ဆက်ဆက်ပြောတဲ့ သူ့ချစ်သူအကြောင်း – ၂
ရွာ ကား .. ဆူချေပြီ …။ တခြားတော့ ဟုတ်ရိုးလား ..
ရွာထဲက ကိုမာဂကျော် နှင့် ဆက်ပန်ထုံ တို့ စေ့စပ်တဲ့ ..ကိစ္စပေါ့…။ ဟုတ်သည်
ပိတ်သတ်ကြီး သိတော်မူသည့်အတိုင်း …ထိုကိစ္စသည် အကျယ်အကျယ် မငြိမ်းဖွယ်တည်း။
တကယ်တော့လည်း သည်ကိစ္စက ရှက်တတ်ရင် လဲသေသင့်တယ် မဟုတ်လား …။
တချို့ ပိတ်သတ်ကြီးက ကိုမာဂ အား ယခင်ဇနီးဟောင်း မာမီမိုး ကို ကလေးနဲ့ ထားခဲ့တာ ရှက်တတ်ရင် သေသင့်တယ် ဟူ၍လည်းကောင်း
တချို့မှာလည်း ဆက်ဆက်ကို ယူစရာ ဂလောက် ရှားလား ရှက်တတ်ရင် သေသင့်တယ် ဟူ၍လည်းကောင်း စသည်ဖြင့်ပေါ့လေ..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဖြစ်အပျက်တွေကလည်း တိုက်ပဲ တိုက်ဆိုင်လွန်းနေသည်..။ သူတို့ကိစ္စ တင်းမာတာလည်း မပြောနှင့်လေ ..။
ကမာ္ဘကြီးသည် ကျဉ်းကျဉ်းလေး မဟုတ်ပါကလား ..။ ဖြစ်ပုံကား ဤသို့ ဤနှယ်။
ကို မာဂကျော် ၏ အရင်ဇနီး မာမီမိုး မှာ..အလှပြင်လုပ်ငန်းစု တည်ထောင်သူဖြစ်သောကြောင့် သူ၏ အဘိုး ဖြစ်သူ ဦးဘဆွေ၏
နာမည်ကျော် ဝဲကျော်မ ဆံပင်သန်ဆေး နှင့် ဆိုလျင် အကျိုးတူ စီးပွားဖက်များ ဖြစ်လေသည်။ သည်တော့.. ဘိုးတော်မှာ
မြေးတော်မောင်အတွက် စီးပွားအပျက် မခံနိုင် …သည်တော့ ကိုမာဃအား အိမ်ပေါ်က ကန်ချလေတော့သည်။ ကိန် ကိန်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တဖက်တွင်လည်း .. နာမည်ကြီး မင်းသမီး ဆက်ပန်ထုံ ၏ အဖေမှာ.. ကမာ္ဘတန်း ထိုးဖောက်အံ ကြွေးကျော်ထားသော..
ရေဆေးငါး အမည်ရ ပိန်ဆေး ကန်ပနီပိုင်ရှင် ဦးဆောရိုး ဖြစ်ပြီး ကိုမာဂကျော်၏ အမေမှာ ဟမ်ဘာဂါ ဖရန်ချိုက်ဇ် လုပ်ငန်းရှင် ဒေါ်အိုဇာ ြဖစ်လေသည်။
ကမာ္ဘ့ရန်များတည်း.။ ဆုံလည်း ဆုံတတ်ပလေတယ်လေ… အဲ့လာကြောင့်ပြောပါတယ်.. ရှက်တတ်ရင် လဲသေဖို့သာ ကောင်းတော့သည်ချေ တမုံ့။
ခုချိန်တွင်တော့ … ကလိုင်းမက်စ် ကို ရောက်လုရောက်ခင်မို့ …. ကိုမာဂ နှင့် ဆက်စ် တို့မှာ သူတို့၏ လက်ဆွဲ ရှေ့နေများ ဖြစ်ကြသော
ဝတ်လုံတော်ရ ကြီးများဖြစ်သော ဦးနို့စို့မိ နှင့် ဦးနက်ချော တို့ နှင့် ခေါင်းချင်းရိုက်ရလေပြီ…။
ဆွေးနွေးပွဲ ရလာဒ်အဖြစ် စိလက် တဗူးကား ပြောင်ချေပြီ… ။ ပြာခွက်တွင် ဆေးလိပ်တို တို့ တင်းကြမ်း။ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူက ဦးနို့စို့မိ
ဦးနို့စို့မိ။ ကဲ .. လာဗျာ.. ကို ချော.. မာ ဆတ် သွားမယ်။
ချော။ ဟင်င် .. ဂယ်လား ..?? ဆီသုတ်မှာလား ငှင်င်င်င် (မျက်လုံးလေး ကလည်ကလည် နှင့်ပေ..)
ဦးနို့စို့မိ။ (စိတ်ထဲက တော့ …တယ်.. အားနေဒီလူကြီး လှည်းတန်းက ကောင်မလေး ဆီပဲ စိတ်ရောက်နေတာပဲ ဟုတွေးပြီးသကာလ)
မဟုတ်ဘူးလေဗျာ ကိုချော ကျနော်ပြောတာ .. ကိုချော မာ(ဂ) ၊ ဆက်(ဆက်) ၊ သွားကြရအောင် လို့…။
ချော။ ဟီး ..သိပါဘူးဗျာ.. ခင်ဗျားကလည်း ရှင်းရှင်းပြောပါဗျ။ ဒါနဲ့ ဘယ်တုန်း။
စို့။ သင်္ဘောကျင်းက အကြားအမှုန် ဆရာမကြီး ဒေါ်သဲသဲ ဆီ။
ချော။ အကြားအမြင် လုပ်ပါဗျ.. ခင်ဗျားကလည်း။
စို့။ ခင်ဗျား မသိပါဘူး ကိုချောရယ်… သူက သတင်းပုလင်း စုံတယ်ဗျ ..အကြား ကောင်းတယ်ပေါ့.. အဲ့.. မျက်စိကတော့ မျိုးနဲ့ ရိုးနဲ့ကို မှုန်ရှာသဗျာ။
အဲ့ဒါ ကျနော်တို့ ဓါတ်သိတွေက သူ့ကို အကြားအမှုန် ဆရာမကြီးလို့ ခေါ်တတ်ကြတာဗျ။
ချော။ အော်.. ဂလိုလား .. မသိပါဘူးဗျာ ..ဟားဟား…။
စို့။ ခညားဗျာ ရှေ့နေဖြစ်ပြီး ဒါတွေမကြားဖူး မသိဖူးဘူးလား ဗျာ အံ့ပါရဲ့ ..ရှက်တတ်ရင် သေသင့်တယ်ဗျာ ..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကလိုနဲ့ ထို၄ယောက်တို့ … အကြားအမှုံ ဆြာမကြီး ဆီ ရောက်သွားလေတော့သတည်း…။
ရောက်သွားတော့.. ဟိုက အိမ်တွင် မရှိနေ။ စမ်းချောင်းက နာမည်ကျော် ကန္နားစီး မိဂီ ဆီ သွားပြီး ပွဲပေးနေပါသတဲ့။
ကဲ ..မထူးတော့ …သူရို့ ၄ယောက် လိုက်သွားရတော့သည်…ဟိုရောက်တော့ လားလား …သူရို့ထက် လက်ဦး အကြံသွက်
ခြေတလှမ်း သာသူတွေ ရှိလေပြီတည်း…။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တခြားလူတွေ ဟုတ်ရိုးလား …ကိုမာဂကျော်၏ အဘိုး ဦးဘဆွေ နတ်ကန္နား ဝင်ကနေလေသည်။
အော်… သည်အရွယ်ကြီးကျမှ ..မူးမူးနှင့် ဝင်ကနေသည်.. ။ ရှက်ထှာ ..အဘ ရယ်..။ အဲ … သူနှင့်အတူပါသော ဖြူဖြူ သွယ်သွယ် ငယ်သူငယ်ချင်း
ဥကျောက်စ် ကမူ ဥတလုံးစိန် မမနှဲ နတ် ဝင်နေ၏။ အဘတို့ ရယ် ဒါ ကျနော်တို့ ပြသနာနဲ့ ဘာဆိုင်လို့တုန်း မေးတော့ ..အို ဆိုင်ဆိုင် မဆိုင်ဆိုင် အေ.. ဟူသတတ်။
အို …ကိုမာဃ ရှက်ထှာ …
တဖက်တွင်လည်း … ဦးဆောရိုး နှင့် ဒေါ်အိုဇာ တို့ အပြိုင် ကရင်း .. မနိုင်အနိုင်ကျဲသည်ထင့် ..ဆောင့်ဆောင့်ထိုင် အံကြိတ်ရင်း ကြက်ဖခွပ်နေကြ၏။
အို… ဆက်ဆက် ရှက်ထှာ …။
ကိုင်း မထူးတော့ … ကိုမာဃ နှင့် ဆက်ဆက်လဲ ဝင်နွှဲလိုက်တော့၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲ့သည့်မှာပင် ..သူရို့နောက်သို့ ..ကျားချောင်းချောင်းကာ အင်တာဗျူးရန် ဆင်ကြံကြံနေသော ဗျူးဆရာ ဓါးအာဂ .. အကုန် မူးပြီး ဒွန့်နေမှတော့ ..
ဘယ်လိုမှ ဗျူးလို့မရမှန်း ..မသိတော့ မှန်းချက်နှင့် နှမ်းထွက် မကိုက်လေသဖြင့်.. သူလည်း စိတ်လေပြီး မထူးဇာတ်ခင်းကာ
သောက်တော်ဗူး ရယ်နဲ့ အိုမကွာ အိုမကွာ .. ဝင်ဒွန့်လေတော့သည်။ ကန္နားစီးကတော့ နေ့တွက်စီ သဖြင့် .. ပီပါဟိန်း အစ သားဇိုး အလည် မြူးလျင်ပီးရော
ဖွင့်ထားသည့် ..ကတ်ဆက်ဘေးဝယ် ပြုံးပြုံးကြီး …။ အော်.. ကိုယ့်လူတွေ ရှက်တတ်ရင် သေဖို့ ကောင်းကြပြီ။
ရှေ့နေကြီးများမှာတော့ ..အခြေအနေမကောင်းမှန်း သိသဖြင့် အချင်းချင်း လက်ကုတ်ကာ လှည်းတန်း သို့ ချီတက်ကြလေပြီ … ။
သိတယ်မလား ..သူရို့က အညောင်းသမားတွေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဂလိုနှင့် နောက်နေ့ မနက် …ဗျူးဆြာဓါးအာဂ ဖေ့စဘုတ် ဖွင်လိုက်လေတော့ …..။
ဟင်င်င်င်င်င်…. သူ ဟို စပြစ်သီးများနှင့်အတူ မူးမူးနှင့် အပီ ဒွန့်နေသည့်ပုံများ ဝေဝေဆာဆာ ..။ အောက်တွင်လည်း ကွန်းမန့်များက မြိုင်မြိုင်ဆိုင်ဆိုင်။
ကလော်သံများ ဆော်သံများ နှင့် တဖက်နှင့်တဖက် ဗျင်းသံများကလည်း ထောင်းလမောင်းကျေ။ ဟိုက်.. သွားဘီ …ဘယ်လိုဖြစ်တာပါလိမ့်…။
နောက်မှ ..စေ့စေ့တွေး ရေးရေးပေါ် ဆိုသလို … နေကြာစေ့ကိုက်ရင်း စကားလက်ဆုံကျနေသော ..အကြားအမှုံ ဆြာမကြီး ဒေါ်သဲသဲ နှင့် အပေါင်းအပါများဖြစ်သော
အာတီဒုံ နဲ့ အာတီ မာမား တို့ လက်ချက် ဆိုတာ ရိပ်မိလေသည်။ အဲ့သည့်နေ့က သူရို့ပဲ မသောက်မစား မဒွန့်ဘဲ ထိုင်နေကြသည်မဟုတ်လား။
နောက်ပီး သူရို့ ဝါသနာက .. စီဂျေ လေ စီဂျေ
ကင်မလာ အကြီးအလတ်အသေး ကို အီကွစ်မန့် တဆင်စာ ဆောင်ထားသည်ဟူသတတ်။
အိုဘယ့် ယနေ့ခေတ် ရဲ့ ..အပီမွှေမယ့် စီဂျေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗျူးဆြာ စဉ်းစားရပေပြီ ။ ဟုတ်သည်လေ.. ဟိုစဗျစ်သီးတွေ မရှက်တာ ထားအုံး ..သူက ရှက်ရပေမည်။ အလုပ်တာဝန် အရ ဗျူးရန်သွားသည် မဟုတ်ပါလား။
ခုတော့ တာဝန်လစ်ဟင်းပေပြီ။ အော်.. ကိုယ့်ဆြာ အယ်ချုပ် ဒေါသအမျက် ချောင်းချောင်းထွက်တော့မည်။
ဗျူးဆြာ မရှက်တတ်လို့တော့ မဟုတ်ပါ. . ရှက်ပါသည်.. ရှက်တိုင်း သေကြကြေး ဆိုပါက သူကတော့ဖြင့် မသေဝံ့သေးပေ။ အဘယ်ကြောင့်ဆိုသော်
သူ ပူပူနွေးနွေး မင်္ဂလာဆောင်ထားတာ နာမည်ကြီးမင်းသမီးချော သင်ဇာနွယ်ပင်း မဟုတ်တုန်လော .. မခွဲနိုင်ပါပေ။
နောက်ဆုံး ဗျူးဆြာ ဆုံးဖြတ်ချက်ဒုံးဒုံးချ.. အယ်ချုပ်ကို တောင်းပန်တော့မည် ဟု သံဓိဌာန်ချလိုက်လေပြီ။
သွားမယ်.. ဆရာ့ဆီသွားပြီး ခြေသလုံးဖတ်ရ ဖတ်ရ တောင်းပန်မယ် ဟု ဆုံးဖြတ်လိုက်၏။
သို့သော် အလာကောင်းပေမယ့် အခါနှောင်းချေပြီ။ သတင်းစာတိုက် တံခါးကား ပိတ်ထားလေသည်။ သူ့အား ညွှန်းသော စာတစောင်က သော့ခလောက်တွင် တွဲရရွဲ
ကြိုဆိုနေသည်။ စာမှာကား းးးးး
ဒီမယ် ငဂ ။
ဒို့ဘားမန်း သတင်းစာတိုက်က သတင်းထောက် စိတ်လွတ်ကိုယ်လွတ် တာဝန်လွတ် မူးပြီး ဒွန့်နေတယ်ဆိုတာ
မင့်မရှက်ပေမယ့် ငါရှက်တယ်။ ငါရှက်တယ်ကွ။ သည်တော့.. ငါ့အနေနဲ့ လူတွေကို မျက်နှာမပြဝံ့တော့ဘူး
ငါ့ကို ရှက်တတ်ရင် ဘာလညာ ပြောတာလည်း ငါမခံစားနိုင်ဘူး …အေး …သည်တော့ ..ငါ နေပူတော်ကို မီရာကားနဲ့ လိုက်သွားပြီ။
လိုက်မရှာနဲ့။
ဒါဗျဲ။
သာဓု၊ အမျှ ။အာမင်။
ပုံ
ခိုမ်။
ဟူသတတ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သည်တော့ ကန္နားစီးတယောက် စပ်စလူးနတ်ပူးပြီး ရေးချင်ရာ ရေးထားတာမို့ ..ဖတ်ချင်သလို ဖတ်ပြီး သကာလ ရှက် မနေကြပါနဲ့လို့…။
အာဟိ
အတည် နောက်တာ
ဗြဲ …။
18 comments
ကေဇီ
May 17, 2014 at 9:20 am
ဆိုးးမိုက်ဘူးးးးတော့ ရှက်တတ်ရင် တေတင့်တယ်
ကွကိုယ် ကိတ် ၂ ပိသာာ မစဉ်းးစားးးဘူးးး
နာတို့ကို ဘွပြောင်းးထားးးတယ်
•*¨နန်းတော်ရာသူ •*¨
May 17, 2014 at 9:23 am
စောစောစီးစီးနတ်ပွဲဝင်ကြည့်မိသလို ရှုပ်ယှက်ကိုခတ်နေတာပဲ
ညည်းနှယ်အေ ဂလိုစာမျိုးရေးတာ
အံ့ရောဟယ် အံ့ရော
ရှက်တတ်ရင်လဲသေလို့ရတယ်
Wow
May 17, 2014 at 9:24 am
အယ်ချုပ် တစ်ယောက် ရှက်တတ်လို့ နေပူတော်သွားဘီပေါ့နော် ဇေယာမင်းနဲ့လားငင်င်
•*¨နန်းတော်ရာသူ •*¨
May 17, 2014 at 9:24 am
ဟင် နာအရင်ဇုံးမှတ်တာ အပေါ်မှာဂျီးဒေါ်ရောက်နေပြီ
🙄
ဦးကျောက်ခဲ
May 17, 2014 at 9:30 am
စက်ရပ်သဒင်းသည်ကား ဇနီးဟောင်း မာမီမိုးမှ ဆင်ဖြူတော်မှီရင်း ကြေငြာလိုက်သည်မှာ…
ကိုမာဂကျော် နှင့် ဆက်ပန်ထုံ တို့ကို “စိန်ခေါ်ရင် ဆင်ပေါ်အထိတက်” မယ်ဟူသတတ်…
အနှီတွင် အမှုတွဲ ဒို့ဘားမန်း သတင်းစာတိုက်ပိုင်ရှင် အယ်ချုပ်လည်း…
နေပူတော်အမြန်လမ်းကို… မနှေးအမြန်လှမ်းဖို့ သေခြာသွားလေသတည်း… ဟီ ဟိ
😀
ကေဇီ
May 17, 2014 at 9:32 am
ဒင်းးးပေါ့ အေ
နာ့ ကို မြှောက်ပေးသူ လို့ ခေါင်းစဉ် တတ် တတ်ပြီးးး
သူရေးးချင်တာ ရေးး ရေးးးသွားးးတာ
နောက်ဆုံးး ဒေါ်အိုဇာ ဘွရောက်ရော။
နာ ရှက်တတ်ရင် တေလို့ရဘီ။
ခက်တာက နာ က အရှက် နဲ့ အသက် လဲ ထာားးတာ။
အသက်ရှိသရွေ့ အရှက် မရှိဘူးး
😀
surmi
May 17, 2014 at 9:41 am
အဟမ်းးးးးး ကနားဇီး းးး
ရှက်တတ်ရင် ခွက်ဒစ် ပေးလိုက်ဘာ
နောက်ကျရင် အဖြဲခံရမယ်
alinsett (gazette)
May 17, 2014 at 10:34 am
အိုးးးး ရှက်တယ် ရှက်တယ်
သေမယ်
ဝတ်မှုန်ရွှေရည်လေးကို ဖက်ပြီး သေမယ်
Crystalline
May 17, 2014 at 11:55 am
ကနားစီးမယိုစီတို့ကတော့ နေ့တွက်ကိုစည်နေတာပဲ..
lu lu
May 17, 2014 at 12:35 pm
ဘွတွေပြောင်းကုန်ဘာလား တွယ်
ပီလိုဖြစ်ကျတာလဲ
ဘွမှန် ပြန် ရ အောင် နတ်ကနားပြန်ပေးရမယ်
ဟားဟားးးးးး
😀
black chaw
May 17, 2014 at 1:03 pm
ဟေးဟေး…ဟေးဟေး…။
😀
ဒီဇာတ်လမ်းထဲမှာလည်း…ရှက်တတ်ရင် သေသင့်တာပဲ…တဲ့…။
မရှက်တတ်ရင် မသေသင့်ဘူး ပေါ့…နော့်…။
ဟေးဟေး…။
😀
kyeemite
May 17, 2014 at 3:23 pm
အကြော်သယ် ဒေါ်ကြီးမိုက်လည်း ကနားလုပ်တဲ့နေရာသွားရောင်းတာ အကြော်ဗန်း ပြောင်ပါရော(မှောက်ကျလို့)
😀 😀 😀
မဟာရာဇာ အံစာတုံး
May 17, 2014 at 3:34 pm
နောက်ခါ ရှက်လွန်းလို့ မျက်နှာ မပြရဲတော့ရင်
ရေမရှိတဲ့ ချောင်း နှာခေါင်း ဖော်ပြီး မသေတော့ဘဲ …
နေပူတော်ကို မှီရာကားနဲ့ သွားလို့ ပြောရတော့မယ် ….
sorrow
May 17, 2014 at 3:57 pm
ခုခွိခုခွိ… ရေးတတ်ပါ့ ဆြာရယ်…
TNA
May 17, 2014 at 9:11 pm
ရီလိုက်ရတာဟယ် ရေးလဲရေးတတ်တယ်။ မိဂိ နင့်အူးနှောက်ရွှေချထားရမယ်။ နာကတော့ ဝင်ဒွန့်တဲ့ထဲမပါတော့ မရှက်တော့ဘူးဟယ်။ မရှက်တော့လဲ သေဖို့မလိုသေးဘူးပဲနော့။ ကဲကဲ နောက်သတင်းအတွက် သတင်းသွားရှာလိုက်အုံးမအေ။ နဲနဲမှုန်တော့ များများသွားနိုင်မှအေ့။ နာမရှကဘူးနော် နာမတေတေးဘူး။
Mr. MarGa
May 18, 2014 at 1:50 pm
ရော် ရှက်ပါတယ် ဆိုမှ
ဝင်မဖတ်သွားဘူးဗျာ ရှက်လို့ :kwi:
Ma Ei
May 19, 2014 at 12:46 pm
အကြားအမှုန်တဲ့…
သွားမေးရင် ကောင်းမလားမသိ…
🙂
padonmar
May 22, 2014 at 12:41 am
ကျုပ်တို့ အမွှာညီအမကအေ
ကင်မလာအကြီးက လူရှိန်မလားလို့ ထုတ်ထုတ်ပြတာပါ။
ဟို မသင်တချက်သင်တချက် ဆာအုပ် ရဲ့ သင်တန်းက ပေးတဲ့ လိပ်ခေါင်းကင်မလာက စလင်းဘက်ထဲ ဆောင်ထားဖို့၊
အရေးအကြောင်းဆို(ဘတ်စကားတွေပြောပါတယ်) လက်မြန်ခြေမြန် ရိုက်ပလိုက်ဖို့က ဖုန်းကင်မလာပါအေ။
ဒီလောက်လေး ကို အကြီးအလတ်အသေး အီကွစ်မန့်တဆင်စာလို့ ပြောတာ စိတ်နာတယ်အေ။
တကယ်ဆို စိန်တဆင်စာ ဆင်တူဝတ်တယ်ပြောရင် ဟုတ်တုတ်တုတ်။
ခုလို အပြောခံရတာ ရှက်တယ်ရှက်တယ်။
ထီးဖြူဆောင်းလို့ ပြောခံရတာမှကောင်းသေးတယ်။ ဗြဲ…