မျောက်လက်ရောက် အုန်းသီးကလေးများ
မှတ်လောက်သားလောက် စကားတစ်ခုပါ မျောက်လက်အုန်းသီးရသလိုဆိုတာ ။ မျောက်ဆိုတာက ငြိမ်ငြိမ်နေတတ်တဲ့ သတ္တဝါ မဟုတ် ။ လက်ထဲရောက်လာတဲ့ အုန်းသီးလည်း ခွဲမစားတတ် လွင့်ပစ်ရမှာလည်း ဝန်လေး ဟိုဘက်လှည့်ကြည့် ဒီဘက်လှည့်ကြည့် အချိန်တွေသာကုန်လာတယ် ။ အကျိုးဖြစ်ထွန်းမှုက မရှိ ။ အုန်းသီးပိုက်ထားရပေမယ်လို့ ခွဲမစားတတ်တော့လည်း ဖောင်စီးရင် ရေငတ်ငတ်နေသလိုမျိုး ။ တည့်တည့်ပြောမယ်ဗျာ ဝေ့လည်ချောင်ပတ်ပြောနေရတာ အားမရဘူး ပွင့်လင်းမြင်သာခေတ်မှာ နမိတ်ပုံတွေ သင်္ကေတတွေနဲ့ အုံးမစားရအောင်……။ ခု ကျုပ်တို့လက်ထဲမှာလည်း အုန်းသီးတစ်လုံးစီနဲ့ဗျ ။ ဟုတ်တယ်လေ လက်ထဲ ဟမ်းဖုန်းတစ်လုံးစီ ကိုင်ထားကြပေမဲ့ ဘာများတွင်တွင်ကျယ်ကျယ် လုပ်နိုင်ကြလို့လဲ ။ သေချာစဉ်းစားကြည့်ကြစမ်းပါ့ ။ ဖုန်းနဲ့ အကျိုးဖြစ်ထွန်းအောင် ဘာတွေ လုပ်နိုင်နေပီလဲ ။ အဲ့ ဖုန်းနဲ့ အားမရတော့ သူများ အင်တာနက်ဆိုတော့ လိုက်တပ် ။ အဲ့လိုလူမျိုးကျ အုန်းသီး နှစ်လုံး လက်ထဲရောက်နေတာ ။ ကိုယ့်ကိုကိုယ် သိပ်ဟုတ်လှပြီပေါ့ ။ ထင်မနေနဲ့ ဖုန်းမှာတင်ထားတဲ့ ဆော့ဝဲလ် ဘယ်လောက်ကျွမ်းကျင်အောင်သုံးတတ်အောင်လေ့လာပြီးပြီလဲ။ စဉ်းစားလိုက်ဦး ။ ဖေ့စ်ဘုတ်သုံးနိုင်တာ သတင်းအတိုအထွာ လောက်ဖတ်နိုင်တာလောက်နဲ့ကျေနပ်နေမှာလား ။ ဖုန်းတစ်လုံးမှာ အင်တာနက် ချိတ်လိုက်တာ အဲ့ဒိလောက်ပဲ ရလိုက်တာဆိုရင် ကုန်ကျမဲ့ ငွေကြေးနဲ့ အချိန်တွေအတွက်မတန်ဘူးနော် ။ သေချာစဉ်းစားကြည့်ကြဦး ။ ဟုတ်လား ။ ဗိုက်ဗာ သူများတတ်လို့လိုက်တပ် ။ အင်တာနက်ချိတ်ပီးမှတော့ ဗိုက်ဗာမှမရှိရင် ရှက်စရာကြီး ဟုတ်ပါပီ ။ အဲ့ဒါကြီး တပ်ပီးပါပြီတဲ့ ဘယ်နေရာသွားသုံးမလဲ ။ အကျိုးရှိအောင် အသုံးချတဲ့သူနဲတယ်နော် ။ ကိုယ်လဲဒီလိုပဲ ။ အရင်က အင်တာနက်သုံးချင်ရင် ဆိုင်သွားသုံး ဂျီတော့ နဲ့မေးလ်လောက် ကိုယ်စိတ်ဝင်စားတဲ့ ဝက်ဆိုဒ် သုံးလေးခုလောက်ဖွင့်ကြည့် ။ စာအုပ်တွေဘာတွေ တွေ့ ဒေါင်းလုပ်ဆွဲ မင်မိုရီ စတစ်နဲ့ သိမ်း ဒါလောက်ပဲ ။ ဖေ့စ်ဘုတ်ဆိုလို ဆယ်ခါသွားထိုင် ဖွင့်ကြည့်ဖြစ်ရင် အလွန်ဆုံး သုံးလေးကြိမ် ဒီထက်မပိုဘူး ။ အင်တာနက်ဆိုင်မှာထိုင်တတ်တော့ တွေ့ရာ ဝက်ဆိုဒ် တွေ့သမျှ လင့်ခ် အကုန်ဝင်ကြည့်ဖူးတာပဲ ။ ယဟူး တွစ်တာ လာမပြောနဲ့ အကုန် ဝင်ထားတယ် ။ ဘလော့စပေါ့ ကိုယ်ပိုင် ရှိတယ် ။ ning.com တောင် ငွေသွင်းဖို့ ခက်လို့ အဖျက်ခံလိုက်ရတာ ။ မာတီပလိုင်းကတော့ သူ့ဖာသူ ပျက်သွားတယ်လို့ဆိုတယ် ။ ဒီလောက်ပဲ ။ ကဲ ခု ဖုန်းနဲ့သုံးတော့ ဘာကွာလဲ ။ အက်ပလီကေးရှင်းနဲ့ ဖေ့စ်ဘုတ်ပဲရောက်နေတယ်။ ဟိုတုန်းက ကိုယ်ကပဲ ဖေ့စ်ဘုတ်ထဲ နှံ့စပ်အောင်မသွားလို့လား ဘာလားတော့မသိဘူး ။ ဖေ့စ်ဘုတ်က ကြောက်စရာ ခုလောက်မကောင်းဘူး ။ ခုတော့ အင်တာနက်ပေါ်က လင့်မှန်သ၍ ဖေ့စ်လုတ်ထဲ ရောက်နေတော့တာပဲ ။ ဟိုတစ်ချိန်က ပရောက်စီ ကျော်ခွပြီးဖွင့်မှ ရောက်တဲ့ ဟာတွေက ဖေ့စ်ဘုတ်ထဲ ဝင်လိုက်တာနဲ့ အပြိုင်းအရိုင်း ။ အော် မျောက်လက်ထဲ ရောက်လာတဲ့ အုန်းသီး တွေ အပုတ်တော့ မခံဘူး ဆိုတဲ့သဘောနဲ့ ကိုယ်နဲ့ တန်ရာ တန်ရာ သုံးကြလေသတည်း ပေါ့ ။ ဒီလိုနဲ့ စက်ပစ္စည်းတွေတော့ရှိပါရဲ့ နည်းပညာ မရှိ ။ မသိ ။ သိအောင်လည်းမကျိုးစား ။ မျောက်လက်ထဲက အုန်းသီးလေးတွေမှာ ဖေ့စ်ဘုတ်ထဲ ဟိုဟာ ဒီဟာ ဝင်အကြည့်ခံရ ။ ဗိုက်ဗာက အရေးမပါ တာ မက်ဆေ့ ပို့ပေးလိုက်ရ ဖုန်းလိုင်းပေါ်က ထမင်းစားပြီးပီလား မင်းဘယ်ရောက်မေတာလဲ မေးပေးလိုက်ရ ။ နုတ် စု တွေမှာလဲ ဘောလုံးပွဲ ပေါက်ကြေးတို့ နှစ်လုံး သုံးလုံး ဂဏန်တို့ မှတ်ပေးလိုက်ရ ။ အင်တာနက်လေး ခမြာလည်း ဘောပွဲရလာဒ် တို့ ထွက်သွားတဲ့ ဂဏန်တို့ သတင်းပေးလိုက်ရနဲ့ သနားစရာ ကောင်းလိုက်ပုံများပြောပါတယ် ။
နေဝန်းနီ
(မှတ်ချက်။ ကိုယ့် အကြောင်းကိုယ် ပြောခြင်း ဖြစ်ပါတယ် တိုက်ဆိုင်မှု ရှိလျှင် စောင်းမြောင်းပြောဆိုနေတယ်လို့မမှတ်ယူကြပါနဲ့ ဒဲ့ပြောနေတာ လို့သဘောထားလိုက်ပါ။ 🙂
16 comments
ဦးကျောက်ခဲ
March 11, 2014 at 8:55 am
ဆြာနီရဲ့… ဟန်းဖုန်းပေါ်ကာစ ရုံးကထုတ်ပေးတော့ ခလောက်လို့ ခေါ်ကြတယ်…
အခုတော့ ပိုက်ဆံစားတဲ့စက် ဖွတ်တက်သလိုပဲ… တဲ့
“ဟဲလို… ဟဲလို… ကြားလား… ကြောင်လား…” နဲ့ ရှိသမျှလေးတွေကုန်ရော…
အဲ့ကြားထဲ အခိုးခံရ/ကျပျောက်ရင် ကိုယ့်စီးကရက်လေးတွေပါ ရေစုန်မျော…
ဒါပေသည့် မပြတ်နိုင်သေးတာမို့ စကားပြောဖို့ကလွဲရင်… ဘာမှမသုံး…
🙂
kyeemite
March 11, 2014 at 9:19 am
ဟန်းဖုန်းကတော့ ခုတစ်မျိုးထူးပြန်တယ်…ဖုန်းနံပါတ်တစ်ခုခေါ်လိုက်ရင်
“တူ” ဆိုတဲ့ ခေါ်သံမကြားရသေးပဲနဲ့ “လူကြီးမင်းခေါ်ဆိုသောဖုန်းသည်သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်း မပြုသည့်အတွက်….”
ဆိုတာကြီးတန်းဝင်ဝင်လာတယ်…စိတ်လေပါတယ်…ဆြာနီရေ 🙂
မဟာရာဇာ အံစာတုံး
March 11, 2014 at 9:46 am
ကိုယ်ဒွေလည်း မတုံးဒတ်ဘူး
ကလိဘဲ ကလိတတ်တာ
အဲ့လို မတတ်ဘဲ လျှောက်ကလိလို့
ပျက်ခဲ့ပေါင်းလည်း များခဲ့ဘီ ….
မိုက်ကယ်ဂျော်နီအောင်ပု
March 11, 2014 at 10:25 am
အကောင်းအဆိုးတော့တွဲနေတာပါဘဲ
သုံးစတုန်းကတော့ မင်းမရှိရင်အသက်မရှင်ဂျင်ဘူးအဂျစ်ရယ် ဆိုရပေမယ့်
ကြာလာဒေါ့ ဝေးလေကောင်းလေဘဲ ဖြစ်သွားပြန်ရော
ဒါပေမယ့် လိုအပ်တဲ့အခါကြတော့လည်း ရည်းဇားစိစိမစိစိကွယ် ငါဂဂျစ်မှာဘဲ
ဖြစ်ဗျန်ရော
ကိုပေါက်(မန္တလေး)
March 11, 2014 at 11:30 am
ဖုန်း လေး နဲ့ ဟို စမ်း ဒီစမ်း လုပ် တာ ဘဲ ဗျ
ဒါ ပေ မယ့် အဝိုင်း လေး လ ည် နေ တာ နဲ့ ဘဲ လှည့် ပြန် ခဲ့ ရ တာ များ တယ် လေ
naywoon ni
March 11, 2014 at 12:43 pm
ကျုပ်တို့အရပ်ကတော့ စိဖုန်း တဲ့ ဖွတ်ဖုံးတဲ့ ဗျ ခေါ်ကြတာ အဲ့ဖွတ်ဖုန်းဆိုတာလေး အကြောင်း အချိန်ရမှရေးဦးမယ်
Mr. MarGa
March 11, 2014 at 12:46 pm
မရှိမကောင်း ရှိမှကောင်း ဆိုတဲ့အထဲ ထည့်ရတော့မပေါ့ အဘနီရာ
alinsett (gazette)
March 11, 2014 at 12:55 pm
ကျနော်တော့ ဖုန်း အင်တာနက်ထည့်ပြီးကတည်းက
ဂဇက် ရွာထဲ အားရင် အားသလို ဝင်မိတာပဲ
ကျန်တာတော့ ဖေ့ဘုတ်နဲ့ ဗိုင်ဘာကလွဲရင် မသုံးတတ်။
🙂
ရပ်ကွက်ထဲမှာ ရှိသေးတယ်
သူများ ဖုန်းထဲ အင်တာနက်လျှောက်ရင် ခေတ်မမှီဘူး အထင် ခံရမှာ စိုးပြီး . .လိုက်လျှောက် . . .
ရတော့ ဘာမှ မသုံးတတ်။
အင်တာနက်ဆိုတာဘာညာဘာညာတွေ ရှာဖွေလို့ရတယ်ဆိုတာလောက်ပဲ သိတဲ့သူတွေနဲ့
အင်တာနက် သုံးတယ် လို့တောင် မပြော
အင်တာနက်ကစားတယ်ဆိုပဲ။
အင်တာနက်ဆိုတာ အပျင်းပြေကစားတဲ့အရာကြီး ဖြစ်လို ့
အဟိ
surmi
March 11, 2014 at 1:14 pm
ဖုန်း+ အင်တာမဲ = အိမ်တွင်းသူခိုးးးး
Paing Lay
March 11, 2014 at 8:00 pm
အနော် ဖုန်းစကိုင်တုန်းကတော့ စိန Java နဲ့တိုးတယ်ဂျ သို့ပေသိ ဘက်ထရီဘယ်လောက်သွင်းသွင်း ကြာကြာမသုံးရတော့ ဘက်ထရီကလည်း ဖြုတ်မရတပ်မရနဲ့ ပစ်လိုက်ရတာ ဦးဦးဖျားဖျားပဲဂျ 😀
Android နဲ့မှပဲ အနည်းငယ်အဆင်ပြေသလိုရှိတော့တယ်ဂျ
အနော် အင်တာနက်သုံးတတ်ခါစက ဦးနီပြောသလိုပဲ ဟိုစာမျက်နှာဖွင့် ဒီစာမျက်နှာဖွင့်နဲ့ပဲ အချိန်ကုန်ခဲ့တာများတယ်ဗျ။ ပြီးမှ အကောင့်တွေ ဘာတွေဖွင့်လာသည်ပေါ့ဂျာ
Mလုလင်
March 12, 2014 at 2:47 am
ဆရာ နေဝန်းနီ (ဖားထားရတာ . . 🙂 ) အဲ့ဒါတော့ ထောက်ခံတယ်ဗျာ . . . . . . . မတွေ့ရတာ ကြာတဲ့ ဘော်ဒါတွေ စားပွဲ ဆိုလို့ သွားမိပါတယ် . . . သူတို့ တွေက ဖုန်း တွေကိုယ်စီ နဲ့ ဘာလုပ်နေကြမှန်းမသိ . . ကိုယ့်ဖုန်းက အစုတ် (သိတဲ့ သူတွေ သိပါတယ်) စကားကလဲ . .ကိုယ်ကအတင်းလိုက်ပြောရတယ် . . . . . . . တော်တော် စိတ်လေ သွားဖူးတယ် . . . .။
Shwe Ei
March 12, 2014 at 11:50 am
မြန်မာပြည်မှာ လူအများစု ဖုန်းကိုင်နိုင်တဲ့ခေတ်ကိုရောက်တာ
နှစ်ပေါင်းဘလောက်မှမရှိသေးပါဝူးခီညော်…..
မျောက်အုန်းသီးရသလိုဖစ်နေတယ်ဆိုရင်တောင် အိုက်မျောက်တေက အုန်းသီးကို ကို်င်ခွင့်ရတာကျေးဇူးတင်နေမှာဘာ
ဆရာနီ့အလိုအရ ၁၅သိန်းတန်ခေတ်ထဲက ဖုန်းကိုင်နိုင်သူတွေ ဖုန်းပြင်မစားတတ်သေးရင် သေသင့်တယ်လို့ ပြောရမလိုဖစ်နေဘီ…ခွိ
ဘရန်းဒက် ကေဇီ
March 12, 2014 at 11:54 am
အို။
သများတို့လက်ထဲကိုတော့ အုန်းသီး ၂ လုံး ၃ လုံးလောက်ကို ရောက်လာစေချင်တာ။
padonmar
March 12, 2014 at 8:56 pm
ဘာဘဲပြောပြော အဲဒီ အုန်းသီးလေးကို မပစ်နိုင်သေးဘူး အဘနီ။
အပျင်းပြေတယ်။အလုပ်ကြီးသမားဟန်ဆောင်လို့ရတယ်။
TNA
March 13, 2014 at 5:55 pm
ဖုန်းထဲမှာဘာမှမထည့်ထား။ ဗိုင်ဘာတောင်သူများထည့်ပေးထားလို့။ ကိုယ့်ဟာကိုယ်တော့ ဖုန်းအဝင်အထွက်ကလွဲလို့ဘာမှမလုပ်တတ်။ စောင့်ရတဲ့နေရလောက်ပဲ အင်တာနက်ခဏဖွင့်ကြည့်တယ်။ အဝိုင်းအဝိုင်းတိုးတာများလို့ ခဏပဲပြန်ပိတ်လိုက်ကော။ အခုတော့ နေရာတကာမှာ တချိန်လုံးပွတ်နေကြ တော့တာပဲ။ ဘာတွေပွတ်နေလဲတော့မသိဘူး။ နောက်ဆုံး အတွဲတွေချိန်းတွေ့တာတောင် ဖုန်းပဲပွတ်နေကြတယ်။ တခြားပြုဖွယ် ကိတ်စနေတွေတောင်မေ့နေသလိုပဲ။ အာဟိ
naywoon ni
March 14, 2014 at 3:53 am
ကျွန်တော် ဖုန်းမဲမပေါက်ခင်တုန်းကလည်း Mလုင်လို ခံရဖူးတယ်ဗျ ဒါကြောင့် မီးစိမ်းပေးပါတယ် TNA ပြောသလိုပဲ ကျွန်တော်လည်း အားရင်ပွတ်ပါတယ် ( ဖုန်းကိုပြောတာပါ) အင်တာနက်နဲ့ ချိတ်ပီးဆော့ရတဲ့ ဂိမ်းတွေ တစ်လှေကြီးထည့်ထားပါတယ် ကိုယ်တိုင်လည် APP chearch နဲ့ ဂိမ်းရှာ ဒေါင်းလုပ်ဆွဲပါတယ် အင်တာနက်လိုင်းကြောင်တဲ့ အချိန် ဂိမ်းပွတ်ပါတယ် မျောက်များ အုန်းသီးကိုလှည့်ပတ်ပွတ်ကြည့်နေသလိုမျိုးပေါ့ဗျာ တစ်ခါတစ်ခါ ဘာကိုမှ စိတ်မဝင်စားတော့ပါဘူး ပွတ်ဖို့ပဲ ခေါင်းထဲရှိသလို ဖြစ်နေပါတယ် ဉာဏ်ကြီးရှင်များ အာရုံ လွဲပေးလိုက်တာကတော့ ခုခေတ်စကားနဲ့ပြောရရင် ၉ တောင်ကျော်လိမ့်မယ်နဲ့တူရဲ ့