Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူမ သို့ ဝန်​ခံချက်​…

IrisMay 7, 20141min84115

ဒီ​နေ့ သွားဆရာဝန်​ နဲ့ ချိန်​းထားတယ်​…
ကျမ ရဲ့ ညာဘက်​ ​အ​ပေါ်ကအစွန်​ဆုံးအံသွားက ​စောင်​း​စောင်​းကြီးထွက်​​နေတယ်​။ သူပိုရှည်​ရှည်​လာ​လေ ​အောက်​ကသွားဖုံးနဲ့ ပါး​စောင်​ကို ထိုးဝင်​လာ​လေဖြစ်​​နေတယ်​။ ပါး​စောင်​ ကသိပ်​မသိသာ​ပေမဲ့ ​အောက်​သွားဖုံးကိုထိုးခွဲသလိုဖြစ်​​နေတယ်​။ ဘာလို့လည်​းဆို​တော့ အဲ့ဒီ​ မှာက သွားမရှိဘူး။ အဲ့ဒီ အံသွားကိုလည်​းနှုတ်​ထားတာ​ ပေါက်​ကတည်​းကပဲ။   ကျမရဲ့အံသွား​တွေက အတည့်​့မထွက်​ပဲ ​စောင်​းပြီးထွက်​လာကြတယ်​။ အဲ့​တော့ အ​ရှေ့သွား​တွေကို တွန်​းထိုးသလိုဖြစ်​ပြီးယိုင်​ကုန်​မှာစိုးလို့သွားဆရာဝန်​​ပေးတဲ့ အကြံအတိုင်​းအကုန်​နှုတ်​ပစ်​လိုက်​တယ်​။ အခုသွားကအဲ့ဒီတုန်​းကမ​ပေါက်​​သေးပဲကျန်​​နေခဲ့တာ။
ပထမ​တော့ အမှတ်​တမဲ့နဲ့​နေလာတာ. အပူ​တွေ​ကြောင့်​့သွားဖုံး​တွေ​ယောင်​တယ်​ပဲထင်​​နေခဲ့တာ။ ၂ ရက်​ ၃ရက်​​လောက်​​နေလို့ ​ပျောက်​မသွား​တော့ သံသယ ဝင်​လာပြီး ​သေ​သေချာချာ ကြည်​့မိ​တော့မှ….သူ့က​အောက်​သွားဖုံးကိုထိုးခွဲ​နေတာ ​တော်​​တော်​နက်​​နေပြီး အဲဒီက နာ ​နေတာ။ အစား စားရတာ အဆင်​မ​ပြေဘူး။ ပါးစပ်​ကိုနည်​းနည်​း​လေးဟထားရင်​​တော့ သက်​သာတယ်​။ ဒါ​ပေမဲ့ ​မေးရိုးတဝိုက်​ကလည်​းနာ​နေတယ်​။
အဲ့ဒီ​တော့ သွားနှုတ်​ဖို့စဉ်​းစားရပါ​ရော။ ကြားဖူးနားဝ ဒီမှာ သွားနဲ့ပတ်​သတ်​တဲ့ treatment ​တွေက ​တော်​​တော်​​ဈေးကြီးတယ်​​လို့။ စင်​း ​ဒေါ်လာ ​ထောင်​ဂဏန်းအ​ထက်​မှာရှိတယ်​​လို့။ အဲ့​ဒီ​တော့ ပထမဦး ဆုံးစဉ်​းစားတာရန်​ကုန်​ပြန်​ ပြီးခွဲထုတ်​ဖို့။
သွားနာတာက သက်​သာမလာဘူး။ အင်​း သွားနာတာဟုတ်​ဘူး..သွားဖုံးနာတာ။ တစ်​ဖက်​တည်​းနဲ့ ဝါးရလွန်​းလို့ အဲဒီသွား​တွေကလည်​းနာလာပါ​ရော။ ရုံးကလည်​းခွင့်​့ယူဖို့မလွယ်​ဘူး အလုပ်​​တွေ အရမ်​းများ​နေ​တော့။ ရန်​ကုန်​ပြန်​ရင်​ အနည်​းဆုံး ခွင်​့တစ်​ပတ်​​လောက်​ယူရမယ်​။ အဲ့ဒီ​တော့ ဖြစ်​ချင်​ရာဖြစ်​ ဒီက သွား​ဆေးခန်​းပဲသွား​တော့မယ်​လို့ ဆုံးဖြတ်​ချက်​ချလိုက်​​တော့တယ်​။ ​ကြောက်​တာက ​ဈေးနှုန်​းရယ်​ သူတို့ရဲ့ ဆက်​ဆံမှု/ဝန်​​ဆောင်​မှုရယ်​။
အသိတစ်​​ယောက်​က သတင်​း​ပေးတယ်​ မြန်​မာသွားဆရာဝန်​ရှိတယ်​သွားပြပါလားတဲ့။ အင်​း​ပေါ့ အတိုင်​းထက်​အလွန်​​ပေါ့။ ​ဖုံးနံပါတ်​​တောင်​းပြီး appointment လုပ်​တာ မရဘူး။
နာကျင်​မှုကရပ်​မသွားဘူး။ လူက​ပေ​ပေ​တေ​တေ ဆို​တော့ အစား စားလို့​တော့ဝင်​တယ်​။ သူငယ်​ချင်​း​တွေ က ညာ​နေတယ်​ပဲထင်​ကြသလား သဲလွန်​းတယ်​ပဲထင်​ကြသလားမသိဘူး။ အစားအ​သောက်​မပျက်​လို့။
ညာတာနဲ့ပတ်​သတ်​လို့ ကျမ အခုအချိန်​အထိ သူတစ်​ပါးကို နစ်​နာ​စေလိုစိတ်​နဲ့မညာဘူး​သေးဘူး။ စရင်​း ​နောက်​ရင်​း ညာ​ပြောခဲ့တာ​တွေ​တော့ရှိခဲ့လိမ်​့မ​ပေါ့။
အဲ့ဒီမှာ ကျမ​မောင်​​လေးက​ပြောပါ​လေ​ရော နင်​့သွား​တွေမ​ကောင်​းတာ နင်​ဟိုဘဝက ညာ​ပြောလို့တဲ့။ ဘာာာ….နင်​ငါ့စိတ်​ကိုအ​ရောင်​လာမဆိုးနဲ့လို့..ငါဟိုဘဝကလူညာပါလို့ ငါ့ကိုယ်​ငါ သိမ်​ငယ်​​အောင်​မလုပ်​ဘူးလို့ ပြန်​​ပြောလိုက်​တယ်​။ အမှန်​​တော့ သူက ကျမကို စ​,​နောက်​ ​နေတာ။
အင်​း တစ်​ဖက်​ကို​ရောက်​ကုန်​​တော့မယ်​။
ခွဲထုတ်​မှ ဖြစ်​မယ်​့အရာအတွက်​အချိန်​မဆွဲချင်​​တော့ဘူး။ အဲဒီ​တော့ ရက်​ချိန်​းရတဲ့ အိမ်​နားက ​ဆေးခန်​းကိုပဲသွားဖို့ လုပ်​လိုက်​​တော့တယ်​။ အရင်​သွား​တွေတုန်​းက သွားဖုံး​တွေခွဲထုတ်​ပြီးပြန်​ချုပ်​​ပေါ့။ တစ်​ပတ်​​လောက်​ပါးစပ်​ထဲမှာ ​သွေး​တွေစီးခဲ​နေသလိုဖြစ်​ခဲ့တာ ထုံ​ဆေး​တွေ ပျယ်​သွားချိန်​မှာ ​တော်​​တော်​နာကျင်​​နေခဲ့တာမှတ်​မိ​နေတုန်​းဆို​တော့ နည်​းနည်​း​တော့​ကြောက်​ပါတယ်​။
ကိုယ်​့ဘာသာကိုယ်​​တွေးပြီး​ကြောက်​​နေမိတယ်​။ အ​ပေါ်သွားကနှုတ်​ရခက်​တယ်​။အတွင်​းပိုင်​းမှာ ပြီး​တော့​စောင်​း​နေတာ။ အရင်​သွား​တွေလို ဆရာဝန်​ကြီး တပည်​့ ဗလ​ကောင်​း​ကောင်​းနဲ့ လူကြီးက တူကြီးနဲ့ထုခွဲသလိုများလုပ်​လိမ်​့မလား​ပေါ့။ ဒါကနာကျင်​မှုအပိုင်​း။ ဒီမှာ က လုပ်​အားခရယ်​ အချိန်​ရယ်​က ​ဈေးကြီး​တော့ ငါ့ကိုဘယ်​​လောက်​​တောင်​​တောင်​းမလဲ​ပေါ့။ ပြီး​တော့ ပညာတတ်​​တွေထုံးစံ ​မောက်​​မောက်​မာမာ ဆက်​ဆံမလား​ပေါ့။ သံသယ​တွေ ​မြောက်​များစွာနဲ့ ​ဆေးခန်​း​ရောက်​သွားခဲ့တယ်​။
​ဆေးခန်​းကသိပ်​မကြီးပါဘူး..ဆရာဝန်​တစ်​​ယောက်​တည်​းရှိတာ။ အမျိုးသမီးလား အမျိုးသား လား မသိ​အောင်​သူတို့နာမည်​​တွေက ဆင်​တူတယ်​။ ဘာပဲဖြစ်​ဖြစ်​အမျိုးသားဖြစ်​ပါ​စေလို့​မျှောင်​လင်​့ခဲ့မိတယ်​။ သူတို့က ပိုစိတ်​ရှည်​မယ်​။​သေ​သေချာချာသပ်​သပ်​ရပ်​ရပ်​လုပ်​နိုင်​မယ်​​ပေါ့။
​ဆေးခန်​း​ရောက်​​တော့ လိုအပ်​တဲ့​ဖောင်​​တွေဖြည်​့ ခဏထိုင်​​စောင်​့။ အကူ၃​ယောက်​က​တော့ စလုံး မ​လေး ​တွေပဲ။ ​ခေါင်​းမြီးခြုံထားကျတယ်​။ အဲ့လိုနဲ့ ကိုယ်​့နာမည်​​ခေါ်ပြီး အခန်​းထဲလိုက်​ပို့​ပေး​တော့……….အခန်​းထဲမှာ စင်​ကာပူရန်​း ​ကောင်​မ​လေး ခပ်​ငယ်​ငယ်​တစ်​​ယောက်​။ နည်​းနည်​းအံ့ဩသွားတယ်​ ပြီး​တော့နည်​းနည်​း သံသယဝင်​သွားတယ်​သူလုပ်​နိုင်​ပါ့မလား​ပေါ့။ အရင်​တုန်​းက ​ယောက်​ကျားကြီး​တွေ တူနဲ့ထု ပလာယာနဲ့ဆွဲထုတ်ဖူးတာကိုမ​မေ့​သေး​တေ့ာ။ ဒါ​ပေမဲ့ ​ရောက်​မှ​တော့ မထူးဘူး ခွဲရမှာပဲ​ပေါ့။
ပထမ ဦးဆုံး သူက History နည်​းနည်​း​မေး။ သွားအကုန်​လုံးကို တစ်​ချက်​ စစ်​တယ်​။ လုပ်​ရမဲ့ အပိုင်​း​တွေ ရှင်​းပြပြီး ​ဈေးနှုန်​း​တွေ​ပြေပြပါတယ်​။ အဲ့ဒီ မှာ တစ်​ခါထပ်​ပြီး အံ့ဩရပါ​လေ​ရော။ ကိုယ်​က ​ဈေးသိပ်​ကြီးမယ်​လို့ထင်​ထားတာ။ ဘာပဲဖြစ်​ဖြစ်​ရန်​ကုန်​ပြန်​ရင်​ ​လေယဉ်​ခ​တွေ စရိတ်​​တွေနဲ့ မနည်​းဘူး ဒီမှာပဲခွဲမယ်​လို့ဆုံးဖြတ်​ခဲ့ပြီးလာခဲ့တာ ဘယ်​​လောက်​ကျကျ​ပေါ့။ သူ​ပြောပြတဲ​့ဈေးနှုန်​း​တွေ က ပ​ရောဖက်​ရှင်​နယ်​တစ်​​ယောက်​ရဲ့ လုပ်​အားခရယ်​ အချိန်​ရယ်​ အ​တွက်​​ပေးရဖို့ မနှ​မျောသင်​့တဲ့ ​ဈေးနှုန်​း​တွေပါ။ ​ခွဲစရာမလိုရင်​မခွဲဘူးလို့လည်​း​ပြောပါတယ်​။ အရင်​ဆုံးဓာတ်​မှန်​ရိုက်​​ပေါ့။ ဓာတ်​မှန်​ရိုက်​​တော့လည်​း ​သေ​သေချာချာ သပ်​သပ်​ရပ်​ရပ်​ပါပဲ။ စက်​ရယ်​အသုံးအ​ဆောင်​​တွေရယ်​ က စနစ်​တကျနဲ့သပ်​သပ်​ရပ်​ရပ်​။ ရိုက်​ပြီးသွားတဲ့ အခါ သူကိုယ်​တိုင်​​မော်​နီတာ​ပေါ်ကမြင်​ရတဲ့ သွားပုံသဏန်​ရယ်​ သွားအမြစ်​ အ​နေအထားကိုရှင်​းပြပြီး ခွဲစရာမလိုဘူးတဲ့။ ​စောင်​း​နေတဲ့အပိုင်​းပဲ သူ့အတွက်​နည်​းနည်​းအခက်​အခဲရှိတယ်​တဲ့။ ဒါ​ပေမဲ့ အို​ကေ ပါတဲ့။
အခုအချိန်ထိ ​​အရာရာအားလုံးက အဆင်​​ပြေ​ပြေပဲ။ ဒါ​ပေမဲ့ သံသယ​တော့ ရှိ​သေးတယ်​။ ငါ့ပါးစပ်​ကို ဟ အထဲနှိုက်​ ပြီး မထိချင်​ မတို့ချင်​ မတူမတန်​သလိုပုံစံဖမ်​းဦးမလား​ပေါ့။ အဲ့ဒါမျိုး​တွေလည်​းကြုံဖူးခဲ့​တော့ သူ့ကိုအကဲခပ်​ကြည်​့မိ​နေတယ်​။
အိုး….ကျမရဲ့သံသ​ယ​တွေ မှားသွားတယ်​။ သူမ က လူငယ်​​ပေမဲ့ တကယ်​ ပ​ရောဖက်​ရှင်​နယ်​ဆန်​တယ်​။ ​ကျေနပ်​စရာ​ကောင်​းတဲ့ ဝန်​​ဆောင်​မှုကို​ပေးတယ်​။ စက်​ပစ်​စည်​း​တွေ အကူအညီနဲ့ သူမ ရဲ့​သပ်​ရပ်​တိကျတဲ့ ကျွမ်​းကျင်​မှုရယ်​ သူမရဲ့ တွဲဖက်​​အကူ ရဲ့ ကူညီမှုနဲ့ နာကျင်​မှုနည်​းနည်​းနဲ့ ြပြသနာ​ပေးတဲ့သွားက်ို​အောင်​မြင်​စွာနှုတ်​လိုက်​နိုင်​တယ်​။ (အရင်​ဘဝ က အလိမ်​အညာ​တွေ အဲ့ဒီသွားနဲ့ပါသွားပြီ။ ဟီး ​နောက်​တာ​နော်​။​တော်​ကြာ ​လှောင်​တယ်​ထင်​ပြီးစိတ်​ဆိုး​ကြဦးမယ်​)
သွားမနှုတ်​ခင်​ နှုတ်​မဲ့သွားတဝိုက်​သန်​့​ရှင်​း​ရေးလုပ်​ပြီး ထုံ​ဆေးနည်​းနည်​း​ပေးပါတယ်​။ ပြီး​တော့ သွား​တွေအကုန်​လုံးကိုသန်​့ရှင်​း​ရေးလုပ်​​ပေးပြီး ​ပေါလစ်​တိုက်​​ပေး Floss နဲ့တစ်​​ချောင်​းခြင်​း သွားကြိုသွားကြားမကျန်​သူမကိုယ်​တိုင်​လုပ်​​ပေးတယ်​။ ​နောက်​ဆုံးမှ သွားကိုနှုတ်​ပါတယ်​။ နဲနဲနာကျင်​တာလွဲပြီး နှုတ်​ပြီးသွားမှန်​း​တောင်​မသိလိုက်​​အောင်​ကျွမ်​းကျင်​ပါတယ်​။ စိတ်​ထဲက​နေ သူမကို ပြန်​​တောင်​းပန်​မိ​နေတယ်​ အထင်​မှားခဲ့မိတာ​တွေကို။ အဲ့ဒီ​ဆေးခန်​းမှာ အကုန်​လုံး အမျိုးသမီးတွေချည်​းပဲ။ သူမ က အသက် အငယ်​ဆုံးဖြစ်​လိမ်​့မယ်​။
ဒီအဖြစ်​အပျက်​နဲ့အတူစိတ်​ထဲ​ရောက်​လာတာက အရင်​တစ်​နှစ်​ရန်​ကုန်​ပြန်​တုန်​း က Medical Check up လုပ်​တာ။ နာမည်​ကြီး​ဆေးရုံကြီးရဲ့ အခွဲတစ်​ခုမှာ​ပေါ့။ ​ရောဂါထူးထူး​ထွေ​ထွေမရှိပဲ လာရှုပ်​ရပါမလားဆိုတဲ့ပုံစံ ဆက်​ဆံခံလိုက်​ရတယ်​။ ဘာမှလဲ​သေ​သေချာချာ မ​ပြောပြပဲ ​ဆေးမှတ်​တမ်​း​တွေ​ပေးလိုက်​လို့ ဒီမှာပြန်​​မေးရတယ်​။ အ​ရေပြားအထူးကုကအဆိုးဆုံး။ နင်​တို့က ဒီမှာ​ဈေး​ပေါတယ်​ဆိုပြီးလာပြတာလားတဲ့။ လစာ​​တွေလည်​း​လျှောက်​​မေးတယ်​။ ပ​ရောဖက်​ရှင်​နယ်​ မဆန်​ဘဲ အဲ့လို့စကား​ပြော​တော့ အံဩရွံရှာသွားတယ်​။
ဒီနှစ်​​တော့ ဒီမှာပဲ medical check up လုပ်​လိုက်​​တော့တယ်​။ ရန်​ကုန်​မှာဆိုရင်​အချိန်​လည်​းကုန်​တယ်​ ဟို​ပြောဒီ​ပြော​တွေလိုက်​​ပြောတာလည်​း မခံချင်​​တော့ဘူး။.ဒါ​ပေမဲ့ အဲ့ဒီ​ဆေးရုံက သွားဆရာဝန်​ရယ်​ ultrasound ရိုက်​​ပေးတဲ့ ဆရာဝန်​ကြီးက​ို​တော့ တကယ်​​လေးစားပါတယ်​။ ​သေ​သေချာချာ လုပ်​​ပေးခဲ့ပါတယ်​။
ပ​ရောဖက်​ရှင်​နယ်​ဆန်​​သော ပညာရှင်​များအားအမြဲ​လေးစားအားကျမိပါတယ်​။ အဲ့လို သူ​တွေကို​မွေးထုတ်​​ပေးတဲယူနီဗာစီတီ​တွေကိုအထင်​ကြီးကြတာမလွန်​ပါဘူး။
ဘွဲ့ဝတ်​စုံနဲ့ ပဲပြုတ်​​တောင်​းထမ်​းတာတို့ ဂျာနယ်​လက်​​ပွေ့​ရောင်​းတာတို့ က ပါ​ဖောမန်​့ အ​နေနဲ​့​တောင်​ရှက်စရာ​ကောင်​းတယ်​လို့ ထင်​မိပါတယ်​။

15 comments

  • alinsett (gazette)

    May 7, 2014 at 2:15 pm

    ဒီမှာက ဆေးရုံဆေးခန်း သွားရတာ
    တော်တော် စိတ်ပျက်စရာပါ။

    —–

    အင်းးး
    ကျနော်လည်း ဟိုဘဝက သူများကို ညာပြောခဲ့ဖူးလားမသိ

    :mrgreen:

    • Iris

      May 7, 2014 at 3:40 pm

      အကုန်​လုံး မဟုတ်​ပါဘူး တစ်​ချို့​တော်​​တော်​​လေးစားဖို့​ကောင်​းသူ​တွေမြင်​ဘူးပါတယ်​။ ဒါ​ပေမဲ့ အများစုက ဒီပုံစံဆို​တော့။ တူမ​လေး ​သွေးလွန်​တုပ်​​ကွေးဖြစ်​ပြီး​ဆေးရုံတတ်​တုန်​း လက်​​ထောက်​ဆရာဝန်​မ​လေးဆိုညလုံး​ပေါက်​​တော်​​တော်​ပင်​ပင်​ပန်​းပန်​းနဲ့ အလုပ်​လုပ်​တာ တာဝန်​​ကျေတယ်​။ သူမ ကိုလည်​းမှတ်​မှတ်​ရရ ​လေးစားတဲ့ စာရင်​းမှာထည်​့ထားတယ်​။

  • ကေဇီ

    May 7, 2014 at 2:27 pm

    ငင့်၊။
    သများ မယ်ဒီကယ် ချက်ကပ်မလုပ်တာ ဘယ်လောက်ကြာပြီတုန်းမသိ။
    ဇော်သန့်လာတိုင်း လုပ်ခိုင်းတာကို ပတ်ပြေးနေတာ။
    ဈေးကြီးလို့ ။ ဒင်းက မောင့်အီး မှာ လုပ်ခိုင်းတာ။ နာ့ ပိုက်ဆံရှာရတာလွယ်မှတ်လို့ နော့။
    :hint:

    အာ့နဲ့ ပိုက်ပိုက်သက်သာအောင် ပြန်မှ ဒက်ဒီချစ်ပါး ဖေဖေရဲ့ သူငယ်ချင်းတွေ တစ်ယောက်ချင်းစီ ဆီ လိုက်ပြီးးးး စစ်မယ် စိတ်ကူးတယ်။
    (အဲလို အကျင့်မကောင်းတာများးးး) :mrgreenn:

    အံဆုံးကတော့ တစ်နှစ် တစ်ခါ နာပါတယ်ဆို။ နာတိုင်းလည်း တစ်ခုခု ဝါးနေရမှ သက်သာတာ။
    ဟေးဟေးဟေးးး
    :mrgreen:
    အာ့ကြောင့် စိတ်ဖိစီး/သွားဖုံးကြွ/အံဆုံးယောင်/ အစားနဲ့ဖိ/ ပိုဝ လာ ဒီသံသရာလည်နေတာ။
    ဒီက သွားဆေးခန်း ဈေးကြီးတယ် ဆိုလို့ သွားဘူးးး
    ကမ်ပနီကဟာက သွားကျမပါဘူးးး ဟီးဟီးးး
    :mrgreenn:

    အိုင်းရစ်လေးရဲ့။
    သူတို့က သူတို့ တက္ကသိုလ်ကို အထင်ကြီးတာလည်း မပြောနဲ့။
    ပရော်ဖက်ရှင်ရယ်ကျအောင် တစ်ခါတည်း ထရိန်းလိုက်ပြီးသားးးး

    တစ်ခါတစ်ခါ ဆို သူတို့ က စင်ကာပူ ယူ (Sg University) တို့ အိုဗာစီး ယူ တို့ ယှဉ်ယှဉ်ပြောရင် သိပ်စိတ်နာတတ်ပေမဲ့ ပြန်မပြောဖြစ်ဘူးးး
    သင်ခဲ့တဲ့ စာအုပ်ချင်း တူတူမှာ နေရာပေးခံရတာတို့ စိတ်လုံခြုံမှုရှိတာတို့မှာကွာနေသေးတယ်။
    😥

  • Iris

    May 7, 2014 at 2:37 pm

    ဟုတ်​တယ်​ ​ကေဇီ။ အရင်​တုန်​းက သူတို့အဲလို​ပြောရင်​ မုန်​းတာ။ ဒါ​ပေမဲ့ အဲ့လို​ပြောကျတာက မျိုးဆက်​သစ်​လူငယ်​​​တွေထဲမှာ ​တော်​​တော်​ရှားလာပါပြီ။

  • Mr. MarGa

    May 7, 2014 at 3:09 pm

    Alma mater………..

    ပို့စ်နဲ့ ဘာမှ မဆိုင်ဘဲ ကျနော် အဲဒီစကားတစ်လုံးကိုပဲ တွေးမိသွားတယ်။

    • Iris

      May 7, 2014 at 3:35 pm

      အင်​း ​တွေးချင်​သလိုသာ​တွေးပါကွယ်​။ ကိုယ်​စိတ်​ကိုလုံခြုံဖို့လိုတယ်​။ ​ပြောရရင်​အဲ့ဒီ အ​ရေပြားအထူးကုဆရာဝန်​မကြီးကပြည်​ပ နာမည်​ကြီး​ကျောင်​းက မာစတာယူထားတာ။

  • Crystalline

    May 7, 2014 at 3:13 pm

    မလဲ့ရာ…အဲဒီသွားအကြောင်းပြောရင်…စိတ်နာလွန်းလို့ပါ… :(( ကျမလည်း သွားရဲ့ဒုက္ခပေးခြင်းကို အသည်းအသန်ခံဖူးလို့… ကိုယ်ချင်းလည်းစာတယ်..

  • Iris

    May 7, 2014 at 3:24 pm

    ဟုတ်​တယ်​ ခွစ်​..​တော်​​တော်​ခံလိုက်​ရတာ။ ​နောက်​ဆုံးမ​နေနိုင်​လို့ဖြစ်​ချင်​ရာဖြစ်​ဆိုပြီး သွားနှုတ်​ရတာ။ အဲ့ဒီမှာ ယှဉ်​ပြီးမြင်​မိတာ ​လေး​တွေ​ကြောင်​့​ရေးဖြစ်​သွားတာ။

  • TNA

    May 7, 2014 at 3:40 pm

    ခုတလော အံ့လိုသွားတစောင်းပေါက်တာအတော်ခေတ်စားနေပါလား။ ရန်ကုန်မှာကို ခုတလောနှုတ်ပလိုက်ရတာ သုံးယောက်ရှိပြီ။ ဘာလို့လဲမသိဘူး။

  • Iris

    May 7, 2014 at 3:45 pm

    မမသဲ ကျမ အံဆုံးသွား​တွေအကုန်​​စောင်​းတယ်​။ အဲဒါ​ကြောင်​့ ​စ​ပေါက်​ကတည်​းကနှုတ်​ထားတာ ကြီးမှနှုတ်​ရင်​ပိုခံရမှာစိုးလို့။ အခုက ​လက်​ကျန်​တစ်​​ချောင်​း။ ကျမထင်​တယ်​ အခုမှဖြစ်တာ​မဟုတ်​ဘူး။ သတိမထားကြလို့ထင်​တယ်​။ ကျမ​တော့ သွားဆရာဝန်​အကြံ​ပေးလို့ အကုန်​နှုတ်​ပစ်​လိုက်​တာ။

    • ROssI

      May 8, 2014 at 12:50 am

      ဖွားဖွားက သွားကုန်ဘီကိုး …
      ဟိဟ..။

  • ဦးကျောက်ခဲ

    May 8, 2014 at 9:52 am

    ဟိုတလောက အံဆုံး စောင်းပြီးပေါက်တာ အတော်ခံလိုက်ရတယ်…
    အပေါ်သွားတုန်းက ကွကိုယ် ကြိုးချည်ပြီး နှုတ်ပလိုက်တယ်…
    အခုဟာက အောက်သွားဆိုတော့ နှုတ်မရ ပြုမရ… ထမင်းတောင် မစားနိုင်ဘူး…
    ဒီမှာလည်း သွားက အတော်ဈေးကြီးလို့… အမာတောင် မကိုက်ရဲဘူး… ဟိ
    😀

  • kyeemite

    May 8, 2014 at 11:35 am

    နှင်းခဲလေး ငုံငုံပေး အူးကျောက်..အနာသက်သာလိမ့်မယ် ..ငိငိ 😀

  • မီ မီ

    May 8, 2014 at 1:38 pm

    မြန်မာပြည်မှာ မြန်မာလိုနေတတ်ရင်
    အဆင်ပြေပါတယ်ရှင်

  • naywoon ni

    February 28, 2015 at 7:54 pm

    အဲ့ ကျန်​းမာ​ရေး ကိစ္စ က ကံ​ကောင်​းတာလား ဘာလား မသိ ။ ၂၀၀၁ မြစ်​ကြီးနား ​မော်​စကိုက ပြန်​လာပြီးကတည်​းက ပါလာတဲ့ ငှက်​ဖျား တိုင်​းရင်​း​ဆေးနဲ့ ၆ လ ​လောက်​ ကုလိုက်​ရပြီးကတည်​းက လုံးဝ ဖျားခြင်​း နာခြင်​း မရှိ ။ အဲ့ ၂၀၁၃ မှာလား ဆီး​ကျောက်​တည်​လို့ ​ဆေးခန်​း​ပြေးပြီး ပါဆယ်​အိတ်​ဆွဲ လိုက်​ရတာက လွဲလို့ ခုချိန်​ထိ ဘယ်​​ဆေးခန်​းမှမသွားရ​သေးဘူး ။ မက်​ဒီကယ်​ ချက်​ဖို့တစ်​ခါသွားဖူးတယ်​ ။ ပစ္စည်​းကရိယာ မစုံဘူး ။ ဘာ​ရောဂါ မှလည်​းမဖြစ်​ဘဲ နဲ့ လို့ အ​ပြောခံ လိုက်​ဖူးတယ်​ ။ လူနာ​တွေ ကြားထဲ အ​ပြောခံ ရတာ ။ ရှက်​လို့ အဲ့​ဆေးခန်​း​ရှေ့ တစ်​လ ​လောက်​ ဖြတ်​မ​လျှောက်​ဖူး 🙂

Leave a Reply