အလွမ်း သင်္ကြန် (၂)
ဟိုတစ်နှစ်ကတော့ သင်္ကြန် ကို လွမ်းကြောင်း ရိုးရိုးလေးရေးဖူးတယ်။
မနှစ်ကတော့ စိတ်ပျက်စရာမြင်ကွင်းတွေနဲ့ ဖတ်ရတဲ့ သတင်းတွေကြောင့် ဆရာလုပ်သလိုလိုဆုံးမစာလိုလို ရေးဖူးတယ်။
ဒီ နှစ်တော့ မမြင်အပ် မမြင်ဝံ့တဲ့ မြင်ကွင်းမျိုးတွေ လည်း မရေးတော့ပါဘူးး။
စိတ်လည်း ညစ်ညူးမခံတော့ဘူးး
:k:
ကျနော့ သင်္ကြန် တော်တော်များများက နယ်မှာ များတယ်ဗျ။
ဒက်ဒီ အညာဘက် ပြောင်းတဲ့ နှစ်ပိုင်းတွေ ဆို သင်္ကြန်ရုံးပိတ်ရက်အမှီ နယ်ကို ပြန်ရတယ်။
ပူတာတော့ အတော် ပူပါတယ်။ ရာသီဥတု ကို ပြောတာ။ :mrgreenn:
ဒါပေမဲ့ ပြန်တဲ့ လမ်းတစ်လျှောက် ထနောင်း ရိုးကျဲကျဲတွေနဲ့ လေပူတွေ တိုက်တဲ့ ကြားက ရလာတဲ့ အညာနွေ အနံ့ကို အရမ်းနှစ်သက်ခဲ့ဖူးတယ်။
သရက်ဖူးနံ့ ရှုရင်း ငုဝါရောင်တောက်တောက်တွေကို ငေးလာရင်း နွေ အပူကို မေ့နေရောပဲ။
နယ်ဘက်က မြို့ပေါ်တွေလောက် မသောင်းကျန်း မရိုင်းပြဘူးးး …
သူ့ မိသားစု ကိုယ်သိ၊ ကိုယ့်မိသားစု သူသိ ပုံစံနဲ့ ခင်မင်ရင် မီးဖိုဆောင်ထိ တန်းဝင်တဲ့ နယ်တွေပေါ့။
စကားမစပ်၊
အညာမှာမွေးပြီး အညာဓလေ့နဲ့ နေသားကျလို့လားမသိ၊ ပေါင်းတည် လိုက်သွားတုန်းကပဲ မှတ်မှတ်ရရ နေရထိုင်ရတာ ညည်းငွေ့တယ်လို့ ခံစားရတယ်။
အိမ်တွေက စိမ်းစိမ်းကားကား ဖာသိဖာသာတွေ။
:a:
ပြန်ဆက်ရမယ် ဆိုရင် ရပ်ကွက် အလိုက်ကို အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်ထိ ဘယ်အိမ်က ဘာမုန့်၊ဘာချက်မယ် ဆိုတာတွေ တိုင်ပင်ထားလေ့ရှိကြတယ်။
သင်္ကြန်တွင်း အတွက် ဈေးတွေ ကြိုဝယ်ရတာ တော့ မှတ်မှတ်ရရပဲ။
အတာအိုး အသေးလေး ဝယ်ပြီး ….
ရ နေ့ ရ နံကိုက် အညွန့် အရွက်လေးတွေ စုံအောင် စု ပြီး ထိုးရတာ ဆိုတော့ ….
ဝယ်လို့ရတာ ဝယ်….
လဲလို့ရတာလဲ…. (ဥပမာ အုန်းပင်ရှိတဲ့သူနဲ့ ဇီးပင်ရှိတဲ့သူတွေက အုန်းညွန့်နဲ့ ဇီးညွန့် လဲကြတာတို့)
ပေးလို့ရတာ ပေး….
မျှလို့ရတာ မျှနဲ့ လှုပ်လှုပ်ရှားရှားပဲ။
:c:
ကျနော့ မွေးမေလေ့ကတော့ ……..
နှစ်သစ်အချိန်ဆိုရင် အိမ်မှာ ပစ်ချင်တဲ့ အဟောင်းတွေ၊ လဲချင်တဲ့ အဟောင်းလေးတွေ လဲ တတ်တယ်။ (တရုတ်နှစ်ကူးမှာလည်း ဒီ မှာ အဲလိုပဲဗျ)
ဘုရားကျောင်း က ပစ္စည်းပစ္စယ လဲတာက အစ….
သောက်ရေအိုး လဲတာအလယ်…..
ကြမ်းခင်းဖယောင်းပုဆိုးလဲချင်တာ အဆုံး… နှစ်ကူး အတွက် ရည်ရွယ်ပြီး လဲလေ့ရှိတာ။
သောက်ရေအိုးများဆို ဝယ် လာပြီး ရင် ၂ ရက်လောက် ရေဝအောင် ရေကန်ထဲ အရင် စိမ်ထားရသတဲ့။
သစ်သား ရေအိုးစဉ်လေးတွေ ရေစားရင်လည်း အသစ်လဲ ကြတာ။
ဘာ အသားမှ ဘယ်အသားမှ ဆိုတာမျိုးက အစ သံပန်းရေအိုးစဉ်လေးတွေကို ဆေးရောင်သုတ်ပြီး ရောင်းတဲ့ ဆိုင် အဆုံး လူစည်ကားရောပဲ။
ကျနော်တို့ ငယ်တုန်းက ရေခဲသေတ္တာဆိုတာ နယ်မှာ အိမ်တိုင်း မရှိဘူးးရယ်။
ဝယ်လာတဲ့ အသီးအနှံတို့ ဘုရားပန်းတို့ကို ရေအိုးစင်မှာ ၂ ဆင့်ရှိရင် အောက်က အဆင့်လေးမှာ အင်တုံလေး ထားတတ်ကြတာ။
ရေအိုးက စိမ့်လာတဲ့ ရေဓာတ်လေး ရေစက်လေးနဲ့ အထားခံချင်တဲ့ အသီးအရွက်တွေဆို စကာလေးနဲ့ တင်ထားကြတာပဲ။
ဈေးက လတ်လတ်ဆတ်ဆတ် ဝယ်လာတာမို့ ၁ ရက် ၂ ရက်ကတော့ အထားခံတာပဲ။
အသား/ငါးကတော့ ကြော်ထားတာများတယ်။
ငါးခြောက်ငါးခြမ်း ဝယ်ထားရတယ်။
ဈေးပိတ်ရက် အတွက် တွက်ဆပြီး ဈေးဝယ်ရတာ အလုပ်ကြီး တစ်လုပ်ပဲ။
ပျော်ခဲ့တာ။
ပိတောက်ပင် ရှိတဲ့ အိမ်ကို များ ပိတောက်ဖူးမြင်ရပြီ ဆို မျက်နှာချိုသွေးရတာ အမော။
:mrgreenn:
အဲဒီ အိမ်ရှေ့က အသွားမော့ အပြန်မော့ ငမ်းရတာ။
ငုတွေ စွယ်တော်နီ တွေကတော့ အားကြီးပွင့်တဲ့ ကာလ။
ဘုရားပန်းကိုတော့ သင်္ကြန်ကာလ ပန်းကို မလဲနိုင်ရင် သပြေငုတ်ပါ ပါတဲ့ အောင်သပြေတွေ ထိုးတာများတယ်။
သင်္ကြန်လက်ဆေးမိုးများ ဖြောက်ဖြောက်ရွာရင်တော့ ပူထားတဲ့ မြေပြင်ကနေ အခိုးတွေရော မြေသင်းနံ့တွေရော ထောင်းကနဲ့ ထလာပါပြီ။
နောက်ရက်ဆို ပိတောက်လဲ ပွင့်ပြီ။
ရတဲ့ ပိတောက်ကို ဘုရားပန်းတစ်အိုးထိုးပြီး ပိုတာကို ဟိုလူ့ပေး ဒီလူမျှနဲ့ ဘယ်အိမ်က ပိတောက်က အသေး၊ ဘယ်က အကြီး စတာလည်း ရွေးပန်ရသေးတာ။
မွေးမေလေ့က ပန်းမကြိုက်သလောက် ကျနော်က ပန်းကြိုက်သမားး။
နွေကာလ ဆို သနပ်ခါးပန်းတွေကလည်း ပွင့်တတ်တာကိုးး
သနပ်ခါးသွေးတဲ့ထဲ အဲဒီ အပွင့်ဝါလေးတွေ ထည့်သွေးပြီး လိမ်းရင် အရမ်း နေလို့ကောင်းပြီး အေးနေတာ။
😳
အညာအပူဒဏ်ကို ရှိသလောက် နည်းတွေနဲ့ ကာကွယ်ရတာပဲ။
သင်္ကြန်ကြို နေ့ကတော့ အတာအိုးလေးကို အရိပ်တကြည့်ကြည့်နဲ့ နက်ဖြန် ရေစိုရမဲ့ အရေးတွေးပြီး ပျော်ရတာ။
သင်္ကြန်တွင်းကတော့ မြို့လည်က ရေပက်တဲ့ နေရာတွေကို သွားချင်ရင် သွားး..
ဒါမှ မဟုတ်ရင် အိမ်ရှေ့မှာ ရေပုံးနဲ့ ထွက်ပက်မလား ဒါပဲ ရှိတာ။
ရေတွင်းရှိတဲ့ အိမ်များဆို ရေပက်ရတာနဲ့ ရေငင်ရတာနဲ့ မကာမိဘူးးး
ဟေးဟေးဟေးးး
:ff:
ထီးချိုင်ဘက်နေတုန်းကတော့ ဓလေ့တစ်ခု မြင်ဖူးတယ်။
အပျိုကာလသမီးဆိုရင် ဝိုင်းချုပ်ပြီး ရေကန်တို့ မြစ်ထဲတို့ ပစ်ချကြတာ။
အဲဒီဘက်က ဧရာဝတီမြစ်ဘေးဆိုတော့ လူတိုင်း ရေကူးတတ်တာကိုးးးးး
အဲ ကာလသားတွေကျ ဘာလုပ်တုန်း သိလားး??
အိမ်ထောင်သည် အမကြီးတွေက ဝိုင်းချုပ်ပြီး ထမင်း ဝါးခွံ့ကြတာ။
ခု ရော အဲဒီ ဓလေ့ ရှိသေးလားတော့မသိ မြင်ရတာတော့ ပျော်စရာ။ နယ်ခံ အချင်းချင်း စကြတာများတယ်။
စိတ်ဆိုးလို့မရ။
:n:
နှစ်ဆန်းတစ်ရက်နေ့ဆို မနက်ကတည်းက စောစောထပြီး ဘာလုပ်ရတုန်းဆိုရင် ….
သနပ်ခါးကျောက်ပြင် ဆေးပြီး
သနပ်ခါး/နံ့သာဖြူ/ကရမက်/တောင်နံကြီး စတာတွေကို ငွေဖလား အသေးလေးနဲ့ ရအောင် သွေးရတယ်။
တရော်ကင်ပွန်း ပြုတ်ထုထားတာကို ထည့်
ရွှေလက်စွပ်လေး တစ်ကွင်းလောက်ထည့် သပြေခက်လေးနဲ့ ဘုရားကပ်ထားရတယ်။
ပြန်စွန့်ပြီးမှ အိမ် နေရာအနှံ့ လိုက်ပြီး ပက်ဖြန်းတယ်။
အဲဒီ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ရတယ်။
မွေးမေလေ့က အဲဒီ အကျင့်ကို ဒီ အထိလုပ်ရဲ့လား လိုက်စစ်တယ်လေ။
စလုံးထိ နံ့သာတုံး မျိုးစုံပါလာတယ်။
ကျနော်လားး??? ဇော်သန့်ရှိတဲ့ သင်္ကြန်ဆို လုပ်ဖြစ်ပါတယ်။
သနပ်ခါးတွေ သူ့ သွေးခိုင်းတာကိုးးး
ဟီးးးး
:k:
မရှိရင်တော့ ကွကိုယ် တရော်ကင်ပွန်း လေးပြုတ်ပြီးပဲ လုပ်လိုက်တယ်။
နယ်မှာတုန်းက သစ်သားရေနံဝ အိမ်လေ။
ဒီမှာက ဆေးသုတ်နံရံပေါ်မှာ ကျရင် ရုပ်ဆိုးလို့ စတိလောက်ပဲ။
ဘာပဲပြောပြော အဲဒီ အချိန်လေး စိတ်လေး ရှင်းပြီး စိတ်ကောင်းလေး ဝင်နေတာတော့ အမှန်ပဲ။
ငိငိ
:mrgreenn:
နေ့ခင်းဆိုရင် ရပ်ကွက်လမ်းမှာ ဘုန်းဘုန်းတွေပင့်ပြီး နှစ်ကူးတရားနာကြတယ်။ ပရိတ်ရွတ်ကြတယ်။
အိမ်ကနေ အပ်ချည်လုံးတို့ ပရိတ်ပန်းတို့ ယူသွားကြတာပဲ။
တရားပွဲက ပြန်လာရင် အိမ်ရှေ့မှာ ပရိတ်ပန်းလေး ချိတ်ပြီး ထားး၊
အပ်ချည်နဲ့ အိမ်ကို စည်းတားသလို လိုက်တားး
အဲဒီ ဓလေ့က ဘယ်နားရောက်ရောက် နှစ်တိုင်း မြင်ဖူးနေတာပဲ။
မလုပ်ချင်ဘူး လို့လည်း ဘယ်သူက မှ မဖောက်ပြန်ဘူးးး
သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့လေ။
(ဒီ အပိုင်း တဂျီး မဖတ်မိပါစေနဲ့)
:byee:
ဘာပဲဖြစ်ဖြစ် ဒီ ဓလေ့လေးတွေ လုပ်ရတာ က မန်းဒပ်ပေါ်မှာ ဖော်ချွတ် က နေတာ မြင်ရတာထက်တော့ ကောင်းတယ်ထင်တာပဲ။
သင်္ကြန်ကို နှမြောနေတာ ကြာပြီမို့လို့ ရေးချင်တာလေးတွေ ပြန်ဖော်ရေးလိုက်တာ။
45 comments
Wow
March 31, 2015 at 4:04 pm
ဘာာာာမှ မြင်ရဝူးပေါ့ ပျင်းစယာဂျီးအေ
ခင်ဇော်
March 31, 2015 at 4:06 pm
မြို့ပေါ်မှာ တစ်နှစ်ရှုပ်လိုက်။
တောပြန်ပြီး တစ်နှစ် အကျယ်ချုပ် ကျလိုက်ဆိုတာ ဘယ်သူ့မှ ပြောမပြဘူးးး
:kwi:
ဗုံဗုံ
April 1, 2015 at 3:37 pm
အို ဂျီးဝါးရဲ့ အတက်ရှိသေးဒယ်ပေါ့နော်..
ထားခဲ့တဲ့ခလေးတွေများ လာကြည့်လှည့်ပါအူးတော့…. :byee:
Wow
April 1, 2015 at 3:39 pm
ငင်င်င်… နာ ခလေးဘယ်နှစ်ယောက်ထားခဲ့မိလဲဟင်င်င်င်
ခင်ဇော်
April 1, 2015 at 3:41 pm
နာ့ဖင့် …
ဆီသည်နဲ့ ဝါးနဲ့ …
ပြိုင်တူ ပျောက်သွားလို့ ထင်ချင်ရာထင်နေရတာ။
:k:
Kaung Kin Pyar
March 31, 2015 at 4:19 pm
အလွမ်း သင်္ကြန်(၂)ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်မိလို့…(၁)ကို ငါကျော်များသွားမိလားလို့ စဉ်းစားဖြစ်သေး…။ သို့သော် မဖြစ်နိုင်…၊ ခု နောက်ပိုင်း ရွာထဲဖလန်းဖြစ်နေတော့ … ပိုစ့်လွတ်သွားတာတော့ မဟုတ်လောက်လို့…။ စာဖတ်လိုက်မှ…မနှစ်ကရေးခဲ့တာကို သွားတွေ့တယ်…။
သင်္ကြန်တော့ ငယ်ငယ်က အဖွားအိမ်ရှေ့မယ် ရေပုံးတွေချပြီး လာသမျှလူ လောင်းခဲ့ရတာ…။ လမ်းကလဲ လူပြတ်တော့…ကိုယ်သာ ရေခြောက်သွားတယ်..၊ နောက်လူတစ်ယောက်လာဖို့က တမျှော်မျှော်ရယ်…..။
တပ်မှာနေစဉ်တုန်းကတော့ အဖေက တပ်အဖွဲ့နဲ့ အတူ က ရမယ်ပြောလို့ နှစ်တိုင်း စိတ်မပါဘဲ ယောဂီပြေးပြေးဝတ်ရတာ…နောက်ဆုံး အဖေတောင် သနားလာလို့ ကဖို့ မပြောတော့တဲ့အထိ…။
ဒီနှစ် သင်္ကြန်ကတော့……တောင်ကြီးမယ် ဖတ်ဖို့အရမ်းလိုအပ်နေတဲ့….စာအုပ်ထူကြီးတစ်အုပ်နဲ့ အချိန်ကုန်ဖြစ်လိမ့်မယ်ထင့်….။
:chit:
ခင်ဇော်
March 31, 2015 at 4:26 pm
ခိခိ
အဖေ ဌာနက ဝန်ထမ်းတွေနဲ့လည်း ပျော်စရာဂျီးနေမှာ ညီမလေးရဲ့။
မိသားစု သင်္ကြန်လိုမျိုးဖြစ်သွားမှာ/
လွမ်းစရာဂျီးနော်
🙂
Alinsett@Maung Thura
March 31, 2015 at 4:24 pm
ကျနော်လည်း ဟိုနေ့က အဲ့လိုလေးရေးမလားတောင် တွေးနေသေး ။
သင်္ကြန်ဟာ အရင်ကလို ရင်ခုန်စရာ မကောင်းတော့ဘဲ နှမြောစရာ ဖြစ်သွားတဲ့အကြောင်းလေးပေါ့ ။
အရင်ကဆိုရင် သင်္ကြန်ရောက်ခါနီး နှစ်လလောက်အလိုကတည်းက ရင်တခုန်ခုန်နဲ့ ရောက်မယ့်နေ့ကို လက်ချိုးရေနေမိတာ…
ရေလောင်းရေပတ်ဆိုတာရယ်..လူကြီးမိဘတွေကို ဝိုင်းဝန်းပြုစု ကုသို်လ်ယူကြတာရယ်တွေဟာ
.ပျော်စရာအတိ.. ရင်ခုန်စရာအတိ…
အခုနောက်ပိုင်း… ကျနော် ရန်ကုန်ကို ပြန်ရောက်လာတဲ့ နှစ် ၂၀၀ရ လောက်ကတည်းက ရန်ကုန်သင်္ကြန်ဟာ စိတ်ပျက်စရာအတိ…
.ရေလောင်းရေပတ်ကြတာလည်း..ကြောက်စရာတောင် ကောင်းလာတယ်..
.ပတ်တဲ့သူက နာအောင်ပတ်…
အပတ်ခံသူတွေကလည်း စည်းကမ်းပျက်..
မူးကြ ရူးကြ… ဖော်ကြ ချွတ်ကြ…
ဘယ်လို ကြည့်ကြည့် ကိုယ့်အမြင်နဲ့ ဓါတ်မတည့်တော့တာ…
အဲဒါနဲ့ပဲ… ၂၀၀ရ နောက်ပိုင်း သင်္ကြန်ဆို အိမ်တွင်းပုန်း…
၂၀၁၂ နောက်ပိုင်းမတော့ သင်္ကြန်ဆို…နယ်တွေဘက် ခရီး ထွက်…ပြေး….
:buu:
ခင်ဇော်
March 31, 2015 at 4:28 pm
ဆက်ဆက်ရေ
မမဂျီးတို့ လူဂျီးသူမ ကြီးတွေဖြစ်သွားပြီလားဟင်??
မပျော်တတ်တာတော့ မဟုတ်ပါဘူးကွယ်။
အဲဒီလို မပျော်ရဲတာပါ။
မပျော်ချင်တာပါ။
:a:
lu lu
March 31, 2015 at 4:29 pm
ငယ်တုန်းကလည်း ခရစ္စယာန် မို ့ သင်္ကြန် မပျော် ရ
ခုတော့ လည်အသက် ကစကားပြောလာလို ့မလည်ရ
အာ့ကြောင့် သင်္ကြန် ဆို ကိုယ်နဲ ့မဆိုင်သလို
😥
ခင်ဇော်
March 31, 2015 at 4:30 pm
အယ်။
မမဂျီးတော့ ပွဲတော်တိုင်းကို ပျော်တယ်။
စားဖြစ်တယ်။
ငိုနဲ့ တိတ်တိတ်
:chit:
kai
April 1, 2015 at 2:08 am
ပြန်ရမှာမဟုတ်တာတွေထဲ.. ဘယ်တော့မှနောင်တမရစေနဲ့ပေါ့..
၉၆၉ တွေတောင် အမျိုးဘာသာသာသနာအော်ပြီး.. ဟိန္ဒူသင်္ကြန်ကျရင်ပျော်ကြမှာ…။ :kwi:
lu lu
April 3, 2015 at 11:14 am
ဒါဆို သင်္ကြန် က ထေရဝါဒ နဲ ့မဆိုင်ဘူးပေါ့
naywoon ni
March 31, 2015 at 6:07 pm
အော် ဟော့ ဗြဟ္မဏ ဝါဒီတွေ ဒီနေရာ လာစုနေတာကိုး 🙂
နေဝန်းနီလည်း ပဋိက မကုန်ခင်က သင်္ကြန်ဆိုတာ ဘာလားညာလားနဲ့ ယောင်ခဲ့ဖူး ။ ခုတော့ ကိုယ်ဝါဒနဲ့ မဆိုင်ဘူးလို့ပဲ သတ်မှတ်ထားမိ ။
တမင်လုပ်မယူ တဲ့ မတူတဲ့ အတွေးနဲ့ ~
ခင်ဇော်
April 1, 2015 at 8:09 am
သများရဲ့ ဟိုဘက် ဒီဘက် အဘိုး ရဲ့ အဘိုးအဘွားဒွေက
ဗျန်မာဂျီး ၄ ဦးရယ်ပါ။
uncle gyi
March 31, 2015 at 10:58 pm
သင်္ကြန်ဆိုမန်းသင်္ကြန်သတိအရဆုံး
မန်းလေးစရောက်ဖူးတဲ့ငယ်တုန်းကအဖြစ်ခုထိသတိရတုန်း
အဲဒီအချိန်ကမန်းသင်္ကြန်ဆိုတာတကယ်ယဉ်ကျေးတာ
ကျူံးးဘေးတောင်မီးသတ်ပိုက်နဲ့ပက်တာမရှိ
တနေကုန်ကျူံ းကို၁ဝပတ်လောက်ပတ်လို့ရတယ်
ရေပက်သင်းတွေရှေ့ကားတွေရပ်ပြီးပိတ်နေတယ်မရှိ
သူ့လူနဲ့သူသူ့အထိမ်းနဲ့သူရှိပြီးသား
ဘယ်သူမှလည်းဂျစ်ကန်ကန်မရှိ
အရက်သောက်လယ်တဲ့သူမရှိမဟုတ်နည်းတယ်
ညနေ ၆ နာရီနောက်ပိုင်းရေလုံးဝမပက်ရ
တမြို့လုံးသူ့အလိုလိုထိမ်းကြတယ်
ပက်သူလည်းမရှိ
တညလုံးကြိုက်တဲ့မန်းတပ်ကားနဲ့လိုက်ကြည့်
ခြောက်ခြောက်သွေ့ေသွေ့နဲ့အေးဆေးကြည့်
အခုနေများတော့ကွာပ
ခင်ဇော်
April 1, 2015 at 8:10 am
အဟုတ်။
အဟုတ်။
ကလေးဘဝကနေ အသက် ၂၂ လောက်ထိ မန်းလေး သင်္ကြန်ပျော်ခဲ့တာပါဗျာ။
ခု ဘာဖြစ်သွားမှန်းကို မတွေးတတ်တော့ပါဘူးးး
:a:
Nyo Win
April 1, 2015 at 10:18 am
ကျန်ခဲ့တဲ့ဆယ်စုနှစ်သာသာအထိတော့ သင်္ကြန်မရောက်ခင်တဏလလောကတည်းကကြိုလွမ်းကြိုပျော်
ခဲ့ရတာ……..
ခုတော့ကိုယ်နဲ ့လားလားမှမသက်ဆိုင်သလို……..
ခင်ဇော်
April 1, 2015 at 10:21 am
အဟုတ်ပါ့။
ဇရာထင်ပါရဲ့။
ဟေးဟေးဟေးးး
Mike
April 1, 2015 at 11:40 am
.ဒီနှစ် သင်္ကြန် လည်းအရင်နှစ်လိုပဲ
.အိမ်တွင်းအောင်းဖြစ်မှာပါ
.ကလေးတွေတော့သူ့အစီစဉ်နဲ့သူရှိပီးသား …နာအိုလေဗျီ :a:
ခင်ဇော်
April 1, 2015 at 12:07 pm
ခေးတွေကတော့ ပျော်ကြအူးမှာပဲ။
အန်ဒရယ် မရှိအောင်ပျော်နိုင်ရင်ကို စိတ်ပူစရာမလိုတော့ဘူးနော့။
🙂
Mr. MarGa
April 1, 2015 at 11:59 am
ဘာပြောရမယ်မှန်းကိုမသိတာ
ကလေးတုန်းက ကလေးအလျောက် တစ်နေကုန် ရေဆော့ လျှောက်လည် မြဝတီနဲ့ မြန်မာ့အသံကို ထိုင်ကြည့် အဲ့လိုနဲ့ပျော်ခဲ့တယ်
တက္ကသိုလ်ရောက်တော့ ပထမနှစ်မှာ မွေးသမိခင်က ခရီးထွက်တော့ ပါသွား ဒုတိယနှစ်ကျ ရိပ်သာဝင်
(အတက်နေ့ ပြန်ထွက်တယ်ဆိုတာ လုံးဝမပြောဝူး) တတိယနှစ်မှာ မဏ္ဏပ်ထိုင် (စိတ်တွေပျက်) နောက်တစ်နှစ်ကျ အိမ်တွင်းအောင်း မနှစ်က ဘုန်းကြီးဝတ် ဆိုတော့
သင်္ကြန်ကို ဝေဖန်ဖို့ အတွေ့အကြုံ စုံရဲ့လား လို့တောင် ပြန်တွေးမိနေတယ်
ကိုယ်တိုင်ကပဲ အရမ်း အစွန်းရောက်နေမိပြီး အဆိုးတွေမြင် စိတ်တွေကုန်နေမိသလားတော့ မသိ
ခင်ဇော်
April 1, 2015 at 12:06 pm
မှီအူးမှာပါ။
ပျော်စရာကောင်းတဲ့ ပွဲတော်အနေနဲ့ မြင်ရအူးမယ်ထင်ပါတယ်။
:a:
အောင် မိုးသူ
April 1, 2015 at 1:20 pm
သင်္ကြန်ကတော့ သိတတ်စကတည်းက ခြောက်နှစ်ဆက်တိုက် ဘုန်းကြီးဝတ်ခဲ့တော့ သေသေချာချာ မသိခဲ့ပါဘူ။ ငယ်သူမို့မသိပါ။ 🙁
ခင်ဇော်
April 1, 2015 at 1:30 pm
သာဓု သာဓု သာဓု
ဒီနှစ်ရော ဝတ်ဖြစ်လား??
😆
pooch
April 1, 2015 at 2:06 pm
သင်္ကြန်အလွမ်းလား ရှိပါ့
ကျောင်းစတက်တဲ့နှစ်မှာ လည်ဖြစ်တော့ ကိုယ်ကြွေဖူးတဲ့ ဆရာက ကိုယ့်ကို ကားချင်းကပ်ရပ်တွေ့တော့ ရေဆင်းလောင်းသွားတာ ကျုံးဘေး မှာ
ရောဂါပိုသဲသွားတာ အဲ့ဒါတွေလည်းပါတယ်
( ကျောင်းပြန်တက်မှ အသဲကကွဲရှာတာလေ :mrgreenn: )
မိုးလင်းတာနဲ့ ကားစထွက် မိုးချုပ်မှ သိမ်းတဲ့အထိ မီးကုန်ယမ်းကုန်လည်ဖူးတယ်
လူလည်း သင်္ကြန်ပြီးတော့ မဲသဲကျန်ခဲ့တာပဲ
မဏ္ဏပ်လည်းထိုင်ဖူးတယ်
နောက်ပိုင်းစိတ်ကုန်စပြုတော့ ကျစွာချောင် ဝါးချက်မှာ ၅ နှစ်ဆက်တို်က် ရိပ်သာဝင်ပလိုက်တာ
နှစ်ဆန်းတရက်ဆို ဓူတင်တွေပါ ဆောင်တယ်
တမြန်မနှစ်ကတော့ ကျစွာဆရာတော်ပျံလွန်တော်မူရှာတယ်
နောက်ပိုင်း အခါတွင်းဆို ခရီးတွေ ထွက်ကျင့်ရှိလာတာ ကြာပေါ့
ပထမဆုံးခရီးထွက်ဖြစ်တဲ့ နှစ်ကတော့ ရေရှားပါးတဲ့ တောင်ထိပ်တခုပေါ်ရောက်နေခဲ့တယ်
ရေရှားပါတယ်ဆို ရေသန့်ဘူးထဲက ရေနဲ့ရေလာခိုးလောင်းလို့ ဇာတ်လမ်းတခု စခဲ့ဖူးတယ်
ဘာလိုလိုနဲ့ ဇာတ်သိမ်းခဲ့တာတောင် သိပ်မကြာလတ်လတ်ဆတ်ဆတ် လောလောလတ်လတ်
မနှစ်က ဖုန်ကုန်တောင်ထိပ်ပေါ်ရောက်နေခဲ့တယ်
ဒီနှစ်လည်း နောက်ဆုံးလောကနတ်ပြည်လို့ တင်စားထားတဲ့ နေရာတခုကို သွားဖို့
ရင်ခုန်စွာနဲ့ မျှော်လင့်နေခဲ့တယ်
အိပ်မက်နောက်တခု အကောင်ထည်ပေါ်ဖို့ ကြိုးစားနေတယ်
ခင်ဇော်
April 1, 2015 at 3:00 pm
ဟေ။
သူကမှ သင်္ကြန်ဇာတ်လမ်းလေးတွေ များသေးသဟ။
ပို့(စ) သပ်သပ်ရေးပါဗျို့။
:chit:
ဗုံဗုံ
April 1, 2015 at 3:09 pm
ကိုကိုခင်ဇော်ရေးတော့သများရွာ သဂျန်အကြောင်းရေးချင်
ပြန်ရော မုနိ့ဖိုးပေးမယ်ဆိုရေးမယ် လေနော်
ကိုကိုခင်ဇော်က ချောလိုက်တာ နုဖပ်အုအပ်နေတာဘဲ
ခင်ဇော်
April 1, 2015 at 3:31 pm
ငင်။
သွသူ ပို့(စ) ရေးချင်တာကို ကိုကိုခင်ဇော်က မုန့်ဖိုးပေးရမယ် ဟလားးး
ဟေးဟေးဟေးးး
နစ်နာနေပါအူးမယ်ကွယ်။
:mrgreenn:
နောက်တာ။
ရေးပေးးး
ရွာသင်္ကြန်တွေဆို သိပ် ကြိုက်/ပျော် တာ။
ဗုံလေးက အရေးကောင်းးး
ရေးနော်။
နောက်ခါမုန့်ဖိုးပေးလိုက်မယ်
:k:
Wow
April 1, 2015 at 3:43 pm
အူးလေးရမ ပေးမယ်ပြော အူးလေးနဲ့ ချည်ထား
ဗုံဗုံ
April 1, 2015 at 3:52 pm
ကိုကိုခင်ဇော်က လိုင်းပြောင်းသွားဘီ
အူးလေးမကြိုက်တော့ဘူး ဒေါ်လေးဒွေမှကြိုက်တော့တာ
မယုံရင်ဖွဘုတ်မှာလာကျိ..
ခင်ဇော်
April 1, 2015 at 3:55 pm
ကတောက်!!!
:buu:
Wow
April 1, 2015 at 5:33 pm
ကျန်းးးး နာ့ဂို ပျံလာချင်အောင် ဖျာယောင်းနေဒါ
black chaw
April 2, 2015 at 11:40 am
ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့ဖူးတဲ့ သင်္ကြန်တွေကို ပြန်တွေးကြည့်မိတယ်…။
ပြန်လိုချင်လောက်တဲ့ သင်္ကြန် ကို မဖြတ်သန်းခဲ့ဖူးဘူး…။
အခု ညီးက အလွမ်း သင်္ကြန် ဆိုတော့…
ထားခဲ့ဖူးတဲ့ ရီးဇား ၃၅ ယောက် ကို ပြန်လွမ်းကြည့်မိတယ်…။
လွမ်းလို့ မရတော့ဘူး…။
လွမ်းလောက်စရာလည်း သိတ်မရှိခဲ့ပါဘူး…။
စကားမစပ်…
ဒီနှစ် သင်္ကြန်မှာ သောက်ဖို့
မြန်မာဘီယာ ပုလင်းတွေ ဝယ်စုနေပြီ…။
သောက်ချင် ပြန်လာခဲ့…။
ယူနန် က ဝက်ခေါက်ကင်လေး နဲ့ ဆို
ဘာကိုမှ လွမ်းနေစရာမလိုတော့ပါဘူးကွယ်…။
:k:
ခင်ဇော်
April 2, 2015 at 11:48 am
ဟာ။
၃၅ ဟုတ်လားးး???
တူတူပဲ၊ တူတူပဲ။
.
.
.
ဪ။ ဟွာလေ၊ ကျနော့ အသက်နဲ့ တူတူပဲလို့ ပေါဒါဘာ။
:mrgreenn:
သင်္ကြန်ကို မသောက်ဖြစ်တာများသဗျ။
ဘာရယ်မဟုတ်။ ပူလို့။
ကျောက်ကျော အမဲတို့
ရွှေရင်အေးတို့
ရေခဲသုတ်တို့လောက်တော့ အဝ စားသောက်ပါတယ်။
:k:
အဲလိုမျှားရင်တော့ ပြန်လာချင်သားဗျ။
:k:
Crystalline
April 2, 2015 at 12:14 pm
သကြန်တွင်း စုထားသမျှမုန့်လုပ်နည်းတွေစမ်းမလားလို့… :mrgreenn:
ဟိုးအရင်က မန်းလေးတို့ဘာတို့ရထားနဲ့သွားရင် ဘူတာဘေး ရေအိုးလေးတွေနဲ့ရေရောင်းသူတွေ… ဈေးရောင်းသူတွေဆို.. သကြန်မတိုင်ခင်တလလောက်ကတည်းက. ရထားရပ်ရင်ဈေးရောင်း…ရထားဘူတာကစထွက်တာနဲ့ ပါလာတဲ့ရေနဲ့ ရထားပေါ်လောင်းတာ… အရမ်းစိတ်ဆိုးပဲ… တံခါးပိတ်ထားရင်် ပိုဆိုး… တံခါးကမလုံတော့ တံခါးကဖုန်တွေပါကိုယ့်ပေါ်ရောက်တာ… အခုတော့ ရထားလည်းမစီးဖြစ်တာ..ဆယ်စုနှစ်တစ်စုမကတော့…
ခင်ဇော်
April 2, 2015 at 12:20 pm
အဲ။
အဲဒါတော့ ဟုတ်တယ်။
ရထားနဲ့ သွားရင် အဲဒီ ဒုက္ခရှိတယ်။
သင်္ကြန် မုန့်လုပ်နည်းလေးတွေ တင်ပေးးး
:mrgreenn:
လုံမလေးမွန်မွန်
April 2, 2015 at 12:38 pm
သူတို့သင်္ကြန်များ လွမ်းစရာ… ခုချိန် သင်္ကြန်ဘာလုပ်ဖူးလဲ စဉ်းစားရင် ဘာအမှတ်တရမှ ထွက်မလာတော့ဘူး… သင်္ကြန်ဆို နေပူပူ ရေစိုစိုနဲ့ ရေထွက်ပက်ရင်း နဂိုက မဖြူတဲ့အသားတွေ ပြာသွားတာပဲ မှတ်မိတော့တယ်.. :k:
နှစ်ဆန်းတစ်ရက်ဆို အမေက ဘုရားဆင်းတုတွေအကုန် ရေသပ္ပာတယ်တယ်… (ဘုရားစင် သန့်ရှင်းရေးလုပ်တယ်ပဲ ထားပါတော့..) ကိုယ်က အဲဒါတွေလုပ်ရတာ ပျင်းတယ်ဆိုတော့ အမေ့ကိုကြည့်ပြီး ပင်ပန်းနေတာ.. (ဘာသာရေး ကိုင်းရှိုင်းချက်)… အဆောင်နေတုန်းကဆို အစ်မတွေက သင်္ကြန်နားနီးရင် စောင်တွေ ခြင်ထောင်တွေ သေချာပြန်လျှော်တယ်.. ငင့်.. ရုံးပိတ်ကာနီး အလုပ်တွေရှုပ်နေတော့ မလုပ်နိုင်ပါဘူးရယ်.. ပြန်ရင်လည်း လေးလို့ သယ်မသွားဘူး.. အားမှပဲ လျှော်လိုက်တာပဲ…
အနှစ်ချုပ်ရင်တော့ နှစ်ဟောင်းတွေ နှစ်သစ်တွေ ဘာမှခေါင်းထဲမရှိဘူးရယ်.. (သများက မလစ်တလစ်.. မတစ်တတစ်… ဟီး)… အဆင်ပြေတဲ့အချိန် အဆင်ပြေသလို လုပ်လိုက်တာပဲ.. တရားစခန်းဝင်တာတို့ သီလရှင်ဝတ်တယ်တို့ ဆိုတာကလည်း ပိတ်ရက်ရှည် ဒါလေးပဲ ရှိလို့ လုပ်လိုက်တဲ့ သဘောပဲ… ဒီနှစ်တော့ စားလိုက်အိပ်လိုက် အခွေကြည့်လိုက်နဲ့ အိမ်မှာ အပြည့်နားပစ်မယ်.. 🙂
ခင်ဇော်
April 2, 2015 at 1:13 pm
ခိခိခုခု။
မမဂျီး မွေးမေလေ့ကတော့ ကိုယ်တိုင်လုပ်ခိုင်းလို့ အိမ်အလုပ်ဟေ့ဆို ဦးချိုးခါးချိုးအကုန်လုပ်ခဲ့ရတာ။
အဲ၊ အထူးသဖြင့် သန့်ရှင်းရေးမှာ အင်မတန်ဇီဇာကြောင်သော် အဖေနဲ့ နေရတာဆိုတော့ ပိုလုပ်ရတယ်။
နှစ်ကူးတိုင်း ရှင်းရတာလောက်က အပျော့(စ) ဖြစ်နေတာ။
ဒီ ရောက်တော့ ဖုန်မရှိတဲ့ အရပ်မှာ သက်သာနေတာ။
:k:
တောင်ပေါ်သား
April 2, 2015 at 1:15 pm
ဒီနှစ်သင်္ကြန်
ရေပက်သူမရှိတဲ့ ဧရာဝတီဒုတိယမြစ်ကျဉ်းနားက
စင်းခန်းမှာ စတည်းချမှာမို့
အလွမ်းတွေကို ခေါင်ရည်ထဲထည့် မျှောလိုက်မိမယ်ထင်ပါရဲ့
🙂
ခင်ဇော်
April 2, 2015 at 2:47 pm
မြစ်ထဲ ရေကူးပြီး
ဆာဆာနဲ့ ထမင်းဆီဆမ်းကို ငါးကြော်လေးနဲ့ စားခဲ့ဖူးတာ သတိရ.
:sar:
မွသဲ ( 17082011 )
April 2, 2015 at 6:01 pm
ရှမ်းပြည်သင်္ကြန်ဆိုမိုးရွာတဲ့ဒေသမှာကြီးခဲ့ရတော့ ချွိပြောတဲ့မြင်ကွင်းမျိုး တခါမှမမြင်ဖူးဘူးရယ်။ ငယ်ငယ်ကသင်္ကြန်ဆိုတာ အိမ်ကနဲ့မိုးလင်းမိုးချုပ်ဘုန်းကြီးကျောင်းလိုက်တက်ရတဲ့ပွဲလို့ပဲ မှတ်မိနေဒယ်။ အိုက်မြို့မှာက သင်္ကြန်တွင်းဆို တနေ့တနေ့ ဘုန်းကြီးကျောင်း နှစ်ဆယ်ကနေသုံးဆယ်အတွင်းရောက်အောင် အပြိုင်သွားတတ်ကြတာကလား။ မန်းတပ်ဆိုတာကလဲ စတုဒီသာမန်းတပ်ပဲရှိတာ။ အိမ်ရှေ့ရေပုံးချပက်ပြန်တော့လဲ မိုးရွာတာရယ် လူမရှိတာရယ်ကြောင့် အလွန်ဆုံးနှစ်နာရီတောင်မပြည့်တတ်ဖူးရယ်။ ကြီးလို့ပြည်မဖက်ရောက်ပြန်တော့လဲ ဘာမှမရှိတဲ့မြို့မို့ အိမ်ထဲအိပ်လိုပ်စားလိုက်နဲ့မို့ ခုထိသင်္ကြန်ဆိုရင်သိပ်ရင်မခုန်ခဲ့ဖူးဘူး။
ခင်ဇော်
April 4, 2015 at 7:11 pm
ကျနော် နမ္မတူမှာ သင်္ကြန် ၂ နှစ်နေဖူးတယ် ယောက်ခမွ။
ရေကို မထိနိုင်ဘူးးး၊ အေးတာ။
စားလိုက်သောက်လိုက်ပဲ လုပ်နိုင်တယ်။
:k:
ကူမားရ်
April 4, 2015 at 2:27 pm
ဘာ သင်္ကြန်လည်း!!!!!
ဘာ သင်္ကြန်လည်း!!!!!
ဘာ သင်္ကြန်လည်း!!!!!
တောက်စ် !!!!
ဘယ်တုန်းက မှ မပျော်ခဲ့ရတဲ့ ၂ခုထဲက တစ်ခု ယောင်လို့တောင်လှည့် မကြည့်ဘူး
အရင်ကလည်းမဆိုင်နိုင်ခဲ့ ဘူး ခုလည်း မပိုင်ဘူး ဆိုတာသေချာတယ် ဘာလနု့ လွမ်းရမလည်း မလွမ်းဘူး မမှတ်မိဘူး မသိချင်ဘူး မပတ်သတ်ဘူး
တမင် မေ့ထားတာတင် ၂၂ နှစ်ရှိပြီ မင်းငါ့ကို ဖြားယောင်းလို့ မရတော့ပါဘူး ကွာ
ခင်ဇော်
April 4, 2015 at 7:10 pm
ဘယ် တုန်းကတည်းကမကျေနပ်တာတွေ လာအော်သွားတာတုန်း??
:k: