နန္ဒာလေးကို … နွယ်ပါတယ်
ကိုယ့်ရေဒါမှာ နန္ဒာဟာ မြောက်ဘက်စူးစူးကနေ ညှို့နေတယ်
အလင်းပြန်တဲ့ နိယာမဟာ မင်းနှလုံးသားကို မရိုက်ခတ်ဘူးလားကွယ်
ရိုက်ခတ်သမျှ လှိုင်းတိုင်း နန္ဒာ့ဆီကိုပဲ ရောက်တယ်
ကျော်ကြားနေတဲ့ ဘာသာစကားဟာလည်း နန္ဒာ ပါပဲ
တင်းထားတဲ့ လေးကိုင်းရဲ့ အားမာန်လို နှုတ်ခမ်းလေးကို ဖူး ထားပါ နန္ဒာ
နန္ဒာ့ အနမ်းဆီကို ကိုယ် ဖြတ်လမ်းက မလာပါဘူး
တိုးတိုးလေး ကြွေသွားတဲ့ သက်ပြင်းကအစ နန္ဒာ့ ဆီက မခွာပါဘူး
ထိ၊ သိ၊ သတိလေးမှာ နန္ဒာ့ လှိုင်းတွေပဲ မိနေတယ်
အရေးပေါ် အကြောင်းပြချက်တစ်ခု မြန်မြန်ထုတ်ပြန်ပါတော့ နန္ဒာ
D Day ရဲ့ နော်မန်ဒီမှာ နန္ဒာ့ ဆံပင်လေးဖြစ်ဖြစ်
ဟူးကောင်းလီဒိုလမ်းမကြီးမှာ နန္ဒာ့ နားသယ်စက သနပ်ခါးမှုန်လေး ဖြစ်ဖြစ်
ဖြန့်ခင်းလိုက်တာနဲ့ စစ်ပွဲတွေက အလိုလို ပြေငြိမ်းသွားမှာပါ
နန္ဒာ့ နံနက်ခင်းကို ဂျက်ကီ့ကို မပေးလိုက်နဲ့နော်
နန္ဒာ့နေ့လည်နဲ့ ညနေကို ပိုပိုသာသာ ယဉ်ကျေး
အနုမြူမွေ့ရာရဲ့ ညဆိုင်းကြိုးမှာ အိပ်မက်တွေ ပို့ထားလိုက်မယ်
ပျော်ရဲ့လား နန္ဒာ… ရင်ခုန်သံတွေ တစ်ချက်ပြီးတစ်ချက်
အချစ်ရဲ့ လေဖိအားနည်းရပ်ဝန်းထဲမှာပဲ ဆွံ့ဆွံ့အအ
နန္ဒာ့ သက်ပြင်းနွေးလေးမှာ…သန်းခြောက်ထောင်ရဲ့ အကြည့်တွေကို ဆွဲနှုတ်ပစ်လိုက်တယ်
ကမ္ဘာဦးက မီးကို စတင်တွေ့ရှိခဲ့သူလို
နန္ဒာနွယ် ဆိုတဲ့ ခလုတ်လေးကိုသာ နှိပ်လိုက်
စကြဝဠာတစ်သန်းလုံး
သံယောဇဉ်လေးတွေ ပြန့်ပွားသွားမှာပေါ့ ။ ။
ကမ်းဝေး
၇၊ ၆၊ ၂၀၁၄ စနေ
ဂျက်ကီ = ကျွန်တော်ရပိုင်ခွင့်ထဲက ဆော့ကစားမှုနည်းနည်းကို လုယူထားတဲ့ တောက်ခွေးစုတ်
12 comments
naywoon ni
June 7, 2014 at 7:07 pm
ချစ်တတ်လိုက်တာ !
alinsett (gazette)
June 7, 2014 at 8:50 pm
ခံစားတတ်လိုက်တာ…
myatpone nya
June 7, 2014 at 9:03 pm
နန္ဒာလေးကို နွယ်သွားပါတယ်။ ရေးတတ်လိုက်တာ
Courage
June 7, 2014 at 10:13 pm
ကာယကံရှင်တော့ မသိဘူး ကိုယ်တွေတော့ ကြွေချင်လာပြီ
ကေဇီ
June 8, 2014 at 11:37 am
နန္ဒာတော့မသိ အန်တီလေးကကြွေသွားလိုက်တာ တဖြုတ်ဖြုတ်ပဲ။
နောက်ဆုံး စာကြောင်းနဲ့တင်။
:s:
black chaw
June 8, 2014 at 11:40 am
ကမ်းဝေး…ညီလေး…


ယောက်ျားတန်မဲ့ မင်းကဗျာလေး ဖတ်ပြီး
မင်းကို အရမ်းအရမ်းကို ခိုက်သွားပြီ…။
တစ်ခုတော့ ရှိတယ်…။
မင်းကဗျာက image မကောင်းဘူးကွယ်…။
နန္ဒာ ဆိုတဲ့နာမည်ကို ခေါ်လိုက်တိုင်း
ကိုယ်ကတော့ Sexy အရမ်းအရမ်းဖြစ်ခဲ့တုန်းက အစွမ်းကုန် Sexy ခဲ့ပြီး
အခု ကလေး ၂ ယောက် တို့လို့ တန်းလန်းနဲ့
ဖလန်းဖလန်းမထနိုင်တော့တဲ့ ဝတုတ်မကြီး ဟို နန္ဒာကိုပဲ မြင်မြင်လာလို့..
ဝေါ့…အန်ချင်လာတယ် မောင်ကမ်းရယ်…။
ဂေ့…ရေတစ်ခွက်လောက် ပေးပါ…။
marblecommet
June 8, 2014 at 4:38 pm
ဟုတ်ပါတယ် ညော်….
ဒီနာမည် ရွတ်လိုက်တာနဲ့….
……..
ကျော့် မြစ်ကျဉ်းလေးထက်
ထမင်းစောစောစားပြီး
အေမရာ့ အေမရာ ကျွတ်ဆင်ကြီးတွေ
လုပ်ပြသွားတဲ့ ဒင်းရီးကိုပဲ ပြေးမြင်ကြမယ်ဆိုတာ …အင့်….
……
ဒါပေသိ…
နာမည်လေး ဆင်မိတဲ့ ကျိန်စာလေးကြောင့်ပဲ
အတိုးချ ဒချိနေရတာ……
ငိငိ
….
ကွန်မန်းချီးမြှင့်ကြတဲ့ အားလုံး ကျေးဇူး…..
ဦးကြောင်ကြီး
June 8, 2014 at 12:09 pm
နန္ဒာလှိုင်ဂျီးကို တဒိရသကွာ…
အရီးခင်
June 9, 2014 at 2:02 am
ဝုတ်ပါ့။
အရီးလဲ ခေါင်းစဉ် မြင်လိုက်တော့ သူ့ကိုသာ ပြေးမြင်လိုက်တော့ တယ်။
နန္ဒာလှိုင် က အခု အဲ့လောက် ဝ နေလို့လား။
အရင်ကတော့ အတော်လေးချောတဲ့ မင်းသမီးဘဲ။
ရေးချက်ကတော့ ကြွေလောက်ပါတယ် မောင်ကမ်းရေ။
kyeemite
June 9, 2014 at 10:54 am
သည်းသည်းလှုပ်ခံစားတတ်သူပါတကား..စကားမစပ်..ဒီကဗျာမျိုးရေးတတ်ဖို့ဆို Physics တော့ကျွမ်းဖို့လိုတယ်
😀
အာဂ
June 9, 2014 at 5:49 pm
အော်နန္ဒာ ရယ်… ဧရာဝတီ မြစ်တစ်ဖက်ကမ်းက အလွမ်းသမားကို အနမ်းဇယားလေးတွေနဲ့ ပွေ့ဖက်ပါတော့ နန္ဒာရယ်..။
ရွှေတိုက်စိုး
June 11, 2014 at 10:31 am
သများနှလုံးသားတွေ ကြွေပါပေါ့လား.. ကမ်းကမ်းရယ်…. အာဟိ…