သစ်သစ်သစ်-သစ်ခွ
1-2-3-4-5-6-6-6

၁။ ဘာရယ်မဟုတ်… သစ်ကိုင်း နောက်ခံ ထားကြည့်တာပါ… တခိုင်လုံး focus မိဖို့ အတွက် Aperture ကျဉ်း လိုက်ရတော့ …
ပင်စည်ပါ ပေါ်နေတာ မို့ .. စိတ်လှုပ်ရှားစရာတော့ သိပ်မကောင်း။

၂။ ဒါက နည်းနည်း Aperture ထပ်ကျယ်ကြည့်ပြီး ခြားနားတဲ့ Angle ကနေ ချောင်းခဲ့တာ … သိပ်တော့ ထူးထူးဆန်းဆန်းမဟုတ်ပါ..။(ကျနော် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်)

၃။ sunlight ကို လိုချင်လို့ ရိုက်ထားတဲ့ angle ပါ … နည်းနည်း aperture ထပ်ကျယ်လို့ရသေးငဲ့ ထင့်..။

၄။ ပြင်သစ်လို Silhouette လို့ ခေါ်တဲ့ ရိုက်နည်းကားဗျ…။ အလင်းကို မျက်နှာမူ subject ကို figure လောက်ပဲပေါ်အောင် ..contrast မြင့်မြင့်နဲ့ ရိုက်ခဲ့တာ …
(အပင် ရေလာဖြန်းသွားသူကို ကျေးဇူးတင်မိသေးငဲ့)

၅။ တောင်စောင်းတခု က သစ်ခွ ခင်း ဖြစ်လို့ လေအတော် ကြမ်းသဗျ… တပွင့်ချင်း ရိုက်ဖို့ဆို အတော် စိတ်ရှည် ရတာရယ်…။ တခါတခါ အဖော်တယောက် ရယ် ထီးတလက်ရယ်တော့
လိုချင်မိသား … ဆောင်းပေးဖို့မဟုတ်ပါဘူး..။ လေ-ကာ ပေးဖို့ရယ်ပါ..

၆။ တခါတလေ မယ် …Macro မှာလည်း reflector သုံးချင် သေးသဗျ… (ဒါကတော့ macro မခေါ်နိုင်ပေမယ့်လေ..)
ဒါပေသိ …သိပ်ပြီး ဆင်ရိုက်တဲ့ အနေအထားမျိုး မဖြစ်စေချင်လို့ …ဂလောက်နဲ့ ကျေနပ်ထားရတာ…။

၇။ ဘာသစ်ခွလည်းတော့ မသိဘူးဗျ… မနက်ခင်း ဆိုတော့ ရေလာဖြန်းတဲ့လူနဲ့ ကျော် နဲ့ မျက်လုံးချင်းစကားပြောပြီး ..သူကဖြန်းလိုက် ကိုယ်က ဗြန်းလိုက် ..အဲ့လေ.. ဒချိ လိုက် ပေါ့.။

၈။ ထိုနည်းတူစွာပါ…. သစ်ခွ ပင်များ ..အကြောတင်းချက် …သွသူ အစာကြော ရေကြော ရှိပါလျက် နေရောင်ရချင်ယုံ သက်သက် သူများအပင်ပေါ်တက်တယ်…. ပါရာဆိုက် မဟုတ်တာကိုပဲ
ကျေးဇူးတင်ရမလိုလို … အုန်းဆံဖတ် အုံကိုတော့ မည်သို့ အသီးယား သည်မဆိုနိုင် ဓားနှင့်ချိုင်ချင်မိငဲ့..။

၉။ အနှီ အပွင့်တွေကိုပဲ …ကောင်းကင်ဘက် ..ပြန် BG ယူထားတာပါ…။ သိပ်မထူးဆန်း

၁၀။ ဒါကတော့ နည်းနည်း F stop ပြန် ကျယ်ပြီး ရိုက်ထားတာပါ…။ Bokeh နဲ့ … နောက်ပိုင်းက အပွင့်တွေ blur နေတာ သက်သေပေါ့..။

၁၁။ ထိပ်ပိုင်း မပြတ်ချင်သော်ငြားလည်း ..ထိပ်ပိုင်း ပြတ်သွားခဲ့ရတဲ့ပုံခည …။ လေတိုက်နေတော့ …၃-၄-၅ ကွက် ရိုက်ပြီး အမိအရဆုံး ပုံကို ယူလိုက်တာပါ…။
ဒီနေရာမှာ တခုလေး ပြောဖို့ရှိတာက view finder ကိစ္စ ခည…။ အချို့သော body တွေမှာ view finder က ပြပေးတာက တကယ်တမ်း ရိုက်ယူတဲ့ ဘောင် …ထက် 98%- 97%
စသည်ဖြင့်သာ ပါတတ်ပါသတဲ့ …။ ဆိုတော့ ….ချောင်းကွက်မှာ အနည်းငယ် လောက် ခေါင်းပြတ်ခြေပြတ် ဖြစ်စေဦး တကယ် ပုံထွက်လာရင်တော့ အမိအရပါတတ်တာမျိုးကိုဆိုလိုတာပါ
အဲ့သည့် frame တခုလုံးရဲ့ 2% or 3% မှာ ပါကောင်းပါရဲ့လေ ဆိုတာကို ယုံစားမိလို့ .. ပျက်ရတဲ့ပုံပါခည..

၁၂။ နူးညံ့အိစက်တဲ့ ပွင့်ချပ်တွေ ရှေ့ထား ..ထိုးထိုးထောင်ထောင်နဲ့ ရင့်ရော်ကြမ်းကြုတ်တဲ့ … အခက်တွေ အုံတွေကို နောက်ထားပြီး တချက် ကလစ်ကြည့်ယုံ။

၁၃။ တခါတရံတော့ တြိဂံ ပုံ အချိုးက အလုပ်ဖြစ်သဗျ….. Primary light source ရယ်… ကင်မလာရယ် ..ဆပ္ပဂျက် ရယ် ကို … လိုင်းဆွဲကြည့်လို့ …တြိဂံ ပုံ ဖြစ်နေတာကို ပြောပါတယ်…။

၁၄။ ဒါက ကျနော် အတော်နှစ်သက်တဲ့ ပုံ ဖြစ်ပါတယ်..။ ထုံးစံအတိုင်း low angle တခုပေါ့.။

၁၅။ Aperture ပိုကျယ် ပစ်ခဲ့သင့်တာ … စိတ်မရှည်တာရဲ့ .. ရလာဒ် တခုပါပဲ..။

၁၆။ ဘာမှ အထွေအထူး ပြောစရာမရှိ.. မြင်သလို ရိုက်ဖြစ်ခဲ့တဲ့ပုံ တပုံပါဗျာ..။
တော်သေးဘီ
11 comments
alinsett (gazette)
March 13, 2014 at 11:43 am
ကြည့်မဝ
😆
Ma Ei
March 13, 2014 at 11:55 am
ဘာတွေက ဘယ်လိုပါ ဆိုတာ သိဘူး
ပန်းကလေးတွေ လှနေတာဘဲသိတယ်…
🙂
sorrow
March 13, 2014 at 12:01 pm
သစ်ခွတွေရိုက်ရတာ အရမ်း challenge ဖြစ်တာပဲလို့ ဆြာလေး ပြောဖူးသလားလို့ … 100 % ထောက်ခံပါတယ်ဗျ ..တယ်မလွယ်မယ့်ပုံ
surmi
March 13, 2014 at 12:31 pm
တချို့ပုံထဲကဟာတွေ အပြင်မှာကြည့်ရင် ဘာမှထူးမယ်မထင်
သို့သော်
ဓတ်ဆြာ လက်ထဲရောက်ကာမှ
ကြည့်မဝ ။ ငေးမဝ ။
အိုဘယ့် ဓတ်ပုံပညာ 🙂
snow smile
March 13, 2014 at 12:41 pm
ပန်း လေး တွေ က ပို လှ နေ သ လို
kai
March 13, 2014 at 1:21 pm
ပြီးခဲ့လ သတင်းစာမှာသစ်ခွသမားနဲ့ အင်တာဗျူးပါတယ်လေ..။

အဲဒီသူကတော့.. သစ်ခွကို အမဲရောင်ခံရိုက်ထားတယ်..။
မေးကြည့်တော့.. အဲလိုပဲလို့ဆိုတာပဲ..။
အဘရဟူဒီ
March 13, 2014 at 1:55 pm
ဆိုင်ယမ်မိစ့် နဲ့ ရှင်ငပိုးရီးရန်း အေရင်သီယာတွေချည်း စုရိုက်ချင်သေးရဲ့ဗျာ
ဘားမန်းပြည် ဝယ် ဖြစ်သင့်သလောက်ဖြစ်မလာလို့ အသီးယားဇာကောင်းတဲ့ထဲ.
ပန်းပင် နဲ့ အလှမွေးငါးလောက လည်းပါသဗျာ.
kyeemite
March 13, 2014 at 4:18 pm
ဘဘကတော့ ဘာမှမီပြောတတ်ပါဝူးကွယ်..ညက်မှန်ချွတ်ကျိတော့ ဝါးတားတားဖစ်နေတာပဲ 😀
TNA
March 13, 2014 at 5:20 pm
လှလိုက်တာအေ။ ကလောဖက်မယ်နေတုန်းကတော့ တောထဲဝင်လိုက်ရင် အိုက်လိုသစ်ခွတွေ အပင်ပေါ်မယ် ပွလို့။ ခုတော့ ရှိတော့ဘူးအေရယ် 😥
မိုး မင်းသား
March 13, 2014 at 5:51 pm
ဘယ်သူတွေဘာပြောပြောကျွန်တော်ကတော ့ယောကျင်္ားတန်မဲ ့
သစ်ခွလေးကိုတော ့ချစ်တယ်ဗျာ
ကျွန်တော် ့ကောင်မလေးနာမည်ကသစ်ခွတဲ ့
ဘရန်းဒက် ကေဇီ
March 14, 2014 at 11:14 am
စာတွေမဖတ်ဘူးးး
မမှီလို့။
ပုံတွေကိုပဲ ကြည့်သွားတယ်။
😀