စားဖိုဆောင် ချစ်သူ
စားဖိုဆောင် ချစ်သူ
===============
ကျမ ဘဝဟာ ဆန္ဒနဲ ့ဘဝတစ်ထပ်တည်းကျ ခဲ့တယ်လို ့ပြောလို ့
ရမလား ။
အပျိုဖော် ဝင်လာစက တည်းက ထမင်းဟင်းချက်ပြုတ်နေရတာ ကိုသဘောကျ နှစ်သက်ခဲ ့တယ် ။ မချက်တတ် ချက်တတ်နဲ ့ကျမ ရဲ ့မိသားစုကို
ထမင်းဟင်း ချက်ကျွေး ခဲ့ဖူးတယ် ။
အမေ နဲ ့အစ်မချက်တဲ ့ဟင်းချက်နည်းတွေကို
လေ့လာခဲ့တယ် ။ ချက်ပြုတ်နည်းစာအုပ်တွေ ဝယ်ဖတ်ပြီး ကိုယ်တိုင်ချက် ကြည့်တဲ့အထိ အရူးထခဲ့သေးတယ် ။ ကိုယ့်ဟာကိုယ်လက်တည့်စမ်း ထားတဲ့ဟင်းတွေကို မိသားစုထမင်းဝိုင်း မှာ ချကျွေး တဲ့အခါ ဆို တစ်ယောက်တစ်
ပေါက် ဝိုင်းဝေဖန်ပေးတဲ့ အစ်ကိုနဲ ့အစ်မ တွေကြောင့် စိတ်ဆိုးစိတ်ကောက် ခဲ့ တာကို သတိရသေးတယ် ။ မီးဖိုချောင်ထဲ ဝင်ပြီး ချက်ပြုတ် နေရတာကို မိန်းကလေး ပီပိ ဝါသနာ ကြီးခဲ့တယ် ။
အခုတော့ ကျမ ဟာ စက်ရုံဝန်ထမ်း အယောက် သုံးရာ လောက်ကို ချက်ပြုတ်ကျွေး မွေးရတဲ့ စားဖို မှူး တစ်ယောက် ဖြစ်နေပါပြီ ။ လွန်ခဲ့တဲ့တစ်နှစ်က
မှစားဖိုဆောင်တစ်ခုလုံးကို တာဝန်ယူ ရတဲ့ စားဖိုဌာနမှူး ရာထူးကို ရခဲ့တာပါ ။
ကျမ လက်အောက်က အကူစားဖို မှူး ရှစ်ယောက်ရှိပါတယ် ။
ဝန်ထမ်းသုံးရာ ကျော် လောက်ကို မနက် ၊ နေ ့လည် ၊ ည တစ်နေ ့ကို သုံးနပ်
ချက်ကျွေး ရတာ ဆိုတော့ လွယ်တဲ့ ကိစ္စ တော့မဟုတ်ခဲ့ပါဘူး ။ ဆယ်ပြည်လောက်ဆံ့ တဲ့ ထမင်းပေါင်းအိုး လေးအိုးလောက်ကို တပြိုင်တည်း ချက် ရပါတယ် ။
စက်ရုံက ချမှတ်ပေးထားတဲ့ စားဖိုအသုံး စရိတ် နဲ ့လောက်အောင် ဝေခြမ်း သုံး
စွဲရပါတယ် ။ တစ်နေ ့လုံးစာကို တစ်မနက်တည်းမှာ အားလုံးပေါင်းပြီး ဈေးထဲ
မှာဖောက်သည်ဈေးနဲ ့ ပေးဝယ် ရတယ် ။ တစ်နေ ့လုံးစာအတွက် ဈေးဖိုး က
နှစ်သုံး ကျော်လောက်ကုန်ပါတယ် ။ ဒါတောင် အသားကျွေးတဲ့ နေ ့ကို တစ်ပတ်
မှာ သုံး ရက်သတ်မှတ် ပေးထားတာပါ ။ ကျန်တဲ့ ရက်တွေမှာတော့ ကြက်ဥ တို ့
အသီးအရွက်တွေကို သင့်သင့်မျှတ စွာချက်ကျွေး ရပါတယ် ။
စားဖိုဆောင်ချစ်သူတစ်ယောက်အနေနဲ ့ကျမချက်ကျွေး တဲ့အစားအသောက်
တွေ ကျေကျေနပ်နပ် နဲ ့အရသာ ရှိရှိ စားသောက်နေတာကို မြင်နေရ ရင် အရမ်း
ကိုစိတ်ချမ်းသာမိပါတယ် ။ စေတနာ ရှိရှိ ချက်ပြုတ်ပေး ခဲ့တဲ့အတွက် အားပါးတရ
စားသောက်နေကြတာကို တွေ ့ရရင် မောခဲ့ ပင်ပမ်းခဲ့ ရသမျှ အမောပြေ ကျေနပ်
ပီတိ ဖြစ်ရတယ် ။
တစ်ခါတစ်လေ စက်ရုံ ကလုပ်ငန်း မပြေလည်တဲ့ အခါတွေမှာ စားဖိုစရိတ်ကို
အနည်းဆုံး နဲ ့လောက်ငှ အောင်သုံးရပါတယ် ။ အဲ့ဒီ အချိန်တွေဆိုရင် အသီးအရွက် တွေကို အကောင်းဆုံးပြင်ဆင်ချက်ပြုတ်ပေး ရပါတယ် ။ အသား
ဟင်း မပါ ရင် တောင်ဝန်ထမ်းတွေရဲ ့မျက်နှာ ကမသာယာ တတ်ပါဘူး ။ ချက်ပြုတ်
ပေးရတဲ ့ကျမ တို ့လည်းစိတ်မကောင်း ဖြစ်ရပါတယ် ။ ကျမတို ့ဘက်ကတော့
တာဝန် ရော စေတနာ ရော ပေါင်းစပ်ပြီးမှအတတ်နိုင် ဆုံး ချက်ပေးခဲ့ပါတယ် ။
ပြင်ဆင်ချက်ပြုတ်ထားတွေကို တည်ခင်း ထားပြီး ထမင်းစားချိန်မှာ ရောက်
လာကြမယ့်ဝန် ထမ်းတွေကို စောင့်မျှော် နေရတယ် ။ သူတို ့တွေ စားသောက်နေ
တာကိုလည်း တစ်နေရာကနေ စောင့်ကြည့် ရပြန်ပါတယ် ။ စားသောက်ပြီး ထွက်
ပေါ်လာမယ့် စကားသံတွေ ကိုမသိမသာ နားစွန် ့ရပြန်ပါတယ် ။ သူတို ့မျက်နှာ
အခြေအနေ ကိုလည်းလေ့လာအကဲခက် ရတယ် ။ တခါတလေ ကျမတို ့ကိုယ် တိုင် မတတ်နိုင် မဖြေရှင်ပေးနိုင် တဲ့ မကျေနပ်ချက်တွေကို လည်း တီးတိုးတီးတိုး
ပြောနေတတ်ကြ ပြန်ပါတယ် ။ စားသုံးသူတွေအတွက် ကျမဖြေရှင်းပေးနိုင် တာ
ဆိုလို ့တတ်နိုင်သမျှအကောင်းဆုံး ချက်ပြုတ်ပေးဖို ့တစ်ခုပဲ တတ်နိုင်တာပါ ။
ကျန်တာကတော့ စက်ရုံရဲ ့တာဝန် ရှိသူတွေမှ ဖြေရှင်းနိုင်မှာပါ ။
စက်ရုံကရာထူးရတဲ့ လူကြီးတွေရဲ ့စားသောက်ပြီး သားပန်းကန် တွေကို ကျမ
တို ့စားဖိုဆောင်က ဝန်ထမ်းတွေကဆေးကြောပေးရပြီး၊ ရာထူးမရှိတဲ့ရိုးရိုး ဝန်ထမ်းတွေကတော့ သူတို ့ပန်းကန်ကိုသူတို ့ဆေးရပါတယ် ။ ထမင်းဟင်းတွေကိုု
အစောကြီးချက်ပြုတ်ပြီးတဲ့ အချိန်တွေဆို ထမင်းလာစားမယ့် သူတွေကို ပျင်းရိ
စွာထိုင်စောင့်နေမိတယ် ။ ကိုယ့် ချစ်သူကိုတောင် အဲ့လို တစ်ခါမှ ထိုင်မစောင့်
ဖူးဘူး ။ ထမင်းစားချိန်ခေါင်းလောင်း ထိုးပြီးတာတောင် တစ်ယောက်စ နှစ်ယောက်စ ရောက်လာတတ်တာကို မျှော်နေရတာ လည်းကိုယ့် ချစ်သူကိုမျှော်
နေရသလို ပဲ စိတ်မောနေမိတတ်တယ် ။
တခါတလေတော့ စောစော စီးစီး အနားယူချင်တယ်လေ ။ စားသောက်တဲ့သူတွေရှိနေသရွေ ့ကျမ တို ့အနားယူချင်လို ့လည်းမနားရဘူး ။ တချို ့ကျတော့ အလုပ်မပြီးသေးတာကိုအကြောင်းပြပြီး ထမင်းစားချိန်ကျော်မှ လာတဲ့သူလည်း ရှိသေးတယ် ။ သတ်မှတ်ချိန်အတွင်းပဲ စားသောက် ရမယ်ဆိုပြီး စည်းကမ်းချက်တွေထုတ်ထား ပေမယ့်တချို ့လူတွေကျတော့မသိချင်ယောင်
ဆောင်ပြီး လာစားနေကြတယ် ။
ဘယ်လောက်အလုပ်များများသတ်မှတ်ထားတဲ့
အချိန်မှာစည်းကမ်းတကျတော့ လာစားစေချင်တယ် လေ ။ ကျမ တို ့ကတောင် သတ်မှတ်ထားတဲ့ အချိန်မှာစားနိုင်အောင် ချက်ပြုတ်ထားခဲ့ပေးတာပဲ ။ အနားယူရမယ့်အချိန်တွေ မှာတော့အပြည့်အဝနားလိုက်ချင်ပါတယ် ။ မနက် လေးနာရီ ကတည်းက ချက်ပြုတ်လိုက်တာ ညနေ ခုနှစ်နာရီ အထိ
ဆိုတော့ အရမ်းပင်ပမ်းပါတယ် ။ စည်းကမ်းကို မလေးစားတဲ့အပြင် ကိုယ်ချင်းစာ
စိတ်တွေပါ ပျောက်နေတော့ တခါတလေ စိတ်ပျက်ငြီးငွေ ့မိပါတယ် ။
ဒါပေမယ့်ပေါ့ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ အလုပ် လို ့ခံယူထားတဲ့အတွက်
ရော ကိုယ်တိုင် ကလည်း ချက်ပြုတ်ဝါသနာ ပါနေလို ့သံယောဇဉ်တွေ တွယ်မိပြန်
ပါတယ် ။
ဝန်ထမ်းသုံးရာလောက်မှာ မှတ်မှတ်ရရ နဲ ့ကျမသတိထားမိတဲ့ မိန်းကလေး
တစ်ယောက်ရှိတယ် ။ ဟင်းကောင်းကောင်းမကောင်းကောင်း ထမင်းစားပြီးတိုင်း အပြုံးမပျက် ပြောနေကျစကား တစ်ခွန်းက ” အရမ်းစားကောင်းတယ် အစ်မ ဗိုက်ကို တင်းသွားတာပဲ ” ဆိုပြီး ။ ဘယ်ဟင်းနဲ ့တော့ဘယ်လိုစားလိုက်တယ်ဆို
ပြီး ရယ်မောပြီးပြောပြတတ်ပါတယ် ။ အစတုန်းကတော့ သူ ကျမ ကိုခနဲ ့တာလား
လို ့ထင်ခဲ့မိတယ် နောက်တော့ကျမထင် သလို မဟုတ်ခဲ့ ပါဘူး ။ တနေ ့တနေ ့သူ ့
ရဲ ့အားပေးစကား ၊ စားဖိုမှူးတွေ အပေါ်မှာ နားလည်စာနာတတ်တဲ့ သူစိတ်ထား
လေးတွေကြောင့် ကျမ အမောပြေခဲ့ ရပေါင်းလည်းများပါပြီ ။
လူအမျိုုးမျိုး စိတ်အထွေထွေ တွေရဲ ့ကြားထဲမှာ ကျမ ချစ်မြတ်နိုးတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကိုလုပ်ကိုင်ခွင့် ရတာကိုပဲ လောကကြီးမှာ
နေပျော် ပါပြီ ။ ကျမဟာ စားဖိုဆောင် ကိုအသက်ထက်ဆုံး ချစ်မြတ်နိုး သွားမယ် စားဖိုဆောင် ချစ်သူ ပါ ။ ။
LuLu
တောင်ကြီး
27 . 7 .2014 / Sunday .
28 comments
ခင်ဇော်
July 27, 2014 at 1:26 pm
အိုးးးးးးးးးးးးးးးးးးးး
အိုးလေ လှုပ်ပါ။ ရေအိုး လေး လှုပ်ပါဟေ့။
ပျော်လိုက်တာ။ နောက်ထပ် စာဖိုမှူးတစ်ယောက် ထပ်ရပြီ။
အိုးကြီးချက် ရ မျိုးလောက် လိုချင်ပါကြောင်းးးး
(ဒါ လာ ဓားမြတိုက်တာနော်။ မပေးရင် ဓားစာခံ ခေါ်သွားမှာ)
:s:
ပုံ/
လူမိုက် ခင်ဇော်
:boss:
lu lu
July 27, 2014 at 1:51 pm
အယ် , ?., ? ,.
မဂျီး ရေ အိုးကြီးချက်တော့မနိုင် ဘူး ဟီးဟီးးး
စာထဲမှာပဲထည့်ကြွားထားတာ အဟိ
စားဖို ဆောင် ချစ်သူ ကတော့ အမှန်ပဲ
ချက်ပြုတ်ကြော်လှော် လာထား တူးသွားရင်တော့ လုလု မဟုတ်ဘူးနော်
😀
alinsett (gazette)
July 27, 2014 at 1:28 pm
အဟမ်းးး
ကျနော်ကတော့…
ကျနော်ချစ်တဲ့..ဒေါ်ဖွားမေတို ့… ဖွေးဖွေးတို ့… ဝတ်မှုန်ရွှေရည်တို ့ကို… စားဖိုဆောင်ချစ်သူဖြစ်စေချင်သူပါ ။
ဘာလို ့လဲ..ဆိုတော့… အစားကောင်း ချက်ကျွေးမယ့်သူရှိမှ… စားရမယ့်…
မချက်တတ်သောယောကျာ်း…
အစားကောင်းကြိုက်သော..ကိုလူချော မို ့ပါ.. ။
အဟိ အဟ်ိ
lu lu
July 27, 2014 at 1:57 pm
ဟမ်
အရေးထဲကြော်ငြာဝင် နေပြန်ပြီ
ကိုလိပ်ကြီးးးး ဟိုမှာ ဒေါ်ဖွားမေ ခေါ်နေပြီ
ထမင်းလာချက်တဲ့ သွားသွား
ယောက်မခါး ထိုး ပြီးးး ရွာထဲချည်း လည်မနေနဲ ့
alinsett (gazette)
July 27, 2014 at 2:05 pm
သွားဘူးးး ဒီမှာ.. .ဖွေးဖွေးနဲ ့…ချက်နေတယ်.. ။
😆
မဟာရာဇာ အံစာတုံး
July 27, 2014 at 2:19 pm
အို ….
အတော် စေတနာ ကောင်းတဲ့ စားဖိုမှူးပဲ …
ဝါသနာ လည်းပါ၊ စေတနာပါ ကာထားလေတော့ကာ …
ဘယ်လိုကြည့်ကြည့် ချစ်စရာလေး ဖြစ်နေမှာ …..
အရီးခင်
July 27, 2014 at 2:22 pm
တကယ်လား။ စိတ်ကူးယဉ်လား။
ဘာဘဲဖြစ်ဖြစ် ကိုယ်စိတ်ဝင် စားရာ ဝါသနာပါရာ ကို ရွေးပြီး လုပ်နိုင်ခဲ့တာ အတွက် ဂုဏ်ယူပါတယ် လုလု ရေ။
နောက်တစ်ချက် က တော့ ကိုယ့် အလုပ် ကို တန်ဖိုးထားပြီး စေတနာ နဲ့ လုပ်နေတာကို ပိုပြီး ဂုဏ်ယူပါတယ်။ :-))
မြန်မာပြည် ၊ ပြောရရင် ဒီ အာရှ (ဂျပန်မပါ) နိုင်ငံတွေ က လူများ မှာ တစ်ခုခု ရပြီးရင် “ကျေးဇူး” ဆိုတာ ကို ပြောဖို့ အတော်ဝန်လေးကြတယ် ထင်ရဲ့။
ပြောရကောင်းမှန်း မသိတာမှာ လူ့တန်ဖိုး ဆိုတာ ကို အလေးမပေးတတ်တာလဲ ပါမယ်။
အနောက် က နေ အရှေ့ ကို ခရီး သွားချိန် ပိုပြီး ထင်ရှားတယ်။
ဥပမာ – အနောက်ဘက်တိုင်းမှာ ဓာတ်လှေခါး ကို ခလုပ်နှိပ်ပေးလိုက်လဲ ဘေးက နေ ကျေးဇူး သံ တွေ ဝေဝေဆာဆာ။
လေယာဉ်ပေါ်မှာလဲ လေယာဉ်မယ် တွေ ဆီက ဘာ ရရ ကျေးဇူး ပြောလိုက်ဖို့ ဝန်မလေး။
စိတ်ထဲက ကို စိတ်ပါလက်ပါ ပြောကြတာနော်။
အရှေ့တိုင်း ရောက်တော့ မျက်နှာသေကြီး တွေ ကြီးဘဲ။
Service ကို ဝယ် သူတွေ ကလဲ နင်တို့ ကို ပိုက်ဆံပေးထားတာ။ လုပ် ရမှာပေါ့။ ကျေးဇူးတင်စရာ မလို ဆိုတဲ့ စိတ် နဲ့။
Service ပေးသူ တွေ ကလဲ ဝန်ဆောင်မှု ဖြစ်ရင်ပြီးရော၊ ဘာမှ အပို စေတနာ မပါချင်ကြ။
အမှန်တော့ လဲ အညမည သဘော ဆိုတာ သိပ်မှန်တာဘဲ။ :-)))
လုလု ရေ ဘာဘဲဖြစ်ဖြစ် ကိုယ့် စေတနာ အပျက် ဘဲ အပြုံး ဆက်ထားပါ။
တဖြေးဖြေးချင်း မှာတော့ တစ်ယောက်ပြီး တစ်ယောက် ပြန်ပြုံး ပြ လာပါလိမ့်မယ်။
မဟုတ်လဲ ကိုယ့်မျက်နှာ အကြောရော့တာ အမြတ်ပေါ့။ lol:-)))
lu lu
July 27, 2014 at 5:22 pm
ဟုတ်တယ်အရီးခင် ရေ
ဘယ်အလုပ်ပဲဖြစ်စေတနာပါ မှ ပိုအောင်မြင်တိုးတက်
တာပါ ဆန္ဒ နဲ ့ဘဝတစ်ထပ်တည်းကျ ဖို ့ဆိုတာ မလွယ်ပါဘူး
ဒါမဲ့ ဒီစာထဲက စာဖိုမှူးက တော့ လုလု မဟုတ်ပါဘူး တကယ်အပြင်မှာတော့ရှိပါ
တယ် အဲ့ဒီစားဖိုမှူး အစ်မ နဲ ့ရင်းနှီးလို ့သူ ပြောပြတာကို ရေးခဲ့တာပါ
ကိုယ်တိုင် လည်းမြင်တွေ ့နေရတဲ့ဘဝတစ်ခုဆိုတော့
အဲ့အစ်မ ကတကယ်စေတနာကောင်းပါတယ် စိတ်ထားကောင်း
လို ့စာဖိုမှူးရာထူးကို ရထားတဲ့သူပါ ဒီပို ့စ်က အဲ့အစ်မ ကိုဂုဏ်ပြု
ချင် လို ့ရေးလိုက်တာပါ
အခုလိုဝင်ဖတ်ပြီးအားပေးစကားပြောပေးတဲ့အရီး ကို
ကျေးဇူးအများကြီးတင် ပါတယ် ဆက်ကြိုးစားပါဦးမယ်
🙂
ကထူးဆန်း
July 27, 2014 at 2:23 pm
အမှန်တော့ မြန်မာပြည်မှာ (မြန်မာပြည်မှာ) အဲ့ဒီ့ အလုပ်က တစ်ကယ် မလွယ်တဲ့ အလုပ် ပါ …
လုပ်ရတာ ပျော်တယ် ဆိုရင်တော့ ချီ း ကျူ းပါတယ် ..
lu lu
July 27, 2014 at 5:13 pm
ဟုတ်ပါတယ် တကယ်မလွယ်တဲ့အလုပ် က အခုတကယ်ရှိပါတယ်
ချက်ပြုတ်ရတာကိုဝါသနာပါ တယ် ပျော်ပါတယ် ဒါမဲ့ ဒီစာထဲက စာဖိုမှူးက လည်းလုလု မဟုတ်ပါဘူး တကယ်အပြင်မှာတော့ရှိပါ
တယ် အဲ့ဒီစားဖိုမှူး အစ်မ နဲ ့ရင်းနှီးလို ့သူ ပြောပြတာကို ရေးခဲ့တာပါ
ကိုယ်တိုင် လည်းမြင်တွေ ့နေရတဲ့ဘဝတစ်ခုပါ
🙂
flamingo
July 28, 2014 at 9:26 am
ဒါဆိုရင်စားဖိုမှူးကိုပြုံ းပြပြီးအားပေစကားပြောတာ…lu lu ဘဲဖြစ်ရမယ်..
lu lu
July 28, 2014 at 6:40 pm
မှန်လိုက်လေ
ကိုယ့်ရဲ ့အပြုံးနဲ ့အားပေးစကားက တဖက်လူ အတွက်
အားဆေးတခွက်ပါပဲ
နှူးဘာ မိဂီ
July 27, 2014 at 3:44 pm
ရွာထဲ ရသစာပေ အားကောင်းလာမယ့် သဘောပေါ့ညော်..
lu lu
July 27, 2014 at 5:05 pm
သုတ ရသစာပေ တွေရွာထဲမှာ တိုးပွားလာစေချင် ပါတယ်
ကိုယ်တိုင်လည်းကြိုက်တယ် သူများကိုလည်းဖတ်စေချင် ပါတယ်
ခက်ခက်ခဲခဲနဲ ့ရွာထဲဝင် လာရတဲ့အချိန်မှာ အကျိုးရှိတာလေးတွေ
ဖတ်လိုက်ရရင် ဝင် ရကျိုးနပ်တယ်လို ့ယူဆပါတယ်
အခုလိုဝင် ရောက်ဖတ်ရှုပေးတဲ့အတွက် လည်းကျေးဇူးတင် ပါတယ်
🙂
ဦးကြောင်ကြီး
July 28, 2014 at 3:11 am
တာင်ကြီး လုလု ကိုဆားချဉ်လိုက်တာကွယ်။
မှတ်ချက်။ မူးရင်းသတ်ပုံအတိုင်း..
lu lu
July 28, 2014 at 7:25 am
အားမငီးးးးး
အူးးးးကြောင်ရောက်လာပါကောလားးးး
manawphyulay
July 28, 2014 at 8:53 am
ဒါက ခုခေတ်ဆို သိပ်ပြီး လူတိုင်းမှာ ပါလာတဲ့ ဝါသနာမဟုတ်ဘူး။ ခုလို ဝါသနာကလည်း နယ်နယ်ရရတော့ မဟုတ်ဘူးနော်။ အတော် ချီးကျူးးစရာကောင်းပြီး ကိုယ်လုပ်တဲ့အလုပ်နဲ့ ဝါသနာနဲ့တစ်ထပ်တည်းကျတယ်ဆိုတော့ ဝမ်းသာစရာ ကောင်းလှပါတယ်။
လေးစားပါတယ် lulu ရယ်။ တောင်ကြီးရောက်ရင် လာလည်ရင် ချက်ကျွေးရမယ်နော်။ လာနိုင်အောင်လည်း ကြိုးစားပါ့မယ်။
lu lu
July 28, 2014 at 6:48 pm
တောင်ကြီးလာရင်တတ်သလောက်နဲ ့ချက်ကျွေးပါ့မယ်
ဒါမဲ့ စားဖိုမှူးကလုလု မဟုတ်ကြောင်းရိုးသားစွာဝန်ခံပါရစေ
အစ်မ မနော ပြောခဲ့တာတွေကို ဟိုစားဖိုမှူးအစ်မ ကို ပြန်ပြောပြ
လိုက်ပါ့မယ် အားတက်သွားအောင် ပေါ့
🙂
ဦးကျောက်ခဲ
July 28, 2014 at 9:57 am
အမှန်တော့… ဝါသနာပါရင် စားဖိုဆောင်အလုပ်က ပျော်စရာကြီး…
ကိုယ့်လက်ရာကို လူတွေအားရပါးရ စားမြိန်ကြတာကြည့်ပြီး အတော်ပီတိဖြစ်ရတယ်…
😀
lu lu
July 28, 2014 at 6:44 pm
ဟုတ်တယ် ဦးကျောက် ရေ
ကိုယ်ချက်ထားတာကိုအားပါးတရစားနေတာမြင် ရင်
ဘယ်သူမဆိုပီတိဖြစ်မှာပါ
🙂
Ma Ei
July 28, 2014 at 2:42 pm
ဝင်ငွေရတဲ့ အလုပ်ဖြစ်တဲ့ပြင်
စေတနာထားချက်ပြုတ်ပေးတဲ့ အတွက် ကုသိုလ်လဲရ မှာမို့ ..
မွန်မြတ်တဲ့ အလုပ်ပါလို့ ဂုဏ်ယူ အားပေးပါကြောင်း
လုလုရဲ့ စားဖိုမှူ း အစ်မ ကိုပြောပေးနော်…
lu lu
July 28, 2014 at 6:36 pm
ဟုတ်ကဲ့ပါ
ပြောဖြစ်အောင်ပြောပြလိုက်ပါ့မယ်
ကျေးဇူးပါ အစ်မအိရေ
ဆက်ကြိုးစားပါဦးမယ်
🙂
kyeemite
July 29, 2014 at 1:24 pm
လူပေါင်း၃၀ဝကျော်…အိုး..မလွယ်ပါလားဗျာ…
ထမင်းသုံးနပ်ကျွေးတဲ့ စက်ရုံဆိုတော့ တော်တော်ဝင်ငွေကောင်းတဲ့လုပ်ငန်းပဲဖြစ်မယ်…
ဒီခေတ်ကုန်ဈေးနှုံးနဲ့ဆို စရိတ်မနည်းလောက်ပေဘူးဗျ… 🙂
lu lu
July 29, 2014 at 9:09 pm
ဟုတ်တယ် ဦးမိုက်
တကယ်မလွယ်တဲ့အလုပ် ပါ အဲ့လောက်
ဝန်ထမ်းတွေကို စရိတ်ငြိမ်းအလုပ်ပေးထားတဲ့
ကရှားလည်းရှားတယ်
🙂
Mr. MarGa
August 1, 2014 at 1:26 pm
ရောက်ရင် ကပ်စားပါရစေ…
ကိုယ်တိုင်ကတော့ ခုတလော ဖဘမှာ အစားအသောက်ပုံတွေတွေ့ရင် မျက်စိနောက်တဲ့ရောဂါရနေတယ်…
အမြင်နဲ့ပဲ ကျွေးနေကြတာမို့
အဲ့ပုံတွေမြင်ရင် တစ်လ ကိုးသီတင်း ဧည့်သည်လုပ်ချင်တယ်ဗျာ.. :s:
lu lu
August 8, 2014 at 7:30 am
သကြားမင်းက လူ ့ပြည်ကအစားအသောက်လည်း
ကြိုက်လိုက်တာပဲပေါ့ မလွယ်ဘူး နတ်သကြားတွေများ
စားချင်ရင်ချက်ကျွေးမယ် ဟုတ်ပလားးး
😆
ခင် ခ
August 7, 2014 at 11:15 pm
တောင်ကြီးရောက်ရင်တော့ ဆိုင်သွားစားစရာမလိုတော့ဘူး ရွာသူ လက်ရာဘဲ မြည်းရင်းစားရတော့မယ်လေ
ရှောင်ပုန်းမနေရင်ပေါ့
lu lu
August 8, 2014 at 7:27 am
ပုန်းမနေပါဘူးဦးခ ရယ်
ရောက်အောင်သာလာခဲ့ပါ
တန်ဆောင်တိုင်မီးပုံးပျံ ပွဲလာခဲ့ပါလား
ပျော်စရာအရမ်းကောင်းတယ်
🙂