မရေမရာ
လက်တွဲချိတ်ဆက်ဖြုတ်ခဲ့ ပြီး..
နောက်ပြန်တော့လှည့်ကြည့်မိသေးတာ.
အာဟာရ က ပြတ်တောက်လု နီးနီးမှာ…
်လမ်းဘေးဆိုင်လေး ခနငေးပြီး..
ပြန်လှည့်ထွက်မိခဲ့ ပြန်သေးတယ်.. ၊
ဖတ်မလို့ဆိုပြီး..ခေါက်မှတ်ထားတဲ့
စာအုပ်ထဲက စာမျက်နှာ …
မဖတ်တော့ပေမဲ့.. စာမျက်နှာနံပါတ်တော့..
မှတ်မိသေးတာရယ်…. ၊
ဒီညတော့..
စောစောအိပ်မယ်ပေါ့ …
ရုပ်ရှင်ကားကောင်းကောင်း…
ကော်ဖီမွှေးမွှေး မခါးတခါးလေးရယ်..
ညက အမှောင်တွေ ပိုရင့်လာတဲ့အထိ…
ကြယ်ကြွေတွေနဲ့ အတူ.. ရင်တွေတောင်ခုန်မိတယ်…၊
လူငယ်တွေက ကိုယ်ပိုင်တွေးခေါ်မှု
အားနည်းတယ်တဲ့…
ပြောတာကိုပဲသိပြီး..ကြို မမြင်တတ်တဲ့..ငါ က…
ညစ်နွမ်းပြီး… သုံးမရတဲ့…
လူအိုကြီး..တစ်ယောက်ပေါ့…
ခက်ပါတယ်..
ကြီးတာနဲ့ ငယ်တာကို.
ဘာနဲ့ ခွဲခြားကြပါလိမ့်…..၊
ယုံချင်ယုံ မယုံချင်နေ…
ပုံပြင်တစ်ပုဒ် ပြီးတာနဲ့…
အိပ်ပျော်သွားဖို့ ကို ငါ မျှော်လင့်ခဲ့တာပေါ့..
နံနက်မိုးသောက်တဲ့ အထိ..
ငါ ညကို အလွတ်မပေး.. ငတ်မွတ်နေခဲ့မိပြန်တယ်ကွယ်….
ခက်တယ်…ခက်တယ်..
မိမိ၇ရ တိတိကျကျ..
ဘာဆိုဘာမှ မရှိ ဘာမှကိုမသိတာ…ငါ.. …
မျက်စိကို အတင်းမှိတ် ဇွတ်အိပ်လိုက်တော့..
ငါ့အတွက်……
အင်း……..
အိမ်မက်က
သိပ်ကို လက်တွေ့ ဆန်နေသေးတာရယ်..
3 comments
alinsett (gazette)
March 24, 2014 at 5:22 pm
ကဗျာရဲ ့ အဆုံးသတ်စာကြောင်းလေးကို တော်တော် သဘောကျမိတယ် ။
kyeemite
March 25, 2014 at 3:45 pm
ကျုပ်ကတော့ ကဗျာမရေးတတ်ဘူးဗျ…ဒါပေမဲ့ သူများရေးတာတော့ အားပေးတတ်ပါတယ်..
kai
March 25, 2014 at 4:00 pm
အိပ်မက်ကလက်တွေ့တွေဆန်
Fact တွေက Fictionတွေဖြစ်
ညစ်တဲ့လောကသစ်ပေါ့လေ…။