဲ ့ကောက်ချည်
လိုက်၏ ။“ ဟာ ဗျာ ကျွန်တော် အမ ကို ချီ ထား ရတာ ဘယ် လက်နဲ ့ ဖိနပ် ကိုင်ရမှာလဲ “
“ မရ ဘူးဟာ ဒါဆို လည်ပင်းမှာချည်ထား “
ပြောရင်းနဲ ့ကျွန်တော် ့လည် ပင်း ကို ကောက်စွပ် ချ လိုက် ပြန် သည် ……..
တောက် ဘယ်တတ် နိုင်မှာလဲ ကိုယ် ့အပစ် နဲ ့ ကိုယ် ခံ ဟ ငကောင်းရေ …….
အမူးတော ့ မပြေ သေး အပျိုကြီး ကို ချီ ရင်း ကျွန်တော်ဆိုက်ကားဂိတ်ကို လျှောက်
လိုက်သည် လမ်းမှာ တွေ ့ တဲ ့သူတွေ က ပြုံးစိစိ နဲ ့ကြည် ့နေကြ ၏ ….
ဒါကို အပျို ကြီး ကတွေ ့တော ့ သူ ့လက်နှစ်ဖက်နဲ ့ ကျွန်တော် ့လည် ပင်း ကို သိုင်းဖက်လိုက်
သေး ….. သူ ့ပုံ စံ က အထင်ခံရ နည်းလားဆိုတဲ ့ပုံ စံ ဆိုက်ကားဂိတ်ရောက်တော ့
ကျွန်တော် ဆိုက်ကားသမားတစ်ယောက် ကို ခေါ် ပြီး
“ အကို ရေ ဒီ အမ ကို အနီးဆုံးဆေးခန်း ကို ပို ့ပေးလိုက်ဗျာ ကျွန်တော်လိုက်လာ
ခဲ ့မယ် “
ကျွန်တော် အပျို ကြီး ကို ဆိုက် ကားပေါ် ပစ်ချ လိုက်၏ .“ အမလေး ဖြည်းဖြည်းလုပ် ပါ ဟဲ ့ မိန်းကလေးတစ်ယောက်ကို
ညာတာစိတ်ကိုမရှိ ဘူး ဟင် ့လူ ယုတ် မာ ကြီး “သူ အဲ ဒီလို ပြောလိုက်တော ့ဆိုက်ကားသမားတွေ ဝိုုုင်းရယ် ကြ ၏ ……. တောက်ငါ ့နော်
ကျွန်တော်လည်းထိုနေ ရာမှ မြန်မြန်လစ်ထွက် လာ ရ သည် …တစ်နေရာအရောက်“ ကိန် “
အသံကြားလို ့အောက်ငုံကြည် ့လိုက်တော ့ ကျွန်တော် လမ်းပေါ်မှာ အိပ်နေ သော ခွေး
တစ်ကောင် ကို တက်နင်း မိခြင်း ……….“ ဂီး “
ခွေး က ဒေါ သထွက် ပြီးလှမ်း ကိုက် သည် ခြေထောက်ကိုမမိ ပုဆိုးကို ကိုက် ရက်သား“ ဟဲ ့ခွေး …. ဟဲ ့ ခွေး “
ခွေးစုတ် က လုံး ဝ မလွတ်တမ်းခဲ ထားသည် ..ကျွန်တော် လဲပုဆိုး ကို အတင်းဆောင် ့ဆွဲ ပြီး
ပြေး တော ့ သည် ……… “ ဗြိ “ သွား ပြီးပုဆိုးပြဲ သွား ပြီ မနေ ့က မှ ဝတ်စရာမရှိလို ့
ခင်သီတာ ဆီ က အကြွေး ဝယ်ထားတာ .. မတတ်နိူင် ခွေး က နောက် မှ ဆက်လိုက်လာ
သည် ……… ခွေး ကို ကြည် ့ရင်းနောက် ပြန် ပြေး ရာမှ“ ဒုန်း “
“ ဗွမ်း ““ အာ .. ဟေ ့ ဟေ ့ လူ “
“ ဘုန်း “ကျွန်တော် ့ကိုယ်ပေါ်သို ့ခပ်ပြစ်ပြစ် အရည်များကျ လာ သည် …. သေ ချာ ကြည် ့လိုက်တော့
လှေခါးထောင် ကာ ဆိုင် ကို ထုံးသုတ် နေ သူ၏လှေကားကိုဝင်တိုက်မိခြင်း ဖြစ်နိူင် သည်..
အပေါ် က လူပြုတ် ကျ လာ ၏ သိပ် မြင့်လို ့ဘာ မှတော ့ မဖြစ်နိူင် … ကျွန်တော်ကိုယ်ပေါ်
မှာလဲ ဖြူုဖြူ တွေ ……… ကျွန်တော်ပြုတ်ကျလာတဲ ့ လူ ကို ထူ ဖို ့ အသွား“ ဝုတ် …ဝုတ် “
ခု န က ခွေး က မှီလာ သည် ခွေး ကိုကြည် ့ လိုက် ထို ့ လူ ့ကိုကြည် ့လိုက်နဲ ့..
ကျွန်တော် ဆက်ပြေးသည် …….“ ဟေ ့ကောင် ဒါမျိုးလုပ်လို ့ မရ ဘူး ကွ … … “
ခု န က ပြုတ် ကျ တဲ ့ လူ က ပါ ပြေး ပြီးထပ်လိုက် လာ သည် …………
ပြသနာ က ပိုကြီးလာ ပြီ ..ရှေ ့ က တွေ ့တဲ လမ်းထဲ ကျွန်တော်ချိုးဝင်လိုက်၏။
ရုတ် တရက် ခေါင်း ကို အိတ် ဖြင် ့ စွပ် လိုက် ခြင်းခံရလိုက်သည် …….
ဘာ မှ မမြင် ရတော ့ ……………“ ချ ဟေ ့ ချ ကွ အရူး အရူး တုတ်နဲ ့ ရိုက် ဒီ အရူး က သန် မာ တယ် “
“ ဝူ း ဖူး ဝူး ဝါး “
ကျွန်တော် စကားပြော ဖို ့ ကြိုးစား သည် အိတ် ဖြင် ့စွတ်ထား သောကြောင် ့အသံက
ဗလုံးပထွေး ဖြစ် နေ သည် ….“ ခွပ် “
ခေါင်း တစ်ခု လုံး ပူထူ သွား ၏ ပြီး တော ့ ဘာ ဆို ဘာ မှ ကျွန်တော် မသိတော ့ ……
မှောင်မည်းကြီး ထဲ တဖြည်းဖြည်း ချင်း ကျလာ နေ ပြီ ……….
ကျွန်တော် စမ်း တဝါးဝါးနဲ ့ ….အလင်းရောင်ကို ရှာ လိုက်တယ် ………
ဟော ဟို မှာ မှိန်မှိန် လေး ………ကျွန်တော် အဲဒီ အလင်းရှိရာ ကို စမ်းသွားလိုက်၏
ခပ်ဖြည်း ဖြည်း နဲ ့တိုး ထွက် လိုက်သည် …..စူး ရှ ရှ အလင်း ကြောင် ့ မျက်စိများ ပင်ကျိန်းစပ်သွား သည် ……..
“ ကောင်းသန် ့ဇင် သူငယ်ချင်း …. ဟေ ့ ကောင် မင်းသတိရ ပြီ လား
ဖြစ်မှ ဖြစ်ရလေ ကွာ “သတိ ရရ ခြင်း ကြားရတာ က တော ့ ဖိုးသားရဲ ့ ငှက်ဆိုးထိုး သံ ……ကျွန်တော် ကုတင်ပေါ်မှ
ထ လိုက်သည် ……….. ဘေးမှာလဲခုတင်တွေနဲ ့ လူနာ တွေနဲ ့အဝတ်ဖြူဖြူ တွေ သေချာ
တာ တစ်ခု က တော ့ကျွန်တော်ဆေးရုံ ရောက်သွားတာ ပဲ ဖြစ် မည် ……“ မင်း ကွာ အသဲ ကွဲ တာ နဲ ့ ရူးသွားလိမ် ့မယ်လို ့ ငါ ထင်ကို မထင်တာ ပါ
ဟင် ့ ……. ယောက်ဖ ရေ … ငါ ့ ကို မှတ်မိသေးရဲ ့ လား အမလေး ……
လည်ပင်းမှာလဲ ဖိနပ်ကိုဆွဲ လို ့ တစ်ကိုယ်လုံးလဲထုံးတွေနဲ ့ ပါ လား ..
အဖြစ်ဆိုးလှချေ လား သူငယ်ချင်း ..ဟင်းဟင်း… “ရွှေမန်းတင်မောင်အသံနဲ ့ ဖိုး သား က ထ အော်တော ့ ကျန်တဲ ့လူ တွေ လှမ်းကြည် ့သည်..
“ ဟေ ့ကောင် တိုုး တိုး ပြော ငါမရူး ဘူးကွ ……. “
“ အမယ်မင်း အရူး ကရူးတယ်ပြောမ လားသူငယ်ချင်း ရယ် ….အစကငါမယုံခဲ ့ဘူး
မင်းတယ်ရူးသွား ပါ ပ ကော လား အဟီး ….. “ပြောရင်းနဲ ့ငိုနေတယ် ဒီကောင် အော်စကာဆုရလောက်တယ် အမူအရာ က တကယ် တော်
လွန်း နေတယ် ……… သူ ့အသံကြားလို ့ ထင် ပါ ရဲ ့ နာစ် ့ မ တစ်ယောက်ရောက် လာ တယ်“ ကဲ ရှင် ဘယ် လို ဖြစ်နေ တာ လဲ ဆူညံ နေ တာ ပဲ ဧည် ့သည်တွေ ့ချိန် ကုန် ပြီ
ပြန်တော ့ ““ ဟုတ်ကဲ ့ ပြန် မှာ ပါ ဒါပေမယ် ့ဆရာမ ရယ် ရန်ကုန်မှာ ဆွေမျိုး လဲ မရှိ နေစရာ
လဲ မရှိ .. ဆရာမရယ် နှစ်ယောက်တူ တူ နေ တဲ ့သူငယ်ချင်း ကပါ ရူးသွားတော ့
ကျွန်တော် ့မှာ အားကိုးစရာဆို လို ့ဆရာမ ပဲရှိ ပါတော ့တယ် .. ခုသူ့ကြောင် ့
ရန်ကုန် လိုက်လာ ရတာ ပါ ….. ဆရာမ က ချော လိုက်တာ .. အပျို လားဟင် “ဟင်ဒီ ကောင်ပြောသလို ဆို ကျွန်တော် ရန်ကုန် ရောက် နေ ပြီ ပေါ ့ …. ဒါ ..ဒါဆို
ဒီနေ ရာ က …… အရူးထောင် ………“ အပိုတွေပြောမနေနဲ ့ ပြန် စရာရှိတာ ပြန် တော ့ “
“ မဟုတ် ဘူးဆရာမ ကျွန်တော် မရူး ဘူး အဲဒီ … နေ ့ .. အု ..”ကျွန်တော် ့စကားမဆုံးသေး ဆရာမ က ပါ လာ တဲ ့ဆေး ……တွေကိုကျွန်တော် ့ပါးစပ်
ထဲပစ်ထည် ့လိုက်တယ် …“ အု “
ဆေးတိုက်ပြီး ပြန်ထွက်သွား၏။ ဖိုးသားကဆရာမ နောက်ပြေးလိုက်သွားသည် …ပါးစပ်ကလဲ
တစ်တွတ်တွတ်နဲ ့ ဒီကောင်ဘာတွေ ကပ်ချုပ်နေလဲမသိဘူးဒီမှာကိုယ် ့သူငယ်ချင်း
တစ်ယောက်လုံးစိတ္တဇဆေးရုံ ရောက် အောင်ဘယ်လို အကြောင်းလဲမမေးပဲနှာဘူးကထ
နေသေးတယ် ……. နာရီ …6း13 PM
ဒါဆိုမိုးချုပ်ပြီ ပေါ ့ .. ဘေးခုတင်တွေ ကိုကျွန်တော်လှမ်းကြည် ့လိုက်သည် .. ဆေးရုံကြီး
ကလဲ တိတ်ဆိတ်လို ့ …. စိတ်ရောဂါဝေဒနာသည်တွေနဲ ့ ကျွန်တော်နဲ ့ .. ကျွန်တော့်အတွေး
မဆုံးလိုက် .“ ကဲ ဟေ ့အလုပ်ချိန်ရောက်ပြီ ကို်ယ် ့အလုပ်ကိုယ်လုပ်ကြဟေ ့ “
အဖိုးကြီးတစ်ယောက်က ထ အော်သည် အကုန်လှုပ်လှုပ်ရှားရှား ဖြစ်ကုန်၏ …ကျွန်တော် ့
ဘေးခုတင် ကလူနာ ………….. သူထလိုက်၏ ပတ်ဝန်းကျင်ကိုကြည့်လိုက်၏ ..
ပြီးခေါင်းညိတ်လိုက်၍ ခုတင်အောက်နားကဖွက်ထားဟန်ရှိသော ဝါးလုံးလေးကိုထုတ်ခါ
စောင်မှထွက်နေသောချည်ကြိုး အစ ကို ဆွဲထုတ် လိုက်ပြန်သည် …လိုအပ်တဲ့အရှည်ရတော့
ကိုက်ဖြတ်လိုက်၏ ပြီးတော ့ထိုချည်ကြိုး ကို ဝါးလုံးလေးအဖျားတွင်ချည်လိုက်ပြန်သည်…
နို ့ဆီခွက် အလွတ်တစ်ခု ကို ထပ်ထုတ်လိုက် ပြီး ဟိုဖက်ဒီဖက်ကြည် ့လိုက်၏ ….
ပြီးကျွန်တော် ့ကို လှည် ့ကြည် ့လိုက်သည် … ဘုကြည် ့ ကြည် ့နေတော ့ ကျွန်တော်လဲ
ကြောက်ကြောက်နဲ ့ သူ ့ကို ဆက် မကြည် ့ပဲ မျက်နှာလွဲနေ လိုက် သည်။
ထိုလူဘာလုပ်နေတာလဲကျွန်တော်သိချင်လာ၏ မသိမသာခိုးကြည် ့လိုက်တော့ လားလား
နို ့ဆီခွက်ထဲအပေါ ့စွန် ့နေ ပါ လား ………… အမယ်ပုဆိုးလေးမလို ့ …သူ့ကိစ္စ ပြီးသွားတော့
နို ့ဆီ ခွက်ကိုကိုင် ပြီးနမ်းကြည် ့၏ ပြီးတော ့တစ်ချက်ပြုံးလိုက်ကာ နို ့ဆီခွက်ကိုထောင်ထား
ပြီးခု န က ကြိုးချည်ထားတဲ ့ဝါးလုံးလေး မှကြိုးစကိုနို ့ဆီခွက်ထဲထည် ့ကာငါး မြှားတဲ့ပုံစံလုပ်
ပြီးထိုင်နေ သည် ….. ကျွန်တော်ထိုလူ ့ကိုငေးနေမိသည်….ကန်သုံးဆင့်က ကိုှဝတုတ်ကို
သွားသတိရသည် ဒီလူလည်းဒီလို ပဲ မနက်မိုးလင်းတာနဲ ့ငါးမြှားတန်တစ်ချောင်းနဲ ့ ကန်ထဲ
ကငါးတွေခိုးခိုးမြှားတာမှတ်မိ သေး၏။“ မြန်မာစံတော်ချိန်ညနေ 6း30 ရှိ ပါပြီ ရှင် City FM radio ..ရို ့ ရို ့
မနက်မိုးလင်းရင်တေးသံလေးကိုကြားချင် … “ရုတ်တရက် ….. အနောက်ကနေကပ်ပြီးအော်လိုက်တဲ ့အသံကြောင် ့ကျွန်တော်လန် ့သွား၏။
လှည် ့ကြည် ့လိုက်တော ့ လူတစ်ယောက် ခုန်ဆွခုန်ဆွ လုပ်ပြီး ကနေ သည်ပါးစပ်ကလဲ
သီချင်းတွေဆို ပြီးတော ့သူကတဲ ့ပုံ စံက ပင်ကွင်းငှက်တွေလမ်းလျှောက်သလိုမျိူး ဟိုဖက်လှုပ်
လိုက်ဒီဖက်လှုပ်လိုက်နဲ ့….. ပြီးတော ့ကျွန်တော့်နားကထွက်သွားသည်။
ဟိုဖက်ခုတင်ကလူကိုကျွန်တော်စကားလှမ်းပြော လိုက်သည် …..“ ဟေ ့အကိုကြီး ဘာလုပ်နေတာလဲဗျ “
ထိုလူက ငါးမြှားနေရင်းမှ နှုတ်ခမ်းကိုလက်ညှိုးဖြင့် ဖိကပ် ပြီး ရှုးတိုးတိုးဟူသောပုံစံလုပ်ပြ၏။
ပြီးမှ“ မနေ ့ က ဒီ သောင်ပြင်မှာ ငါးမန်းကြီးတစ်ကောင်တွေ ့တယ်
လူတွေကိုဒုက္ခ ပေးမှာစိုးလို ့ ငါဖမ်းနေတာ ငြိမ်ငြိမ်နေစမ်းကွာ
ဒီအရူး က တစ်မှောင် ့ “အောင်မာ သူက ပဲပြောရတယ်ရှိသေး ငါထလုပ်လိုက်ရ ….. ကျွန်တော်ထိုလူ ့ကို ထပ်မပြော
တော ့ …. တစ်ခြားသူတွေ ကိုငေးကြည် ့နေလိုက်တယ် …..
လူတစ်ယောက်ကျွန်တော် ့ခုတင်ပေါ်သို ့လာထိုင်၏ ….“ ညီလေး ကြည် ့ရတာ တောသားထင်တယ် ဒါဆိုအင်တာနက်ဘယ်တတ်ဦး
မှာလဲ … ဒီမှာကြည် ့… “ထိုလူကပြောရင်း သူ ့မှာပါလာသော ( သူကိုယ်တိုင်လုပ်ထားဟန်ရှိသည် ့ ) သစ်သားပြား
လေးပေါ်တွင်လေးထောင် ့ ပုံစံမှန်လေးစိုက်ထားသော အရာလေးကို လက်တောပ် ့ဖွင့်သလို
လှန်ဖွင် ့လိုက်၏ …“ သေချာကြည့်နော်ငါ့ညီ …. ဒါက တော့ Google Search လို ့ခေါ်တယ် “
သူ ့ဟာသူပြောရင်းရိုက်နေတယ်သစ်သားပြားလေးကို …. မသိရင်တကယ် ့ဟက်ကာ
ကြီးပုံစံ နဲ ့…“ ကဲဒီမှာတွေ ့လား မိုးဟေကို ဟဲဟဲ “
“ အကို … ကျွန်တော်တွေ ့တာတော ့အကိုနဲ့ကျွန်တော့် ပုံ ပဲမြင်နေရတယ် “
ကျွန်တော် ကအဲဒီလိုလဲပြောလိုက်ရော ….. ထိုလူကမကျေနပ်ဟန်ဖြင် ့…
“ တောက် …. မင်းကိုမသင်ပေးတော့ဘူးကွာ အလကားတောသား ..
အင်တာနက်ဆိုတာကြီး ကိုမသိရင်တကယ့်အရူးပဲ ကွ မှတ်ထား
ငါက ငါ ့ရဲ ့လျှို ့ဝှက်ပညာတွေသင်ပေးမလို ့ အလကားကောင် “ထိုသို ့ပြော ပြီး စိတ်ဆိုးတဲ့ အမူအယာဖြင် ့ဘောက်ဆတ်ဘောက်ဆတ်လျှောက်ကာ
ထသွားလေ သည် …. ထိုလူလဲထွက်သွားရောခုန ကအားလုံးကိုအမိန် ့ပေးတဲ့ အဖိုကြီး
ကျွန်တော် ့ဆီရောက်လာ ပြန်သည် ။“ ကဲ ငါတူကဒီနေ ့မှရောက်လာတဲ့ လူသစ် မင်းမှာတာဝန်မရှိသေးဘူး ဒီတော ့
ဦးလေးမေးတာအရင်ဖြေ ဦးလေးကဒီကရပ်ကွက်က လူကြီး ပဲ ဦးလေး
ငါတူရဲ ့သန်းခေါင်စားရင်းလိုချင်တယ် …. ပြီးတော ့ငါ ့တူဒီရပ်ကွက်ကိုဘာလို့
ပြောင်းလာတာလဲဆို တာ… ငါ့တူ က လူဆိုးလား …”အဖိုးကြီးကကျွန်တော် ့ကိုကြည် ့ရင်းသေသေချာချာမေးနေတာ …အား ….အမေရေ
ခေါင်းထဲမူးနောက်နောက်ဖြစ်လာပြီ …“ ဟေ ့ကောင်ဖြေလေ ကွာ … မင်းကို ငါရဲလက်အပ်လိုက်ရမလား “
“ ဟုတ် ကဲ ့ဖြေ ပါမယ် ..ဗျာ ကျွန်တော့်နာမည်ကောင်းသန် ့ဇင် ပါ
ကျွန်တော် ့အဖေဦးသန် ့ဇင် ပါ အမေ ကတော ့ဆရာမ ပေါ့ …
တစ်ခါတစ်လေ စာသင်တယ် …ရို ့ရို ့ ““ အေး ဒီလိုမှပေါ ့ကွ ဒါနဲ ့မင်းအဖေ ကဘယ်သူ “
“ ဦးသန် ့ဇင် ပါ “
“ မင်းအမေ ….”
“ ဒေါ်စန်းစန်းသင်း ပါ “
“ အေးဒီလိုမှပေါ ့ကွ ..ဒါနဲ ့မင်းအဖေ နာမည်က ဘာ “
“ ဦးသန် ့ဇင် ပါ “
“ မင်းအမေ ကရော “
” ဒါနဲ ့မင်းအဖေ နာမည် က ဘာ ..အော် အေ… ဟကောင်မင်းအမေ ကဘယ် သူ ”
“ xxxxxx “
“ xxxxxxxxxxxxxxxxxxxxxxxxxxx “နောက်နာရီ ၂၆ နာရီကြာပြီးနောက် …. ရန်ကုန်စိတ္တဇဆေးရုံကြီးသို ့ လူတစ်အုပ်ပြေးဝင်သွား
ကြ သည် ….. ဖိုးသားနှင့်ကောင်းသန် ့ဇင်၏မိဘများ ပင်ဖြစ်တော ့သည် ….“ ကျမသားလေးမရူးပါဘူးဆရာကယ်ပါဦးလူမှားပြီးအရိုက်ခံရတာပါကျမတို ့ခုမှ
သိလို ့ချက်ချင်းလိုက်လာတာပါဆရာရယ်ကယ်ပါဦး ““ ဟုတ်ကဲ ့အမ ကြီးလူနာနာမည်လေးတစ်ချက်ပြော ပါ ဦး “
“ ကောင် းသန် ့ဇင်ပါဆရာ ..”
“ ဒါဆိုကျွန်တော်နဲ့လိုက်ခဲ ့ ပါ ခင်ဗျာ “
သိပ်မကြာခင်လူနာခုတင်တစ်ခုပေါ်တွင် ငုတ်တုတ်ထိုင်နေသောလူတစ်ယောက်ကိုတွေ ့
ရလေသည် …. သူ ့ပါးစပ်ကတစ်ခုခုကိုရေရွတ်နေသည် … ခပ်တိုးတိုးလေးပဲ ..“ ကျွန်တော် ့နာမည်ကောင်းသန် ့ဇင် ကျွန်တော် ့အဖေဦးသန် ့ဇင်အမေ
ဒေါ်စန်းစန်းသင်း “အားလုံးမျက်လုံးပြူးသွားကြသည် ….. ခုတင်ပေါ်မှာ ကြောင်စီစီနှင့်ငုတ်တုတ်ထိုင်နေသူ ကတစ်ခြားသူမဟုတ် ….
ကောင်းသန့်ဇင်
4 comments
etone
August 9, 2010 at 7:16 am
ဖတ်လို့ကောင်းတယ် ။
footer
August 9, 2010 at 8:25 am
တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး
လူက အားနည်းနေချိန်မှာ ဒီလိုအလုပ်ခံရရင်
ဘယ်သူမဆိုရူးသွားနိုင်ပါတယ်
orlando
August 22, 2010 at 7:33 am
မိုက်တယ်ဗျာ
ကြိုက်တယ် ဒီလို ဝတ္ထုတိုလေးတွေကို
တင်ပေးလို့ကျေးဇူးလဲတင်ပါတယ်
နောက်လဲတင်ပေးပါဦးနော်
intro
August 22, 2010 at 12:05 pm
ရေလည် မိုက်တယ်…. ဟားဟား