ဈာန်
စတုရန်း ဖြစ်စေ ထောင့်မှန်စတုဂံ ဖြစ်စေ …
ဘဲဥပုံ ဖြစ်စေ စက်ဝိုင်း ဖြစ်စေ …
တြိဂံ တခုဖြစ်စေ ဗဟုဂံ တခု ဖြစ်စေ …
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ …
ဟို ဒါရိုက်တာစကား ငှားပြောရရင်
မဟာသမုဒ္ဒရာတောင်မှ ..အနားသတ်မျဉ်း ရှိသေးတယ်..
အားလုံးဟာ ဘာမဆို ဘောင်နဲ့ စည်းနဲ့ ..အကန့်အသတ်နဲ့
ဧရိယာ နဲ့ ပမာဏ နဲ့ ဆိုပါတော့ …
အဲ့သည့် ဘောင်ခတ်ထားတဲ့ နယ်ပယ်တခုမှာ …
ဘာကို ခင်းကျင်းမလဲ ဆိုတာထက် …
ဘာကို လွှတ်ထားမလဲ ဆိုတာ ကိုက …
ပြောင်မြောက်တဲ့.. ဖွဲ့စည်းတည်ဆောက်ပုံ တခု..
ဖြစ်နေပြန်လေတယ် မဟုတ်လား …
အတ္ထိဟာ တန်ဖိုး တခု ဆို နတ္ထိကလည်း နောက်ထပ် ခြားနားတဲ့
တန်ဖိုးတခုဖြစ်လိမ့်မယ် …
မပြည့်စုံမှု ဆိုတာက နောက်တနည်းပြောရရင်
လွတ်မြောက်ခြင်းရဲ့ ကိုယ်ပိုင်သင်္ကေတ လည်း ဟုတ်ပြန်တယ်
တကယ်တော့ အကြည်ဓါတ်လေး တခုပါပဲ …
တော်သေးပြီ…
ဇိမ်ဖုံးဂျီး
မိဂီ
16 comments
surmi
May 6, 2014 at 8:37 am
ဟေ !! ဘာလဲ ဟေ့
.
.
.
သိပါဘူးကွာ
ကျုပ်ကိုခေါ်လိုက်သလား းးး လို့ 🙂
Mr. MarGa
May 6, 2014 at 8:45 am
အကြည်ဓာတ် အကြည်ဓာတ် နဲ့ ပြောနေကြတာ
ဒါဆိုရင် သူ့ရဲ့ဆန့်ကျင်ဘက် အနောက်ဓာတ် က ဘယ်မတုံးးး :mrgreenn:
alinsett (gazette)
May 6, 2014 at 8:48 am
အဲ့ဒါမျိုးရေးဇမ်းပါကွယ်
ဘာလို့ ဟိုလိုပုံတွေရေးလဲ
ဒီမှာ ရီရတာ အူတွေနာတယ်
:kwi:
kai
May 6, 2014 at 12:44 pm
အကြည်ဓာတ်(၆)ပါး..
မျက်စိအကြည်..
နားအကြည်…………
နှာခေါင်းအကြည်………
လျှာအကြည်………..
ကိုယ်အကြည်………
ဟဒယ(နှလုံး)အကြည်………
Iris
May 6, 2014 at 1:44 pm
ငယ်ပစေ ကြီးပစေ
တောင့်ပစေ ဖြောင့်ပစေ
နုပစေ ကြမ်းပစေ
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။
ဟို နှူးဘာ စကားငှါးပြောရရင်
အားလုံးဟာ ဘာမဆို
အချိန်နဲ့ အရွယ်နဲ့
သူ့ဆိုက်နဲ့ သူ့စတိုင်နဲ့
သူ့အထာနဲ့ သူ့မာယာနဲ့
အဲ့လို ရွေးချယ်စရာတွေ အလယ်
ဘယ်လိုချဉ်းကပ်ရမလဲ ဆိုတာထက်
ဘယ်လို စိတ်ဝင်စားလာအောင် ဆွဲဆောင်ရမလဲ ဆိုတာက
အဓိက သော့ချက်။
ဒူးရင်းသီး ဟာ မောင်ဂီ့ အကြိုက်ဆိုပေမဲ့
စောရိုးကတော့ ဒေါင်းဥခန့်မျှ အိမွမွပဲ
နောက်ဆုံးမတော့ ချစ်တီးမကြီး ဖြူဖွေး သာ။
sorrow
May 6, 2014 at 1:58 pm
အို သန်ရာသန်ရာပဲ …ကြီးကြီးဘာလုပ်မလဲ ..ဒေါင်းဥလောက်အတော်ပဲ …..အဟိဟိ
ROssI
May 6, 2014 at 2:03 pm
တိန်….
ရန်စတဲ့အပြင် ရန်ပါတိုက်သွားသေး…
စကားမစပ် …ဟိုစာရေးဆြာ ..မုန့်ဖက်ထုပ်တွေ ထိပ်လိုက်စမ်း တဲ့ ဟာသလေးသွားသတိရဒယ်…
ဒေါ်ပျားလိမ္မော်သီး ရဲ့ …
ငိငိ…
Wow
May 8, 2014 at 11:10 am
မနိုင်ဝန် တယ်ထမ်းချင်တဲ့ နှစ်ယောက်…
sorrow
May 8, 2014 at 11:14 am
ဒေါင်းဥလောက်မှမနိုင်လဲ ..စိုင်းစိုင်းလိုမားပဲသွားလုပ်လိုက်တော့မယ်…အဟိဟိ ….
Iris
May 6, 2014 at 2:04 pm
ဒေါင်းဥ ဆိုတာနဲ့ ရောက်လာတာပဲ။ 😛
sorrow
May 6, 2014 at 2:06 pm
ခီညားက ရန်စတာကိုး…ဒေါ်ပျားလိမ္မော်သီး ရဲ့ …အဟိဟိ
Iris
May 6, 2014 at 2:07 pm
ဘာတုန်း ပျားလိမ်မော်ဆိုတာ။
မုန့်ဖက်ထုပ်???? ဂျာပွန်လိုတွေလာမပြောနဲ့ မသိဘူး။
ROssI
May 6, 2014 at 2:26 pm
ဂလိုလေဗျာ … မုန့်ဖက်ထုပ်ဆိုတာ..
အဲ့သည့်ဆြာတခါသား …
သူ့ခညာ ဗိုက်ဆာလို့ ..စားစရာ မုန့်ဖက်ထုပ်ရှာတွေ့ပါတယ် တဲ့ ..
ထုပ်ထားတုန်းသာ ကြီးတယ် ထင်ရတာ …ဖက်တွေကထူလွန်းလို့ … တကယ်က မုန့်ကသေးနေ..
စားလို့ မဝ- အဲ …စိတ်တိုင်းကမကျ…
သည်တော့ … မုန့်ကထွားတာလား ..ဖက်ကထူတာလား သိရဖို့ …မုန်ကဖက်ထုပ်သည် ဆီမယ်
မုန့်ဖက်ထုပ်တွေ ထိပ်လိုက်စမ်းပါသတဲ့ …. ဟိဟ…
ရောင်းတဲ့ကောင်မလေးက သေနာဂျီး ဆိုလား လူယုတ်မာဂျီး ဆိုလား.. ဆဲလွှတ်ခံထိပါသတဲ့ ….
ဟီဟိ….
မုန့်ဖက်ထုပ် ဆိုသည်မှာ ဆိုပီး မုန့်ဖက်ထုပ် ဋီကာ ဖွင့်ရင်ကောင်းမား ..တွေးနေပါတယ်…
TNA
May 6, 2014 at 4:08 pm
ရိုစီမရယ် နင့်ဆီမယ်လဲ မရိုးနိုင်တဲ့ ဇာတ်လမ်းတွေပေါလှချည်လား။ ဇဂါးမစပ် ခုဘာလုပ်နေဒုန်း
ROssI
May 6, 2014 at 4:26 pm
မုန့်ဖက်ထုပ်စား… အဲ့လေ. … စာဖတ်နေတယ်ချင့်
black chaw
May 9, 2014 at 1:18 pm
ဆိုင်မဆိုင်တော့ မသိဘူးနော်…။
မပြည့်စုံမှု ဆိုတာက နောက်တနည်းပြောရရင်
လွတ်မြောက်ခြင်းရဲ့ ကိုယ်ပိုင်သင်္ကေတ
ဆိုတာလေး ဖတ်ပြီး
မင်းသိင်္ခ ရဲ့ ဘာဘာဘာမှ မသိဘူး ကို သွားသတိရမိပါတယ်…။