အိမ်
ခရီးသွားဟန်လွဲ ခဏတဖြုတ် ပဲ ဝင်အောင်းနေတတ်တယ်
ပျော်စရာတွေပျောက်ဆုံးနေတတ်လို ့ဝေးဝေးကပဲ မျှော်မှန်း
လွမ်း ခဲ့မိတယ် ။
သတိတရ နဲ ့ပြန်ဖို ့ဆိုတာ အ တွေးထဲ တောင် ဝင်
မလာခဲ့တာ အ တော်ကြာပြီ ။
ဘယ်သူမှလည်း ပြန်လာပါတော့လို ့တမ်းတ လွမ်းနေတဲ့
သူလည်း မရှိဘူး ။
ဝေးပြီး ရင်းဝေး နေခဲ့တယ် ။
အခုတော့ သူစိမ်းတွေ အလယ်မှာ ကိုယ်တစ်ယောက်
တည်း နေလာတာ ကြာ တော့ မိဘ အိမ် ရှိသေး
တာပဲ ဆို သတိရလာ တယ် ။
တခါမှ မရဖူး တဲ့နွေးထွေးမှု ကို လိုချင် လာတယ်။
ငါ မရှိတဲ့ နှစ်များအတွင်း
အိမ် ဆိုတဲ့ အရိပ် လေးမှာ နွေးထွေးမှု တွေရှိလာပြီလား ။
တိတ်တိတ်လေး မျှော်လင့် မိတယ် ။
:buu:
အိမ်ပြန်ချင် တယ် ။
16 comments
Mr. MarGa
April 11, 2014 at 2:20 pm
ပြန်ခဲ့ ပါ
ပြန်ခဲ့ ပါ
ပြန်လာ ပါကွယ်…. လို့
lu lu
April 11, 2014 at 2:27 pm
ဘယ် ကိုပြန် ရမှန်း မသိ လို ့
kai
April 11, 2014 at 2:54 pm
အိမ်ကို.. ကိုယ်တိုင်ဆောက်ယူပေါ့ကွယ်..။
ထောင်တခုသာလုပ်ထားလိုက်..။ ဝင်ချင်တဲ့သူတွေ.. အများသားကလား..
lu lu
April 18, 2014 at 7:30 am
ဟိုက် ??????
snow smile
April 11, 2014 at 3:39 pm
အိမ် ကို သာ အ ရင် ပြန် ကြည့် ပါ
နောက် မှ ဘယ် ကို ပြန် ရ မ လဲ ထပ် စဉ်း စား
lu lu
April 18, 2014 at 7:32 am
အိမ်ပြန်ဖို ့ပဲ စဉ်းပြီးစားနေတာနဲ ့ဘာမှထပ် မစဉ်းစားနိုင် တော့ပါ
ကေဇီ
April 11, 2014 at 3:51 pm
အို။
ရောက်ရာ အရပ် ကိုယ့် အိမ် ဖြစ်အောင်လုပ်။
တစ်ရွာတစ်ကျီ သာဆောက် ပါကွယ်။
😀
snow smile
April 11, 2014 at 4:13 pm
အော် မြှေက် ပေး နေ ပြန် ပါ ပြီ kz က လဲ
သူ ပြော တဲ့ အ တိုင်း လုပ် နော်
တွေ့ တဲ့ သူ နဲ့ လဲ တဲ့ အောင် ပေါင်း
:)))))))
lu lu
April 18, 2014 at 7:34 am
ကောင်းလိုက်တဲ့ IQ
ဒီထက်ကောင်းတာမရှိနိုင်တော့ဘူး
Ma Ma
April 11, 2014 at 4:17 pm
ဘယ်သူမှလည်း ပြန်လာပါတော့လို ့တမ်းတ လွမ်းနေတဲ့သူလည်း မရှိဘူး …..ဆိုတော့
ပြန်မလာနဲ့လို့ နှင်ထုတ်တာလည်း မဟုတ်လို့ ……..
လွမ်းတယ်ဆို တင်းမထားနဲ့ ပြန်ချင်ရင် ပြန်သာ ပြန်လိုက်ပါ။
အိမ်က နွေးထွေးစွာ ကြိုနေမှာပါ။ 🙂
နောက်တစ်နည်းက သဂျီးပြောသလို ကိုယ်ပိုင်အိမ်ဖြစ်အောင် လုပ်လိုက်လေ။
lu lu
April 18, 2014 at 7:36 am
ဟုတ် ,,,
ကျေးဇူးကမ ္ဘာ ပါ ။
alinsett (gazette)
April 11, 2014 at 10:17 pm
အိမ်ပြန်ချင်တာလား
အိမ်က ပြန်လာပါတော့ကွယ် လို့ ခေါ်ချင်တာလား
:))
lu lu
April 18, 2014 at 7:38 am
ဘာမှန်းကို မသိတာ
ကိုပေါက်(မန္တလေး)
April 11, 2014 at 11:07 pm
အိ်မ ် ဆို သည် မှာ ကား
အမိုး အကာ
နံ ရံ လေး ဘက်
ရှိ ရုံ သက် သ က် မ ဟုတ်
မေတ္တာ သင်္ကေ တ
နွှေး ထွေး ခြင်း ပြ ယုဂ်
ကိုယ့် အတွက် လုံခြံ ု စေ သော နေ ရာ လေ
lu lu
April 18, 2014 at 7:40 am
ကဗျာထဲကအတိုင်းသာ မှန်တယ်ဆိုရင် အခုပဲ
ကားလက်မှတ်သွား ဝယ်တော့မယ် ။
Mr. MarGa
April 18, 2014 at 9:35 am
http://myanmargazette.net/173766
အတွေးပေါက်မိလို့ ရေးထားတာ ပြန်ရှဲလိုက်တယ် အာဟိ