ခင်ကြီးပေါက်
မန္တလေး ကျနော်တို့ ရွှေမန္တလေး ချမ်းအေးပူအိုက် က
ကျမတို့ရဲ့ ချစ်လှစွာသော နောင်တော်ကြီး
မြန်းဂဇက်ရဲ့ သက်တော်ရှည် လောက်လောက်ပေး
အမြဲတမ်း လမ်းသလားတတ် လက်ဆော့တတ်တဲ့
မြန်မာပြည်က အလှတရားလေးတွေ လက်ဆောင်ပေးတတ်တဲ့ ကိုကြီးပေါက် တယောက်
ရန်ကုန်မှာ သာသနာ့ဘောင်ဝင် ရှင်ရဟန်းပြု တယ်လို့ သတင်းကြားလိုက်ရပါတယ်။
ရှေးရှေးကတော့ ဘုန်းကြီး ရဟန်းကို `ခင်ကြီး´ လို့ ခေါ်တတ်ကြပါတယ်။
ဘယ်အရာကိုမှ မသိတာမရှိလို့ မတလုံးကျေတဲ့ ခင်ကြီးဖျော်ဆိုတာလည်း လူကြီးတွေတော့ ကြားဖူးကြမှာပါ။
ကကြီးမိုက်က ဘုန်းကြီးလုပ်ရင် ခင်ကြီးမိုက်
ကဆာမိက ဘုန်းကြီးလုပ်ရင် ခင်ကြီးဆာ
ဦးပါလေရာက ဘုန်းကြီးလုပ်ရင် ခင်ကြီးပါ ပေါ့။
ကိုကြီးပေါက်က ဘုန်းကြီးလုပ်တော့ ခင်ကြီးပေါက် နာမည်တွင်ပေရော့။
လူ့ဘောင်ငြီးလို့ သာသနာ့ဘောင်များ အပြီးဝင်လေရော့မလား။
ဘုန်းကြီးဘဝနဲ့ ဘာဆုတွေများတောင်းခဲ့လေမလဲ။
ဘုရားဆုများ ပန်လေမလား။
သို့လောသို့လော တွေးရင်း
မြန်မာ့ရိုးရာ ပုံပြင်များထဲက ခင်ကြီးပေါက် ပုံပြင်လေး သတိရလို့ လူငယ်တွေတွက် ပုံပြောပြချင်ပါတယ်။
သိပြီးသားလူကြီးတွေ တေတေနိတ် နော်။
ချိတ်လည်းမချိုးကြနဲ့။ချစ်လို့စတာ။
မောင်ညီမလေးတို့ရေ၊
ဟို ရှေးရှေးတုံးက
ရွာတရွာရဲ့ ရွာဦးကျောင်းမှာ ခင်ကြီးပေါက်ဆိုတဲ့ ကိုယ်တော်ကြီးတပါးရှိသတဲ့၊
ခင်ကြီးပေါက်က ညည ဘုရားရှိခိုး အကျယ်ကြီး ရှိခိုးပြီးရင် `ဤကုသိုလ်ကြောင့် သဗ္ဗညုတဘုရားအဖြစ်သို့ အမြန်ဆုံးရောက်ရပါလို၏ ´လို့ အမြဲဆုတောင်းသတဲ့။
အဲဒါကို သူနဲ့ မျက်နှာကြောမတဲ့တဲ့ ရွာထဲက အမူးသမား ၂ယောက်က ပညာပေးဖို့ကြံပါသတဲ့။
တည ခင်ကြီးပေါက် ဘုရားရှိခိုးအမျှဝေအပြီး ထုံးစံအတိုင်း ဘုရားဆုပန်လည်းပြီးရော
ကျောင်းအောက်က အမူးသမားတွေက ဒီလို တဘောင်သံချပ်လေး ဆိုပါသတဲ့။
အမူးသမား(၁)-ရင့်မှာငါးရာ၊နုမှာ တကျိပ်
အမူးသမား(၂)-နောင်လာရှစ်သောင်း၊ဘုရားပေါင်းဟေ့၊
အမူးသမား(၁)-ဘုရားလောင်းနောက်၊ဒို့နှစ်ယောက်ဟေ့၊အမူးသမား(၂)-ဒို့နှစ်ယောက်နောက်၊ခင်ကြီးပေါက်ဟေ့။
အဲတော့မှ ခင်ကြီးပေါက်လည်း တွေသွားပါတော့တယ်။
`အင်း ဘုရားလောင်းပေါင်းကလည်း ရှစ်သောင်းတောင်၊တပါးတပါးကို အနည်းဆုံး လေးအသချေင်္နဲ့ ကမာ္ဘတသိန်းတောင်၊
အဲဒီနောက်ကမှ အမူးသမား ၂ယောက်၊
သူတို့နောက်ကမှ ငါဆိုတော့ မဟန်သေးပါဘူး။´
အဲသလိုတွေးပြီး နောင် ဘုရားရှိခိုးရင် ဘုရားဆု အကျယ်ကြီး မပန်တော့ပါဘူးတဲ့။
ကျမတို့ရဲ့ ခင်ကြီးပေါက်ရော ဘာဆုတွေများ ပန်ခဲ့ပါသလဲ။(လူထွက်ပြီလို့တော့ ကြားမိသလိုပဲ)
ခင်ကြီးပေါက်ရှေ့က အမူးသမား၂ယောက်ဟာ ဘယ်သူတွေများဖြစ်မလဲလို့……..
20 comments
ခရီးသည်ကြီး
February 18, 2014 at 11:07 pm
ဦးလေးပေါက်ပျောက်နေတယ်မှတ်တာ
ဘုန်းကြီးလုပ်နေတာပဲ
ကျုပ်ဘုန်းကြီးဝတ်ရင်တော့ ခေါ်လို့မကောင်းဘူးဗျ ဒေါ်လေးရဲ့
ခင်ကြီး ကြီး ဖြစ်နေမှာဗျ 🙂
alinsett ( Gazette )
February 19, 2014 at 6:48 am
ဘုန်းကြီး လုပ် ရတာ လွယ်ဘူး
🙂
Mr. MarGa
February 19, 2014 at 10:42 am
ဒေါ်လေးရေ
အဲ့ ရှေ့က နှစ်ယောက်တော့ သိဘူး
ဒါဆို ကျနော်ဝတ်ရင် ခင်ကြီးမာ ဖြစ်မလား ခင်ကြီးဃ ဖြစ်မလား ဟင် :mrgreenn:
မဟာရာဇာ အံစာတုံး
February 19, 2014 at 11:04 am
ပုံပြင်ထဲက ခင်ကြီးပေါက်ကတော့
ဘုရား မဖြစ်နိုင်ဘူးဆိုပြီး လူထွက်တယ် …
ဒို့ ခင်ကြီးပေါက် ကတော့
မဒမ်ပေါက် နဲ့ မခွဲနိုင်လို့ လူထွက်တယ် ထင် … တယ် …
ဦးဦးပါလေရာ
February 19, 2014 at 11:43 am
အဲ………….
ကျုပ်လဲ ဘုရားတော့ အဖြစ်ချင်သား…
ဒါပေသိ
ကျုပ်တပြည့်ဘုန်းကြီးတွေ သူများစာပေဟောပြောပွဲလိုက်ပိတ် ၊ မိုက်ကြေးလိုက်ခွဲ ရင်
အလကားနေရင်း ကျုပ်နာမည်ပျက်နေပါ့မယ်…
ဘွာတေး… ဘွာတေး….
နိဗ္ဗာန်မဂ်ဖိုလ် ကိုပဲ ရက်တိုတိုနဲ့ အမြန်ဆုံးရောက်ရပါလို၏…။
:kwi:
မမချွိ
February 19, 2014 at 11:51 am
နောင်ဆို
ဖေဖေတို့ ဦးလေးတို့ ကို
တရားအားထုတ်ချင်ရင်တောင် သင်္ကန်းဝတ်နဲ့ မဟုတ်ပဲ လူဝတ်နဲ့ အားထုတ်ခိုင်းရမလိုဖြစ်။
:kwi:
ခေတ်ကြီး က………. :mrgreenn:
ခင်ကြီးပေါက် အတွက် သာဓု ခေါ်သွားပါသည်၊။
လုံမလေးမွန်မွန်
February 19, 2014 at 1:39 pm
ခင်ကြီးပေါက်က လူထွက်တော့ ကတုံးနဲ့ ပိုချောလာသလိုလို.. ဟိ..
kai
February 19, 2014 at 2:00 pm
ဘုရားကတော့.. ရဟန်းအဖြစ်ကရခဲတယ်(ပဗ္ဗဇိတဘာဝေါဒုလ္လဘော)ဆိုတာပဲ..
ခုခေတ်များလွယ်လိုက်သမှ.. ညသောက်…နေ့ဖြစ်..။
သင်္ကန်းကလည်း.. သချင်္ ိုင်းသွား..ပံ့သက္ကူအဝတ်စတွေရှာစုချုပ်စရာမလို..
ဟေ့..ဆိုတာနဲ့လှူမဲ့သူအစီအရီ..
ညစာစားလည်း ရတာပဲ..။ မိန်မနဲ့ထိတွေညအိပ်လည်းအိုကေပဲ..
ယူအက်စ်မှာဆို.. လပ်စ်ဗေးဂတ်တောင်..ဂျင်းဘောင်းဘောင်းဝတ်လို့..ကစားလို့ရသေး..
ဟေး..ဟေး..
ဘယ်သူမဆိုကိုယ်တန်ရာပဲရမယ်.. တဲ့..။
မြန်မာတွေက.. လူကန်တော့တာမဟုတ်.. အဝတ်စကြီး..အဲ..အဲ.. သင်္ကန်းကန်တော့တာဆိုတာပဲ..။
ဆိုတော့…
ကျုပ်ဘုန်းကြီးဝတ်ရင်တော့ ကိုရင်စံလှကြီးကတော့.. မကန်တော့ဘူးဆိုတာပဲ..။
ခင်ကြီးပေါက်ကိုတော့..ကန်တော့တန်ကောင်းပါရဲ့..။
ဒါမျိုးလည်းရှိ…။
Ma Ma
February 19, 2014 at 6:33 pm
ခင်ကြီးခိုင်ရေ-
ရဟန်းဝတ်ဖြစ်အောင်သာ ဝတ်ပါ။
အနည်းဆုံး ကျမတစ်ယောက်တော့ ကန်တော့မှာပါ။
မတော်………
ကန်တော့မယ့်သူ မရှိ မစိုးလို့ ပြုမယ့်ကုသိုလ်လေး တွန့်ဆုတ်သွားမစိုးလို့။
Paing Lay
February 19, 2014 at 4:09 pm
Buddha ၏သားတော်များဟုဆိုသော်ငြားလည်း Buddha အဆုံးအမများကို 100% မလိုက်နာသူများအား Buddha ၏သားတော်ဟု မခေါ်ထိုက်ဟု အနော်ထင်ပါကြောင်း
koyinmaung
February 19, 2014 at 10:27 pm
ဆရာပေါက် ဘုန်းကြီးဖြစ်သွားတော့ခန့်ခန့်ကြီးနော်
ကျောင်းထိုင်ဆရာတော်လားမှတ်ရတယ်………
kyeemite
February 20, 2014 at 8:32 am
အာတီဒုံက ဒါမျိုးလည်းရသကိုးဗျ..ခိခိ 😛
အမူးသမား(၁)-ရင့်မှာငါးရာ၊နုမှာ တကျိပ်
အမူးသမား(၂)-နောင်လာရှစ်သောင်း၊ဘုရားပေါင်းဟေ့၊
အမူးသမား(၁)-ဘုရားလောင်းနောက်၊ဒို့နှစ်ယောက်ဟေ့၊
အမူးသမား(၂)-ဒို့နှစ်ယောက်နောက်၊ခင်ကြီးပေါက်ဟေ့။…ဆိုတော့
ကိုယ်ရှေ့ကဖြစ်မယ့်နောင်တော်ကြီးတွေတောင် သောက်ကောင်းတုန်းရှိသေးတယ်
ဒါ ငါ့ကို သကြားမင်း(ဦးမာဃ မဟုတ်) ဆင်းသတိပေးတာဖြစ်မယ်…ဆိုပြီး လူထွက်လေသတဲ့…
(၁) နဲ့ (၂) ကတော့ ကျုပ်နဲ့ ကိုဘလက်ပေါ့….
ခင်ကြီးပေါက် ဘုန်းကြီးဝတ်နေတဲ့ တောရကျောင်းရှေ့ သွားအော်လို့ ကိုပေါက်လူထွက်ဖြစ်တာလေ… 😀
ကိုပေါက်(မန္တလေး)
February 20, 2014 at 1:38 pm
ဘုန်း ကြီး က တော့ တစ် ပါ တ် ဝတ် ဖြစ် တယ်
ဆု ကြီး လဲ မ ပန် ဖြစ် ပါ ဘူး
ဒါ ပေ မယ့် ေ လာ က မှာ ကောင်း မွန် စွာ နေ ထိုင် နည်း လေး နဲ့ တော့ နည်း နည်း လေး ယဉ် ပါး သွား တယ် လို့ ဆို ချင် ပါ တယ်
နောက် ရက် ဘုန်း ကြိး ဝတ် ရ တဲ့ အ တွေ့ အ ကြုံ လေး ရေ း ပါ ဦး မယ်
ကို ခိုင် ရေ စောင့် ဖတ် နော်
ခင် ခ
February 20, 2014 at 2:17 pm
ကို ပေါက် ကို ဘုန်း တော် ကြီး အ ဖြစ် နဲ့ ဖူး မျှော် ကြည် ညို ခွင့် မ ရ တာ တော့ စိတ် မ ကောင်း သ လို လို တော့ ဖြစ် မိ တယ် လေ။
ကိုပေါက်(မန္တလေး)
February 20, 2014 at 3:40 pm
နောက် တစ် ခါ ဝတ် ရင် မန်း လေး မှာ ဝတ် မယ် ကို ခ ရေ
TNA
February 20, 2014 at 8:18 pm
ရေးတတ်ချက်အန်တီဒုံရေ
Novy
February 21, 2014 at 4:47 pm
ခင်ကြီးပေါက်က ရန်ကုန်မှာဝတ်တယ်ဆိုတာမသိလိုက်ဘူး
ပေးတက်ပါပေ့ မမမာရယ် ခင်ကြီးပေါက်လို့
ကိုပေါက်(မန္တလေး)
February 21, 2014 at 6:20 pm
ရန် ကုန် မှာ ဝတ် တော့ မိတ် ဆွေ များ ကို သ တိ ရ ပါ သည်
အင်း စိန် ေ အာင် ဆန်း တပ် ဦး ကျောင်း နား က ထန်း တစ် ပင် ကျောင်း မှာ ဆို တော့ ဝေး လွန်း လို့
မ ဖိတ် တော့ တာ ပါ
ဦးကြောင်ကြီး
February 24, 2014 at 7:04 am
ခင်ဂျီ းပေါက်
ဆင်ကြီးကြောက်
မြင်နီးရောက်
ရှင်ထီးသောက်..
•*¨နန်းတော်ရာသူ •*¨
February 25, 2014 at 7:40 pm
ခင်ကြီးပေါက်ကို ကာတွန်းလေးကော၊ပုံတိုပတ်စလေးအဖြစ်ပါဖတ်ဖူးတယ်တီဒုံရေ…
ကဗျာလေးကိုတောင်အလွတ်ရနေသေးတယ်။