သတ်ချင်တယ်
လာပြန်ပါသည် ။ ယခင်နှစ်များကဲ့သို့ မိုးလေမလုံသော ကျောင်းဆောင်လေးလည်း စာအံသံတို့ဖြင့်ပြန်လည်အသက်ဝင်လာသည် ။
ကျောင်းဖွင့်စရက်များတွင် ရှုပ်ထွေးလှသော ရုံးလုပ်ငန်းကြောင့် တပည့်များကို ပြီးပြည့်စုံစွာဂရုမစိုက်နိုင်ခဲ့ပါ ။
တစ်ပတ်ကျော်မှ နာမည်နှင့်တွဲ၍မှတ်မိခဲ့ပါသည် ။
ကျွန်မ သတိထားမိသောကလေးတစ်ယောက်ရှိသည် ။
နောက်ဆုံးခုံတန်းတွင်ထိုင်၍ ငေးငိုင်နေတတ်သူဖြစ်သည် ။
မုန့်စားဆင်းချိန်တွင် တခြားကလေးများနှင့် ရောနှောဆော့ကစားလေ့မရှိသည်ကိုလည်း တွေ့ရသည် ။
ရယ်ခြင်းပြုံးခြင်း မတွေ့ရသော ထိုကလေးကို ကျွန်မစာမေးဖူးပါသည် ။စာမရ သည်သာမက ကောင်းမွန်စွာ ပြန်လည်မဖြေကြားပါ။
မည်သည့်အဖြေမျှ ပြန်မပြောသော ကလေးကို ကျွန်မစိတ်ဆိုးခဲ့ဖူးသည် ။
ကျွန်မအား စူးရဲစွာပြန်ကြည့်သော ထိုကလေး၏ မျက်လုံးထဲတွင် နာကြည်းသော မကျေနပ်သော အဓိပ္ပါယ်တို့ မြင်ခဲ့ရပါသည် ။
စာသင်ချိန်များတွင် ကျွန်မ သတိထားကြည့်မိပါသည် ။ ထိုကလေးသည် ငေးငိုင်၍ ဝမ်းနည်းနေသော အသွင်ကို မြင်ခဲ့ရသည် ။
ကျွန်မ စိတ်ဝင်စားမိသည် ။ ထို့ကြောင့် သူ၏မိသားစုအခြေအနေကို စုံစမ်းပါတော့သည် ။
ထိုအခါမှ ထိုကလေး၏ခံစားမှုများကိုနားလည်လာရပါတော့သည် ။ ကျွန်မကို ပြန်မဖြေခဲ့သောကလေးကို ဆူငေါက်ခဲ့ရခြင်းအတွက်လည်း ကျွန်မ စိတ်မကောင်းဖြစ်မိသည် ။ နောင်တနှင့်အတူ သင်္ခန်းစာကောင်းများရရှိခဲ့ပါသည် ။
ကျွန်မ သည်အမြဲတစေ အလွဲအချော်များဖြစ်တတ်ပါသည် ။
ယခုလည်း သနားစဖွယ်ကလေးငယ်ကို လွဲမှားစွာ မာန် မာနတွေပြိုင်ခဲ့သည် ။
သူ့မိဘများမှာ သူ့ကို စွန်ပစ်ခဲ့ကြသည် ။ အဖေလုပ်သူက နောက်မိန်းမယူပြီး သူတို့သားအမိကို ထားခဲ့သည် ။
အမေလုပ်သူကလည်း ကောင်းမွန်စွာ ရှာဖွေစားသောက်ခြင်းမပြုပါ။ ပထမတော့ ဈေးရောင်းပါသည် ။ ဈေးရောင်းရင်းဖြင့် ငွေကြေးအဆင်မပြေမှုကို အလွယ်နည်းနှင့်ဖြေရှင်းပါသည် ။
နောက်ဆုံးတွင် အိမ်မှထွက်သွားပြီး မည်သည့်အရပ်သို့ရောက်ရှိနေသည်မသိရပါ ။
ထိုကလေးငယ်ကို အိမ်နီးခြင်းတစ်ဦးမှ ကျွေးထားခြင်းဖြစ်သည် ။ ကျောင်းထားပေးသည်မှာလည်း အရပ်ထဲမှ ပြောလွန်း၍ဖြစ်သည် ။
ဒီနှစ်နောက်ဆုံးထားပေးခြင်းလည်းဖြစ်သည် ။
ဒုတိယတန်း ကျောင်းသားတစ်ယောက်၏ စာအုပ်နောက်ကျောတွင် ရင်ဖွင့်သံကို ကျွန်မ ဖတ်ခဲ့ရပါသည် ။
သတ်ချင်တယ် သတ်ချင်တယ် ဟူ၍ဖြစ်လေသည် ။
မည်သူ့ကို သတ်ချင်နေသည်မသိပါ ။ နုနယ်သော နှလုံးသားတွင် ဒဏ်ရာရခဲ့သည်က သေခြာနေပါသည် ။ ထို ကလေးမျိုးတွေ ဘယ်လောက်များနေပြီ ဟူ၍ စဉ်းစားမိတိုင်း ကျွန်မ စိတ်မကောင်းဖြစ်ရပါသည် ။ ကလေးငယ်တိုင်းကို ပျော်စေချင်ပါသည် ။မိဘတိုင်းကိုလည်း မိဘပီသစေချင်ပါသည် ။ဆရာတိုင်းလည်း ဆရာပီသရန် လိုအပ်လှပါသည်။ ရှင်တို့ရော မည်သို့ ထင်မြင်ကြသည်ကို သိလိုလှပါတော့သည်
22 comments
Wow
June 20, 2014 at 3:01 pm
မီမီရယ်.. ပထမဆုံး ပြန်လာတာ ဝမ်းသာပါတယ်..
မိဘ အဆင်မပြေတဲ့ခလေးတွေဟာ စိတ်ဓာတ် အစွန်းရောက်တတ်ပါတယ်…
နားလည်ပြုပြင်ပေးမဲ့ ပတ်ဝန်းကျင်ကောင်းရဖို့ကတော့ သူတို့ ကုသိုလ်ပါပဲ
မင်း ခန့် ကျော်
June 20, 2014 at 3:06 pm
အစပိုင်းကိုဖတ်ကြည့်တော့
ကျတော့်လိုနောက်ဆုံးခုံထိုင်တဲ့ကျောင်းသားဆိုပြီး
အင်း ငါ့များစောင်းပြောလေသလား
ငါ့ဆရာမ များလားပေါ့လေ
ဆင်းဖတ်တော့မှ အလွန် ဝမ်းနည်းဖွယ်အဖြစ်ဆိုးနဲ့
နုနယ်တဲ့အသိစိတ်ကို ဒဏ်ရာအရွယ်နဲ့မမျှခံစားရသူတယောက်
ဆိုပြီး မြင်လိုက်ရတော့ ။
ကျတော့်အနေနဲ့ ဒီလိုကလေးမျိုးကို ကိုင်တွယ်ရာမှာ
အထူးသတိထားဖို့လိုမယ်ဆိုတာ ကလေးကို လမ်းမှန်ပေါ်
စေတနာနဲ့တင်ပေးမဲ့ ဆရာ/မ အားလုံး သိပြီးသားဖြစ်မှာပါ။
ကျတော်သာကိုင်တွယ်ခွင့်ရရင်-
၁။ ပညာရေးသည် ပထမဦးစားပေးမဟုတ်။
၂။ ကျတော့်ဆီမှာ သူတပ်မက်တဲ့အရာကိုသူလိုချင်လာ
အောင် စည်းရုံးမယ်။
၃။ ကိုယ်ချင်းစာစိတ်အပြည့်နဲ့ သည်းခံမယ်။နွေးထွေးမူ့ကိုပေး
မယ်။
၄။ သူရဲ့လွတ်မြောက်ရာလမ်းသည် ပညာသာလျှင်ဖြစ်တယ်ဆိုတာ
တဖြည်းဖြည်း နားဝင်လာအောင်လုပ်မယ်။
ဒါက ကျတော်မြင်သလောက်ကို ရသလောက် ကတိုက်ကရိုက်
ပြောတာဆိုတော့ လိုအပ်ချက်တွေရှိအုံးမှာပါ။
Ma Ma
June 20, 2014 at 3:24 pm
ဒီလိုကလေးတစ်ယောက်အနေနဲ့ ဒီလိုအခြေအနေဲ့ ကြီးပျင်းလာရင် လောကကိုအလှဆင်နိုင်သူ ဖြစ်မလာနိုင်ဘူး။
စိတ်ထဲရှိတဲ့အတိုင်းပြောရရင် အနီးဆုံးမှာ ရှိနေတဲ့ ဆရာမမီမီကတော့ သူ့ဘဝလမ်းကြောင်းဖြောင့်ဖြူ းအောင် ကယ်တင်ဖို့ ကြိုးစားပေးစေချင်မိတာပဲ။
alinsett (gazette)
June 20, 2014 at 3:30 pm
သေချာတာတော့ . . .
သူ သတ်ချင်ဖြတ်ချင်စိတ်ရှိနေတယ်
အဲဒါ မကောင်းဘူး။
အဲဒီကလေး ကြီးပြင်းလာတဲ့အခါ
စစ်အာဏာရှင်ကြီးများ ဖြစ်လာလေမလား
Nyo Win
June 20, 2014 at 3:37 pm
ဒီလိုအဖြစ်မျိုး..ဒီလိုခလေးမျိုးတွေ ခုပတ်ဝန်းကျင်မှာတော်တော်ပေါလာတယ်ဗျ…
မပြည့်စုံတဲ့ဝမ်းရေး…နေရေး..အသိဉာဏ်ပညာမပြည့်ဝတဲ့ ပတ်ဝန်းကျင်..အစစ ကြားထဲမှာ….
နောက်ဆုံးဓားစာခံက ခလေးဖြစ်သွားရော………စိတ်ကူးယဉ်မဆန်ပဲလက်တွေ ့ကျကျပြောရရင်..
ကိုယ့်အရိပ်မှာ..သူရှိနေသရွေ ့အချိန်ထိ..ဒီခလေးရဲ့ရင်ထဲကသောက..နာကြည်းချက်တွေကို..
အနာရွတ်မထင်အောင်..မေတ္တာငွေ ့နဲ ့တဖြည်းဖြည်းနှစ်သိမ့်ပေးရုံကအပြင်..ကျန်တာကတော့
သူ ့ရဲ ့ခံယူမှုအပေါ်မှာပဲမူတည်ပါလိမ့်မယ်……ဒါတောင် ခလေးရဲ့အသက်အရွယ်နဲ ့ရင်ထဲကဒဏ်ရာအရတော့….
ဆေးမြီးတိုပဲဖြစ်လိမ့်မယ်………
kyeemite
June 20, 2014 at 4:13 pm
ဖတ်ရတာ စိတ်မကောင်ဖြစ်မိပါတယ်…ဒီလိုကလေးတွေတိုင်းပြည်မှာများလာတာ
မကောင်းပါဘူး…အပေါ်မှာ မမ ပြောသလို လတ်တလောအနီးဆုံးဖြစ်တဲ့ ဆရာမသာ
မေတ္တာနဲ့ရသလောက်ကုစားနိုင်ပါလိမ့်မယ်…ဒီစာစုလေးကို အခြားသော ကျောင်းဆရာမတွေလည်းဖတ်စေချင်မိတယ်….
တကယ်တော့ ကိုယ့်အတန်းက ကျောင်းသားတစ်ဦး အနေအထိုင် အပြုအမူ ထူးခြားနေပြီဆို
အခုဆရာမ မီမီလုပ်သလိုပဲ သူတို့နောက်ကျောင်းကို သိအောင်လုပ်ပြီးတတ်နိုင်သလောက်ဖေးမသင့်ပါဂျောင်းးးး
Paing Lay
June 20, 2014 at 4:29 pm
ဟုတ်တယ်ဗျ။ လက်စားချေလိုစိတ်က တစ်စနဲ့ တစ်စ ကြီးထွားလာရင် အာဏာရှင်တစ်ယောက်ဖြစ်လာဖို့တော့ မြေကြီးလက်ခတ်မလွဲပဲဗျို့။ အဆင်မပြေမှုတိုင်းကို ရန်ုငြိုးဖွဲ့နေသရွှေ့ပေါ့။
ဇီဇီ
June 20, 2014 at 4:49 pm
ဘုရားးး
ဘုရားးး
အဲ ကလေးမျိုးလေးကို ပြုပြင်နိုင်တဲ့သူနဲ့ အမြန်ဆုံးတွေ့ပါစေ။
မဟုတ်ရင်လည်း ကလေး စစ်သား စုဆောင်းရေးနဲ့ မတွေ့သွားပါစေနဲ့ စုတောင်းရမှာပဲ၊
:hint:
ဝင့်ပြုံးမြင့်
June 20, 2014 at 5:27 pm
လူတွေက ပြောလိုက်ရင် မိဘကျေးဇူး မြင့်မိုတောင်ဦး ဘာညာပေါ့။ ကိုယ်ဝန်ဖျက်ချတာကိုလည်း ဘာသာရေးသမားတွေက အပြစ်ရှိတယ်လို့ယူဆကြတယ်။ ကိုယ့်ပယောဂနဲ့ ရလာတဲ့ကိုယ်ဝန်ကို ကိုယ့်ဖာသာကိုယ် ငရဲယူပြီး ဖျက်မချဘဲ လူသားတစ်ယောက်ကို လောကကြီးထဲခေါ်ပြီး ဒုက္ခပေးတာ ကောင်းသလား။ ကိုယ်တာဝန်မယူနိုင်ရင် ကိုယ့်ဖာသာကိုယ် ငရဲယူကြပေါ့။ အခုတော့ ကလေးကိုခေါ်ပြီး ဒုက္ခပေး၊ ပြီးတော့မှ မိဘကျေးဇူး တွေ ဘာတွေဖြစ်ကုန်ရော။ မြန်မာပြည်မှာ ကလေးဆိုတာ ဘာတန်ဖိုးမှကို မရှိတော့တာ။ ဒါကြောင့် မိဘမဲ့ကလေးတွေ တောင်လိုပုံ၊ မွေးစားချင်တဲ့လူကလည်း မရှိ။ ဘယ်ရှိမလဲ၊ တန်ဖိုးထားစရာအနေအထားမှ မဟုတ်တော့တာ။ မိန်းမကိုလည်း ကြိုက်သလောက်ယူ၊ ကလေးကိုလည်း ကြိုက်သလောက်ယူ၊ အားကြီးသဘောကောင်းတဲ့ တိုင်းပြည်။
padonmar
June 20, 2014 at 8:21 pm
ဆရာမ မီမီ့ဆီက မေတ္တာကို ရရင် သူကလေး ပြောင်းလဲလာမယ်လို့ မျှော်လင့်ပါတယ်။
သူကလေးက မေတ္တာငတ်နေပုံ ရပါတယ်။
ကလေးအတွက် မုန့်၊စာရေးကိရိယာ၊ကစားစရာ စတာတွေ ပေးပြီး သူ့နှလုံးသားလေး နူးညံ့အောင် လုပ်ပေးချင်ပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် အဲဒီကလေးကို ရွာရဲ့ တွေ့ဆုံပွဲကို ခေါ်လာပေးစေလိုပါတယ်။
ရုပ်ဝတ္ထုတွေကို တဆင့်ပေးလို့ ရပေမယ့် မေတ္တာပြပေးဖို့ လူကိုယ်တိုင်တွေ့ချင်ပါတယ်။
Problem child လေးတွေဟာ သူတို့ရဲ့ တွေးခေါ်ပုံက သာမာန်လူတွေနဲ့ မတူတာကြောင့် သူတို့နဲ့ ဆက်ဆံရာမှာ တော်တော်သတိထားဖို့ လိုပါတယ်။
သီဟသူရ ညောင်ရမ်းဂျီးထူ
June 21, 2014 at 12:16 pm
မနေ့ညကတွေ့ပါတယ်
ခေါင်းစဉ်ကြည့်ပြီး လန့်နေတာဗျ
ဆြာမ ကကြမ်းတယ်လေ ဟီးဟီး
ဖတ်မိတော့လည်းစိတ်မကောင်းဘူးဗျာ
snow smile
June 21, 2014 at 2:21 pm
ဒီ ပို ့စ် လေး ဖတ် ပြီး စိတ် ထဲ တ ကယ် မ ကောင်း မိ ဘူး
စာ ရေး သူ ရဲ့ စိတ် ကူး လား
တကယ့် အ ဖြစ် မှန် လား
အ ဖြစ် မှန် ဆို ရင် ရော
ငါ ဘာ လုပ် ပေး နိုင် မ လဲ
စဉ်း စား မိ ပါ တယ်
ရ နှစ် အ ရွယ် က လေး တစ် ယောက်
မိဘ မဲ့ ခ လေး တစ် ယောက်
နယ် ဘက် မှာ ရှိ တဲ့ ခ လေး တစ် ယောက် က
”သတ် ချင် တယ် ” ဆို တဲ့ စာ ကို
ရေး တယ် ဆို တဲ့ ခ လေး တစ် ယောက် ဟာ
တော် ရုံ က လေး တစ် ယောက် တော့ မ ဖြစ် နိုင် ပါ ဘူး
နယ် ဘက် က လေး တွေ ရ နှစ် ခ လေး တစ် ယောက် ဟာ
သူ ့ စိတ် ခံ စား မှု ့ ကို စ ကား လုံး နဲ့ ပေါက် ကွဲ ပြ တယ် ဆို တာကြောင့်
အဲ့ ခ လေ ဟာ အ ရွယ် နဲ့ မ မျှ အောင်
ခံ စား နေ ရ သူ ဖြစ် နေ ပါ လိမ် ့ မယ်
snow smile
June 21, 2014 at 2:35 pm
အဲ့ လို ခ လေး မျိုး ကို ကျွန် မ ဘာ လုပ် ပေး နိုင် မ လည်း
ဘာ လုပ် ပေး ရင် ကောင်း မ လည်း စဉ်း စား ကြည့် တော့
သူ ့ အ တွက် နွေး ထွေ တဲ့ ဘ ဝ သစ် တ ခု ဖန် တီး ပေး နိုင် ရင်
ကောင်း မှာ ဘဲ ဆို တာ တွေ့ ပါ တယ်
ကျွန် မ ကိုယ် တိုင် က လည်း နေ ရာ အ တည် တ ကျ မ ရှိ တဲ့ အ ခါ
နေ ရာ အ တည် တ ကျ ရှိ တဲ့
သား သ မီး မ ရှိ သေး တဲ့ ရွာ သား တွေ ထဲ က
ဘယ် သူ ့ ကို အ ကူ အ ညီ တောင်း ရ မ လည်း ကြည့် တဲ့ အ ခါ
ကို ပေါက် ကို သွား တွေ့ ပါ တယ်
( ကျန် သူ တွေ လည်း ဘယ် သူ က က လေး ရှိ မ ရှိ မ သိ လို ့ ပါ )
ကို ပေါက် ရေ အဲ့ က လေး လေး ကို စောင့် ရှောက် ပေး ပါ လား
စိတ် မ ဆိုး ဘူး ဆို ရင် ထပ် ပြော ချင် တာ က
အဲ့ ခ လေး အ တွက် ကုန် ကျ စ ရိတ် အား လုံး
သူ အ ရွယ် ရောက် သူ ့ ခြေ ထောက် ပေါ ် သူ ရပ် နိုင် တဲ့ အ ထိ
ကျွန် မ တာ ဝန် ယူ ပါ ရ စေ
( ရွာ သူ ရွာ သား တွေ လည်း ဝိုင်း အ ကြံ ပေး ကြ ပါ အုန်း ရှင် )
ကူမားရ်
June 21, 2014 at 11:18 pm
မွမွ…ဗေတားကို ရော..ကျောင်းထားမပေးချင်ဘူးလားဟင်….
ကိုပေါက်က..ထိန်း..မွပြုံးက ပိုက်ပိုက်ပို့….ရှယ်ပဲ..
(ကို ပေါက် ရေ အဲ့ က လေး လေး ကို စောင့် ရှောက် ပေး ပါ လား
စိတ် မ ဆိုး ဘူး ဆို ရင် ထပ် ပြော ချင် တာ က
အဲ့ ခ လေး အ တွက် ကုန် ကျ စ ရိတ် အား လုံး
သူ အ ရွယ် ရောက် သူ ့ ခြေ ထောက် ပေါ ် သူ ရပ် နိုင် တဲ့ အ ထိ
ကျွန် မ တာ ဝန် ယူ ပါ ရ စေ)
ဆိူတော့..ဗေတားစိတ်ဈင်စားလို့ပါ…ခိခိ
ဇီဇီ
June 21, 2014 at 2:44 pm
@ Sis Snow Smile
I will help you for this also.
myatpone nya
June 21, 2014 at 10:59 pm
Ygnnews.com က ရှယ်ထားတာပါ တိုက်ဆိုင်မှုများ ရှိမလားလို့ပါ…………:)
ဆရာမနာမည်က ‘ ဒေါ်သီတာဆွေ ‘။ တပည့်လေးနာမည်က ‘တက်တူ ‘။ ကျောင်းစဖွင့်ဖွင့်ချင်း နေ့မှာတော့ ငါးတန်းရဲ့ အတန်းရှေ့မှာ ရပ်ရင်း အတန်းပိုင်ဆရာမလေး ဒေါ်သီတာဆွေဟာ သူ့အတန်းကို မုသားတစ်ခွန်းနဲ့ အစချီလိုက်ပါတယ်။
တခြားဆရာမတွေလိုပါပဲ။ဒေါ်သီတာဆွေဟာလည်း သူ့တပည့်လေးတွေကို စေ့စေ့ကြည့်ရင်း သူဟာ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ပါတယ်လို့ ပြောလိုက်တာပါပဲ။ ဒါပေမယ့် ဒေါ်သီတာဆွေအနေနဲ့ တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ဖို့ဆိုတာမလွယ်လှပါဘူး။
အကြောင်းကတော့ ရှေ့ဆုံးတန်းက ထိုင်ခုံမှာ လျော့တိလျော့ရဲနဲ့ ပုံ့ပုံ့လေးထိုင်နေတဲ့ ‘တက်တူ ‘
ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ကြောင့်ပါ။
ဒေါ်သီတာဆွေဟာ အရင်နှစ်ကတည်းက တက်တူကို သတိထားမိခဲ့တယ်။သည်ကလေးကအခြား ကလေးတွေနဲ့ ရင်းရင်းနှီးနှီး ဆော့ကစားလေ့မရှိဘူး။ အဝတ်အစားတွေကလည်း ဖိုသီဖတ်သီ။
ရေလည်းချိုးမှ ချိုးရဲ့လားမသိ။ တက်တူကိုကြည့်ရတာ တော်တော့်ကို ကစုတ်ကတ်နဲ့။
ဒီနှစ် သူ့အခန်းထဲကို တက်တူရောက်လာတဲ့အခါမှာတော့ ဒေါ်သီတာဆွေ အတော်စိတ်ပျက်
နေတယ်။ အဆင်ပြေချင်တော့ တက်တူရဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို စစ်ရတဲ့အခါမှာ ဒေါ်သီတာဆွေဟာ သူ့ရင်ထဲက အစိုင်အခဲကို ချေဖျက်ခွင့်ရသွားတယ်။ မင်နီထူထူကြီးနဲ့ ကြက်ခြေခတ်အကြီးကြီးတွေကို ထင်းထင်းကြီး ခြစ်လို့ရသွားတယ်လေ။ တက်တူရဲ့လပတ်စာမေးပွဲ အဖြေလွှာမှာ ‘ ရှုံး ‘ ဆိုတဲ့စာလုံးကြီးကို ရေးချလိုက်တာများ အင်မတန်အားရကျေနပ်တဲ့အမူ
အရာနဲ့။
ဒေါ်သီတာဆွေ အလုပ်ဝင်နေတဲ့ကျောင်းမှာက ကလေးတွေရဲ့ နောက်ကြောင်းမှတ်တမ်းတွေကို ဆရာ
တွေက မဖြစ်မနေသုံးသပ်ကြရတယ်။ အခုနှစ် ကလေးတွေရဲ့ နောက်ကြောင်းကို ပြန်စစ်တဲ့အခါ ဒေါ်သီတာဆွေဟာ တက်တူရဲ့နောက်ကြောင်းကို နောက်ဆုံးမှစစ်တယ်။ ဒါပေမယ့် နောက်ဆုံးမှ စစ်တဲ့တက်တူရဲ့နောက်ကြောင်းကို လှန်လိုက်တာနဲ့ တပြိုင်နက် ဒေါ်သီတာဆွေ ပါးစပ် အဟောင်းသား ဖြစ်သွားပါတော့တယ်။
တက်တူရဲ့ ပထမတန်းဆရာမက ဒီလိုရေးထားတယ်။
” မောင်တက်တူသည် ဉာဏ်ထက်မြတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူဖြစ်သည်။ကျောင်းစာများ
ကို သန့်ရှင်းသပ်ရပ်စွာ ရေးမှတ်ဖြေဆိုတတ်ပြီးယဉ်ကျေးတဲ့သူလည်းဖြစ်သည်။ သူကား တစ်တန်းလုံး
နှင့်လည်း သင့်မြတ်သူ ဖြစ်သည် ”
ဒုတိယတန်းဆရာမကျပြန်တော့
” တက်တူသည် အလွန်ထူးချွန်သော ကျောင်းသားတစ်ယောက်ဖြစ်သည်။ သူ့အတန်းဖော်များက လည်း သူ့ကို အလွန်ချစ်ခင်ကြသည်။ သို့ရာတွင် သူ့မိခင်မှာနာတာရှည် ရောဂါကို သေလုမျောပါး ခံစားနေရသည်ဖြစ်ရာ တက်တူမှာ စိတ်ထိခိုက်နေပုံရသည်။ တက်တူအဖို့ အိမ်တွင် နေရသော ဘဝသည် ပင်ပန်းဆင်းရဲခြင်း ကြီးနေလောက်ပေသည် ”
တတိယတန်း ဆရာမကလည်း
” မိခင်တိမ်းပါးသွားခြင်းက တတ်တူအတွက် ရွှေတောင်ကြီး ပြိုခြင်း ဖြစ်ပါလိမ့်မည်။ သူက အရွယ်နှင့်
မမျှအောင် သူ့စိတ်သူထိန်းကာ ကျောင်းစာမှာရော၊ ပတ်ဝန်းကျင်နှင့်ပါအဆင်ပြေအောင် အတက်နိုင်ဆုံး ကြိုးစားအားထုတ်ရှာသည်။ သူ့ဖခင်ကမူ သူ့အပေါ်အလေးထားပုံ မရလှချေ။ သူ့အတွက် ကျောင်းကတစ်ခုခု ပံ့ပိုးမပေးနိုင်လျှင် တက်တူ၏အနာဂတ် ထိခိုက်လာမည့် အလားအလာများ ရှိပေသည် ”
စတုတ္ထတန်းဆရာမ ကျပြန်တော့လည်း
” တက်တူကား တစ်ယောက်တည်း ငေးတိငေး ငိုင်သာ နေတတ်လေသည်။ကျောင်းစာကိုလည်း စိတ်
ဝင်စားပုံ မရပါ။ သူ့မှာ သူငယ်ချင်းလည်း များများစားစားမရှိပါ။ တစ်ခါတစ်လေ စာသင်ချိန်၌ပင် အတန်းထဲတွင် အိပ်ပျော်နေတတ်ပေသည် ”
ဒါတွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဒေါ်သီတာဆွေဟာ တက်တူရဲ့ပြသာနာတွေကို သဘောပေါက်သွား
သလို သူ့ကိုသူလည်း အတော်အရှက်ရသွားတယ်။ ပိုဆိုးသွားတာက သီတင်းကျွတ်ကာလမှာ သူ့
တပည့်တွေက လာကန်တော့ကြတဲ့ အချိန်မှာပါ။ တပည့်လေးတွေဟာ စက္ကူအရောင် လွင်လွင်လေးတွေ၊ ဖဲကြိုးရောင်လှလှလေးတွေ ထုပ်ပိုးချည်နှောင်ထားတဲ့ အထုပ်ကြီး အထုပ်ငယ် တွေနဲ့ သူ့ကို လာကန်တော့ကြတယ်။ တက်တူလေးရဲ့ အထုပ်ကျတော့ အဲဒီလိုမဟုတ်ဘူး။ ထုပ်ပိုး လာတာကိုက ဖရိုဖရဲနဲ့၊ ကုန်စုံဆိုင်မှာဆေးဝယ်ရင် ဆိုင်ကထုပ်ပေးတတ်မြဲ စက္ကူအညိုနဲ့ ထုပ်လာ
တာ။ အဟောင်းကို ပြန်သုံးထားတော့ စက္ကူကလည်းတွန့်လို့ ကျေလို့ရယ်။
ဒေါ်သီတာဆွေဟာ အခြားလက်ဆောင်လှလှလေးတွေကြားက တက်တူရဲ့ အထုပ်ကလေးကို ရင်နင့် နင့်နဲ့ ဆွဲယူလိုက်ပြီး ချက်ချင်းပဲ ဖွင့်ကြည့်လိုက်ပါတယ်။ ဖွင့်လိုက်တဲ့အခါ ဥဿဖရားလက်ကောက်
လေးတစ်ခုနဲ့ ရေမွှေးပုလင်းအဟောင်းလေးတစ်လုံး ထွက်လာတာမို့ ကျောင်းသားတစ်ချို့ ရယ်လိုက် ကြတယ်။ ရယ်ဆို ဥဿဖရားလက်ကောက်လေးမှာက ဥဿဖရားအပွင့်လေးတွေ စေ့စေ့ငှငှ မရှိ တော့ပဲ အချို့နေရာတွေမှာ ကွက်တိကွက်ကျား ဖြစ်နေသလို ရေမွှေးပုလင်းထဲမှာလည်း ရေမွှေးက ဖင်ကပ်သာသာ လေးပုံတစ်ပုံလောက်ပဲ ကျန်တော့တာကိုး။ ဒါပေမယ့် ဒေါ်သီတာဆွေက လက်ကောက် လေးကလှလိုက်တာလို့ အသံကျယ်ကျယ်ရေရွတ် လိုက်ပြီး လက်မှာချက်ချင်း ကောက်ဝတ်လိုက်တာမို့ ရယ်နေသူတွေလည်း အရှိန်သပ်သွားတယ်။ လက်ကောက်လေးကို ဝတ်ပြီးတာနဲ့ တက်တူပေးတဲ့ ရေမွှေးလေးကိုလည်း သူ့လက်ကောက်ဝတ်မှာ ဆွတ်လိုက်ပြန်ပါတယ်။
အဲဒီနေ့က ကျောင်းဆင်းတော့ တက်တူဟာ ခါတိုင်းလို အတန်းထဲက ချက်ချင်းမပြန်သေးဘဲ ခဏ
စောင့်နေတယ်။ လူရှင်းတော့ ဒေါ်သီတာဆွေ့အနားကို ရောက်လာပြီး ” ဆရာမရယ်…ဒီနေ့ ဆရာမဆီကရတဲ့ အနံ့က သားမေမေရဲ့ကိုယ်နံ့အတိုင်းပါပဲဗျာ “လို့ ပြောလေရဲ့။
မောင်တက်တူဟာ သည်စကားကိုပြောပြီးတဲ့နောက် ကျောင်းခန်းထဲကနေ ထွက်သွားပါတယ်။
ကျန်ရစ်သူ ဒေါ်သီတာဆွေမှာတော့ မျက်ရည်တွေတွေ ကျလာရတဲ့အပြင် တရှုံ့ရှုံ့တောင် ငိုမိတဲ့အထိ ပါပဲ။ အဲဒီနေ့ကစပြီး ဒေါ်သီတာဆွေဟာ အရေး၊ အဖတ်၊ အတွက်တွေ သင်ကြားပို့ချနေတာများကို
လုံးလုံးစွန့်လွှတ်လိုက်ပြီး ကလေးငယ်များကို သင်ကြားပို့ချပေးတဲ့အလုပ်ကို စလုပ်ပါတော့တယ်။
ထို့အပြင် မောင်တက်တူကိုလည်း သေသေချာချာ ဂရုတစိုက် သင်ကြားပေးပါတယ်။ သင်ရင်းနဲ့
မောင်တက်တူရဲ့ ဦးနှောက်ဟာလည်း သိသိသာသာ နိုးကြားလာတာကို ဒေါ်သီတာဆွေ တွေ့လာ ရတယ်။ ဆရာမက အားပေးလေ ၊ တက်တူရဲ့ ဦးနှောက်က သွက်လက်ထက်မြတ်လာလေပါပဲ။ စာသင်နှစ် ကုန်ဆုံးချိန်မှာတော့ တက်တူဟာ ဒေါ်သီတာဆွေအတန်းရဲ့ အတော်ဆုံးကလေးတွေထဲက တစ်ယောက်ဖြစ်လာပါတော့တယ်။
တပည့်တိုင်းကို အယုတ်အလတ်အမြတ်မရွေး ချစ်ခင်ပါတယ်ဆိုတဲ့ ဒေါ်သီတာဆွေ့ မုသားဟာ ယခုဆို မုသားမှန်း ပိုလို့တောင်သေချာလို့သွားပါတယ်။ သေချာဆို တက်တူလေးက ဒေါ်သီတာဆွေရဲ့
အချစ်ဆုံး တပည့်လေးတစ်ယောက် ဖြစ်လာခဲ့ပြီကိုး။
နောက်တစ်နှစ်အကြာမှာတော့ ဒေါ်သီတာဆွေ၏ အခန်းတံခါးအောက်ခြေမှာ တက်တူရဲ့ စာတိုလေး တစ်စောင် ရောက်နေတယ်။ စာတိုလေးထဲမှာတော့ ဆရာမဟာ သူ့ဘဝမှာကြုံခဲ့ဖူးသမျှ ဆရာ၊ ဆရာမတွေ အားလုံးအနက်မှာ အမြတ်ဆုံးဆရာပါပဲ လို့ရေးထားပါတယ်။ နောက်ထပ် ခြောက်နှစ်အကြာမှာလည်း ဒေါ်သီတာဆွေဟာ တက်တူဆီက စာလေးတစ်စောင် ရပြန်တယ်။ စာထဲမှာ သူဟာ အထက်တန်းကျောင်း ပြီးသွားပြီဖြစ်ကြောင်း၊ အတန်းထဲမှာ တတိယရခဲ့ ကြောင်းနဲ့ သူ့ဘဝမှာ ကြုံဖူးသမျှ ဆရာ၊ဆရာမများအားလုံးအနက်မှာ ဆရာမဒေါ်သီတာဆွေကသာ အမြတ်ဆုံးဆရာပါပဲ လို့ရေးထားပါတယ်။ နောက်ထပ်လေးနှစ်အကြာမှာ ဒေါ်သီတာဆွေ့ထံ တက်တူရဲ့စာ ရောက်လာပြန်တယ်။စာထဲမှာ ဘွဲ့ရတော့မယ့်အကြောင်းနဲ့ ဆရာ၊ ဆရာမတွေထဲမှာ
ဆရာမဒေါ်သီတာဆွေသာ အမြတ်ဆုံးလို့ ရေးထားပြန်တယ်။
အဲဒီနောက် နောက်ထပ်လေးနှစ်အကြာမှာ စာတစ်စောင် ထပ်ရောက်လာပြန်တယ်။ သည်တစ်
ကြိမ်မှာတော့ ပထမဘွဲ့ရရှိပြီးကြောင်းနဲ့ ဆက်ကြိုးစားဖို့အကြောင်း ရေးထားတယ်။ ဒါ့အပြင် ဆရာမဒေါ်သီတာဆွေဟာ သူ့ရဲ့ အမြတ်ဆုံးနဲ့ အချစ်ဆုံးဆရာ ဖြစ်ကြောင်း မဖြစ်မနေ ထည့်ရေးထား တယ်။ သည်တစ်ကြိမ်တော့ စာရဲ့အောက်ခြေမှာ ထိုးထားတဲ့ လက်မှတ်က နည်းနည်းရှည်တယ်။
” သက်ထွန်းဆက် ” MD တဲ့။ ( MD ဆိုတာဆရာဝန်ဘွဲ့ပါ) ဟုတ်ပါ့။ တက်တူဆိုတာ သူ့ငယ်နာ
မည်ပဲဟာ။ကျောင်းနာမည်က သက်ထွန်းဆက်ပဲ။ ဇာတ်လမ်းက မဆုံးသေးပါဘူး။
အဲဒီနှစ်နွေဦးမှာ ဒေါ်သီတာဆွေ့ထံ စာတစ်စောင်ထပ်ရောက်လာပြန်တယ်။ တက်တူဆီကပါပဲ။
မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်တော့မယ့် အကြောင်းရေးထားတာပါ။သူ့ဖခင်က လွန်ခဲ့တဲ့ နှစ်နှစ်က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း၊ ဆရာမက သူတို့သားရဲ့မိခင်အဖြစ် သူတို့မင်္ဂလာဆောင်ကို ကြွရောက် ချီးမြှင့်ပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲတဲ့။
ဒေါ်သီတာဆွေလား……..ဟုတ်ကဲ့….တက်တူခေါ် ဒေါက်တာသက်ထွန်းဆက်ရဲ့ မင်္ဂလာပွဲကို ကြွရောက်ချီးမြှင့်ခဲ့တာ အသေအချာပေါ့ ခင်ဗျာ။
ဒေါ်သီတာဆွေက ဘာလုပ်တယ်မှတ်လဲ……ဥဿဖရားပွင့်လေးတွေ လပ်နေလို့ ကွက်တိကွက်ကျား ဖြစ်နေတဲ့ လက်ကောက်လေးကို ဝတ်သွားတယ်ခင်ဗျ။ ဒါတင်ဘယ်ကမလဲ၊ တက်တူရင်ထဲမှာ တသသနဲ့ အမှတ်ရနေဆဲ သူ့မိခင်ဆွတ်နေကျ ရေမွှေးအမျိုးအစားကိုလည်း မမေ့မလျော့ ဆွတ်လို့ သွားလိုက်ပါတယ်။
မင်္ဂလာဆောင်ကို ရောက်တဲ့အခါမှာတော့ ဒေါက်တာသက်ထွန်းဆက်နဲ့ ဆရာမဒေါ်သီတာဆွေတို့ဟာ တကယ့်သားအမိလို တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဖက်ထားမိလိုက်ကြတယ်။ ဒေါက်တာသက်ထွန်းဆက်က သူ့ငါးတန်းဆရာမကို ခပ်တိုးတိုးပြောတယ်။
” ကျေးဇူးကြီးလှပါတယ် ဆရာမရယ်……ကျွန်တော့်ကို ဆရာမ ယုံယုံကြည်ကြည် ရှိခဲ့တဲ့အတွက် ဆရာမကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်….ကျွန်တော့်မှာ အစွမ်းအစရှိတယ်၊ကြိုး
စားရင် ဖြစ်နိုင်တယ်လို့ ခံစားလာရအောင် လုပ်ပေးခဲ့တဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်
ဆရာမရယ် ”
မျက်ရည်တွေဝိုင်းနေတဲ့ ဒေါ်သီတာဆွေလည်း ခပ်တိုးတိုးပြန်ပြောလိုက်ပါတယ်။ “မောင်တက်တူး ရယ်… သားမှားနေပြီ…..ဆရာမက သားကို သင်ပေးခဲ့တာ မဟုတ်ပါဘူးကွယ်…သားကသာ ဆရာမကို သင်ပေးခဲ့တာပါ…သားကသာ ဆရာမကို ကြိုးစားရင်ဖြစ်နိုင်ပါတယ်လို့ သင်ပေးခဲ့တာ ပါကွယ်….သားနဲ့မဆုံရခင်တုန်းကဆရာမ စာမသင်တတ်ခဲ့ဘူး သားရဲ့……….”
အတ္တကျော်
( ဘယ်ဆီကိုများ ဒုံးစိုင်းသွားနေ)
ဦးကြောင်ကြီး
June 22, 2014 at 11:25 am
မီမီသက်ရင် တေဝမ့်ဒယ်.. တက်တူလေးတွက် မေမေနဲ့ ဖေဖေ လုပ်ပေးရအောင်လား..
အရီးခင်
June 22, 2014 at 2:20 pm
မီမီ စာလေး ဖတ်ရသမို့ ဝမ်းမြောတ်ပါတယ်။
ကလေးတွေရဲ့ လက်ဦးဆရာ တွေ ဆိုတာ မိဘ မှန်ပေမဲ့ တကယ်တော့ ဆရာ ဆိုတာ က လဲ ကလေး တွေ ဘဝ ကို ပြောင်းနိုင်စွမ်း ရှိတာ အသေအချာပါဘဲ။
“သတ်ချင်တယ်” ဆိုတဲ့ စကား က ဒီ ကလေး ကို “သတ်ချင်တယ်” လို့ ပြောသူ နောက်ကွယ်မှာ ရှိနေမယ်ထင်တယ်။
ဥပမာ – သူ့ မိဘ အပါအဝင် သူ့ မိထွေး၊ ပထွေး လိုမျိုး တွေ ပေါ့။
ကလေး ဆိုတာ မထင်ရအောင် အမှတ်အသားကောင်း ကြတယ်။ ကလေးတိုင်းဘဲ။
ဒီတော့ သူတို့ ကို အကောင်းမြင် အတွေး တွေ များလာအောင် ပြင်ပြင်ပေးသင့်တာ။
သူ့နားမှာ အဆိုးမြင်သမားတွေ ရှိလို့ ကတော့ သူလဲ အဆိုးမြင်ဖြစ်ဖို့ ရာနှုန်းများရောပေါ့။
မီမီ လို ဆရာမ ကို ရလိုက်တဲ့ ကလေး တွေ ကံကောင်းကြမှာလို့ အရီး ယုံကြည်ပါတယ်။
စာလေးတွေ ဆက်ရေးပါနော။
မီ မီ
June 22, 2014 at 3:10 pm
အကြံပေး ဝေဖန်ကြသူများကို ကျေးဇူးတင်ပါတယ်
အခက်အခဲတချို့ရှိလို့စာမပြန်နိုင်တာ နားလည်ပေးစေချင်ပါတယ်ရှင်
ဒီကလေးကို ကျွန်မ ဂရုစိုက်စောင့်ရှောက်နေပါတယ်
အားလုံးရဲ့ စေတနာတွေမြင်တွေ့ရသည်ဖြစ်၍ ဝမ်းသာပါတယ်
အခြေခံလူတန်းစားတွေရဲ့အကြောင်း ကိုလည်း ရေးချင်ပါတယ်ရှင်
ဦးကြောင်ကြီး
June 22, 2014 at 3:18 pm
မီမီအကြောင်းလည်း ရေးပါဦးကွယ်..။ ကိုယ်ခန္ဓာ အချိုးအစား ဘယ်လောက်ရှိလယ်… ဘယ်ဆိုက်ဝတ်သယ်.. ဆံပင်အတိုအရှည်.. ရုပ်ရူပကာ ဘယ်လိုမိုး..
အရီးခင်
June 22, 2014 at 3:29 pm
ဟေ့ ကကြောင် – သူများအကြောင်း မမေး ခင် ကိုယ့် အကြောင်း အရင် ပြောရတယ် ဟဲ့။ :-))))))))))
ဥပမာ – အမြီး ဘယ်လောက်ရှိလဲ။ (ရိုးရိုးမေးတာ။ မပြာကြ နဲ့)
ဒင်း က အမြီး မနင်းနိုင်ရင် ကုတ်တတ်လို့ မီမီ ကိုယ်စား နင်း ပေးတာ။ :-)))))
နောင် ရိုး
June 24, 2014 at 10:30 am
myatpone nya ရေးတဲ့ဇာတ်လမ်းကို Chicken Soup for the Soul မှာ ဖတ်ဖူးတယ်ဗျ….။
ဇာတ်သိမ်းပိုင်းနားတော့ ကွဲတယ်…။ ဟိုမှာ တက်တူက စစ်ထဲဝင်သွားတာ..။ ပြီးတော့ ဆရာမဆီစာလှမ်းလှမ်းရေးတယ်…။ နောက်တိုက်ပွဲကျသွားသဗျ…..အဲ့တုန်းက ဖတ်ပြီးမျက်ရည်တောင် ဝိုင်းမိသေးတယ်..။