ကန့်လန့်ကာနောက်ကွယ်က ဉာဏ်ကြီးရှင် (၁)

အပိုင်း (၁)

ဒဏ္ဍာရီလာအရပြောရမယ်ဆိုရင် ဆယ့်ခုနစ်ရာစုနှောင်းပိုင်းအချိန် ဘုရင်ချားလ်-၂ က သူ့ရဲ့မူးမတ်တစ်ပါးရဲ့ အိမ်တော်မှာကျင်းပတဲ့ စားသောက်ပွဲကြီးမှာ တည်ခင်းဧည့်ခံတဲ့ အသားဟင်းလျာကို ကျေနပ်နှစ်သက်မှု ကြီးစွာဖြစ်ပြီး The hunk of meat Sir Loin လို့ ဘွဲ့အမည်တပ် ပေးခဲ့ရာကစလို့ အမဲခါးအသားကြော် Sirloin Steak ဟာ လန်ဒန်မြို့ရဲ့ ဆင်ခြေပုံးဒေသ ချင်းဖိုဒ့် (Chingford) ရဲ့ နာမည်ကျော် ထုတ်ကုန်ဟင်းလျာ တစ်ခုအဖြစ် ထင်ရှားစေခဲ့ပါတယ်…

ချင်းဖိုဒ့် (Chingford) ကမွေးထုတ်ပေးလိုက်တဲ့ နောက်ထပ်နာမည်ကျော်တစ်ခုကတော့…

၁၉၆ရခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှာမှ ဂျိုနသန် ပေါလ် အိုက်ဖ် (Jonathan Paul Ive) ဟာ လူ့ဘုံလောကာကြီးထဲကိုရောက်ရှိလာခဲ့တယ်…

အဆင်ပြေချောမွေ့လျက်ရှိသောအိပ်ခန်းပေါင်းများရှိနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေနဲ့ လန်ဒန်မြို့ရဲ့ မြောက်ဘက်အစွန်းဆုံး… မြို့ပြနဲ့ဆက်စပ်နေတဲ့ အိပ်ဆက်စ်ကျေးလက်ဒေသ (Country of Essex), အစ်ပင်းသစ်တော (Epping Forest) တောင်ဘက်ကပ်ရက်မှာရှိတဲ့ ချင်းဖိုဒ့် (Chingford) ကတော့ အငယ်သားတစ်ယောက်လို တိတ်ဆိတ်ပြီး၊ မဝံ့မရဲဖြစ်နေတုန်းပဲ…

ချင်းဖိုဒ့် (Chingford) နယ်သားတွေဟာ ရှေးရိုးစွဲဝါဒီပါတီ ( Conservative Party) ဝင်ဟောင်းလဲဖြစ် နာမည်ကျော် ဆာဝန်စတန်ချာချီရဲ့နေရာကိုဆက်ခံသူလဲဖြစ်တဲ့ အိုင်ရိန်းဒူကန်စမစ်ရဲ့ ရှေးရိုးစွဲဝါဒီပါတီဝင်တွေကို မဲပေးလေ့ရှိတဲ့ဒေသတစ်ခုလဲဖြစ်ပါတယ်…

ဂျော်နီအိုက်ဖ်ရဲ့ ကလေးဘဝက သက်တောင့်သက်သာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရပေမယ့်… ရှက်ရွံ့မှုတွေတော့ ရှိခဲ့ပါတယ်… သူ့ဖခင်ဖြစ်တဲ့ မိုက်ကယ်ဂျွန်အိုက်ဖ် (Michael John Ive)က ငွေပန်းတိမ်ဆရာဖြစ်ပြီး၊ မိခင်ဖြစ်တဲ့ ပါမီလာမေရီအိုက်ဖ် (Pamela Mary Ive)ကတော့ စိတ်ရောဂါကုဆရာဝန် တစ်ယောက်ဖြစ်ပါတယ်… သူတို့နှစ်ယောက်မှာ ဂျော်နီအိုက်ဖ်ထက် နှစ်နှစ်ငယ်တဲ့သမီးလေး အယ်လစ်ဆင် (Alison)လဲ ရှိပါသေးတယ်…

ဂျော်နီက နောက်ပိုင်းဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်း (David Backham) ရဲ့ မိခင်ကျောင်းတော် ဖြစ်လာမယ့် ချင်းဖိုဒ့်ဖောင်ဒေးရှင်းကျောင်းမှာပဲ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်… (ဒေးဗစ်ဘက်ခမ်းဟာ ဂျော်နီပညာသင်ကြားပြီး ၈နှစ်အကြာမှ ကျောင်းရောက်လာခဲ့သူပါ)… ပညာသင်ကြားနေစဉ်အတွင်းမှာ စာသင်ကြားရာမှာအနှောက်အယှက်ဖြစ်စေတဲ့ ကာလတိုမှတ်ညဏ်ချို့ယွင်းသည့်ရောဂါ (Dyslexia) ခံစားနေရ ကြောင်း သိရှိခဲ့ရတယ်… (နောက်ပိုင်းမှာ သူ့လိုရောဂါအခံရှိပြီး လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်တဲ့ လက်ယာဘက်ဦးနှောက်ပိုင်းအားသားတဲ့ စတိဂျော့ (Steve Jobs) ရောဂါကိုအတူတကွရင်ဆိုင်ခဲ့ပါတယ်)

ဂျော်နီငယ်စဉ်အချိန်တုန်းက ပစ္စည်းကိရိယာများအပေါ်မှာ အလွန်စူးစမ်းလိုစိတ်ရှိခဲ့ပါတယ်… အရာဝတ္တုတွေ တစ်ခုနဲ့တစ်ခုဘယ်လိုပူးပေါင်းအလုပ်လုပ်သလဲ… ရေဒီယိုတွေ… အသံဖမ်းစက်တွေကိုလဲ ဂရုတစိုက်ဖြုတ်တပ် လုပ်ကြည့်သလို… အဲဒီအရာတွေဘယ်လိုတပ်ဆင်ထားသလဲ… ပစ္စည်းသေးသေးလေးတွေ ဘယ်လိုနေရာ တကျတပ်ဆင်ထားသလဲဆိုတာက ဂျော်နီကို ဖမ်းစားထားနိုင်ခဲ့ပါတယ်… ပစ္စည်းလေးတွေကို တစ်စစီဖြုတ် ကြည့် ပြီးလို့ပြန်တပ်တဲ့အခါတိုင်းမှာ… ဂျော်နီတစ်ခါမှ အောင်မြင်မှုမရခဲ့ပါဘူး…

“ ကျွန်တော်မှတ်မိနေပါသေးတယ်… အမြဲတမ်းပစ္စည်းကိရိယာတွေကို ဘယ်လိုလုပ်ထားတယ်ဆိုတာ အမြဲတမ်း စိတ်ဝင်တစားရှိနေခဲ့ပါတယ်…” သူ့ငယ်ဘဝအကြောင်းကို ၂၀၀၃ခုနှစ် လန်ဒန်ဒီဇိုင်ပြတိုက်မှလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြန်ပြောပြခဲ့ပါတယ်…

“ကလေးတို့သဘာဝအတိုင်းပေါ့… လက်ထဲဘာရောက်လာလာစူးစမ်းတတ်ခဲ့တယ်ဆိုတာ ကျွန်တော်မှတ်မိပါတယ်… နဲနဲကြီးလာတော့ အဲဒီအရာတွေ ဘယ်လိုလုပ်ထားတယ်… ဘယ်လိုအလုပ်လုပ်တယ်… ဘယ်လိုသတ္တုတွေ ကုန်ကြမ်းတွေနဲ့ဖွဲ့စည်းထားတယ်လုပ်ထားတယ်ဆိုတာပါ ပါလာတာပေါ့…”

ဂျော်နီရဲ့အဖေ မိုက်ကတော့ သူ့သားစိတ်ဝင်တစားရှိတဲ့အရာတွေကို အားပေးတဲ့အပြင်… အမြဲတမ်းလိုလို သူ့သားနဲ့ ဒီဇိုင်းအကြောင်းတွေဆွေးနွေးပြောဆိုခဲ့သော်လည်း ဂျော်နီကတော့ သူကစားနေတဲ့အရာတွေရဲ့ နောက်ဆက်တွဲအကြောင်းအရာတွေကို သိပ်ကြီးကျယ်တယ်လို့ မထင်ခဲ့ပါဘူး…

(“သူတို့လုပ်ခဲ့တဲ့ ဒီဇိုင်းတွေဟာ သိပ်ပြီးထူးထူးခြားခြားမဟုတ်သလို… ကျွန်တော့်ကိုမြင်မြင်ချင်းစွဲလန်းအောင် မလုပ်နိုင်ခဲ့ပါဘူး” ၂၀၀၃ လန်ဒန်မြို့ရဲ့လူစုလူဝေးကြားထဲမှာ ဂျော်နီပြောကြားခဲ့တာပါ…)

ဂျော်နီရဲ့ဖခင်က သူကလေးဘဝကတည်းက ဒီဇိုင်းနဲ့ပတ်သက်ပြီး ပြုစုပျိုးထောင်မိတ်ဆက်ခဲ့သူပဲဖြစ်တော့တယ်…

 

ဆက်လက်ဖော်ပြမည်…

 

ကျွန်တော် ဒီစာအုပ်ကိုဖတ်ရင်း… ဘာသာပြန်ချင်စိတ်ပေါ်လာတာကတစ်ကြောင်း…

ဒီဇိုင်းအကြောင်းပြောခဲ့တဲ့ သူငယ်ချင်း WoW ရဲ့ပိုစ့်လေးကို အလွန်နှစ်သက်မိရာကတစ်ကြောင်း…

တစ်ခါက ဒီလူကြီးအကြောင်းကျတော့မပြောဘူးဆိုပြီး စကားနာထိုးခဲ့ဖူးတဲ့ သူငယ်ချင်း မောင်ဂီကို အကြွေးဆပ်လိုသည်ကတစ်ကြောင်း…

မြန်မာနိုင်ငံမှာ ဒီစာအုပ်ကိုတော့ဖြင့် ဘယ်သူမှ ဘာသာပြန်ဖြစ်မယ်မထင်မိသည်ကတစ်ကြောင်း…

ကျွန်တော့်ရဲ့ မီးကျိုးမောင်းပျက်အင်္ဂလိပ်စာလေးနှင့်ဖတ်ရင်း တတ်သလောက်မှတ်သလောက် ဘာသာပြန်လိုက်မိပါတယ်…

အမှားအယွင်းတစ်စုံတရာနှင့် အမြင်မတော်စရာတစ်ပုံတစ်ပင်တွေ့လျှင် မူရင်းစာအုပ်ရေးသားသူ… Leander Kahney နှင့်

လုံးလုံးလျားလျား မသက်ဆိုင်ဘဲ… မတောက်တစ်ခေါက်နှင့် စမ်းတဝါးဘာသာပြန်သူ ကျွန်ုပ်ကြောင်ဝတုတ်၏တာဝန်သာဖြစ်ပါကြောင်း…

 

လေးစားစွာဖြင့်-

ကြောင်ဝတုတ်

 

8 comments

  • ဇီဇီ

    July 18, 2014 at 10:43 am

    အဟိ။
    ခေါင်းစဉ်ကြည့်ပြီး လန့်တတ်နေတာ မကြာသေးဝူးးး
    ဟိ။
    မြင်ချင်တာတွေ မြင်ယောင်သွားတာ။
    :mrgreenn:

    ဆက်ရေးပါ။
    အားပေးနေတယ်။
    ဒါက စကား အလှပေါ့လေ။
    :mrgreenn:

    ဖတ်ချင်မှ ဖတ်မယ်။
    မန့်ချင်မှ မန့်မယ်
    ဒါက ကန့်လန့်စကားးး
    :mrgreenn:

    ကြိုက်ရာကို ယူပြီး ရီပလိုင်းလုပ်ပါရန်။
    ဟိ
    😀

  • ခင် ခ

    July 18, 2014 at 12:53 pm

    ဒီမှာက ဘာသာပြန်စာပေတွေတော့ နည်းတယ်လို့ထင်ပါတယ်။
    အခုလို ရေးပေးတာအတွက်တော့ ကောင်းတယ်ဗျာ။
    ဆက်လက်ရေးပါအုံး ဆက်ဖတ်ချင်လို့ပါ။

  • TNA

    July 18, 2014 at 1:06 pm

    ခေါင်းစဉ်ကြည့်ပြီး ပြန်တော့မလို့။ ဖတ်မိလိုက်လို့တော်သေး။ နားမလည်ပေမဲ့ မသိသေးတာတွေအတွက်ဗဟုသုတ ရသွားတယ်ဖက်ဖက်ကက်ရေ။

  • အရီးခင်

    July 18, 2014 at 1:13 pm

    ဝုတ်ပါ့။
    ခေါင်းစဉ်မြင်လိုက်တော့ တုတ်ဆွဲ လိုက်တော့မလို့လက်ပြင်တုန်း မွသဲ မှတ်ချက် အရင်တွေ့လိုက်လို့။
    ဆက်ပါ။
    ရပ်သာ မသွားနဲ့။
    တန်းလန်းထားလို့ကတော့ နာပြီမှတ်။။ (စာကို ဆိုလိုသည်) :-)))

  • Crystalline

    July 18, 2014 at 1:28 pm

    စိတ်ဝင်စားသွားပြီး.. အခန်းဆက်လေးတွေကိုစောင့်ဖတ်ပါမည်.. အခုထက် နည်းနည်းပိုပေးနိုင်လျှင်ပိုကောင်းပါမည်.. ဒါပေမယ့် သဘောပါ.. :mrgreenn: ကျမလည်း အခု အင်္ဂလိပ်ဝတ္ထုတွေပြန်ဖတ်မိနေတယ်…. အရင်ကတော့ စာအုပ်လှန်.. မသိတဲ့စာလုံး ၂လုံး၃လုံးထက်ပိုလာရင် ဒစ်ရှင်နရီကလည်း မကြည့်ချင်တော့ ဆက်မဖတ်ဖြစ်တော့တာများတယ်.. အခုတော့ ဖတ်ရင်း သွသူနားလည်သွားမှန်း သဘောပေါက်သွားလို့ အားတဲ့အချိန်လေး ပြန်ဖတ်မိနေတယ်..

  • Mr. MarGa

    July 18, 2014 at 2:36 pm

    ပြီးအောင်
    ရေးပေးပါ ဟု
    တောင်း ဆို ပါ ၏

  • ကြောင်ဝတုတ်

    July 18, 2014 at 3:40 pm

    သူငယ်ချင်းကေဇီရေ…
    မကြောက်ပါနဲ့ဗျာ… ရွာကို မီးမရှို့ပါဘူး…
    ကော်မန့်ပေးချင်လဲပေး… မပေးချင်လဲမပေးပါနဲ့…
    ကော်မန့်မျှော်လို့ စာရေးနေတာမဟုတ်သလို…
    ဘာမှမမျှော်ပဲစာရေးတာပါ… ရင်ထဲကအနုပညာအညှောင့်ပေါက်တဲ့အခါ…
    ပန်းလှလှပွင့်ပြီး…
    ရင်ထဲကမြေဩဇာခန်းခြောက်တဲ့အခါ
    ပတ်ကျားအက်သတဲ့ပေါ့ ကေဇီ…
    အခုတော့ အညှောင့်ပေါက်လို့ ပန်းလှလှလေးတစ်ပွင့် ပွင့်စေမလားစဉ်းစားမိနေတယ်….

    ကိုအလင်းဆက်ရေ…
    ကျွန်တော်စာရေးတာမချောဘူး… အဲဒါအပြင် မြန်မာစာအသုံးအနှုန်းကိုလဲ အတော်စဉ်းစားရသဗျ…
    ဘာသာပြန်ကိုး အင်္ဂလိပ်လို ညှပ်ရေးလို့ဘယ်ဖြစ်ပါ့မလဲ…
    လွဲနေတာရှိလဲ ပြင်ပေး… အမြင်မတော်တာရှိလဲ အီးမေးလ်လေးပို့ပြီး ဆုံးမစေချင်တာပါပဲ…
    အိုဘယ့်… မြန်မာစာ…

    ကိုခင်ခရေ…
    ဘာသာပြန်စာပေနည်းတယ်ဆိုတာထက်…
    ကျွန်တော့်စိတ်ထင် ဒီစာအုပ်ကို ဘယ်သူမှစိတ်ဝင်တစား ဘာသာမပြန်ဘူးလို့ထင်တာပဲ…
    အကြောင်းအရင်းတစ်ခုက Biography ဖြစ်နေတာကတစ်ကြောင်း…
    အရေးခံထားရတဲ့လူက လူတိုင်းစိတ်ဝင်စားမည့်သူမျိုးမဟုတ်တာက တစ်ကြောင်း…
    မြန်မာပြည်မှာ ဒီဇိုင်းဆိုတာဘာမှန်းသေချာမသိသည်ကတစ်ကြောင်း…
    အဲဒါတွေကြောင့် ဒီစာအုပ်ကို ဘာသာပြန်ကြမည်မထင်ပါ…
    ကျွန်တော် ဖတ်ကြည့်ချင်သည်… အဲဒီလိုပဲ ကျွန်တော့်လို ဖတ်ကြည့်စေချင်သည်…
    အဲဒါကြောင့် အတတ်နိုင်ဆုံး ဘာသာပြန်ကြည့်တာပါ…

    အစ်မသဲရေ…
    နည်းပညာပိုင်းစစ်စစ် စာအုပ်မဟုတ်ဘူး…
    ရသစာပေလဲမဟုတ်ဘူး…
    Biography ပုံစံမျိုးရေးထားတဲ့ စာအုပ်…
    ပျင်းစရာကောင်းနိုင်ပါတယ်…
    အဲဒီလိုပဲ အဲဒီလူဟာ မိုက်ကယ်ဂျက်ဆင်လောက်လူသိမှာမဟုတ်ဘူး…
    လေဒီဂါဂါလောက် ကျော်ကြားမှာမဟုတ်ဘူး…
    ဂျက်စတက်ဘီဘာလောက် အာရုံရောက်မှာမဟုတ်ဘူး…
    ဒါပေမယ့် သူ့ဖန်တီးမှုတွေက ကမ္ဘာကြီးကို အုပ်စိုးနိုင်တယ်ဆိုရင် ယုံမှာလား…

    အရီးရေ…
    ကံမကောင်းအကြောင်းမလှလို့ ဥရောပတိုင်းပြည်တွေမှာ မနေဖူးတော့…
    အင်္ဂလန်နိုင်ငံရဲ့နေရာဒေသတွေအကြောင်းရေးတော့ အခက်အခဲဖြစ်သဗျာ…
    အခေါ်အဝေါ်အသံထွက်မှားတာလေးတွေရှိလဲ ပြင်ပေးပါဦး…
    အတတ်နိုင်ဆုံးကြိုးစားထားပါတယ်…
    ကျွန်တော်နားလည်သလို ဘာသာပြန်ထားသမို့…
    အမှားတွေလဲ ပါကိုပါမှာပါ… ယဉ်ကျေးမှုမတူတော့ အတွေးအခေါ်မတူလို့…
    စာခံစားမှုခြင်းလဲ ကွာချင်ကွာမှာပါ…
    ထောက်ပြ ဝေဖန်ကြပါဦးလို့…

    ခရစ်ရေ…
    ငယ်ငယ်တုန်းက အင်္ဂလိပ်စာအုပ်ဖတ်ရင် ဘေးမှာ ဘောပင်နဲ့ စာတစ်အုပ်ချထားတယ်…
    မသိရင်ရေးမှတ်လိုက်တယ်… ဆက်ဖတ်တယ်…
    အခန်းတစ်ခန်းလောက် ပြီးမှ ဒစ်ရှင်နယ်ရီမှာ အကုန်ပြန်ရှာပြီး အစအဆုံးပြန်ဖတ်တာ…
    အခုတော့ အဲဒီလိုလုပ်ရလောက်အောင် အချိန်မရတော့လို့ ကျွန်ပျူတာတစ်လုံးဘေးချပြီးတော့
    စာဖတ်ရင် ဒစ်ရှင်နယ်ရီကြည့်ရင်း ပိုစ့်ကို တန်းရိုက်ရင်းလုပ်နေပါတယ်…
    အခု အခက်တွေ့နေတာက အင်္ဂလိပ်လိုနားလည်ပြီး ဗမာလိုဘယ်စာလုံးသုံးရမှန်းမသိဖြစ်နေတာမျိုး…
    ကိုယ်စမိတဲ့ဇတ် ကိုယ်ပြီးအောင်ကရမှာပေါ့လေနော်…ဟီး

    သကြားရေ…
    ပြီးအောင်ရေးပါ့မယ်…
    စာမျက်နှာ ၆၅ဝ နီးပါး…
    ဒီနေ့ရေးတဲ့ ပိုစ့် (၂)ခုက ၁ရမျက်နှာပဲရှိသေးတယ်…
    ငါတော့မှားပြီထင်ပါတယ်လေ….

    ခင်မင်လျက်-
    ကြောင်ဝတုတ်

Leave a Reply