ဂေါက်တယ်လို့မှတ်မှာလား(၅)-သင်္ကြန်ပိတ်ရက်ရှည်/အလကားပေးမလား
ကို်ယ်ဂေါက်တာတွေ အားရပါးရရေးပြီးလို့ နောက်ထပ် ဂေါက်စီးရီးမရေးတော့ဘူးလို့ စဉ်းစားထားပေမယ့် သင်္ကြန်ပိတ်ရက် မတိုင်မီ ပြောရဆိုရ ငြင်းရတာတွေ ရှိလာတော့ ကိုယ့်ရွာထဲ ရင်ဖွင့်ချင်လာပါတယ်။
သင်္ကြန်ပိတ်ရက် ၁ဝရက် ဆိုတာနဲ့ ပတ်သက်လို့ပါ။
ရှေးရှေးကလည်း သင်္ကြန်အကြောင်းပြောတိုင်း ငြင်းခဲ့ကြရပါတယ်။
မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာကို အများပျော်ကြရွှင်ကြတာဆိုတော့ ပျော်စရာပွဲတော်အဖြစ် လက်ခံပါတယ်။
ဒါပေမယ့် နဂို အကြို ၊အကျ ၊အကြတ်၊အတက်၊နှစ်ဆန်း ၁ရက် ပေါင်း၅ရက် လောက် ပိတ်ကြ၊ရေကစားကြရရင် တော်သင့်ပြီလို့ မြင်ပါတယ်။
၅ရက်လောက်ဆို နယ်ဝေးမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားလေးတွေအဖို့ အနားရရုံပါပဲ။ ၁ဝရက်တောင်ပိတ်တော့ အလုပ်မရှိပဲ အိမ်ရဲ့အဝေးမှာ နေရစားရတာလည်း ခက်၊အိမ်ကိုလည်း ပြန်ချင်တာကြောင့် အိမ်ပြန်ခရီးတွေ ဖြစ်လာပါတယ်။
အဲသလို နေရပ်ပြန်တွေ စုပြုံများတော့ ကားဂိတ်တွေလည်း စီစဉ်ရခက်ပါတော့တယ်။ ကြိုရောင်းရင်လည်း မှောင်ခိုလက်မှတ်ရောင်းသလိုဖြစ်မယ်။
(အမှန်တော့ ငွေကြိုယူထားပြီး ခရီးသည် မှတ်ပုံတင်နဲ့လက်ခံရင် မှောင်ခို ကိစ္စဖြေရှင်းလို့ရလောက်ပါတယ်။အခုတော့ ကားဂိတ်တွေ လုပ်ပုံက သင်္ကြန်မတိုင်မီ တပတ်လောက်မှ လက်မှတ်စရောင်းပြီး မနက် ၃နာရီ သွားတန်းစီရတယ်တဲ့။ လွယ်တာကို ခက်အောင် လုပ်နေကြသလို ဖြစ်နေပါပြီ။)
အဲတော့ အလုပ်သမားတွေခမျာ ဧပြီလဆန်းကတည်းက ပြန်ဖို့ပြင်၊တချို့လည်း အလုပ်ကပါထွက်၊ပြန်လာမှ အလုပ်ပြန်လျှောက်တော့မယ်တဲ့။
သင်္ကြန်ပြီးပြန်လာတော့လည်း ကားလက်မှတ်ခက်လို့ ဧပြီလကုန်မှ ရန်ကုန်ပြန်ရောက်ပါတယ်။
အစိုးရဌာနတွေကလည်း ပိတ်ရက် မတိုင်မီ တပတ်မှာ အလုပ်ကောင်းကောင်းမလုပ်တော့ပါဘူး။
ပျော်ပွဲရွှင်ပွဲတွေရှိလို့ အလုပ်တွေမလုပ်နိုင်ပါတဲ့။
နိုင်ငံခြားကုန်သွယ်မှု ဘဏ်တွေက ဧပြီ၁၁ရက်မှာ နေ့လည် ၁၂နာရီထိပဲ အလုပ်လုပ်မယ်တဲ့။အဲဒါကြောင့် ငွေအရောင်းအဝယ်ကို အဲဒီနေ့မှ မလုပ်ပါနဲ့တဲ့။
နေပြည်တော်ခေတ်ကဆို ဒီ့ထက်ပိုဆိုးခဲ့ပါတယ်။ တပတ်လောက်ကြို ပြီး အလုပ်မလုပ်ကြတော့ပါဘူး။
အခု တရက်ပဲဆိုတော့ တော်ပါသေးလို့တောင် ပြောရမလို။
နိုင်ငံခြားသားတွေကိုတော့ ဒီဧပြီလ ၁လလုံးကို အလုပ်လုပ်ချိန်အဖြစ်ထည့် မတွက်ထားပါနဲ့။ဒါကိုရှောင်ပြီး ကုန်ကြမ်းပို့ ကုန်ချောယူတွေ လုပ်ကြပါလို့ ကြေညာထားရပါတယ်။သူတို့ကြားကာစတော့ အတော်အံဩကြပါတယ်။(ကြားဖူးသလောက်တော့ တရုတ်ပြည်ရဲ့ နှစ်သစ်ကူးပိတ်ရက်ကလည်း အဲသလိုအရှည်ကြီးပဲလို့ ကြားဖူးပါတယ်။ဒါကြေင့် လမ်းတွေတောင် ပိတ်ကုန်အောင် နယ်ပြန်ကြတဲ့ ဇာတ်လမ်းတွေ တွေ့ရတာဖြစ်မှာပေါ့။ဟုတ်မဟုတ် ကိုရင်မောင်တို့ ရဲစည်တို့ မေးရမယ်)
ဆိပ်ကမ်းတွေ၊ဂိုဒေါင်တွေမှာလည်း ကုန်ထမ်းတဲ့ အလုပ်သမားတွေ ရှားသွားလို့ အလုပ်တွေ ဖင့်နှေးကုန်တယ်။ အလုပ်သမားခ၊ကားခတွေ ၂၀%-၅၀% တက်ကုန်တယ်။စားရိတ်တွေ တက်ကုန်တယ်။
ပိတ်ရက်ရှည်တော့ လစားဝန်ထမ်းတွေ၊ကိုယ်ပိုင်အလုပ်ရှင်ရှိတဲ့ နေ့စားအလုပ်သမားတွေအတွက်က ကိစ္စမရှိပေမယ့် ကုန်ထမ်းတဲ့ အလုပ်သမား၊ဆောက်လုပ်ရေးအလုပ်သမားတွေအတွက် နေ့စဉ်ဝင်ငွေမရှိတော့ဘူး။ ဒီအတွက်လည်း သိပ်မပူကြပါဘူး။ယောကျင်္ားတွေက မဏ္ဍပ်တွေမှာ လှည့်ပြီးသောက်စားနေကြတယ်။မိ်န်းမနဲ့ ကလေးတွေက စတုဒီသာကြွေးတာကိုလိုက်စားကြတယ်။
သင်္ကြန်တွင်းတော့ စားစရာမပြတ်ပေမယ့် သင်္ကြန်အလွန် အလှူတွေ မရှိကြတော့တဲ့အချိန် အလုပ်တွေကလည်း မဖွင့်သေးဆိုရင် အဲဒီ ကုန်ထမ်းသမားတွေ၊ဆောက်လုပ်ရေးအလုပ်သမားတွေ ငတ်ဖို့ပါပဲ။
ဒီအကြောင်းကို မိတ်ဆွေ တယောက်နဲ့ ကျမအငြင်းအခုန် ဖြစ်ရပါသေးတယ်။
သူက သူ့ရဲ့ နေ့စားအလုပ်သမားတွေကို သင်္ကြန်ပိတ်ရက်ဆိုရင် ငွေပိုပေး၊ဆန်ပေးပြီး အလုပ်ပိတ်လိုက်ပါတယ်။
ကျမကတော့ ဘယ်တော့မှ အဲသလို အလုပ်မလုပ်ပဲ ရတဲ့ အပိုငွေ မပေးပါဘူး။ကျမရဲ့ လစားဝန်ထမ်းတွေက အကုန်နေရပ်မပြန်ပါဘူး။ပြန်ချင်တဲ့သူတွေ ပေးပြန်သလို မပြန်ပဲ ကျန်တဲ့သူတွေနဲ့ အလုပ်ဖွင့်ချိန်မှာ မလုပ်နိုင်တဲ့ ပြုပြင်ထိန်းသိမ်းရေး အလုပ်တွေလုပ်ဖို့ စီစဉ်ပါတယ်။ အလုပ်ဖွင့်ချိန်လို မနားမနေလုပ်ရတာ မဟုတ်ပဲ နားနားနေနေ ပေါ့ပေါ့ပါးပါးလုပ်ရပါတယ်။ နေပူရင် နားပြီး မုန့်လုပ်ဆောင်း၊သာကူလိုမျိုးတွေကြွေးဖို့ စီစဉ်ပါတယ်။
နေ့စားအလုပ်သမားတွေကိုလည်း အလုပ်လုပ်ချင် လာဆင်းခိုင်းပြီး လုပ်အားခပေးပါတယ်။သင်္ကြန်အတက်နေ့တရက် ကားစီစဉ်ပေးပြီး လျှောက်လည်ခွင့်ပေးပါတယ်။နှစ်ဆန်း ၁ရက်တော့ ပရိတ်ရွတ် အလှူလုပ်ဖို့ စီစဉ်ခိုင်းလိုက်ပါတယ်။ အလုပ်ဆင်းတဲ့ ဝန်ထမ်းတွေကို အပိုဆုလည်း သင်္ကြန်ပြီးရင် ဆုချပေးပါတယ်။ အလုပ်မလုပ်သူကတော့ ဘာခံစားခွင့်မှမရပါဘူး။
ကျမသဘောကတော့ No pain No gain ပါ။ အလုပ်လုပ်မှ ထိုက်သင့်တဲ့ လုပ်အားခ ခံစားရပါမယ်။မလုပ်ပဲ သနားလို့ ပေးတဲ့ ငွေကို ယူရင် အပျင်းရောဂါ စွဲသွားပါတယ်။ ယုန်ရဖူးတဲ့ လယ်သမား ကန်သင်းရိုးမှာပဲ ထိုင်စောင့်ပြီး လယ်မထွန်တော့သလို ဖြစ်တတ်ပါတယ်။
နာဂစ်ဖြစ်ချိန်မှာနိုင်ငံတကာက အကူအညီတွေ ရနေတော့ နာဂစ်ဒဏ်ခံရတဲ့နေရာ တောပိုင်းကလူတွေ အလုပ်မလုပ်ကြတော့ပဲ ထောက်ပံ့ကူညီတာကိုပဲ ထိုင်ယူနေကြတော့တယ်လို့ အဲဒီအရပ်က လူတွေ ပြောကြပါတယ်။
ကျမတို့ တိုင်းပြည်ဟာ တိုးတက်ဖို့ အဝေးကြီးလိုပါသေးတယ်။
အိန္ဒိယ လွတ်လပ်ရေးရပြီးခါစက ဟော်တယ်ကြီးတွေမှာတောင် အာလူးဟင်းပဲ ဝယ်စားလို့ရတယ်။ ဈေးကြီးတဲ့ဟင်းတွေကို ပိုက်ဆံတတ်နိုင်သော်လည်း ဝယ်စားခွင့်မပေးဘူးလို့ ဖတ်ဖူးပါတယ်။မချမ်းသာခင် သည်းခံအလုပ်လုပ်ကြရပါတယ်။
သူများတိုင်းပြည်လို ချမ်းသာချင် တိုးတက်ချင်ရင် သူများထက် နှစ်ဆ ကြိုးစားနိုင်မှ တော်ကာကျပါလိမ့်မယ်။
အခုလို အလုပ်လုပ်ချင်တဲ့သူတောင် လုပ်ခွင့်မရအောင် ပိတ်ရက်ရှည်ကြီး ပေးတာကတော့ မတိုးတက်အောင် တမင်လုပ်တာပဲလို့ ပြောချင်ပါတယ်။
နောက်ပြီး အလုပ်မလုပ်ပဲ ခံစားခွင့်တွေ ပေးတာတော့ လူပျင်းတွေ မဖြစ်ဖြစ်အောင် တွန်းပို့တာပဲလို့ ဂေါက်တောက်တောက် တွေးမိပါတယ်။
(သင်္ကြန်ပိတ်ရက်ရှည်မှ တရားစခန်းဝင်လို့ရတယ်။ဘုရားဖူးခရီးထွက်လို့ရတယ်လို့ ပြောကြပါတယ်။အမှန်တော့ တရားစခန်းဝင်တာ တကယ် အားထုတ်ချင်ရင် အများမဝင်တဲ့ ကြားရက်တွေက ပိုမို တိတ်ဆိတ်လို့ သမာဓိရလွယ်ပါတယ်။ ခရီးထွက်တာလည်း မိမိအစီအစဉ်နဲ့ သွားရင် လူတွေ တိုးကြိတ်မနေရတဲ့အတွက် ပိုအဆင်ပြေပါတယ်။အခုတော့ ပိတ်ရက်ရှည်မှာ အားနေတဲ့အတူတူဆိုပြီး တရားစခန်းဝင်ကြ၊ဘုရားဖူးခရီးထွက်ကြတာဟာ လုပ်သင့်တာကို လုပ်သင့်ချိန်မှာ စိတ်ပါလက်ပါလုပ်တာ မဟုတ်ပဲ အားလို့ မလုပ်ချင်ချင်လုပ်ချင်ချင် လုပ်ဆိုတာမျိုးဖြစ်နေပါတယ်။အဲဒီလို ရောရိရောရာ သင်္ကြန်ယောဂီတချိုု့ကြောင့်လည်း တရားအားထုတ်ခြင်းဆိုတဲ့ ကောင်းမြတ်တဲ့အလုပ်ကို ရောကောသောကော အထင်သေးခံရတာဖြစ်ပါတယ်။မယုံရင် လုံမလေးရဲ့ပို့စ်တခုမှာကြည့်ကြပါ။)
အောက်ကစာကတော့ ဆြာမင်းဒင်ရဲ့ စာဖြစ်ပါတယ်။ကိုယ်ပြောချင်တာထက် စာရေးဆရာပီပီ ရှင်းအောင်ရေးပြထားတာမို့ ကိုးကားလိုက်ပါတယ်။
Credit to Min Din
ဆြာဒင်၏ ပိတောက်ပွင့်ချိန်စစ်တမ်း။
၁။ တန်ခူးမည်မွတ်၊ဖက်ဆွတ်ရေတိုးသည့် သင်္ကြန်အခါသမယမို့ ပိတောက်တို့ပွင့်ကြသည်။ယင်းကာလတွင် မဟာဗမာအများစုသည် အားလပ်ရက်ရှည်ကြီးဖြင့် ဇရက်မင်း စည်းစိမ်၊စာကလေးမင်းစည်းစိမ်၊လဒမင်းစည်းစိမ်တို့ကို အသီးသီးအသက၊အသက၊ခံစားတော်မူလျက်ရှိကြကုန်၏။ ဘီယာရေချိုး၊ အရက်မီးလှုံ၊ အမြည်း တောင်လိုပုံလျက်ရှိကြ၏။နှစ်ခါနာသော မိအေးနှင့်တင်စားခဲ့လေသော ဗမာပြည်ကား လှည်းသားငါးရာနှင့် ပမာပြုအပ်သည့် စစ်ဝါဒီစံနစ်ဆိုးကြီးဖြင့် နောက်ထပ်နှစ်ကြိမ်ကြုံရဆဲ၊မကျော်မဖြတ်နိုင်သေးလင့်ကစား ပြည့်တန်ဆာမျက်နှာပေးဖြင့် ပိတောက်ပန်းတို့ဝေအောင်ပန်လျက် ခေါင်းကလေး မော့နေဆဲပင်တည်း။
၂။ ဆြာဒင်သည် ပိတောက်ပွင့်တို့ကို မြင်လေတို်င်း မဆီမဆိုင် ကျဆုံးခဲ့လေပြီးသော အမျိုးသားခေါင်းဆောင်ကြီး၏ မိန့်ခွန်းတစ်ခုကို ငုတ်တုတ်ထိုင်ရင်း သတိရမိသည်။”သူများနိုင်ငံတွေက ခြေလှမ်းတလှမ်းလှမ်းနိုင်ရင် ကျုပ်တို့ဗမာပြည်က လေးငါးဆယ်လှမ်းတန်သည် လှမ်းနိုင်မှ”ဟူ၏။ယခုမူ အီဂျစ်၊အင်္ဂလန်နှင့် အမေရိကန်တို့ပင် ပျော်မြူးခြင်းအရာ၌ ဆြာဒင်တို့လူမျိုး၏ခြေလှမ်းကျဲကျဲတို့ကို လိုက်မမှီကြ လေကုန်။
၃။ ဒီမိုကရေစီအငွေ့နှင့် ရင်ဆိုင်တွေ့ချိန်တွင် ဗမာတို့ဖင်ထိုင်မေ့နေပြီလော။ဆြာဒင်နေထိုင်သော ထိုင်းနိုင်ငံဖူးခက်ကျွန်းတွင်မူ သင်္ကြန် အခါပျော်မြူးခွင့် တစ်ရက်တည်းသာရှိလျက် စက်ရုံကြီးငယ်အရပ်ရပ်တွင် လုပ်ငန်းခွင်ကိုယ်စီဝင်လျက်ရှိကြ၏။ စည်ပင်ဖွံ့ဖြိုးနေသော ဥရောပနိုင်ငံများတွင်လည်း အားလပ်ရက်အရှည်ဆုံးကာလမှာ ရက်သတ္တတစ်ပါမျှသာ ဟုဆြာဒင်ကြားဖူးနား ဝရှိမိသည်။တစ်လကိုးသီတင်းနားရက်တို့ကား လုပ်သက်ခွင့်အားလပ်ရက်များဖြစ်၍ အလှည့်ကျအနားယူကြသည်ဟု ဆိုကြပါ၏
၄။ဗမာ့နှစ်ဦးကာလတွင် ဆြာဒင်တို့၏ခြေလှမ်းတို့ကို လေးလေးနက်နက် ပြန်လည်ဆန်းစစ်သင့်သည်။အခြားနိုင်ငံတို့ လေးငါးဆယ်လှမ်း လှမ်းနေကြချိန်တွင် ဆြာဒင်တို့ရှေ့ခရီးကို ခြေလှမ်းမည်မျှလှမ်းနေနိုင်ကြပါသနည်း။ အလှူအတန်းပြုလျက် တရား ရိပ်သာတို့တွင် အေးငြိမ်းမှုရှာဖွေနေ ကြသူများကိုကား ခြွင်းချက်စာရင်းတို့လျက် ဆြာဒင်သာဓုခေါ်ပါ၏။သို့သော် အပျော်လွန်နေသော ဗမာပြည်သူ မိအေး၏ခြေလှမ်းတို့သည်ကား အဝှာခန်းဆီသို့ ဦးတည်နေလေရာ ထည့်သွင်းရေတွက်စကောင်းမည်မဟုတ်ချေ။ ထန်းချက်ခဲခွေးလျက်သကဲ့သို့လုံးပါးပါးနေရသောဆြာဒင့်တို့၏ဘဝသည် ဤအားလပ်ရက်ရှည်ကြီးကို ခံစားသင့်ပါသလော။
၅။ သဗ္ဗေသတ္တာ၊ကမ္မသကာဆိုသော်ငြား လူမတန်ကံချလျက် သေသော်မှတည့် ဪ ..ကောင်း၏ ဟူသော ညည်းသံများကြားမှပင် နေညိုညိုမြနန္ဒာမှာ တူးပို့သံညံလျက်ရှိနေခြင်းကို ဆြာဒင်ရင်လေးလှ၏။ တခေတ်တခါကပဏ္ဍာဆက်တိုင်းပြည်အဆင့်သာရှိသည့် ယိုးဒယားတွင် မျက်နှာငယ်စွာရောက်ရှိနေသော အနုံညာတဆြာဒင်အနေဖြင့် နှစ်သစ်တွင် သတိတရားဖြင့် ပျော်ကြရန်အလို့ငှာ ဖူးခက်မြို့အန်မခန်အရပ်ရှိအခန်းငယ်အတွင်းမှနေ၍ ဤပိတောက်စစ်တမ်းကိုရေးမိချေ၏။ချမ်းသာကိုယ်စိတ်မြဲကြပါစေကုန်သတည်း။
ဒါလေးလည်း သူများဝေါပေါ်က မလာတာ
Credit to
စိတ် ထင် ရာလုပ်မယ့်သူ
April 12
မြန်မာမှာ သင်္ကြန်ကျပြီ။တရုတ်မှ ပြည်သူတို့ ပျော်ကြသည်။မြန်မာမှာ ရိုးရာသင်္ကြန် ရှိတယ်။တရုတ်မှာ ရိုးရာသင်္ကြန် မရှိဘူး။မြန်မာမှာ ရေပြွတ် မထုတ်နိုင်ဘူး။တရုတ်က ရေပြွတ် ထုတ်ရောင်းပေးတယ်မြန်မာက ရေပန့် မထုတ်နိုင်ဘူး။တရုတ်က ရေပန့်ထုတ်ရောင်းပေးတယ်။မြန်မာက ပိတောက်ကို ချစ်တယ်။တရုတ်က ပိတောက်ကို မသိဘူး။မြန်မာက ပိတောက်တု မထုတ်နိုင်ဘူး။တရုတ်က ပိတောက်တု ထုတ်ရောင်းပေးတယ်။မြန်မာက ရေလုံဖုန်းအိတ် မထုတ်နိုင်ဘူး။တရုတ်က ရေလုံဖုန်းအိတ် ထုတ်ရောင်းပေးတယ်။မြန်မာက ဈေးပေါတဲ့ ရေစိုခံ မိတ်ကပ် မထုတ်နိုင်ဘူး။တရုတ်က သင်္ကြန်အတွက် ရေစိုခံ မိတ်ကပ် ဈေးပေါပေါနဲ့ ထုတ်ပေးတယ်။မြန်မာက ဆံပင် အရောင်ဆိုးဆေး မထုတ်နိုင်ဘူး။တရုတ်က ဆံပင်ကာလာ အမျိုးမျိုးထုတ်ပေးတယ်။မြန်မာက ရာဘာ မျက်နှာဖုံး မထုတ်နိုင်ဘူး။တရုတ်က ရာဘာမျက်နှာဖုံး ထုတ်ပေးတယ်။မြန်မာ ဆေးခန်းတွေက မကျွမ်းကျင်ဘူး။တရုတ်ဆေးခန်းတွေက လာဖွင့်ပြီး ကုသကြတယ်။မြန်မာတွေက သင်္ကြန်မှာ အလုပ်မလုပ်ကြဘူး။တရုတ်တွေက မြန်မာကို ပစ္စည်း ပို့ဖို့ အလုပ်လုပ်နေကြတယ်။မြန်မာတွေက သင်္ကြန်မှာ ပိုက်ဆံကုန်တယ်။တရုတ်တွေက သင်္ကြန်ကြောင့် ပိုက်ဆံရတယ်။မြန်မာတွေက သင်္ကြန်မှာ ပျော်သည်။တရုတ်တွေက သင်္ကြန်ကြောင့် ပိုပျော်သည်။မြန်မာမှာ သင်္ကြန်ကျပြီ။တရုတ်မှ ပြည်သူတို့ ပျော်ကြသည်။
60 comments
ကထူးဆန်း
April 14, 2014 at 9:35 pm
အန်တီဒုံတို့လို ငွေရှင်ကြေးရှင်တွေက ပြောအားရှိတာပေါ့ အန်တီဒုံ ..သားသား တို့လို လခစားတွေက ဒီရက်ကိုဘဲ မျှော်နေရတာပါ .. တစ်နှစ်မှ တစ်လလောက်နားရတာပါ အန်တီဒုံ .. ကြားထဲ နားရတယ်ဆိုတာက ဟိုတစ်ရက် ဒီတစ်ရက်ပါ .. စုစုပေါင်းတော့မှ ကမာ္ဘမှာ ပိတ်ရက် အများဆုံးရတဲ့ လခစားဝန်ထမ်း အဖြစ် မော်ကြွားနိုင်တာပါ အန်တီဒုံ..
အဲ ဒါပေမဲ့ မလုံလောက်သေးလို့ အခု အစိုးရ က နောက်ထပ် သားသားတို့ကို နားရက်ထပ်ပေးပါတယ် အန်တီ ဒုံ။ သားသားမိန်းမ ကလေးမွေးရင် သူက သုံးလ အနားရပြီး သားသားက ၁၅ ရက် ရပါမယ် အန်တီဒုံ ။
သားသားတို့ က ချမ်းသာတဲ့ နိုင်ငံဆိုတော့ ဘာပစ္စည်း မှ မထုတ်ပါဘူး ။ အကုန် နိုင်ငံခြားက ဘဲ ဝယ်သုံးပါတယ် ။ သားတို့ကိုရောင်းမဲ့ နိုင်ငံက လည်း အနားမှာ အဆင့်သင့်ဘဲလေ ။စိတ်ထင်ရာလုပ်မဲ့သူ ပြောတာတွေ မစုံသေးပါဘူး အန်တီဒုံ ။ သားသားတို့ သင်္ကြန်တွင်းဝတ်တဲ့ ဂျင်းဘောင်းဘီ ၊ ခြုံတဲ့ သဘက် ၊ ဦးထုပ် ၊ဖိနပ် ၊ မျက်မှန် အကုန် ဆွေမျိုူ းပေါက်ဖော်ကြီးဆီက ဝယ်ပါတယ် အန်တီဒုံ ။
သားသားတို့ မဝယ်တာ ကိုယ်တိုင်ထုတ်သုံးတာဆို အရက်နဲ့ ဘီယာ ရှိပါသေးလို့ တော်ပါသေးတယ် အန်တီ ဒုံ ။ ဒါပေမဲ့ မလောက်လို့ ဂျော်နီလမ်းလျှောက် ၊ ဘီယာဆို ဟန်နီကန်၊ တိုက်ဂါး၊ ချမ်းချမ်းတို့ ထပ်ဖြည့်ပါတယ် ။ ဆေးလိပ်ဆိုလည်း နိုင်ငံခြားပို့မယ်ဆိုပြီး လာဆောက်တဲ့ စက်ရုံမှာပြည်တွင်းမှာတောင် မလောက်လို့ နိုင်ငံခြား မပို့ နိုင်သေးပါဘူး အန်တီ ။
ပြောရင်းနဲ့ ဘေးရောက်ကုန်ပါပြီ အန်တီဒုံ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နောက်တာပါ အန်တီ ။
ပရောဂျက် ဆိုရင် ဧပြီတစ်လလုံးကို တိုးတက်မှု့ သုည အနေနဲ့ ပြထားရတာ ကြာပါပြီအန်တီ ..
:chee: 😈
padonmar
April 14, 2014 at 10:21 pm
ကထူးဆန်းရေ
တိုင်းပြည်ရဲ့တိုးတက်မှုလည်း ဧပြီဆို သုညပေါ့။
သုညတွေများလာရင်ဖြင့် ဖိုးသုညတို့ တိုင်းပြည်ဖြစ်တော့မှာမလွဲ။
black chaw
April 14, 2014 at 9:43 pm
ပြန်လာပါ့မယ် အစ် မ ရေ။
အခုက ဖုန်း နဲ ့မို ့ စရံ သတ်ထားတာပါ။
padonmar
April 14, 2014 at 10:23 pm
စရံနဲ့တော့ မရဘူးနော်။
သင်္ကြန်ရက် ရွာထဲ လူနည်းနေတယ်။
လူစည်ဖို့ လူစီဘလက်တာဝန်ပဲ။
snow smile
April 14, 2014 at 9:47 pm
သ င်္ကြန် တ ရား စ ခန်း ဆို တာ ရာ သီ စာ ဖြစ် နေ သ လို ပါ ဘဲ
ရိပ် သာ ကြီး တွေ မှာ သ င်္ကြန် ရက် နီး လာ ရင်
အ မြဲ တမ်း ယော ဂီ တွေ ကို အိမ် ခ ဏ ပြန် ခိုင်း ပါ တယ်
ခ ဏ လာ ဝင် တဲ့ သူ တွေ ကြောင့် တ ရား ကျ သွား မှာ စိုး လို ့ ပါ
တ ကယ် ဆို ရင် သ င်္ကြန် တွင်း တ ရား စ ခန်း သွား တာ ထက်
ကိုယ့် အိမ် မှာ မှတ် နေ တာ က ပို ကောင်း ပါ တယ်
ဘာ ရည် ရွယ် ချက် နဲ့ ဝင် ကြ သ လဲ ဆို တာ
ကျွန် မ စဉ်း စား လို ့ ကို မ ရ ပါ
padonmar
April 14, 2014 at 10:29 pm
မနှင်းပြုံးရေ
သင်္ကြန် ယောဂီထဲ တကယ်ကြိုးကြိုးစားစား အားထုတ်တဲ့ ယောဂီတွေလည်း အများကြီးပါ။
တကယ်သာ စည်းကမ်းလိုက်နာပြီး နာရီ ၂ဝ မပြတ်ရှုမှတ်နိုင်ရင် ၇-၁ဝ ရက်ဆိုတာ ဝိပဿနာ ဉာဏ်တွေ တွေ့နိုင်တဲ့ အချိန်ပါ။
ဒါပေမယ့် ဖက်ရှင်လို သဘောထားပြီး လူကြားကောင်းအောင် တရားစခန်းဝင်ကြတဲ့ ယောဂီတွေကြောင့် ခက်နေတာပါ။
တရားစခန်း ဦးစီးဖွင့်လှစ်ရသူတွေကလည်း အပြင်မှာ နေတာထက်စာရင် ၈ပါးသီလလုံတယ်။အထိုက်အလျောက် ဝိမုတ္တိဗီဇမျိုးစေ့ပါသွားလည်း မနည်းဘူးလို့ သဘောထားပြီး အားလုံးကို လက်ခံနေကြတာပါ။
အချိန်ကုန်သလောက် အကျိုးရှိအောင် နေကြထိုင်ကြ အားထုတ်ကြဖို့သင့်တာပါပဲ။
snow smile
April 14, 2014 at 11:57 pm
သ င်္ကြန် တွင်း မှာ က တော့ တ ကယ် လုပ် မဲ့ သူ တွေ က
ခါ တော် မှိီ တွေ ကြောင့် စိတ် အ နှောက် အ ယှက် ဖြစ် ရ တာ
များ ပါ တယ်
ယော ဂီ တွေ ရာ ထောင် ချီ ပြီး လက် ခံ ထား တော့
အား လုံး အခက် အ ခဲ တွေ ဖြစ် ရ ပါ တယ်
စား ချိန် အ ဆောင် ပြန် ချိန် ရေ ချိုး ချိန် နား ချိန် တွေ မှာ
စည်း ကမ်း တ ကျ မ ရှိ တော့ တာ ပါ ဘဲ
တ ရား ထိုင် ချိန် မှာ လဲ နေ ရာ ထိုင် ခင်း အ တော့ ကို ကြပ် တည်း ပါ တယ်
ပြော ရ မယ် ဆို ရင် တော့ တ ရား စ ခန်း တော် တော် များ များ
အဲ ့ သ လို အ ခက် အ ခဲ တွေ ရှိ ကြ ပါ တယ်
ဝင့်ပြုံးမြင့်
April 14, 2014 at 11:16 pm
ဆြာမင်းဒင် ရဲ့ ပိတောက်စစ်တမ်းလေး ဖတ်လို့ကောင်းလိုက်တာ။ ကျေးဇူးပါ အန်တီမာရေ။
padonmar
April 15, 2014 at 8:18 am
ပြုံးကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်။
ဒီသင်္ကြန်ပိတ်ရက်မှာတော့ ဂွစာတွေ ဂေါက်သီးတွေ ရွာထဲ ကျန်နေ၊စုမိနေကြတယ်နော်။
ကျော်စွာခေါင်
April 15, 2014 at 2:45 am
မမမာ
ဂေါက်စာ ဆိုပေမယ့် စဉ်းစားရမယ့် ရေရှည် ကိစ္စတွေပါ…
ကျနော်တို ့နိုင်ငံက အပျော်မက်တာတော့ မှန်တယ်..
အကျင့် တစ်ခုလို ဖြစ်လာနေတော့ တော်တော် ပြင်ရခက်မယ်..
padonmar
April 15, 2014 at 8:21 am
ခေါင်ရေ
မကောင်းမှန်းသိရင် ချက်ချင်းပြင်ဖို့ ဝန်မလေးသင့်ဘူးပေါ့။
ဒီ၁ဝရက် ပိတ်တာကလည်း ရှေးပဝေသဏီက ဖြစ်လာတဲ့ ကိစ္စမှမဟုတ်တာ.
ပျက်အစဉ် ပြင်ခဏပေါ့။
(စာရေးဆရာမ မစန္ဒာကတော့ ပြင်လို့ရခဏ လို့ ရွှေတွေအတွက် စကားပုံပြင်သွားတယ်)
naywoon ni
March 16, 2015 at 11:40 am
လက်ရှိ အာနာ ရ အစိုးမရက ဗြဟ္မဏ ဘာသာဝင်တွေဗျ ။ အဲ့တော့ သူတို့ဘာသာ ရိုးရာယဉ်ကျေးမှု ပွဲဆိုတော့ ပိတ်ရက် တိုးပေးတာတို့ ဘာတ်ို့ပေါ့ဗျာ
kai
April 15, 2014 at 4:05 am
နိုင်ငံရေးသမားကောင်းကောင်းလိုတယ်ထင်မိတယ်..။
ဒီလိုနိုင်ငံရေးတွေက.. “ချက်”ထိုးသလို.. တကွက်ရွေ့တိုင်း.. ရှေ့နောက် ၄-၅ကွက်လောက်ကြိုကြည့်ရွေ့ရတဲ့အလုပ်..
ကျုပ်သာအကြံပေးသမားဆိုရင်တော့… ဒီလိုအကြံပေးတယ်..။
(ပြောတော့ပါဘူး.. :buu )
ဆိုတော့…
သင်္ကြန်မတိုင်ခင် ဘိုးနပ်စ်ထုတ်ပေး..။ ရတဲ့ငွေကို သင်္ကြန်တွင်းအကုန်သုံး.. ဓလေ့ဖြစ်အောင်ပြင်သင့်တယ်..။
ယူအက်စ်မှာ.. ခရစ်စမတ်က.. ကုန်ထုတ်တဲ့စက်ရုံတွေ..ဆာဗစ်တွေအတွက်ပိတ်ရက်ရှည်ဖြစ်ပေမယ်.. အဲဒီအတိုင်ခင်.. ဘာလေးဘာ( စက်တင် အောက်တို နိုဝင် ဒီဇင်) က.. ယူအက်စ်မှာ..ဈေးအရောင်းရဆုံးလတွေပဲ..။
အဲဒီ၄လရောင်းအားက.. ကျန် ၈လထက်အဆပေါင်းများစွာပိုတယ်လေ…။
padonmar
April 15, 2014 at 8:35 am
သူကြီးရေ
ဒီမှာတော့ ၄-၅ ကွက်ကြိုရွှေ့ဖို့နေနေသာသာ ၁ကွက်ရွှေ့တာတောင် နောက်မှာ ဟောင်းလောင်းကြီး။
သူကြီးအကြံလေးလည်း အဖိုးတန်ပါတယ်။အတည်အတန့်ပေးပါ။
သူကြီးပဲပြောပြီး၊ဒီဆိုက်ကို သမ္မတရုံးက ဖတ်တယ်ဆို။
သူကြီး အကြံအတိုင်းလိုက်လုပ်ရင် `ငါကွ´ လို့ ပြောလို့ရတာပေါ့။
……………
မြဲန်တျဲ့ မှာတော့ ဘာလေးဘာ ဟာ ရောင်းအားကျတဲ့လတွေပဲ။
မေလမှာ ကျောင်းမဖွင့်မီ စာရေးကိရိယာနဲ့ ကျောင်းသားသုံးပစ္စည်းတွေ ရောင်းကောင်းတယ်။ဇွန်လရောက်တာနဲ့ အခြားပစ္စည်းတွေပါ ကျသွားတယ်။ငွေတွေ ကျောင်းစားရိတ်ထဲရောက်ကုန်လို့။
ဇွန်၊ဇူလိုင်၊ဩဂုတ် ရောင်းမကောင်းဘူး။မိုးရွာလို့။
စက်တင်ဘာမှာ သီတင်းကျွတ် `ဂါ´ ဖို့ ရောင်းရတယ်။
အောက်တိုဘာမှာ တန်ဆောင်တိုင်ပွဲတွက် ရောင်းရတယ်။
ဒီဇင်ဘာမှာ ခရစ်စမတ်နဲ့ နျူးရီးယားတွက် ရောင်းရတယ်။
မတ်လကုန်နဲ့ ဧပြီ ဆန်းမှာ သင်္ကြန်တွက်ရောင်းရတယ်။
ကဲနှစ်တပတ်လည်ပြီ၊
ပျော်ပွဲတွေများတော့ ခဏရောင်းရတယ်။ပြီးရင် မရောင်းရတော့ဘူး။အဲတော့ ဈေးတင်ပြီး ပြန်ချသလိုလိုနဲ့ ပရိုမိုးရှင်းညာရောင်းကြပြန်ရော။
ကဲဘယ်လိုလုပ်မလဲ…
………..
သင်္ကြန်ပိတ်ရက်ရှည်ပဲ ဆွေးနွေးကြတယ်။
အလကားပေးမလား ကိုတော့ ဘယ်သူမှ တည့်မပေးဘူး။
ကေဇီ
April 15, 2014 at 8:39 am
အနော်လဲ ရက်ရှည်ပိတ်တာကို သဘောမတူပါဘူး
(မနာလို့လို့ပါ။) :mrgreenn:
ကျန်တာတော့ မပြောပါဘူးး
ကိုယ် ဂေါက် မှန်း သိသူများမစိုးလို့ပါ၊.
😀
padonmar
April 15, 2014 at 8:53 am
ကေဇီတို့ ချင်ကျားပူမှာ တရုတ်နှစ်ကူး ဘယ်နှစ်ရက်ပိတ်သလဲ၊
….
ကျန်တာမပြောလည်း ဂေါက်တာလွဲတာတွေ သိပြီးသား။
padonmar
April 15, 2014 at 8:50 am
ဒေါက်တာဖေသက်ထွန်းရဲ့စာလေးက ရိပ်သာမှာအားထုတ်မှ တရားရမယ်ဆိုတဲ့ အစွဲကို တွန်းလှန်ပြီး ဘဝထဲမှာ တရားနဲ့ နေစေလို့ ဂဇက်မိတ်ဆွေတွေကို မျှဝေပါတယ်။
ခရက်ဒစ်တူ Pe Thet Tun
April 12
Allowed on Timeline
” ဒုံ ရ င် း ဒုံ ရ င် း ( ၂ ) ”
မိမိတရားအားထုတ်လို့တစ်နှစ်လောက်ကြာတဲ့ အချိန်မှာအိမ်ကို ဧည့်သည် တစ်စုဟာ သူတို့ အိမ်မှာမွေးထားတဲ့ခွေးကိုပါခေါ်ပြီး အလည် ရောက်လာပါ တယ်။ခွေးကလဲထွားထွား ကလေးတွေကလည်း ငယ်သေးတာမို့ အန္တရာယ်ရှိနိုင်တာကြောင့် မိမိကခွေးမခေါ်ခဲ့ဖို့ တဖွဖွမှာနေတဲ့ကြားက ခေါ်လာကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။တရက်မှာ ကြည့်နေတဲ့မိမိ မျက်စိအောက်မှာဘဲ အဲဒီခွေးဟာ သမီးကို ပတပ်ရပ်ပြီး လည်ပင်းကိုလှမ်းကိုက်လိုက်ပါတယ်။ ကလေးက ကြောက်လန့်တကြား အော်ရင်းလက်နဲ့ ကာလိုက်တာမို့ လက်ကိုကိုက်မိပြီးဆွဲခါနေပါ တော့တယ်။အဲဒီမြင်ကွင်းကြောင့် ပြာကနဲ ထူပူသွားတဲ့မိမိဟာ ခွေးကိုခြောက်ရင်း နီးရာ သံတုတ်တစ်ခုနဲ့ခွေးနောက် ကိုသတ်ဖို့ လိုက်ပါ တော့တယ်။ဘဝတစ်လျှောက်လုံးတစ်ခါမှ ဒီလောက် ဒေါသမဖြစ်ဘူးပါဘူး။ ဘီလူးတစ်ကောင်ဝင်ပူးသလို ဘာမှမမြင် လောက်အောင် ဒေါသတွေဖြစ်နေလိုက်တာ တကိုယ်လုံး မီးတွေလောင်နေသလိုပါပဲ။ အိမ်ဝိုင်းထဲမှာမို့ ပြေးစရာမရှိတဲ့ခွေးဟာ စားပွဲခုံ တစ်ခုံအောက်မှာဝင်ပြီး ပုန်းနေပါတယ်။ ခွေးကိုသတ်ဖို့နောက်က လိုက်ရင်း ကြောက်ရွံ့ နေတဲ့ခွေးကိုမြင်လိုက်တဲ့အချိန်မှာဘဲ ရုပ်တရက် သတ်မယ်ဆိုတဲ့ စိတ်တွေဖြုန်းကနဲ ပျောက်ကွယ် သွားရပါတယ်။”သူ့ခမျာသေရမှာ ကြောက်နေရှာ ပါလား”ဆိုတဲ့အတွေးဟာ လက်ထဲကသံဒုတ်ကို လွတ်ချလိုက်စေပါတယ်။ ဒဏ်ရာကနာလို့ ရှိုက်ကြီးတငင်ငိုနေတဲ့ သမီးအနားမှာထိုင်ပြီး သမီးလက်ကသွေးတွေနဲ့ဒဏ်ရာကို ဆုပ်ကိုင် ထားရင်း သမီးကိုအားပေးစကား ပြောလိုက်မိပါ တယ်။
“အဖေဆေးကုပေးမှာပေါ့သမီး။ခဏနေ သက်သာ သွားမှာပါ။ သမီးလည်း အရင်ဘဝတွေကသူများကို အခုလိုဒုက္ခတွေ ပေးခဲ့လို့ပေါ့သမီးရယ်။”
အလွန်ကံကောင်းစွာနဲ့ သမီးလည်းအသက်ဘေး က လွတ်ခဲ့ရသလို မိမိလည်း သူတစ်ပါးအသက်ကို အားပါးတရသတ်ဖြစ်မဲ့ အကုသိုလ်ကံ တစ်ခု ပြုမိ တော့မဲ့ဆဲဆဲမှာ အချိနိမီရပ်တန့်နိုင်ခဲ့ပါတယ်။ ဘာပဲပြောပြော တစ်ခါမှမဖြစ်ဘူးတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ ကြမ်းတမ်းမှုတွေနဲ့ တရား အားထုတ်သူ တစ်ယောက် ဒုံရင်းဒုံရင်းထက်ဆိုးတဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားခဲ့ရတာ ကတော့ အမှန်ပါပဲ။
ဒုံရင်းဒုံရင်းဆိုတဲ့စကားဟာ ကြားကောင်းအောင် ပြောနေလို့သာ နားထောင်လို့သက်သာနေတာပါ။ နားဝင်ချိုတယ်ထင်နေရတာပါ။ တကယ်တမ်း တရားအားထုတ်သူတစ်ယောက်အနေနဲ့ သေချာ စဉ်းစားကြည့်ရင် တစ်စက်ကလေးမှ လက်ခံချင် စရာ မရှိပါဘူး။တရားတွေ အားထုတ်ထားပါတယ် ဆိုတာတောင် အရင်ကစရိုက်တွေ အလေ့အကျင့် ဆိုးတွေ မပျောက်နိုင်ဘဲ ခါတိုင်းလုပ်နေကျ၊ ပြောနေကျ၊ ကြံနေကျ အမူအကျင့်တွေအတိုင်း ကာယကံ၊ဝစီကံ၊မနောကံ အမှားတွေကို ကိလေသာ အပြည့်နဲ့ ထပ်ခါထပ်ခါလွန်ကြူး နေတာပါ။ အဲဒီအဖြစ်အပျက်ဟာ ကို်ယ်ရဲ့ ချို့ယွင်းချက် အားနည်းချက် လိုအပ်ချက်တွေကို ဖေါ်ထုတ်ပြလိုက်တာပါပဲ။ မင်းဘာမှမဟုတ်သေးပါဘူးကွာလို့ ကိလေသာက သက်သေပြလို့ ကိုယ်ရဲ့ထင်ချင်သလို အဟုတ် ထင်နေတဲ့ မာနကို ရိုက်ချိုးလိုက်တာပါပဲ။ ကိုယ်ဘယ်လောက်ကြိုးစား အားထုတ်ပါတယ် ဆိုဆို ကိုယ်ရဲ့ကိလေသာတွေဟာ တကယ့် အရေးတွေမှာ တပြားသားမှ လျော့မသွား ပါးမသွားဘူးဆိုတာ ထင်ရှားလွန်းလှပါတယ်။
ခါတိုင်းမှားသလို မိမိကိုယ်ကိုအကာအကွယ် ပေးရင်း လျှော့ဈေး ပေါ့ဈေးနဲ့ “ပုထုဇဉ်ဘဲလေ” ဆိုတဲ့စကားကိုတွင်တွင်အသုံးချလို့ ရောယောင်ပြီး ဖြေသိမ့်နေခဲ့ရတာဟာ ဂုဏ်သိက္ခာမဲ့လှပါတယ်။ အမှားအယွင်းတွေပြုမိတိုင်း ပုထုဇဉ်ဘဲလေ ဆိုတဲ့ စကားကိုလက်ကိုင်ထားနေရတာဟာ စိတ်မလုံ စရာ ကောင်းလှပါတယ်။
ဒီတစ်ခါဒုံရင်းဒုံရင်းဟာ ကိုယ့်ကိုတော်တော် အထိနာလို့ အရှက်ရသွားစေ လောက်အောင် အကျိုးပြုခဲ့ပါတယ်။
ကိုယ့်ကိုယ်ကို ဘာ့ကြောင့်မကြာခဏ အခုလို ဒုံရင်းဒုံရင်းဖြစ်နေရတာလည်း ဆိုတာကို ဉာဏ်မီ သလောက် စမ်းစစ်ကြည့်မိပါတယ်။
အပြောကတော့ဟုတ်နေတာပါပဲ။ဆရာကဘုရား၊ နည်းစနစ်က သတိပဋ္ဌာန်၊ လမ်းကြောင်းက မဇ္ဈိမပဋိပဒါ။ဒါနဲ့တောင် မတိုးတက်ဘဲ ဒုံရင်းဒုံရင်း ဖြစ်နေရတာဟာ သေချာပေါက် ကိုယ့်မှာ ချို့ယွင်းချက်တွေ ရှိနေလို့ပါပဲ။များပြားလှတဲ့ ကိုယ့်ရဲ့အားနည်းချက်တွေထဲမှာ အလွန် သိသာထင်ရှားတဲ့ အလွန်ကြီးမားတဲ့ အစွဲအလန်း တစ်ခုကို သတိထားမိလိုက်ပါတယ်။
အဲဒါကတော့ တရားအားထုတ်တယ်ဆိုတာကို ဘုရားစင်ရှေ့မှာ ထိုင်နေမှ၊ရိပ်သာမှာအားထုတ်မှ၊ အာစိန္နကံထိုင်တဲ့အချိန်မှ၊ ကန့်သတ်ထားတဲ့ အချိန်တစ်ခု၊နေရာတစ်နေရာမှာ အားထုတ်မှသာ တရားအားထုတ်တယ်လို့ ထင်နေတဲ့အစွဲပါပဲ။ ဘယ်အချိန် ဘယ်ကာလကစပြီးစွဲခဲ့မှန်း မမှတ်မိ တော့ပေမဲ့ အဲဒီအစွဲဟာ ကိုယ့်သန္တာန်မှာ အလွန် အင်အားကြီးစွာ စွဲထင်လို့နေပါတော့တယ်။
ဘုရားရှင်က အချိန်မရွေး နေရာမရွေး ဣရိယာပုဒ် မရွေးအားထုတ်လို့ ရပါတယ်လို့ပြောထားတာ တောင်ကိုယ်ကမယုံပါဘူး။ကိုယ်ကိုတိုင် အဲဒီ စကားတွေကို အသံကျယ်စွာပြောခဲ့ပေမဲ့ ကိုယ်ကို တိုင်ဘဲ ပြောသလို တော့မကျင့်ခဲ့ပါဘူး။ ဘယ်လောက်ဆိုးသလဲဆိုရင် ပါးစပ်ကသာအချိန် မရွေး နေရာမရွေး ဘာညာနဲ့ပြောနေပေမဲ့ ကိုယ်တရားအားထုတ်မယ် ဆိုတာနဲ့ ဆိပ်ငြိမ်ရာ တစ်နေရာရာကိုသွားပြီး ထိုင်တော့တာပါပဲ။ ကန့်သတ်ထားတဲ့အချိန်တွေမှာ အားထုတ်တာ ကိုသာ အထင်ကြီးခဲ့ပါတယ်။ အဲလိုအားထုတ်မှသာ အားရပါရရှိတယ်။ ပိုသိ နိုင်တယ်။သတိသမာဓိတွေ ပိုအားကောင်းတယ် လို့ အလွန်လွဲမှားစွာ မရင့်ကျက်စွာ မှတ်ယူခဲ့မိ ပါတယ်။
ကန့်သတ်အားထုတ်တာတွေကိုသာ အဟုတ် ထင်ခဲ့တဲ့သူဟာ ကျန်တဲ့ဘဝထဲမှာနေတဲ့အချိန် တွေမှာ မေ့လျော့ပေါ့ဆစွာ နေတော့တာပါပဲ။ အဲဒီအားနည်းချက်ဟာ ဘဝထဲမှာ ဒုံရင်းဒုံရင်း ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲလို့ တစ်ချက်ကလေးမှ မရိပ်မိခဲ့တာဟာ အလွန် အံ့အားသင့်ဖို့ ကောင်းလှပါတယ်။
ထိုင်ချိန်မှာ ဒါမှမဟုတ် တရားစခန်းဝင်တဲ့အချိန် တွေမှာ အားထုတ်ခဲ့တဲ့တရားအရှိန်ဟာ ဘယ်လောက် ကြာကြာခံမှာလဲ။ မကြာခဏ ဘဝထဲမှာ ကြုံတွေ့ရတတ်တဲ့ အကောင်းအဆိုး လောကဓံ တစ်ပါးပါးနဲ့ဆုံရတဲ့အခါ။ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့၊ မကြိုက်တဲ့၊ကိုယ်အချစ်ပိုတဲ့၊ ကိုယ်အပြစ်ဆိုတဲ့၊ ကိုယ်ဥပါဒါန်ကပ်တဲ့ အာရုံတွေနဲ့ဆုံရတဲ့အခါ။ဒါမှမဟုတ် ငါ၊ င့ါဥစ္စာ၊ ငါ့ဂုဏ်သိက္ခာ၊ငါ့မာန၊ငါတန်ဘိုးထားတဲ့အရာတွေကို အထိပါးခံရတဲ့အခါတွေမှာ လောဘ၊ဒေါသ၊ မာန၊ဣဿာ၊မစ႓ရိယ အစရှိတဲ့ ကိလေသာ အပေါင်းစုံလင်စွာဖြစ်လို့ ပူလောင်မှားယွင်းရပါ တော့တယ်။
အဲဒီလိုပူလောင်တဲ့အခါ ငါတော့အခုတလော တော်တော်ပူလောင်ခဲ့တာပဲ။ ညကျရင်တော့ တရားထိုင်အုံးမှ။ဒါမှမဟုတ် တရားစခန်းတစ်ပါတ် လောက်တော့ ဝင်အုံးမှဆိုတဲ့အတွေးနဲ့ ကန့်သတ် အားထုတ်တာတစ်ခုကိုဘဲ ပုံပြီးအားကိုးနေတာမို့ အေးလိုက်ပူလိုက် ဒုံရင်းသံသရာဟာ ထပ်ကာ ထပ်ကာ လည်နေရပါတော့တယ်။ တကယ်ဆိုဘဝထဲမှာ အေးအောင်နေနိုင်ဖို့ ဘဝထဲမှာပါ အားထုတ်ရမှာလေ။
ဒီတစ်ခါတော့ တကယ်သဘောပေါက်သွားပါပြီ။ တရားအားထုတ်မှုတွေကို ဘုရားစဉ်ရှေ့မှာ ရိပ်သာထဲမှာ ထားခဲ့တတ်တဲ့ ကိုယ့်အကျင့်ကို ပြင်ကိုပြင်ရတော့မှာပါ။ ကန့်သတ်အားထုတ်တာ တွေလုပ်သလို ဘဝထဲအထိ တပါထဲယူလို့ ဘဝထဲမှာပါ အားထုတ်တာကိုလည်း ကျင့်ကို ကျင့်ရတော့မှာပါ။ အိပ်ရာနိုးတာကစလို့ မျက်နှာသစ်တာ၊ သွားတိုက်တာ၊ ရေချိုးတာ၊ လမ်းလျှောက်တာ၊ အစားစားတာ၊ စကားပြောတာ၊ အလုပ်တစ်ခုခုလုပ်နေတာ၊ တစ်နေရာရာကို သွားတာနောက်ဆုံး ဘုရားရှိခိုးပြီး အိပ်ရာဝင်တဲ့ အထိ သတိနဲ့သိတတ်တဲ့အကျင့်ကို တတ်နိုင် သလောက် မွေးမြူလေ့ကျင့် ရတော့မှာပါ။
ကိုယ့်ကိုယ်ကိုအမှန်အတိုင်းသိလို့ ဒုံရင်းဒုံရင်း ဖြစ်နေတာကိုသိတာဟာ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး မာနတွေဖြစ် ဘဝင်တွေမြင့်နေတာ ထက်စာရင် အကုသိုလ်နည်းပါးလှပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဒုံရင်းဒုံရင်းမှန်း သိသွားသူ တစ်ယောက်အတွက်နောက်ထပ်ဘဝထဲမှာ ဒုံရင်းဒုံရင်းတွေ မဖြစ်စေဖို့ ကိုယ့်ကိုယ်ကိုပြုပြင်ရမဲ့ အားထုတ်မှုပုံစံတစ်ခု အချိန်မီထူထောင် တည်ဆောက်ဖို့ လိုပါတယ်။အဲဒါကတော့ ဘဝထဲမှာ အချိန်တိုင်း သတိနဲ့နေထိုင် အသက်ရှင် တတ်တဲ့ အလေ့အကျင့်ပါပဲ။
ဒါဟာ ဘုရားရှင်အလိုကျ ဘဝထဲက သတိပဋ္ဌာန် အကျင့်မြတ်ကို အချိန်ပြည့် လေ့ကျင့်နေတာပါပဲ။
ဒါဟာ လောကထဲမှာအမှားအယွင်းတွေနည်းစွာ အသက်ရှင်နိုင်ဖို့၊ဓမ္မနယ်မှာ စိတ်စင်ကြယ်စွာ အသိ ဉာဏ်တွေဖြစ်စေဖို့ တစ်ကြောင်းထဲသောလမ်းပါပဲ။
မေတ္တာဖြင့်
ကေဇီ
April 15, 2014 at 9:03 am
ဟောလီးဒေးတို့ အလုပ်ချိန်တို့ ကြည့်လိုက် ယှဉ်လိုက်ရင် အနော်တို့ နိုင်ငံက သာသဗျ။
အနော် တို့ ဆီမယ် လက်ဖက်ရည်ဆိုင် တို့ ဘီယာဆိုင်တို့ အေးအေးထိုင်လို့ ရတဲ့ အချိန်တွေ အများကြီးဗျ။
ပြောရင်လည်း သူများနိုင်ငံရောက်နေတဲ့ သူတွေက ကြီးကျယ်တယ် အပြစ်ပြောတယ် ဖြစ်ဦးမယ်။
တရုတ်တွေ သူတို့ နှစ်ကူး ပစ်ပြက် ပျော်တာလည်း မပြောနဲ့ တစ်နှစ်လုံး ဘယ်လောက် အလုပ်လုပ်တုန်း ပိုက်ဆံရှာတုန်း ကြုံဖူးမှ သိတာ။
ခု ဒီကို ရောက်နေတဲ့ အရွယ်ကောင်း ကျား/မ လေးတွေ မြင်ရင် ဒီ လူတွေ သူများနိုင်ငံမှာ ဒီလို ကြိုးစားပုံမျိုးနဲ့ ကိုယ့်နိုင်ငံမှာ ဆိုရင် ကောင်းမှာပဲလို့ တွေးမိတယ်။
နောက်တော့ တဘက်က ပြန်စဉ်းစားတော့ ကျနော် ကိုယ်တိုင် အပါအဝင် ကိုယ့်နိုင်ငံမှာ ဆို ဒီလောက် အားစိုက်ကြိုးစားဖြစ်မှာ မဟုတ်ဘူး ဆိုတဲ့ အဖြေရတယ် အာတီဒုံ။
ရိုးသားရင် နှိမ်တဲ့ နေရာ၊ ကြိုးစားရင် ဟားတဲ့ သူတွေ၊ အဆက်အသွယ်ကောင်းမှ ထိပ်ရောက်တဲ့ တိုင်းပြည် ဖြစ်နေသ၍၊ ကျနော်တို့ ဘာမှဖြစ်လာမှာ မဟုတ်တော့ဘူးး
ဆက်ပြောရင်တော့ ပစ်မလွဲ အပြစ်တင်ချင်စရာ ငတကြီးတွေကိုပဲ ကျနော် လက်ညှိုးထိုးမိမှာပဲနော့။
နောက်မှ ယှဉ်ပြဦးမယ်။။
ကျေနော် ရေးဖို့ စဉ်းစားထားတဲ့ အတည်ပေါက် ပို့(စ) တွေက မရေးဖြစ်လို့။
ကျနော်လည်း ခု ပြန်မယ် စဉ်းစားရင် နိုင်ငံရဲ့ Rules and Regulations ကို မယုံတာရယ်။ အလုပ်ခွင်ရဲ့ နည်းလမ်းမကျတဲ့ ပြသနာတွေရယ် မရှင်းတတ်တာနဲ့ ဘာ အလုပ်လုပ်ရမှန်းမသိလို့ မပြန်ရဲဘူး အာတီဒုံ။
အရှင်းဆုံးပြောတာပါ။ ကျနော် မြန်မာပြည်မှာ အလုပ်မလုပ်ဖူးပါဘူးးး
ဒီဘက်က လုပ်ရိုးလုပ်စဉ်နဲ့ အသားကျပြီးမှ ကျနော် ပြန်မလာရဲပါဘူးးးး
ကျနော်တို့ သူငယ်ချင်းတွေ တော်တော်များများ ဒီလိုပါပဲ။
တစ်ခုတော့ ရှိတယ်။
ခေါင်မိုးကောင်းရင်တော့ အိမ်တွင်းကို လာပြန်ပြင်ချင်ပါတယ်ဗျာ။
ခေါင်မိုးမကောင်းသေးပဲ ကျနော် ပြန်လာဖို့ အထိ သိတ္တိမရှိပါဘူးးး
:hint:
padonmar
April 15, 2014 at 9:45 am
မဝေးတော့တဲ့ တနေ့နေ့တော့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတဲ့နေ့၊
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့၊
အလုပ်လုပ်ရာမှာ မုသားပါစရာမလိုတဲ့နေ့
ရောက်လာမယ်လို့ မျှော်လင့်ပါတယ် ကေဇီရေ။
ခုတော့ ….
snow smile
April 15, 2014 at 10:32 am
ဘ ဝ ထဲ မှာ အ ချိန် တိုင်း သ တိ နဲ့
နေ ထိုင် အ သက် ရှင် တတ် တဲ့
အ လေ ့ အ ကျင့်
( တ ခါ တခါ လွတ် လွတ် သွား တယ် မ မာ ရေ )
padonmar
April 15, 2014 at 12:47 pm
မနှင်းပြုံးရေ
ကျမကတော့ တခါတလေမက အများကြီးလွတ်တာပေါ့။
ဒါပေမယ့် တစက်တစက်ကျပါများရင် ပြည့်လာမယ်လို့ မှန်ပြီး နိုင်သလောက်ဖြည့်နေပါတယ်။
ရိပ်သာမှာ အားထုတ်တာ အိမ်မှုကိစ္စ ဗာဟီရတွေ ကင်းတဲ့အတွက် တကယ် အားထုတ်သူတွေ အတွက် အလွန်ကောင်းပါကြောင်း။
Crystalline
April 15, 2014 at 10:43 am
တီဒုံရေ… ဒီက ဂေါက်သီးလေးလည်း တီဒုံအတွေကို ၈၅ ပါဆင့်လောက်ထောက်ခံပါတယ်… ကျန်တဲ့ ၁၅ကိုတော့ာ သေချာပြန်တွေးနေတယ်.. :mrgreenn:
padonmar
April 15, 2014 at 12:47 pm
မယ်ခွစ်လည်း ဂေါက်ကလပ်ဝင်တာကိုး။
naywoon ni
April 15, 2014 at 10:18 pm
ကျွန်တော်ကတော့ ဒီလို သဂျန်တွေမှာ ကုန်ကျမဲ့ ပိုက်ဆံတွေစုပြီး အများအကျိုးရှိမဲ့ အလုပ်တစ်ခုခုမှာ သုံးလိုက်ရရင် ဘယ်လောက်ကောင်းမလဲ တွေးမိပီး နှမြောနေတာ ……။ ကျုပ်သာ သမဒ ဖြစ်ကြည့် ….. သဂျန်ဆိုပ်ီး ရေပက်တဲ့ကောင်ဒွေ ဒဏ်ရိုက် မိဘမဲ့ကျောင်းလှူ ….. ။ အလုပ်ပိတ်ရက်ကိုလဲ တစ်ဝက်လျော့ ။ သဂျန် ပစ္စည်း သွင်းလာတဲ့ ဟာဒွေ သိမ်း မူးယစ်ဆေးဝါးလို မီးရှို ဖျက်ဆီး ( ဒါမှ နောက်နှစ်မသွင်းရဲမှာ ) ။ အဲ့ တရားစခန်းဝင်ဖို့ လာမပြောနဲ့ ဝန်ထမ်းတွေ အလှည့်ကျ တရားစခန်းဝင်ဖို့ ခွင့်တစ်လပေး ။ ပြန်လာရင် တိုးတက်မှု အစီရင်ခံစာတင် ။ အဲ့လို လုပ်လိုက်လို့ သဂျန်မှာ ဖြုန်းနေကြ ရေချို တွေ ပိုနေတာ ဘာလုပ်မလဲ ဟုတ်လား ။ စီကာပူရ် လို ရေ ဝယ်သုံးတဲ့ နိုင်ငံ ကို ဈေးပေါပေါနဲ့ တင်ပို့ ကဲ အဲ့လို ဆိုရင်ကော သဘောမကျဘူးလား ဘာလိုသေးလဲ ပြော
padonmar
April 15, 2014 at 10:25 pm
အဘနီကို BC ပေးခွင့်ပြုပါ။
ဘာမှမလိုပါဘူး၊ကွက်တိ။
naywoon ni
April 15, 2014 at 10:29 pm
ကျေးဇူးပါ ကျွန်တော်လဲ သဂျန်ကို စိတ်ပေါက်ပီး ဂေါက်နေတာ ခင်ဗျား တို့ ဂေါက် ကလပ်ထဲ မင်ဘာဝင်ခွင့်ပြုပါ
ဦးဦးပါလေရာ
April 16, 2014 at 6:24 am
ကော်နက်ရှင် ကျတော့မှာမို့ သေပြေးရှင်ပြေး မန့်လိုက်ပါမည်
အခြားကွန်မင့်များကိုလဲ ဖတ်ဖို့ အချိန်မရပါ
တကယ်တော့ ပိုစ့်ကိုလဲ သေသေချာချာဖတ်ဖို့အချိန်မရပါ
နားစွန်နားဖျားနဲ့ ရမ်းတီးလိုက်တယ်လို့ မှတ်ပါ အာတီဒုံ …..
ကားလက်မှတ်
အဲဒါများ…ပြည်သူတွေဒုက္ခရောက်တာကို ထိုင်ကြည့်ရတာ အရသာတွေ့လို့ ကြည့်နေတာလို့ပဲ စွပ်စွဲလိုက်ကြောင်း….
ဒီပြဿနာ နှစ်တိုင်းဖြစ်နေပါရက်နဲ့ ဘာမှမလုပ်တာကြောင့်ဖြစ်ကြောင်း..
တကယ်တော့ ရန်ကုန်က နယ်ပြန်တာ လူတစ်သန်းခန့်သာ ဖြစ်ပါတယ်။ တရုတ်လို မြို့တိုင်းကလူသန်းနှစ်ရာလောက် ဇာတိမြေ ပြန်ကြတာမဟုတ်ပါဘူး..
သင်္ကြန်အကြိုမတိုင်မီ ငါးရက်နဲ့ သင်္ကြန်ပြီး သုံးရက်လောက်အတွက် အဝေးပြေးကားတိုင်းရဲ့ လက်မှတ်ကို အစိုးရက အဖွဲ့တစ်ဖွဲ့ဖွဲ့ ပြီး seat plan နဲ့ နံပတ်တပ်ပြီး ဦးရာလူ ရောင်းပေး။ ဈေးနှုံးတော့ ၁၀%လောက် ပိုရောင်း(သင်္ကြန်မှာ ကားဂိတ်တွေကလဲ စားရိတ်တက်ပါတယ်)။
မှောင်ခို မလုပ်အောင် အပြင်မှာ လက်မှတ်ပြန်ရောင်းခွင့်မပေးနဲ့။လက်မှတ်မရတဲ့သူတွေအတွက် waiting list ဖွင့်ထားပြီး မလို်က်ဖြစ်တဲ့ခုံကို အဲဒီစာရင်းအရ စီနီယာအတိုင်းရောင်းပေး။ အဲဒါမှန်မမှန် စစ်ဆေးမယ့်အဖွဲ့ တစ်ခါထဲဖွဲ့ပြီးစစ်။ မဟုတ်တာလုပ်ရင် ပြင်းပြင်းထန်ထန် ချက်ချင်းအရေးယူ။ ပုသိမ်လမ်းကို တစ်ရက် ကားအစီးငါးဆယ်လောက် ၊ မန္တလေးလမ်းကို တစ်ရက် ကားအစီးနှစ်ရာသုံးရာလောက် အသွားအပြန် ကောက်တင်ထွက် လုပ်ပေး..။ အဲဒီကားတွေ ဘယ်ကရမလဲ??? အဲဒါကတော့ သိချင်ရင် ပို့ဆောင်ရေးဝန်ကြီးကိုယ်တိုင် ကျုပ်ဆီ ကျူရှင်လာတက်နိုင်ပါကြောင်း….။
အစိုးရရုံးတွေ တစ်လလုံးနီးပါး အလုပ်မလုပ်
ဒါကတော့ရှင်းပါတယ်။ မလုပ်လို့မရလို့ မလုပ်တာပါ။ မလုပ်ရင် ဒုက္ခတစ်ခုခုဖြစ်အောင် စီစဉ်ပေးလိုက်ရင် တစ်ချက်ထဲနဲ့ရှင်းရော။ ဒီလူတွေက တစ်ခြားနေရာမှာသာ မသိမတတ်ရင်ရှိရမယ် – လူကို ဘယ်လိုဒုက္ခပေးရမယ် ဆိုတဲ့နေရာမှာ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်လောက်ပြီးသား..။
ပိတ်ရက်ဆိုတိုင်း ပုဂ္ဂလိကလုပ်ငန်းတွေပိတ်စရာမလို
ဈေးဆိုင် စားသောက်ဆိုင် ကျန်းမာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု့တွေ မပိတ်ရ
အစိုးရသတ်မှတ်တဲ့ ရုံးပိတ်ရက်ဟာ အစိုးရဌာနတွေနဲ့သာ သက်ဆိုင်သင့်တယ်။
သူတို့ဖာသာ ပိတ်ချင်သလောက်ပိတ်-
ဖြစ်နိုင်ရင် အစိုးရအဖွဲ့ဝင်တွေ ဘယ်တော့မှ ရုံးပြန်မလာတော့ရင်အကောင်းဆုံး…
ဒါပေသိ သူများကို လျှောက်ပိတ်ခိုင်းတာတော့ သဘာဝမကျပါ
မည်သည့် ကုန်ထုတ်လုပ်ငန်း ကူးသန်းရောင်းဝယ်မှု့လုပ်ငန်း ဝန်ဆောင်မှု့လုပ်ငန်းမဆို တစ်ဦးတစ်ယောက်ထဲရဲ့အကျိုးစီးပွားသက်သက်မဟုတ်ပါ။ ပါတ်သက်ရာ လူအားလုံးရဲ့အကျိုးစီးပွားများနဲ့ ဆက်စပ်နေတာပါ။
နေ့စားလုပ်သားတွေ အလုပ်ပိတ်ရက် ပိုက်ဆံမပေးသင့် အလုပ်ပဲပေးသင့်တယ်
နာမည်ကိုက နေ့စား လေ…
ကွန်မြူနစ်လက်ဝဲသူငယ်နာမကင်းသေးတဲ့ ကျုပ်တို့လူအများစုက နေ့စား ဆိုတာ ဘာလဲ ၊ ဘယ်လိုဘဝလဲဆိုတာ မသိပဲနဲ့ ရမ်းသမ်းလျှောက်ပြောနေတာ… ရေပေါ်ဆီဂျာနယ်လစ်တွေ အဆိုးဆုံး။ ဘီယာဆိုင်ထိုင်ရင်းနဲ့ ဆင်းရဲသားအကြောင်း အလုပ်သမားအကြောင်း လျှောက်ပြောနေတဲ့ ရမ်းတုပ်တွေ…။
ကျုပ်တို့ဆီက နေ့စားလုပ်သား မြောက်များစွာဟာ စားစရာရှိရင် အလုပ်မလုပ်တော့ဘူး (သို့မဟုတ်) အလုပ်မလုပ်လို့ရသရွေ့ အလုပ်မလုပ်ဘူး…
လူတွေကို ကယ်တင်ဖို့ခဏထား (ကွန်မြူနစ်ဆိုတာ ဘုရားသခင်မဟုတ်)
လူတွေကို ချောက်မချဖို့ မဖျက်ဆီင်္းဖို့ အရင်လုပ်ပါ…။
မပြီးသေးပါ
အဆင်ပြေရင်လာခဲ့ပါဦးမယ်…
kai
April 17, 2014 at 12:02 am
တော်တော်တန်ဖိုးရှိတဲ့..စကား..။
padonmar
April 16, 2014 at 6:37 am
ဦးဦးပါ
အဲဒါကြောင့်လည်း ဂေါက်ကလပ် ဥက္ကဌ ဖြစ်တာပေါ့။
ခေါင်းစဉ်ဖတ်တာနဲ့တောင် ဘာပြောချင်လဲသိတာ။
ဘီစီ့ ဘီစီ ပေးချင်လာပြီ။
ဆက်ပါအုံး။
padonmar
April 16, 2014 at 9:18 am
စကားလေးတခုကြားဖူးတယ် ဦးပါရေ့။
ဒီနားလေး ဒီလိုလုပ်ရင် ချောသွားမယ်၊ဟိုနားလေး ဟိုလိုလုပ်ရင် ကောင်းသွားမယ်လို့ လေပစ်ကြတဲ့ သူတွေကို ဆရာကြီး တယောက်က `နင်တို့ပြောနေတာလောက်တော့ မသိဘူးများထင်နေလား၊မလုပ်ချင်လို့ မလုပ်တာ´တဲ့။
ကဲ…ဘာပြောချင်သေးလဲ။
snow smile
April 16, 2014 at 10:09 am
နေ ဝန်း နီ နဲ့ ဦး ဦး ပါ လေ ရာ တို ့ ရဲ့
မန် ့ ချက် များ သ ဘော ကျ လှ သည်
(တ ရား စ ခန်း ဝင် ဖို ့ ခွင့် တ လ ပေး
ပြန် လာ ရ င် တိုး တက် မှု ့ အ စီ ရင် ခံ စာ တင်)
( ဟို ဟာ မြင် ဒယ် ဒီ ဟာ မြင် ဒယ် ပြော လိမ့် မယ် )
:)))))))))))))
ဖြစ် နိုင် ရင် အ စိုး ရ အ ဖွဲ့ ဝင် တွေ
ဘယ် တော့ မှ ရုံး ပြန် မ လာ တော့ ရင် အ ကောင်း ဆုံး
( လေ ဗျံ ဂျီး ဘယ် နှစ် စီး လောက် လို မ လဲ မ သိ)
TNA
April 16, 2014 at 7:15 pm
အဲ့အကြောင်းစဉ်းစားနေတာ အန်တီဒုံရေ။ သင်္ကြန်တွင်းမှာ ဖွင့်တဲ့ဆိုင်တွေရဲ့ဝန်ထမ်းတွေဟာ သင်္ကြန်နဲ့ ဘာမှမဆိုင်ပဲ သူများပျော်လို့မပျော်နိုင် ကိုယ့်မှာအလုပ်တွေနဲ့မှိုင်ဖြစ်နေလေတော့ ဒီလို သူတို့အလုပ် လုပ် နေတာဟာကျေကျေနပ်နပ်လုပ်နေတာလား မကျေနပ်ပဲ ပျော်ချင်ပါလျှက်နဲ့ အလုပ်ပြုတ်မစိုးလို့ လုပ် နေရတာလားဆိုတာ စဉ်းစားနေမိတယ် အန်တီဒုံရေ။
padonmar
April 17, 2014 at 12:29 am
သဲနုအေးရေ၊
လူတိုင်းပိတ်ရက် ခံစားနေကြမယ်ဆိုရင် စားရေးခက်သွားမှာပေါ့။
ဈေးထဲက ခေါင်းရွက် ဗျတ်ထိုးသယ်လေးတွေ ရှိသေးလို့ ဟင်းချက်စရာရတယ်မလား။လူတိုင်းက ရေခဲသေတ္တာနဲ့ ကြိုဝယ်သိမ်းမထားနိုင်ဘူးလေ။
ကိုယ်လိုတာလေး ပြေးဝယ်လို့ရတဲ့ လမ်းထိပ်က ကုန်စုံဆိုင်လေးကိုလည်း ဖွင့်ပေးတာ ကျေးဇူးတင်ရတာပေါ့။
အဲသလိုပဲ သူများပျော်လို့ မပျော်နိုင်တဲ့ထဲမှာ ဆရာဝန်တွေ သူနာပြုတွေလည်းပါတယ်လေ။
(ဈေးသည်တွေက လောဘရှိလို့ ဆိုင်မပိတ်ဘူးဆိုရင်တောင် ဆရာဝန်တွေ သူနာပြုတွေက ကိုယ့်အသိစိတ်နဲ့ ကို်ယ်လုပ်နေကြတာပါ)
ကမ်လူဝေးရဲ့ ကဗျာလေး ဖတ်ကြည့်ပါအုံး။
သင်္ကြန်ကျပြီဆိုတော့ ဝန်ထမ်းအများစု ရက်ရှည်ရုံးပိတ်ရက် ခံစားနေချိန်မှာ ချွေးတစိုစို သွေးတရွဲရွဲ ဆေးရုံများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန် ဆရာမများ အတွက် ပျော်စရာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းရင်း ကျွန်တော်ရဲ့ကဗျာ အဟောင်းလေးတပုဒ်ကို ပြန်တင်ပေးလိုက်ပါတယ်။
အသက်ဖမ်းသူ
—————–
နင့်အသက်တခါလွှတ်
ငါ့အသက်ဆယ်ခါလွတ်
ငါးကလေးတွေလွှတ်တယ်
ငှက်ကလေးတွေလွှတ်တယ်
နွားကြီးတွေတောင်လွှတ်တယ်
အသက်လွှတ်ပွဲဆင်နွဲ
နှစ်ဦးကာလ
သင်္ကြန်ကျပြီ။
ငါ့မှာတော့
အသက်တွေမလွှတ်အား
လွတ်သွားမည့်အသက်တွေကို
လိုက်ဖမ်း
ငါကအသက်ဖမ်းသူ။
မိုးလင်းကမိုးချုပ်
မိုးချုပ်ကမိုးလင်း
နေ့လားညလား
ညလားနေ့လား
မတွေးအား
တွေးထားတာကတခုတည်း
အသက်တွေကိုများများဖမ်းပေးဖို့။
ဖမ်းတယ်
မိတယ်
ဖမ်းတယ်
လွတ်တယ်
(တချို့တလေ)
ဟိုနေ့ကငါးယောက်
ဟိုးနေ့ကသုံးယောက်
မနေ့ကခုနှစ်ယောက်
နောက်နေ့…
နောက်နေ့…
ဓါးတလက်ကိုကိုင်ပြီးဖမ်းတယ်။
ထွက်ပြေးမည့်အသက်တွေ
မပြေးရလေအောင်
ဆိုင်ကယ်မှောက်လို့
ထွက်ပြေးမည့်အသက်တွေ
မပြေးရလေအောင်
ကားတိုက်လို့
ထွက်ပြေးမည့်အသက်တွေ
မပြေးရလေအောင်
ဓါးနဲ့ထိုးခံရလို့
ထွက်ပြေးမည့်အသက်တွေ
မပြေးရလေအောင်
အရက်သောက်လို့အစာအိမ်ပေါက်ပြီး
ထွက်ပြေးမည့်အသက်တွေ
မပြေးရလေအောင်
…………………………….
ထွက်ပြေးမည့်အသက်တွေ
မပြေးရလေအောင်
ငါစောင့်တယ်
ငါဖမ်းတယ်
ငါဟာ…
အသက်ဖမ်းသူ
တနည်း…
ဆရာဝန်။ ။
Credit-ကမ်လူဝေး
အလုပ်မဆင်းချင်တဲ့ အလုပ်သမားကို အတင်းအကြပ်တော့ ဆင်းခိုင်းဖို့ မသင့်ဘူးပေါ့။ခုခေတ်ကြီးမှာ အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ဆံရေးက အလုပ်သမားက အပေါ်စီးရပါတယ်။အလုပ်ရှင်တွေမှာ အလုပ်သမား လုပ်သက်ရင့်လာပြီဆို ထွက်မှာစိုးလို့ အမျိုးမျိုး ချော့ရပါတယ်။
padonmar
April 17, 2014 at 12:40 am
အလကားပေးမလား နဲ့ ပတ်သက်လို့ ငြင်းခုန်ချင်စရာလေး ဆွဲထုတ်လာပါတယ်။ဖတ်ကြည့်ကြပါ။
ခရက်ဒစ်တူ The Irrawaddy (Burmese Version)
3 hours ago
ကမ္ဘောဇဘဏ်ဝန်ထမ်းများအတွက် ရင်ခုန်စရာ ကံစမ်းမဲ ~
ကမ္ဘောဇက သူ့ရုံးနဲ့ ဘဏ်ခွဲအသီးသီးရဲ့ ဝန်ထမ်းများကို ကံစမ်းမဲဖောက်ပေးနေပါပြီ။
တစ်နှစ်ပတ်လုံးလစဉ် အထူးကံစမ်းမဲ လို့ အမည်ပေးထားပါတယ်။
ပြီးခဲ့တဲ့လက ပထမဆုံး စတင်ခဲ့တဲ့ ဒီအစီအစဉ်မှာ ဝန်ထမ်း အယောက် ၂ဝ ကံထူးသွားပါတယ်။
သိန်း ၁ဝဝ၊ ၅ဝ၊ ၄၀၊ ၃ဝ အစရှိတဲ့ ဆုကြီးတွေ ပါပြီး ၃ သိန်း၊ ၅ သိန်း ဆုကတော့ အများအပြား ပါဝင်နေတာပါ။
(ဓာတ်ပုံတွေအားလုံးကို ကမ္ဘောဇဘဏ်အွန်လိုင်းကနေ ကူးယူပါတယ်)
လုပ်သက် ၃ နှစ်အထက် ဝန်ထမ်းများအတွက် ဆုတွေက ကြီးပါတယ်။
၃ နှစ်အောက် ဝန်ထမ်း ဆိုရင်တော့ ဆုတွေက ငယ်ပါတယ်။
အဲသလို ပေးတာ ဖတ်ရတော့ ဧရာဝတီ သတင်းဌာန သတင်းထောက်တယောက်က အတည်ပေါက် မေးတယ် – ငါတု့ိရုံးမှာလည်း ဒီလို အစီအစဉ် ရှိရင် ကောင်းမယ် တဲ့။
သိပ်……………….ကောင်းပေတာပေါ့။ ဆုတောင်းလေ …. ဆုတောင်း။ ဆုတောင်းဖို့ ပြောမယ့်သာ ပြောရတာ သူက ဒီဘလော့ http://blog.irrawaddy.org/ မှာ ရေးထားတာဖတ်ဖြစ်ပါ့မလား။ လိုရင်း ပြန်ဆက်ရရင် ကမ္ဘောဇဝန်ထမ်း ကြီးကြီးငယ်ငယ် အတွက် ဆုတွေကတော့ ကျေနပ်စရာပါပဲ။ ကံထူးသလောက် ပေါက်မယ်၊ ကံမထူးရင်တော့ ဗလာမဲ။
တစ်နှစ်ပတ်လုံးလစဉ် လို့ အမည်ပေးထားတဲ့အတွက် လစဉ် မဲဖောက်မယ့်သဘောရှိပါလိမ့်မယ်။
မဲပေါက်ပြီးသားသူတွေကို လာမယ့် အစီအစဉ်တွေမှာ ထည့်တွက်မယ်မဟုတ်ဘူးလို့ ယူဆရပါတယ်။
ဒါက ဝန်ထမ်းတွေ အလုပ်မထွက်အောင် ဆွဲဆောင်တဲ့ နည်းနာများထဲက တခု ဖြစ်ပါလိမ့်မယ်။
နိုင်ငံတကာမှာ ဘဏ်လုပ်ငန်းတွေ ဒီလိုပဲ ကံစမ်းမဲ ဖောက်ပေးသလား ဆိုတာကလည်း မေးစရာ ဖြစ်နေပါပြီ။
အင်တာနက်မှာ နာရီဝက်လောက် လိုက်ဖတ်ကြည့်တော့ ဒီလိုအစီအစဉ် ရှိတယ်လို့ မတွေ့ရပါ။ (စာဖတ်နှေး၊ အင်တာနက်ကလည်း နှေးတာကြောင့် မတွေ့တာလည်း ဖြစ်နိုင်ပါတယ်)
တနှစ်တခါ ဘောနပ်စ်တော့ ပေးကြတာ ဖတ်ရတယ်။
ဘဏ်ခွဲ၊ ဘဏ်ဝန်ထမ်းတို့ရဲ့ လုပ်ရည်ကိုင်ရည် စွမ်းဆောင်နို်င်မှုအပေါ် မူတည်ပြီး ပေးတယ်၊ အရာရှိ ခပ်ကြီးကြီးတွေကတော့ အများဆုံး ရကြတယ်လို့ ဆိုတယ်။
ဒီနှစ်တော့ သူတို့ရဲ့ တနှစ်စာဝင်ငွေနီးပါး ရကြတယ်လို့ ဆစ်ဒနီမောနင်းဟာရယ်ထရီဗျူး အွန်လိုင်းမှာ ရေးထားတယ်။
အွန်လိုင်းတနေရာမှာတော့ ဘောနပ်စ်က တနှစ်စာ လစာထက် ပိုရတာလည်းရှိတတ်ပါသတဲ့။
ယူအက်စ်မှာ ဆိုရင် အကြီးဆုံးဘဏ်ငါးခုရဲ့ ဒုတိယဥက္ကဋ္ဌတွေရဲ့ လစာက မြန်မာငွေ သိန်းတရာကျော်ကြောင်း Forbes အွန်လိုင်းမှာ ရေးပါတယ်။
သူတို့ရမယ့် ဘောနပ်စ်က သိန်းတထောင်ဝန်းကျင် ရှိပြီပေါ့။
ဘဏ်လုပ်ငန်းအရာရှိကြီးတွေ လစာ အင်မတန်များတယ် ဝင်ငွေ အင်မတန်များတယ် ဆိုတာ သူတို့လုပ်ငန်းက အောင်မြင်နေတာကြောင့်ပါပဲ။
ကဲ…သူများနိုင်ငံက ဝင်ငွေများအကြောင်း ဒီတင်ရပ်ပြီး ကိုယ့်နိုင်ငံအကြောင်း ဆက်ရမယ်ဆိုရင်…
ကမ္ဘောဇက သူ့ရုံးနဲ့ ဘဏ်ခွဲအသီးသီးရဲ့ ဝန်ထမ်းများကို ကံစမ်းမဲဖောက်ပေးတာကတော့ ဆုပေးဒဏ်ပေးစနစ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်မှာပါ။
ဒီလိုလုပ်ခြင်းဟာ လုပ်ငန်းခွင်ထဲ အငြင်းပွားစရာ နည်းပါးပါလိမ့်မယ်။
နိုင်ငံခြားဘဏ်တွေလို ဘယ်သူ့ကို ဘယ်လောက် ဘောနပ်စ်ပေးသင့်ကြောင်း ကော်မတီဖွဲ့ဆွေးနွေးဆုံးဖြတ်၊ အရာရှိအဆင့်ဆင့်က ဆုံးဖြတ်မယ် ဆိုရင် အငြင်းပွားစရာက သေချာပေါက် ရှိမှာပါ။
ရုံးတွင်းနိုင်ငံရေး ဆိုတာက နေရာတကာမှာ အားကောင်းတတ်တယ် မဟုတ်လား။
ကမ္ဘောဇရဲ့ နည်းလမ်းတွေကို နိုင်ငံခြားဘဏ်တွေ လိုက်လုပ်မယ် မထင်ပါဘူး။
လိုက်လုပ်ရင် ဆုံးဖြတ်ချက်ချသူတို့ကို သေချာပေါက် ထိခိုက်မှာဆိုတော့ ဘယ်လိုက်လုပ်ပါ့မလဲ။
ဒီစာ နိဂုံးချုပ်ခါနီး မဲပေါက်တဲ့ ကမ္ဘောဇဝန်ထမ်းတွေရဲ့ ဓာတ်ပုံအောက်က စာတန်းကို ဖတ်ကြည့်တော့ … မဲပေါက်ပြီးသူတွေက လာမယ့်လတွေမှာလည်း ကံထူးနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ရေးထားပါတယ်။
ပြီးတော့ ဝန်ထမ်းတွေ အားလုံး ကံစမ်းမဲပေါက်သူတွေကိုကြည့်ပြီး မုဒိတာပွားကြစေလိုတယ်လို့လည်း ရေးထားပါတယ်။
ကျနော်လည်း ဘဏ်ဝန်ထမ်းမဟုတ်သော်ငြားလည်း ဒီဘလော့ http://blog.irrawaddy.org/ ကနေ မုဒိတာ ပွားလိုက်ပါတယ်။
naywoon ni
April 17, 2014 at 4:24 am
အားလပ်ရက် ဆိုတာကို ကျုပ်တို့လူမျိုးက သဂျန် လောက်ပဲထင်နေတာ မှန်တာပြောရရင် စနစ်တကျ အနားမယူတတ်တာ ဗျ ။ သူများယောင်မှ လိုက်ယောင်တတ်တဲ့ အကျင့်ဆိုး ။ သူများ ဘုရားဖူးထွက်ရင် တစ်မြို့လုံး ဘုရားဖူး ။ တစ်ယောက်က စက်စဲ ဆို တစ်နှစ်လုံး စက်စဲပဲ သွားကြတယ် ။ ကိုယ်ပိုင်ရည်ရွယ်ချက်တစ်ခုနဲ့ တိတိကျကျ လုပ်တဲ့သူမရှိဘူး ။ ကျုပ်တို့ဆီမှာဆို သဂျန်တွင်း လက်ဖက်ရည်ဆိုင်ဆိုတာ ဖွင့်ကောင်းတဲ့ အရာမဟုတ်ဖူးလို့သတ်မှတ်ထားသလားမပြောတတ်ဘူး ။ လက်ဖက်ရည် တစ်ခွက်သောက်ရဖို့ မြို့တောင်စ ကနေ မြောက်ဘက်အစကို သွားရရော ။ ဘီယာ ဆိုင်တွေကျတော့ အသစ်တွေတောင်တိုးလာသေး ။ စိတ်ထဲ ရှိတာပြောရရင် အရပ်ထဲ ဈေး ထဲ သဂျန်စာ အော်ရောင်းတဲ့သူတွေကို လိုက်ရိုက်ချင်စိတ်ပေါက်နေတာ ။ ဗြဟ္မဏ ဗုဒ္ဓ ဝါဒ ထွန်းနေတဲ့ ကျုပ်တို့တိုင်းပြည်မှာ နေရာ တစ်ကာ အောက်ကလိ အာတွေ ချည့်ပဲ ။
Wow
April 17, 2014 at 9:47 am
ိဆိုးမွေဒွေပေါ့လေ
အနော်ကလဲ သင်္ကြန်ကို တအားဂျီး ခရေဇီ မဖြစ်တော့ ရုံးပိတ်ရက်ရှည်ကို အချိန်ပုတ် တယ်ပဲမြင်ပါဒယ် :byee:
alinsett (gazette)
April 18, 2014 at 1:31 pm
ကားဂိတ်တွေ လုပ်ပုံက..ဟုတ်ဖူးရယ်..
ရွှေစင်စင်္ကြာ လုပ်ပုံက ပိုဆိုး ….
နှစ်ရက်လောက်ကြိုသွားဝယ်တော့….
ကြါုမရောင်းဘူး..တဲ ့…
ကားထွက်မယ့်မနက်မှ.. ချက်ချင်းရောင်းမှာတဲ ့… ။
နှစ်ဆန်းနှစ်ရက်နေ့ ရန်ကုန်ပြန်မှာ..
နှစ်ဆန်းတစ်ရက်မနက်ကျတော့..ဂိတ်ကို ဖုန်းထပ် ဆက်ကြည့်တယ်.. ။
လက်မှတ်ရမလား.. ရရင်..ပိုက်ဆံလာပေးမယ်..
ဆိုတော့လည်း..ဟုတ်ပြန်ဘူး..
နှစ်ဆန်းနှစ်ရက်နေ့မနက် ကားက..မသေချာဘူးတဲ ့…။
နောက်နေ့ မနက် အစေကြီးသွားဝယ်တော့…ကုန်ပြီတဲ ့..ကြိုရောင်းထားတာတဲ ့…
အံ ့ရော….
(ကြုံရာ..စိတ်ပျက်စရာ ကားနဲ ့ပြန်လာရတယ်.. ။ အလုပ် ဖွင့်ရက် မမှီလိုက်မှာစိုးလို ့.. ။)
:kwi:
Ma Ma
April 20, 2014 at 9:38 pm
ကိုယ်တိုင်ကလည်း အပျင်းဆိုတော့ သင်္ကြန်ပိတ်ရက်ရှည်ကို သဘောကျတယ်။ 😀
တကယ်တော့လည်း အောက်ခြေလူတန်းစားတွေ ဒီလောက်များနေတဲ့နိုင်ငံမှာ ဒီလောက်ပိတ်ရက်ရှည်ကြီးပေးသင့်ရဲ့လားလို့တောင် မေးချင်တာ။
သင်္ကြန်ပိတ်ရက်မှာ အလုပ်မဖွင့်ဖို့ အလုပ်သမားတွေကို မခိုင်းဖို့ စာထုတ်ပြီး ထိထိရောက်ရောက်စစ်ဆေးသွားမည်ဆိုတာတွေတောင်ရှိသေး။
ကိုယ့်ဆီမှာတော့ နယ်ကလာတဲ့ဝန်ထမ်းများလို့ အစောင့်လောက်ပဲချန်ပြီး အားလုံးလိုလို ဇာတိပြန်ကြတယ်။
အဲဒါကြောင့် နယ်ပြန်စရိတ်နဲ့အတူ ပိတ်ရက်မှာ သုံးဖို့ စားဖို့ လခစားဝန်ထမ်းတွေကို ထိုက်သင့်တာ ပေးရပါတယ်။
ကိုယ့်လုပ်ငန်းမှာ ပုံမှန်လုပ်နေတဲ့ နေ့စားတွေကျတော့လည်း အလုပ်မရှိတဲ့ရက်မှာ မိသားစုစားဝတ်နေရေးအဆင်ပြေအောင် အနိမ့်ဆုံးနေ့စားခလောက်ကို ပိတ်ရက်နဲ့တွက်ပြီး ပေးရတယ်။
အဲဒါအပြင် နေ့စား လစားတွေရဲ့ လုပ်သက်၊ ကြိုးစားမှု၊ ရက်မှန်မှု စတာတွေထည့်ပြီး ဘောနပ်သဘောမျိုးလည်း ပေးရတာပေ့ါ။
ကျမအဖေကပြောဖူးတယ်။
လုပ်ငန်းတစ်ခုဆိုတာ အလုပ်ရှင်ချည်းပဲလည်း လုပ်လို့မရ။
အလုပ်သမားချည်းပဲလည်း မလုပ်နိုင်။
ဒါ့ကြောင့်မို့
ဆိုသလို အလုပ်ရှင်နဲ့ အလုပ်သမား အပြန်အလှန် စောင့်ရှောက်ကြရမယ်တဲ့။ 🙂
padonmar
April 22, 2014 at 12:14 am
အဲတော့ …ပို့စ်ထဲရေးထားတဲ့ အလကားပေးမလား အကြောင်း ငြင်းရတဲ့ အကြောင်းရင်းပေါ်သွားပြီ။
ဦးကြောင်ကြီး
April 21, 2014 at 8:32 am
ဘူဇွာအာတီဒုံ
ခြူ စွာရွာညီဗုံ
ဖြူပြာပါစီဂုဏ်
လှူ ရာပါသီကုန်..
padonmar
April 22, 2014 at 12:15 am
ဘူဇွာ မဟုတ်ပါဘူး။ဘူ ပိတ်နေတဲ့ စွာ ဆိုတော့ ဘူစွာ ပါ။
မဟာရာဇာ အံစာတုံး
April 21, 2014 at 8:56 am
ကျန်ဒါဒေါ့ မတိဘူး …
ပိတ်ရက် ရွာပြန်ရင် အရာရာ နှစ်ဆ ထောင်းခံရတာပဲ သိတယ် …
ဒါတောင် မျက်နှာငယ်လေးနဲ့ ကျေကျေနပ်နပ်ကြီး အထောင်းခံရတာ …
ဒါလေးပဲ ပြောသွားတယ်နော် တီတီဒုံ ..
padonmar
April 22, 2014 at 12:19 am
နှစ်တိုင်းလည်း အဲသလို နှစ်ဆ ဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ ကြိုတင် စီမံခွင့်မရတဲ့ ဘဝ။
လေယာဉ်လက်မှတ်တောင် ကြိုဝယ်ရင် သက်သာတဲ့ နှုန်းနဲ့ ရသေး။
မိုက်ကယ်ဂျော်နီအောင်ပု
April 21, 2014 at 9:56 am
. အံ့ရောဗျာ
. ဟိုးးးးးးးးးးးးးး နတ်တို့ရဲ့မင်း သဂျားမင်းကိုယ်တိုင် ဆင်းလာပီး
. အားပေးအားမြှောက်လုပ်တဲ့ သဂျန်ပွဲကို သူတို့မို့ ပက်ပက်စက်စက်
. ပြောရက်ကြလေတယ်
padonmar
April 22, 2014 at 12:21 am
ဘပု
မတွေ့တာ ကြာပေါ့။
ဘပုပြောတာ ဟုတ်ပါ့။
ဒီ ဂဇက်ရွာသားတွေ ဂေါက်သီးတွေ ချည်းပါဆို…..
နတ်တို့ သနင်း သဂျားမင်းကိုပါ မန်ဘာထည့်ထားပြီးသား။
Mr. MarGa
April 22, 2014 at 12:31 pm
ရှေ့ဆုံးက စာရင်းတို့ပေးပါ ဟီးးး
ROssI
April 22, 2014 at 1:29 am
ဟိုက် ….
စူပရာနိုတွေချည်း ….
ဟို ဒါတ်ဆြာ ဝေါလ်ပေါ်တွေ့တာလေးပဲ ပြန်ရေးခဲ့ပါရဇီ…
XXXXXXXXXXXXXX
ဟယ်လို..
XXXXXXXXXXXXXX
ဟယ်လို…
XXXXXXXXXXXXXX
ဟုတ်ကဲ့ …xxx ဂျာနယ်တိုက်ကပါလား ရှင့်…
XXXXXXXXXXXXXX
ဟုတ်ပါတယ်ဗျ…
XXXXXXXXXXXXXX
ဟို ..ညီမတို့ အလုပ်လေ ..သင်္ကြန်တွင်း မပိတ်လို့ ..အဲ့လာ တိုင်ချင်ရို့ ..ဘယ်တိုင်ရမလဲရှင့်…
XXXXXXXXXXXXXX
ခညာ .. ကျော်တို့ ဂျာနယ်လဲလေ.. သင်္ကြန်အပြီးမှာ တန်းထွက်နိုင်အောင် သင်္ကြန်တွင် းအိုတီဆင်းပြီး
လုပ်ပေးနေရတယ်ခည ..အဲ့လာ ညီမတို့ တိုင်ရင်လေ. .အစ်ကိုတို့အတွက်ပါ ရော တိုင်ပေးပါညှော်…
XXXXXXXXXXXXXX
သွပ်သွပ်သွပ်…
ညှပ်ညှပ်ညှပ်….
XXXXXXXXXXXXXX
ဒက်ဂလောက် …ဒက်ဂလောက်..
weiwei
April 22, 2014 at 7:57 pm
ဒီကိစ္စမှာတော့ ဂေါက်အဖွဲ့ထဲ မဝင်တော့ဘူး အန်တီဒုံ … 🙂
padonmar
March 15, 2015 at 10:28 pm
ဂေါက်ရဲစည်ရဲ့ ဖွဘုတ်က မလာပါတယ်။
Yee Xie with Chityin Htoo and 96 others
2 hrs · Edited ·
#Happy#
မြန်မာ့ ## ရိုး….ရာ
traditional#
festival#
ခေါင်းစဉ်တွေတပ်
အကြောင်းအရာ အဆင်အပြင်တွေ မက်
ခေါင်းမှာ ဗလာ ဟောင်းကာဟာနေတဲ့
အတွေးအခေါ်နဲ့ ဘေးတွေ ချော်ထွက်
cele တွေကစ baby တွေအဆုံး
ရေကြည်တွေ ဖြုန်းဖို့
လမ်း ပေါ်ကိုထွက်
## တစ်နှစ်လုံး ဗိုင်းကောင်းကျောက်ဖိ အမျိုးသမီးတွေ ဖေါ်ကုန်ပီ
ယစ်မူးတတ်တဲ့ သေစာတွေ ဆော်ကုန်ပီ
သိုက်တူးတတ်တဲ့ အမျိုးသားတွေ ပျော်ကုန်ပီ
အကျင့်ထူး အမျိုးမြတ်တဲ့ ရိုးရာကို လှော်ကုန်ချေပီ
မီးခိုးနဲ့ အရည်တွေကြား ငွေကြေးတွေ ဖျော်ကျသွား
ကြီးစိုးမဲ့ ဥပဒေက တီးတိုးငဲ့ လူအသိုင်းအဝိုင်းကို ပြယုတ်
ပျောက်ဖျက်
ထဆုတ်
မကြောင်မငဲ့ …..##
အစကို အစုတ်ထောက်ပဲ့ကာ
ငါတို့ မြန်မာဆိုတဲ့ ကျရုပ်ကို
#တေးသွားတွေ
#အတွန့်အလှုပ်နဲ့ ဖျက်ဆီးလို့
#မူးယစ်ကာ ဆင်နွှဲမဲ့ ………
ရိုးရာ အမည်တပ်
မြန်မာ့ ရေဖြုန်းပွဲ###
တေးရေး ကလော်ကလယ်
တေးဆို နှစ်ဖက်ချွန်
feat: လော်ဘီ & ကြပ်ထုပ်
Music ကလန်ငို production
Band Oppsite cross
Tag ထားသူများ response လုပ်နိူင်ပါသည်
မြစပဲရိုး
March 15, 2015 at 10:41 pm
အစ်မဒုံ ရယ်
ကျွန်မ က ခရစ်စမတ်ပွဲ မှာ ဒင်း တစ်ကောင် ပါ သွားပြီ ထင်တာ ။
ရှိနေတုန်းကိုး။
အဲဒီ စိန်ကြက်ဆင် က ရွာထဲ ကို ဘာကြောင့် မလာတော့ တာ တုန်း။
သစ်စိမ်းချိုး ချိုး သွား ရက်သူကြီး ရဲ့။
အသံလေးများ ပေးပါဦး တော့လား။
lol:-))))
•*¨နန်းတော်ရာသူ •*¨
March 15, 2015 at 10:55 pm
မနှစ်က သင်္ကြန်စာပြန်ပေါ်နေလို့ အံ့ဩနေတာ ကွဲစည်ရဲ့ဂေါက်ကဗျာကြောင့်ကိုး။
🙂
padonmar
March 16, 2015 at 2:03 am
ကွဲစီမရဲ့ ရေဖြုန်းပွဲကို ကြိုက်လို့ ကိုယ်နဲ့ ဆိုင်တဲ့နေရာမှာ လာသိမ်းတာပါ။
ဦးကြောင်ကြီး
March 16, 2015 at 9:32 am
ခုတော့ မတည့်တော့ နည်းနည်းပိုနှိပ်မဲ..။ အလုပ်သမားကို လစာနဲ့ အားလပ်ရက်ရှည်ခွင့်ပေးတာ နိုင်ငံခြားမှာ အဆန်းမဟုတ်တော့။ အလုပ်သမား ရပိုင်ခွင့်ဖြစ်နေပြီ။ မပေးတဲ့ အလုပ်လေးတွေ ရှိတယ်.. ဒါပေမဲ့ တပိုင်တနိုင်လေးတွေမှာကို လုပ်သက် တနှစ်ကျော်ပြီဆို အနည်းဆုံး တပတ်တော့ လစာမဖြစ် ရက်ရှည်ခွင့်ပေးတာပဲ။ ပြောတော့ ကြယ်ငါးလေးတွေ ကယ်သတဲ့.. ကိုယ်ကစ ပြင်ဖို့ကြတော့ ခက်အိ…။ လှူ ဗျာလှူ နပ်ပြီယောက်မည်။ အလုပ်သမား ပေးလျင် သုံးဖြုန်း ပျော်ပါးပစ်မှာ.. ကိလေသာ တယ်ကျီးဒဲ့အကောင်ဒွေ..။
padonmar
March 16, 2015 at 9:47 am
ပြန်မငြင်းပဲနေရင် အဟုတ်ထင်နေမှာစိုးလို့။
ဟုတ်တယ်။အလုပ်သမားကို ခွင့်ရက်နဲ့ ခံစားခွင့်ပေးသင့်တယ်ဆိုတာ။လူလဲပြီး အလုပ်မှာ နားခွင့်ပေးရင် အလုပ်မပျက်လုပ်သွားလို့ရတယ်။
ဒါပေမယ့် ဒီလို တနိုင်ငံလုံးရှိ လူကုန် နားတာမျိုးက ချမ်းသာတဲ့ တိုင်းပြည်အတွက် မထောင်းတာပေမယ့် ခုမှ ပြာပုံထဲက ကုန်းရုန်းထနေရတဲ့ နိုင်ငံမှာတော့ မသင့်တော်ဘူး။
သူဌေး ဇိမ်ခံနေတာ ထမင်းမငတ်ဘူး။
အလုပ်သမား တနေ့မလုပ်ရင် ထမင်းငတ်မယ်။
တပြည်လုံး မလုပ်ရင် တပြည်လုံး ငတ်မယ်။
ဦးကြောင်ကြီး
March 16, 2015 at 10:19 am
သူဌေး အလုပ်ချိန် အရှည်ဂျီးလုပ်နိုင်တာ သူ့အကျိူ းစီးပွားမို့.. လောဘနဲ့။ အလုပ်သမား လုပ်စေခြင် ရှယ်ယာ ခွဲပေးလိုက်လေ။ သမုဒ္ဒရာဝမ်းတထွာတဲ့.. ကိုယ့်ဗိုက်ချည်း ဖြည့်လို့ဂဒေါ့ ဘယ်တော့မှ ပြည့်သီမရှိ။