“ ကျ နော် ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ်တစ်)
“ ကျ နော် ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ”
(အမှတ်တစ်)
ကျွန် တော် တို့ ရဲ့ ဇာ တာ ထန်း ရွက် ပေါ် မှာ “အသက် ၁၂ဝ ရှည် စေ သောဝ် “လို့ ရေး လေ့ ရှိ ပါ တယ်။
တ ကယ် တော့ လဲ အ သက် ၁၂ဝ အထိ နေ ခဲ့ ရ သူ က လဲ မရှိ သလောက် ရှား လှ ပါ တယ်။
တို တောင်း လှ တဲ ့ လူ ့ ဘ ဝ ကြီး မှာ အ သက် ရှင် နေ ထိုင် ဘို့ ဆို တာ က လဲ လွယ် ကူ တယ် ရယ် လို့
လဲ မ ဟုတ် ပါ ဘူး။
အ သက် ရှင် သန် နိုု်င် ဘို့ အတွက် ရွေး ချယ် ခွင့် ဆို တာ နည်း ပါး လွန်း တဲ့ ဘဝ ကြီး ထဲ မှာ
အ ချိန် နဲ့အ မျှှ နေ့ စဉ် နဲ့ အမျှ ရုန်း ကန် နေ ကြ ရ ပါ တယ်။
အ လို လို ပြောင်း လဲ ရွေ ့လျား နေ တဲ့ ခေတ် စံ နစ် ထဲမှာ ကံ တရာ း ရဲ့ စီ မံ ရာ အတိုင်း
မျောပါ ပြီးရွှေ့ လျား လို ့ နေ ကြ ရ ပါတယ်။
ကျ နော် ဖြတ်သန်း ခဲ့ ရ တဲ့ နှစ် တစ် နှစ် ကို ပ လက် ဖောင်း စင်္ကြန် တစ် ခု လို့
တင် စား ချင် မိ ပါ တယ်။
ဒီ အဖြစ ်အပျက်တွေ ထဲမှာ ပြန် တွေး ရင် တ သ သ နဲ့ ကြည် နူး စ ရာ များ လဲ ရှိ၊
ပြန် မ စဉ်း စား ချင် လောက် အောင် ခါး သီး နာ ကျင် စ ရာ များ လဲ ရှိ၊
မေ့ မရ နိုင် သော် လည်း ဇွတ်မေ့ ပစ် ချင် မိ သော အဖြစ ်အပျက်များ လဲ ရှိ၊
ဒါ ပေ မယ့် လွန် လေ ပြီး သော အတိတ် ဆို တာ ပြန် လည် ပြင် ဆင် ခွင့် မရှိ။
လည် ပြန် ကြည့် လိုက် တော့ ကျ နော် ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်း များ က တော့
သူ့ ဘာ သာ သူ အ စီ အရီ ရှိ နေဆဲ။
*********************************************************************
အုတ် ကျစ် ကျော် အေး ရ တ နာ ပုံ ရွှေ မ န္တ လေး နှစ် ၁၀ဝ ပြည့် တဲ့ နှစ် က တော့
“ပ လက် ဖောင်း အ မှတ် – ၁ “ ကို ဘာ ဆို ဘာ မ သိ ဘဲ ကျ နော် ဖြတ် သန်း ခဲ့ တဲ့
နှစ် တွေ ပါ ဘဲ။
လူ ကြီး တွေ ပြန် ပြောမှ ငလျင် အကြီး အကျယ် လှုပ်တဲ့ တစ်ရက် ပု ခက် ပေါ်က
ကျ နော် ပြုတ်ကျ ဘူးတာ တွေ ကို သိ ရ သပေါ့။
ငယ် ငယ် က ဘယ် လို ဆိုးခဲ့ ဆော့ ခဲ့ တာတွေကို သိရ သပေါ့။
ကျ နော် ငယ် ဘဝ ဖြစ် တဲ့ “ ပ လက် ဖောင်း အ မှတ် ၂ -၃- ၄ “ဘ ဝ များ က တော့
အ ဆင် ပြေ စွာ ပျော် ရွှင် စွာ ဖြတ် သန်း ခဲ့ ရ သော ကာ လ များ ဖြစ ်ခဲ့ ပါတယ်။
ပြန် တွေး ရင် ရေး ရေး မှတ် မိ တာ က တော့ မြောက် ပြင် ၁၆လမ်း ထီးရိုး ဝင်း
မှာ နေ တဲ့ အ မေ့ ဘက် က အ ဖိုး အဖွား မျာ းနဲ့နေ လိုက် ၊
၂၅လမ်း သူ ဌေး တန်း က ခုံ တော် မင်း ဝင်း က အ ဖေ့ဘက်က အဖိုး အဖွားများ
အိမ် မှာ နေ လိုက် နဲ့ ငယ် ဘ ဝ ကို ကုန် လွန်စေ ခဲ့ တာပါဘဲ။
နှစ် အိမ် စ လုံး က ကျူံး နံ ဘေး မှာ ရှိ တဲ့ အတွက်
သူ ငယ် ချင်း များ နဲ့ စကား နိုင် လု ကြ တိုင်း
“ ရွှေ နန်း တော် ခြေ ကန် မွှေး ကျုံး နံ ဘေး မှာ နေ ခဲ ့ သူ “ ဆိုတဲ့ စကားလုံး ကို
ဂုဏ် ယူ စွာ ပြော လေ့ ရှိ တာ တော့ အ မှတ် တ ရ မျာ း စွာ ထဲ က တစ် ခု ပါ ဘဲ။
( တစ် ခါ တစ်ရံ အမေ့ ဘက် က အမျုးိ များ နေ တဲ့ ရွှေ တစ် ချောင်း မြောင်း
အနောက်ဘက်က ပု လင်း ခွံ အိတ် ခွံ တွေ အ ရောင်း အဝယ် လုပ် တဲ့
တောင် ပု လင်း ဝင်း မှာ နေ ခဲ့ တာကို တော့ ထည့် မပြောဘူး ပေါ့)
“ ပ လက် ဖောင်း အမှတ် -၅” မှာ တော့ ကျ နော် ကျောင်း စတက်ရ တာကို ရေး ရေး လေး မှတ် မိ ပါ တယ်။
ကျ နော့် အ ဖေ ဘက် က အ ဖိုး အဖွား တွေက ခ ရစ် ယာန် သာသ နာပြု ကျောင်း
ဖြစ် တဲ့ St. Peter မှာ ကျောင်း ဆ ရာ ဆရာ မတွေ့ ဖြစ် တော့ ကျ နော် လည်း အဲ ဒီ
ကျောင်း မှာ ကျောင်း နေ ရ ပါတယ်။
အင်္ကျ ီလက် တိုဆိုရင် ဘောင်း ဘီ တို အင်္ကျ ီလက် ရှည် ဆို ရင် ဘောင်းဘီရှည်
ကျောင်း အမှတ် တံ ဆိပ် ပါ တဲ့ ယူ နီ ဖောင်း ကို သပ် သပ် ရပ် ရပ် ဝတ် ရတယ်။
နက် က တိုင် တပ် ရ တယ်။
ဆောင်း ဆိုရင် ကျောင်း တံ ဆိပ် ပါ တဲ့ ကုတ် အကျီ ဘဲ ဝတ် ရ တယ်။
အ ဝတ် စား သေ သပ် စွာ ဝတ် ခြင်း ကလ ဲ လူ တစ် ယောက် စိတ် ကို
ပြောင်း လဲ စေ တာ အမှန် ပါ ဘဲ။
ဂါ ဝန် ဝတ် ထား တဲ့ တီ ချယ် ကြီး တွေက စာ သင်တယ်။
ကျောင်း မှ ာ ဘို လို ဘဲ ပြော ရ တယ် ဗ မာ လို ပြော သံ ကြား ရင် ဒဏ် တပ် တယ်။
ဒီ ဇင် ဘာ ရောက် ပြိ ဆို ရင် ကျောင်း အား က စား ပွဲ တော် အတွက်
ကျောင်း ဘော လုံး ကွင်း ကြီး ထဲ မှာ ညီ ညီ ညာ ညာ လျှောက်ရင်း အတီး အမူတ် တွေ
လေ့ ကျင် ့ နေ ကြ တဲ့ ဘင် ခရာ တီး ဝိုင်း က “ ဒုန်း တ ဒုန်း ဒုန်း ဒုန်း း “ ဆို တဲ့ ဘင် တီး သံ ကြား ရင်
ငါ လဲ အ တန်း ကြီး လာရင် ဒီ အ ဖွဲ့ ထဲ ပါ မယ် ဆို တဲ့ အားကျ စိတ်တွေဖြစ် ခဲ့ ရ တာ
အမှန် ပါ ဘဲ။
ကျ နော့်ရဲ့ “ ပ လက် ဖောင်း အမှတ် -၆” ဖြစ်တဲ့
တစ် ခု သော ကျောင်း ဖွင့် ရက် တစ် ရက် မှာ တော့ ကျောင်း က တီချယ် တွေ မျက်နှာ
မကောင်း။
အ ဖြူ ရောင် ဝတ် ဖား သာ ကြီး တွေ ရော ဘ ရာ သာ လေး တွေ ရော မျက် စေ့ မျက် နှာ ပျက် နေကြ ပါတယ်။
အဲ ဒီ နေ့ ည နေ ကျောင်း ဆင် း ချိန် မှာ တော့ တီ ချယ် ကြီး က ကျ နော် တို့ ကို
“Good bye all my boys “ လို့ နုတ် ဆက် ရင်း မျက် ရည် ဝဲ နေ ပါ တယ်။
ထူး ထူး ခြား ခြား ကျ နော် ့ အဖွား က ကျ နော့် ကို စာ သင် ခန်း နား အ ထိ လာ ကြု ပါတယ်။
ကျောင်း လာ ကြ ို တဲ့ မိ ဘ အ ချင် းချင်း ပြော ကြ တဲ့ အ ထဲ မှာ
“ ကျောင်း ကို ပြည် သူ ပိုင် သိမ်း လိုက် ပြီ “ ဆို တဲ့ စကား ကေ တာ့ ကျ နော် အတွက် စ ကား လုံး အသစ် အဆန်းပါ ဘဲ။
နောက် ရက် က စ ပြီး ကျ နော် ကျောင်း မသွား ရ သ လို ကျ နော် ့ အဖိုး အဖွား တွေ လဲ ကျောင် း မသွား ပါ ဘူး။
အဲ ဒီ ရက် က ကျ နော် တို့ အိမ် လာ ကြ တဲ့ အဖိုး ရဲ့ တပည့် တပန်း တွေ နဲ့ သူ့ မိ ဘ တွေ က လဲ မျက် စေ့ မျက် နှာပျက် ပျက် န ဲ့ ပါ ဘဲ။
အား လုံးဆီ ကေ န တူ ညီ စွာ ကြားခဲ့ ရ တဲ့ စ ကား ကေ တာ့
“ဆရာ ကြီး ရယ် ပြည် သူ ပိုင် အ သိမ်း ခံ လိုက် ရ တော့ ဘာ မှ လုပ် စား ရ မှန်း တောင် မ သိ တော့ ပါဘူး”
“ ဆ ရာ က တော် ကြီး ရေ ကျ မ တို့ တော့ မွဲ ပြီ” လို့ မ ချိ တင် ကဲ ပြော ခဲ့ ကြ တဲ့ အသံ တွေပ ါဘဲ။
ကျ နော် မှတ် မိ သ လောက် က တော့ ကျ နော် ့ အဖိုး အ ဖွား တွေက ပြည် သူ ပိုင် သိမ်းခံ လိုက်ရ တဲ့
ကျောင်းမှာ ဆက် မ လုပ် တော့ ဘဲ ကိုယ် ပိုင် ကျောင်း ထောင် ကြ တယ် ဆို တာ ပါ ဘဲ။
ကြီး မှ သိ လာ ရ တာ တော့ ၁၉၆၂ မှာ ဗိုလ် ချု ပ် နေ ဝင်း ဦး ဆောင် တဲ့ စစ် တပ် က
အိမ် စောင့် အစိုး ရ ဖွဲ ပြီး လက် ရှိ အစုးိ ရ ကို ဖြုတ် ချ ခဲ့ ပြီး အာဏာသိမ်းလို်က်ပါတယ်။
နောက် တော့ အ ရင်း ရှင် စ နစ် က နေ ဆို ရှယ် လစ် စ နစ ်ကို ပြောင်း ခဲ့ ပါ တယ်။
အဲ ဒီ အ ပြောင်း အ လဲ အတွက် အကြီး မား ဆုံး သော လုပ် ဆောင် ချက် ကတော့
တစ် ဦး တည်း ပိုင် က နေ အများ ပိုင်ဖြစ်အောင်လုပ်မယ်ဆိုပြီး ပြည် သူ ပိုင် သိမ်းလိုက်တာပါဘဲ။
အဲ လို သိမ်း လိုက် တာ ရဲ့ အကျုးိ ဆက် ကေ တာ့ မြန် မာ အမျိုး သား ပိုင် လုပ် ငန်း တွေ
ရပ် ဆိုင်း သွား တာ ပါ ဘဲ။
ပြည် တွင်း က စက် ရုံ အ လုပ် ရုံ အ တော် များ များ ကို ချိတ် ပိတ် သိမ်း ဆည်း လိုက် ပါ တယ်။
မြန် မာ ပြည် မှာ ရှိ တဲ့ ပြည် သူ ပြည် သား များ ဆင်း ရဲ တွင်း ထဲ ရောက် အောင်
ကန် ချ ခြင်း ခံ လိုက် ရ တဲ့ ဘဝ အစ လို့ ဆို နိုင်ပါ မယ်။
ပ ညာ ရေး အနေ နဲ့ ကတော့ အဲ ဒီအချိန် က စ ပြီး
“မြန် မာ စာ သည် ဒို့ စာ မြန် မာ စ ကား သည် ဒို့ စကား “ဆို တဲ့ စာ နဲ့ အ ညီ
ဘာ သာ ခြား စကား ဖြစ် တဲ့ အ င်္ဂ လိပ် စာ ကို မူ လတန်း အဆင့် မှာ သင် ယူ စရာ
မ လို တော့ ဘဲ အ လယ် တန်း အ စ ဖြစ ်တဲ့ ငါး တန်း က နေ စ ပြီး ပြောင်း လဲ သင်ကြား စေခဲ့ပါတယ်။
အဲ ဒီ ပြောင်း လဲ ခြင်း ရဲ့ အကျုးိ ဆက် က တော့ မြန် မာ လူ ငယ် တွေ အင်္ဂလိပ် စာ မတတ် တော့ တာ
အခု ချိန် ထိ ပါ ဘဲ။
*******************************************************************
“ ပ လက် ဖောင်း အမှတ် -၇-၈-၉” များ က တော့ ကျ နော့်ဘဝမှာ ထူးခြားစွာ မှတ် မိ နေ သော
အ ကြောင်း အရာ များ ရှိ ခဲ့ ပါတယ်။
ကျွန် တော် တို့ မိ သား စု မန်း လေး က နေ မြစ် ငယ် မြို့ ကို ပြောင်း သွား ကြ ပါ တယ်။
အဲ ဒီ ရောက် စ နှစ် က ကျောင်း အပ် ချိန် မမှီ တဲ့ အတွက် ကျောင် း မ နေ လိုက် ရ ပါဘူး။
အဲ တော့ ဒု ဌ ဝ တီ မြစ် ကမ်း နံ ဘေး မှာ နေ တဲ ့အင်္ဂလိပ် ဆရာ မကြီး ဆီ ကို သွား ပြီး စာ သင် ခဲ့ ရ ပါ တယ်။
ကျ နော် ့ က လေး ဘ ဝ ရဲ့ မ မ မေ့ နိုင် စ ရာ ရက် များ ထဲ မှာ “မာမ ့ီ” ထံ မှာ
စာ သင် ခဲ့ ရ တဲ့ နေ့ တွေလဲ ပါ ပါ တယ်။
“မာ မီ” က အ င်္ဂ လိပ် လူ မျုးိ ဖြစ် ပေ မယ့် မြန ်မာ လို လည်း ရေ လည် စွာ ပြော တတ် ပါ တယ်။
မြစ် ငယ် မီး ရ ထား စက် ရုံ ဝန် ထမ်း ဖြစ် တဲ့ သူ ့ အမျုးိ သား ကွယ် လွန် သွား တဲ့ အခါ
ပြည် တော် မ ပြန ်ဘဲ မြန် မာ ပြည် မှာ ဘဲ အခြေ ချ နေ ထိုင် သူ ဖြစ် ပါတယ်။
ကျ နော် အတန်း ကျောင်း မ တက် ရ သေး တဲ့ ရက် များ မှာ “မာမီ “အိမ်မှာ အချိန် ပြည့် နီး ပါ း နေ ခဲ့ ရ ပါတယ်။
ကျ နော် တို့ နေ တဲ့ မီး ရ ထာ း လိုင်း ခန်း များ ရဲ့ အ နောက် ဘက် ခြမ်း က တော စပ် နား မှာ “မာမီ “နေပါ တယ်။
“မာမီ “ အိမ် သွား ရာ လမ်း မှာ ခြုံ နွယ် ပိတ် ပေါင်း ပင် လေး တွေ တော ရိုင်း ပန်း ပင် အချို့ ရှိ ပါ တယ်။
ကျ နော် တို့ ဆင်း ဆော့ လေ့ ရှိ တဲ့ ရေ ကြည် ကြည် တွေ စီး ဆင်း နေ တဲ့ စမ်း ချောင်းလေးရှိ ပါ တယ်။
“မာမီ “ဆီ အသွား ဒီ တော လမ်း ကလေး မှာ ဆော့ က စား ရင်း သွား ရ တဲ့ အ ခါ
တော ပန်း လေး တွေ ကို ခူး ပြီး “မွှေးလား မာ မီ “ လို့ ကျ နော် က မေး ရင် ပြုံးပြီးေ ခါင်းလေးငြိမ့် ပြ တဲ့ အခါ
အ လေ့ ကျ ပေါက် နေတဲ့ တောကြက်ဟင်းခါး သီး လေး တွေ ခူး ပြီး “မာမီ “ ကို ပေး တဲ့ အခါ
Thank you my boy လို့ ပြော ရင်း ကျ နော် ခေါင်းလေး ကို ငြင်သာ စွာ ပွတ် ပေး တဲ့ အခါ
နှင်း တွေ ဝေ တဲ့ ဆောင် း မ နက် များ မှာ နှင်းထု တွေ ကြား ထဲ ဖြတ် သွားရ တဲ့အခါ
မိုး ဖွဲ ဖွဲ ရွာ နေ ချိ န် မှာ လွယ် အိတ် ကို စလွယ် သိုင်း ပြီး ဒုန်း စိုင်း ပြေး တဲ့ အခါ
မိုး အခါ မှာ ရေ စီး သန် တဲ့ ချောင်း လေး ထဲ ကို စက္ကူ လှေ က လေး တွေ လွှတ် တဲ့ အခါ
“မာမီ “ အိမ် အ နောက် ဘက် ဇီး ပင် လေး က အသီး တွေ သီး ချိန် ဇီး သီး တွေခူး ကြတဲ့ အခါ
နွေ ည နေ ခင်း လေး မှာ လမ်း လျောက် ရင်း “မာမီ” ပြော ပြ တဲ့ ပုံ ပြင် လေး တွေ ကို နားထောင်ရ တဲ့ အခါ
အဲဒီ “အခါ “ ပေါင်း များ စွာ က ကျ နော် အတွက် မ မေ့ နိုင် စရာ အခါ တွေ ပါဘဲ။
မွန်းကျပ် လှောင် တဲ့ နေ့ ရက် များ ကို ဖြတ် သန်း နေချိန် မှာ
အဲ ဒီ “ အေး ငြိမ်း သော အခါ “လေးများကို ပြန်
တွေး မိ ရင် ပူ လောင် မူ့ တွေ လျော့ ပါး သွား သလို ပါ ဘဲ။
“ ပ လက် ဖောင်း အမှတ် -၈” မှာတော့ ကျနော် ကျောင်း ပြန ်တက်ရ ပါ တယ်။
မစ် ရှင် ကျောင်း မှာ နေ ခဲ့ တာ ရယ်
“မာမီ့ “ကျေး ဇူး ကြောင့်
မြန် မာ စာ ကို စာ လုံး မ ပေါင်း ဘဲ အ လွတ် ဖတ် နိုင် တာ ရယ် ကြောင့်
၁ တန်း ကို တက် စ ရာ မ လု ိဘဲ ကျော်လွှားပြီး
၂ တန်း ကို တက် ခွင့် ရ သွား ပါ တယ်။
အဲ ဒီ နှစ် မှာ ဘဲ ပိုက် ဆံ အ ကြွေ စေ့ အ ပေါ့ စေ့ လေး တွေ ထုတ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ကိုယ် တစ်ပိုင်းပုံလေးနဲ့ ပါ။
တစ်ပြား ငါးပြား ဆယ် ပြား တမတ် ငါး မူး နဲ့ တစ် ကျပ် ပါ။
အဲ ဒီအ ချိန် က တော့ တစ် ရက် ကို မုန့် ဘိုး တစ်မတ် ( ၂၅ပြား) ရ တဲ့ ကောင် က သူ ဌေးပါဘဲ။
အဲ ဒီ နှစ် မှာ ဘဲ “သုံ းလွန်း တင် ထ မင်း”ဆို တာ ကို စ ကြား ဘူး တာ ပါ ဘဲ။
ဆန်ရယ် ပြောင်း ရယ် ပဲ ရယ် ရော ချက် တဲ့ ထ မင်း ပါ။
အဲဒီနှစ် က လယ် တွေ ယာတွေ ပျက် ကြ တော့ ဆန် ရေ စပါး ရှား ပါတယ်။
တိုင်း ပြည် တစ် ခု လုံး ငတ် မွတ် ခေါင်း ပါ း ခြင်းတွေ ကြုံ ကြ ပါတယ်။
ကျ နော် မှတ် မိ သေ လာက် ကေ တာ့ မြန် မာပြည် မှာ အခက် အခဲ ကြုံ တဲ့
နှစ်တိုင်း ဟာ စုံ ဂဏန်း ထပ် တဲ့ နှစ်ပါဘဲ။
ဥပမာ ၁၉၄၄,၁၉၆၆,၁၉၈၈
အဲ ဒီ ခေတ် ပျက် ကာ လ မှာ ကျ နော် တို့ က ကံကောင်းခဲ့ တယ် ဆို နိုင်ပါတယ်။
ထ မင်း နပ် မှန် ခဲ့ လို့ ပါ။
“ ပ လက် ဖောင်း အမှတ် -၉” ရောက် တော့ အ ဖေ က ကျ နော် ့ ကို
မန်း လေး မှာ ကျောင်း သွား တက် ခိုင်း ပါ တယ်။
အ မေ က မန်း လေး မှာ ဘဲ နေ ချင် တယ် ဆို တာ ကြောင့် ထင် ပါ တယ်။
ကျ နော် ကျောင်း တစ် ဝက် တစ် ပျက် နဲ့ ကျောင်း ထွက် နေ ရ မှာ စိုး လို့ ပါ။
အဲ တော့ မြစ် ငယ် က နေ မန်း လေး ဒိုင် အို (ခ) အမှတ် (၁၀) ကျောင်းကို
ကျောင်း သွား တက် ပါ တယ်။
မ န က် ခြောက် နာ ရီ ခွဲ အိမ်က နေ ဘူ တာ ရုံ ကို သွား
ရ ထား စီး။
မန်း လေး ရောက်ရင် ကုန်းကျော် တံ တား ပေါ်တက်။
လမ်း ၈ဝ တ ရုပ်တန်း ဈေး ရောက်။
အဲ ဒီ က မှ အမှတ် ( ၆)ကား စီး ပြီး ၂၂စီလမ်းမှာရှိတဲ့ ကျောင်းကို သွားပါတယ်။
အပြန်လဲ ဒီ အတိုင်းပါ ဘဲ။
အ စ က တော့ ကျောင်း သား ကြီး တွေ နဲ့ အ တူသွားပါတယ်။
ကြာ လာ တော့ ကျောင်းသား ကြီး တွေက
အ မေး အမြန်း ထူ တဲ့ ကျ နော် နဲ့ အ တူ မသွားချင်။
ဒီ တော့ လဲ ကျ နော် တစ် ယောက် ထဲ ဘဲ သွား ပါ တော့ တယ်။
ကျ နော် တစ် ယောက် ထဲ ဒီ လို သွား နေ တာကို အိမ်က မသိ။
တစ် ရက် မှာ တော့ အ ဖေ့ဘက်က အဖွား ဈေး က တ ရုပ် တန်း ဈေး ကို လာရင်း
ကျွန် တော် တစ် ယောက် ထဲ ကျောင်းလာ တက် တာ ကို အတွေ့
မန်း လေး အိမ် မှာဘဲ နေ ရ မယ် ဆို ဖြစ ်လာ ပ ါ တယ်။
ဒါ နဲ့ မန်း လေး က နေ ကျောင်း တက် တဲ့ အခါ မ တော့ ကျောင်း နဲ့ နီး တဲ့
၏ အမေ့ ဘက် က အဖွား အိမ် မှာဘဲ နေရ ပါတယ်။
အဲ ဒီ နှစ် က လဲ မြန် မာ ပြည် မှာ ဆန် ေ ရ စ ပါး ရှား ပါ း တဲ့ ခေတ် ပါ ဘဲ။
တ ပြည် လုံး အတိုင်း အတာ ကို ကျ နော် မ သိ ပေ မယ့် ကျ နော် ့ ပါတ် ဝန်း ကျင် က လက် လုပ် လက်စား
အ များ စု က ထ မင်း မစား နိုင် ဘဲ ဂျုံ ကို အစား ထိုး ပြီး စား ခဲ့ ရ တာ က တော့ မျက် မြင် ကို ယ် တွေ့ ပါဘဲ။
အိမ် အတော် များ များ မှာ ချပါ တီ တစ်လှည့် ပူ ရီ တစ် လှည့် စား ပြီး အသက် ရှင် ခဲ့ ကြ ပါတယ်။
အဲဒီ အချိန် က မြန် မာ ပြည် မှာ နိုင်ငံ ရေး မငြိမ်သက်မူ့ တွေ နဲ့ ဆုံတွေ့ ခဲ့ တယ် ဆို တာကို မသိခဲ့။
နောင် ကြီး မှာသာ သ ိခဲ့ရပါတယ်။
“ ပ လက် ဖောင်း အမှတ် -၁၀” မှာတော့ ကျနော် လေး တန်း ကျောင်း သား ဖြစ် နေ ပါ ပြီ။
အဲ ဒီ နှစ် တွေ မှာ ဘဲ အလုပ် သမား ဆန္ဒ ပြ တာ တွေ ဖြစ်တယ်။
တရုပ် မြန်မာ အရေး အခင်း ဖြစ် တယ်။
အဲ အချိန် မှာ အ မေ က ရန် ကုန် နဲ့ မန္တလေး ကုန် တွေ ကူး ပါ တယ်။
မှတ် မိ နေ သေး တာ က တော့ ကျနော် တို့ ကုန် တွေ ကို သယ် လာ တဲ့
ချယ် ဂါ လီ က လူ စု လူ ဝေး နဲ့ ပြဿ နာ ဖြစ ်တဲ့ ကြာ းကို ရောက်သွားပြီး
ဘာ တစ် ခု မှ ပြန် မ ရ လိုက် တာ ကို ပါ ဘဲ။
ပြန် မရ ဆို အဲ ဒီ အချိန် က ခေတ် စား နေ တဲ့ ဖန် ထည် ပစ္စည်း တွေ ဝယ် လာ ခဲ့ တာကိုး။
အဲ ဒီ ရိုက် ခတ် မူ့ ကျ နော် တို့ အိမ် ရဲ့ စီး ပွားေ ရး အလျင် ကို ရပ် တန့်သွား စေခဲ့ တာပါဘဲ။
စား သောက် ကုန် တွေ ရုတ် တ ရက် ဈေး ကြီး မြင့် သွားတယ်။
လွတ် လပ် စွာ ကုန် သွယ် ခွင့် တွေ ပျောက်ဆုံးတဲ့ အတွက် မှောင်ခို ဈေး ကွက်ဖြစ်လာတယ်။
“ပပက”(ခ)”ပြည် သူ့ ဆိုင် “ ဆို တာေ တွ ပေါ် လာ တယ်။
ခွဲ တမ်း တွေ မဲနိူက်တယ် ဆို တာ တွေ ကြား လာ ရ တယ်။
ရပ် ကွက် လူ ကြီ းဆို တာ တွေ ကြာ း လာ ရ တယ်။
မ လောက် င ဘူး ဆို တာတွေ ကြား လာ ရ တယ်။
အထူး ခြား ဆုံး ကတော့ ဟိုး ရှေး ခေတ် က တဲ က
“ဆီ ကို ရေ ချိုး ဆေးရိုး မိး လှူံ စပါး တောင် လို ပုံ”ခဲ့ တဲ့ မြန် မာ နိုင် ငံ ကြီးမှာ
“ ဆန်ပုလဲ” လို့ အ မည် ပေး ထား တဲ့ ဆန် ကွဲ( ဇကွဲ ) နဲ့ ဆန် ကောင်း ရော ထားတဲ့
ဆန် တွေ ကို “ ပ ပ က “ က နေ ပြည်သူ တွေ စား ဘို့ ဆို ပြီး ခွဲ တမ်း နဲ့ ပေး ပါ တယ်။
ကျ နော် အမှတ် မ မှား ရင် တစ်ပြည် ကို ၇၅ပြား ပါ။
ဆို ရှယ် လ စ် စနစ် နဲ့ ချီ တက် နေချိန်မှာ ပေါ်လစီ သီချင်း တွေက အတော်လေး ခေတ်စားပါတယ်။
လက် တွေ့ မှာ ဘယ် လောက် ငတ် မွတ် ခေါင်း ပါး နေ ရှား ပါ း ခက ် ခဲ နေ ပါ စေ
“ ဝိုင်း ကြီး ပါတ် ပါတ် က လို ့ ခုန် စ ပါး တောင် လို ပုံ “ ဆို တဲ့ သီ ချင်း တွေ က တော့
ရေ ဒီ ယို က နေ မှန် မှန် ကြီး လာ နေ တတ် ပါတယ်။
လေး တန်း ရောက် တော့ အ စိုး ရ စစ် ဆို တာကြီး နဲ့ ကြုံ ပ ါတယ်။
အ စုးိ ရ စစ် ဆို တော့ ဘာ ထူး လဲ ဆို တော ့ ကိုယ့် ကျောင်းမှာ
ကိုယ် စာ မေး ပွဲ မဖြေရ ဘဲ သူ များ ကျောင်း မှာ သွား ဖြေရ တာ ရယ်
က လေး လေးေ တွက တစ် နေ့ နှစ် ဘာသာ ဖြေ ရ တာဘဲ ထူးခြားပါတယ်။
အ မှတ် ရ စရာ နောက် တစ် ခု ကေ တာ့ လေးတန်းကျောင်းသားဖြစ်လာတဲ့အခါ
ဟို ဟာ ကြို ဆို ပွဲ တွေ ဒီ ဟာကြို ဆို ပွဲ တွေ လုပ် ရ တာပါ။
သူ တို့ လာ မယ့် လမ်း က စောင့် အလံ လေး ကိုင် လက် တွေရမ်းပြ။
အဲ လောက် ဘဲ လုပ် ပေး ရ တာ မှန် ပေ မယ့် အစောကြီး သွားပြီး
အကြာ ကြီး စောင့် ရ တာကို စိတ် ညစ် တာ ပါ။
နောက် အဖျက် သမားရှုံ့ချ ပွဲ ဆို ပြီ း အ ရုပ် တွေ မီးရှို့
ကျ နော် တို့ က ဝိုင်း ပြီး လက် ခုပ် တီး ကြ ရ တာပါ။
အဲဒီ အချိန် မှာ ကျနော် ့ ခေါင်း သေးသေး လေး ထဲမှာ
အ ရင်း ရှင် ဝါ ဒ ဆို ရှယ် လစ် ဝါ ဒ တို့
သောင်း ကျန်း သူ အဖျက် သ မား တို့
တောင် သူ လယ် သမား ဦး ကြီး များ တို့
ကာ ယ ဉာဏ လုပ်သားကြီး များတို့ ဆို တာ တွေ က ရောက် ေ န သလို ပါဘဲ။
အဲ ဒီ အခါ သမယ မှာ တိုင်း ပြည် က ဆင်းရဲ ကျပ်တည်းစ ပြု လာ ပြီ ထင် ပါ တယ်။
တံ ခါး ပိတ် ဝါ ဒ ကို ကျင့် သုံး တဲ့ အတွက် အစစ အရာရာ ရှား ပါး လ ာ တယ် ထင် ပါ တယ်။
ဟိုး အရင် က ဟင်း မရှိ ရင် လမ်း ဘေး အိ မ် ဆိုင် က “ငါး သေတ္တာ “ဘူးကို
အလွယ် တကူ ဝယ် စား ခဲ့ ပေ မယ့် ၊
နောက် ပိုင်း မှာ တော့ အရင် က ပေါ များ ခဲ့ တဲ့ ငါးသေတ္တာတွေ
အိုဗာ တင်းတွေ ချော က လက် တွေက
ရှား ပါး စာ ရင်း ဝင် သူ ဌေး စာ တွေ ဖြစ် လို့ လာ ခဲ့ ပါတယ်။
မ ကောင်း သော ခေတ် တစ် ခု ကု ိတိုး ဝင် စ အချိန် လို့ မြင်မိပါတယ်။
ဆက်လက်ဖော်ပြ ပါ မည်
ကိုပေါက် လက် ဆောင် အ တွေး ပါး ပါး လေး
3-7-2014
21 comments
weiwei
July 15, 2014 at 9:55 am
ကိုယ်တိုင်ရေး အထုပတ္တိပေါ့နော် ..
ပလက်ဖောင်းတွေထဲမှာ မြန်မာ့သမိုင်းကြောင်းနောက်ခံတွေပါ ထည့်သွင်းထားလို့ စိတ်ဝင်စားစရာကောင်းသလို ဗဟုသုတလဲရပါတယ် ..
ကိုပေါက်(မန္တလေး)
July 15, 2014 at 12:29 pm
ဟုတ်ကဲ့ပါ မဝေ ရေ
ကိုယ့် ဘ ဝ အ ကြောင်း ပါး ပါးလေး ရယ်
ကိုယ် တိုင် ဖြတ်သန်း ခဲ့ ရတာ တွေ လူ ကြီးတွေ ပြော ပြ လို့ မှတ် မိ တာ တွေကို
ပေါင်းပြီး ရေးလိုက်တာပါ။
ခု ခေတ် လူ ငယ် တွေ နဲ့ ကျနော် တို့ ဘဝ အလှမ်းကွာ နေ တော့
လူ ငယ်တွေ သိ အောင် လို့ ရေးလိုက်တာပါ။
ရွှေညာသား
July 15, 2014 at 10:47 am
ကိုပေါက်
နဲနဲချုံ့ထားတယ်လို့ခံစားရတယ်
ဖတ်ရတာ အရသာရှိပေမယ့် တိုလွန်းတော့ အားမရဘူး
ရသ စာပေကောင်းတစ်ပူဒ်ဖတ်နေရသလိုပဲ
တတ်နိုင်ရင် အခန်းလေးတွေခွဲပြီး အဆင့်ဆင့်လေးတွေ
ရေးပေးပါလား။
ဖတ်ရတာလည်း ကြိုက်တယ်။နောက်ပြီး ခေတ်/စံနစ် ကိုစံနစ်တကျ
ဖွဲ့ပြထားတာ မြင်နေရတယ်။
ဆိုရှယ်လစ်ခေတ်မှာ ဆိုရခဲ့တဲ့ လုပ်ခဲ့ရတဲ့
လမ်းစဉ်လူငယ် – ကြက်ခြေနီ
လူရည်ချွန် သီချင်းတွေ အစ-အဆုံး Step By Step ထည့်ပြီး ရေးပေးပါဗျာ။
လေးစားစွာတောင်းဆိုတာနော်။
ခင်တဲ့
ရွှေညာသား
ကိုပေါက်(မန္တလေး)
July 15, 2014 at 12:44 pm
ရွှေညာသားရေး ချုံ ့ ထားတယ် လို တော့ မဟုတ်။
တကယ် ရေး မယ် ဆို ရင ် အများကြီးတွေပါ ဘဲ။
အဲ လို ဆို ရင ် စာအုပ်တွေပြန် လှန်ရ တော့ မယ်။
အခုကတော့ ကျနော် ထုံး စံ အ တိုင်း ဘာစာ အုပ်မှ ပြန်မလှန်
ရင် ထဲမှာ မပျောက်ဘဲ ကျန် နေ တာ လေး ကို
ရ သ ပါအောင်ရေးလိုက်တဲ့ သဘောပါ ဘဲ။
ဇီဇီ
July 15, 2014 at 11:18 am
ဒါမျိုးက အဖိုးမဖြတ်နိုင်တဲ့ ကိုယ်တိုင်ရေး မှတ်တိုင်ငယ်လေးတွေ။
ခေတ်ကို မြင်ရတယ်။
စံနစ်တွေကို မြင်ရတယ်။
အပြောင်းအလဲတွေ မြင်ရတယ်။
လေးပေါက်ရဲ့ ဒိုင်ယာရီပဲပေါ့ဗျာ။
စိန်ပီတာ ဆိုတာ ခု အမှတ် ၉ ကျောင်း မဟုတ်လားး?
🙂
ကိုပေါက်(မန္တလေး)
July 15, 2014 at 12:57 pm
စိန်ပီတာ ကေ န အ မှတ်(၉)
ဒိုင်အို(ခ)သံ တဲကျောင်း ကနေ အမှတ် (၁၀)
စကွန်ဗင့် ကနေ အမှတ် (၈) အမှတ် (၁၁)
ဝက်စလီ ကနေ အမှတ် (၁၆)
ဖားသားလဖုံးက နေ ဒေသကောလိပ်
အဲ လောက်တော့ မှတ်မိ တယ် ကို်ယ် နဲ့ ပါတ်သက်ခဲ့ဘူးတာလေးတွေပေါ့။
kyeemite
July 15, 2014 at 11:42 am
ကိုပေါက်နဲ့ ကျုပ် ကွာလှ တစ်နှစ်ကျော်လောက်ပါ..ဆိုတော့ ဖြတ်သန်းခဲ့ရတဲ့ တိုင်းပြည်အခြေအနေတွေကတူပါတယ်….မတူတာတစ်ခုက စစ်သား သားသမီးဆိုတော့
တစ်နေရာ သုံးလေးနှစ်နဲ့ မြို့တကာပြောင်းနေခဲ့ရတာပါပဲ… ရ တန်းနှစ်မှ မန်းလေးကိုရောက်တယ်…
ခေတ်ကိုထင်ဟတ်ပြတော့ မသိမှီလိုက်သူ လူငယ်တွေ အတွက် အကျိုးရှိပါတယ်…
“ကျ နော် အမှတ် မ မှား ရင် တစ်ပြည် ကို ၇၅ပြား ပါ။”
အမှန်ပါပဲဗျ..ကျုပ်ကလည်း ပပက မှာ တန်းစီဆန်ထုတ်လာတာဆိုတော့ မှတ်မိပါတယ်…
ကိုပေါက်(မန္တလေး)
July 15, 2014 at 4:21 pm
ကိုမိုက်နဲ့ကျနော် သိပ ်မကွာ
ကွာသွားတာ က စစ် တပ် မှာ နဲ့ အရပ် ထဲ
ကျနော် သူ ငယ်ချင်း တစ်ယောက် ရှိ တယ် တံ ခွန် တိုင်စစ်တပ်က 5 တန်း မှာ ဆုံ ကြ တာ မြ လှိုင် တဲ့
နောက်တော ့ သူ လဲ စစ် ထဲ ဝင် သွားတယ်
အတိတ်ဆို တာ သ တိ ရ စ ရာတွေ ချည့် ပါဘဲ
Ma Ei
July 15, 2014 at 12:17 pm
ဖြတ်သန်းခဲ့တဲ့ ဘဝနဲ့ ပတ်ဝန်းကျင် စိတ်ဝင်စားစရာကောင်းသလောက်
အမှတ်ထင်ထင်ရှိနေခဲ့တာ ချီးကျူးပါတယ် ကိုပေါက်ရေ…
မကွာလှတဲ့ အချိန်ကာလတွေ ဖြတ်သန်းခဲ့ရပေမယ့်
ကျမတော့ ငယ်ဘဝရဲ့ ပတ်ဝန်းကျင်ကို သိပ်မမှတ်မိခဲ့ဘူး…
ကိုပေါက်(မန္တလေး)
July 15, 2014 at 4:26 pm
မ အိ ရေ
အလုံး စုံ ကို တိ တိ ကျ ကျ ကြီးတော့ လဲ မမှတ် မိ ပြန်
ဒါပေမယ် အတော်များများကလဲ ရင် ထဲ မှာ တင် ကျ န် နေ ခဲ့ တာ ကိုး
ကျနော် ရေး ခဲ့ တဲ့ ခေါင်း စဉ် လို
သွေးကြော ထဲ လှည့်ပါတ် ဦးနှောက်တွင် ရပ် တန့် နေ သော ဆို တဲ့ အတိုင်း ေ ရး ဖြစ် သွားတာပါ
black chaw
July 15, 2014 at 12:46 pm
အသက် ၄ဝ နောက်ပိုင်းမှာ အတ္ထုပတ္တိ စာပေကို
ကျွန်တော် စိတ်ဝင်တစားဖတ်ဖြစ်ပါတယ်…ကိုပေါက်ရေ…။
ဆိုတော့…ကိုရွှေညာသား ပြောသလို…
နည်းနည်းလေးများ အသေးပိုစိတ်လိုက်ရင်ဖြင့်…
ပို ဖတ်ကောင်းလိမ့်မယ်လို့ ထင်မြင်ယူဆမိပါတယ်ဗျာ…။
ကိုပေါက်(မန္တလေး)
July 15, 2014 at 4:23 pm
ကိုချော ရေ အေ သး စိတ် ရေး ဘို ့ စိတ် ကူး တယ်
ဒါ ပေမယ့် အခု နောက်ပိုင်းက ရှည် တယ် ဆို သိပ် မဖတ် ချင် ကြ တော့ တာကို
လဲ တွေး မိ တော့ အကျဉ်း နည်း နဲ့ ရေး လိုက် တာ
နောက် အချိန် လဲ မ ရ လို့ ပါ နောက်တော့ ပြန် ဖြန့် ယူ ပါ မယ်
တကယ် ပြော ရ ရင် တော့
မလွမ်း စကောင်း လို
နား စည် ကို ထွင်းလို အသေး စိတ ်ရေး ချင် တာ ပါ ကိုချော ရေ
alinsett (gazette)
July 15, 2014 at 2:14 pm
ပလက် ဖောင်း အမှတ် ကလေးတွေနဲ ့.. ကိုယ့်အကြောင်းလေးကို ကိုယ်ရေးပြသွားတာ..
ဖတ်ရတာ အရသာလည်း..ရှိတယ်ဗျာ..။ ရသမြောက်တယ်လို ့ပြောချင်တာပါ ။
အဲ…သုတ လည်း..ရတာပဲ.. ။
လေးပေါက်ဘဝရဲ ့အတွေ ့အကြုံတွေထဲက…ရမယ့်..ရသနဲ့ သုတတွေပေါ့.. ။
ကိုပေါက်(မန္တလေး)
July 16, 2014 at 4:58 pm
ကိုယ့် အတွေ့ အကြုံ တွေ ကို ပြန် ပြော ပေး နေ ရ တာ က တော့ ကိုယ့် လို့ အမှား တွေ ကို
သူ များတွေ မကြုံစေချင်လို့ ပါ အလင်း ဆက် ရေ
အရီးခင်
July 15, 2014 at 11:04 pm
ကိုပေါက်ကြီးက ပလက်ဖောင်းမင်းသား အရင့်စား ကြီး ပေါ့လေ။
ပလက်ဖောင်းပေါ်တက်ပြီး စည်းကမ်းမဲ့ ဈေးရောင်းတာခံ နေရဦးမယ်။
နောက်တာ။ (မနောက်နဲ့ လို့ အကျော နဲ့။ အစ်မ ပေါက် နဲ့ တိုင်မယ် ) :-)))
ကိုပေါက်ကြီးရေးနေတယ် ဆိုတာ ဒါလား။
ပြည်သူပိုင်သိမ်းတာ ဒီခေတ်မလဲ ရှိနေတာပါ ကပေါက်ကြီးရေ။
ဆိုရှယ်လစ် အမည်ခံ ကွန်မြူနစ်ဝါဒ နဲ့ အရင်းရှင်စနစ် ဖြစ်ပြီး ထိပ်ပိုင်း ကြီးပွါးတဲ့ ပွဲ က ဇာတ်မျော နေဆဲ။
စိတ်ဝင်စားဖို့ ကောင်းသမို့ နောက်ပိုင်း ဆက်ကို မျှော်နေပါကြောင်း။
ကိုပေါက်(မန္တလေး)
July 16, 2014 at 1:39 pm
ကိုလတ်ကြီးရေ ဟုတ်ပါတယ်
အစ က
ကျနော်က ပလက်ဖောင်း 50
ဆာမိ က ပလက်ဖောင် း 40
သိကြား က 30 ရေး မယ် တိုင်ပင်ခဲ့ကြ ဘူးတယ်။
စ ရေး နေ ရင်း က လက် က ရပ်မရ တော့ အခန်း ဆက် ဖြစ် သွားပါတယ်။
ခေတ် စံ နစ် ကို ကိုယ်တိုင်မြင်တွေ့ ခဲ့ ရ တာလေး တွေ ကို ရေး မှာ ပါ ။
ထုံး စံ အ တိုင်း ပါး ပါးလေး ပေါ့
ကိုလတ် ကြီး မဒမ်ပေါက်တော့ မတိုင် ပါ နဲ့
တော် ကြာ အချင်း ချင်း တည့် အောင် မ နေရ ကောင်းလား ဆို ပြီး လာ နား ပူ နေ ပါ မယ့်။
အရီးခင်
July 16, 2014 at 1:54 pm
ဒါဆို ရင် နောက် ကို အဲလို သံသယ စာ တွေ နဲ့ ရန် မလုပ် နဲ့တော့။
ဒါဗြဲ။ :-)))
Mr. MarGa
July 16, 2014 at 4:11 pm
အမ်
အနော်က ပလက်ဖောင်း 20 နော်
30 ကို ခုန်ကူးခိုင်းမို့လား 😀
ကိုပေါက်(မန္တလေး)
July 16, 2014 at 5:08 pm
အဲဒါ ဆိုရင် 30 က အံ ဇာ ကို ရေး ခိုင်း ထား ပါ ကို ဆာမ ိ က ရေးမယ် တဲ့
ငါက မပြီးလောက်သေး အခန်း ဆက်တွေ ကျန် အုံးမယ်
koyinmaung
July 21, 2014 at 9:41 am
ကိုပေါက်ရေ ကိုပေါက်ရဲ့ ပလက်ဖေါင်းစာစုကို ခုမှဝင်ဖတ်ဖြစ်တယ် ကျုနော်ကလဲ၁၉၅၈ခုသားဆိုတော့
ဒီအကြောင်းတွေဘဝတလျှောက်လုံးကြုံလာရတာ ဆိုတော့ ဖတ်ရတာငယ်ဘဝတွေပြန်အမှတ်ရနေမိတယ်ဗျာ
ကျနော်ကတော့ ပြည်သူပိုင်သိမ်းတော့ တရုတ်ကျောင်းတက်နေယင်းက မြန်မာကျောင်းပြန်ပြောင်းတက်ရတယ် တရုတ်စာကလဲအတန်းငယ်သေးတော့ တရုတ်စာလဲမတတ်ခဲ့ရပါဘူး မြန်မာစာပြန်တက်တော့သူငယ်တန်းနှစ် နှစ်တောင်တက်ခဲ့ရတယ် …တရုတ်မြန်မာအရေးအခင်းဖြစ်တော့ မြန်မာကျောင်းသွားတက်တဲ့အချိန်ပေါ့ မနက်၈နာရီလောက် လူတွေအများကြီးတန်းစီလို့ခေါင်းကြီးကိုကြိုးနဲ့ဆွဲလာပြီး ပီကင်းအသံခွေးဟောင်သံ လို့အော်ကြနဲ့ လမ်းလယ်ခေါင်မှာခေါင်းကြီးကိုမီရှို့ တရုတ်အလံလဲမီးရှို့ကြတယ် ကျနော်တို့မြို့မှာတော့ ဆန္ဒပြတာကလွဲလို့ အေးအေးချမ်းချမ်းပါဘဲ… အတွေ့အကြုံတွေကိုရေးချင်ပေမဲ့ အချိန်မရလို့မရေးဖြစ်ဘူး ဆရာပေါက်ရေ….
padonmar
August 1, 2014 at 10:30 pm
ဟား…ရွာထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေတွေ့ပြီ။
ကိုပေါက်ကြီး..နားစည်ကိုထွင်းကို မီအောင်ရေးနော်။
အရင်ကိုပေါက်ကို ခုကိုပေါက်က ကျော်ရမယ်။