ရနံလေးသင်းပါစေသား
အကြောင်းအမျိုးမျိုးကြောင့် နှောင်းခဲ့တဲ့အတိတ်လေးမှာ
ငါလေရပ်တည်ဖူးတယ် အတွေးကတော့ မျှော်ငေးရင်းပေါ့
ခြွေကျနေတဲ့ အပင်အိုအနားမှာ ခိုနားရင်း နွမ်လို့ဝေနေတဲ့
ပန်းကလေးတွေမြေခနေတယ် ငါ့ပါးပြင်မှာတော့
မျက်ရည်စတွေနဲ့ပါ
အလွမ်းဆိုတာ စမ်းရေလိုအေးမြစေသလား
အချစ်ဆိုတာ ပန်းခရေလို မွှေးပျံ့စေသလား
ဖြူပါတယ်ဆိုတဲ့စံပယ်တောင် မှိုင်းလို့နေခဲ့သေးတယ်
ယုယစွာထွေးပိုက်မိလို့ပေါ့
ဆူးများမှန်းသိပေမယ့် နှင်းဆီလေးတစ်ပွင့်
ရင်ထဲပျိုးမိဖူးတယ် ရူးရမှန်းသိပေမယ့်
တက်မက်စွာရှိုက်နမ်းဖူးတယ်
ပန်းကလေးကတော့ အလှမ်းကွာဝေးခဲ့ပါပြီ
ကြွေမှာစိုးလို့ တိုးတိုးလေးခိုးအနမ်းမှာ
ရိုးရိုးလေးပြောခဲ့ပြန်တယ် ငါမင်းကို သိပ်ချစ်တယ်ပေါ့
ကြာခဲ့ပါပြီလေ အတိတ်ဆိုတာ တစ်ခန်းရပ်မို့
အနမ်းလေးအိပ်မက်အပေးမှာ
ရနံ့လေး သင်းပါစေသား
ကာရံ ၈ ့၈ ့၂၀၁၄
5 comments
အရီးခင်
June 8, 2014 at 5:48 am
အားပေးသွားပါတယ်။
ကဗျာအဆုံးမှာ
ကာရံ ၈ ့၈ ့၂၀၁၄ ဆိုတော့ ၈ လေးလုံးနေ့ အတွက် ကြိုရေးတင်ထားတာလား။
jk :-)))
ကာရံ
June 8, 2014 at 9:36 am
ဖုန်းနဲ့ရိုက်လိုက်တာ ရက်မှားသွားလို့လေ
black chaw
June 8, 2014 at 11:29 am
ကဗျာလေး ဝင်ဖတ်သွားတယ်နော်…။
ကဗျာဖတ်နေရင်းကနေ…
\
ဆိုတဲ့ ဆရာကိုရွေးရဲ့ ကဗျာလေး သတိရသွားပါတယ် ကာရံရေ…။
alinsett (gazette)
June 8, 2014 at 12:39 pm
စံပယ်ပန်းအကြောင်းပါတဲ့ ကဗျာတွေဆို
အနံ့မခံနိုင်တော့လို့
ကာရံ
June 8, 2014 at 6:44 pm
ဟုတ်ကဲ့ ကျေးကျေးပါနော်