ဗျူ ဟာ နဲ့ ပဂိုးဝန်ထောက်
လွန်ခဲ့တဲ့နှစ်ပါတ်ကျော်ကျော်လောက်ကပေါ့ခဗျ။
ကျောင်းပိတ် ရုံးပိတ် တရက်မှာ ကျတော်နဲ့
သားအကြီး (ရှစ်တန်းကျောင်းသား)
ညနေဖက် ကိုယ်ကာယလူပ်ရှာမူ့လေးဘာလေး
ဖြစ်အောင် ကြက်တောင်ရိုက်ကြပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ကိုယ်ပိုင်ကွင်းနဲ့
ဝတ်စုံတွေနဲ့ ဘာညာဘာညာ မတွေးကြပါနဲ့ဗျိုးး။
ဒီအတိုင်း ကျတော်က ပုဆိုးအစုတ် နဲ့ သားကြီးက
ဂျင်းဘောင်းဘီအတိုနဲ့။ ဘက်တံက ဟိုးးးးတနှစ်ကဝယ်
ထားတဲ့ ဘဲဥပုံမဖြစ်တော့တဲ့အဟောင်းကိုယ်စီနဲ့
အမွှေးတစ်ချောင်းလန်နေတဲ့ကြက်တောင်ကို
ခြံထဲမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ် ဟိုဘက်ပို့
သည်ဘက်ရိုက် ကစားနေကြတာပါ။
ကျတော်တို့ကစားနေတုန်း ကျူ ရှင်ကပြန်လာတဲ့
သားအငယ်ကောင်က မြင်ပါလေရော။
လွယ်အိတ်တွေ အဝတ်တွေ ကမန်ကတန်း ချ ချွတ်ပြီး
သူလဲရိုက်မယ်ဆိုပြီးကစားပွဲဆီကို ဝင်ချလာပါတယ်။
ဒီကောင်ကနှစ်တန်း အရပ်ကနဲနဲပု ခြေတံလက်တံကသိပ်မရှည်
အကြီးကောင်ကလဲ သူ့ညီလေးကိုပြောရှာပါတယ်။
မင်းရိုက်တတ်မှာမဟုတ်ဘူး။ကိုကြီးတို့ရိုက်တာကိုဘေးက
ကြည့်။ နောက်နှစ်လောက်မှ ညီလေးကစားလို့ရမယ်လို့ပြော
ပြရှင်းပြပါတယ်။ ဒါပေမဲ့အငယ်ကောင်က မရပါဘူး။
သူလဲကစားတတ်တယ်ဆိုပြီး အဖေနဲ့ရိုက်မယ် ကစား
မယ်ဆိုပြီး ဘက်တံကိုအတင်းလုပါတယ်။
ကျတော့်သားတွေအကြောင်းကျတော်သိနေတော့ သူ့အကို
ကို ပေးလိုက်ပါ။မင်ခဏနား ။အဖေနဲ့ညီလေးကစားမယ်
ပြောလိုက်ရပါတယ်။
ဒါနဲ့သူစရိုက်ပါတယ်။ဒါပေမဲ့ကြက်တောင်ရိုက်တာကို
ခုမှစရိုက်ပြီး ခုမှလည်းမြင်ဘူးစ ခြေတံလက်တံ အရပ်ကလဲ
ပုဆိုတော့ ကြက်တောင်ကိုကိုင်ထားချိန်ထားပြီးဘက်တံကို
နောက်ဆုတ်လွဲပြီး ရိုက်လိုက်တိုင်း ကြက်တောင်ကိုမထိပဲ
ကြက်တောင်ကလက်ထဲမှာပဲကျန်နေပါတယ်။
ဘယ်လိုပြောပြပြောပြမရရှာပါဘူး။ စပေးတဲ့ရိုက်ချက်ကို
မရမှန်းမတတ်နိုင်မှန်သိတာနဲ့ သကတမျိုးပြောင်းပါတယ်။
ဖေဖေစရိုက်တဲ့။
ဒါနဲ့သူ့ဘက်ကို ရိုက်လို့ကောင်းမဲ့အနေအးအတိုင်းကျတော်
စရိုက်ပေးပါတယ်။ သူ့ဘက်ရောက်တော့ရိုက်ပါတယ်။
ကြက်တောင်ကိုမထိပါဘူး။မြေကြီးပဲရိုက်မိတာပါပဲ။
ဘယ်လိုရိုက်ရိုက်မရတဲ့အဆုံး ဘက်တံကိုသူ့အကိုဆီ
လွဲပေးပြီး ဘေးကငြိမ်ငြိမ်လေးပဲထိုင်ကြည့်နေပါတော့တယ်။
ဒီလိုနဲ့နောက်တပါတ် ရုံးပိတ် ကျောင်းပိတ်ရက်ရောက်လာ
ပြန်ပါတယ်။
အကြီးကောင် ကျူ ရှင်သွားတုန်း ဘက်တံထုတ်လာပြီး
ကျတော့်ကို တစ်ခါသင်ခိုင်းပါတော့တယ်။
သူကလိုချင်ပြီဟေ့ ဆိုရင်ဇွဲနပဲအတော်ရှိတဲ့ကောင်။
ဟိုနေတွေထက်ပိုပြီး အနီးကပ် သူနားလည်နိုင်အောင်
ကျတော်ကြိုးးသင်ပေးတယ်။ ချွေးတွေလဲပျံလို့။
မမောနိုင်မပမ်းနိုင်ကြိုးစားရိုက်ရှာတယ်။
နောက်ဆုံးဘယ်လိုရိုက်ရင်ရသလဲဆိုတာသိသွားတယ်။
ကျတော်နဲ့အပြန်အလှန်ရိုက်လာနိုင်တယ်။
အဲဒီနေ့က ကျတော်လဲတော်နော်မောသွားတယ်။
သူရိုက်လို့ဘေးထွက်သမျှကျတော်ချည်းအများဆုံးလိုက်
ကောက်လိုက်ရတာကိုးး။
သည်လိုနဲ့ မနေ့က လပြည့်နေ့ ရုံးပိတ် ကျောင်းပိတ်
နေ့ရောက်လာပြန်ပါတယ်။
မနက်ပိုင်းရုံးတတ်ပြီး နေ့လည်ကျတော်ပြန်လာပါတယ်။
ညနေပိုင်း ၃ နာရီလောက်ကျ သားငယ်က စလာတယ်။
သူ့အကိုကို ကြက်တောင်ရိုက်ကြမယ်ပေါ့။
သူ့အကိုကဘောလုံးကန်ချင်တာ။ ညှိမရဖြစ်ပါလေရော။
ဒါနဲ့အငယ်ကောင်က ဒါဆို ကြက်တောင်ပြိုင်ရိုက်မယ်။
ညီလေးရှုံးရင်ဘောလုံးကန်မယ်လေတဲ့။
အကြီးကောင်ကဝမ်းသာအားရ စိန်လိုက်ဆိုပြီး နှစ်ယောက်
သားအိမ်ပြင်ထွက်သွားကြပါတယ်။
ခဏနေတော့အကြီးကောင်မျက်လုံပွတ်ပြီးအိမ်ထဲဝင်လာပါ
တယ်။ ဘာဖြစ်တာလဲဆိုတော့ ကြက်တောင်မှန်တာတဲ့။
ညီလေးကမကစားတတ်ဘူးဆိုပြီး အပေါ်ထောင်ရိုက်ပေးတာ
သူက ခုတ်ချထည့်လိုက်တာတဲ့။ ဘယ်တုနကရိုက်တတ်
သွားတာလဲမသိဘူးတဲ့။
သူ့ကိုလျော့တွက်မိတော့ခံလိုက်ရတာတဲ့။
သူလဲပြောသာပြောတာ သူ့ညီရိုက်တတ်သွားတာဝမ်းသာ
နေပုံပါပဲ။
ဒီတော့မှ အရင်တပါတ်ကသင်ပေးတဲ့အကြောင်းသူ့
ညီက ပြောပြပါတော့တယ်။ သူကလဲပျော်လို့။
သူ့ဗျူ ဟာက မိမိအနေအထားကိုရန်သူအထင်းသေးနေပါစေ
ဆိုတဲ့ဗျူ ဟာကို သုံးလိုက်တဲ့သဘော။
—————————————
ညနေပိုင်းရောက်တော့ သောက်ရေကုန်ခါနီးမို့ ရပ်ကွက်ထဲ
ကရေသန့်ဆိုင်မှာရေမှာပေးဖို့ မဟေသီက ပြောလာပါတယ်
အိမ်နေရင်းပုဆိုးနဲ့မို့ အပြင်ထွက်ခါနီး မဟေသီရှေ့ရပ်ပြီး
မိန်းမရေ ငါဝန်ထောက်ဖြစ်နေသလားဟေ့ မေးရပါတယ်။
မိန်းမက သေချာလှမ်းကြည့်ပြီး မဖြစ်ဘူးဆိုပြီး ပြောလိုက်
မှ ကျတော်နောက်ကြောလုံလုံနဲ့ရပ်ကွက်ထဲကရေသန့်
ဆိုင်ကိုချီတတ်ပါတော့တယ်။
သွားရင်းစဉ်းစားမိတာက အင်းးလင်မယားဆိုတာ
အပြန်အလှန် သူသိက္ခာမကျအောင်ကိုယ်အရှက်မရအောင်
အပြင်ထွက်ခါနီး အဝတ်အစားတွေကို တလှည့်စီဝေဖန်
ပေးမှ ။ အများတစိမ်းကဝေဖန်လာပြီဆိုရင် မကောင်းတော့
ဘူးပဲ။
ခုလဲ ပဂိုးဝန်ထောက် ဖြစ်နေသလားဆိုတာ မိန်းမကို
သားတွေကို မကြည့်ခိုင်းပဲ ရပ်ကွက်ထဲကအသိတယောက်
က မြင်ပြီးမပြောပဲကျိတ်ရီချင်ရီလိမ့်မယ်။ခင်ဗျားပုဆို့က
နောက်မှာ -င်ပေါက်ကြီးနဲ့စေတနာစကားဆိုလာခဲ့ရင်–
ဒီတပါတ်စဉ်းစားမိတဲ့
ဗျူ ဟာနဲ့ ပဂိုးဝန်ထောက် ကလေးပါ။
12 comments
alinsett (gazette)
July 12, 2014 at 12:09 pm
မိမိအနေအထားကိုရန်သူအထင်သေးနေပါစေ …ဆိုတဲ့ဗျူ ဟာ ..က အသုံးတော့ ဝင်သားနော့ ။
———
မင်း ခန့် ကျော်
July 12, 2014 at 3:34 pm
ဟုတ်တယ်ဆြာရေ။
အငယ်ကောင်ကအဲသလို
သူ့အကို ကို ဗျူ ဟာတွေနဲ့
ခဏခဏ အနိုင်ယူနေကျ။
–
–
–
ဟိုတနေ့က ခံလိုက်ရတာ
ကျတော် တဆင့်စကားပြန်ကြားရပါတယ်။
အပြင်မှာမရင်နှီးပေမဲ့
ကိုယ့်အသားနာသလိုခံစားရပါတယ်။
ပြသနာဖြေရှင်းပုံက တော်တော် ကောင်းပါတယ်။
မြင်နေ ကြားနေရတာမို့ တခါအပြင်နောက်တခါနာဖို့ပဲရှိနိုင်တာမို့။
ဟုတ်ကဲ့ပါ။
ဦးကြောင်ကြီး
July 12, 2014 at 1:13 pm
လုပ်စမ်းပါဦးဗျ ၂၀၁၅ကျရင် သောက်လွှတ်တော်ထဲ လေးဖက်ထောက်ဝင်ဖို့ အစီအစဉ်လေး…
မင်း ခန့် ကျော်
July 12, 2014 at 3:45 pm
ဟိုကာတွန်းလေးသဘောကျသဗျာ။
ရီလိုက်ရတာအူကိုနာလို့။
တကွက်ကာတွန်းလေဗျာ။
ပေါင်ရင်းထိတိုတိုစကပ်ဝတ်ထားတဲ့လေဒီလေးကို
သူ့အမေက
ဟဲ့ ကြည့်မကောင်းဘူး။
ဒူးဖုံအောင်ဝတ် ဆိုတာနဲ့။
အိုက်စကပ်ကို ဇက်ကနဲ့
ဒူးဖုံးအောင်ဝတ်ပြလိုက်တာ။
ဟီးဟီး ။
အိုက်ဒါလေးပြေးမြင်ယောင်တယ်
ဦးကြောင်ရေ။
မေးခွန်းများစွာထဲက ဖြေရမဲ့အဖြေမရှိသေးတာ
ကျတော်တို့အတွက်ဝမ်းနည်းစရာတွေပါဗျာ။
ပညာတတ်တွေ ရဲ့အတွေးအခေါ်တွေ အများကြီးလိုမယ်ထင်ပါတယ်။
ကျတော်က ကျောင်းတောင်နေဘူးသလားးး စာတောင်သင်ဘူးသလားးး
ခပ်မေ့မေ့ကယ်။
ဟုတ်ကဲ့ပါ။
ဦးဦးပါလေရာ
July 12, 2014 at 3:28 pm
ကိုယ့်ကို အရှိထက် တော်တော်အထင်သေးဖို့က
ကိုယ်က တော်ရမယ့်အပြင်
ရန်သူကလဲ ညံ့ ရမယ်၊ ညံ့ဖို့ လိုမယ်ဗျ..။
မင်း ခန့် ကျော်
July 12, 2014 at 3:55 pm
အမှန်ပါပဲ ဦးပါရေ။
ဒါပေမဲ့ ရန်သူက ထင်တာထက်တော်နေအုံးတော့
အငိုက်ဖမ်းနိုင်ရင်လည်းတပမ်းသာမယ်လို့ မြင်မိပါတယ်။
ဘောလုံးပွဲတွေမှာ တခါတလေးအသင်းငယ်လေးတွေက ဒိတ်ဒိတ်ကျဲ
အသင်းကြီးတွေကို အငိုက်ဖမ်း ပြီးတီးတီးပလိုက်တာ ရာသီတိုင်းလိုလို
တွေ့နေရပါတယ်။
ဟုတ်ကဲ့ပါ။
kyeemite
July 14, 2014 at 10:36 am
မိသားစုပျော်ရွှင်နေပုံလေး မျက်စေ့ထဲမြင်မိပြီး ပြုံးမိတယ်ဗျာ….
ကျုပ်လည်း သားတို့ခပ်ငယ်ငယ်က ကြုံဖူးလို့ :s:
မင်း ခန့် ကျော်
July 14, 2014 at 4:58 pm
ဟုတ်ကဲ့ပါလေးမိုက်ရေ။
ကျေးကျေးပါ။
Kaung Kin Pyar
July 14, 2014 at 12:24 pm
ဒီကလေး ဒီလိုငယ်ငယ်နဲ့ ဒီသဘောတရားတွေလဲနားလည်တယ်…။ ဇွဲလဲကောင်းပြီး သင်ယူချင်စိတ်လဲ ရှိတယ်…။
ချစ်ဖို့ကောင်းတဲ့အိမ်ထောင်ရှင်မရယ်၊ အငယ်ကို ချစ်တဲ့၊ သူအောင်မြင်တာကို ပျော်တဲ့အကိုရယ်၊ ခပ်ထက်ထက်သားငယ်ရယ်..
ကိုမင်းခန့်ကျော်တို့ မိသားစု ပြည့်စုံနေပြီပဲ…..
မင်း ခန့် ကျော်
July 14, 2014 at 5:01 pm
ကျေးဇူးပါကောင်းကင်ပြာရေ။
san san tint
July 14, 2014 at 5:03 pm
ဘာပဲဖြစ်ဖြစ်ဒီမိသားစုလေး ပျော်စရာတော့ကောင်းမှာအမှန်
မင်း ခန့် ကျော်
July 15, 2014 at 9:21 am
အတူဆုံတဲ့ရက်တွေတိုင်းပျော်စရာ။
ရုံးဖွင့်ကျောင်းဖွင့်ရက်တွေမှာတော့
ပျာယာခတ် ဝုန်းဒိုင်းကျဲ
ဆူဆူညံညံ