Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နှင်းကေသရာချစ်တဲ့ သူရဲကောင်း ချက်တဲ့ – KZ’s ထမင်းဆိုင်

ဇီဇီMarch 31, 20142min111739

အီဖြစ်က မီနှစ်ကနဲ့ မီတူလော့ပါဘူး ပိတ်သတ်ကြီးရယ်။

ကျုပ်က နှင်းကေသရာလေးကို စားဖိုမှူးအဖြစ် လာမလားလို့ မေးတော့ သူ့ သူရဲကောင်းကြီးနဲ့ တိုင်ပင်ပြီး လာချက်ပါ့မယ်ပြောကရော။
အဲ! သူတို့ ဟင်းက ဖက်စပ်ချက်ကြတာကိုးဗျ။  :mrgreenn:

အဲ နောက်တော့ အဲ ဒီ သူရဲကောင်းကြီး အံဆုံးပေါက်တော့ (ခွိ ဂဇက် လိ(ခ)ကွ ဘာတတ်နိုင်သေးတုန်းးးး :mrgreenn: ) အဲလာ အကြောင်းပြပြီး နှင်းကလေးကို ဂျီဂျောင်ကြတယ် ထင်ပါတယ်။
ကျုပ်က ဒီဘက်က ဟင်းစပ်တွေ တဒီဒီတောင်းးးး၊ ဟိုဘက်က လူမမာက တဒီဒီ ဂျီကျတဲ့ ကြားက နှင်း က သူချက်တဲ့ ဟင်းတွေ အကြောင်း ရေးပြီး သူရဲကောင်းကြီး ချက်တဲ့ ဟင်းကို ရေးပေးဖို့ စောင့်ရတာပေါ့ဗျာ။

ဖြစ်ပုံများးးး သူရဲကောင်းကြီးတို့ ကိုယ်တိုင်တောင် မရေးတော့ဘူးးး အော်ပေးသမျှ လိုက်ရေးပေးမဲ့ သူရတော့ (နောက် လိ(ခ) တစ်ခု၊ ညင်းညင်းညင်းးးး :mrgreenn: ) နှင်းက သူတိုင်သလောက်ရေးပေးရ သတဲ့။

ဒါကို “ဟင်းတွေက အိမ်ချက် သမရိုးကျတွေမို့ ထူးခြားတာပဲ ရေးတဲ့..ကျန်တာတွေ မရေးနဲ့ဆိုလို့” (၃) မျိုး (၃) ရက်စာပဲ ရခဲ့ပါတယ် ပိတ်သတ်ကြီးရယ်။
ကျန်ရက်ကဟင်းစပ်တွေထဲက သိချင်တာရှိရင် ကော်မန့်မှာမေးကြပါ။

ဒါကိုကို နှင်းကို ခေါင်းစဉ်တပ်တာ အသေးစိတ်လို့ ဆူသေးသတဲ့။ (တတိယ လိ(ခ) :mrgreenn: )

ကဲပါလေ။ သူများ အကြောင်း ဖွလို့ (အဲလေ) ပြောလို့ ဝပြီဆိုတော့ ဟင်းစပ်တွေ ဆီ သွားကြတာပေါ့။ ခိခိခိ။ လာဆူရင် အဲဒါကိုပါ ဂဇက် လိ(ခ) ထဲ ပြန်ရေးမယ်။   :mrgreenn:

 

 

 

(၁) ပုစွန်ထုပ် ဆီပြန်၊ ခရမ်းချဉ်သီး တောငါးပိချက်၊ တို့စရာ - ဥနီ၊ဘိုစားပဲ၊ပဲရွက်၊ ဂေါ်ဖီဟင်းခါး
(၁) ပုစွန်ထုပ် ဆီပြန်၊ ခရမ်းချဉ်သီး တောငါးပိချက်၊ တို့စရာ – ဥနီ၊ဘိုစားပဲ၊ပဲရွက်၊ ဂေါ်ဖီဟင်းခါး

 

(၂) ငါးဘတ်မွှေ စပါးလင်အုပ်ချက်၊ ပဲရွက်ပဲငါးပိကြော်ချက်၊ ဝက်ရိုးအဖြူထည်စွပ်၊ ငါးကွမ်းရှပ်ထောင်းကြော်(ရယ်ဒီမိတ်) တကယ်တော့ ငါးဘတ်မွှေဆိုတာ ချက်ရတာ ဟောင်ကောင်မှာ အလွယ်ဆုံးဖြစ်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဈေးထဲက ကုန်စုံဆိုင်တွေမှာ ဗီယက်နမ်ကလာတဲ့ အေးခဲပြီး Cat fish ငါးအသားလွှာတွေဆိုတာ ဗမာလို ငါးဘတ်ဖြစ်နေလို့ပါ။ တကယ်တမ်းတော့ Cat fish ဆိုရင် ငါးခူဖြစ်ရမှာ ခင်ဗျ။ အဲ့သည့် အရေပြားမပါ၊ အရိုးမပါတဲ့ ငါးအသားလွှာတွေကို ရေခဲလုံးဝပျော်အောင်ထား၊ ပြီးမှ အိုးတစ်လုံးထဲ ဂျင်းလက်တစ်ဆစ်လောက် ထုထောင်းထားတာရယ်၊ စပါးလင် အဖျားပိုင်းလေးကို ထုံးထားတာရယ်၊ နနွင်းရယ်၊ ငံပြာရည်ရယ်နဲ့ မီးအေးအေးထားပြီး ပြုတ်လိုက်ပါတယ်။ နည်းနည်းဆူလာမှ ယောက်မတစ်ချောင်းနဲ့ ငါးတွေကို ကြေအောင် ချေပစ်လိုက်တာပေါ့ခင်ဗျာ။ ရေခန်းသွားရင် အိုးချ၊ ကြက်သွန်အနီ၊အဖြူ ၊နုပ်နုပ်စင်းထားတဲ့ စပါးလင်အရင်းပိုင်း၊ ဟင်းချက်ငရုတ်သီးမှုန့်တွေကို ဘလန်ဒါထဲ ကြေညက်သွားအောင်ချေ ၊ ဆီများများနဲ့ ဆီသတ်လိုက်တာပေါ့။ အနံ့မွှေးလာရင် ချေထားတဲ့ ငရုတ်သီးစိမ်း ၃တောင့်လောက်ထည့်၊ ချေထားတဲ့ ငါးတွေထည့်ပြီး ဆီပြန်ရင် စားလို့ရပါပြီခင်ဗျာ။
(၂) ငါးဘတ်မွှေ စပါးလင်အုပ်ချက်၊ ပဲရွက်ပဲငါးပိကြော်ချက်၊ ဝက်ရိုးအဖြူထည်စွပ်၊ ငါးကွမ်းရှပ်ထောင်းကြော်(ရယ်ဒီမိတ်)တကယ်တော့ ငါးဘတ်မွှေဆိုတာ ချက်ရတာ ဟောင်ကောင်မှာ အလွယ်ဆုံးဖြစ်မယ် ထင်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ဈေးထဲက ကုန်စုံဆိုင်တွေမှာ ဗီယက်နမ်ကလာတဲ့ အေးခဲပြီး Cat fish ငါးအသားလွှာတွေဆိုတာ ဗမာလို ငါးဘတ်ဖြစ်နေလို့ပါ။
တကယ်တမ်းတော့ Cat fish ဆိုရင် ငါးခူဖြစ်ရမှာ ခင်ဗျ။
အဲ့သည့် အရေပြားမပါ၊ အရိုးမပါတဲ့ ငါးအသားလွှာတွေကို ရေခဲလုံးဝပျော်အောင်ထား၊ ပြီးမှ အိုးတစ်လုံးထဲ ဂျင်းလက်တစ်ဆစ်လောက် ထုထောင်းထားတာရယ်၊ စပါးလင် အဖျားပိုင်းလေးကို ထုံးထားတာရယ်၊ နနွင်းရယ်၊ ငံပြာရည်ရယ်နဲ့ မီးအေးအေးထားပြီး ပြုတ်လိုက်ပါတယ်။ နည်းနည်းဆူလာမှ ယောက်မတစ်ချောင်းနဲ့ ငါးတွေကို ကြေအောင် ချေပစ်လိုက်တာပေါ့ခင်ဗျာ။
ရေခန်းသွားရင် အိုးချ၊ ကြက်သွန်အနီ၊အဖြူ ၊နုပ်နုပ်စင်းထားတဲ့ စပါးလင်အရင်းပိုင်း၊ ဟင်းချက်ငရုတ်သီးမှုန့်တွေကို ဘလန်ဒါထဲ ကြေညက်သွားအောင်ချေ ၊ ဆီများများနဲ့ ဆီသတ်လိုက်တာပေါ့။
အနံ့မွှေးလာရင် ချေထားတဲ့ ငရုတ်သီးစိမ်း ၃တောင့်လောက်ထည့်၊ ချေထားတဲ့ ငါးတွေထည့်ပြီး ဆီပြန်ရင် စားလို့ရပါပြီခင်ဗျာ။ 

 

(၃) ကြက်သားလုံးငရုတ်ပွ ချဉ်စပ်၊ မှိုကြက်ဥကော်ရည်စွပ်
(၃) ကြက်သားလုံးငရုတ်ပွ ချဉ်စပ်၊ မှိုကြက်ဥကော်ရည်စွပ်

 

 (၄) ငါးကွမ်းရှပ် ချဉ်စပ်မဆလာ၊ ဥနီဥစိမ်းကြက်ဥကြော်

(၄) ငါးကွမ်းရှပ် ချဉ်စပ်မဆလာ၊ ဥနီဥစိမ်းကြက်ဥကြော်
.ငါးကွမ်းရှပ်ကို မြန်မာနိုင်ငံမှာ ငါးခြောက်ကလွဲရင် အစိမ်းစားခဲကြပါတယ်။ ယိုးဒယားလို နိုင်ငံမျိုးတောင်မှ ငါးကွမ်းရှပ်ကို ခဲပြားနဲ့ပတ်ပြီး ကင်စားတာကလွဲရင် အခြားနည်းနဲ့ အတော်စားခဲပါတယ်ခင်ဗျ။
ကျောက်စ်ရဲ့နည်းကတော့ Middle-East မှာနေတုန်းက ဒရိုင်ဘာကတော် တမီးကုလားမကြီး သင်ပေးတဲ့နည်းပါ။
သူ့နည်းက လွယ်လည်းလွယ်ပြီး ရှင်းလည်းရှင်းပါတယ်။
ငါးကွမ်းရှပ်ကို ခေါင်းဖြတ်၊ ဗိုက်ဖောက်သန့်စင်ပြီး အတုံလေးတွေ တုံးလိုက်ပါ။
ပြီးရင် ငါးမဆလာ၊ဆားနဲ့နယ်ပြီး နှပ်ထားပါ။ နာရီဝက်လောက်နေမှ ကြက်သွန်ဖြူ ၊နီ၊ဂျင်း၊ပျင်းတော်သိမ်၊ငရုတ်သီးစိမ်း၊ဟင်းချက်မှုန့်၊ဆနွင်း တို့ကို ဆီသတ်ပါတယ်။ အနံ့မွှေးလာရင် မန်ကျည်းရည် နဲ့ အုန်းနို့နည်းနည်း ထည့်ပါတယ်။
ပြီးမှ ဟင်းရည်ဆူလာရင် နှပ်ထားတဲ့ငါးတွေနဲ့ ခရမ်းချဉ်သီးလေးစိတ်ကွဲကို ထည့်ပြီး အရသာ အပေါ့အငန်မြည်း အသင့်စားသုံးရုံပါပဲ ခင်ဗျာ။
တစ်ခု သတိထားဖို့က ဟင်းရည် မဆူခင် ငါးလုံးဝ မထည့်ပါနဲ့။
အလွန်ညှီပါလိမ့်မယ် ခင်ဗျား။
မန်ကျည်းမှည့်နေရာမှာ ချဉ်စော်ကားသီးသုံးရင်လည်း ရသလို ကျောက်စ်ကတော့ အိန္ဒိယတောင်ပိုင်းသားတွေ သုံးတဲ့ ဂေါ်ရကာ( Goraka ) ဆိုတဲ့ အချဉ်သီးနဲ့ ချက်ထားတာပါ ခင်ဗျား။
ဥနီကို အခွံခြစ်၊ရေဆေး မထူးမပါး အချောင်းလေးတွေ လှီးပါ။
ဥစိမ်းကိုလည်း အလားတူလှီးပါ။
ဥစိမ်းကတော့ ဥဖြူလို နည်းနည်းစပ်တဲ့အရသာရှိလို့ လှီးပြီးအချောင်းလေးတွေကို ဆားရည် ခဏစိမ်ပေးရပါမယ်။
ပြီးရင် ဆားရည်ပျောက်ရန် ရေထပ်ဆေးပါ။
ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာ ထည့်ဆီသတ်၊ ဥဖြူချောင်းထည့် ခဏမွှေပါ။
ခဏနေမှ ဥနီထည့် ဆား၊အရသာမှုန့်၊ခရုဆီတို့ကိုထည့်ပါ။
နည်းနည်းနွမ်းပြီဆို ကြက်ဥဖောက် အုပ်ထည့်ရင် ဥစိမ်းကလည်း ချို၊ဥနီကလည်း ချိုနဲ့ အစိမ်းကြော် အချိုတစ်ခွက်ရပါပြီ။

 

(၅) စောမို လက်ဖက်ထမင်းနယ်၊ ဝက်အူချို ၊လျှာချက်၊ မျစ်ချဉ်ပေါင်ကြော်၊ ဘရိုကိုလီကြက်ဥဟင်းချို
(၅) စောမို လက်ဖက်ထမင်းနယ်၊ ဝက်အူချို ၊လျှာချက်၊ မျစ်ချဉ်ပေါင်ကြော်၊ ဘရိုကိုလီကြက်ဥဟင်းချို

 

 (၆) ဆတ်သားခြောက်ဆီဆမ်း၊ ကြက်ဥသီးစုံပဲကုလားဟင်း၊ ရှမ်းချဉ်ပဲငါးပိအချိုကြော်၊ ငရုတ်ခွဲကြမ်းဆီစိမ်

(၆) ဆတ်သားခြောက်ဆီဆမ်း၊ ကြက်ဥသီးစုံပဲကုလားဟင်း၊ ရှမ်းချဉ်ပဲငါးပိအချိုကြော်၊ ငရုတ်ခွဲကြမ်းဆီစိမ်

 

 (၇) ယောက်သွားပင်စိမ်းဟင်း၊ ဝက်သားဖက်ထုပ်ရေညှိဟင်းချို ၊ ပန်းပွင့်ကြက်ဥကြော်  ခရု၊ယောက်သွား၊ဂုံး မျိုးကွဲတွေသာ လိုက်ရည်နေရရင် ဆုံးနိုင်ဖွယ် မမြင်ပါခင်ဗျ။  ယောက်သွားကို များသောအားဖြင့်ကတော့ ဟင်းရည်ထဲမှာ အချိုဓာတ်ရအောင် ထည့်ချက်ပါတယ်။  ယိုးဒယားတွေကတော့ ယောက်သွားအစိမ်းကို ပင်စိမ်းရွက်နဲ့ပြုတ်ပြီး အချဉ်နဲ့ တို့စားပါတယ်။  အဲ့သည်လိုပဲ အခွံမပါတဲ့ ယောက်သွားကို ပင်စိမ်းရွက်၊ငရုတ်သီးစိမ်း၊ငရုတ်ကောင်းစေ့ အစိမ်းနိုင်နိုင်နဲ့ ပူပူစပ်စပ် ချက်စားသေးတယ် ခင်ဗျ။  ကျောက်စ်ကတော့ အခွံခွာရတာလည်း အလုပ်ရှုပ်၊ ခွာပြီးသားလည်း အသင့်တွေ့တာမို့ ဝယ်ပြီးချက်စားပါတယ်။  တစ်ခုရှိတာက ယောက်သွားကြားထဲမှာ ရေမှော်ဖတ်တွေ မစင်ရင် ဗိုက်နာတတ်တာမို့ သန့်စင်ပြီး ရေစစ်ထားပါ။ ပါးပါးလှီးထားတဲ့ Spring Onion၊ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းရွက်တွေကို ဆီသတ်ပါ။  နည်းနည်းနွမ်းပြီး အနံ့မွှေးလာရင် ဟင်းချက်မှုန့် ထည့်ပါ။  ပြီးမှ ယောက်သွား၊ ခရုဆီ၊ ပဲငံပြာရည်၊ ငံပြာရည်၊ သကြား တစ်ပြိုင်ထဲ ထည့်ပြီး မွှေပေးပါ။  အချိုမှုန့်မပါ၊ အသားမှုန့်မပါ၊ ဟင်းချက်မှုန့် မပါပေမယ့် အလွန်အရသာရှိတဲ့ ယောက်သွားဟင်းတစ်ခွက် ရပါလိမ့်မယ်။

(၇) ယောက်သွားပင်စိမ်းဟင်း၊ ဝက်သားဖက်ထုပ်ရေညှိဟင်းချို ၊ ပန်းပွင့်ကြက်ဥကြော်
ခရု၊ယောက်သွား၊ဂုံး မျိုးကွဲတွေသာ လိုက်ရည်နေရရင် ဆုံးနိုင်ဖွယ် မမြင်ပါခင်ဗျ။
ယောက်သွားကို များသောအားဖြင့်ကတော့ ဟင်းရည်ထဲမှာ အချိုဓာတ်ရအောင် ထည့်ချက်ပါတယ်။
ယိုးဒယားတွေကတော့ ယောက်သွားအစိမ်းကို ပင်စိမ်းရွက်နဲ့ပြုတ်ပြီး အချဉ်နဲ့ တို့စားပါတယ်။
အဲ့သည်လိုပဲ အခွံမပါတဲ့ ယောက်သွားကို ပင်စိမ်းရွက်၊ငရုတ်သီးစိမ်း၊ငရုတ်ကောင်းစေ့ အစိမ်းနိုင်နိုင်နဲ့ ပူပူစပ်စပ် ချက်စားသေးတယ် ခင်ဗျ။
ကျောက်စ်ကတော့ အခွံခွာရတာလည်း အလုပ်ရှုပ်၊ ခွာပြီးသားလည်း အသင့်တွေ့တာမို့ ဝယ်ပြီးချက်စားပါတယ်။
တစ်ခုရှိတာက ယောက်သွားကြားထဲမှာ ရေမှော်ဖတ်တွေ မစင်ရင် ဗိုက်နာတတ်တာမို့ သန့်စင်ပြီး ရေစစ်ထားပါ။
ပါးပါးလှီးထားတဲ့ Spring Onion၊ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းရွက်တွေကို ဆီသတ်ပါ။
နည်းနည်းနွမ်းပြီး အနံ့မွှေးလာရင် အရောင်တင်မှုန့်ထည့်ပါ။
ပြီးမှ ယောက်သွား၊ ခရုဆီ၊ ပဲငံပြာရည်၊ ငံပြာရည်၊ သကြား တစ်ပြိုင်ထဲ ထည့်ပြီး မွှေပေးပါ။
အချိုမှုန့်မပါ၊ အသားမှုန့်မပါ၊ ဟင်းချက်မှုန့် မပါပေမယ့် အလွန်အရသာရှိတဲ့ ယောက်သွားဟင်းတစ်ခွက် ရပါလိမ့်မယ်။

 

နောက်တစ်ပတ် ဗော်လန်တီယာ စားဖိုမှူးလေး တစ်ယောက်လောက် လိုချင် ထာ…………!

 

:s:

 

 

 

 

39 comments

  • ဦးကျောက်ခဲ

    March 31, 2014 at 9:13 am

    တိန်… ကျောက်စ်ကတော်တို့များစိတ်ချရချက်…
    သူ့ကိုပြောသမျှ အကုန်လုံး မိဇာဂျီးကို လိခ်တော်မူတော့ ကိုကိုကျောက်စ် တေဘီပေါ့…
    စနိုဒန်နှင်း ကို အိမ်ပြန်ရောက်မှ ဇက်ကြောဆွဲပေးပြီး ဆုံးမရမယ်… ခွိ
    ဖြေပေးပါ့မယ် ဂဇက်ပိတ်သတ်ကြီး….. သိလိုသည်များ မေးတော်မူကြပါ ခီညာ…
    (အဲ… လိခ်အကြောင်းမဟုတ် ၊ ဟင်းအကြောင်း… ဟင်းအကြောင်း…)
    😀

    • ရဲရဲတောက် ကေဇီ

      March 31, 2014 at 9:19 am

      ခင်ညားကို ကျုပ် မနာလိုဖစ်နေတာ ကိုကိုကျောက်ရဲ့။
      ဘယ်နဲ့…….
      ကျုပ်တို့မှာ စိတ်ထဲရှိတဲ့ ပို့(စ) တွေ လက်က မရေးနိုင်လောက်အောင် အပျင်းထူ (အဲလေ) အလုပ်များနေချိန်မှာ ……………..
      ခင်ညား ဇနီးချောလေးက ရေးတယ်၊ စာလုံးပေါင်းပါစစ်ပေးတယ်ဆိုတော့ အညင်ကပ်ပုဒ်မနဲ့ လိ(ခ) ရတာပါ ခင်ညာ!! :mrgreenn:

      ခိခိ။
      သိပြီးသား ဟင်းချက်နည်းတိုင်းမှာ ချက်တဲ့သူပေါ်မူတည်ပြီး ကွဲပြားတဲ့ အချက်တွေရှိပါတယ် ကိုကြီးကျောက်။
      အဲတော့ ကျန်တဲ့ ၄ ရက်အတွက်ပါ ရေးပေး (အဲလေ) တိုင်ပေးပါ။ :mrgreenn:

      ခုခိ ခုခိ။

      😀

    • ကထူးဆန်း

      March 31, 2014 at 10:58 pm

      ဟုတ်ကဲ့ခင်ဗျ ။။။။ သိလိုတာ မေးခွင့်ပြုပါ ခင်ဗျာ ….
      ဟိုလေ .. ဟို ….
      ထမင်း ထည့်တာ ကလေ …ဟို … ဟို..
      အသားအရောင်ပေါ်မှုတည်ပြီး
      ထည့်ကြွေး (စား) ရတာလား ခင်ဗျ …..
      ကျေးဇူးတင်ပါတယ် ခင်ဗျ ။ ။
      :mrgreen: :harr:

      • kyeemite

        April 1, 2014 at 10:38 am

        အဲ့..ကိစ္စကိုကျုပ်လည်း ဖွဘုတ်တော်ကြီးမှာမြင်ကတည်းက ပြောသေးတယ်ဗျ…ကထူးဆန်းရ
        ခိခိ..ပြောအရဘူး.. 😀
        အင်း…ကျောက်စ်ပျံလာရင်တော့ စားရချည်သေး…

      • ရဲရဲတောက် ကေဇီ

        April 1, 2014 at 10:43 am

        အွန်။
        ကျန်းးးး
        ဒီလူဂျီးတွေ ကျောက်(စ) ကို ပြောနေကြတယ်။

        နေနဲ့လ
        ယင် နဲ့ ယန်
        အဖြူ နဲ့ အမည်း

        အဲလို တွဲရတယ် ဟုတ်ဘူးလားးးး
        ခွိခွိ

        :kwi:

      • ဦးကျောက်ခဲ

        April 1, 2014 at 3:09 pm

        အာဟင့်… စီဂျေကြီး ကလည်း မေးပြန်ပြီဆိုတော့ ရှင်းမှဖြစ်တော့မယ်…

        ဒီလိုပါ ခီညာ…
        ဟောင်ကောင်ကို ရောက်စ Ikea ကနေ အနက်ရောင် ပန်းကန်အစုံဝယ်ပါတယ်…။ အိမ်ထောင်ကျမယ်လည်းမထင်ထားခဲ့တာမို့ လက်တွေ့ရာဝယ်လိုက်တာပါ…။ နောက်ပိုင်း… ပန်းကန်အကြီး နှစ်ချပ်က ဘာမှမဖြစ်ပေမည့်… အသေး တစ်ချပ်က ဘက်ပဲ့သွားပါတယ်… ။ တစ်ယောက်တည်းဆိုတော့ ကိစ္စမရှိ…။

        အခု အိမ်ထောင်ကျပြီဆိုမှ မဒမ်အတွက် လိုက်ရှာတာ မျိုးတူက ဝယ်မရဘူး…။ နောက်ပြီး မဒမ်က… ကျောက်စ်ငမဲကို ယူပြီးပြီမို့ ပန်းကန်အနက်နဲ့ မစားချင်ပါဘူးတဲ့…။ အသစ်ဝယ်ရအောင်ပါဆိုတော့လည်း အိမ်မှာအများကြီးတဲ့…။

        ဆိုတော့… ဆိုတော့…
        ဒီတစ်ခါ ရွာကအပြန် ပန်းကန် သွေးတူရောင်တူ သယ်ခဲ့ပါမည် ဆိုတဲ့အကြောင်း…
        😀

  • Wow

    March 31, 2014 at 10:08 am

    ငါးကွမ်းရှပ်က ကောင်းမဲ့ပုံ… ဒါပေသိ အကောင်မပျက်ဆိုတော့ စားရဲဝူး… ငါးတန်တို့ ငါးမြင်းတို့တောင် အကောင်ကြီးတော့ အတော်ညှီတာ…. ကျောက်စ် အညှီပျောက်အောင် ချက်ထားပုံက စိတ်ဝင်စားစရာ :kwi:

    • ရဲရဲတောက် ကေဇီ

      April 1, 2014 at 10:44 am

      အညှီ မပျောက်စေနဲ့လေ။
      ယင် ဖို တောင် မသန်းပဲ နေရော့မယ်။

      :kwi:

      • Wow

        April 1, 2014 at 1:08 pm

        ယင်တလောင်းလောင်းနေမှာပေါ့လို့.. :mrgree:

    • ဦးကျောက်ခဲ

      April 1, 2014 at 3:13 pm

      တကယ်ပြောတာ ဝေါင်းရဲ့…
      အစက အတော်ညှီမယ်ထင်ထားတာ ၊ သူ့နည်းနဲ့ချက်တော့ မညှီတဲ့အပြင် အတော် အရသာရှိတယ်…။ ပင်လယ်ငါး မစားတဲ့ မိနှင်းတောင် တစ်ထိုင်ထဲ ၂တုံး ကုန်ပါတယ်…ဆို
      😀

  • ဦးကြောင်ကြီး

    March 31, 2014 at 10:21 am

    ဦးကျောက်စားဖိုမှူ း
    ဒူးထောက်ဂလိုတူး
    ရှုးပေါက်မစိုဘူး
    မူးနှောက်အပျုိုဖူး…။

    • ဦးကျောက်ခဲ

      April 1, 2014 at 3:14 pm

      ကျောက်စ် ရှူးပေါက်ရင်မစိုတာ ကိုရင်ကြောင် ဘယ်လိုသိ…
      😀

  • အာ့ကြောင့် ပြောပါတယ်..
    အူးလေးတို့နဲ့ လာနေချင်ပါတယ်လို့… ဟင်းလည်းချက်တတ်၊ ဟင်းကောင်းလည်းစားရ၊ တီနှင်းလည်း အဖော်ရ.. မကောင်းဝူးလားဟင်င်.. :mrgreen:

    • ဦးကြောင်ကြီး

      March 31, 2014 at 12:09 pm

      ဦးကျောက်တို့မျာ အိပ်ခန်းက တခန်းပဲရှိလာကွဲ့… မွန်လေးဘယ်မှာ သွာနေမီဒုံး.. ဧည့်ခန်းမှာလဲ ဦးကြောင်နေဒါ….။

    • ဦးကျောက်ခဲ

      April 1, 2014 at 3:17 pm

      ဖျား ဖျား… ဝမ်းမနာ သမီးတစ်ယောက် ကောက်ရမည့်ကိန်း… ဂိ
      😀

  • alinsett (gazette)

    March 31, 2014 at 1:29 pm

    တစ်ရှူးထုပ်လေး ပေးပါဦး
    ကြည့်ပြီး သွားရည်ကျသွားလို့

    ရှလွတ်

    😆

    • ဦးကျောက်ခဲ

      April 1, 2014 at 3:19 pm

      ကိုရင်လေး ဒညင်းဝက်…
      တစ်ရှူးနဲ့ချည်းသုပ်မနေနဲ့… အစားအသောက်နဲ့ဖျာရောင်းဖို့ ပြင်ညာယူပါ…
      😀

  • Crystalline

    March 31, 2014 at 2:15 pm

    ဦး‌ကျောက်‌တို့စင်‌‌ပေါ်ရာက်‌‌နေတာ…ခဲနဲ့‌ပေါက်‌ချင်‌စိတ်‌ဖြစ်‌မိတယ်‌… :mrgreenn:ဝိတ်‌‌လျော့‌တော့မယ်‌…. ဘာ..ဘာ..ဘားမှစားချင်‌‌တော့ဘူး…. :kwi:

    • ရဲရဲတောက် ကေဇီ

      March 31, 2014 at 3:18 pm

      ဒါကို သူက ဆူချင် ဟောက်ချင်သေးတာ။
      ကျောက် မက်နှာ တစ်ကျွန်းမှတ်ထင်လိုက်လာတဲ့ မိန်းမ လှလှဖြူဖြူလေးကို။

      ဟိ။
      :kwi:

    • ဦးကျောက်ခဲ

      April 1, 2014 at 3:22 pm

      သထိန်းမကြီးခွစ်က စိန်ခဲ မြခဲတွေနဲ့ ပေါက်မယ်ဆို ရပါတယ်ဗျ…
      အလဲ့… ဝိတ် လျော့ တော့ မယ်…. ဆိုပါလား… အာဟိ ခွိ ခွိ
      😀

  • Mr. MarGa

    March 31, 2014 at 2:25 pm

    ဖွဘုတ်မှာ တင်တုန်းကလဲ ဂလုစ် ဂလုစ် နဲ့ ဖြစ်ခဲ့ရဖူးပြီ
    ဒီမှာ ထပ်တွေ့လို့ ထပ်ဖြစ်ရင် ရိုင်းရာကျမယ်မို့……
    မျက်စိမှိတ် ဖတ်သွားဒယ်….. :mrgreen:

    • ဦးကျောက်ခဲ

      April 1, 2014 at 3:25 pm

      အဟမ်း… အဲဒါဆိုလည်း… ဂလုစ် ဂလုစ် တွေကို ဆု ထားလိုက် သဂျား…
      😀

      • Mr. MarGa

        April 2, 2014 at 4:34 pm

        လောလောဆယ် ကျအု ကျအုလို့ အော်ရမလို :mrgreen:

  • ကိုရင်စည်သူ

    March 31, 2014 at 2:43 pm

    私たちの村人長寿命、良い時間

    • ရဲရဲတောက် ကေဇီ

      March 31, 2014 at 3:06 pm

      နာ့ မောင်လေး ပျောက်နေတာ ကြာပါပေါ့လားးး
      ဥမကွဲ သိုက်မပျက်ပဲလားးး
      :mrgreenn:

      ဘာတွေ ပြောသွားတာတုန်း နားမလည်ဘူးတော့။
      :hint:

    • ဦးကျောက်ခဲ

      April 1, 2014 at 3:26 pm

      ကိုရင်စီသွပ်နှယ် ဘူးသီးငါးပေါင်းကြော် ပြောင်းရောင်းနေပြီကိုး… ဟိ
      😀

  • kotun winlatt

    March 31, 2014 at 2:52 pm

    ဟယ်……..အစုံပဲတော့…….ဂလု…ဂလု…..ဂွီ…ဂွီ…ဂေါ်……

    • ဦးကျောက်ခဲ

      April 1, 2014 at 3:32 pm

      ချစ်ဇနီးနဲ့ သမီးလေးကို ချက်ကျွေးဖို့ မှတ်သွားပါ ကိုရင်…
      😀

  • Foreign Resident

    March 31, 2014 at 3:07 pm

    အခုခေတ်ကြီးကတော့ ရှယ်ဘဲ ။
    တနေ့က Sydney က ဗမာဆိုင်သွားတယ် ။
    ငပိရည် ထင်မကဘူး ၊ တို့စရာ ဒညင်းသီး ဆားရည်စိမ် ၊ ကတက်ချဉ် ၊
    စတာတွေကိုပါ မြန်မာပြည်ကနေ စည်သွပ်ပြီးတောင် ပို့နေကြပြီ ။
    စားကြည့်တော့လဲ အရသာ မဆိုးဘူး ၊ ကောင်းတယ် ။

    ဆိုင်မှာ ဒန့်ဒလွန်သီး ချဉ်ရည်ပါ ရောင်းတယ် ။
    စဉ်းစားလို့ မရဘူး ၊ ဩဇီမှာ ဒန့်ဒလွန်သီး ဘယ်က ရတယ်မသိ ။
    ခေတ်ကြီးက အကုန် ရ နေပြီ ၊ ဝယ်ဖို့ ပိုက်ပိုက် ရှိဖို့ဘဲ လိုတော့တယ် ။
    ( ခက်တာက ကိုယ့်မှာ ပါးရှားတာကလည်း အဲဒီ ပိုက်ပိုက် ဘဲ )

    လောလောဆယ်တော့ ၂ ရက် ဆက်တိုက် ငပိရည် နှင့် ဒညင်းသီး ၊ ကတက်ချဉ် ၊
    ဆွဲလိုက်တာ ၊ အခု နဲနဲ သွေးတက်ချင်သလို ဖြစ်နေတယ် ။

    • ရဲရဲတောက် ကေဇီ

      March 31, 2014 at 3:16 pm

      ဟုတ်တယ်။
      ကဘာဂျီး ဟာ ရွာကြီးတစ်ရွာဖြစ်လာတော့မယ် ဆိုတာ တဖြေးဖြေးထင်ရှားလာပြီ။
      😀

      အမှန်တော့ ယိုးဒယား ငပိရည်က ပိုကောင်းတယ်။
      သွေးမတက်ဘူးးး ဘာလို့တုန်းတော့ မသိ။ 🙄
      ကျနော် ယှဉ်စားပြီးပြီ။။

    • ဦးကျောက်ခဲ

      April 1, 2014 at 3:39 pm

      အဘတို့ကျွန်းကြီးက ကျောက်စ်တို့ ကျွန်းသေးထက် စုံသဗျ…
      Asian Grocery ကို ကျောက်စ်နှမ ခေါ်လို့လိုက်သွားတာ… ထူးထွေသည့်အံ့ရာ…
      ငပိရည် ၊ ဒညင်းသီးဆားရည်စိမ် ၊ ချဉ်ပေါင်ရွက်ကနေ ကိုင်းဥတွေအထိ တွေ့ခဲ့ရတယ်…
      ယောက်ဖတော်က သူ့ဇနီး ကျောက်စ်နှမကို ငပိရည်ပုလင်းတွေက Expire ဖြစ်နေပြီတဲ့…
      ဟီ ဟိ… ရယ်ချင်ပက်ကျိ
      😀

  • black chaw

    April 1, 2014 at 12:23 pm

    ဗိုက်ဆာတိုင်း FB ပေါ်မှာ
    ကျောက်စ် ကတော် တင်ထားတဲ့
    ဟင်းလျာတွေကိုကြည့်ကြည့်ပြီး
    အဆာဖြေ နေရတဲ့ သူပါကွယ်…။
    😀

    • ဦးကျောက်ခဲ

      April 1, 2014 at 3:42 pm

      ကျန်း… ကိုကြီးဘလက်ကို အမကြီးမအိမ်စိုးမေနဲ့ တိုင်ပြောမယ်…
      ဒီလူကြီးကို ဟင်းချက်မကျွေးပါနဲ့လို့… ဟီ ဟိ
      😀

  • kai

    April 1, 2014 at 3:48 pm

    ယူအက်စ်ကိုတော့..ငါးပိ..ငါးခြောက်..လဖက်.. အပြင်.. ပေါ်ဆန်းမွှေးပါ.. အင်ပို့..ကွန်တိန်နာတွေနဲ့ဝင်လာသမို့.. အယ်လ်အေကလူတွေ.. ဈေးရောင်းဈေးဝယ်.. အလုပ်ဖြစ်နေကြသဗျ..
    ပြောရရင်တော့..ဆန်က.ပေါင်၂ဝကို ၂၂ဒေါ်လှမို့.. တော်တော့်ကိုဈေးကြီးတဲ့အမျိုးအစားထဲပါနေကြောင်း… လိခ်လိုက်ရင်း…

    ဒီလောက်ဖွယ်ဖွယ်ရာရာ.. ကျွေးတတ်/စားတတ်ကြတဲ့.. ဇနီးမောင်နှံ… “၀”ကြပါစေကြောင်း.. ဆုမွန်ပို့ပေးရင်း…

    ကျုပ်ကတော့..ညကြီးမနက် ဗိုက်ဆာလာသမို့.. ကော်စကိုက ဝယ်လာတဲ့အရွက်ထုတ်..ငပိရည်ဒရက်စင်လုပ်.. အုပ်လိုက်ဦးမယ်ဖြစ်ကြောင်း… :mrgreen:

  • Hnin Hnin

    April 1, 2014 at 7:55 pm

    ခွျိချွိရေးထားတာ ဖတ်ပြီး ရယ်မိတာ 😀 ပြန်ကာနီး ဒီရက်ပိုင်း အလုပ်တွေ ရှုပ်နေတာနဲ့ ခုမှ ရောက်ရတာ..ရှုပ်ဆို..မြန်မာပြည် ကိုးနတ်ရှင်ရီး ကြောက်လို့(ဟိုမှာ တင်ရခက်မစိုးလို့) တင်စရာ ပုံကြွေးတွေ တည်းဖြတ်၊ စွတ်တင်နေရလို့ပါ..ဟိ.. နောက်ဆို..ကျောက်စ်တော့ မဆူ၊ မဟောက်၊ မပြောရဲတော့ဘူး..လိခ် မစိုးလို့ … :mrgreen:

    ဦးစွာ..သဂျီးပေးတဲ့ဆုနဲ့ “၀” ပါရစေ.. 😀
    ဆန်က(မြန်မာပေါ်ဆန်းလား?) ပေါင် ၂၀= 9 KG လောက်ကို $22 ဆိုတော့ ပျမ်းမျှ ၂၂၀၀ဝ ကျပ် ..ဈေးများပါတယ်..ရန်ကုန်စတိုးဆိုင်မှာတောင်မှ ပြည်တွင်းပေါ်ဆန်းကောင်းကောင်းက 2 KG တစ်ထုပ် ၂၂၀၀-၂၄၀ဝ ကျပ်အထိပဲ ရှိတော့ 9 KG ၁၀၈၀ဝ ကျပ် အလွန်ဆုံးပါ..ဒီမှာတော့ Thai Rice (8 KG) တစ်အိတ် HKD 81.90 ဆိုတော့ သူလည်း အများဆုံး ၁၀၇၀ဝ ကျပ်ပါ.. ဈေးတူ၊ဆန်သားပိုကောင်း ကျောက်စ်၊နှင်း ၅ပတ်ကျော် စားပါတယ်.. :mrgreen:

  • TNA

    April 1, 2014 at 9:55 pm

    မအားလို့ နောက်မှပြန်လာတော့မယ်။ အခုတော့ ပုံတွေပဲမြည်းသွားတယ် :mrgreen:

  • ကေဇီ

    April 2, 2014 at 8:21 am

    ဒီမှာက ဆန်ကို ယိုးဒယားက လာတဲ့ ကြိုးကြာ တံဆိပ် ၁ဝ ကေဂျီကို စလုံးဒေါ်လာ ၂၉ ဆိုတော့
    အဟင့်။
    သများ စားနှုံးနဲ့ ဆို စဉ်းစားသာကြည့်ပါတော့ ပိတ်သတ်ကြီးရယ်။
    😥
    မဖြစ်ပါဘူးးး
    ဆန်လျှော့စားပြီး ဂျုံ ခေါက်ဆွဲလေးပိုစားမှ။
    နောက်ခေါက်မှ ခေါက်ဆွဲမျိုးစုံတင်ပါ့မယ် ပိတ်သတ်ကြီးးးး
    😀

  • Ma Ei

    April 2, 2014 at 9:44 am

    ငါးကွန်းရှပ်ချက်နည်းလေးမှတ်သွားတယ်…ချက်စားကြည့်ဦးမယ်…
    အိမ်မှာတော့ ဂျင်း၊ကြက်သွန်ဖြူ ၊ဆား၊ နနွင်းနဲ့ ထောင်းပြီး ငါးဆုပ်လုံးကြော် တစ်မျိုးဘဲချက်စားဖြစ်တာရယ်…
    🙂

    • TNA

      April 3, 2014 at 4:53 pm

      ငါးကွမ်းရှပ်ကဒီမှာ အစိမ်းဝယ်လို့ရသလားမအိရေ။

Leave a Reply