“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ်နှစ်)
“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ်နှစ်)
“ ပ လက် ဖောင်း အမှတ် -၁၁” အ ရောက် မှာ တော့ ကျ နော် ကျောင်း ထပ် ပြောင်းရ ပြန် ပါ တယ်။
ဘာ လု့ိ ပြောင်း ရ လဲ ဆို တော့ ကျ နော် တို့ မိဘ နှစ် ပါး က လမ်းခွဲ လိုက် ကြ လို့ ပါဘဲ။
အဲ တော့ ကျ နော် လဲ ဒီ ကျောင်း ကထွက် ဟို ကျောင်းပြောင်း ပေါ့။
အ ရင် က တောင် ပု လင်း ဝင်း အရပ် ထဲ မှာ နေ တော့ အိမ် နဲ့ နီး တဲ့ ဒိုင်အို ကျောင်း မှာ နေ ခဲ့ ရ ပါတယ်။
အခု ကျ နော် တို့ က အဖေ နဲ့ လိုက် နေ ရ မယ် ဆို တော့ အ ဖေ့ ဘက် က အဖွား တို့ နေတဲ့
၂၅ လမ်း အိမ် နဲ့ နီးတဲ့ “ နေပြည်တော်- အမှတ်( ၁ရ) ကျောင်း ကို ပြောင်းရ ပြန် ပါတယ်။
အဲ ဒီ ကျောင်း က ၂၃-၂၄ကြားလမ်း ၈ဝ အနောက်ကျုံးလမ်း( အ ခု တော့ နား နှာ ခေါင်း လည် ချောင်း
ဆေး ရုံ ) မှာ ရှိ တာပါ။
အဲ ဒီ ကျောင်း မှာ နေ တုန်း က အမှတ်တရ အဖြစ်အပျက်ကတော့ ပ ထ မ အစမ်း ဖြေ နေတဲ့
ရက်ဘဲ ထင် ပါ တယ်။
ကျ နော် တို့ စာ မေး ပွဲ ဖြေ နေတုံး ကျောင်း ဝင်း အပြင်ဘက်က ဒို့ အ ရေး အော်သံတွေ
ကြား ရ ပါ တယ်။
နောက် ကျောင်း တံ ခါး ပေါက်ဝ က နေ အော ် သံ တွေ ကြား ရ ပါတယ်။
ဆရာ ကြီး ရော ဆ ရာ ဆရာ မ တွေ ပါ ကျနော်တို့ ကို စာ သင် ခန်း အပြင်ကို မထွက်ဘို့ ပြောပါ တယ်။
အ ပြင် ကဆန္ဒပြ နေ တဲ့ ကျောင်း သား တွေ ကလဲ စာ မေး ပွဲဖြေ နေ တဲ့ ကျောင်း သာ း တွေ ထွက် ခဲ့ ဘို့ အော် ခေါ် နေ ပါ တယ်။
ခဏ လဲ နေ ရော ကျ နော် တို့ စာ မေးပွဲ ဖြေ တာ ကို ရပ် ခိုင်းပြီး ကျောင်းနောက် ဖက်က
မ လွယ် ပေါက် တံ ခါး ကို ဖွင့် နား နှာ ခေါင်း လည် ချောင်း ဆေး ရုံ ထဲ က နေ
နည်း နည်းစီ ခွဲ ပြီး အိမ် ပြန်ခိုင်းပါတယ်။
အဲ ဒီ နေ့ ည နေ ရောက်တော့ နေ့ လည် က ကျောင်း သားတွေ က ထပ် လှည့် အုံးမယ်
ကျုံး နံ ဘေး က နေ လှည့် လာ အုံး မယ် ဆို တာ သိ ရပါတယ်။
နည်း နည်းေ မှာင် စ ပြု ချိန် မှာ ကျုံးနံ ဘေးက ရေတမာပင်(မန်းလေးအခေါ် တည်ပင်)
တွေအောက်မှာ ထမင်းထုပ်တွေ ငှက်ပျောသီး တွေ ထည့် ထား တဲ့ တောင်းတွေ
သောက်ရေအိုးတွေ လာ ချ သွား ကြ ပါတယ်။
ခ ဏ နေ တော့ ကျောင်းသား တွေ လှည့် လာတဲ့ အသံကြားရ ပါတယ်။
ရှေ့ ဆုံးက ကျောင်း သား တွေ က သွေး စွန်း နေ တဲ့ အဝတ်ကို အလံ လုပ် ထား ပါ တယ်။
သူ့ နောက် က ကျောင်းသား တွေ က ကြွေး ကြော်သံ တွေ အော်ပြီး လှည့် လာကြပါ တယ်။
သူတို့ စား ဘို့ သောက်ဘို့ အတွက်ချ ထား တာ တွေ ကို သူ တို့ ယူသွားကြပါတယ်။
နောက်မှ သိ လာ တာ ကေ တာ့ အဲ ဒီနေ့ က တက္ကသိုလ် သမဂ္ဂအဖြို ခွဲ့ခံခဲ့ ရ တဲ့
ဆဲဗင်း ဂျု လိုင် အတွက် လှည့် ကြ တယ် ဆို တာ ကိုပါ။
နောက် အ မှတ် တရ တစ် ခု ကေ တာ့ အ တန်း တင် စာ မေး ပွဲ ကြီ းေ ဖြတဲ့ အချိန်မှာ
ဖြစ် သွား တာ ပါ။
ကျ နော် ထိုင် ခုံ ရဲ့ ရှေ့ က ကျနော်တို့ သူငယ်ချင်းတစ်ယောက် တောင် သမန်အင်းမှာ
ရေ နစ် ပြီး သေ သွားလို့ ပါ။
အဲဒီ တုံး က စာ မေး ပွဲသာ ဖြေ နေ တယ် ရှေ့ ထိုင်ခုံ က လွတ်နေတာ မြင်မိတော့
စိတ်ထဲ မှာတ စ်မျုးိကြီးဖြစ် မိတာ အမှန် ပါ ဘဲ။
ဒီလိုနဲ့ဘဲ “ ပ လက် ဖောင်း အမှတ် -၁၂” ကိုရောက်လာခဲ့ ပါတယ်။
ရှေးတုံးက စကား ပုံ တစ်ခု ဖြစ်တ ဲ့
“ သုံး ကျောင်း ပြောင်း သောရှင်
သုံး လင် ပြောင်း သော မိန်း မ” ဆို တာ ကျ နော့် အတွက်များ ထား ခဲ့သလားလို့ ထင် မိပါတယ်။
လက်ရှိ ကျ နော် တက် နေ တဲ့ ကျောင်း က နန်း ရှေ့ ကို ပြောင်း ရ မယ် ဆို ပြီး စ ာ ထွက်လာပါတယ်။
အဲ တော့ ကျ နော် လဲ နောက် ထပ် ကျောင်း တစ် ကျောင်း ထပ် ပြောင်း ဘို့ စီ စဉ် ရ ပါ တော့ တယ်။
ပ ထ မ ဦး စား ပေး အ နေ နဲ့ အိမ် နဲ့ နီး တဲ့ အမှတ် (၁) အ ထက် တန်းေ ကျာင်း ကို သွား အပ် တော့
လူ ပြည့် နေ ပြီ ဆို ပြီး လက် မ ခံပါ ဘူး။
နောက် ဆုံး တော့ အောင် ချက် လဲ ကောင်း နာ မယ် လဲ ကြီး အဖိုး အဖွား တို့ စာ သင် ကြား ခဲ့
တဲ့ အမှတ် (၉) အ ထ က လို့ အ မည် တွင ်နေ တဲ့ စိန် ပီ တာ ကို ဘဲ ပြန ်ရောက်သွား ပါ တယ်။
အဲ ဒီ ကျောင်း ရောက် တဲ့အခါ ငယ် သူ ငယ် ချင်း များ န ဲ့ ပြန်ဆုံ ရ တော့ ပျော် ပါတယ်။
လွတ် လပ် စွာ နေ ခွင့် ရ သော ယောက်ျား လေး ကျောင်း ဖြစ် တဲ့ အ တွက်
ကြု ိက်သလို နေ ကြိုက်သလိုဆော့ နဲ့ ပျော် ပျော် ကြီး ဖြ တ် သန်း ခဲ့ ပါတယ်။
“ ပ လက် ဖောင်း အမှတ် -၁၂”
“ ပ လက် ဖောင်း အမှတ် -၁၃”
“ ပ လက် ဖောင်း အမှတ် -၁၄”
“ ပ လက် ဖောင်း အမှတ် -၁၅”
အ လယ် တန်း ကျောင်း သား ဘဝ မှ တော့ လမ် းစဉ်လူငယ်ပေါ့။
ကျောင်း က ခေါ် သ မျှ လုပ် အား ပေး တွေ လိုက်ရ တယ်။
သန်း ခေါင် စာ ရင်း ကောက ်တော့ ကျ နော် ၈တန်း။
တစ် တပ် တအား ပါ ဝင် ခဲ့ ရ ဘူး တယ။်
မှတ် မှတ် ရ ရ ဆန္ဒ မဲ ထောက် ခံ ပွဲ မှာ မဲ ရုံ စောင့် ရတယ်။
ဟို နား ဒီ နား သန့် ရှင်းေ ရး ဆို လဲ လိုက်ရ တယ်။
ကြက် ခြေ နီ သင် တန်း တွေ တက် ရ တယ်။
အဲ ဒီ အ ချိန် မှာတော့ မြန် မာပြည် မှာ ဆိုရှယ်စနစ် အားကောင်းမောင်းသန် လို့ ဆိုနိုင်ပါတယ်။
ဘယ်ေ နရာမ ဆို ဘာ လုပ် လုပ် ထောက် ခံ ပွဲ တွေ ကျင်း ပ ရင် ရာနူန်းပြည့် ထောက်ခံအောင်
လုပ်ကြ ပါ တယ်။
ကန့် ကွက် တဲ့ လူ အနည်းအပါး တော့ ရှိပါတယ်။
မ ထောက်ခံ လို့ လဲ မရ ပါဘူး။
မထောက်ခံ ရင် အခွင့် အရေးတွေ ပိတ် ပင် လို့ ပါဘဲ။
အဲဒီအချိန် က တည်း က သိ နေ တာ က ပါ တီဝင်မဟုတ်ရင်
ရ သင့် တဲ့ အခွင့် အရေးများဆုံးရှုံးသလို အလုပ် လဲ မရ နိုင်။
တင်းပြည့် မဟုတ် ရင် ကြီး မား တဲ့ ရာ ထူး မရ နိုင်။
အဲ တော့ပါ တီ မဝင် မနေ ရ လို့ သတ် မှတ် မထားပေ မယ့်
မဝင်ရင် အခွင့် အရေးတွေဆုံးရှုံးတော့ လူတိုင်းနီးပါး ဝင်ကြပါတယ်။
ယုံကြည်သည်ဖြစ်စေ မယုံ ကြည် သည် ဖြစ် စေ
ကြိုက်သည် ဖြစ် စေ မကြိုက် သည်ဖြစ်ေ စ ပါ တီ ဝင်ကြ ရ ပါတယ်။
၈တန်းကို သိပ္ပံဘာ သာ တွဲ နဲ့ အောင် တော့ ကျောင်းပြောင်း စ ရာ မလို ဘဲ
ဒီ ကျောင်း မှာဘဲ ဆက် နေ ရ တယ်။
အဲ ဒီ အချိန် မှာ အငြိမ့် တွေ ဘာ တွေကြည့် တတ် နေ ပါပြီ။
ဆောင်းညများမှာ အငြိမ့် တကာ နောက် လိုက်ရင်း
အငြိမ့် လူ ရွှင် တော် တွေ ရဲ့ ခေတ် စံ နစ် ကို ပါး ပါးလေး သ ရော ် တဲ့
ပျက် လုံး တွေ ကို အရ သာ ခံ တတ် နေ ပါ ပြီ။
ဝှက ်ထား တဲ့ အ နက် တွေ ကို ဖော် ရင်း ခနဲ့ ပြုံး လေးပြုံးတတ်နေပါပြီ။
စာ အုပ် တွေ ကို သဲ သဲ မဲ မဲ ဖတ်တဲ့ လူ ငယ် တစ် ယောက်ဖြစ် နေ ပါပြီ။
ည ဈေး တန်းက စာအုပ် အ ဟောင်း ဆိုင် တွေ နဲ့ ခင် အောင် ပေါင်းပြီး
ထုတ် ဝေ ခွင့် မ ရ တဲ့ စာ အုပ် တွေ ကို ရှာ ပြီး ဖတ် တတ် နေ ပါ ပြီ။
အဲ ဒါ တွေ ရဲ့ နောက ်ဆက် တွဲ အနေ နဲ့ နိုင် ငံ ရေး စကား လုံး တွေ ကို
ပါး စပ် နဲ့မ ဆန့် အောင် ကြီး ကြီး ကျယ် ကျယ် လဲ ပြော တတ် နေ ပါ ပြီ။
မြန် မာ ပြည် နိုင်ငံ ရေး အခြေ အ နေက အေးဆေးတယ်လို့ထင် ရ ပေ မယ့်
အ သဲ ခိုက်လောက် အောင် အေး စက် နေ တဲ့ ရေ ခဲမြစ်ကြီး ရဲ့ အ ပေါ် က
မာ ခဲ နေ တယ် ထင် ရ တဲ့ ရေ ခဲ ထု ပါး ပါးလေး မှာ ရပ် နေ ရ သလို ပါ။
အ ချိ်န် မ ရွေး ကျွံ ကျ ပြီး စုန်း စုန်း မြုတ် သွား နိုင် တဲ့ အ နေ အ ထား ပါ။
မြန် မာ ့ ဆို ရှယ် လစ် လမ်း စဉ် ရဲ ့ ဦး ဆောင် မူ့ ကို မ ကျေ နပ် တွေ ရှိ နေ ပေမယ့်
တိုး တိုး တိတ်တိတ်ဘဲ ဝေဖန်ရဲ ပါတယ်။
ကျောင်း သား အများ စု က တော့ ဗိုလ်ချုပ်နေဝင်းခေါင်း ဆောင် တဲ့ စစ် အစုးိရ ကို
ကမ ္ဘာ မ ကျေ ပါ ဘဲ။
အ စိုး ရ ဝန် ထမ်း မှန် ရင် ပါတီ ဝင် ရမယ်။
ပါ တီ မဝင် ရင် ရာ ထူး မ တက် အခွင့် အရေး မရ။
ပါ တီ မှာတောင်မှ အရန်ပါ တီ ဝင် နဲ့ တင်း ပြည့် ဆိုပြီး
ထပ် ခွဲ ပါသေးတယ်။
အဲဒီ အချိန် က နိုင်ငံပိုင် သတင်း စာ တွေထဲမှာ ပြည်ပြေး တို့
ပြည်တွင်းပြည်ပ သောင်းကျန်း သူ တို့
မြေအောက်အဖျက်သမား ( ယူဂျီ) တို့ ဆို တာတွေ က
အလွတ်ရ လောက်အောင် ပါ တဲ့ စကားလုံးတွေပါဘဲ။
အမှတ်ရ စ ရာ တစ် ခု က တော့ ၈၄လမ်းက ဟံ သာ ဝတီ သတင်း စာတိုက်မှာ
စနေ့ နေ့တိုင်းကျင်း ပ တဲ့ စာေ ပ ဆွေးနွေးပွဲ လေးတွေ ကိုပါဘဲ။
“ ပ လက် ဖောင်း အမှတ် -၁၆” အရောက်မှာတော့ မြန်မာ့ဂုဏ်ဆောင်
ကုလသမဂ္ဂအတွင်းရေးမှူးချုုုပ်ဦးသန် ့ ကွယ် လွန် ပါတယ်။
အဲ ဒီ မှာ ဦး သန့် အ လောင် းကို သင်္ဂြိုလ် တဲ့ နေရာ နဲ့ပါတ်သက်ပြီး
စ လိုက် တာ က နေ ကြီး မား တဲ ့ အုံ ကြွမူ့ တွေ ဖြစ ်လာ ပါတယ်။
အ လောင်း လု ပွဲ တွေ ဖြစ် လာ ပါ တယ်။
အဲ ဒီက နေ ဆက် ပြီး ဆ န္ဒ ပြ ပွဲ တွေ ဆက် တိုက်ဖြစ်လာ ပါ တယ်။
အ ဲလို လ ဲဖြစ ်ရော ကျောင်း တွေ အား လုံး ပိတ ်လိုက ်ပါ တယ်။
မန္တ လေး မှာ လဲ သ ပိတ် မှောက် ကြ ပါ တော့ တယ်။
မ ဟာ သ ကျ သီ ဟ( စင်္ကြာသီဟ) ဘု ရား ထဲ မှာ သ ပိတ် စ ခန်း ဖွင့် ပါတယ်။
နေ့ လည် နေ့ လည် ဆို ရင် အ ရှေ့ ဘက် အုတ် တံ တိုင်း ပေါ် တက်ပြီး
တရား တွေ ဟော။
လူ တွေ က လမ်း မ ပေါ် က နေ နား ထောင် လက် ခုပ ်တွေ တီး ပေါ့၊
သ ပိတ် မှောက် တဲ့ သူ တွေ ကို ဘုရားထဲ ကိုေ ခါ် သွင်း ပါ တယ်။
အ စား အ သောက် တွေ တာ ဝန ်ယူ ထား တဲ့ သူ တွေ လဲ ရှိ ပါတယ်။
နောက် သိပ် မကြာ ပါ ဘူ း အဲ ဒီ သပိတ် စ ခန်း လဲ ဖြို ခွဲ ခံ လိုက် ရ ပါတယ်။
ကျ နော် ဆယ် တန်း နှစ် က တော့ နိုင် ငံ ရေး မငြိမ်သက်ပါဘူး။
ကျောင်း က ပိတ် လိုက် ဖွင့်လိုက်။
ကျောင်း ဖွင့် လို့ မှ မကြာ သေး ဘူး နိုင် ငံ ရေး မငြိမ်သက်တော့ ကျောင်းပြန် ပိတ်လိုက်။
အဲ တော့ ပုံ မှန် စာ သင် ချိန် မရ တော့ ဆယ် တန်း ဖြေ ရ တဲ့ ခါ
သင်ခန်း စာ တွေကို လျော့ လိုက် ရပါတယ်။
စာ မေး ပွဲ ဖြေ ချိန် လဲ နောက်ဆု တ်လိုက် ရ ပါတယ်။
ကျ နော် တို ့ မန်းလေးသား ဆို တာ သင်္ကြန် မတိုင်ခင်ကတည်းက
သင်္ကြန် ကို မျှော် ပြီး ပျော် တဲ့ လူ တွေ ပါ။
စာ မေး ပွဲ က မ ဖြေ ရ သေး။
သင်္ကြန် အက တိုက် တာ တွေ သံ ချပ် တိုက် တွေ တဲ့ အသံ တွေ က လဲ တဝုန်းဝုန်း တဗြုန်းဗြုန်း။
လူ တွေက လဲ သွား ကြ လာ ကြ တရုံးရုံး။
ကျ နော် တို့ မှာ လဲ အဲ ဒီ အသံ တွေ ကု နား မစွင့် ရဲ့ ဘဲ စာကုန်း ကျက်ရပါတယ်။
ကျနော်တို့စာ မေး ပွဲ လဲ အပြီး သင်္ကြန်လဲ အစ။
ပျော် လိုက် တာ အလွန် ပါ ဘဲ။
သူငယ် ချင်း တွေ နဲ့ ပျော်ပျော်ပါးပါး။
နေ့ ရေ ပက်ခံ ထွက် ည မဏ္ဍပ် တကာ လျောက် သွား ။
အဲ ဒီ ခေတ် ကာ လ က သင်္ကြန် မှာ သံ ချပ် တွေ လိုက် နား ထောင်ရ တာ
သိပ် အရ သာ ရှိ လှ ပ ါတယ်။
သံ ချပ် အဖွဲ့ ပေါင်း စုံ လာ တဲ့ မီးရ ထား မဏ္ဍပ် တို့ ဗဟို မဏ္ဍပ် တို့ မှာသွားစောင့်။
သူ တို့ ရောင်း တဲ့သံ ချပ် စာ အုပ်လေး တွေ ဝယ်။
အပေါ် က သူ တို့ အော် ရင် စာအုပ် ကိုင်ပြီး လိုက်အော် ရ တဲ့
အရသာ မျုိုး ဘယ်မှာမှ မရ နို်င် တော့။
ကျနော်တို့ ဆယ် တန်း အောင် တဲ့ နှစ် က အောင် ချက် ကောင် းပါတယ်။
ဂုဏ်ထူး တွေ လဲ အများ ကြီးပါ ကြ သလို အမှတ်တွေလဲ ကောင် းကြပါတယ်။
အဲ တော့ တက ္ကသိုလ် ဝင် ခွင့် အမှတ် တွေလဲ မြင့် တာ ပေါ့။
အဲ နှစ ်က ကျ နေ ာ် အမှတ် က ၄၀ဝစွန်း စွန်းလေးဘဲ ရ တော့
သာ မန် ဘာ သာ ရပ် ကို ဘဲ သင ်ယ ူခွင့် ရ ပါ တယ်။
ကျ နော် တို့ ခေတ်က ပညာ ရေး စ နစ် ကို ပြော မယ် ဆိုရင်
(၅) တန်း ရောက် မှ အင်္ဂလ ိပ် စာ သင်ရ တဲ့ အတွက်
ကျောင်း သား အ ေ တာ် များ များ ရဲ့ အင်္ဂလိပ် စာ အဆင့် က နိ်မ့် ကျ သွား ခဲ့ တာ
အမှန် ပါဘဲ။
၈ တန်း က တည်း က သိပ္ပွံ ဝိ ဇ္ဇာ ခွဲ လိုက် ပါ တယ်။
သိပ္ပံ တွဲ ရ တဲ့ သူ မှ ဆေး ကျောင်း တို့ စက်မူ့ တို့ သွားဆေး ကောလိပ် တို့
လို့ အသက်မွေး ဝမ်း ကျောင်း ပညာ သင် ခွင့် ရ ပါတယ်။
ဝိဇ္ဇာ တွဲ ကို ေ ရာက် သွားတဲ့ သူ က ဆယ် တန်း အောင် ဘို့ ခက်သလို
အများ မက် မော တဲ့ ဘာ သာ ရပ် တွေ ကို လဲ သင် ယူခွင့် မရ တဲ့ အတွက်
တစ် ဆင့် နိမ့် သွား သလို ခံ စား ကြ ရ တာ အမှန် ဘဲ။
တက္ကသို လ် ဝင် ခွင့် တွေကို ဆယ် တန်း အောင် မှတ် နဲ့ ဖြတ် လိုက် တဲ့ အခါမှာ
အ မှတ် မြင် ့ တဲ့ သူ က သာ အ သက်မွေးဝမ်းကျောင်း တက္ကသိုလ် တွေကို
တက် ခွင့် ရ တယ် ဆို တော့ ဝါ သ နာ ပါ သည် ဖြစ် စေ မ ပါ သ ည် ဖြစ် စေ
ဂုဏ် ဒြပ် တစ် ခု အ နေ နဲ့ တက် ခဲ့ ကြ ပါ တယ်။
(မက် မော ခဲ့ ကြ တာ မိ ဘ တွေ ရော ကျောင်းသားေ တွပါ)
အဲ ဒီ ရဲ့ အကျိုး ဆက် ကေ တာ့ သင် ယူ ထားတဲ့ အတတ်ပညာကို
ဆက် လက် အသုံး မချ တဲ့ သူ တွေ များများ လာတာ ပါဘဲ။.
တ ကယ် ပြော ရင် တိုင်းပြည် အတွက် နစ် နာ တယ် လို့ ဆို နိုင်ပါတယ်။
ကျ နော် ရဲ့ လူ ငယ် ဘ ဝကို ပြန် စဉ်း စား ကြည့် တဲ့ အခါ မိ ဘ ရဲ့
ချမ်း သာ ကြွယ် ဝ မူ့ ကို မူ တည် ပြီး ကွဲ ပြား ပြီး လူ ငယ် တွေ ရဲ့ ဘဝ တွေ လဲ
ကွာ ခြား သွား ကြ ပါတယ်။
မိ ဘ လက် ငုတ် လက် ရင်း ရှိ သူ ( ပွဲ ရုံ ၊ စား သောက် ဆိုင်၊ အိမ် ဆိုင်၊ အ သေး စားကုန်ထုတ်လုပ်ငန်း)
ရှိ သူ တွေ က တက္ကသိုလ် ပညာ သင် အချိန် တန် ရင် မိ ဘ လက် ငုတ် လုပ် ငန်း ကို ဝင် လုပ် လို်က်ရုံ ပါဘဲ။
အ စိုး ရ အလုပ် လုပ် သူ ရဲ့ သာ း သမ ီး ကတော့ အများ အားဖြင့် စာ တော် ခဲ့ ရင်
အ သက် မွေး ဝမ်း ကျောင်း တ က္က သို လ် ( ဆေးကျောင်း၊အဂျင်္င်နီယာ၊သွားကောလိပ်) တက် ခွင့် ရသူတွေ
က တော့ ကျောင်း ပြီး ရင် အလုပ် ရ ဘို့ က သေ ချာ ပ ါတယ်။
အဲ ဒီ အ ချိန် က စာ ရေး ဆရာ တင် သန်း ဦး ရဲ့ စစ် တ က္က သိုလ် (DSA) အ ကြောင်း
ဝတ္တု တွေ က လဲ ဆက် တိုက် ထွက် တော့ လူ ငယ် တော် တော် များ များလ ဲ DSA တက် ဘို့
ကြိုး စားခဲ့ကြ ပါတယ်။
ကျောင်း တက် တုံး လ ခ လဲ ရ ကျောင်း ပြီး ရင် လဲ အလုပ် တန်း ရ တဲ့ အားသာ ချက်လဲ
ရှိ နေ တော့ လူ ငယ် အတော် တော် များများအိပ် မက် ထဲ မှာ DSA တက်ဘို့ ရှိ ခဲ့ ပါတယ်။
သာ မန် မိ သား စု က ပေါက် ဖွား တဲ့ လူ ငယ် တွေ ကေ တာ့ အစိုး ရ အလုပ် ကို ဘဲ မျှော် ရ ပါတယ်။
အဲ ဒီ ခေတ် က “ ပလာစတာ ခေါ်တဲ့ အကပ် “ ရှိမှ အစိုးရ အလုပ် ရ နိုင် ပါတယ်။
အဲ တော့ လူ ငယ ်တွေ မှာအ လုပ် ရ ဘို့ အတွက် နီး စပ် ခင် မင် ရာ ရုံ းတွေမှာ ကိုယ့် ထမင်း ကိုယ်စား
ပြီး လုပ် အား ပေး ဝင် လုပ် ရ ပါ တယ်။
အဲ ဒီ ကမှ တစ် ဆင့် နေ့ စား ၊
နောက်မှ လစ် လပ် တဲ့ နေ ရာ ရှ ိ ရင် အင်တာဗျူးဝင်ဖြေ ပြီ း ဝန် ထမ်း လောက ရောက်ပေါ့။
အချို့ မိ ဘ တွေ က တော့ ကိုယ် နဲ့ ခင် မင် တဲ့ ပုဂ္ဂိလ က လုပ် ငန်းတွေ မှာအ လုပ် သင် အဖြစ်
အပ် ထား ပြီး အ ရောင်း အဝယ် သင် ခိုင်း ပြီး ဈေး လော က ထဲ ကို ရောက် စေ ခဲ့သူလဲ ရှိ ပါတယ်။
အဲ ဒီ ခေတ် ကာ လ တွေ က ရန် ကုန် နဲ့ မန်းလေး
မန်းလေး နဲ့ အခြားသော မြို့ တွေ ရဲ့ အ သိ အမြင် တိုး တက် မူ ့ က ကွာခြားလွန်းအားကြီးပါတယ်။
လူ ငယ် တစ် ယောက် က တိုး တက် ခြင်ရင် ပညာ ဆက် သင် ခြင် ရင် ရန်ကုန်ကို ဆင်း ရပါတယ်။
မန်း လေး လို မြို့ ကြီး မှာ ပညာ ကြီး ကြီး မား မား သင် စ ရာ မရှိ။
အလွန် ဆုံး သင် ချင် ရင် “ဘု ရင့် ကျောင်း “ လက်နှိပ် စက် လက်ရေးတိုနဲ့
စာ ရင်း ကိုင် သင် ချင် ရင် သင်၊
ဒါမှ မဟုတ်ရင် နန်းတွင်း ရေ ကူး ကန် မှာ ရေ ကူး သင် ချင် ရင် သင်
အဆာဟိ က လပ် မှာ က ရာ တေ း သွား သင်
အဲ ဒါ မှ မသင် ချင် ရင် အောင် ကလပ်မှ ကြက် တောင် သွား ရိုက်
ဒီ ထက်ပို လုပ်စရာ မရှိ ခဲ့ တာအမှန် ပါ ဘဲ။
“ ပ လက် ဖောင်း အမှတ် -၁၇” မှာတော့ ကျောင်းလဲ မဖွင့်သေးတော့
ယောင်တောင်ပေါင် တောင် နဲ့ စာ ဖတ် ရင်း လည် ရင်းပါတ်ရင်းအချိန် တွေ
ကုန် ခဲ့ ရပါတယ်။
အဲ ဒီ အချိန်မှာ အ မေ ရိ ကန် နိုင ်င ံသား ဘော် ဘီဖစ် ရှာနဲ့
ရှ ရှား နိုင ်ငံ သား ဘောရစ် စပါတ် စကီး တို့ နှစ် ယောက် ရဲ့ ကမ္ဘာ စစ် တုရင် ပြိုင် ပွဲ
ကို အကြောင်း ပြု ပြီး ကျ နော် တို့ လူ ငယ် ထု ကြားမှာ “chess”လို့ ခေါ် တဲ့
အင်္ဂလိပ် စစ် တု ရင် က စား နည်း က ခေတ် စား လို ့ လာ ပါ တယ်။
ကျ နော် လဲ အရူး အမူး ပေါ့။
စာအုပ် တွေ ဝယ် ဖတ် ။
နေ ရာ တကာ လိုက် ပြီး စစ်တုရင် ထိုး။
ည ည ဆို ရင် စာ အုပ် တစ်အုပ်၊ ကျား ကွက် တစ် ခု၊
စစ်တုရင် အကောင် တွေ ရှေ့ ချ ပြီ း စာ အုပ် ထဲ က နာ မယ် ကြီး ပွဲ တွေကို
လိုက် ရွှေ့ ၊
နှစ် ကွက် ထဲ နဲ့ ပွဲ ပြီး တဲ့ ပွဲ တွေ ဘဲ စု ထား တဲ့ American Two Move စာအုပ်ကို
သွားလေရာ ကို်င် သွားအားတာ နဲ့ ထို်င် ဖတ် ပြီး ဘယ် လို ရွှေ့ ရ မလဲ ဆို တာ စဉ်း စား ။
သွားလဲ ဒီ စိတ် စားလဲ ဒီ စိတ် နဲ့ နေ ခဲ့ ဘူး ပါတယ်။
မျက် နှာ ကို လက် ကိုင် ပု ဝ ါနဲ့ စီး ပြီး စစ်တုရင် ကစား ခဲ့ တယ် ဆို တဲ့
မှော် ဝိဇ္ဇာအလီ ခိုင် ကို အားကျ၊
အဖွင်ကစား နည်း ပေါင်း စုံကို အလွတ်ရ အောင် ကျက် နဲ့
အ တော် လေး ကို ပိုး ထ ခဲ့ ဘူး ပါတယ်။
“ ပ လက် ဖောင်း အမှတ် -၁၈” အရောက် တက္ကသိုလ် တက် ရ မယ့် အချိ်န်ရောက်ခဲ့ တဲ့
အခါမှာတော့ ကျ နော် တို့ ခေတ် ရဲ့ ထူး ခြား တဲ့ တက္က သိုလ် ပညာရေး စံနစ်သစ်တစ်ခု ပေါ် လာ ခဲ့ ပါတယ်။
ဆက် လက် ဖော် ပြ ပါ မည်
ကို ပေါက် လက် ဆောင် အ တွေး ပါး ပါးလေး
7-7-2014
20 comments
ဇီဇီ
July 17, 2014 at 8:49 am
ဒီပလက်ဖောင်းတွေဖတ်ရတာရယ်။
ကိုယ်တိုင်ဖြတ်သန်းခဲ့ရတာတွေရယ် ကြည့်လိုက်ရင် ထင်ရှားတာက မြန်မာပြည် ပညာရေးစံနစ် က မတည်ငြိမ်သေးတာပဲနော်။
အမျိုးမျိုးဖြစ်ပျက် ပြောင်းလဲနေတာပဲ။
:hint:
ကိုပေါက်(မန္တလေး)
July 17, 2014 at 10:14 am
ပညာရေး စနစ် က ဝန် ကြီး တစ်ယောက်ပြောင်းရင် စံ နစ် တစ်ခါ ပြောင်း ။
ပညာ တတ်တွေ လက် တဲ့ စမ်း တာ ကို ကျနော် တို့ ကျောင်းသားတွေခံ ခဲ့ ရတော့
ကျနော်တို့ တွေက မတတ် တ တတ် တွေ ဖြစ် ကုန် ပါလေရောဗျာ
weiwei
July 17, 2014 at 9:59 am
copy/paste ဖြစ်နေတယ် ကိုပေါက်ရေ ..
ကျွန်မကတော့ ဆိုရှယ်လစ်စနစ်နဲ့ ဆယ်တန်းအထိ နေခဲ့ရသူဆိုတော့ ကိုပေါက်ရဲ့ ပလက်ဖောင်းတွေနဲ့ သိပ်မစိမ်းဘူးဖြစ်နေတယ် .. ဒါပေမယ့် ကိုပေါက်လိုတော့ သေသေချာချာ မမှတ်မိဘူး .. သက်တောင့်သက်သာနဲ့ပဲ အထက်တန်းအထိ တက်ခဲ့ရပါတယ် ..
ကိုပေါက်(မန္တလေး)
July 17, 2014 at 10:16 am
ကျနော် က စပ် စု တတ် သူ မို့ မှတ် မိ နေ တာ လား တော့ မသိ ဘူး မဝေ
ကော်ပီ ပေစ် ကို ပြင် လိုက် ပါ မယ် ကျေး ကျေး ပါ
TNA
July 17, 2014 at 12:18 pm
လေးပေါက်တော်လိုက်တာ။ အသေးစိတ်ကိုမှတ်မိရေးနိုင်တဲ့ လေးပေါက်ကိုအဲ့ဩမိတယ်။ ကျွန်မတို့ဆို ဘယ်လိုမှအဲ့လောက်မမှတ်မိနိုင်ဘူး။ မြန်မာပြည်ပညာရေးကတော့ နောင်နှစ်ပေါင်းများစွာထိဒီလိုပဲ အစမ်းသပ်ခံဖြစ်နေအုံးမယ်နဲ့တူပါရဲ့လေးပေါက်ရယ်
ကိုပေါက်(မန္တလေး)
July 17, 2014 at 1:24 pm
မယ်သဲရေ
စိတ်ကိုနောက်ပြန်ပြေးခိုင်းလိုက်တာလေ
TNA
July 17, 2014 at 3:17 pm
ဘယ်လိုပဲဖြစ်ဖြစ်လေးပေါက်ရယ် ငယ်ဘဝအမှတ်တယလေးတွေကို ခုလိုမှတ်မှတ်ယယသိမ်းထားတာကောင်းတယ်။ ကျွန်မကတော့ မြို့တွေအများကြီးပြောင်းခဲ့ရလို့လားမသိဘူး ငယ်ဘဝအမှတ်တယကော ငယ်သူငယ်ချင်းကော မရှိဘူး 😥 လေးပေါက်ကိုအားကျပါဘိ
ကိုပေါက်(မန္တလေး)
July 17, 2014 at 8:42 pm
ပြော ရ အုံးမယ် ငယ် ချစ် ကို လဲ မမေ့ သေး ဘူး နော်
kyeemite
July 17, 2014 at 1:40 pm
ဦး သန့် အရေး ဖြစ်ပြီး ကျောင်းတွေရက်အကန့်အသတ်မရှိပိတ်တော့ ကျုပ်က မန်းလေးရောက်နေပြီဗျ…
တံခွန်တိုင်တပ်ထဲက တွဲဖက်အလယ်တန်းကျောင်းမှာပေါ့…တိုင်းရေးပြည်ရေးတော့သိပ်မသိသေး..
ကျောင်းပိတ်တာကိုသာ ပျော်နေခဲ့တာ…ဝတ္ထုမျိုးစုံတော့ စဖတ်နေပါပြီ…
ပြန်သတိရမိတယ်ဗျာ… 🙁
ကိုပေါက်(မန္တလေး)
July 17, 2014 at 8:45 pm
ကိုမိုက်ရေ
ဦးသန့် အရေးအ ခင်း က ကျောင်း ခဏ ခဏ ပိတ် ။
အိမ်က လဲ အပြင် မထွက် ရဘူး။
တရား ပွဲ သွားမှာစိုးလို့။
အဲတော့ စာအုပ် တွေ တစ် ထပ် ကြီး ချ ဖတ် အိပ် လိုက်စားလိုက် ဇိမ်ဘဲ။
Mr. MarGa
July 17, 2014 at 5:04 pm
ဖြတ်သန်းခဲ့တဲ့ ခေတ် နဲ့ စနစ်ကို ထင်ဟပ်နေတဲ့ ပလက်ဖောင်းတွေမို့
သေချာစောင့်ဖတ်မယ်ဗျို့
ဒီအပိုင်းကတော့ အဖြူကို အရောင်စွန်းစ အချိန်တွေပေါ့နော်
ကိုပေါက်(မန္တလေး)
July 17, 2014 at 8:46 pm
မာ ဃ ရေ
ရေး ရင် း ပို ပိုရှည်သွားပြီ နော်
အရီးခင်
July 17, 2014 at 11:48 pm
ကိုပေါက်ကြီး
ငယ်တုန်းက မိဘ နှစ်ပါး ကြားမှာ စိတ်မြေဇာပင် ဖြစ်ခဲ့တာကိုး။
ကိုယ်ပိုင် သမိုင်းကြောင်း အစစ် ချပြနေတာ မသိတာတွေ မြင်ရလို့ ကျေးဇူးပါဗျ။
ကျွန်မ အထင် ဆို ရှယ် လစ် စနစ် က စစ်မှန် လို့ ကတော့ ကောင်းပါတယ်။
ဒါပေမဲ့ အဲလို စစ်မှန်ဖို့ စက်ရုပ်တွေ ကို အုပ်ချုပ်ခိုင်းမှ ရမလား မသိ။
ကွန်မြူနစ် တွေ နဲ့ မှီလိုက်သေးတယ်လား။
သခင်သန်းထွန်း၏နောက်ဆုံးရက်များ စာအုပ်တော့ ဖတ်ဖူးတယ်။
စာအုပ်အရဆိုရင်တော့ အတော်လေး ရက်စက်ပြီး ကြောက်ဖို့ကောင်းတဲ့ အတွေးအခေါ်တစ်ခုဘဲ။
surmi
July 18, 2014 at 8:34 am
စက်ရုပ်တွေမဟုတ်ဘဲ သောတာပန်တွေဆိုလည်းဖြစ်နိုင်ပါတ်အရီးရေ 🙂
ပြည်သူအားလုံးလဲ သောတာပန်တွေ လောက်နီးနီးဖြစ်ရင်ပေါ့ :mrgreenn:
ပြောချင်တာကတော့ ဒီလိုပုထုဇနော တွေနဲ့တော့ ဘယ်သောအခါမှ 🙁
ကိုပေါက်(မန္တလေး)
July 18, 2014 at 9:56 am
ကို ဆာ ရေ သူ တို့ က တမင် ကို အကောင်းတွေ စု ထားတဲ့ စိတ်ကူး ယဉ် သက် သက် လို ဖြစ ်နေတာပါ
ကိုပေါက်(မန္တလေး)
July 18, 2014 at 9:52 am
ဟုတ် ကိုလတ်ကြီး
ဒါပေမယ့် ကျနော် က စိတ် ဒါဏ် ရာ ရ သူ ထဲ မှာ မပါ
အဖေက ကိုယ့် အားကိုယ်ကိုးတတ်အောင်လမ်းကြောင်းပေးပါတယ်။
မြန်မာပြည်က စာရေး ဆရာ အပေါင်းက လူ မမြင်ရ ဘဲ နဲ့ လမ်း ညွန် မူ တွေ ပေး ပါတယ်
ဆိုရှယ်လစ်စနစ်ကတော့ မူအရကောင်းပါတယ်။
တကယ်တော့စိတ်ကူးယဉ် သက် သက်ဖြစ်နေသလို ပါဘဲ။
ကွန်မြူ နစ် စနစ်ဆို တာကတော့မြန် မာ ပြည် မှာ မကောင်း ဆိုး ဝါး အဖြစ ်အမဲဖျက်ခံ ရ တဲ့ ဝါ ဒ တစ် ခု ပါ ဘဲ။
ဘယ်ဝါ ဒ မ ဆို အားနည်းချက်နဲ့ အား သာ ချက် တော့ ရှိ စမြဲ့ပါဘဲ။
ခင် ခ
July 18, 2014 at 9:46 am
ပလက်ဖောင်းအမှတ် ဘယ်လောက်ထိရောက်အုံးမလဲ မသိပေမယ့် ငယ်ငယ်တုန်းက မီးရထားလမ်း ဇလီဖားတုံးရေတွက်ကာ လမ်းလျှောက်သလို ကိုပေါက်ပလက်ဖောင်းတွေကိုလည်း ရေတွက်ကာ အမှီဖတ်လျှောက်နေပါတယ်လေ။
kai
July 18, 2014 at 2:25 pm
စစ်တုရင်ဝါသနာပါခဲ့တာပေါ့..
ကျုပ်ကတော့.. စစ်တုရင်ကို.. သူငယ်တန်းမတက်ခင်ထိုးတတ်ခဲ့တာမို့.. စာထက်ပိုရှေ့ရောက်ခဲ့တာ..။
အခုတလောလေးတင်.. သွားဆေးတက္ကသိုလ်ကဆရာဝန်တယောက်.. အီလီနွိုက်မှာ.. ပြည်နယ်ချံပီယံဖြစ်.. စစ်တုရင်အလုပ်နဲ့လုပ်စားနေတာတာသိရတယ်…။
http://ratings.fide.com/card.phtml?event=13000063
ဒါက..
ကိုပေါက်ရဲ့.. “ပ လက် ဖောင်း အမှတ် -၁၇” ကိုလှမ်းချိတ်တဲ့..အမှတ်တရ…။
ကိုပေါက်(မန္တလေး)
July 18, 2014 at 3:18 pm
ကိုခိုင်ရေ
ပလက်ဖောင်း အမှတ် 17 ကို နောက်ထပ် ဖတ်စရာ နဲ့ ချိတ်ပေးတာကျေးဇူးပါဘဲ။
ကျနော်ပလက်ဖောင်းက သမိုင်း မှတ် တိုင် တစ် ခု ပေ မယ့် အပြည့် အစုံ တော့ ပါ မယ် မထင် ပါ။
ကျနော် မှတ် မိ သလောက် ပုံရိပ် များ ကိုဘဲ ရေးဖွဲ့ ထားတာမို့လို့ပါ။
padonmar
August 1, 2014 at 11:57 pm
ဖတ်မောသွားတယ်။
ကျောင်းပိတ်ရက် စာအုပ်ပုံနဲ့ နေရတာတော့ အပျော်ဆုံးပါပဲ။