နှလုံးသားထဲက အိမ်
ကျွန်မ တို့ အိမ် က ခြံ ဝကား လမ်း မှ အိမ် ရောက် သည် အ ထိ ပေ ၃၀ဝ လောက် ကား မောင်း ဝင် ရ သည်။
ထို လမ်း လေး က သဲ လမ်း က လေး။
မိုး ရွာ ရင် ရေ တွေ ဒ လ ဟော စီး လာ တာ က စမ်း ချောင်း လေး တ ခုသ ဖွယ်။
မိုး ရွာ ပြီ ဆို တာ နဲ့ ကျွန် မ က ထို စမ်း ချောင်း လေး.မှာ ဆော့ ရင် ဆော့ မ ဆော့ ရင် အိမ် အ ပေါ် ထပ် က နေ ကြည့် နေ မိ တာ ဘဲ။
နွေ ရာ သီ ဆို ရင် တော့ ထို သဲ လမ်း.လေး က ကျွန် မ တို့ ကို ဒု က္ခ ကောင်း ကောင်း ပေး တော့ သည်။
စက် ဘီး ကောင်း ကောင်း စီး မ ရ ခြင်း နဲ့ ခြံ ထဲ ကို ကား ဝင် လာ တိုင်းခြင် ဇ ကာ မှ ဖြတ် ကာ ဖုန် တွေ အ လုံး အ ရင်း နဲ့ အိမ် ထဲ သို့ ဝင် လာ ခြင်း ပင်။
နောက် ခြံ အ နောက် ဘက် မှာ ကျွန် မ တ ခါ မှ ဆင်း မ ကူး ဘူး တဲ့ ပေ ၁၀ဝ ပတ် လည် လောက် ရှိ တဲ့ ရေ ကန် တ ကန်။
ရေ သာ မ ကူး တာ ကန် ဘောင် က သစ် ပင် အောက် ဒါ မှ မ ဟုတ်
ကန် ထဲ သို့ ဆင်း တဲ့ လှေ ကား ထစ် တွေ မှာ ကျွန် မ အ မြဲ ထိုင် ဘူး သည်။
နောက် သက် တမ်း ရင့် သစ် ပင် ကြီး တွေ။
သရက် မ ရမ်း ချို မ ရမ်း ချဉ်မာ လ ကာ ငှက် ပျော ထန်းပင် မာ လ ကာ.ချဉ် သီး ပင် တွေ
ဇီး ပင် ရင် ခတ် ပန်း ပိ တောက် ကံ့ ကော် ပင် ကြီး များ က တက် ပင် ကင် ပွန်း ချဉ် စ ပယ် ဇွန် ပန်း ဇီ ဇ ဝါ နောက် ထပ် ဘာ ပင် တွေ လဲ ကျွန်မ မ မှတ် မိ တော့။
ကျွန်မ အ မှတ် မိ ဆုံး နဲ့ သ တိ ရ ဆုံး က တော့ ကံ့ ကော် ပင် ကြီး တွေ။
ဇန် န ဝါ ရီ လ လောက် က နေ ခု လို ချိန် ထိ ပွင့် တုန်း။
အပွင့် တွေ က လဲ ကြီး တဲ့ အ ပြင်
၆ ပွင့် ရ ပွင့် အ ခိုင် လိုက် ကြီး တွေ။
နှင်း တွေ ကျ လေ ပွင့် လေ။
ကျွန်မ အ ခန်း ထဲ ထိ မွှေး နေ သည် မှာ စိတ် ချမ်း မြေ့ စရာ။
ကံ့ ကော် ပြီး တော့ ပိ တောက်။
ပွင့် ပြီ ဆို ရင် ကျွန်မ အိပ် ယာ ထဲ က နေ သိ သည်။
နိုး လာ လာ ခြင်း ပိ တောက် အ နံ့
တန်း ရ သည်။
ကျွန်မ ပိ တောက် ပင် ပေါ် ပြေး တက် တော့ တာပါ ဘဲ။
ခြံ ထဲ တွင် ကျွန်မ မ တက် ဘူး သော အ ပင် မ ရှိ သ လောက် ပင်။
အ ခု တော့ ကျွန် မ တို့ ရဲ့ ဘိုး ဘွား ပိုင် ၃ဧက ခွဲ ခန့် ရှိ တဲ့ ခြံ ကြီး က သုဝဏ အားကစား ကွင်း ကြီး ဖြစ်။
၃ဧက ခွဲ ရှိ တဲ့ လမ်းမ ကြီး ပေါ် မှာ ရှိ နေ တဲ့ ခြံ ကြီး ကို
အ စား ပြန် ပေး တာ က အိမ် ထောင် စု ဇ ယား တ ခု ကို မြို့ သစ် မှာပေ ၂ဝ × ၆ဝ တ ကွက် တဲ့
အဲ့ လို မျိုး။
နောက် ဆုံး ပြော ရ ရင်
အ နီး အ နား က ကျုး ကျော် တို့
အိမ် အ သေး လေး တွေ က ပြောင်း ကုန် တာ ပေါ့။
ကျွန်မ တို့ ခြံ တ ခု ဘဲ ကျန် ခဲ့ တာ လေ။
ဖေ ဖေ က မ ရ ဘူး။
လုံးဝ မ ပြောင်း တာ။
မ ပြောင်း ရင် ဘူ ဒို ဇာ နဲ့ အိမ် ကို ဖြို မယ် ဆို တဲ့ စာ.တွေ ပါ ပို့ တော့ တာ။
တ ကယ် လဲ ခြေ ရင်း တ ခြံ ကျော် က ဘ လီ ကို ည ဘက် ဖြို လိုက် ပြီး ပြီ။
ကျွန်မ က အဲ့ တုန်း က ဆို ည ဘက်
အိမ် လာ ဖြို မှာ ကြောက် လို့
ကောင်း ကောင်း.တောင် အိပ် မ ပျော် ခဲ့ ဘူး။
နောက် ၈၈ အ ရေး အ ခင်း ဖြစ်
လာ ရော
ဖေ ဖေ့ ဇွဲ နဲ့ ရဲ ရင့် မှု ကြောင့်
တ/ဥ စက် မှု့ ဇုန် နဲ့ တ ခြား နေ ရာ တွေ မှာ တဧက တောင် မ ပြည့် တဲ့ မြေ
ပြန် ရ ခဲ့ တယ်
မတန် တဆ လို့ ပြော နိုင် တာေ ပါ့။
ကျွန်မ ထိုရှေ့ က ဖြတ် တိုင်း ဝမ်း နည်း လွန်း လို့ နှစ် အ တော် ကြာ ထို ရှေ့ က မ ဖြတ် ခဲ့။
ခု တော့ လဲ နှစ် တွေ ကြာ.တော့
ဖြေသာ သွား ပြီ။
တ ခါ တ လေ ကွင်း ထဲ ဝင် ပြီး
ဒါ က ဘယ် နေ ရာ
ဒီ နေ ရာ က ဘာ ရှိ တယ်
ဆို ပြီး အ လွမ်း ပြေ သွား ကြည့် တတ် လာ ပြီ။
ဘော လုံး ကန် တဲ့ကွင်း ရဲ့ အ လည် တည့် တည့် က တော့ ကျွန်မ တို့ အိမ် ပါ ဘဲ။
ကံ့ ကော် ပင် တွေ
ပိ တောက် ပင် တွေ
ရင် ခတ် ပန်း ပင် ကြီး တွေ
ပန်း သီး လို မျိုး သ ရက် ပင် ကြီး တွေ
မ ရမ်း ချို နဲ့ မ ရမ်း ချဉ် ပင် တွေ
အား လုံး က တော့ ကျွန် မ ကို နှုတ် ဆက် သွား တာ အ စ အ န ပင် မ တွေ့ ရ တော့။
တ ခါ တ လေ တီ ဗွီ က ဘော လုံး ပွဲ လာ ရင် တောင်
ဘော လုံး ပွဲ ကို ကြည့် နေ ပေ မဲ့
ကျွန်မ ချစ် သော ခြံ
ကျွန်မ ချစ် သော အိမ်
ကျွန် မချစ် သော အိပ် ခန်း
ကျွန်မ ချစ် သော သစ် ပင် များ
ကျွန်မ ထိုင် ဘူး သော ရေ ကန်
အား လုံး ကို ဘော လုံး ပွဲ နဲ့ အ တူ
ကျွန် မ မြင် နေ မိ သည်။
ကျွန ်မ လွမ်း လှ ပါ သည်။
(ဘာ ရယ် မ ဟုတ် ဖြတ် သွား.မိ ရင်း သ တိ တွေ ရ လာ လို့ )
မနှင်း ပြုံး ရဲ့ အ မှတ် တ ရများ
28-2-2014
29 comments
မမချွိ
February 28, 2014 at 12:57 pm
မနှင်းပြုံး ရေးပြထားတာနဲ့ကို …
အိမ်လေးက လွမ်းချင်စရာ၊ နှမြောစရာ။
ကြိုဆိုပါတယ်ဗျာ။
🙂
snow smile
March 1, 2014 at 5:25 pm
ချွိ ေ ရ
မ မ ကိုယ် တိုင် လဲ မမ နေ ခဲ့ တဲ့ ချစ် သော အိမ်လေးကို အ ခု ထိ တမ်း တ နေ ဆဲ လွမ်း နေ ဆဲပါ
ကိုပေါက်(မန္တလေး)
February 28, 2014 at 1:11 pm
• မ နှင်း ပြုံး ေရေ တစ်ခ ါ တစ် ခါ မှာ တိုင်း ပြည် ကောင်း စား ဘို့ ဆို ပြီး ကိုယ ် ပိုင် ဆိုင် တာ ပေး လိုက် ရ တာ ရှိ ပါ တ ယ်( လမ်းချဲ့ တာ မျိုး ပေါ့) တစ်ခါ တစ် ခါ မှာ တော့ တိုင်း ပြည် အ ကြောင်း ပြ ပြီး လူ တစ် စု ကောင်း စား ဘို့ ကိုယ် ပိုင် ဆိုင် တာ ပေး လိုက် ရ တာ လဲ ရှိပါ တယ်။ အဲ တော့ ကိုယ် နစ် နာ တာ ပေါ့ မ နှင်းပြုံး တို့ ရော ဘယ် ထဲ ပါ မ ယ် ဆို တာ တွေး ကြည့် ပေ တော့။
ကိုယ် ငယ် ငယ် က နေ ခဲ့ ရ တဲ့ နေ ရ ာေ ဟာင်း ဆို တာ ပျော် ရွှင် စ ရ ာ တွေ နဲ့ ပြည့် နေ တော့ လွမ်း မ ိ မှာ အ မှန် ပါဘဲ ။။ ကျ နော် ဆို လဲ ညီ အ ကို မောင် နှမ ဝမ်း ကွဲ တွေ နဲ့ ငယ် ငယ် က အ တူ ဆော့ ခဲ့ က စား ခဲ့ ရ တာ ကို အ ခု ထိ သ တိ ရ နေ တုန်း ဗျာ၊ ကိုယ် ချစ် ေ သာ ကိုယ့် ရင် ထဲ က အိမ် နှ လုံ သား ထဲ က အိမ် လေး က သူ များ ပ ရော ဂ ကြောင့် ဆုံး ရှုံး သွား တယ် ဆို တော့ အတော် ခံ စား ရ မယ် ဆို တာ အမြဲ သတိ ရ နေ မယ် ဆို တာ ကိုယ် ချင်း စာ ပါ တယ်
snow smile
March 1, 2014 at 5:28 pm
ကို ပေါက် ရေ
ကျ မ တို ့ လို ဘဲ ကိုယ် ပိုင် အိမ် ကိုယ်ပိုင် မြေ ကိုယ်ပိုင် ခြံ တွေ သိမ်းယူခြင်း ခံ ခဲ့ ရ သူတွေ အများကြီး
ဆို တဲ့ အသိ နဲ့ ဘဲ စိတ် ဖြေ လိုက် ပါ တယ်။
ပြု သူ အ သစ် ဆို တဲ့ ဆုံး မ စ ကား ကို ဘဲ လက် ကိုင် ထား လိုက် ပါ တယ်
အဲ ဒီ အချိန် က ခံ စား ချက် က တော့ စာ ဖွဲ့ ပြ လို့ တောင် လုံ လောက် မယ် မ ထင် ပါ ။
kyeemite
February 28, 2014 at 1:37 pm
ကိုယ်ချင်းစာနာမိပါတယ်…မဒမ်မိုက်လည်း အစက ကိုယ်ပိုင်အိမ်နဲ့ပဲ..ခြံပါတ်လည်မှာ ပိန္နဲ၊ သရက်၊ မာကလာ
စုံလို့ပါပဲ..နောက်တော့ စည်ပင်ကသိမ်းပြီး တိုက်ခန်းတစ်ခန်းတော့ပြန်ရပါတယ်…အရင်အိမ်လေးကိုတော့
လွမ်းရှာတုန်းပေါ့…စာရေးသူအသစ်တစ်ယောက်တိုးလာလို့ကြိုဆိုပါတယ် မနှင်းပြုံးရေ 😛
snow smile
March 1, 2014 at 5:59 pm
ကို ကြီး မိုက် ရေ
ဘ ဝ တူ ခြင်း မို့ ကိုယ် ချင်း စာ မိ ပါ တယ် လို့
မဒမ် မိုက် ကို စ ကား ပါး ပေး ပါ ရှင်
Ma Ma
February 28, 2014 at 2:22 pm
ပထမဦးဆုံးပြောချင်တာက ရွာထဲမှာ စာရေးကောင်းသူတစ်ယောက်တိုးလာလို့ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ 🙂
လူတွေဟာဘဝမှာ ငယ်ငယ်နေထိုင်ခဲ့ နှစ်သက်ခဲ့ စွဲလန်းခဲ့တဲ့အရာတွေကို အသက်ကြီးလာမှ ထိတွေ့ဆက်ဆံရတာတွေထက်ပိုပြီး မေ့ပျောက်ခဲကြတယ်ထင်တယ်။
စိတ်မကောင်းတာရော လွမ်းဆွေးတာရော ခံစားချက်တွေစုံသွားတယ်။ 🙁
snow smile
March 1, 2014 at 6:01 pm
မမ ရေ
ကျ မ စာ သိပ် မ ရေး တတ် ပါ၊
ခံ စား ချက် လေး ရင် ထဲ မှာ အ လို လို ရောက် လာ လို့ ရေး ဖြစ် တာ ပါ ။
Mr. MarGa
February 28, 2014 at 2:28 pm
အခုအချိန်မှာတော့
ဒါတွေဟာ အတိတ်ပဲ ဖြစ်သွားပြီပေါ့ ဗျာ
ကျနော်လဲ
ဒီစာကိုဖတ်ရင်း
လွမ်းမိသွားပါကြောင်း
snow smile
March 1, 2014 at 6:02 pm
Mr. MarGa ရေ
အ ချို့ သော အ တိ တ် တွေ က မေ့ လို့ မ ရ စ ကောင်း ပါ
kai
February 28, 2014 at 2:53 pm
စာဖတ်ရင်း… စိတ်ထဲအတွေးတွေတော်တော်ဖြစ်သွားတယ်..
စာရေးကောင်းပါတယ်..
ဆက်ရေးပါနော.. :harr:
snow smile
March 1, 2014 at 6:04 pm
သူ ကြီး မင်း ကိုယ် တိုင် အား ပေး တာ ဝမ်း သာ မိ ပါ တယ်
စာ ဆက် ရေး ဘို့ က တော့ ကြိုး စား ပါ မယ် ရှင်
myat pearl phyu
February 28, 2014 at 3:07 pm
စိတ်မကောင်းပါဘူး…
အတိတ်အကြောင်းဆိုတာ
ပြန်ပြောင်းတွေးမိရင်
အဆိုးနဲ့အကောင်း ဒွန်တွဲနေစမြဲ…
ကံ ပဲပေါ့…
snow smile
March 1, 2014 at 6:55 pm
အား မ တန် ၍ မာန် လျော့ ရ ခြင်း သည် ၎င်း 🙂
snow smile
February 28, 2014 at 5:49 pm
ကျွန် မ တို့ ခြံ နဲ့ မ နီး မ ဝေး မှာ မြေ လွတ် တွေ ဧ က ပေါင်း များ စွာ
ခု ချိန် ထိ အောင် ရှိ နေ ဆဲ
နောင် မ ကြာ ခင် တော့ ကွန်ဒို တွေ အ ဆင့် မြင့် အိမ် ယာ တွေ ဖြစ် လာ တော့ မဲ့ နေ ရာ တွေ ပေါ့
ကျွန် မ စဉ်း စား မိ လာ တာ က အဲ့ ဒီ့ မြေ တွေ မှာ ဆောက် လို့ မ ရ တာ လား
ထား ပါ တော့
ဆောက် လို့ မ ရ လို့ မ ဖြစ် နိုင် လို့
နိုင် ငံ အ တွက် ကျွန် မ တို့ မြေ ကို စွန့် လွှတ် ပါဆို ရင် တောင် မှ
ကျွန် မ တို့ နိုင် ငံ သား တွေ အ တွက် က ရော ? ? ?
ကျွန် မ တို့ ကိုတ ရား မျှ တ စွာ ပြန် လည် ပေး ခဲ့ သင့် သည် နော်
ှကျွန်မ နား မ လည် နိုင် ခဲ့ ပါ
ဘာ ဘဲ ဖြစ် ဖြစ်
ကျွန်မ အိမ် ကို ကျွန်မ ချစ် သည်
ကျွန်မ မြေ ကို ကျွန် မ ချစ် သည်
ကျွန်မ တိုင်း ပြည် ကို လည်း ကျွန် မ ချစ် သည်
မီး ပြတ် ပေ မဲ့ လည်း ချစ် သည်
ခြင် ကိုက် ပေ မဲ့ လည်း ချစ် သည်
ရွှံ ဗွက် တွေ ထူ လမ်း တွေ ပျက် လည်း ချစ် သည်
လေ ထု ညစ် ညမ်း လည်း ချစ် သည်
ကား လမ်း တွေ ပိတ် လည်း ချစ် သည်
အ ခု.တော့ တ မျိုး တိုး လို့
အ ဝိုင်း လေး လည် နေ လည်း ကျွန် မ ပြည် ကို ကျွန် မ ချစ် သည်
(မ ချစ် တဲ့ သူ တွေ အ ကြောင်း တော့ ထဲ့ မ ရေး တော့ ပါ
ရေး ကို မ ရေး ချင် တာ ပါ)
ှ
Foreign Resident
March 1, 2014 at 7:49 am
” ကျွန် မ တို့ ကိုတ ရား မျှ တ စွာ ပြန် လည် ပေး ခဲ့ သင့် သည် နော် ”
ဒါပေါ့ဗျာ ၊ တန်ရာ တန်ကြေး တော့ လျော်ပေးရမှာပေါ့ဗျာ ။
အဲလိုခေတ် ကို ရောက်အောင် ကြိုးစားရမပေါ့လေ ။
snow smile
March 1, 2014 at 6:52 pm
တ နေ့ နေ့ တော့ ဖြစ် လာ လိမ့် မည်
အော် သို့ သော် ဘယ် နေ့ မှန်း မ သိ
လွမ်း မိ ရက် သာ ကြာ ခဲ့ ပါ ပြီ
ဒါ သည် ပင် ကိုယ့် အ မှား ဖြစ် လေ သည်
( ဆို တဲ့ သီ ချင်း လေး လို ပေါ့ လေ )
alinsett ( Gazette )
February 28, 2014 at 5:56 pm
စာရေးကောင်းတယ်ဆိုတာထက်လေ
ဝါရင့်စာရေးသူတစ်ယောက်များလားလို့တွေးမိပါတယ်
ညက်ညော ဖတ်ချော စာအလှလေးးမို့ပါ
ရေးပါဦးဗျ
snow smile
February 28, 2014 at 5:57 pm
ကျွန် မ က စာ ရေး ဘူး သူ မ ဟုတ် ပါ
အား ပေး စ ကား တွေ အ တွက်
တ ကယ် ကြည် နူး ရ ပါ တယ်
ရွာ ထဲ က စာ တွေ ဖတ် ပြီး
အဲ့ ဒီ လို ရေး တတ် ချင် လိုက် တာ ဆို တဲ့
စိတ် အ မြဲ တမ်း ဖြစ် ပါ တယ်
အ ခု က တော့ ကျွန် မ ရင် ထဲ က
ရှိ တဲ့ အ ကြောင်း တ ခု မို့ လို့
ရေး ဖြစ် ခဲ့ တာ ပါ
ကျေး ဇူး တင် ပါ တယ် နော်
ဒိတ်ဒိတ်ကြဲ ငမွဲ
February 28, 2014 at 9:15 pm
စာရေးကောင်းပါတယ်ဗျာ.. ။ တကယ်ပါ.. ။ ဒီတစ်ပုဒ် ဖတ်ကြည့်တာနဲ ့တင်..သိနေပါပြီ.. ။
ဒီလို..အရေးအသားမျိုးက…ရသဝတ္ထုတို ့..ခံစားမှု ရသစာတမ်းတို ့…ရေးလာရင်…ဖတ်လို ့ကောင်းလိုက်မယ့်အမျိုး… ။
တကယ်.. ။
ကိုယ် တွေးမိတာကို..ချရေးဖို ့ရာ..လွယ်ပါတယ်..။ ဒါပေမယ့်..
ဖတ်တဲ ့သူလည်း..မြင်သွားအောင်…
စီကာစဉ်ကာ..ကျကျနန လှလှပပရေးပြနိုင်ဖို ့ကျတော့…ခက်တယ်.. ။
အခု… အက်ဆေးလေးက….
အဲဒီလို…
အပေါ်မှာကျနော် ပြောခဲ့သလို… ညက်ညောဖတ်ချော စာအလှလေး…မို ့….ပါ… ။
ခင်မင်လျက်…
ဆက်ဆက်…
အဲ..နာမည်ပြောင်းလိုက်ပြီ..
ဒိတ်ဒိတ်ကြဲ ငမွဲ
:kwi:
snow smile
March 1, 2014 at 6:06 pm
ရ င် ထဲ က ခံ စား အ မှန် တွေ ကို ရေး လိုက် တာပါ
စာ မ ရေး တတ် ပါ ။
ကိုပေါက်(မန္တလေး)
February 28, 2014 at 10:26 pm
စာ အ ရေး ကောင်း သူ တစ် ယောက် တိုး လာ ပြီ မို့ ဝမ်း သာ ပါ သည်
snow smile
March 1, 2014 at 6:05 pm
ကိုေ ပါက် လို လူ က အား ပေး တော့ ဝမ်း သာ မိ ပါ ၏
Crystalline
March 2, 2014 at 11:08 am
အရေးကောင်းလိုက်တာ.. ကိုယ်ချင်းလည်းစာမိတယ်..
snow smile
March 12, 2014 at 1:07 am
အ ခု မှ ရေး ဘူး တာ ပါ
ဖြတ် သွား မိ ရင်း သ တိ ရ လာ လို့ ့ လေ
Mလုလင်
March 12, 2014 at 3:00 am
ကဲ . . . မနေနိုင်လို့ မန့်ပြီ ဗျာ . . .။ အမှန်က အားနာ နေတာ . . အစ်မ တို့ မြေကွက် ထဲမှာ နေနေ မိတာကိုးးးးးးး။ ဒါပေမယ့် ခုမှတော့ မဖယ်ပေးနိုင်ဘူး နော်. . . . . :harr:
snow smile
March 12, 2014 at 9:41 am
ဘာ ခု မှ ကြောက် ပါ ပြီ လဲ
ခြံ ရှေ့ လာ ပြီး ဒို့ ့ အ ရေး လာ လုပ် လိုက် ရ ဟင်းးးးးးးး
( တ ကယ် တော့ မောင် ယဉ် အောင် တို ့ နေ ရာ တွေ က
အစ် မ တို ့ ခြံ နေ ရာ မ ဟုတ် ဘူး
အဲ့ ဒီ နေ ရာ က အစ က ကု လား တွေ နေ တာ များ တယ်
ကျုး ကျော် တွေ များ တယ် နောက် ရွှံ တွေ ဗွက် တွေ နဲ့
လမ်း မ တန်း က တော့ ကျုး ကျော် မ ဟုတ် ဘူး
အ ခု အဲ့ လို နေ ရ ာ တွေ က 60 × 60 တ ကွက် ကို သိန်း သောင်း
ကျော် နေ ပြီ ဆို တော့
အစ် မ တို့ ့ ခြံ ၃ ဧက ခွဲ ကို မေ့ မ ရ နိုင် တာ
အစ် မ လွန် မယ် မ ထင်
padonmar
March 12, 2014 at 9:37 pm
စိတ်မကောင်းလိုက်တာ။
အဲသလို ဘဝတွေ အများကြီးဖြစ်မှာပဲ။
တကယ်မဆုံးရှုံးပဲ ခဏတာ အိမ်ဆောက်ပြီး မြေအစားရသွားသူတွေလည်း အများကြီးရှိမှာပဲ။
ကိုယ်ချင်းစာတရားကို ပါးစပ်ကသာပြောပြီး လက်တွေ့ မကျင့်သုံးတဲ့ တိုင်းပြည်ဖြစ်နေသမျှ ဒီလို ဘဝတွေ အများကြီး တွေ့ရဦးမှာပဲ မနှင်းပြုံးရေ။
snow smile
March 13, 2014 at 7:11 pm
ကိုယ့် ထက် ဆိုး တဲ့ သူ တွေ
ဘ ဝ တွေ ရှိ နေ တာ သိ နေ တော့ လည်း
ကိုယ် က တော် ပါ သေး တယ် ဆို ပြီး
ဖြေ ရ တာ ပေါ့ လေ