တစ်ကယ်ဆို ဖြဲတတ်ဖို့ပဲလိုတယ်
မန်းဂဇက်တက်ကို နေဝန်းနီ စရောက်တာ ၂၀၀၉ စက်တင်ဘာ ဆိုတော့ လေးနှစ်ကျော် ငါးနှစ်နီးပါး ။ ဒီ ပို့စ်နဲပါဆို ၃၂၂ လား ရေးတင်ခဲ့ဖူးပါတယ် ။ ဒီလို ရေးတင်ရာမှာ ကဗျာသမား စာပေသမား ထုံးစံအတိုင်း ” စိတ်ပါမှ ရေးမယ် ” ဆိုတဲ့ ထုံးနဲ့ရေးခဲ့တာပါ ။ home page မှာတက်လာတဲ့ ပို့စ်တိုင်းကို စိတ်လိုလက်ရ အင်မတန် စိတ်ဝင်စားကာမှ ကိုယ်က ကော်မန့် ပေးခဲ့သလို ပို့စ်တစ်ခု တင်ပီးတိုင်း ဂျီတော့ကနေ ဖေ့စ်ဘွတ်က နေ ကော်မန့် တောင်းခဲ့တာမျိုးလဲ မရှိပါဘူး ။ သူတို့လဲ စိတ်ဝင်စားမှ နှစ်ခြိုက်မှ ကော်မန့်ပေးပါစေပေါ့လေ ။ ဒါပေမဲ့ ဗျ ။ လူဆိုတာက ခက်တယ် ။ လွန်ခဲ့တဲ့ တစ်နှစ်အကျော်လောက်ကပီး နေဝန်းနီ စိတ်တစ်မျိုးပြောင်းလာတယ် ။ ကျိုးကျား ကျိုးကျား ပေါ်လာတဲ့ စိတ်ပါ။ ဘာလဲဆိုတော့ home page မှာ ထိပ်ကနေ ချိတ်ဆွဲ ခံရတဲ့ ” စတစ်ကီ” ဆိုလားဗျာ ……. အဲ့ဒိမှာ ကိုယ်ရေး တဲ့ ပို့ စ် ပါစေ့ချင်တာဗျ ။ ဘယ်သူ့မှတော့ မပြောဖြစ်ပါဘူး ။ ” ရှက်လို့ ” ။ ထူးဆန်းတာက အဲ့ ” ရှက်စိတ်” ဝင်လာပြန်ရင်လည်း စောစောက စိတ်ကပျောက်သွားပြန်ရောဗျ ။ မထူးဆန်ဘူးလား ။ တစ်နေ့က facebook ထဲမှာ လျှောက်လည်ရင်းနဲ့ ကိုမှူးသစ်ဆီ ရောက်သွားရော ။ သူက ဘာပို့စ်တင်ထားလဲဆိုတော့ သူ သမတ ရူး နေတဲ့ အကြောင်းတင်ထားသဗျ ။ အဲ့တော့မှ နေဝန်းနီလဲ ရောဂါ ဟောင်း ပြန်ပေါ်လာပြန်ရောပေါ့ ။ သူ့ စတိုင်ယာ ပို့စ်လေးလို ရေးချင်စိတ်ပေါ်လာပြန်ရော ။ အကြောင်း အရာက မရှိသေးဘူး ။ ဒါလဲ မေ့မေ့ ပျောက်ပျောက်ပါပဲ ။ သတိရအောင်လာဆွပေးတာက မန်း ဂဇွတ်တက်ထဲ ဝင်လာချိန်မှာ တန်းတွေ့တာပဲ ။ ဘာတဲ့ ရှက်တတ်ရင် ဘာဖြစ်တယ်ဆိုလား ။ ကိုခိုင့်ကို တောင် နာမယ်တတ်ဖြဲထားတာ ။ အံမယ် အဖြဲခံထားရတာတောင် ဒီလူကြီးက နေဝန်းနီ အရူး ပိုးထခဲ့ တဲ့ ” စတစ်ကီ” တွေ ဘာတွေပေးလို့ဗျ ။ ဘာကြောင့်လဲ ပေါ့ ။ ဘာတွေများ ကောင်းနေလို့လဲပေါ့ ။ အဲ့ ဖတ်ရတာ တော့ မဆိုးဘူးပေါ့ ။ အဲ့မှာ ဘာသွားတွေ့လဲဆိုတော့ ….. https://www.facebook.com/kogyimind.mind/posts/418349204976592
က တင်ထားတဲ့ပို့စ်ကို စကားလုံးပြောင်းပြန်သုံးပီး ဆန့်ကျင်ဘက်ပြန်ရေးထားတာပဲ ။ ကာဂရိုဇီ အရဆို ကော်ပီလို့တောင်ပြောလို့ရတာပဲ။ ဟို မဂ္ဂဇင်း ” ရယ်စရာ” လား အဲ့မှာ ရည်းစားစာကို အဖြေပေးတဲ့စာ ပြန်ရေးရသလိုမျိုး …….။ ပေးထားတဲ့ အကြောင်းအရာ အချက်အလက်တိုင်းကို သဘောတူသလား ငြင်းမှာလား ပြန်ရေးရသလိုမျိုး …… ကိုယ်ပိုင်အတွေးအခေါ် အယူအဆမပါဘဲ မူရင်း အာဘော်ကို မပျောက်အောင် လက်ခံတယ် လက်မခံဘူး ရေးထားတာမျိုးပဲ ဆိုတော့ …….။
အဖြဲခံ ကိုခိုင်က ” သူ့ဆိုဒ် ထဲ ပွဲစည်အောင် ” စတစ်ကီ ” တွေဘာတွေပေးလို့ ။ နေဝန်းနီ သဘောပေါက်လိုက်ပါပီ ။ စတစ်ကီ လိုချင်တာမျာ း ” တစ်ကယ်ဆို ဖြဲ တတ်ဖို့ပဲ လိုတယ် ” လို့ ။ ဒီတော့ ” စတစ်ကီ ” ရဖို့အတွက် ရွာထဲက စပျစ်သီး တစ်ယောက်ယောက်ကို ဖြဲ ရပါလိမ့်မယ် ။ ဆိုတော့ကာ ကိုခိုင်ကတော့ ဟိုကဖြဲထားတာ တော်တော် ” ပြဲ ” နေလောက်ပီ ။ မဖြဲချင်တော့ဘူး ။ ဘယ်သူ့မှ မဖြဲ ရသေးတဲ့ အသစ်လေး လိုက်ရှာ ဖြဲ ပါမယ် ။ ဒီတော့ကာ ကိုယ့်ဖာသာ လုံအောင်ထိုင်နေကြပါ။ ကျုပ်ကတော့ Home page မှာ စတစ်ကီ ရဖို့ ဖြဲမှာပဲ ။ တစ်ယောက်ယောက်ကို ……..။ အဲ့ခါကမှ ” ဘနီ” က ” ဖြဲတယ် တော့ ” မလုပ်နဲ့ …..။ ခုထဲက ကြိုပြောထားတာ ။ နေဝန်းနီ စတစ်ကီ ဖြစ်ဖို့ တစ်ယောက်ယောက်ကတော့ စတေးရမှာပဲ ။ ” တစ်ကယ်ဆို ဖြဲတတ် ဖို့ပဲ လိုတာ ” မဟုတ်လား ဟင် ။
နေဝန်းနီ
37 comments
အာဂ
May 16, 2014 at 7:12 am
ကျနော်လည် ဖြဲတော့မယ်ဂျာ သကြိုင်ခီး ကို
kai
May 16, 2014 at 7:12 am
ဟုတ်ပါဘူးကွယ်..
စတစ်ကီက.. ပေးချင်စိတ်ရှိရင်ပေးတာပါ..။ လူများများဖတ်စေချင်တာမျိုး.. အကြိမ်ကြိမ်ဖတ်.. တိုင်ပင် ဆွေးနွေးစေလိုတာမျိုး.. စသဖြင့်ပေါ့..။
Editor’s Choice တိုင်းစတစ်ကီမဟုတ်သလို.. စတီကီတိုင်း.. Editor’s Choice လည်းမဟုတ်ဖူးဗျ..။
ဒီအတိုင်းပဲ.. ပို့စ်ကောင်းတွေကလည်း.. စတစ်ကီဖြစ်ချင်မှဖြစ်တာ..
စတစ်ကီကလူဖတ်များတယ်လေ..။
သတင်းစာထဲထည့်မယ့်စာဆို.. စတစ်ကီပေးဖို့.. ဝန်လေးတယ်..။ လူများများဖတ်မိသွားမှာစိုးလို့ပါ..
ဆိုတော့…
ကိုနေ့ကဗျာ.. သတင်းစာထဲပုံနှိပ်ဖေါ်ပြဖူးကြောင်း..
ROssI
May 16, 2014 at 7:42 am
ကြာပါတယ်..ဝိုင်းဖြဲ ကြဗျာ ..
ဗျိ ဗျိ ….
:hee:
alinsett (gazette)
May 16, 2014 at 9:24 am
ကျနော်တော့ ဖြဲတဲ့နည်းမသုံးဘူး
စတစ်ကီရဖို့ကို ကျနော်က ဆွဲစိတဲ့နည်းသုံးတာ
ဂဇက်အတိုင်ပင်ခံပိုစ့်တို့ ကဗျာပြခန်းတို့ဆို ဆွဲစိထားတာလေ
ကြည့်ပါလား
ဆွဲစိလိုက်တော့ ဖြဲတာလိုမျိုး ပြဲမသွားဘူးပေါ့
စုစုစည်းစည်းလည်း ဖြစ်သွားတာပေါ့
အဟိ
TNA
May 16, 2014 at 9:24 am
ကျွန်မလဲဖြဲမလို့ စိတ်ကူးထဲတော့စာစီပီး သွားပြီ။ ဒီပြသနာတွေဖြစ်တာ အစိုးရမကောင်းလို့။ အစိုးရကိုဖြဲမယ်။ ဒါဘဲ
ကေဇီ
May 16, 2014 at 9:27 am
အာ့ ဆို နာလည်း နာ့ ယောက်ခမွ နောက်က လိုက်မယ်။
ဒါဖြဲ!!
😀
ခင် ခ
May 16, 2014 at 10:02 am
ဪ စတစ်ကီ စတစ်ကီ……
Mr. MarGa
May 16, 2014 at 10:10 am
ဟိုက်…. စတေးမတဲ့
ဒါဆိုရင် ဖြဲမယ်ဗျာ.. ကျနော်လည်း
ဘယ်ကနေ စ ဖြဲရပ… :mrgreenn:
Wow
May 16, 2014 at 10:33 am
ဒီအတိုင်းရမ်းဖြဲလို့ရမလား အဘနီရဲ့ ကြီးဘယ်နှစ်ကြီးကို ပိုင်သဒုံး ပြော…
ကေဇီ
May 16, 2014 at 10:41 am
Wow… Bravo..!
A haaaahaaaahaaaahaaa…
တိမ်မည်း
May 16, 2014 at 12:59 pm
ရုံးထဲမှာ အသံမထွက်အောင် မနဲ ကျိတ်ရီမိပါကြောင်…. ခုခွိ…. ခုခွိ….
nozomi
May 16, 2014 at 2:41 pm
ဆရာ နေ ဖြဲသည်
မိ်တ်ဟောင်း မိတ်သစ်များဆက်သွယ်ပါ
ရွာသူားများ အထူးနှုန်း
ကိုပေါက်(မန္တလေး)
May 16, 2014 at 4:33 pm
ကို နေ လာ ဖြဲ ဗျာ
မန်း လေး က နေ
စောင့် နေ မယ်။
ရာမည
May 16, 2014 at 7:45 pm
ကျွန်တော်လည်းခွင့်ပြုပါခင်ဗျာ ဟီဟိ
padonmar
May 16, 2014 at 8:26 pm
ဖျားဖျား
အဘနီ ချမ်းသာပေးပါ၊…..မိုးဝင်းပေးပါ၊သိန်းဇော်ပေးပါ၊
(အခုခေတ် မင်းသားတွေတော့မသိတော့လို့)
အော် ..မေ့တော့မလို့ …..ကျော်စွာခေါင်ပေးပါ။
ကထူးဆန်း
May 16, 2014 at 11:33 pm
ကိုယ်တို့တော့ စပျစ်သီး မဟုတ်တော့ အေးဆေးဘဲ … အန်တီဒုံ တို့သာ မင်းသားတ နေရတာ .. :kwi:
•*¨နန်းတော်ရာသူ •*¨
May 16, 2014 at 9:04 pm
အဘနီဖြဲလို့စတစ်ကီမချိတ်တော့ hotနေတဲ့ပို့စ်တွေ
ရှာဖတ်ရခက်သွားရော
ရှာဖတ်ရတော့အချိန်ကုန်
အချိန်ကုန်တော့ဘီလ်တက်
ပေးပါငွေဖြည့်ကဒ်
😀
lu lu
May 16, 2014 at 9:05 pm
ဟိုက် ???
နာ လည်းအ နေ အထိုင် ဆင်ခြင် မှဖြစ်ရော့မယ်
🙂
naywoon ni
May 17, 2014 at 2:54 am
ကျွန်တော်က ကဗျာသမား စာသမား တစ်ယောက်ပါ ။ အဲ့ဒိတော့ မူမမှန်ဘူးထင်ရင် ငြိမ်မနေတတ်ပါ။ ကိုယ်ချင်းစာ တရားလဲ သူတစ်ကာထက်ပိုပါတယ် ။ တစ်ကယ်လို့ဗျာ ဒီထဲက သူတစ်ယောက်ယောက်ရဲ့စာကို သူ့စကားလုံးတွေပဲ သုံးပီး အဓိပ္ပာယ် ပြောင်းပြန် သက်ရောက်အောင် စာတစ်ပုဒ် အဖြစ် ပြုလုပ်ခြင်းခံရပီ း အုတ်အော် သောင်း နင်းဖြစ်နေတယ် ဆိုရင် အဲ့သူ ဘယ်လိုခံစားရမလဲ ။ ကျွန်တော်သာဆိုရင် တော်တော်ပေါက်ကွဲ မိမှာ ။ ကဗျာသမားရဲ့ အသက်ဟာ စကားလုံးပါ ။ စကားတစ်လုံးရဖို့ မိုးလင်းရတဲ့ ရက်တွေလဲ ရှိတတ်ပါတယ် ။ အဲ့ဒါ ကြောင့် စကားလုံး တစ်လုံးတ်ိုင်း တစ်လုံးတိုင်းအတွက် အသက်နဲ့ ထပ်တူ တန်ဖိုးထားတတ်ကြပါတယ် ။ သူကြီးက ပိုသိမှာပါ ။ ဒါကို သူက Home page မှာ ချိတ်ဆွဲပေးပီးထားတော့ ကျွန်တော် ငြိမ်မနေနိုင်တော့ပါဘူး ။ ကဗျာသမားချင်း ထားတဲ့ ကိုယ်ချင်းစာတရားကြောင့်ပါ ။ ဒီလို လုပ်လိုက်တာ တစ်ဖက်လူမှာ ဘယ်လိုခံစားရမလဲ တွေးကြည့်ကြပါဦး ။ ကျွန်တော်သာ ကိုခိုင့် နေရာမှာဆိုရင် တစ်စုံတစ်ယောက်ရဲ့စာကို စာပိုဒ် လိုက်ပဲဖြစ်ဖြစ် တစ်စိတ်တစ်ဒေသပဲ ဖြစ်ဖြစ် ယူထားပီဆိုတာသိရက်နဲ့ ကိုယ့်ဝက်ဆိုက် စာမျက်နှာပေါ်မှာ အတင်ခံမှာ မဟုတ်ပေဘူး ။ ဒီလိုပြောလို့ မူရင်းကဗျာရေးသူနဲ့ သိလားဆိုတော့ လားလားမှမသိပါဘူး ။ ကဗျာချစ်စိတ် တစ်ခုထဲနဲ့ ဒီစာကို ကောက်ရေးတာပါ ။
ရွှေ ကြည်
May 17, 2014 at 10:24 am
နားလည်ပါတယ် ဘနီ
snow smile
May 17, 2014 at 6:02 am
ခု မှ ဘဲ ရွာ ထဲ စိတ် အေး လက် အေး ဝင် ရဲ တော့ တယ်
black chaw
May 17, 2014 at 7:35 am
မူရင်း ကဗျာလေး ဖတ်ချင် စိတ်ဖြစ်မိပါ တယ် ကိုနေ ရေ။
အဓိက က အဲဒါ ဗျ။
kyeemite
May 17, 2014 at 10:33 am
ကိုနေ ပို့စ်ထဲမှာ လင့်ပါတယ်လေ နားစွန်နားဖျား ဆြာဂျီးရဲ့
black chaw
May 17, 2014 at 12:44 pm
အော်…ကိုကိုရယ်…
တားတားက ဖုန်းအစုတ်လေးနဲ့ သုံးနေရတော့…
အဲဒီလို လင့်တွေ ဖွင့်လို့ မရဘူး…ကိုကိုရဲ့…
ရော့…ဟော့ဒီမှာကဗျာဆိုပြီး ပြမှ မြင်ရမယ့် ဘဝပါ ခဗျာ…ခဗျ…။
မထူးတော့ပါဘူး…အဲဒီလင့်ကို စိတ်ဝင်စားလွန်းလို့…
အခု ဗစ်တိုးရီးယား က နက်ဆိုင် ရောက်နေရပါပြီ…ကိုကို…။
ပြောရတာရှက်တယ်…ရှက်တယ်…။
😀
kyeemite
May 17, 2014 at 10:31 am
ဖြဲသာဖြဲပါ…အားပေးတယ်ဆြာနေ 🙂
black chaw
May 17, 2014 at 12:50 pm
ဒါမျိုး…ဒါမျိုး…။
Kogyimind Mind
March 28 · Edited ·
သိပ်လည်း ဘဝင်မမြင့်ကြပါနဲ့..
ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများက
ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။
ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး။
လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့
အခုချိန်ထိ Golden Land ဆိုပြီးဘဝင်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။
တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေ ထုံနေတဲ့ ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘဝင်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ ကိုယ်ကျိူးမဖက် ပရဟိတသက်သက်လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။
Globalization ကိုနားမလည်တော့ ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ်နေရင် လုံခြုံပြီလိုထင်ပြီး ဘဝင်မြင့်မနေကြပါနဲ့။ CNN Effect, Al Jazeera Effect ခေါ်တဲ့ ကမ္ဘာအရှေ့ခြမ်းမှာ ဖြစ်နေတာကို အနောက်ခြမ်းကချက်ချင်းသိနိုင်တာကို လက်မခံနိုင်ကြသေးဘူး။
သဘာဝဘေးအန္တရာယ်တွေမကျအောင် သာသနာစောင့်နတ်မင်းကြီးတွေက မြန်မာနိုင်ငံကို ကာကွယ်ပေးထားတယ်လို့ သိပ်ဘဝင်မမြင့်ကြပါနဲ့။ အာရှမှာ ရာသီဥတုဒါဏ်အဆိုးရွားဆုံးခံရတဲ့ နိုင်ငံဆယ်နိုင်ငံမှာ ဒုတိယမြောက် အဆိုးရွားဆုံးဖြစ်နေတာကိုမှ မသိပဲ။
မြန်မာနိုင်ငံမှာငါးပါးသီလထွန်းကားပါတယ် ဆိုပြီး သိပ်ပြီးဘဝင်မမြင့်ပါနဲ့၊ တကယ်တော့ စာအုပ်ထဲမှာပဲ ထွန်းကားပြီး မြန်မာပြည်သူတွေရဲ့ ကိုယ်ကျင့်တရားက မိစ္ဆာဒိဋ္ဌိနိုင်ငံတွေလို့ ခေါ်တဲ့ ဥရောပနိုင်ငံသားတွေစံထားတဲ့ Gentleman ဆိုတဲ့အဆင့်ကိုတောင် မမှီသေးတာကိုမှ မသိကြပဲ။
ထမင်းငတ်ပြီးသေတဲ့မသာ မြန်မာပြည်မှာ မရှိဘူးလို့ ဘဝင်မြင့်မနေကြပါနဲ့။ တောင်သမန်အင်းထဲက ဓါတ်မြေဩဇာအဆိပ်သင့်နေတဲ့ငါးကြော်တွေကိုမစားဖို့ သက်ဆိုင်ရာသံရုံးတွေက သူတို့နိုင်ငံသားတိုးရစ်တွေကို တိုးတိုးတိတ်တိတ်မှာထားတာကိုမှမသိကြပဲ။ ထမင်းငတ်ပြီးမသေပေမယ့် တရုပ်နဲ့ယိုးဒယားကဝင်လာတဲ့ သူတို့နိုင်ငံသားတွေတောင် မစားတဲ့ သွားရေစာတွေကြောင့်သေနေတဲ့ကလေးတွေ၊ ဓါတုအဆိပ်သင့်နေတဲ့ ဟင်းသီး၊ ဟင်းရွက်သားငါးတွေကြောင့် သေနေကြတာတွေ၊ အဟာရငတ်ပြီး သေနေကြတာတွေကိုမှ မသိရှာကြပဲ။
အိမ်ထဲအထိဝင်၊ ခြင်ထောင်ထဲလှန်ကြည့်တဲ့ အထိ ဧည့်စာရင်းစစ်တာကို ကြည့်ပြိး မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု ရှိတယ်ထင်နေကြတယ်။ ပြည်ပနိုင်ငံတွေမှာ ကိုယ့်အိမ်တံခါးကို ဝါးရမ်းမပါပဲ လာခေါက်ရင်တောင် ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲလို့ရတယ်ဆိုတာကိုမှ မသိပဲ။
ပြည်တွင်းမှာ ကျပ်တည်းကျဉ်းမြောင်းစွာ အမြဲနေရတာတော့အကျင့်ပါနေပြီး လူတိုင်းလည်းငါတို့လို ဒီလိုပဲ ရုန်းကန်နေရတာပဲ၊ ဘယ်သူမှ ထမင်းအလကားလာမကျွေးဘူးဆိုပြီး တဘက်သက် မာနတွေကလည်းကြီးတယ်။
တစ်ခြားနိုင်ငံတချို့မှာ ကလေးတွေရဲ့ ကျောင်းစားရိတ်၊ လူတိုင်းရဲ့ကျန်းမာရေးစောင့်ရှောက်မှု ကို အစိုးရဆီက အလကားရနေတယ်ဆိုတာမှ သူတို့မသိပဲ။
အခုချိန်ထိတောင်တွေဖြိုလို့ကောင်းတုန်း၊ သစ်တွေခုတ်လို့ကောင်းတုန်းပဲ။ ကိုယ့်နိုင်ငံမှာ ကိုယ်လု့ပ်တာ ဘာဖြစ်လည်းဆိုပြီး ရန်တောင် လို နေသေးတယ်။
Butterfly Effect လို့ခေါ်တဲ့ လိပ်ပြာလေးတစ်ကောင် တောင်ပံခတ်ရုံနဲ့ အမေဇုံသစ်တောက သစ်ပင်ကြီးတွေ တဝုန်းဝုန်းလဲပြိုနေတာကိုမှ မသိပဲ။
စမတ်ဖုန်းတွေ၊ မော်တော်ကားတွေ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေ ဈေးကွက်ထဲမှာ မြင်တွေ့နေရတော့ မြန်မာနိုင်ငံကြီးခေတ်မှီဖွဲ့ဖြိုးတိုးတက်နေပြီလို့ ဘဝင်မမြင့်ပါနဲ့။ တကယ်တော့ မြန်မာပြည်ကိုပို့တဲ့ ပစ္စည်းကို သူ့တို့နိုင်ငံသားတွေ လုံးဝမသုံးကြတာကိုမှ မသိပဲ။
မြန်မာပြည်က ရှုခင်းတွေသာအလှဆုံးလို့ထင်နေကြတယ်။ ဒါတွေကိုကြည့်ချင်လို့ နိုင်ငံခြားခရီးသွားတွေလာနေတယ်လို့ ထင်ပြီး ဘဝင်မမြင့်ပါနဲ့ဗျာ။
တကယ်တော့ မြန်မာပြည်ထက်အဆပေါင်းများစွာသာတဲ့ ရှုခင်းတွေနိုင်ငံရပ်ခြားမှာ အများကြီးရှိတယ်ဆိုတာမှ မသိပဲ။ သူတို့လာတာဟာကမ္ဘာ မြင်တွေ့ရခဲတဲ့ တတိယနိုင်ငံက ဆင်းရဲသားတွေရဲ့ ဘဝကို တအံ့တဩကြည့်ဖို့လာတာများတယ် ဆိုတာကို သိမှ မသိပဲ။
သိပ်လည်းဘဝင်မမြင့်ကြနဲ့ဗျာ..ကမ္ဘာမှာ မြန်မာဆိုတာ သေးသေးလေးပါ။ အခုခေတ်က နိုင်ငံကို လာပြီးသိမ်းတဲ့ခေတ်မဟုတ်တော့ဘူး။ သွားသိမ်းစရာမလိုပဲ ကိုယ့်နိုင်ငံက ယူချင်သမျှ ယူလို့ရနေပြီ။
အခု ကိုယ့်လူတို့သုံးနေတဲ့ ဆိုင်ကယ်၊ မော်တော်ကား၊ ကွန်ပျူတာအပါအဝင် အပ်တိုတစ်ချောင်းတောင် ပြည်တွင်းမှာ မလုပ်နိုင်သေးဘူး။ ဒါတွေပြည်တွင်းမှာ များလာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ မြန်မာပြည်က ကျွန်းသစ်၊ ရေနံ၊ သဘာဝဓါတ်ငွေ့ နဲ့ တခြားသယံဇာတတွေ လျော့သွားပြီးဆိုတဲ့ သဘောပဲ။
ိသိပ်လည်း ဘဝင်မမြင့်ကြပါနဲ့။ သယံဇာတတွေကုန်ခန်းစပြုနေတဲ့တိုင်းပြည်၊ ခြစားမှုတွေနဲ့ ယိုယွင်းနေတဲ့ လူမှုအဖွဲ့အစည်း၊ ဆင်းရဲမွဲတေမှုရောဂါစွဲကပ်နေတဲ့ တိုင်းပြည်။ ဒီလိုတိုင်းပြည်ကို ဘယ်နိုင်ငံမှ နာမည်အပျက်ခံပြီး ကိုလိုနီ လုပ်နေစရာမလိုပါဘူး။ တရုပ်တွေနေချင်လည်းရနေတာပဲ။ ကုလားတွေနေချင်လည်းရနေတာပဲ။ တံခါးမရှိ၊ ဓါးမရှိ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ရနေတဲ့ တိုင်းပြည်ကို ဘာလို့အလုပ်ရှုပ်ခံပြီး သိမ်းနေမှာလည်း။
ဒါကြောင့် သိပ်လည်း ဘဝင်မြင့်မနေနဲ့။ အချိန်သိပ်မရှိတော့ဘူး။
မြန်မာပြည် လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ အတွက် ဖွဲ့စည်းပုံကို ပြင်မယ့် ခေါင်းဆောင်ကို ဝန်းရံကြ၊ သူ့ကို ခိုင်းကြ။ တာဝန်ပေးကြ။ နောက်ဆုံးမြှော်လင့်ချက်က သူပဲရှိတော့တယ်။
ဒီမယ်မိတ်ဆွေ၊ ကိုယ့်လူ ကြည်တာမကြည်တာ၊ သဘောကျတာ၊ မကျတာ ခဏထား၊ ကိုယ့်လူတို့၊ ကျုပ်တို့မှာ ရွေးစရာမကျန်တော့ဘူး၊ ကိုယ်မှာ မြှားတွေ စူးဝင်နေရင် အသက်ဘေးနဲ့ အနီးဆုံးမြှားတံကို အရင်ရှင်းပစ်ရမှာပဲ။ ဒါကြောင့် မျိုးစောင့်သမားအားလုံး၊ မျိုးချစ်သမားအားလုံး၊ အားလုံး..အားလုံး.. ဖွဲ့စည်းပုံပြင်ဖို့ပဲ အာရုံစိုက်ကြ။ ပြီးမှ လွတ်လပ်စွာ ဝိဝါဒကွဲကြ၊ ငြင်းကြ၊ ခုန်ကြ။
အရီးခင်
May 17, 2014 at 2:42 pm
ဟေ့ အဘနီ
တယ် လဲ ခေတ်နောက်ကျနေပါလား။
ဖြဲတဲ့ ခေတ် မဟုတ်ဘူး။
ဖြတ်ဖောက်ချုပ် ခေတ် ဗျ။
:-)))))))))))))))))))))
မဟာရာဇာ အံစာတုံး
May 17, 2014 at 3:07 pm
မဖြဲဘဲနဲ့ စတစ်ကီ ရအောင် လုပ်တဲ့နည်း ရှိတယ် …
တိဂျင်လား …
အလဂါးတော့ မရဘူး …
တစ်ဝိုင်းလောက် ကစ်လိုက်ရမှ ….
ဘယ်လိုဒုန်း ဥနေ … :mrgreenn:
naywoon ni
May 17, 2014 at 3:37 pm
သဂျီးက တူ့ယွာ လူစီအောင်လုပ်တာ ယီမန်ခြက်ပေ့သွားပီနဲ့ တူယဲ့ ။ ပိုင်ရှင်ဝင်လာတာ တွေ့လိုက်လားလို့ အဟိ ပွဲကျည့်ယအောင် နေယာအူးအုံးမှ
padonmar
May 17, 2014 at 9:14 pm
အဘနီရေ
ကျမ ကဗျာသမား မဟုတ်လို့ သိပ်ကိုယ်ချင်းစာမပေးတတ်တာလားမသိဘူး။
တချို့ အဲလိုပဲ ပြောင်းပြန်ရေးကြတာရှိတယ်လေ။
နတ်မောက်
မင်းဘာမှ ထပ်မလုပ်နဲ့။ ဆိုတာကို
ကျောက်ဆည်
မင်းဘာမှ ထပ်မလုပ်နဲ့ လို့ ရေးကြတာမျိုးလေ။
ဟိုရှေးတုံးကလည်း ဦးကလိန် လို သီချင်းမျိုးတွေ သံတူကြောင်းကွဲ ရေးတတ်ကြတယ်မလား။
ခွင့်လွှတ်ပေးလိုက်ပါ အဘနီရယ်။
naywoon ni
May 17, 2014 at 11:41 pm
ကဗျာသမားဟာ ကိုယ့်စကားလုံးတစ်လုံးကို ကိုယ့်အသက်နဲ့ထပ်တူတန်ဘိုး ထားပါတယ် ။ သူများသုံးပီးသား စကားလုံးတစ်လုံးကိုလဲ အလွယ်တစ်ကူ ယူငင် သုံးစွဲလေ့ မရှိဘူး ။ ယူ သုံးမိရင်တောင် မူရင်း ကဗျာဆရာရဲ့ နာမယ်နဲ့တွဲသုံးလေ့ရှိတယ် ။ ဥပမာ ဒဂုန်တာရာရဲ့ လေနုအေးက နော့ဆဲကို ဆိုတဲ့စကား ။ ကဗျာမှာသုံးခဲ့တာတောင်မဟုတ်ဖူး ။ ” မေ” ဆိုတဲ့ ဝတ္ထုမှာ သုံးခဲ့တာ ။ နောက်ပိုင်း မင်းသား ရန်အောင်က ” လေနုအေး” ဆိုတဲ့ နာမယ်နဲ့ စီးရီး တစ်ခွေ ထွက်တော့ ဒဂုန်တာရာ ရဲ့ ဘက်တော်သားတွေ စာနယ်ဇင်းက နေ အုတိအော်သောင်းသဲ လုပ်လို့ စကားလုံး အသုံးပြုခ ငါးထောင်နဲ့ ကန်တော့ ရပါရောလား ။ ရွှေတစ်ကျပ်သား တစ်ထောင်လောက်ပဲ ရှိသေးတာနော် ။
padonmar
May 19, 2014 at 12:56 am
အဘနီရေ
ခုလို ရှင်းပြပေးတာ ကျေးဇူးပါ။
ဘာတွေ အဖြစ်သည်းနေလဲလို့ မေးချင်သူတွေအတွက် ရှင်းတာပေါ့နော်။
ဒါပေမယ့် အဲသလို လှတဲ့ စာသားလေးတွေ သီချင်းလေးတွေ ကဗျာလေးတွေ မှီငြမ်းပြီး ရေးရတာ ပိုအသက်ပါသလား ထင်လို့ သုံးချင်တယ်။
အများကြီးသုံးမိတဲ့ စာဆို ခရက်ဒစ်ပေးရတာနဲ့ ပြည့်သွားမှာပဲ။
ဘယ်လိုလုပ်ရပါ့။
etone
May 18, 2014 at 1:26 am
ဟိတ်တောင်မ မာမီဝင်း
ညည်းက ရန်စဒါလားအေ ့ …… နာတို့အမျိုးတောင့်တယ် … ဘာရေးရေး ဝိုင်းအူ … အဲ အာ (ဇပါးလင် မွှားချင်းတီးခံဗာ ) ပေးမယ့် လူချိဒယ် … နဗမ်းထလုံးလိုက်ရ အဖြဲမခံရပဲ အခွဲခံရမယ် … အရှက် 😆
naywoon ni
May 18, 2014 at 2:37 am
ဒေါ် တုန် ဘယ်နားလေး အိပ်ပျော်နေရကနေထ လာတာလဲ သွား သွား မျက်နှာသစ်လိုက်ဦး ပေါင်မှာ အာ…. မှားလို့ ပါးမှာ သွားရည်စီးကြောင်းကြီးနဲ့ အဟိ
Wow
May 18, 2014 at 4:43 pm
ဒဂျီးစတစ်ကီပေးပေး မပေးပေး
အဘနီဖြဲဒါ လူများသားပဲ လာကျိသူဒွေ
Ma Ma
May 18, 2014 at 7:37 pm
အန္တရာယ်ရှိတယ်။
မုန်တိုင်းသတိပေးချက်ဆိုရင် အနီရောင်အဆင့်။
လိမ်လိမ်မာမာ နေမှ။ :kwi:
ဦးကြောင်ကြီး
May 19, 2014 at 1:03 am
သောက်သဂျီး..