ညငှက်တစ်ကောင်ရဲ ့ရင်ဖွင့်သံ

Sine SantJuly 2, 20142min62925

ညငှက်တစ်ကောင်ရဲ ့ရင်ဖွင့်သံ
= = = === = == = == === =

လူတကာရွံမုန်းတဲ့အလုပ်နဲ
့ကျမဘဝကိုရှင်သန်ရပ်တည်ခဲ့တာအခုသုံးနှစ်ဆိုတဲ့အချိ်န်ကာလကိုရောက်ရှိခဲ့
ပါပြီ ။ သူများရဲ ့ပိုက်ဆံကိုမတော်မတရားနည်းနဲ ့ရယူနေတာလည်းမဟုတ်ဘူး
။ခိုးယူနေတာလည်းမဟုတ်ဘူး။
အတင်းအဓမ္မ္ဓလုယူနေတာလည်းမဟုတ်ဘဲနဲ ့သမ္မာအာဇီဝကျတဲ့အလုပ်လည်းမဟုတ်ခဲ့ဘူး ။
ရင်းနှီးခဲ့ရတာကတော့ ခန္ဓာကိုယ်အရှက်သိက္ခာနဲ ့ဘဝတစ်ခုလုံးကိုပေါ့ ။
ဘာဖြစ်လို ့ဒီလောကထဲရောက်
လာရသလဲ ဟုတ်လား ။ အတိတ်ကံကိုချည်းသပ်သပ်ပုံချရလောက်အောင်လည်းကံတရားအကြောင်းကျမ
သိပ်မသိလို ့မပြောပါရစေနဲ
့။ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုကိုဆွဲထုတ်ပြရမယ်ဆိုရင် မပြည့်စုံတဲ့ဘဝ
နဲ ့
လုံလောက်တဲ့ပညာဗဟုသုတမရှိခဲ့လို ့ပေါ့ ။ဟုတ်တယ် ။
ကျမဟာမထင်မရှားရွာငယ်လေးမှာမွေးဖွားကြီးပြင်းခဲ့
တဲ့သူ ၊ တောင်သူလယ်သမားမိဘတွေနဲ ့အတူ ဆင်းရဲဒုက္ခကိုအတူတကွခါးစီးခံခဲ့ရတဲ့သူ ။
သေစာရှင်စာလောက်ဖတ်တတ်ရင်လုံေလောက်ပြီဆိုတဲ့ဘဝပေးကုသိုလ်ကံအရ
မူလတန်းပညာနဲ ့ပဲကျမ
ကျောင်းပြီးခဲ့ရတယ်လေ။ ကျမအောက်မှာညိုမြ နဲ ့ထွေးထွေး ဆိုတဲ
့ညီမလေးနှစ်ယောက်ရှိသေးတယ် ။
ထွေးထွေးက အငယ်ဆုံးညီမလေးပေါ့ ။ “ကံဆိုးမသွားရာမိုးလိုက်လို ့ရွာ ”
ဆိုတဲ့စကားပုံကကျမတို ့မိသား
စုကိုပြောတာလားလို ့တောင်ထင်မိပါတယ် ။
– — — – —- – — – — – – – —- — – — – — — — – —
— — – — – – —
ကျမရဲ ့အဖေ စွဲလန်းနှစ်ခြိုက်စွာမှီဝဲ ခဲ့ဆေးလိပ်က
နောက်ဆုံးတော့အဖေ့ကိုအိပ်ယာပေါ်ကမထနိုင်အောင်
ပြုစားတော့တာပဲ ။ရွာတိုက်နယ်ဆေးမှူးပြောပြတာကတော့
လေပြွန်မှာဆေးလိပ်မီးခိုးကြောင့်ဖြစ်တဲ့
ရောဂါလို ့ပြောတာပဲ။ ကျမတို ့လည်းဆေးပညာဗဟုသုတ မရှိလို ့ဘာမှလည်းနားမလည်
၊ ဘာမှလည်းမလုပ်တတ် ။ရွာမှာရှိတဲ့ တိုင်းရင်းဆေးဆရာတိုင်းမှာလိုက်ကုတယ်
။နောက်တော့ဆေးဖိုးမ
တတ်နိုင်တော့တဲ့အဆုံးဆေးမီးတိုတွေနဲ ့ပဲပျောက်လိုပျောက်ငြားကုခဲ့ကြတယ်။
အဖေအိပ်ယာထဲလှဲသွားတော့ရှိတဲ့လယ်သုံးကွက်က
ထွန်ယက်ပေးမယ့်သူမရှိတော့ဘူး ။
ရွာမှာငွေတိုးပေးစားတဲ့ဒေါ်ငွေကြည်ဆီမှာလည်းအတိုးတွေထပ် ဘယ်လို
မှပြန်မဆပ်နိုင်တော့တဲ့အဆုံး ပိုင်ဆိုင်ထားတဲ့လယ်ကွက်တွေကို
ထုတ်ရောင်းလိုက်ရပါလေရော ။ ဒီလိုနဲ ့အမေကရွာလည်ကုန်စိမ်းရောင်း ကျမက
အရွက်တောင်းခေါင်းမှာရွက်ပြီးအမေ့နောက်ကလိုက် ။အိမ်မှာကျန်ခဲ့တာကတော့
လူမမာအဖေနဲ ့လူမမည်ကလေးနှစ်ယောက် ပေါ့ ။ကျောင်းမှာပျော်ရွှင်စွာနဲ
့စာသင်နေရမယ့် ကလေးတွေ
က ဆင်းရဲခြင်းတရားရဲ ့ခါးသီးတဲ ့ဘဝသင်ခန်းစာတွေကိုခက်ခဲစွာသင်ယူနေကြရတယ် ။
—- — — — — – – – — — – – — — – – – — – – – – – – – – – — – —
ဒီလောကထဲရောက်အောင်ဆွဲဆောင်ခေါ်လာခဲ့တာဘယ်သူလဲ ။ ဒီမေးခွန်းရဲ
့အဖြေမှာလူပုဂ္ဂိုလ်ချည်း
သပ်သပ်ပါနေမယ်ဆိုရင် ကျမ လျို ့ဝှက်ထားတာတွေရှိလို ့ပဲဖြစ်ပါလိမ့်မယ် ။
ကျမကိုယ်တိုင်ရော စိတ်ပါဝင်
စားနေတယ်လို ့ထင်နေပြီလား ။ကျမကိုယ်ကျမ ဒီလိုအလုပ်နဲ ့အသက်မွေးရမယ်လို
့လုံးဝမျှော်လင့်မထား
တဲ့အဖြစ်ပါ ။
ကျမ ဆယ့်လေးနှစ်အရွယ်လောက်ထိအမေနဲ ့ဈေးလိုက်ကူရောင်းခဲ့တယ် ။
တစ်နေ ့တော့ကျမတို ့
ဆီမှာအမြဲတမ်းဝယ်နေတဲ့အိမ်က ဒေါ်စောလှ ဆိုတဲ့အဒေါ်ကြီးက
” ညည်းမြို ့တက်အလုပ်မလုပ်ချင်ဘူးလား ” ဆိုကတည်းကမြို
့တက်အလုပ်လုပ် ဖို ့အ
ကြောင်းကနေ ့နေ ့ညည ခေါင်းထဲကမထွက်တော့ဘူး ။ နဖူးပေါ်လက်တင်တာကတမျို း ၊ လက်ပေါ်နဖူး
တင်တာကတဖုံ စိတ်ကူးယဉ်ခဲ့တာတွေကအခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်လိုပါပဲ ၊အဲ့ထဲ
မှာကိုယ်ဖြစ်ချင်တာ
တွေပဲထည့်ပြီးလှပတဲ့စိတ်ကူးတွေကိုဖန်တီးခဲ့ထားတာပေါ့ ။
စိတ်ကူးထဲမှာတော့ အဖေ့ကိုဆေးကောင်းကောင်းကုပေးမယ်
၊ညီမလေးနှစ်ယောက်ကို ကျောင်းထား
ပေးမယ်၊ အမေလည်းပင်ပင်ပမ်းပမ်းအလုပ် လုပ်စရာမလို တော့ဘူး ၊ဒေါ်ငွေကြည် ရဲ
့အတိုးတွေကိုလည်း
နဲနဲချင်းဖဲ့ဆပ်လိုက်မယ်ပေါ့ .၊ အို…..ကျမရဲ
့စိတ်ကူးအိမ်မက်တွေကအရမ်းကို လှပခဲ ့တာပါပဲရှင် ။
– — — — — – — – — – — — — – – —- —
ဒီလိုနဲ ့ မြို ့တက်အလုပ်လုပ်မယ့်အကြောင်း အဖေ့ကိုပြောပြ ။အမေနဲ
့တိုင်ပင် ၊ ညီမလေးတွေကိုချော့
မော့ မုန် ့ဝယ်လာမယ် ၊ အရုပ်မရုပ်ကလေးတွေဝယ်ခဲ့မယ် ဘာညာပေါ့ ။
ကိုယ့်အတွေးနဲ ့ကိုယ်ဒေါ်စောလှနောက်က အထုပ်ဆွဲပြီးလိုက်ခဲ့ရတာပေါ့ ။
လမ်းမှာတစ်နေ ့နဲ ့တစ်ည
ရထားစီးခဲ ့ရတယ် ။ တခါမှခရီးမထွက်ဖူးတဲ့သူမို ့လို ့လားမသိဘူး
အရမ်းကိုပျော်ခဲ့မိတယ် ။ရွာနဲ ့အိမ်ကို
လည်း ရထားစီးရင်း လွမ်းခဲ့ရသေးတယ် ။ ရထားလမ်းတလျှောက်တောတောင်လယ်ကွင်းတွေကလည်း
ကြည့်လို ့မဝအောင်သာယာလှပနေကြတယ် ။
—- — – – – —– – – – – — – — – — – — – – — – – – – – – – – — – –
စိတ်ကူထားတဲ့အတိုင်းသာ အားလုံးဖြစ်လာခဲ့မယ်ဆိုရင် ဆင်းရဲဒုက္ခ
ဆိုတာဘယ်ရှိပါ့မလဲနော် ။

ဒေါ်စောလှအပ်ပေးခဲ့တဲ့နေရာက စားသောက်ဆိုင်တစ်ဆိုင် ။ စားပွဲထိုုး
လုပ်ရမယ်တဲ့ ။ရောက်လာခဲ့
ပြီးမှတော့ဘာဖြစ်ဖြစ်လုပ်ရတော့မှာပဲလေ ။ပေးတဲ့လစာက လေးသောင်းခွဲ ။
ဒေါ်စောလှ ကြီးပြန်သွား
တော့ ဆိုင်ရှင် အန်တီ ကြီး ကျမကိုခေါ်ပြီးပြောတဲ့စကားက
ရောက်ရောက်ချင်းဆောက် နဲ ့ထွင်းတာ
ခံလိုက်ရတယ် ။
ဘာတဲ့ ….”ဒေါ်စောလှ ကပွဲးစားခ တစ်သိန်းခွဲ တောင်းလို
့ပေးလိုက်ရတယ် အဲဒါ…
ညည်းရဲ ့လစာသုံးလစာဖြတ်ခံရမယ် ” တဲ့ ။ကျမရဲ ့ပထမဆုံးရတဲ့လစာ အဖေနဲ ့အမေ
ကိုကန်တော့မယ်
ဆိုတဲ့စိတ်ကူး ဒီမှာ ပဲပျက်ခဲ့ရတယ်လေ ။ ကျမ သုံးလ လုံးလုံး လစာမရဘဲ
အလုပ်လုပ်ပေးခဲ့ရတယ် ။
ဒေါ်စောလှ ရဲ ့ကျေးဇူး ကြီးမားမှု လေ ။
— – — — — – —– — — — – —- – — – — — – – — — — –
— — — —
ကျမစားပွဲထိုးအလုပ်ကိုခြောက်လလောက်လုပ်ခဲ့ပြီးတဲ့အခါ
ရွာမှာရှိတဲ့အဖေ့ရဲ ့ရက်လည်ဆွမ်းသွက်
ပြီးခဲ့တာလည်းတစ်လ ပြည့်သွားပြီလေ ။ ကျမဘာဆက်လုပ်ရမလဲ ။ ရွာပြန်ပြီး
အမေနဲ ့အတူ ဈေးလိုက်
ရောင်းရမလား ။ဟင့်အင်း……ကျမ မက်ခဲ့တဲ့အိမ်မက်တွေအလကားဖြစ်သွားမှာပေါ့
။ အခုချိန်ထိစုဆောင်း
ထားတာဆိုလို ့ဘာမှမရှိသေးဘူး ။
ကျမဘဝကိုအသေးစိတ်ပြောပြရမယ်ဆိုရင် နားထောင်နေတဲ့သူတွေ ညအိပ်ညနေ လာနားထောင်
နေရလိမ့်မယ် ။ ဒီတော့ ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ လိုရင်းကိုပဲပြောပြပါ့မယ် ။
စားပွဲထိုးဘဝနဲ ့တစ်နှစ်လောက် လုပ်ခဲ့ပြီးတဲ့အချိန် တစ်နေ
့ဆိုင်ကနေ ထွက်သွားတဲ့ ကြည်ပြာ ဆိုတဲ့
သူငယ်ချင်းဆိုင်ကိုအလည်ရောက်လာတယ် ။ ကြည်ပြာ့ကို
ကြည့်ရတာအလုပ်အဆင်ပြေနေတဲ့ပုံပဲပြင်
ဆင်ထားလိုက်တာလဲလှလို ့ပလို ့။ဒါနဲ ့သူ ့ကိုမလုပ်အဆင်ပြေလား၊
ဘာတွေလုပ်နေလဲ ၊စသည်ဖြင့်ပေါ့ …
မေးမြန်းစူးစမ်းလိုက်တော့ သူက ကျမကိုသူနဲ ့အတူအလုပ်လိုက်လုပ်ပါလားတဲ့
။အလုပ်ကအရမ်းပင်ပမ်း
တာတွေမလုပ်ရဘူးတဲ့ဒီလိုပဲလှလှပပပြင်ဆင်ပြီးစားသောက်ဆိုင်မှာလာတဲ့ဧည့်သည်တွေကိုဧည့်ခံရတာတဲ့
သူ ကျမကိုဒီလောက်ပဲပြောပြတာပါ ။နောက်တော့ကျမလည်းသူ ့ကို အားကျတာနဲ
့ဆိုင်ရှင် အန်တီကြီး
ကိုပြောပြီး နောက်တစ်ခေါက်အထုပ်ဆွဲပြီး လိုက်ခဲ့ရတာက ကြည်ပြာရဲ ့နောက်က ။
– —- — – — — —- — – — —– — — – — — — – – — — —
အဲဒီအချိန်ရောက်မှကျမဘဝတစ်ဆစ်ကျိုး ခဲ့မှန်းသိရတော့တယ် ။
ကြည်ပြာအလုပ်လုပ်တဲ့ဆိုင်နာမည်က ” နတ်စည်းစိမ် ” တဲ့ ။
ကျမရောက်သွားပြီးတဲ့နောက်နေ ့က
စပြီး ကျမဆီမှာပါလာတဲ ့အဝတ်အစားတွေကို မဝတ်ရတော့ဘူးတဲ့ ။
ပုခုံးကျော်ကျော် ရှည်တဲ့ ကျမရဲ ့
ဆံပင်တွေကပုံတုံးလို ့ပြန်ပြင်ရမယ်တဲ့ ။
ကြည်ပြာကနေ တဆင့်ဆိုင်ရှင်ညွှန်ကြားလို ့ဆိုပြီး နောက်တစ်နေ ့တနေကုန်
ဈေးထဲမှာ လိုအပ်တဲ့
အဝတ်အစားနဲ ့အသုံးအဆောင်ပစ္စည်းတွေကိုသွားဝယ်ခဲ့ကြတယ် ။
အဲ့ဒီဈေးလည်းအခုတော့မီးလောင်
သွားပြီလေ ။အဲဒါတွေဝယ်ခြမ်းလို ့ကုန်တဲ ့ပိုက်ဆံကိုကျမ
လစာထဲကဖြတ်ဦးမယ်တဲ့ ။ ကဲ အရင် ဟိုဆိုင်
နဲ ့ဘာကွာလို ့လဲ ။ ကြည်ပြာကတော့ ” နင် ဒီကြားထဲ စပွန်ဆာရတဲ့ထဲက
ပေးထားလိုက်ပေါ့ ” တဲ့ ။
စပွန်ဆာ ဆိုတာဘာကိုပြောမှန်းလည်းကျမ မသိသေးဘူး ။
အဲ့ဒီအချိန်ထိ သူတို ့ဘာတွေလုပ်နေမှန်းကျမ မသိရသေးဘူး ။ နားလည်းမလည်သေးဘူး။
ဆိုင်မှာလာပြီးစားသောက်တဲ့ဧည့်သည်တွေကိုဧည့်ခံတာပဲ
ဒီလောက်ထိပြင်ဆင်ထားစရာလို လို ့လား။
ကြည့်ဦးလေ….. ဝတ်ခိုင်းးထားတဲ့အဝတ်အစားတွေကအလုံ ့တလုံ
့၊ဘယ်လိုနေထိုင်ရမှန်းကိုမသိဘူး။
မျက်နှာပေါ်မှာလည်းချယ်သထားလိုက်ကြတာ မှန်ထဲမြင်နေရတဲ့
ကိုယ့်ရုပ်တောင်ကိုယ်မမှတ်မိတော့ဘူး။
နီရဲနေတဲ့နှုတ်ခမ်းနီလည်းတခါမှမဆိုးဖူးလို ့ထင်ပါရဲ ့စီးကပ်ကပ်ထူလပျစ်နဲ
့ဆံပင်တွေလည်းကုတ်ဝဲ
လောက်ညှပ်ပြီး နီညိုရောင်ဆိုးပေးထားကြတယ်လေ ။ တကယ့် ဒုက္ခ .. ။
တခြားကောင်မလေးတွေတက်ကြွနေသလောက်ကျမမှာကျင့်သားမရသေးတဲ့အသုံးအဆောင်ပစ္စည်း
တွေနဲ ့နေရထို်င်ရတော်တော်ကိုခက်ခဲခဲ့ရတယ် ။ ဒီကြားထဲ အရက် ဘီယာလာသောက်တဲ
့ကိုရွှေဧည့်သည်
တွေကငြိမ်ငြိမ်နေတာမဟုတ်ဘူး ။ကြည့်နေကြတဲ့ မျက်လုံးတွေက တကယ်ကြောက်စရာစူးရဲနေတာပဲ ။
တခါတခါ သူတို ့ပြောတဲ့စကားတွေကလည်း နားရှက်စရာတွေကြီးပဲ ။ ကျမကတောသူဆိုတော့သွယ်
လျလျခန္ဓာကိုယ်ပိုင်ရှင်တော့မဟုတ်ပါဘူး ။အသားညိုညို တုတ်တုတ်ခိုင်ခိုင်နဲ
့လေ ၊လမ်းလျှောက်ရင်လည်း
ခြေလှမ်းကျဲလွန်းလို
့ဆိုပြီးကြည်ပြာကကျမကိုလမ်းလျှောက်ရင်ဘယ်လိုလျှောက်ရမယ်ဆိုပြီးသင်ပေးလေ
ရဲ ့။ ကျမရဲ ့လက်ဦးဆရာတွေထဲကြည်ပြာ့ကိုပါထည့်ထားရမယ်ထင်တယ်နော် ။
— — – — — — – – — — – — – — – – — — — – – – – – — —
— – – – – — —
သုံးလလောက်ထိဒီလိုပဲဧည့်ကြိုတဲ ့အလုပ်ပဲလုပ်ရတယ်
။ရတဲ့လစာကခြောက်သောင်း ။ တခါတလေ
သဘောကောင်းတဲ့ဧည့်သည်တွေမုန် ့ဖိုးဆိုပြီးပေးပေးခဲ့တာကတစ်ညတစ်ည ကိုလေးငါးထောင်လောက်
ရတတ်တယ် ။ ဒီလိုတွေရရ နေတာတွေကိုကျမ မက် မှန်းမသိ မက်လာတယ် ။ပိုပြီး
လိုချင် လာတယ် ။
စပွန်ဆာဆိုတာ ဒါကိုပြောတာလား သိလာသလိုပဲ။ သက်သက်သာသာနဲ ့ရခဲ့တာကိုး ဧည့်သည်တွေနဲ ့
စားပွဲဝိုင်းမှာအတူထိုင် ၊သူတို ့မှာထားတာတွေစားရင်း
အာလာပသလာပတွေပြောရယ်လိုက်မောလိုက်
နဲ ့ပေါ့ ။
” ဪ….ဒီလိုဆိုတော့လည်း ပိုက်ဆံရှာရတာဘာခက်လို ့လဲ ” ဒါ
ကျမခေါင်းထဲ ကိုပေါ့ပျက်ပျက်
နဲ ့ဝင်လာတဲ့အတွေး ။ တဖြေးဖြေးနဲ ့ကျမဟာ ငါးမျှားချိတ်ကိုမမြင်ဘဲ
ငါးစာကိုပဲ လိုက်ဟပ်နေတဲ့ ငါးတစ်
ကောင်ဘဝကိုရောက်မှန်းမသိရောက်နေတော့တယ်။
—– — – – — – — – – — — – — —- – – — – — — —- — –
ကျမဒီဆိုင်ရဲ ့လုပ်ငန်းတော်တော်များများကိုသဘောပေါက်သိလာရတဲ့အခါ
တုန်လှုပ်တဲ့စိတ်တော့ဖြစ်ခဲ့မိတယ် ။
” ပုဇွန်ဆိတ်လေးဘယ်လောက်ပဲငယ်ငယ်ပင်လယ်တော့ကူးကြည့်ချင်တယ် ” ဆိုသလို
ပေါ့ ။ ဘာတွေကကျမကို
တွန်းအားပေးနေတာလဲ ။ ပိုက်ဆံကိုလွယ်လွယ်လိုချင်တဲ့လောဘ ၊
ငယ်ရွယ်နုပျိုသွေးသားဆူဖြိုးချိန်မှာလက်တည့်စမ်း
ကြည့်ချင်တတ်တဲ့ဆန္ဒ တွေကြောင့်လို ့ထင်ပါတယ် ။
“မီးလောင်ရာလေပင့်” တဲ့စကားတွေက
“ကာကွယ်ဆေးထိုးထားရင်ဘာပြဿနာမှမရှိနိုင်ဘူး “တဲ့ ။
အမှန်တော့ လတ်သလောပြဿနာတွေကိုပဲဖြေရှင်းပေးနိုင်တဲ့ ဆေးတွေလေ ။
တစ်ဘဝလုံးရဲ ့ပြဿနာတွေကို
ကာကွယ်ပေးနိုင်တာမှမဟုတ်တာ ။ ကျမ ရဲ ့အသိကိုအမှောင်းဖုံးခံလိုက်ရတဲ့အခါ
မျက်စိတဆုံးကိုမမြင်နိုင်ခဲ့ဘူးလေ။
— — – – – – – – – – – — – – – – — – – – – – – – – – – – –
ရွာမှာကျန်ခဲ့တဲ့အမေနဲ ့ညီမလေးတွေ ကိုတော့
အဆင်ပြေရင်ပြေသလိုပိုက်ဆံတွေပဲ ပို ့ပေးဖြစ်ပါတယ် ။
အခုဆိုညီမလေးနှစ်ယောက်ကျောင်းတက်နေပြီလေ ။
အမေကတော့တပိုင်တနိုင်ဈေးရောင်းနေတုန်းပါပဲ ။
ဘာလို ့အိမ်မပြန်တာလဲ ဆိုတော့ ။ ကျမ အမေ့ကိုမျက်နှာမပြရဲဘူး ။
ရှက်လည်းရှက်တယ် ။ ကျမဒီလို အလုပ်
လုပ်နေတာကိုအမေသိသွားရင် အမေရှက်လို ့သေလိမ့်မယ် ။
စားပွဲထိုးလုပ်နေတယ်လို ့ပဲသိထားတာလေ ။
တစ်သက်လုံးမပြန်လို ့တော့မဖြစ်နိုင်ဘူးဆိုတာ သိပေမယ့် အခုတော့
ရင်မဆိုင်ရဲသေးဘူးလေ။
ကျမအသိစိတ်ဝင်လာတဲ့အချိန်ကျမဟာအမှောင်ထဲကလူဖြစ်နေပြီ။
ဒီဘဝထဲကရုန်းမထွက်ချင်ဘူးလား လို ့မေးလိုက်တာလား ။
ကျမလိုချင်တဲ့ပန်းတိုင်ရောက်ရင်တော့ ရုန်းထွက်
နိုင်လိမ့်မယ်လို ့ထင်ထားခဲ့တာ အခုတော့ကျမ ရဲ ့ရည်ရွယ်ချက်ပန်းတိုင်က
ဘယ်မှာမှန်းမသိအောင်ပျောက်ဆုံးနေခဲ့
ပါပြီ ။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို ့ထင်ထားတဲ့ကမ္ဘာလေးက
ရေအိုင်လေးဖြစ်နေတယ်လေ ။ ကိုယ်ရွေးခဲ့မိတဲ့ဘဝ
မှာဘယ်သူကရောကျမရဲ ့ညစ်နွမ်းတဲ့ဘဝကိုကယ်ထုတ်ချင်ပါ့မလဲ ။ ကျမကိုယ်တိုင်က
ရွှံ ့အိုင်ထဲကညစ်ပတ်တဲ့ရေဖြစ်
သွားပြီလေ ဘယ်သူတစ်ဦးက အမြတ်တနိုးသိမ်းထားချင်ပါ့မလဲ ။
ဘဝကိုဖြတ်လမ်းကနေလိုက်ခဲ့မိတော့ နောက်ပြန်ဆုတ်ဖို
့လာရာလမ်းကိုပြန်လှည့်ကြည့်မိတဲ့အခါ မှားယွင်းတဲ့
လမ်းပေါ်ကလျှောက်ခဲ့တာဟိုးအဝေးကြီးမှာရောက်နေပြီလေ။
ဘဝတူချင်းအားပေးစကားပြောကြရုံကလွဲပြီး ရွေးစရာ
လမ်းတော်တော်ရှားပါးခဲ့ပါပြီ။ လူတကာရဲ ့မှေးငေါ့ မျက်စောင်းထိုးပြီး
မဲ့ရွဲ ့သွားအောင်ပြောဆိုလာကြတဲ့စကားတွေကို
မကြားသလို မျက်နှာလွဲအံကြိတ်ထားဖို ့ပဲရှိတော့တယ် ။ရုန်းလေနစ်လေ
ဘဝကိုပိုင်ဆိုင်ထားရတဲ့သူပေါ့ ။
— – – — — — — – — — – – — – — — – – – – – – – – – –
သန် ့ရှင်းတဲ့လေကိုရူရှိုက်ဖို ့လွယ်ကူပေမယ့် သန် ့ရှင်းတဲ့လူ
့အတိုင်းအဝိုင်းထဲ ပြန်လည်နေထိုင်ဖို ့ဆို တာအရမ်း
ကိုခက်ခဲသွားပါပြီ ။ ကျမ ခြေလှမ်း ကျဲ ခဲ့ပါတယ် ။
ကျဲတဲ့ခြေလှမ်းတွေမှားခဲ့ပါတယ် ။

== == == = == = == = == = == = == = = = == = = = == = == =

LuLu
Taunggyi
11 : 47 PM
2.7.2014 , Wed.
:mrgreen:

25 comments

  • Shwe Poe

    July 3, 2014 at 12:34 am

    😥

    သူတို ့ဘဝလည်းသနားစရာပါလားနော်
    🙁

  • surmi

    July 3, 2014 at 7:07 am

    တော်တော်ရဲရင့်တဲ့ အရေးအသားပါဘဲ
    လေးလေးစားစား ဖတ်သွားပါတယ် ။
    ဆွေးနွေးစာရာလေးများအတွက် နောက်မှပြန်လာခဲ့ပါမယ် ။

    • lu lu

      July 3, 2014 at 12:03 pm

      ဝင် ဖတ်ပေးသွားတဲ့အတွက်ကျေးဇူး ပါ ကိုဆာမိ
      လုလုဆီမှလည်းဒီပို ့စ်နဲ ့ပတ်သက်ပြီးပြောပြချင် တာတွေရှိပါတယ်
      🙂

  • Ma Ma

    July 3, 2014 at 8:18 am

    ဘဝအကူးအပြောင်းညှင်သာလှတယ်။
    တကယ့် လက်တွေ့ဘဝတွေမှာလည်း အဲလိုဖြစ်တာတွေ ဖြစ်မယ်။
    တခြားလူက အနိုင်ကျင့်ပြီး အတင်းဆွဲသွင်းတာတွေ ရှိနိုင်သလို အခုလို ပြောင်းလဲသွားတာတွေလည်း ရှိမှာပဲ။
    အကြောင်းအရာရော၊ အရေးအသားပါ သဘောကျတယ်။
    Bravo! 🙂

    • lu lu

      July 3, 2014 at 12:08 pm

      အပြင် မှာမြင် တွေ ့ရတဲ့ဘဝတစ်ခု ကို ကိုယ်တိုင် ဝင် ခံစားပြီး
      ရေးခဲ့တာပါ သဘောကျတယ် ဆိုလို ့အရမ်းဝမ်းသာပါတယ်
      ဆက်လက်ကြိုးစားပါ့မယ်
      :mrgreen:

  • kyeemite

    July 3, 2014 at 10:41 am

    ဒီဇတ်လမ်းမျိုးက အပြင်မှာတကယ်ရှိနေတာတွေပါပဲ…အများစုက ခုလိုပဲ ငွေနောက်လိုက်ရင်းဒီဘဝကိုရောက်ရတာပါပဲ….စာရေးတော်တော်ကောင်းတာကိုတော့
    ချီးကျူးပါရစေဗျာ…

    • lu lu

      July 3, 2014 at 12:24 pm

      ကျေးဇူးပါကိုကြီးမိုက် ရေ
      ငွေကြောင့်ပျက်စီးခဲ့ရတဲ့သူတွေထဲမှာ ဒီလိုဘဝပိုင် ရှင် တွေကပို
      ရင် နာသနားဖို ့ကောင်းပါတယ်
      🙁

  • Wow

    July 3, 2014 at 11:01 am

    အပြင်မှာ တကယ့်အဖြစ်များ တွေ့ရလေ့ရှိတဲ့ ဘဝလေးတွေပါပဲ :hee:

  • Kaung Kin Pyar

    July 3, 2014 at 1:55 pm

    ဒီလိုဘဝလေးတွေ ဘယ်လောက်တောင် များနေမလဲလို့ တွေးမိသွားတယ်…လုလုရေ…။ ဘဝပေးအခြေအနေကြောင့်၊ ငွေကြေးကြောင့်မှာ ဘာကို အပြစ်တင်ရမယ်မသိ…
    😥

    • lu lu

      July 3, 2014 at 4:37 pm

      :buu:
      ဘာကိုအပြစ်ဖို ့ရမလဲ အားလုံးကအမှန်တရားတွေ
      ရှောင် လွဲလို ့မရတဲ့လောကဓံ မှာ အားလုံးကတရားခံတွေလား

  • ဦးကြောင်ကြီး

    July 3, 2014 at 2:42 pm

    ကေအိုင်အို ကချင်သဗုံမ လုလုလေးကို ဦးကြောင် လွတ်လပ်ရေး ပေးချဉ်သယ်..အဲဒါ တနေရာရာမှာ ချိန်းတွေ့ယအောင်… အိမ်ကွင်းလား အဝေးကွင်းလား… ယွေး

    • lu lu

      July 3, 2014 at 4:41 pm

      ဦးကြောင်ကြီးကို စားမြီ
      ဘယ်ကွင်းရွေးရပါ့ တော်ဘီကြောက်တယ်
      လာဝင် ဖတ်ပေးသွားဦးကြောင် ရေ ကျေးဇူးပါ နော်

      ပုံ/ ကချင် သဗုံ

  • ဇီဇီ

    July 3, 2014 at 7:22 pm

    အရေးအသားးး – ညက်ညော ဖတ်ကောင်း
    ဇာတ်လမ်းး – သဘာဝကျ

    သနားစရာပဲ။
    ဘယ်လို ဘယ်က စပြီး ကယ်တင်ကြရမလဲပဲ မသိဘူးးး
    လုပ်ချင်လို့ ဒီ အလုပ်မျိုးကို လုပ်တဲ့သူထက် မလုပ်ချင်ပဲ လုပ်နေရတဲ့ ဘွတွေကို သနားတယ်။

    :hint:

  • naywoon ni

    July 4, 2014 at 2:13 am

    ထူးမခြားနား ဒီလိုနဲ့နားကား သွားတာ​တွေများ​ပေါ့ ။

  • manawphyulay

    July 4, 2014 at 11:30 am

    ကျမ ခြေလှမ်း ကျဲ ခဲ့ပါတယ် ။
    ကျဲတဲ့ခြေလှမ်းတွေမှားခဲ့ပါတယ်။
    မှားခဲ့တဲ့ အရာတွေအတွက် ပြင်ဆင်ချိန် နောက်မကျသေးပါဘူး။

    အရမ်းကောင်းတဲ့ပိုစ့်လေးတစ်ခုပါပဲ။ ဘဝနေဝင်ချိန်တွေမှာ ညငှက်တွေအတွက် လှုပ်ရှားနေတဲ့ ဘဝလေးတွေမှ လွတ်မြောက်ကြစေဖို့ သူတို့လေးတွေ ဖတ်မိစေချင်တဲ့ဆန္ဒ ရင်ထဲမှာ တဖွားဖွား ပေါ်ပေါက်လာပါတယ်။

    • lu lu

      July 4, 2014 at 12:24 pm

      ဝင် ရောက်ဖတ် ရှုအားပေးခဲ့တဲ့အတွက် ကျေးဇူးတင် ပါတယ် အစ်မမ နော်ဖြူ ရေ
      အပြင်စာဖတ်သူတွေထဲမှာဒီလိုဘဝပိုင် ရှင် တွေများပါခဲ့ရင် လည်းဖတ်စေချင် သိ စေ
      ချင် ပါတယ် သူတို ့ဘဝကိုစာနာနားလည်ပေးတတ်သူတွေရှိပါသေးတယ် ဆိုတာကို
      :buu:

  • မဟာရာဇာ အံစာတုံး

    July 4, 2014 at 12:57 pm

    ဪ ….
    ဘဝ တွေ၊ ဘဝ တွေ …
    😥
    ရေးသူကလည်း ရေးတတ်ဘာဘေ့ကွယ် …

  • ပါဝင် က ပြ ကြည့် ရူ့ အားပေး ဆို ပြီး ဒီ လို ဘဝ မျုိုးလေးတွေ ကို ခြောက်ပိုင်းခွဲ ပြီး ရေ း ခဲ့ ဘူး တယ်။

    ဒီ လို ဘ ဝ တွေ က ခေတ် အဆက် ဆက် မရိုး နို်င် သော ဇာတ်လမ်းတွေ နဲ့ ရှိ နေဆဲပ ါဘဲ။

    လင့် လေး ပေး လိုက် ပါ တယ်
    http://myanmargazette.net/43038
    ဒါကတော့ အပိုင်း 3

    http://myanmargazette.net/43077

    ဒါကတော့ နောက်ဆုံး အပိုင်း ပါ

    • lu lu

      July 4, 2014 at 9:23 pm

      ဟုတ်ကဲ့ ကျေးဇူးပါလေးပေါက်
      ရှာဖတ်လိုက်ပါ့မယ်
      ဒီလိုဘဝ တွေရှိနေ သ ရွေ ့ဒီလိုဇာတ်လမ်းတွေလည်းဘယ်တော့မှ
      ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး
      🙂

  • အရီးခင်

    July 5, 2014 at 1:54 am

    အဖွဲ့အနွဲ့ လက်ရာကောင်းလေး မို့ ဖတ်ပြီး စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိပါတယ်။
    ဒီမှာတော့ ဆင်းရဲလို့ မိသားစုကို ကျွေးဖို့ ကိုယ်နဲ့ ရင်းပြီး ငွေရှာ စရာမလိုဘူး။
    အစိုးရက ကျွေးလိမ့်မယ်။
    ကိုယ်နဲ့ ရင်းပြီး ငွေရှာတာက အများစု က ဆေးစွဲနေလို့။
    တကယ်တော့ မြန်မာပြည်မှာ မှ မဟုတ်။
    အစိုးရ မကောင်းတဲ့ အကြီးအကျယ် ချ စားတဲ့ နိုင်ငံတိုင်းမှာ ဒီလို ဘဝ တွေ အများကြီးပါဘဲ။

  • alinsett (gazette)

    July 5, 2014 at 10:26 am

    ဝါကျ အတိုလေးတွေနဲ ့..ခပ်ပြတ်ပြတ်ရေးထားတာလေး..သတိပြုမိတယ် ။
    အဲဒီ အရေးအသားကပဲ..ဖတ်တဲ ့သူတွေကို..တပါတည်း.ဆွဲခေါ်သွားပြီး..
    အဆုံးထိ..ရောက်…သက်ပြင်းလေး..ဟင်းးးးးခနဲ…ချမိစေတာလို ့ထင်တယ်.. ။

  • lu lu

    July 6, 2014 at 9:12 am

    ဖတ် ရှုအားပေး ဝေဖန်ပေးသွားတဲ့ အရီးခင် နဲ ့ကိုအလင်းဆက် ကိုလည်း ကျေးဇူးတင် ပါတယ် ရှင့်
    Comment တွေကို အနှုတ် တွေနဲ ့ဝင် ရောက်ဖတ် ရှုအားပေးသွားတဲ့နောက်
    တစ်ယောက်ကိုလည်းကျေးဇူးတင် ပါတယ် ရှင့်
    ဆက်လက်ကြိုးစားနေပါဦးမယ်
    :mrgreen:

  • kai

    July 7, 2014 at 9:12 am

    နှိုင်းပြချင်လို့ပါ..
    ဂျပန်မှာ.. ယူအက်စ်မှာ..
    တိုကျိုမှာ.. လတ်စ်ဗေးဂတ်စ်မှာ.. အဲလိုအလုပ်တွေ.. ငယ်ဂုဏ်ရှိတုံး တောနယ်ကမိန်းကလေးတွေ လာလုပ်ကြတာပဲ..
    ရုပ်ရည်အလိုက်.. အလုပ်အကိုင်..အခွင့်အလန်း..နေရာအမျိုးမျိုးရှိတာပါ..။
    မြန်မာပြည်နဲ့ကွာတာက.. သူတို့ဝင်ငွေအရမ်းကောင်းတာပါ..။ တလ သောင်းသိန်းပေါ့…။

    ရည်မှန်းချက်ကြီးသူတွေက… သူတို့ရတဲ့ဝင်ငွေကို စုတယ်..။ ပြီးတော့.. သူဇာတိနယ်ပြန်တယ်..။
    ကိုယ်ပိုင်လုပ်ငန်းထောင်တယ်..။ ကောင်းရာမွန်ရာ ပါတနာကိုရှာယူတယ်..။
    အဲလို…

    ဆိုတော့..
    မြန်မာပြည်မယ်…ဒီလိုဘဝတွေကို.. လျှော့နည်းပြောင်းလဲသွားဖို့.. မျှော်လင့်ချက်အနာဂတ်တွေရှိဖို့… ပေါ်လစီပြင်ရပါမယ်..
    … ပထမခြေလှမ်းအဖြစ်..
    ဆိုင်ရာ ပြည့်တန်ဆာ၊ ကလပ်၊ ရှိုးပွဲလိုင်စင်တွေကို.. ဆိုင်ရာပြည်နယ်ဒေသတခုခုတွင်.. လွတ်တော်ကနေ ဥပဒေပြုချပေးပြီး.. တရားဝင်.. စနစ်တကျဖြစ်ကြရမှာပါ….
    ရောဂါတွေပြန့်ပွားမှုနည်းလာမယ်..။
    အလုပ်အကိုင်အခွင့်အလန်းတွေတက်လာမယ်…။
    အနိုင်ကျင့်.. ဖိအားပေးမှုတွေကျလာမယ်..။
    ဒေသဖွံ့ဖြိုးမှုရှိလာ..ရလာမယ်..။

    တရားဝင်ဖြစ်သင့်ကြောင်း…။ :mrgreen:

    • surmi

      July 7, 2014 at 9:38 am

      ရှေ့ကသွားမယ်
      သဂျီးနောက်ကလိုက်မလား ??,
      .
      .
      .
      .
      ဟို .… ဘိ ကိုသွားမှာမဟုတ်ဘူနော် :kwi:

      အဲဒီလို အကြောင်းအရာအထောက်အပံ့ပို့စ်တင်မယ်လို့ပြောတာ
      အဲဒါ သဂျီးအားဖြည့်မလားးးးးးးး လို့ 🙂

  • manawphyulay

    August 5, 2014 at 12:26 pm

    တဖြည်းဖြည်းနဲ့ သန့်ရှင်းတဲ့လေကို ရှူဖို့ နယ်မြေကျဉ်းမြောင်းလာခဲ့သလို
    သန့်ရှင်းသော လူတွေကို တွေ့ရှိဖို့ မျက်မှန်ထူထူ တပ်ဖြစ်နေပါပြီ။ :boss:

Leave a Reply