Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

White Card ခေါ် (Disembarkation / Embarkation) DE Card အကြောင်း – Copyright © H + M

ဇီဇီSeptember 25, 20131min32297

လေယာဉ်ပေါ်မှာဝေတဲ့ အဖြူရောင်ကတ်ပြားလေး (သို့မဟုတ်) White Card ခေါ် (Disembarkation / Embarkation) DE Card အကြောင်း

White Card (ဝှိုက်ကတ်) ဆိုသည်မှာ ပြည်ပသို့သွားရောက်တိုင်း အဆိုပါ နိုင်ငံသား (သို့မဟုတ်) နေထိုင်လုပ်ကိုင်နေသူ မဟုတ်သော၊ အလည်အပတ် လာသူများ ဖြည့်ရသည့် သုံးခေါက်ချိုး ကတ်ပြားဖြစ်သည်။ လေယဉ်ပေါ်တွင် အခမဲ့ဝေသည့် အဆိုပါကတ်ကို လေယဉ်ပေါ်တွင် ပြည့်စုံအောင်ဖြည့်ပြီး လေယဉ်ပေါ်မှဆင်းသည့်အခါ လူဝင်မှုကြီးကြပ်ရေး (Immigration) ကောင်တာတွင် ပတ်စ်ပို့ (Passport) နှင့်အတူပြရသည်။

 ဖြည့်ရမည့်အချက်အလက်များမှာ အမည်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံသား၊ တည်းခိုမည့်နေရာ၊ နေထိုင်မည့်ကာလ၊ စသည် တို့ဖြစ်သည်။

သတိပြုရန်မှာ အချက်အလက်အားလုံးကို အက္ခရာစာလုံးအကြီး (Block Letter, e.g, A B C ..) ဖြင့်သာ ဖြည့်ရန်နှင့် နေထိုင်မည့်ရက် (Length of Stay) တွင် ရက် ၃ဝ (30 Days)သာ အများဆုံးဖြည့်ရန်ဖြစ်သည်။

 အလုပ်လာရှာသူများကို အကြံပေးလိုသည်မှာ လူဝင်မှုကြီးကြပ်ရေး ICA (Immigration and Checkpoints Authority) ကောင်တာတွင် တန်းစီပါက လူများသောကောင်တာတွင်တန်းစီရန်၊သဘောကောင်းသည် ထင်ရသော ကောင်တာတွင် တန်းစီရန်၊ အရာရှိမှ မေးတတ်သော
– ဘယ်နိုင်ငံကလာသလဲ
– နာမည်ဘယ်လိုခေါ်သလဲ
– အသက်ဘယ်လောက်ရှိပြီလဲ
– ဘာအလုပ်လုပ်သလဲ
– ဘာလာလုပ်သလဲ (အလည်ဟုသာပြောပါ)
– စင်ကာပူမှာဘယ်လောက်နေမှာလဲ (တစ်လဟုသာပြောပါ)
– စင်ကာပူမှာနေတုန်း ဘယ်မှာတည်းမှာလဲ (ဟိုတယ် တခုခုပြောပါ)
– စင်ကာပူမှာဆွေမျိုးသားချင်းရှိသလား
– Show money (ပိုက်ဆံ) ဘယ်လောက်ပါသလဲ (US ၅၀ဝ အနည်းဆုံး)
စသည် မေးသည်များကို အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန် ရှင်းပြရန် ဖြစ်သည်။ အဆင်ပြေသွားပါမည်။ အရမ်းမစိုးရိမ်ပါနှင့်။

White Card ခေါ် DE (Disembarkation / Embarkation) Card ကို သေချာ စွာသိမ်းထားရန် လိုအပ်သည်။ ယင်းကတ်သည် စင်ကာပူအဝင်တွင် စင်ကာပူ လူဝင်မှုကြီးကြပ်ရေး အရာရှိမှ တုံးထုပေးမည်ဖြစ်သလို အထွက်တွင်လည်း ပြန်ပေးခဲ့ရန် လိုသည်။ ဗီဇာသက်တမ်း တိုးသည့်အခါတွင်လည်း ယင်းကတ် နံပါတ် ဖြည့်ရန်လိုအပ်သည်။

White Card ခေါ် DE Card (၃ခေါက်ချိုး) တွင်ဖြည့်ရမည့်အချက်များ

 ပထမ တစ်ခေါက်ချိုး

Full Name __ ပတ်စ်ပို့ စာအုပ်ကအတိုင်း မိမိနာမည် အကွက်တစ်ကွက်ကို တစ်လုံးသာရေးပါ။

Sex __ ကျား (Male) သို့မဟုတ် မ (Female)

 Passport Number __ ပတ်စ်ပို့ စာအုပ်နံပါတ် M123456 စသည် (ပတ်စ်ပို့တွင်ကြည့်ပါ။)

Place Of Issue __ ပတ်စ်ပို့ စာအုပ်ထုတ်ပေး သည့် နေရာ (ပတ်စ်ပို့တွင်ကြည့်ပါ။)

Date of Expiry __ ပတ်စ်ပို့ သက်တမ်း ကုန်ဆုံးမည့်ရက် (ပတ်စ်ပို့တွင်ကြည့်ပါ။) ရက်၊လ၊နှစ် ပုံကိုကြည့်ပါ။

Country Of Birth __ မွေးဖွားရာ နိုင်ငံ (MYANMAR မြန်မာပါ။)

Date of Birth (DD-MM-YYYY) __ မွေးသက္ကရာဇ် (ရက်၊လ၊နှစ် အတိုင်းရေးရန်။ ဇန်လဝါရီ ၁ရက်နေ့ ၁၉၈ဝ မွေးပါက 01 01 1980

Nationallity __ နိုင်ငံသား (MYANMAR ဟုရေးရန်။)

Identity Card (Malaysian only) __ မလေးရှားလူမျိုးများသာ ဖြည့်ရန်ဖြစ်သည်။

Flight No/Vessel Name/ Vehicle No __ လေယာဉ်ခရီးစဉ်အမှတ် 8M 332 , MI 511, SQ 992 စသည်

FOR OFFICE USE ONLY __ ဖြည့်ရန်မလို။ (လ.၀.က အရာရှိ ဖြည့်ရန်ဖြစ်သည်။)

 

ဒုတိယ တစ်ခေါက်ချိုး

Place of Residence City __ နေရပ် မြို့
(YANGON သို့ မိမိနေထိုင်ရာမြို့အမည်)

State __ နေရပ် ပြည်နယ် တိုင်း (YANGON သို့ မိမိနေထိုင်ရာ ပြည်နယ်/တိုင်းအမည်)

Country __ နေရပ် နိုင်ငံ (MYANMAR)

 Last City/ Port of Emb on Before SG __ စင်ကာပူမလာခင် ထွက်ခွာခဲ့ သည့်မြို့ (YANGON သို့မဟုတ် မိမိလေယာဉ်စီးလာရာ မြို့)

Next City/ Port of Demb After SG __ စင်ကာပူမှ ဆက်လက် ထွက်ခွာမည့်မြို့ (ရန်ကုန် စင်ကာပူ ရန်ကုန်ဆိုလျှင် YANGON ဘဲရေးပါ။)

(ရန်ကုန် – စင်ကာပူ – မလေးရှား – စင်ကာပူ – ရန်ကုန် ဆိုလျှင် MALAYSIA ဟုရေးပါ။)

Address in Singapore __ Hotel 81 , Bugis (မှတ်ရလွယ်သော ဟိုတယ် နာမည်ရေးပါ)

Length of Stay __ 30 (၁လနီးပါးသို့၂လ နေမည်ဆိုလျှင်လည်း ၃ဝ သာရေးပါ။ လေးငါးဆယ်ရက်နေမည်ဆိုပါက ၁လထက်နည်းပါက နေမည့်ရက်အတိုင်းရေးပါ။)

Have you ever been to Africa __ NO (NO ကိုသာ အမှန်ခြစ်ပါ။)

လွန်ခဲ့တဲ့ ၆ရက်အတွင်း အာဖရိက သို့ တောင်အမေရိက မသွားဖူးပါက Have you ever used different name __ NO (NO ကိုသာ အမှန်ခြစ်ပါ။)

အရင်က တခြားနာမည်ဖြင့် စင်ကာပူသို့ မဝင်ဖူးပါက Have you ever prohibited entering __ NO (NO ကိုသာ အမှန်ခြစ်ပါ။)

စင်ကာပူ ပြည်ဝင်ခွင့် ငြင်းဆန် မခံရဖူးပါက If “Yes” state name(s) __ တခြားနာမည်ဖြင့် ဝင်ဖူးပါက အဲဒီတုန်းက ဝင်ခဲ့သော နာမည်ရေးပါ။

Signature __ လက်မှတ်ထိုးပါ။

ယခုဖြည့်ပြီးသော ၂ခေါက်ချိုးကို လူဝင်မှုကြီးကြပ်ရေး အရာရှိမှ သိမ်းလိုက် မည်ဖြစ်ပါသည်။ ကျန် ၁ခေါက်ချိုးကို ပြန်ပေးလိုက်မည်ဖြစ်ပြီး စင်ကာပူက ထွက်လျှင် ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။

 

 ထိုလက်ကျန် တတိယ တစ်ခေါက်ချိုးမှာ

Full Name __ ပတ်စ်ပို့ စာအုပ်ကအတိုင်း မိမိနာမည် အကွက်တစ်ကွက်ကိုတစ်လုံးသာရေးပါ။ (ပထမခေါက်ချိုးကအတိုင်း)

Nationality __ နိုင်ငံသား (MYANMAR ဟုရေးရန်။) (ပထမခေါက်ချိုးကအတိုင်း)

ကျန်နေရာများ ဖြည့်စရာမလိုပါ။ လ.၀.က အရာရှိမှ တုံးထုပေးပါမည်။

DE Card No ဆိုသည်မှာ 0285657094 ကိုပြောခြင်းဖြစ်ပါသည်။

7 comments

  • ဦးကျောက်ခဲ

    September 25, 2013 at 9:33 am

    အဟွတ်… တစ်ခေတ်တခါက မောင်ကျောက်ခဲလည်း…
    ချီးပုံးဆွဲ ကြောင်လျှာသီး လည်ပင်းပတ်ပြီး ရင်တထိတ်ထိတ်နဲ့…
    လူဝင်မှုကြီးကြပ်ရေး ကောင်တာမှာ တန်းစီဖူးတယ် ခင်ဗျ…
    အဲသည့်ခေတ်က အဝင် ဗီဇာမလို၊ အချိုးမကျရင် တခါတည်း ရီဂျက်လုပ်ပြီး ပြန်ပို့တာလေ…
    😀

    • kai

      September 25, 2013 at 10:50 am

      ကြုံခဲ့ဖူးသပေါ့…
      ဂျပန်အသွား.. သီဟပူရက မိတ်ဆွေတွေဆီဝင်လည်ချင်တာမို့.. လေယဉ်လက်မှတ်အဲဒီဖက်ကဖြတ်လိုက်တာ…

      ဘာမှန်းမသိ.. တန်းစီပြီး.. ကိုယ့်အလှည့်ရောက်တော့.. ပါတ်စပို့တင်… အော့ဖစ်စာကိ.. လူကိုတချက်ကြည့်ပြီး.. “ဒုံး”တဲ့..။
      အဲဒါနဲ့ဝင်လာရော..
      လာကြိုတဲ့သူဆီရောက်တော့မှ.. သူတို့က.. ဗီဇာဘယ်လောက်ရသလည်းတဲ့..
      လှန်ကြည့်တာ.. ၃လဆိုလား.. ပေးသဗျ…။

      တကယ်တော့.. ဝှိုက်ကဒ်က.. ဘယ်နိုင်ငံမှာမဆို.. အဝင်အတွက်အရေးကြီးပါတယ်..
      ယူအက်စ်အဝင်လည်း လည်လည်လာသူတွေဆို… ဝှိုက်ကဒ်လိုပါတယ်….
      ဗီဇာဝေဖာသမားတွေကတော့.. အစိမ်းရောင်လားမသိ… လိုပါတယ်..

      အဲဒါလေး.. :mrgreen:

      • KZ

        September 25, 2013 at 10:57 am

        ကျနော် စလုံး လာခါနီးတော့
        ရှပ်ပြာမမို့ အဒေါ်က အရမ်းမှာပါတယ်။
        အင်မီ ဂရေးရှင်းက ပြန်ပေးတဲ့ ကဒ် အဖြူလေးကို မပျောက်စေနဲ့ !!! မပျောက်စေနဲ့!!! ဆိုပြီးးးး
        အခြေခံ အိုဗာစီး ဗဟုသုတ မရှိတဲ့ ဒီ အမိုက်မ က အထားမှားသေးတယ်လေ။

        ခုတော့ ပထမဆုံးလာမဲ့ ဘုမသိ ဘမသိ တွေကို အာပေါက်အောင် ဖုန်းဆက်တတ်နေပြီ။

        (( အင်မီ ဂရေးရှင်းက ပြန်ပေးတဲ့ ကဒ် အဖြူလေးကို မပျောက်စေနဲ့ !!! မပျောက်စေနဲ့!!! ))

        :mrgreen:

  • kyeemite

    September 25, 2013 at 10:01 am

    စစ သွားမဲ့လူတွေအတွက် အလွန်ကောင်းတဲ့ မျှဝေမှုပါ ကေဇီရေ
    မြန်မာနိုင်ငံဝင်ဖို့ လေယာဉ်ပေါ် မတက်ခင် ဘုတ်ဒင်းအပေါက်ဝကဝေတဲ့
    စာရွက်(ပန်းရောင်လို့ထင်၏) ကိုကြည့်ပြီး ခေါင်းကုတ်နေတဲ့ နိုင်ငံခြားသားတွေတွေ့ဖူးသေးတယ်

    😀

  • ဦးကြောင်ကြီး

    September 25, 2013 at 10:07 am

    ဝှိုက်ကတ်က ရေးလို့သိနိုင်ဒယ်.. ဘီလူးကားကတော့ ကြည့်မှ သိမယ်ဗျို့…

  • Mr. MarGa

    September 25, 2013 at 1:15 pm

    White Card
    Green Card
    သိဘူး သိဘူး
    ဘာဘာ ဘာမှ သိဘူး :mrgreen:

  • sorrow weaver

    September 25, 2013 at 2:03 pm

    ဘာကတ်မှ မဖြည့်ချင်ဘူး…ဒေါ်ကေဇီ ရှိတဲ့တိုင်းပြည်လဲမလာဘူး …အာဟိ

Leave a Reply