Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Kai သို့.. အိတ်ဖွင့်ရော… အိတ်ပိတ်ရော ပေးစာ…

ကုိ ထြဋ္June 28, 20141min393216

 

 

 

 

ကျွန်တော် မရောက်တာ ကြာတော့ မျက်စိလည်မိတယ်.. Kai… တချိန်က ရေးသူဆိုလို့ လက်ချိုးရေလို့ရတဲ့ ခေတ်မှာ ကျွန်တော်တို့တတွေ ကြိုးစားခဲ့ပါတယ်… တပို့စ် ဘယ်လောက်ဆိုတာထက် ကိုရေးတဲ့ ဆိုက်ကလေး.. အခု အခေါ် ကိုယ်တို့ရဲ့ ရွာကလေးပေါ့ အောင်မြင်ပါစေဆိုတဲ့ စိတ်ဓာတ်နဲ့…  ကွန်ပျူတာတိုင်းမှာ လိုက်ပီး Book Mark လုပ်ပေးရ… ဖတ်အောင် တို်က်တွန်းရနဲ့.. မမောတမ်းကို စေတနာ ထားခဲ့ပါတယ်… ကျွန်တော် အခုလက်ရှိ Company ကြီးတခုရဲ့ IT ပါ… စက်ဘယ်လောက်များများ ကိုင်ရသလဲဆို 300 ကနေ 400 လောက် ကိုင်နေရတဲ့ သူဆိုတော့… ဘယ်လောက် ကြိုးစားခဲ့လဲဆိုတာ စဉ်းစားကြည့်ပေါ့.. အဲတုန်းက တပို့စ် ၃၀ဝ နဲ့မှာ အဲလောက်လုပ်ဖို့ လိုလို့လား… ပြန်တွေးပေးပါဦး… နှုတ်၏ ဆောင်မခြင်းရော ကိုယ်၏ဆောင်မခြင်းရော လုပ်ခဲ့တဲ့သူပါ… ကြည့်ရှုသူနှုန်း အဲတုန်းက မှတ်ထားရင် သိမှာပေါ့.. အခု ပြန်ရေးဖြစ်တယ်..  ဒါလဲ အဲတုန်းက အတူတူကြိုးစားခဲ့တဲ့ သူငယ်ချင်းက ပြောလို့ပဲ… ဘယ်လောက်ပေးတယ် မပေးတယ်.. မကြည့်ဖြစ်ဘူး.. သူက ရေးရအောင် ဆိုတော့ လုပ်ပေါ့ ဆိုပြီး ပြန်လုပ်တယ်.. စ ပြီ ဆိုကတည်း လုပ်ရင် သေချာလုပ်ချင်ပါတယ်.. အဲတော့ ပို့စ် အရေအတွက်ထက် သဘောကျတာ တွေ့ရင် တင်ပေးပါတယ်… အရင်က ပို့စ်ပုံစံနဲ့ မတူအောင် အစုံသုပ်လေးတင်ပေးပါတယ်… သိပြီးသားတွေ ပါချင်လဲ ပါမယ်… မသိသေးတာလဲ ပါမှာပေါ့… သိတာတွေတင်တာကတော့ အာဘော် ပြန်ညှိချင်လို့ပါ… Own Tune မရေးတတ်တာတော့ ကျွန်တော့် အားနည်းချက်ပါ… အခု နောက်ဆုံးတင်တာဆိုရင် လူများပို့စ်ပဲ… လူမသိတဲ့ ဆိုက်ကနေ ယူပြီး.. Credit မထည့်ရင် ကျွန်တော်ရေးတယ် ထင်မှာပါပဲ… အဲလို မရိုးသားတာလဲ မလုပ်ချင်ပါဘူး.. Copy/Paste ဆို Copy/Paste ပေါ့ ဝန်ခံထားတာပဲ.. မှားလား… ပျော်စေချင်လို့ ငြင်းလို့ကောင်းအောင် ပို့စ်တင်တယ်.. ရည်ရွယ်သလို ဖြစ်မလာဘူး.. မိုက်မိုက်ရိုင်းရိုင်းပြောထားတယ်.. အားပေးတဲ့လူတွေလဲ များတယ်.. ဘယ်လိုဖြစ်ကုန်ပြီလဲ… အခုသစ်ထူးလွင် အောင်မြင်တယ်.. ကို တို့ ဆိုက်ကလေးလဲ အောင်မြင်စေချင်တယ်… ဘယ်လို လုပ်သင့်လဲ… လူမသိတဲ့ .. အပြင်ကစာတွေကို စာပြန်စီပြီး စုပေါင်းပြီး ပို့စ်တခုအနေနဲ့ တင်ပေးရမလား… နာမည်မကြီးတဲ့ ဆိုက်ကစာတွေကို Credit မခံဘဲ… Own Tune လိုမျိုးတင်ရမှာလား… ပြီးတော့ Update သတင်းတွေ ဆိုရင်တော့ ဘယ်က Source မှန်းကို မသိဘူး… အဲဒါတွေရော တင်ရမှာလား..  ဒါဆိုရင်ရော သိပြီးသားပဲဆိုပြီး အပြစ်တင်မှာလား… ဒါဆို သတင်း အသစ်မတင်ပဲ ရွာထဲကစာနဲ့ပဲ ဒီဆိုက်က လည်ပတ်မှာလား.. အဲဒါလေးတွေ ဖြေပေးစေချင်ပါတယ်… ပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်တိုက်ခိုက်မှုတွေကိုရော ဘယ်လို ဖြေရှင်းပေးမလဲ သိချင်ပါတယ်… ဖြေလဲ ဖြေရှင်းပေးပါလို့… လေးစားစွာ ရေးသားလိုက်ပါတယ်…

Feeling Sad 🙁

 

Ps: Kai ပို့စ်တွေ မတင်စေချင်ရင် မေးလ်ပို့လိုက်ပါ… နှုတ်ထွက်သွားပါ့မယ်.. Kai စကားတခွန်းနဲ့ ဆက်လက်လုပ်ဆောင်ပါမယ်…

 

16 comments

  • စုန်းမ

    June 28, 2014 at 1:12 pm

    ရွာထဲ လက်ရှိ ဖြစ်နေတာ တွေကို ဒီမှာ အတည်ပြောလိုပါတယ်။

    အကောင်းဘက်က ကြည့်ရင်
    မြန်မာပြည် ရဲ့ ပုံစံ ကြမ်းလေးတစ်ခု လို မြင်နေရတာမို့ အသိဉာဏ်ဖွင့် ဆင်ခြင်တတ်ရင် အင်မတန် ကောင်းတဲ့ သင်ခန်းစာတွေ ဒီကနေ ယူကြည့် လို့ ရပါတယ်။

    ပထမ မူရင်း ကြိုးစ ထုတ်ပေးသူက ကလောင်ဟောင်း လူတစ်လုံး အမည်ပြောင်း ရေမြေသနင်း လို့ ဆိုလိုက်ရအောင်။
    ကော်ပီ ကူးထည့် ရင် ရွာ့စည်းကမ်း (၄) ဖြစ်တဲ့
    4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။
    ဆိုတာ မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ နဲ့တင် မလုံလောက်ပါဘူး။
    ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ လဲ တင်ခွင့်မရှိပါဘူး။
    ဒီနေရာမှာ သစ်ထူးလွင် နဲ့ နှိုင်းလို့ မရပါဘူး။
    သူ့ ရပ်တည်ပုံ နဲ့ ဂဇက် ရပ်တည်ပုံ မတူလို့ပါ။
    သူများ အောင်မြင်သလို အောင်မြင်ဖို့ အဲဒီပုံ ကို ကော်ပီကူးတိုင်း ကိုယ်လဲ အောင်မြင်မှာ လုံးဝ မဟုတ်ပါဘူး။
    ကိုယ့်လမ်းကိုယ် ဖောက်နိုင်မှ အောင်မြင်ပါမယ်။
    ဒီတော့ သစ်ထူးလွင်လို သတင်းတွေ စုပြီး မျှပေးချင်ရင် သစ်ထူးလွင် မှာ သွားပြီး မျှစေလိုပါတယ်။
    အရီးတို့လဲ ဒီလိုသတင်းတွေ ဖတ်ချင်ရင် သစ်ထူးလွင် ကို သွားဖတ်ပါတယ်။
    ဒီလို ပြောတာ ရွာက နေထွက်သွား လို့ ပြောတာမဟုတ်တာ ကိုလဲ နားလည်စေချင်တယ်။
    ပြသနာ ကို စိတ်အခံ ကောင်းကောင်း နဲ့ မဖြေရှင်း နိုင်ရင် ကိုယ့်ဟာကိုယ် စိတ်ဒုက္ခပေးသလိုဖြစ်နိုင်လို့ပါ။
    ဒါတင်မက ပါတ်ဝန်းကျင် မှာလဲ တစ်ခြား စိတ်အခံမကောင်း သူတွေ ဆုံရင်း ပြသနာ ပိုကြီးလာပါတယ်။
    ဒီတော့ ပြသနာဖြစ်ရင် သူလဲ မှားနိုင်သလို ကိုယ်လဲ မှားနိုင်တယ် ဆိုတဲ့ ဖွင့်ထားတဲ့ စိတ်နဲ့ အဖြေရှာဖို့ ကြိုးစားပါ။

    ဆက်သွားရင်
    ရေမြေသနင်း ရေးတာ ကို ဝင်ပြီး မှတ်ချက်ပေးသူ တွေ ရှိတာမို့ သူ ဆက်တင် နေတာ ကို အပြစ်ပြောလို့ မရပြန်ပါဘူး။
    ကိုယ်ကြိုက်တာ ကိုယ်မှတ်ချက်ပေး ကြတာမို့ လဲ မှတ်ချက်ပေးသူ ကို လဲ အပြစ်မဆိုလိုပါဘူး။

    နောက်တော့
    ရေမြေသနင်း လုပ်နေတာ မှားတယ် လို့ ထင်ရင် ရွာ့အမာခံ လို့ ထင်သူတိုင်း၊ ရွာ ကိုကောင်းစေလိုသူတိုင်း က သူ့ ကို ပွင့်ပွင့်လင်းလင်း တိုက်ရိုက် ရှင်းမပြသင့်ပေဘူးလား။
    ဟိုလိုလို ဒီလိုလို ကလောင်တွေ ခွဲပြီး ဝင်တာဟာ ပြသနာ ကို ပိုကြီး စေခဲ့သလားဘဲ။
    အမှန်ကတော့ ရွာထဲ အမှိုက် တွေ့ရင် မြင်သူက ကောက်ပစ်လိုက်ဖို့ မကောင်းဘူးလား။
    နောက်တစ်ခါအမှိုက် မပစ် ဖို့ အကျိုးအကြောင်းပြ ပြီး မတားသင့်ပေဘူးလား။
    ဒီလို ပြောရင် သူကြီး ရွှေစိတ်ညိုမလား ထင်မိ တာဖြစ်တာမို့ ဒါကလဲ အပြစ်မဟုတ်ပါဘူး။
    ဒါပေမဲ့ သူ့ရွာ မှာ နေတာ သူ့မျက်နှာကြည့် ပြီး နေရတယ် ဆိုတာကတော့ မဟုတ်သေးပါဘူး။
    အကဲရသလောက်ကတော့ ဒီ သူကြီး က သူ့ဘာပြောပြော ထီမထင် အကျင့်ရနေသူ မို့ မှန်ကန်တဲ့ စေတနာပါတဲ့ အဖြစ်သာလုပ် …
    သူ စိတ်ညိုမယ် မထင်။
    တစ်ခုသေချာကတော့ မျက်နှာဖုံး စွပ်ပြီး ရွာထဲ ကင်းစောင့်ချင်လို့ မရတာဘဲ။
    ဒီ မျက်နှာဖုံး အောက်မှာ ပွင့်လင်းမှု က ပျောက်နေလို့ဘဲ။

    နောက်ဆုံး မော့ တစ်ယောက် ဝင်ပြီး ပွဲကြမ်း တာ က လဲ ပြသနာ ဖြေရှင်းနည်း မမှန်ပါဘူး။
    ဒါက လူအများကို ပိုပြီး နားလည်မှု လွဲစေပါတယ်။

    အရီး သာ ဖြေရှင်းရမယ် ဆိုရင်တော့ ရေမြေသနင်း ရေးတာ ကို မကြိုက်ရင် ဝင်မဖတ်ပါနဲ့။ မှတ်ချက်မပေးပါနဲ့။
    အမြင်မတော်လို့ ပြောချင်ရင် တိုက်ရိုက် ကိုယ့်ကလောင်အစစ် နဲ့ တားပါ။
    ကိုယ့် စေတနာ အစစ် ဆိုရင် ဘယ်သူ ဘာပြောပြော ဂရုစိုက်စရာမလိုပါ။
    အကျိုးအကြောင်း တားရက် နဲ့ ဆက်လုပ်နေရင်တော့ အများကို စစ်ကူခေါ်ပါ။
    ရွာထဲ မှာ အမှန်တရား အတွက် စာဖတ်နေ သူတွေ အများကြီးပါ။
    သူတို့ ဝင်ပြီး ကူမှာလို့ စိတ်ချနေပါ။

    စုန်းမ စာကတော့ ဒါပါဘဲ။ :-)))

    တစ်ခါတစ်ခါ ဒီလို ဖြစ်နေတာလဲ ရွာရဲ့ အလှ လို့ ထင်ပါရဲ့။
    စိတ်ပျက်စရာလား။
    ဒီလို ပြသနာ သေးသေး လေး ကို တောင် ရီရီမောမော ပေါ့ပေါ့ပါးပါး နဲ့မဖြေရှင်းနိုင်ရင် အပြင်လက်တွေ့ မှာ ပိုပြီး ရှုပ်တာ တွေ ကို ဘယ်လိုများ ဖြေရှင်းကြမလဲ ကွယ်ရို့။

    ရေမြေသနင်း အတွက် စုန်းမ အကြံပြုစာ ထပ်ပို့ပါဦးမည်။
    မင်းက စမိမှတော့ သည်းခံပေရော့။ :-)))

  • alinsett (gazette)

    June 28, 2014 at 1:54 pm

    အမှိုက်က စ
    ပြသာဒ်မီးလောင်

    🙁

    အဲ့ဒီမော့မော့ကလည်း အကျိုးအကြောင်းလေးတောင် သာသာယာယာဝင်မပြောပဲ ပွဲကြမ်းသွားတာကိုး
    သူကြီးကိုတော့ အဲဒီလို ဖြေရှင်းမယ့်အကြောင်း အသိပေးလိမ့်မယ်ထင်ပါတယ်

  • Yae Myae Tha Ninn

    June 28, 2014 at 2:06 pm

    အိုကေ.. စုန်းမ ပြောတာ အကုန်နီးပါးလက်ခံတယ်.. ဒါမှ ဝေဖန်တာ ပီသမယ်.. အလင်းစက်ပြောတယ်.. ၂ ပို့စ်ထက် ပိုမတင်ရဆို.. ကျွန်တော့ အကျင့်က အတွန့်တက်တက်တယ်.. ဒါပေမဲ့ ဆင်ခြင်သွားတယ်.. ကို လဲ လူ့ ယဉ်ကျေး အသိုင်းအဝိုင်းကပဲလေ.. အေးဆေးပြောပေါ့.. ဝေဖန်တဲ့ထဲက ၄ အချက်နဲ့ ငြိတယ်ပြောတယ်.. ဟုတ်တယ်.. တချို့စာတွေကို အာဘော် မထည့်ချင်ဘူးဗျ.. ထားပါ နောက်ဆို ထပ်ဆင်ခြင်ပေးပါ့မယ်.. ပီးတော့ သစ်ထူးလွင်လို လိုင်းချင်းမတူတာ ထားပါ.. ဒါပေမဲ့ သစ်ထူးလွင်ထက်စောတယ်.. နောက်ဆုံး Own Tune အရေးများလို့ နာမည်ကြီးရင်လဲ ကြီးလေ.. အဲလိုလဲ မဟုတ်ဘူး.. ဖြတ်ညှပ်ကပ်ပါပဲ.. ကျွန်တော်က Copy/Paste ဒါပဲ ကွာတယ်.. ပီးရင် ဘယ်သူမှ Copy/Paste ကို Check Box မ On ရဲဘူး.. ကိုယ့်ပို့စ် မပေါ်မှာစိုးလို့… Road Map တွေ ကွာချင်လဲ ကွာသွားမှာပေါ့.. ကျွန်တော် မရေးတာကြာပြီပဲ.. ဒါပေမဲ့ အစက အဲလို မဟုတ်ဘူး.. သတင်းစုံ ဆိုက်ကလေး ဖြစ်ချင်တာ နေမှာပါ… ဒါဆို အခု ဒီဆိုက်ရဲ့ Road Map က ဘာလဲ… အချင်းချင်း ပို့စ်တွေတင် ကော်မန့်တွေ ပေးရုံပဲလား… တချို့က ဗဟုသုတ ရချင်လို့.. လာတဲ့သူတွေလဲ ရှိပါတယ်… Update တွေ ဖတ်ရတော့လဲ One Stop ပေ့ါ.. တော်ရုံထူးရင် မတင်ပါဘူး… ပြီးတော့ မန့်တဲ့သူတွေပေါ့.. ကို သိတော့ ဘယ်ကဆို ထောက်တယ်.. မသိတော့ ဒါလေးများ တင်သေးတယ် ပြောတယ်.. အဖြေမှန်လားဆိုတော့ မမှန်ဘူး.. မသိရင် မသိဘူးပေါ့.. Internal မှာ ငြင်းရင် ပျော်ပါစေ လုပ်တာပါ… ရသလဲ စုံအောင် ပေးပါတယ်… အနည်းဆုံး ဗဟုသုတ မဟုတ်ရင် သတင်း မဟုတ်လဲ တခုခုပေါ့.. ရည်ရွယ်ချက်ကလေးတွေ နဲ့ တင်ပေးတာပါ… အကြံပြုစာတွေကို လက်ခံပါတယ်.. ဒါပေမဲ့ Positive View ကလာပါ.. ကိုယ့်အဆင့်အတန်း ကို ကိုယ်ထိန်းကြပါ… ရီမောပြီး ဖြေရှင်းနိုင်ပါတယ်.. ဒါပေမဲ့ ရိုင်းတာတွေကျတော့ သိပ်လက်မခံချင်ဘူးလေ… ဆက်ပြီး မန့်ပါ .. စုန်းမ.. ကြိုဆိုလျက်ပါ…
    PS: kai ဖတ်မိပါစေလဲ ဆုတောင်းပါတယ်…

  • Yae Myae Tha Ninn

    June 28, 2014 at 2:15 pm

    ပွဲကြမ်းတယ် မခေါ်ပါဘူး.. အလင်းစက်.. ဆရာကြီးလိုပဲ ..ရွာကလေးကို စေတနာရှိပီး.. တကယ်ကောင်းစေလိုတဲ့ အကြံပြုချက်ပါ.. လက်ခံပါတယ်.. ဆရာကြီးကိုလဲ လက်ခံတယ်… ကျွန်တော် သိလိုက်တာက Road Map ပြောင်းသွားပြီဆိုတာပဲ… အဲဒါ ကျွန်တော့်ကို လာတည့်ပေးတာ.. ၂ ယောက်လုံး ကျေးဇူးပါ.. နောက်ထပ်လာမယ့် အကြံပြုစာတွေလဲ ကြိုဆိုလျက်ရှိပါကြောင်း… 🙂

  • ရေ မြေ သ နင်း ရေ

    သတင်း ကိစ္စ ကတော့ တစ်ခု ဝင်ပြီး ပြော ချင် ပါတယ်။

    ဟိုူအရင် နဲ့ အခု ရွာအခြေ အ နေ ကွာသွားတာလေးလို့ ပြောချင် ပါတယ်။

    အရင်က လူတွေ ဖေ့စ်ဘုတ်သိပ်မသုံးကြပါ။

    အဲတော့ ရွာ ထဲ မှာ သာ သတင် းေ တွ ဖတ် ကြ ရ ပါတယ်။

    အခု အချိန်မှာေ ဖစ်ဘုတ် ကို ပို အသုံးများ ပါ တယ်။

    အဲတော့ အခု အချိန်မှာ သတင်း တစ် ခု ကို တင် လိုက် ရင် အတော်များများ က ဖတ် ပြိး သား လိုဖြစ်နေကြပါ တယ်.

    ကွာခြားချက်က တော့ ဒါ ပါဘဲ။

    ဘယ်လိုဘဲပြော ပြော ဘာ ဘဲ ရေး ရေး မိုက်ရိုင်း စွာ ဝေ ဖန် ခြင်း လည်းး မကောင်း

    တုန့် ပြန်ချင်း လဲ မကောင်း တာ အမှန ် ပါ ဘဲ။

  • Yae Myae Tha Ninn

    June 28, 2014 at 2:28 pm

    လူဟောင်းတွေလဲ.. လာရောက်တည့်ပေးစေချင်ပါတယ်… ကျွန်တော့ အမှားတွေကို.. အထူးသဖြင့် kai, intro, etone, သူရသ နှင့် ကိုပေါက် အစရှိတဲ့.. Senior များလဲ ကျွန်တော့်ကို နားလာချပေးပါဦးလို့… 🙂

  • ကိုလတ်ကြီးရေ

    နာ မယ် ရင်း နဲ့ ဘဲ လာ လာ

    အကောင့် နောက်တစ်မျိုးနဲ့ဘဲ လာ လာ ပြ ဿ နာ မရှိ ဘူ း လို ့ တွေး မိ ပါ တယ်။

    အဓိက အချက ်က သူ ဝေ ဖန် တာ ရေး တာ စေ တ နာ မှန် မှန် စဉ်းစားဘို့ဘဲ လို ပါ တယ်။

    မမှန်ဘဲ လျောက်ရေး နေရင် အလို လို ဘေး ရောက်သွားမှာ အတိ အကျ ပါဘဲ

  • Yae Myae Tha Ninn

    June 28, 2014 at 2:36 pm

    ဟုတ်.. လာတည့်ပေးလို့ ကျေးဇူးပါ.. ကိုပေါက်ရေ… မှန်ပါတယ်.. Face Book အသုံးများလာတော့ သိပြီးသား သတင်းတွေ ဖြစ်သွားတယ်.. ကျွန်တော်လဲ ရေးထားတတ်ပါတယ်ဗျာ.. ကျွန်တော် သိမ်းထားချင်လို့ပါလို့.. ဂဇက်ထဲမှာလေ.. သမိုင်းဝင်သွားနိုင်မယ့် သတင်းမျိုးတို့.. ကျွန်တော်ကြိုက်တတ်တာမျိုးဆို လာစုတဲ့ သဘောလဲ ဖြစ်ပါတယ်… ဒါကတော့ ကျွန်တော့ ဝါသနာ အထွန့်တက်တာပေါ့… Face Book မှာဆို Share ပြီး သိမ်းတာ ရှာရခက်တယ်လေ.. ဒါပေမဲ့ ထပ်ပြီး မှတ်သားပါမယ်. ဒီမှာ လာမစုတော့ပါဘူး.. Share နဲ့ပဲ သိမ်းပါတော့မယ်.. ဆိုတာပါပဲ.. အကြံပြုစာအတွက် ကျေးဇူးပါ.. ကြိုဆိုလျက်ပါ… 🙂

  • kai

    June 28, 2014 at 3:28 pm

    ကျုပ်ကိုယ်ပိုင်သဘောကတော့.. လူသားတဦးတယောက်ကို.. ထိမ်းချုပ်..ကန့်သတ်တဲ့.. စည်းကမ်းတွေ..ဥပဒေတွေမုန်းတယ်..။
    အခြေခံစည်းကမ်းကလွဲလို့.. ကန့်သတ်ထိမ်းချုပ်မှုတွေ… နည်းနိုင်သမျှနည်းစေချင်တယ်..။
    ရွာကိုလည်း.. ဒီလိုပဲ..

    အထဲပါဝင်နေသူတွေကိုယ့်ကိုယ်တိုင်… အသိစိတ်ဓါတ်ရှိရှိနဲ့.. ကိုယ့်နေရာ.. ကိုယ့်ဒေသအနေနဲ့.. ထိမ်းသိမ်းလည်ပါတ်စေချင်တယ်..။
    မန်ဘာ(ရွာသူား) တဦးတယောက်ရေးပုံ.. ဆိုပုံက…. အများစုသဘောနဲ့မကိုက်ညီတာတွေ့ရင်.. ဝိုင်းဝန်းဖြောင်းဖျကြ.. ညှိပေးကြစေလိုပါတယ်..။
    (ဖြစ်နိုင်ရင်).. အခြေအနေတခုရောက်တဲ့အထိ.. သူ့အလိုလိုသိတတ်သွားတဲ့အထိ.. အချိန်တခုပေး.. စောင့်ကြည့်ကြစေလိုပါတယ်…။
    ပုဂ္ဂလိကအခြေအနေ.. ပုဂ္ဂိုလ်ရေးထိခိုက်အောင်.. တွန်းတိုက်ပြောတာမျိုး မဖြစ်/မလုပ်ကြစေချင်ပါ..။
    အဲလိုပြောခွင့်ဘယ်သူ့မှာမှ..(ဘယ်သူ့မှာမှ) အာဏာ/ပြောပိုင်ခွင့်မရှိပါ..။

    ဆိုတော့… ကိုရင်လူတလုံးရေ…။
    အင်တာနက်မှာ မြန်မာစာနဲ့ Search လုပ်ရင်.. ဒီဝက်ဘ်ဆိုက်ကစာတွေ.. တက်တက်လာတာသတိထားမိမှာပါ..။
    ဒီထဲမယ်.. ပို့စ်ပေါင်း.. ၂၉၇၄၄ ပုဒ်ရှိနေပါတယ်..။
    ကော်မန့် ၃သိန်း၃သောင်းကျော်ရှိနေပါတယ်..။

    အဲဒီအခြေအနေမျိုးမှာ.. သာမန်သတင်းတွေ.. ကူးတင်ဆွေးနွေးကြဖို့သိပ်မလိုတော့ဘူးလို့.. ကိုရင်လည်း… သိမှာပါ..။
    ထူးခြားတဲ့သတင်းဆိုရင်လည်း.. အပြန်အလှန်ဆွေးနွေးကြရင်း … ဆိုင်ရာသတင်း.. အချက်အလက်တွေ.. တနေရာထဲအကုန်စုနေအောင် ကော်မန့်တွေနဲ့ဖြည့်သွား/ဆွေးနွေးသွားတာမျိုးက ဒီဝက်ဆိုက်အတွက်.. သင့်လျှော်ပြီး… ပိုကောင်းတယ်လို့ထင်မိပါတယ်..။
    အဲဒါမျိုး.. ဘယ်ဝက်ဘ်ဆို်က်မှာမှ.. လုပ်ဟန်မရှိပါ..။
    အဲဒါဆို. နောင်တချိန်မှာ ..ဆိုင်ရာစာတွေကို.. တစုတစည်းထဲပြန်ကြည့်နိုင်ပြီး.. စာဖတ်သူ..သုတေသနလုပ်သူတွေအကျိုးများမှာပေါ့…

    “စာကြမ်းပိုးတို့ ရဲ့ အပြာရောင် စကားဝိုင်း” လိုရေးတာမျိုးကို ဆိုလိုတာပါ…။
    http://myanmargazette.net/199327
    အဲဒီလိုလုပ်တာ.. အယ်ဒီတာတယောက်အနေနဲ့.. ပြောကြည့်ရရင်.. အထူး.. လက်ခံသဘောကျကြောင်း..။

    အဲလို…
    :mrgreen:

    • Foreign Resident

      June 28, 2014 at 6:15 pm

      kai says:
      ” (ဖြစ်နိုင်ရင်).. အခြေအနေတခုရောက်တဲ့အထိ.. သူ့အလိုလိုသိတတ်သွားတဲ့အထိ..
      အချိန်တခုပေး.. စောင့်ကြည့်ကြစေလိုပါတယ်…။ ”

      မှန်ပါ့ သူဂျီး ရေ ။
      ကျနော်ကလည်း အဲဒီလိုလေး ဖြစ်စေချင်တာပါ ။

      အဲဒါကြောင့် ” ဂွေဇွတ် သင်ပုန်းကြီး ဖွတ်စာ ” ၊
      Post ထဲမှာတောင် ဒီလို မန့်ခဲ့သေးတယ် ။

      ” က ။
      ” မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန် ” လိုဘဲပေါ့လေ ။
      မော့မော့တွေ ခမျာမလဲ လူမုန်းမှာ စိုးတာ နှင့် ခဏ စောင့်ကြည့်နေကြတာပါကွယ် ။

      ခ ။
      နောက် တစ်ချက် က ၊ လူသစ်လေးတွေ တော်တော် များများ က ၊
      အစ ပိုင်းမှာ ၊ ကူးတင်တာလေးတွေ နှင့် စ ကြတာကိုး ။
      ( အဘ ကိုယ်တိုင်တောင် ၊ အစပိုင်းတုန်းက တစ်ချို့ Post တွေမှာ ကူးတင် ခဲ့ဘူးပါတယ် )

      နောက်ပြီးတော့ စ ဝင်ကာစ ဆိုတော့ တစ်ချို့ စည်းကမ်းတွေ သိပ် မသိသေးဘူးလေ ။
      နဲနဲလေးကြာမှ ၊ တဖြေးဖြေး အထာကျသွားတာကလား ။

      ဂ ။
      နောက် အဓိက အကျဆုံးကတော့ ၊
      စ ဝင်ကာစ ရွာသူားသစ်လေးကို ဝင်ဝင်ချင်း စောက်နှင့်ထွင်းသလို စိတ်ပျက်သွားမှာ စိုးလို့ပါကွယ် ။

      ပြောတဲ့သူတွေလဲ ပြောနေကြပါပြီ ။ ခဏလေး ၊ သည်းခံကြပါကွယ် ။ “

  • မင်း ခန့် ကျော်

    June 28, 2014 at 4:15 pm

    ကျုပ်ကိုနမူနာယူစမ်းပါဗျာ :mrgreen:
    (ကျတော့်ထက်အသက်ကြီးနေခဲ့လျှင်သည်းခံပေးပါဗျာ)
    လွတ်လွတ်လပ်လပ်
    ဗိုသီဗက်သီ ပဲ :mrgreen:
    စိတ်ထဲရှိတာ(နဲနဲတော့အရှိန်သတ်သေးတာပေါ့)မြင်တာ
    လုပ်ချင်တာလုပ်ပစ်လိုက်တာပဲ။
    မြန်မာပြည်အပြင်လောကမှာမလွတ်လပ်ဘူးဗျ။
    အွန်လိုင်းမှာတော့ လွတ်လပ်ချင်သေးတာပေါ့။
    ဘယ်သူ့ဘယ်သူကိုမှ စောင်းဌဲကြည့်မနေနဲ့။
    ကိုယ်လုပ်စရာရှိတာ လုပ်ချင်တာ သာလုပ်။
    အားပေးတယ်။
    ရင်ထဲကြိတ်ခံမနေနဲ့။
    ရှက်မနေနဲ့။
    ကြောက်မနေနဲ့။
    အရိပ်အကဲကြည့်မနေနဲ့။
    ဒီလောက်ပါပဲ။
    (လိုင်းမကောင်းလို့ဗျ။လိုင်းကောင်းရင် သူဂျီးတောင်
    ကျုပ်ကို ရွာ့ပြင်ထုတ်လောက်တယ်။ဝင်မပြောနိုင်လို့သာ။
    ဟုတ်တယ်မလားသဂျီးမင်း?
    ဟုတ်ပါတယ် ရွာသားဘေး :mrgreen:)

  • Foreign Resident

    June 28, 2014 at 5:49 pm

    ကို Yae Myae Tha Ninn ရေ ။

    သိပ်ပြီးလဲ ခံစားမနေပါနှင့်ဗျာ ။
    ဒီမှာက ကိုယ်တိုင်ရေး ဥထားတဲ့စာလေးတွေ တင်တဲ့သူလဲ ရှိတယ်ဗျ ။
    ကိုရင်က အများကြီး ဆက်တိုက် တင်လိုက်တော့ ၊
    သူတို့ရဲ့ ကိုယ်တိုင်ရေး စာတွေက ခဏလေး နှင့် ၊
    ရှေ့ဆုံး စာမျက်နှာ ကနေ ပျောက်သွားရောဗျ ။
    အဲဒီမှာ ရွာသူား တစ်ချို့က စိတ်ဆိုးကြသပေါ့ဗျာ ။

    ကိုရင့်ကို ပုဂ္ဂလိက အကြံပြုရရင် ၊
    ပို့စ် အတိုလေး ၃ / ၄ ခုတင်မဲ့အစား ၊
    အဲဒီ ပို့စ် အတိုလေး ၃ / ၄ ခုကို ပေါင်းပြီး ပို့စ် အရှည် ၁ ခု တင်ပါလား ။
    အဲလိုမျိုးဆို နှစ်ဖက် အဆင်ပြေမှာပါဗျာ ။

    ဘာပဲဖြစ်ဖြစ်ပါ ၊ ကိုရင့်ရဲ့ ရွာအပြန်လမ်းကို ကြိုဆိုပါတယ် နော် ။

  • Yae Myae Tha Ninn

    June 30, 2014 at 9:02 am

    အိုကေပါ.. ဒီလို စေတနာနဲ့ မန့်လို့ ကျေးဇူးတင်ပါတယ်… အမြဲတမ်းတော့ ကောင်းတာ တင်ဖို့က လွယ်ဘူးဗျ.. နဂိုကတည်းက Copy/Paste ဆိုတော့ ပိုဆိုးတယ်.. ကြိုးစားပေးမယ်လေ.. အပြာရောင်စကားဝိုင်းပုံစံမျိုးက ရပါတယ်.. ကြိုးစားကြည့်ပေးမယ်… ဟုတ်တော့ ဟုတ်ပါတယ်.. အရင်နဲ့ အခု နည်းနည်းတော့ ပြောင်းတာပေါ့.. ဒါပေမဲ့ လူရမ်းကားတွေကိုတော့ နည်းနည်း အရေးယူပေးစေချင်တယ်… တင်တဲ့ ပို့စ်တိုင်းက စေတနာ နဲ့ ရည်ရွယ်ချက် ရှိရှိတင်ပါတယ်ဗျာ.. အလကား ပိုက်ဆံရအောင် တင်တာတော့ မဟုတ်ပါဘူး.. ပြီးတော့ လူများပို့စ်တွေ ကွယ်စေဆိုတဲ့ စိတ်မရှိပါဘူး… တကယ်ကို ဖတ်လို့ကောင်းမယ့် အဓိကကတော့ ကျွန်တော် ဖတ်လိုက်ပြီး သဘောကျတယ်ဆို.. သူများတွေကို ပြန်ပြောတတ်တဲ့ အကျင့်ရှိတယ်ဗျ… အဲဒါကို ဂဇက်မှာ တင်ပေးသလိုဖြစ်သွားတာ… နောက်သေချာစိစစ်ပီးမှ တင်မယ်လေ… ကိုက ထူးပေမဲ့ သူများက ထူးချင်မှ ထူးမှကိုး.. 🙂 အဲတော့ ဘကြီးဖော ပြောသလို ၃/၄ ခုကို စု အနှစ်ချုပ် ပြီးတော့ ကျွန်တော့် အမြင်လေးကိုပါ တွဲတင် အဲလိုမလား.. ဟဲ.. ဖြစ်ပါတယ်… ခုလို လာရောက် တရားချ ဆုံးမ လမ်းကြောင်းတည့်ပေးကြသော မိတ်ဆွေသစ်/ဟောင်း အားလုံး အားလုံးကို ကျေးဇူးအထူးတင်ပါတယ်..ဗျာ…

  • photwenty

    June 30, 2014 at 12:22 pm

    အရင်က ရွာထဲဝင်လိုက်ရင် ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ကစားနေကြတာတွေ.တယ် အခုတော. ထုတ်စီးတိုးရေကြပါပေါ.လား
    ဘာပဲဖြစ်ဖြစ် ဒီဆိုဒ်လေးကိုမသိတဲ.သူတွေနဲ.တွေ.ရင် ဝင်ဖတ်ကြည်.ဖို.အမြဲတန်းတိုက်တွန်းဖြစ်တယ် ဘာလို.လဲဆိုတော. ဒီထဲက ရွာသူ ရွာသားတွေရဲ. ကွန်မန်.တွေက အဆင်.ရှိရှိဝေဖန်ထားတာလေးတွေအမြဲဖတ်ရလို.ပါ ညွန်းလိုက်လို.ဝင်ဖတ်တဲ.သူက မင်းပြောတဲ. ဆိုဒ်ကလဲ ဘာမှမဟုတ်ပါဘူးကွာလို.ပြောတာတော. အဖြစ်မခံချင်ဘူးဗျာ

  • black chaw

    June 30, 2014 at 2:03 pm

    ဒီကိစ္စဟာတကယ်တော့မလွယ်ပါဘူး
    မလွယ်ဘူးဆိုပေမယ့်လည်းခက်တော့လည်းမခက်ပါဘူး
    ဘယ်လိုပြောရမလဲဆိုတော့ ဟိုဗျာ..
    ခင်ဗျားတို့လည်းသိမှာပါ၊သိပြီးသားတွေပါ ဟုတ်တယ်မဟုတ်လား
    အဲဒါပဲဗျ အဲဒါပဲ
    တကယ်တော့ရှင်းပြီးသားတွေပါ
    ခင်ဗျားတို့မရှင်းဘူးဆိုတာကိုပဲ ကျွန်တော်မရှင်းဘူးဖြစ်နေတယ်
    တကယ်တော့စောစောကကျွန်တော်ပြောခဲ့သလိုပေါ့
    ဘယ်လိုလဲဆိုတော့ အဲဒီလိုပေါ့ဗျာ…
    ကျွန်တော်ပြောတာရှင်းတယ်မို့လား
    ရှင်းရမယ်လေ ခင်ဗျားတို့လည်းဦးနှောက်ရှိတဲ့လူတွေပဲဟာ
    ခင်ဗျားတို့စဉ်းစားကြပေါ့
    တကယ်တော့ရှေ့ကအထုပ်တွေကို ကျွန်တော်တို့ကဆက်ပြီးထမ်းနေရတာပါ
    ရှေ့ကလူတွေဆိုတာကလည်း ခင်ဗျားတို့သိတဲ့အတိုင်းပဲ
    ကျွန်တော်တို့အားလုံးဟာ သမိုင်းအမွေကိုဆက်ခံနေကြရတာမဟုတ်လား
    ခင်ဗျားတို့အတွက်စိတ်မကောင်းပါဘူးဗျာ တကယ်ပါ
    ကိုယ့်ကိုယ်ကိုယ်လည်းသနားမိပါတယ် ဟဲဟဲ
    (ကိုရွေး ကဗျာ တစ်ပိုင်းတစ်စ)

  • Yae Myae Tha Ninn

    June 30, 2014 at 2:14 pm

    တကယ်ကောင်းတဲ့ စာရေးဆရာတွေ.. တကယ်မန့်ထားတာတွေ များပါတယ်ဗျာ.. မျက်နှာမပျက်ရအောင် ကျွန်တော်လဲ ကြိုးစားသွားပါ့မယ်.. ညွှန်းမြဲအတိုင်းညွှန်းပေးပါ သူငယ်ချင်း… 🙂

Leave a Reply