ပလေးဘွိုင်း အေသင်ချိုဆွေ…။
ပလေးဘွိုင်းသန်းနိုင် ကျွန်တော်ပဲ…၊
ခဲနဲ့ပေါက်မယ် သီချင်းဆိုတယ်…၊
ဂျက်ဇ်ဘေ့စ် ကျော်နိုင် အမိုက်ဆုံး…၊
ကျော်မင်းလိုကွယ် အမြူးဆုံး ဒစ္စကိုဘုရင် ပလေးဘွိုင်း…ရေး…။
ပလေးဘွိုင်း ခေတ်ကောင်းစဉ်က ကိုသန်းနိုင်ဆိုခဲ့ဖူးတဲ့ ပလေးဘွိုင်း ဘွဲ့ သီချင်းလေးပါ…။
Band ကလည်း ပလေးဘွိုင်း…၊ အဆိုတော်ကလည်း ပလေးဘွိုင်း…၊ ပရိသတ်ကလည်း ပလေးဘွိုင်းမှ ပလေးဘွိုင်း…။
ဟုတ်ပါတယ် ကျောင်းဒကာ…။
ပလေးဘွိုင်း ဆိုတာ မြန်မာပြည်ထဲမှာတော့ အထင်ကရ တီးဝိုင်းတစ်ဝိုင်း ဖြစ်ခဲ့ဘူးတာပါ…။
အဆိုတော် ဖြစ်တဲ့ သန်းနိုင်တောင် ပလေးဘွိုင်းသန်းနိုင် ဖြစ်ခဲ့တဲ့ အထိပါ…။
အခု အေသင်ချိုဆွေ လက်ရဲဇက်ရဲ လုပ်ချလိုက်တာက ပလေးဘွိုင်း…တဲ့…။
သူမရဲ့ တတိယမြောက်စီးရီး အမည် ခင်ဗျ…။
ကိုသန်းနိုင် သီချင်းတွေလည်း ဟုတ်ပုံမရပါဘူး…။
ဘာတတ်နိုင်မှာလဲဗျာ…။ ပလေးဘွိုင်းဆိုတာက ဘယ်သူယူသုံးသုံး ရနေတဲ့ စကားလုံးကြီးကိုး နော…။
အဲ…ဒါပေမယ့်…။
အေသင်ချိုဆွေလေးကတော့ ပလေးဘွိုင်းမဂ္ဂဇင်းကို သတိရစေတဲ့ ကာဗာဒီဇိုင်းမျိုးဖန်တီးထားတာခင်ဗျ…။
မာရီလင်မွန်ရိုး စတိုင်မျိုးနဲ့…။
ဆေးပြင်းလိပ် ခဲနေတဲ့ အေသင်ချိုဆွေ ပုံ နဲ့…။
ဆေးဆိုးထားတဲ့ နှုတ်ခမ်းတွေကြားက ဆေးပြင်းလိပ် အငွေ့တွေကိုတောင် မှုတ်ထုတ်နေလိုက်သေး…။
ပုံအောက်ဘက်ကို ဆက်ဆင်းကြည့်လိုက်ရင်…ဒန်…တန့်…တန်…။
ဘလက်ကြီးတို့က ဗိုင်းကောင်းကျောက်ဖိ နေခဲ့ရတာဆိုတော့
အဲဒီ အကွဲကြောင်းပေါ်နေတဲ့ ရင်ဘတ်တွေကို သိတ်မကြည့်ရဲဘူးခင်ဗျ…။
ကိုယ်ဟာကိုယ်ကြည့်ကြတော့…။
ဇွန်သဉ္ဇာတို့ ဇာဇာထက်တို့ိုလို ဆက်စီအရမ်းဖြစ်ချင်သူတွေအနေနဲ့ အေသင်ချိုဆွေလေးဆီကနေ
ဆက်စီဘာသာရပ်ကို သင်ယူဖို့ အကြံပေးချင်ပါတယ်ဗျာ…။
ဆက်စီဖြစ်ဖို့ အလုံးလိုက်ချွတ်ပြပြီး ကော့ကော်ကန်ကားတွေ လုပ်ပြနေစရာမလိုပါဘူး ကွယ်တို့…။
စွဲဆောင်မှု ရှိပြီး အရမ်းလန်းတဲ့ စီးရီးကာဗာပါဗ…။
ဒီကောင်မလေး အရမ်းကြမ်းတာပဲ ဆိုတဲ့ Feedback ကိုလိုချင်လို့ အေသင် ဒီလိုပုံမျိုး လုပ်ခဲ့တာ ပါတဲ့…။
ဟေးဟေး…ဦးဘလက်ကြီးတို့ကတော့ ကြမ်းလေ ကြိုက်လေပေါ့သမီးလေးရယ်…။
ကဲ…လိုရင်းကတော့ အေသင်ချိုဆွေရဲ့ တတိယမြောက် တစ်ကိုယ်တော်စီးရီး ထွက်တော့မယ်ဗျာ…။
ပထမ စီးရီး နာမည်က ပေါက်တဲ့အိုး…။
ဒုတိယ စီးရီးနာမည်က အနီးဆုံးလူ နမ်းမှာလား…။
အခု တတိယမြောက် စီးရီးနာမည်က ပလေးဘွိုင်း…။
စီးရီးကာဗာမှာတော့ အေသင်လေးက ပလေးဘွိုင်းမဂ္ဂဇင်းကို သတိရစေတဲ့ အပြင်အဆင်တွေနဲ့ အမှတ်ပြည့်…။
ဟုတ်တယ်…ဘလက်ကြီးက အမှတ်ပြည့်ပေးခဲတယ်…။
အေသင်ချိုဆွေလေးရဲ့ ပလေးဘွိုင်းစီးရီး ကာဗာကိုတော့ တစ်မှတ်မှလျှော့ကြည့်လို့မရတာနဲ့ ရက်ရက်ရောရောပေးလိုက်ပါတယ်
အမှတ်ပြည့်…။
ဟေးဟေး သီချင်းတွေက ရော စီးရီးကာဗာလို အမှတ်ပြည့် ရမရ ခင်ဗျားတို့ကိုယ်တိုင်နားထောင်ပြီး ဆုံးဖြတ်ကြပေတော့ဗျာ…။
25 comments
မင်း ခန့် ကျော်
June 20, 2014 at 10:26 am
အားပေးရမှာပေါ့ဗျာ။ ပုံကတော့ မန့်နေတုံးမပေါ်သေးလို့
မမြင်ရသေးဘူး။
ဒီမှာ တင်းဒယ် တင်းဒယ် ဒင်းတယ် အဲ့ အဲ့ တင်းတယ်
ဟိ အဲ့ ဟေ့ “!
ဇီဇီ
June 20, 2014 at 10:36 am
ဟမ်မလေးးးးတော့။

အေသင် တို့ လုပ်ချက်ကတော့ သများ တို့ လို ပစ္စည်းမဲ့ လူတန်းစားတွေ အားငယ်စရာ။
ဒီအသက်နဲ့ ဒီလောက်ကြီးးးးး
ဟွာလေ။ အသံကောင်းတာ ကြီးတာပြောတာပါ။
သများက အသံမကောင်းဘူးးး ခိခိ။ :mrgreenn:
ပလေးဘွိုင် ကြီးကို သိပ်ချစ်ခဲ့တာ။
ကိုသန်းနိုင်ကြီးကို ပြောတာပါ။
:s:
ခုလည်း သများ ဒက် က ပလေးဘွိုင်ပဲ။
ကသန်းနိုင်နဲ့ တူတယ်လို့ ပြောတာ။
အဟီးဟီးးးး၊
:s:
Nyo Win
June 20, 2014 at 11:15 am
ပထမ စီးရီး နာမည်က ပေါက်တဲ့အိုး…။
ဒုတိယ စီးရီးနာမည်က အနီးဆုံးလူ နမ်းမှာလား…။
အခု တတိယမြောက် စီးရီးနာမည်က ပလေးဘွိုင်း…။
စတ္တုတ္ထမြောက် စီးရီးနာမည်က ?????????…။ အဲ..နာမည်ကထားတော့…
စတိုင် ကရော…..မိုင်လေဆိုင်းရပ်စ် လိုများလာလေမလား…..
အတွေးနဲ ့တင်ရင်ခုန်လိုက်တာကျောင်းတကာရေ………… 😛
alinsett (gazette)
June 20, 2014 at 11:17 am
ကျနော်လည်း သိပ်မကြည့်ရဲတာ သေချာလားရဲ့လားဆိုတာ သိချင်လို့
သေချာကြည့်လိုက်ပါတယ်
အဟိ
သေချာကြည့်တော့မှ
ကျနော်လည်း သိပ်မကြည့်ရဲဘူးဗျ
အေသင်ကိုတော့ အသံရော ရုပ်ရည်ရော
ဘာဆိုဘာမှ ခံစားလို့မရ
:kwi:
Crystalline
June 20, 2014 at 11:34 am
အခုက ငယ်ဂုဏ်နဲ့မို့လို့ ပလေးဘွိုင်းမယ်စတိုင်ဖမ်းလို့ရတာ… အပြင်မှာတွေ့တာတော့ ခပ်ပြည့်ပြည့်… အဆီတွေစုပ်ထုတ်တယ်ဆိုလား.. သူ့အမေပုံဖြစ်လာဖို့ ၁ဝနှစ်တောင် မစောင့်ရလောက်ဘူး..
Wow
June 20, 2014 at 1:02 pm
ဟုတ်တယ်… ဝတာတော့ အတော်ဝတယ် ဒါတောင် ခုတစ်လော အသည်းအသန်ချထားတာ
အဆီတုံးလေးကို ရင်ခုန်ဂျပေါ့ကွီ
black chaw
June 20, 2014 at 1:26 pm
@ မင်းခန့်ကျော် ;

ဒါတောင် ပုံ မမြင်ရသေးဘူးနော်…။
ပုံမြင်ရင် ဒီထက် တင်းမယ်…ဟေးဟေး…။
@ ဇီဇီ ;

အေသင့် အသက် က သိတ်မကြီးလှသေးပါဘူးဇီဇီ ရယ်…။
ကျွန်တော်ကလည်း သန်းနိုင် ပရိသတ်မို့ နှမြောထှာပါ…။
@ Nyo Win ;

အရမ်းကြီးရင်ခုန်မနေနဲ့ဦး ကျောင်းဒကာကြီးရေ…။
နောက်စီးရီးဆို သူမ လင်ရနေလောက်ပြီဗျ…။
@ Alinsett ;

်အသံရော ရုပ်ရော ခံစားလို့မရတာ ညီလေးက အသက်ကြီးသွားလို့နေမှာပါ…။
@ Crystalline ;

ဦးဘလက်တို့ကလည်း တွေ့တုန်း ဖမ်းပြစ်မှားကြတာပါပဲ…။
အေးဆေး…အေးဆေး…။
@ Wow ;

ဝတော့…ဖက်ထားလို့ရတာပေါ့ ဝေါင်းရယ်…။
ဦးဘလက်ကတော့လေ အဆီတုုံးလေးပဲ … ရင်…ခုန်…ဦးမှာ…။
ဇီဇီ
June 20, 2014 at 1:32 pm
အေးးးလေ
သူ က အသက်ငယ်သလောက် ကြီးးးတယ်လို့ ပြောတာ။
အသံ အသံ
😀
black chaw
June 20, 2014 at 1:53 pm
@ ဇီဇီ ;
အင်း…ဦးဘလက်ကတော့ အနေတော်ပဲလို့ ထင်တယ်…။
အသံကိုပြောတာနော်…။
😀
kyeemite
June 20, 2014 at 2:42 pm
အို..ငါဘာတွေဖတ်နေမိပါလိမ့် 😀
(CD to မမ)
black chaw
June 20, 2014 at 2:46 pm
@ kyeemite ;

ကိုမိုက်အသက်ကြီးသွားပြီ…။
ဝန်ခံလိုက်စမ်းဘာ…။
Paing Lay
June 20, 2014 at 2:46 pm
အနော်တို့ကဒေါ့ ဦးဘိုဘိုဟန်ကြောတဲ့ ပြားချပ်ချပ်ယေးဒေပဲ ချိတ်ဝင်ချားရယ်
အေသင်ကတော့ နောင်တော် Crystalline ပြောသလို နောက်10နှစ်တောင် စောင့်ရမယ်မထင်
😀
ဦးကြောင်ကြီး
June 22, 2014 at 12:54 pm
ပိုင်လေး နောင်တော် ခွပ်တယ်လှိုင်းနဲ့ အနော် ခြိမ်းပြီး အိမ်ကွင်း၊အဝေးကွင်း ကံချဉ်သယ်..
black chaw
June 20, 2014 at 2:50 pm
@ Paing Lay ;

အော်ကွယ်…တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူကြပါဘူး…။
ဦးဘလက်ကြီးကတော့ အေသင်ချိုဆွေ လို ဝဝကစ်ကစ်လေးတွေ ကြိုက်တာဗျ…။
ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။
kyeemite
June 20, 2014 at 3:09 pm
ရဲဘော်ဘလက်ပြောတဲ့ အောင်ရင်ငြိမ်း ဝတ္ထု စာအုပ်လေးနဲ့တွဲဖက်ဖြစ်တာပေါ့..ခိခိ 😀
black chaw
June 20, 2014 at 3:17 pm
@ kyeemite ;

အောင်ရင်ငြိမ်း ဝတ္တုကို အရမ်း စိတ်ဝင်စားနေကြပါလားကွယ်…။
အင်း…မနက်ဖြန်တော့ အမြည်းလေး ပေးမှ ပေးမှ…။
pooch
June 20, 2014 at 4:16 pm
အောင်ရင်ငြိမ်း ဝတ္ထုက ဘာလဲ???????? အူးလေးတို့ပဲ ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ 😛
Foreign Resident
June 20, 2014 at 4:28 pm
အောင်ရင်ငြိမ်း ဆိုတာ အခု ခေတ်စားနေတဲ့ ၊
၁၈ နှစ်အထက်မှ ဖတ်ရန် စာအုပ်ကို ရေးတဲ့ ၊
စာရေးဆရာ လား ။
black chaw
June 20, 2014 at 5:21 pm
@ pooch ;

အောင်ရင်ငြိမ်းဆိုတာ
နောက်ဆုံးပေါ်ဘက်ဆဲလား စာရေးဆြာပါ ဒေါ်ပုချ်ရေ…။
လိင်ကိစ္စတွေ၊ လူမှုရေးဖေါက်ပြန်မှုတွေ ကို ဖေါချင်းသောချင်း
ရေးလို့ နာမည် သိတ်သိတ် ကြီးနေတဲ့ ဆြာပေါ့။
အဆင်ပြေရင် ဆြာဖြိုးထိန်ရဲ့ သူ့စာအုပ်ကို ဝေဖန်ထားတာလေး
မနက်ဖြန်တင်ပေးမယ်ဗျာ။
အဲဒီအခါကျ ဦးဆောင်ဆွေးနွေးပေးပါဦးနော့်။
အေသင်ချိုဆွေလေး ရဲ့ စီးရီးကို ဝယ်နားထောင်ပေးလိုက်ဦးနော်…ဒေါ်ပုချ်။
အရီးခင်
June 22, 2014 at 3:24 pm
ကဘချော နောက်ကျသွားပြီ။
စာကြမ်းပိုး တို့ က ပိုပြီး မြန်နေပါပေါ့။
အာဟား။ ဆက် ကြည့်ရရင်တော့။
အဟမ်း အဟမ်း …..
ဒီ အရီး က တစ်ခါ တစ်ခါ ဇွတ်ကြီး တလွဲ ဘာသာပြန် ဆက်စပ် တတ်တယ်နော်။
:-))))))))))))))))))))))))
black chaw
June 22, 2014 at 3:30 pm
@ အရီးခင် ;
အစ်မတော် ပျောက်နေလို့ လှမ်းသတိရနေမိသေးတယ်ဗျ…။
အစ်မတော် ပျောက်သလို သူကြီးလည်း ထူးထူးဆန်းဆန်း ပျောက်နေပြန်ရော…။
ကျွန်တော်က ပို့စ်တင် ရင် အစ်မခင်လတ် ကွန်းမန့်လေးများ
တက်လာမလားဆိုပြီး မျှော်နေတတ်တာခင်ဗျ…။
ရွာကို ပြစ်မထားပါနဲ့ဦး အစ်မရေ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
black chaw
June 20, 2014 at 5:23 pm
@ Foreign Resident ;

ဟုတ်…။
ဘလက်ချောကြီးကတော့ ၁၈ နှစ်ကျော်ပြီးသွားပြီဆိုတော့
ဖတ်လို့ရတယ်ပေါ့…နော့်…။
သီဟသူရ ညောင်ရမ်းဂျီးထူ
June 21, 2014 at 11:29 am
စီးရီးခေါင်းစဉ်လေးပြောင်းပေးချင်တယ်ဗျာ
စီလီကွန်တောင်ကြားမှာ မိုးတွေရွာပြီ မောင် လို့ပါ
black chaw
June 22, 2014 at 2:31 pm
@ သီဟသူရ ညောင်ရမ်းဂျီးထူ ;

နာမည်ပေးသိတ်ကောင်းတဲ့ ကိုကို…။
အရီးခင်
June 22, 2014 at 3:22 pm
ပြောရင်လဲ “ကွန်ဆာဗေးတစ်” များ မကြည့်ရ ဆို ကြဦးတော့မယ်။ :-)))