ဘယ်သူ တွေ ကြောင့်……………….
အခု အချိန် မှာ မန်းလေးမြို့ ကြီး မှာ ဆူ ညံ ပွက်လော ထ
ည လဲ မ ထွက် ရ
ဒီ လို အေးချမ်း သော မြု ိ့ ကြီး ကို ပူ လောင် အောင် ဘယ် သူ တွေ က လ ုပ် နေပါလိမ့်
ကိုပေါက်ရဲ့ စနက်ရှော့မ ဟုတ်တဲ့လက်ဆော့
4-7-2014

2 တောင် သမန် နံနက်ခင်း
3 နန်းမြို့ရိုး
4 မန်းလေး
Post Views: 679
33 comments
ကထူးဆန်း
July 4, 2014 at 7:28 pm
ဖွဘုတ် တွေလည်း အချိန်နဲ့ ပိတ် ..
တကယ်တော့ ငါ ငါ ငါ ဆိုတဲ့ ငါစွဲ တွေကြောင့်ပါဘဲ လေးပေါက်ရယ်..
naywoon ni
July 4, 2014 at 7:35 pm
ဟုတ်ပါ့ ကထူးဆန်းရယ် ဖွဘုတ်ကလွဲရင် ကျန်တဲ့ ဝက်တဲ အဲ့အဲ့ ဝက်ဆိုဒ်တွေအားလုံးအိုကေပါပဲဗျာ ၂ည ရှိဘီ
ကိုပေါက်ရေ ပန်းသခင် သွားမထိုင်နဲ့ဦးနော် ပြောသာပြောရ ဖွင့်ကော ဖွင့်ရဲ ရဲ့လားမသိ ။
ကိုပေါက်(မန္တလေး)
July 4, 2014 at 7:48 pm
မဖွင့် ပါ ဘူး ဗျာ
ကိုပေါက်(မန္တလေး)
July 4, 2014 at 7:36 pm
မှန် တာေ ပါ ့ က ထူး ဆန်း ရယ်
မောင် တင် ဘယ် သူ့ ကို မှ အပြစ် မတ င် ဆို တဲ့ သီချင်းလို့ ပါ ဘဲ
ကိုယ့် ကို ယ် ကို သာ အပြစ် တင် မိ ပါ တယ်။
Fall Guy
July 4, 2014 at 7:47 pm
ဘယ်သူတွေကြောင့်လဲဆိုတာ မြို့ခံလူထုကသိပြီးသားပါ ကိုပေါက်ရေ
ဒါပေမယ့် စုန်းပြူးးတွေကလဲ အများသားပါဗျာ ရဲတွေကလဲအရေးမယူပဲ
ပြသနာမကြီး ကြီးအောင် အချိန်ယူစောင့်ပေးနေကြတယ်
ဘယ်သူကမြှောက်ပင့်ပေးနေတယ်ဆိုတာလဲ မမြင်ချင်မသိချင်တာ
တောင်မရဖူး အထင်းသား …
တရားဥပဒေစိုးမိုးရေးဆိုတာ အိပ်မက်တစ်ခုအလားပါဘဲ မြို့ခံလူထု
ကတော့ တော်တော်စိတ်ကုန်နေပါပြီ ဘာသာရေး အဓိကရုဏ်းမဟုတ်
အကြမ်းဖက်သမားတွေပြုသမျှ ပြည်သူလူထုအကာကွယ်မဲ့နေတာပါဗျာ…
ကိုပေါက်(မန္တလေး)
July 4, 2014 at 7:50 pm
အလှည့် တွေ ကို မြင် တတ် မှ ဖြစ် မယ်
Ma Ma
July 5, 2014 at 9:47 am
(အလှည့် တွေ ကို မြင် တတ် မှ ဖြစ် မယ်)
အဲဒီစကား လေးနက်တယ် ကိုပေါက်ရေ။
သဘာဝတရားက မျှတတယ်။
နောင်တစ်ချိန်ကျမှ ပြန်ပြင်ဖို့ အချိန်မရပဲ နောင်တနဲ့ ယူကြုံးမရဖြစ်ရမှာ တွေးမိရင် ကြောက်စရာကြီး။ 🙁
ကိုပေါက်(မန္တလေး)
July 5, 2014 at 12:47 pm
ဟုတ်တယ် မမ ရေ
ဆင် ခြင်တွေးခေါ် မူ့ ကို အခြေ ခံ တဲ့ ဘာ သာ တရား ကို နာ ယူ လက် ခံ သူ တွေက
အဆင်ခြင် မဲ့ စွာ မလုပ် မိ ဘို့ အရေး ကြီး တယ် နော်
ဦးဦးပါလေရာ
July 4, 2014 at 8:51 pm
နှစ်ဖက် ဘာသာရေးခေါင်ဆောင်တွေ ဝိုင်းထိန်းတယ်ဆိုလို့ နဲနဲတော့ စိတ်အေးရတယ် ကိုပေါက်ရေ
ကိုပေါက်(မန္တလေး)
July 5, 2014 at 12:57 pm
ဦးပါ ရေ
အဲ လို ဝို်င်း ထိန်း ပေး တာ ကို နား ထောင် သူတွေ ရှိ နေ လို့ အခု ထက် ပို မဆိုး တာပါ
အရီးခင်
July 5, 2014 at 2:25 am
ဒါထက် ထူးတဲ့ ဇာတ်လမ်း မထွင်တတ် လို့ပါတဲ့။
ရာဇဝင်ထဲ အဆဲခံ ဖို့ လုပ်ပြနေရတာ ရာဇဝင် က တောင် လက်မခံချင်တော့ဘူးတဲ့။
ကိုပေါက်(မန္တလေး)
July 5, 2014 at 9:25 am
ခက် ထာ က အဲ ဒီ ဇာတ်ညွှန်း ရိုး ရုးိ လေး ထဲ မှာ ဝင် ဝင် က နေတဲ့ လူ တွေ ကဆိုး တာ
အမျုို း ဘာ သာ သ သ နာ ဆို တာ ကို ကောင်း တဲ့ ဘက် မှာ မှန် ကန်အောင် အသုံး မချ နိုင် သူ တွေ ရှိ နေတာ ဆိုး တာ ဗျ
kyeemite
July 5, 2014 at 10:08 am
San Yu
ဟေ့ကောင်တွေ
ကြက်တန်းက ကုလားရာဂျူ းကငါ့သူငယ်ချင်း
တရုတ်တန်းက တရုတ်လေး ခြောက်ကောင်ကလည်းငါ့သူငယ်ချင်း
ဒီကောင်တွေ
ကထိန်ဆိုလည်း အလှူငွေထည့်တယ်
အာစရိယပူဇော်ပွဲဆိုလည်း အလှူ ငွေထည့်ပြီးထိုင်တောင်ကန်တော့ကြတယ်။
ရာဂျ ူ းတို့ ခြောက်ကောင်တို့က
မန်းလေးဆေးရုံကြီးမှာငါနဲ့အတူတူမွေးတဲ့ကောင်တွေ
ဒီကောင်တွေဆိုင်တွေမှာရောင်းနေတာတွေကလည်း
မြန်မာငွေနဲ့ဝယ်ပြီး မြန်မာငွေနဲ့ပဲပြန်ရောင်းတဲ့ပစ္စည်းတွေ
ငါတို့ကူညီစောင့်ရှောက်ရမှာပေါ့
ငါတို့မန်းလေးသားတွေပဲလေ
ခုတော့
အတွေးအခေါ်တွေကျဉ်းမြောင်းပြီး
တွင်းဟောင်းကချီးပိုချိ ု နေကြပြီလား
ဒီနည်းဟောင်းကြီးနောက်လိုက်ပြီး
မြို့ကြီးကိုဖြိုဖျက်ချင်နေပြီလား
ရာဂျ ူ းဆိုတဲ့ကောင်ဘယ်လောက်ဗလီတက်တက်
၂၆ ဘီလမ်းကိုလျှာနဲ့လျှက်မတတ်ချစ်တဲ့ကောင်
ခြောက်ကောင်ဆိုတဲ့တရုတ် နှစ်သစ်ကူးမှာ
နဂါးအကအဖွဲ့နဲ့လိုက်နေလည်း
ဥပုတ်နေ့ဆိုဆွမ်းလောင်းသင်းရောက်လာတဲ့အကောင်
ဒါ မန်းလေးပဲ။ ဒါ မန်းလေးပဲ။ ဒါ မန်းလေးပဲ။
မန်းလေးမဟုတ်တဲ့သူ ဘယ်သူ့စကားမှ မန်းလေးကလက်ခံမည်မဟုတ်။
San Yu’s status update.
ကိုပေါက်(မန္တလေး)
July 5, 2014 at 1:07 pm
ကိုမိုက်စ်
ကဗျာ လေး က တော ့ တကယ့် အနှစ်ဗျာ
ရှယ်ပေး တာ ကျေး ဇူး တင် ပါ တယ်
kyeemite
July 5, 2014 at 1:35 pm
ကိုပေါက်ရေ..ခင်ဗျားပို့စ်နဲ့လိုက်ဖက်လို့ တွဲပေးလိုက်တာပါ…
မန်းလေး အမြန်ငြိမ်းချမ်းပါစေ….
surmi
July 5, 2014 at 11:47 am
မန်းလေးကိုတောင် ဟပေး လိုက်ပြီဆိုရင်
နောက်ဆုံးဝှက်ဖဲက
ရန်ကုန်များ ဖြစ်နေမလား 🙁
ကိုပေါက်(မန္တလေး)
July 5, 2014 at 1:40 pm
ကို ဆာ ရေ
ရန် ကုန် တော့ မ ဟုတ် လောက် သေး ဘူး ထင် တာဘဲ
ဇီဇီ
July 5, 2014 at 12:52 pm
ပြောရမှာ စိတ်ကုန်လို့ ကို မပြောချင်တော့တာ။
အာဏာသိမ်းချင်လည်း ပြန်သိမ်းကြတော့။
ဒီလောက် လိုချင်တဲ့ ဟာပြန်ပေးလိုက်ကြတော့။
ဘာမှ မဆိုင်တဲ့ အသက်တွေ လုံခြုံမှုတွေ ချကျွေးနေရတာ မတန်လိုက်တာ။
တရုတ်ကြီးက နန်းတွင်းကိုလိုချင်တယ် ဆိုလည်း ပေးလိုက်တော့။
စစ်တပ်က ရောင်းစားချင်တာတွေ ဒီတိုင်းပြည်မှာ ကျန်နေသေးတယ် ဆိုလည်း ပေးလိုက်ကြတော့။
ဒီလို ညဏ်နည်းနည်း အချင်းချင်းဖက်ကိုက်နေတာ မြင်ရတာ စိတ်ဆင်းရဲလိုက်တာ။
ကိုပေါက်(မန္တလေး)
July 6, 2014 at 8:44 am
လှည့် တာကို လှည့် မန်း မသိ နေ သေး သမျှ တော့ ခံ ပေ အုံး တော့ ဇီဇီ ရေ
ဇီဇီ
July 6, 2014 at 8:51 am
လေးပေါက်လည်း ဓာတ်ပုံရိုက်ဆိုပြီး ဟိုသွား ဒီသွား သတိထားဦးနော်။
Paing Lay
July 5, 2014 at 2:33 pm
ဝံကြီးတွေလည်း ဟာသပြောတတ်သလို ဖွဘုတ်မှာလည်း လူကြမ်းတွေရှိသေးသကိုးဗျ။ အဲ့လူကြမ်းတွေကို အူးဘလက် နဲ့တိုင်ပင်ပြီး ဗွီဒီယိုရိုက်ခိုင်းဦးမှထင်တယ် 😀
ကိုပေါက်(မန္တလေး)
July 6, 2014 at 12:37 pm
ဖွဘုတ် မှာ လူ ကြမ်း လဲ ရှိ မျို းချစ ်ပုဂ္ဂိုလ် တွေ လဲ ရှိ ပါဗျား
TNA
July 5, 2014 at 5:29 pm
ပုံတွေလှလိုက်တာလေးပေါက်ရယ်။ တကယ့်ကိုလက်ရာကောင်းကောင်းရိုက်ထားတာပဲ။ ဟိုနန်းမြို့ရိုးနဲ့ကျုံးပုံအကြိုက်ဆုံးပဲ။
ကိုပေါက်(မန္တလေး)
July 6, 2014 at 12:40 pm
မယ်သဲ ရေ ကျုံး နဲ့ မြို့ရိုးက မန်းလေး တောင် အရှေ့ ဘက်ခြမ်းက တက် ရိုက်တာ ။
အဲဒီ နေရာက လူ တွေ သိ် ပ် မသိဘူး။
captainamerica
July 5, 2014 at 7:42 pm
ဒီလောက် ရိုးစင်းတဲ့ အကွက်ထဲမှာ ခဏခဏမိနေတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်
မန္တလေးလို အရင်တုန်းက မြန်မာပြည် ဒုတိယ မြို.တော်လိုသတ်မှတ်ထားတဲ့မြို.မှာ ဖြစ်တယ်ဆိုတာ
တွေးကြည့်ရင် ယုံစရာတောင်မရှိဝူး 🙄
ကိုပေါက်(မန္တလေး)
July 6, 2014 at 12:42 pm
အခု ဖြစ်သွားတဲ့ ကိစ္စ မှာ တော့ အတော် လေး သတိထား ပြီ း ရှောင် နိုင် ကြ ပါတယ်
ဟို ဒင်း
July 5, 2014 at 10:06 pm
အလိုလေး – ဖက်ကိုက်ကြတယ် တဲ့လား – ရက်စက်တာ –
မန်းလေး သူ မန်းလေး သား များကို ဖက်ကိုက်တယ်လို့ ဆိုလိုက်တာများလား –
ကြားလို့ မှ ကောင်းကြသေးရဲ့လား –
ကိုပေါက်(မန္တလေး)
July 6, 2014 at 12:43 pm
အော် မောင် ဟိုဒင်း ကလဲ
ဖက် ကို က် တယ် ဆို တာ တင် စား တာ တင်စား တာ
Mr. MarGa
July 7, 2014 at 7:59 pm
ဘယ်သူတွေ ကြောင့်
လူတွေ ကြောင့်
ဘယ်လိုလူတွေ ကြောင့်
…………… တွေ ကြောင့်
ကျနော်တို့ မန်းလေးကို အိုးမည်းသုတ်သွားကြတယ်
🙁
ကိုပေါက်(မန္တလေး)
July 8, 2014 at 11:25 am
လုပ်စား ချင် သူ ကြား မှာ
မျက်နှာ ဖုံး စွတ် ထားတ ဲ့
ဟို မျုးိ ချစ် ပုတ် ကို ယ် ဆို တဲ့ လူ တွေ
ကား ယား ကား ယား နဲ့ ဝင် ပါ လာ တာ လေ
kai
July 8, 2014 at 3:33 pm
ကလေးစာသင်ပရိုတွေမဟုတ်တဲ့သူတွေစာသင်နေတဲ့.. စာသင်ကျောင်းတွေ…
ဘကကျောင်းတွေဖွံ့ဖြိုးများလာတဲ့… တနေ့..
အဲဒီစာသင်ကလေးတွေအရွယ်ရောက်လာတဲ့တနေ့…
ပိုလို့သာရင်လေးမိတယ်..
နောက်ကြောင်းပြန်နေပါကြောင်း…။
=
တကယ်တော့.. မွတ်စလင်တွေသိဖို့ကောင်းတယ်…။ ခရစ်ယန်တွေစာနာဖို့ကောင်းတယ်..။
ဟိန္ဒူတွေသိတတ်ဖို့ကောင်းတယ်..။ နတ်ကိုးကွယ်သူတွေသဘောပေါက်ဖို့လိုတယ်..။
ထေရဝါဒဟာ.. ဗုဒ္ဓဘာသာတူချင်းကိုတောင်… လူအုပ်အားနဲ့ဖိပြီး အမြဲ(အမြဲ) အနိုင်ကျင့်ခဲ့တာပဲ..
ဒီလိုနဲ့.. ရဟန်းတွေ.. သင်္ကန်းချွတ်.. ထောင်နန်းစံရဖူးတယ်..။
အယူမတူ..လူတွေကို အတင်းဓါးမိုး ဘာသာပြောင်းခိုင်းဖူးတယ်..
မဟာယာနနဲ့ပါတ်သက်တဲ့… စာပေ..ဘုန်းကြီး..ကျောင်း.. ပြင်းပြင်းထန်ထန်ပိတ်ဆို့ဖူးတယ်..။
ပိတ်နေဆဲ…။ လုပ်နေဆဲ…။
လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုဆိုတာ.. ဘာလဲ.. ဘယ်လဲ…။
=
ကုလားတွေပြီးရင်.. တရုတ်တွေဖက်လှည့်…
တရုတ်တွေပြီးရင်.. တိုင်းရင်းသားတွေဖက်လှည့်..
တိုင်းရင်းသားတွေပြီးရင်.. အချင်းချင်းလှည့်..
အချင်းချင်းပြီးရင်.. ကုလားတွေဖက်ပြန်လှည့်…
ကုလားတွေပြီးရင်.. တရုတ်တွေဖက်လှည့်…
..
=
ဆိုတော့…
လှည့်ရင်း… လှည့်ရင်း… မုန့်လုံးစက္ကူကပ်ရင်း…
သင့်အလှည့်တနေ့.. ရောက်လာမည်…။
မှတ်ချက်။ ။ ကုလား-ဗမာ။ တရုတ်-ဗမာ။ တိုင်းရင်းသား-ဗမာ ရိုက်ပွဲသတ်ပွဲ.. ပြည်တွင်းစစ်တွေက.. အခုမှထဖြစ်တာမဟုတ်…။
ပဒေသရာဇ်ခေတ်လည်းဖြစ်တာပဲ..
သက်ဦးဆံပိုင်မှာလည်း.. ဖြစ်တာပဲ..
အင်္ဂလိပ်အုပ်ချုပ်လည်းဖြစ်တာပဲ..
ပါလီမန်ဒီမိုကရေစီခေတ်လည်း.. ဖြစ်တာပဲ..။
ကွန်မြူနစ်မှာလည်းဖြစ်တာပဲ…။
ဆိုရှယ်လစ်လည်းဖြစ်တာပဲ..
စစ်အုပ်ချုပ်ရေးမှာလည်း.. ဖြစ်တာပဲ…
ဒေါ်စုခေတ်ရောက်လည်း….. ဖြစ်… မှာ… ပဲ…။ :buu:
နှစ် ၁၀၀ဝ ကျိန်စာ…။
ကိုပေါက်(မန္တလေး)
July 8, 2014 at 4:05 pm
အဲ တော့ အကောင်းဆုံး က တော့
အရင် တုံး က ပိတ် ခံ ထား ရ တဲ့
ရန် ကုန် ဘဆွေ ရဲ့
ရွှေ ဝါ ပြည် ဝတ္တု ထဲ ကလို သာ လုပ် လိုက် ပေ တော့
ကို ခိုင် ရေ
(ကလေးစာသင်ပရိုတွေမဟုတ်တဲ့သူတွေစာသင်နေတဲ့.. စာသင်ကျောင်းတွေ)
အဲ ဒါ က တော့ မြန် မာ တစ် ပြည် ထဲ အဲ့ လို သင် တာ မဟုတ် ဘူး ဆု ိတ ာက တော့ သေ ချာ ပါ တယ်။
kai
July 8, 2014 at 4:16 pm
အဲဒီအပိုင်းသေသေချာချာကို.. ဒီဘိတ်လုပ်သင့်တယ်..။
တကယ်က.. ရှေးဘုရင်ခေတ်အဆက်ဆက်.. ဘုန်းကြီးတွေက.. စာသင်.. လမ်းညွှန်သင်ကြားပေးလို့.. မြန်မာတွေ.. လူဖြစ်လာတာပါပဲ..
အနောက်ဥရောပလည်း.. ဒီလိုဖြစ်ခဲ့ဖူးတယ်..။
အခုခေတ်.ဒါကို.. ဘကပညာရေးကို… မြန်မာပြည်မယ်.. မလုပ်ရင်/လုပ်ရင်…
က) ကလေးတွေ စာမတတ်ဖြစ်မလား..။
ခ) စာမတတ်တာက.. အစွန်းရောက်မွေးထုတ်နေတာထက်စာရင်.. ပိုကောင်းမလား..။
ဂ) ဘုန်းကြီးတွေကိုပဲ.. ပရိုတွေဖြစ်အောင်လေ့ကျင့်မွန်းမံပေးသင့်သလား..။
ျှဃ) နိုင်ငံတော်က..တခြားဖက်မှာလျှော့.. ပညာရေးမှာ. အကုန်အကျပိုခံပြီး.. ခေတ်မှီကျောင်းဆောက်.. သင်ကြားရေးလုပ်သင့်သလား..။
င) သင်ကြားရေးညွှန်းတန်းကို.. အစိုးရကဝင်ရောက်ကြီးကြပ်သင့်သလား…။
စသဖြင့်.. နိုင်ငံရေးသမားတွေ.. လွှတ်တော်တွေမှာ.. (နိုင်ငံခြားပညာရှင်တွေပါခေါ်ပြီး) ဒီဘိတ်အကြီးအကျယ်လုပ်သင့်တယ်… ထင်မိတယ်..။
အကျိုးရလဒ်တွေစမြင်နေလာရပြီဖြစ်တဲ့… တိုင်းပြည်အနာဂါတ်မို့.. အင်မတန်အရေးကြီးတယ်… ထင်ကြောင်း…။
မလုပ်ရင်.. ဘယ်အစိုးရတက်တက်(ဘယ်စနစ်ရောက်ရောက်) မုန့်လုံးစက္ကုကဒ်တော့မည်ထင်ကြောင်း…။