အစိုးရရုံးများတွင် သုံးနေသော Font… ( Myanmar 2 Font )
အခုဆို ရုံးမှာ လူမှုဖူလုံရေးဆိုတာ လုပ်တော့… Myanmar 3 တဲ့…
ဆားဗစ်သွားတော့လဲ တက္ကသိုလ်က ဆရာတယောက်က Myanmar 2 တဲ့…
အဲတော့ အဆင်ပြေအောင် လက်ရှိတော့ 2 ကိုပဲ တင်ပေးလိုက်တယ်…
အပေါ်မှာက လက်ကွက်ပေါ့…
ဒေါင်းဖို့ အောက်က လင့်မှာ ယူလိုက်…
ကျွန်တော့် ကိုယ်ပိုင်လင့်က တိုင်ပတ်နေသေးလို့… ခဏစောင့်ကြဦးနော်…
တဂျီးရေ လုပ်နေတယ်ဗျ… ကော်မကောင်းသေးတော့ ခရီးမပေါက်သေးတာ…
http://www.mediafire.com/download/v5weupbcmnnlu5o/MYANMAR2.zip
ကျေးဇူးတင်ပါတယ်…
ကိုယ်နဲ့ မဆိုင်ပေမဲ့ တစ်ပုဒ် ထဲ လွတ်ကျန် နေမှာစိုးလို့ ဝင် အားပေးတွားပါကြောင်း။ :-)))
Was this answer helpful?
LikeDislikeမြန်မာFont များအကြောင်းဆိုပြီး.. ဆောင်းပါးတပုဒ်လောက်လိုချင်သား..
ဝင်းမြန်မာက.. ttf မြန်မာစာဖေါင့်တွေကစပြီး..
ယူနီကုဒ်အမည်တပ်ကြတဲ့..
မြစေတီ၊ ဇော်ဂျီ။ ပိတောက်၊ မြန်မာ၁။၂။၃။ ဧရာ၊ အကယ်ဒမီ။ ပရပိုဒ်။ တွေအထိ.. တီထွင်သူတွေရယ်..။
သမိုင်းကြောင်းအကျဉ်းရယ်နဲ့ပေါ့..
http://mmunicodefonts.blogspot.com/
http://myanmar-java-user.blogspot.com/p/myanmar-unicode-guide.html
http://www.mysteryzillion.org/discussion/8804/www-google-co-mm-myanmar-unicode-version
http://mmitpros.ning.com/profiles/blogs/windows-8-myanmar-unicode-font-burmese-keyboard
Was this answer helpful?
LikeDislikeကေလေ.. ဒါတော့ လုပ်ပေးလို့ လွယ်တယ်.. အခုက ဇီဇီအတွက် အလုပ်ရှုပ်နေတာ… ထမင်းဆိုင်အတွက်… ဟီး… ညဆိုလဲ ချက်… မနက်လဲ ချက်နဲ့…
ကျေးကျေးပါ .. အရီးခင်ရေ…
Was this answer helpful?
LikeDislikeကြားရတာ အရမ်းဝမ်းသာတာပဲ။
နောက်တပတ် အတွက် ရှိသေးတာမို့ ဟိုး နောက် တပတ် တနင်္လာမှီရင်ရတယ်လို့။
အဲဒါလာပြောတာ။
:s:
Was this answer helpful?
LikeDislikeဟုတ်ပါပြီဗျာ.. ခဲရာခဲဆစ်ပဲ… ဟီး.. ပို့စ်အနေနဲ့ တင်ပေးလိုက်မယ်… ကြိုးစားအားထုတ်ပုံလေးကို…
Was this answer helpful?
LikeDislikeမြန်မာ့ဖောင့်ဆို ဝင်းအင်းဝ နဲ့ ဇော်ဂျီ လောက်သိတာလေ
Was this answer helpful?
LikeDislikeဟုတ်တယ်.. ကျွန်တော်လဲသိတာ မကြာသေးဘူး.. ဆားဗစ်က တောင်းမှတင်ပေးတာလေ.. မသုံးဖြစ်ပါဘူး…
Was this answer helpful?
LikeDislikeသိပ်နားမလည်တဲ့ လောက ထဲ… ဝင်တော့ ကြည့်ဖြစ်ပါတယ်လို ့…
Was this answer helpful?
LikeDislikeThank you ပါ
Was this answer helpful?
LikeDislikeဒါကို လာလာဖတ်နေတဲ့သူတွေ များနေလို့..။
ဇော်ကြီး-ဦးနီကုတ်တိုက်ပွဲများ ဒီရောက်လာသလားလို့…
Was this answer helpful?
LikeDislikeThatoe Aung Facebook
Yesterday at 06:17 ·
Facebook က မဇကာဘက်က ဖင်ရှည်ပြီး ဇော်ဂျီ support လုပ်လိုက်သည်။မြန်မာ့ နည်းပညာအသိုင်းအဝိုင်းမှာ တော်တော်လေး ဂယက်ရိုက်သွားသည်။ အစကတည်းက သတ်နေသော ဇော်ဂျီ ယူနီကုဒ် ပြသနာကတော်တော် ကြီးထွားလာလေပီ။
ယူနီကုဒ်သမားများက ဇကာဘက်ကို အသည်းပေါက်ကြသည်။ ဇကာဘက် အကောင့်ကို report ထုရန်ကြိုးစားသည်။ ထုမရတော့ ဖေ့ဘုတ်မသုံးရန်ပင် နီးစပ်ရာအသိုင်းအဝိုင်းများကို တိုက်တွန်းကျသည်။ကမ်းပိန်းများလုပ်ပြီး မသုံးကြရန် နှိုးဆော်သည်။ ဓမ္မာရုံလော်စပီကာများမှတစ်ဆင့် စံပယ်ပန်းလေး သီချင်းဖွင့်သလို ဖေ့ဘုတ် မသုံးရန်သီချင်းများစပ်ပြီး ဖွင့်ကြလေပီ။ ဤသတင်းသည် မည်သို့လုပ်လိုက်သည် မသိ … ဇကာဘက်နားသို့ ပေါက်ကြားသွားလေသည်။
ဇကာဘတ်ကြီးစဉ်းစားသည် … ။ ‘ ဒင်းတို့ မြန်မာတစ်နိုင်ငံလုံး မသုံးတော့ရော ဘာများ ဖြစ်သွားမှာလဲ။ မြန်မာနို်င်ငံလူဦးရေမှ သန်းငါးဆယ်ကျော်ကျော်ပဲ ရှိတာ။ သူတို့ သုံးလှ လူသန်း ၂ဝ ပေါ့ ။ သူတို့မသုံးလဲ ငါ့မှာ တစ်ခြားနိုင်ငံက user တွေအများကြီး ရှိသားပဲ ‘ ဟုအတွေးရောက်ကာ မြန်မာနိုင်ငံမှ fb account အရေအတွက်ကို စစ်ဆေးလိုက်လေသည်။ အားပါးပါး အကောင့်ပေါင်း သန်း ၁၂ဝ ကျော် ရှိသည်ကို မြင်ပြီး မျက်လုံးမျက်ဆံ ပြူးသွားရှာလေသည်။(ပြူးမှာပေါ့ တစ်ယောက်ကို account ၆ ခုလောက်ရှိရှာသကိုးးး)
ဒါနဲ့ မဖြစ်ချေတော့ဘူးဟုဆိုပြီး ထမင်းငတ်မည့်အရေးကို မျှော်တွေးကာ ဇကာဘတ်တစ်ယောက် မြန်မာနိုင်ငံကို အလည်အပတ်ခရီးစဉ်ရောက်ရှိလာလေသည်။ မြန်မာနိုင်ငံနည်းပညာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံဆွေးနွေးပြီး fb team မှ တော်ဆုံး နည်းပညာရှင်များနှင့် မြန်မာ့စာပေကျွမ်းကျင်သူများ ပူးပေါင်းပြီး ဇော်ဂျီ ကဲ့သို့ လွယ်ကူပြီး ယူနီကုဒ်ကဲ့သို့ စံသတ်မှတ်ချက်များ လိုက်နာထားသော မြန်မာစာစနစ်တစ်ခု ထွင်လေသည်။
အလုံးစုံပြီးမြောက်သွားသော အခါ ဇကာဘတ်မှ တကျက်ကျက်ချနေသော ဇော်ဂျီ ယူနီကုဒ် ပညာရှင်များ သင့်မြတ်စေရန်အလို့ငှာ ယခုစနစ်သစ်ကို နှစ်ဖက်လုံးနှင့် သက်ဆိုင်သည်ဟု ကြေငြာလေသည်။ ပြသနာကား ဤတွင်စ၏။
အဆိုပါစနစ်သစ်အား အမည်ပေးကင်ပွန်းတပ်ရန်ပင်ဖြစ်သည်။ နိုင်ငံတကာ ပညာရှင်များက နှစ်ဦးနှစ်ဖက်သင့်မြတ်စေရန် နှစ်ဖက်လုံးနှင့်သက်ဆိုင်သော အမည်ပေးရန်တိုက်တွန်းကြလေသည်။ ဇော်ကုဒ် ဒါမှမဟုတ် ယူဂျီ တစ်ခုခုပေါ့။
ဤတွင် ယူနီကုဒ်ပညာရှင်က ထပြောသည်။ ငါတို့က အရင်စလုပ်တာ အဲ့တော့ ငါတို့ ယူနီကုဒ် နာမည်ကို ရှေ့ကထားမယ် ။ မင်းတို့ ဇော်ဂျီက နောက်ကနေ … အဲ့တော့ ” ယူဂျီ ” လို့ နာမည်ပေးမှကျေနပ်နိုင်မယ်။
ဇော်ဂျီပညာရှင်ကလဲ တစ်စခန်းထပြန်သည်။ ငါတို့ ဇော်ဂျီက တစ်နိုင်ငံလုံး သုံးတာကွ … ။ စံတွေဘာတွေကြောင့်သာ တစ်လှမ်းဆုတ်ပေးလိုက်တာ ။ ငါတို့ ဇော်ဂျီနာမည်ကို ရှေ့က ထားမယ် ” ဇော်ကုဒ် ” ဆိုပြီး နာမည်ပေးမှ ကျေနပ်နိုင်မယ်။
ဤသို့ဖြင့် ထသတ်ကြပြီး နာမည်ပေးကင်ပွန်းတပ်ပွဲကြီး ပျက်လေသည်။ ဇကာဘတ်လဲ စိတ်ညစ်ပြီး နောက်ဘယ်တော့မှ ဝင်မပါတော့ဘူးဟု ငိုချင်းချကာ ပြည်တော် ပြန်လေသသည်။
developer ပေါက်စနများကား ဇော်ဂျီ ယူနီကုဒ် တိုက်ပွဲများကြား ယက်ကန် ယက်ကန် ။
end-user များကတော့ မျက်စိသူငယ် နားသူငယ်ဖြင့် …. ဇော်ဂျီ ဆိုလဲ … ဟေးးးး ဇော်ဂျီ ဇော်ဂျီ …… ။ ယူနီကုဒ် ဆိုပြန်တော့လဲ ဟေးးးးး ယူနီကုဒ် ယူနီကုဒ် … ကုဒ်ကြလေသတည်းးးး ။
Was this answer helpful?
LikeDislikeအရီး ဘယ်ကနေ အစ ရလို့ ဆွဲထုတ်လိုက်တာလဲ… ကျွန်တော်ဖြင့် မေ့တောင်နေပြီ ပို့စ်တင်ပြီးတော့… ဟီး… လာမန့်ပေးသွားတာ ကျေးဇူးနော်…
Was this answer helpful?
LikeDislike