အလင်းဆက်အတွက် မမမျိုးရဲ့ ဘားအံခရီးစဉ်
မောင်လေးရေ
ပြီးခဲ့တဲ့ စနေနေ့က မောင်လေးရေးတဲ့ မမမျိုးတမ်းချင်း ဘားအံခရီးစဉ်ကို ဖတ်ရတော့ မောင်လေးရဲ့ မေတ္တာတွေကို မမ ပိုပြီး သိလိုက်ရပါတယ် ၊
မောင်လေးရယ် မမလည်း မောင်လေးလက်ကိုတွဲပြီး ကမ႓ာအနှံ့သွားပစ်လိုက်ချင်တာပေါ့ကွယ် ၊
ဒါပေမယ့် မမတို့ လူသားတွေက ကံဇာတ်ဆရာ အလိုကျ နေ နေရသမို့ စိတ်သွားတိုင်း ကိုယ်မပါတာ မောင်လေးသိပါတယ်လေ ၊
အဲဒီ ကံဇာတ်ဆရာက ဘယ်လောက်တောင်ကျီစယ်သလဲဆိုရင်
မောင်လေးရဲ့ ဘားအံပို့စ်ကို ဖတ်ရတဲ့ အဲဒီ စနေနေ့ ညမှာပဲ မမလည်း ဘားအံကို ခရီးထွက်ဖြစ်ပါပကောလား ၊
ရပ်ကွက်ထဲက မမမျိုးဘော်ဒါက သူ့သမီး ဘားအံမှာ ကလေးမွေးတယ် ၊
ကလေးမီးထွက် အလှူလုပ်မလို့ လိုက်မလား ၊ တနင်္ဂနွေည ပြန်ရောက်မယ် တဲ့ ၊
ဘာပြောကောင်းမလဲ အိမ်ပေါ်တက် ဂျာကင်ကောက်စွပ်ပြီး တန်းကနဲ လိုက်တာပါပဲကွယ် ၊
အဲဒီဘက်ဆို ကျိုက်ထိုအထိပဲ ရောက်ဖူးလို့ သိပ်သွားချင်နေတာ ၊
ပြည်ရိပ်မွန်ကထွက်တော့ ည ၉ နာရီကျော်ပြီ ၊
ကားပေါ်မှာက ၃ ယောက်တည်း ၊
ကားကို တစ်ယောက်တစ်လှည့် မောင်းကြမယ်ပေါ ့ ၊
ဝါယာလက် ၅၁ ဂိတ်နားမှာ ခဏ ဝင်မော့ကြသေးတယ် ၊
မိုးကလည်း ကောင်းသလား မမေးနဲ့ကွယ် ၊
ကျိုက်ထိုရောက်တော့ လူကော ကားကော ခဏနားကြတယ် ၊
ဘားအံက တည်းမယ့်အိမ်ရောက်တော့ မနက် လေးနာရီခွဲပြီ ၊
ကဲ မောင်လေးရေ ဓါတ်ပုံတွေ ကြည့်လိုက်ဦးနော် ၊
၁ – ဒီကားနဲ့ သွားတာ ၊
၂ – ကျိုက်ထိုမှာ ခဏနားကြတယ် ၊
၂ – ကျိုက်ထိုမှာ ခဏနားကြတယ် ၊
၂ – ကျိုက်ထိုမှာ ခဏနားကြတယ် ၊
၂ – ကျိုက်ထိုမှာ ခဏနားကြတယ် ၊
၃ – ဘားအံမြို့လည်က အဝိုင်း
၄ – ဘားအံ အဝေးပြေးဂိတ်သစ်
၆ – အလင်းဆက် ပြောတဲ့ ရွှေယဉ်မျှော်ဘုရားပေါ်
၆ – အလင်းဆက် ပြောတဲ့ ရွှေယဉ်မျှော်ဘုရားပေါ်
ရ – သံလွင်ကတော့ စီးမြဲပင်
ရ – သံလွင်ကတော့ စီးမြဲပင်
၈ – ဘားအံက ပြန်ပြီ
၉ – ဘားအံအထွက် ချောစုဆီဆိုင်
၁ဝ – မြူ ဖုံးနေတဲ့ ဇွဲကပင်
၁ဝ – မြူ ဖုံးနေတဲ့ ဇွဲကပင်
၁၁ – သံလွင်တံတား
၁၁ – သံလွင်တံတား
၁၁ – သံလွင်တံတား
၁၁ – သံလွင်တံတား
၁၂ – သထုံကျော်လာပြီ
၁၃ ၊ ကျိုက်ထိုက အဲဒီဆိုင်မှာ ကတွတ်ယိုဝယ်တယ် ၊
၁၄ – စစ်တောင်းတံတားကြီး လွမ်းကာ ကြည့်ကာ ငို ( ဗညားဟန် )
၁၄ – စစ်တောင်းတံတားကြီး လွမ်းကာ ကြည့်ကာ ငို ( ဗညားဟန် )
၁၄ – စစ်တောင်းတံတားကြီး လွမ်းကာ ကြည့်ကာ ငို ( ဗညားဟန် )
၁၄ – စစ်တောင်းတံတားကြီး လွမ်းကာ ကြည့်ကာ ငို ( ဗညားဟန် )
၁၅ – ဘုရားကြီး တိုးလ်ဂိတ်
၁၆ – ဘုရားကြီးလမ်းခွဲအကျော်မှာ ခဏနား
၁၆ – ဘုရားကြီးလမ်းခွဲအကျော်မှာ ခဏနား
၁ရ – လှည်းကူးရောက်တော့မယ် ၊
၁၈ – ရန်ကုန်အဝင်
( အလင်းဆက်ရေ မမမျိုး မမမျိုးလို့ ရေးရင်း ရေးရင်း ရင်တွေပန်းတွေ တုန်လှပါလားကွယ် ၊ တော်ပြီ ကိုကိုမျိုးပဲ လုပ်တော့မယ် )
🙂 🙂 🙂
28 comments
•*¨နန်းတော်ရာသူ •*¨
July 31, 2014 at 10:45 am
I miss hpa-an
weiwei
July 31, 2014 at 11:00 am
ဇွဲကပင်တောင် သွားတက်ချင်တယ် …
ခင် ခ
July 31, 2014 at 11:47 am
မမမျိုး က ကိုအလင်းဆက် ခြေရာ ဘားအံမှာ သွားကြည့်တာပေါ့လေ။
Myo Thant
July 31, 2014 at 11:56 am
မိုးတွေက များလွန်းလို့ သူ့ခြေရာလည်းပျောက် ရေလည်းနောက်ပေါ့ ကိုခရေ
ဇီဇီ ခင်ဇော်
July 31, 2014 at 11:52 am
အို့။
မေဘရဏီလို ရွှေပန်းချီတောင် လက်မှိုင်ချရသကိုးးး
မမမျိုးးးး
အိုးအို့အို!!!
မမမျိုးရယ်။
သများ အရင်ကတည်းက မှတ်မှတ်ထင်ထင် အိမ်မက် တစ်ခု မက်ဖူးတယ်။
ဖားကြီးရယ်။ နဂါးကြီးရယ် ရှိတဲ့ ဘုရားပေါ့။
ခု သိတတ်မှ ဒါဟာ ဘယ်နေရာတုန်း သိတော့မှ မမက်တော့တဲ့ အိပ်မက်ပဲ၊
Myo Thant
July 31, 2014 at 12:06 pm
ဪ ဇီဇီရယ်
သွားရ ပြန်ရတာက ကမန်းကတန်းဆိုတော့ စုံအောင် မရောက်ခဲ့နိူင်ပါဘူး ၊
မိုးကလည်း တစ်ဖဝါးမခွာ လိုက်နေတာမို့ စားသုတ်သုတ် သွားးသုတ်သုတ်ပါပဲ ၊
ဇွန် ၂ရ တုန်းက မြန်မာပြည်မြောက်ပိုင်း မြစ်ကြီးနား – ဗန်းမော်လမ်းမှာ ၊
ဇူလိုင် ၂ရ ကြတော့ မြန်မာပြည်တောင်ပိုင်း ဘားအံလမ်းပေါ် ၊
ဩဂုတ် ၂ရ မှာ တောင်ကြီး အင်းလေးများ ရောက်လေဦးမလား 🙂
ခင် ခ
July 31, 2014 at 12:13 pm
ဒါဆို ၂ရ များရဲ့ ခရီးသွားခြင်း ကိုကိုမျိုး ဆိုပြီး ဒီနှစ်ကုန်ရင် သွားခဲ့တဲ့ ခရီးသွားမှတ်တမ်း ပိုစ့်တစ်ပုဒ်ရေးဗျာ။
Myo Thant
July 31, 2014 at 1:01 pm
ရေးမဗျာ 🙂
Ma Ei
July 31, 2014 at 12:55 pm
၄ – ဘားအံ အဝေးပြေးဂိတ်သစ်
၁ဝ – မြူ ဖုံးနေတဲ့ ဇွဲကပင်
အတော်လှတဲ့ နေရာလေးတွေဘဲ…
ရောက်ခဲ့တာ မကြာသေးပေမယ့် ဓာတ်ပုံတွေကြည့်ပြီး
ထပ်သွားချင်တယ်..
Myo Thant
July 31, 2014 at 1:03 pm
ဟုတ်တယ် အမအိရေ
ကျနော်က ခုမှ ရောက်ဖူးတာ ၊
ဆောင်းဘက်ဆို ပိုလှမလားပဲ ၊
အခုက ဘယ်သွားသွား မိုးတွေချည်းပဲ ၊
alinsett (gazette)
July 31, 2014 at 1:43 pm
နွေနဲ ့…ဆောင်းမှာ..ပိုလှတယ်…
နွေမိုးဆောင်း…သုံးရာသီလုံးမှာ…. တောင်တန်းကြီးတွေကို..တိမ်တွေကတော့..လွှမ်းပတ်ရစ်သွယ်နေမှာပဲ…ထင်ပါရဲ့… ။
alinsett (gazette)
July 31, 2014 at 1:29 pm
မမမျိုး…မမမျိုး..
ကျနော့်ဝတ္ထုထဲက..မမမျိုးဟာ… ဦးမျိုးနဲ ့… ထထေရာထဲ…တူနေလိမ့်မယ်လို ့..
မထင်ခဲ့ဘူး.. ။
အခုတော့..တထေရာထဲ.. ( စာအရေးအသား အဖွဲ့အနွဲ ့ကိုပြောတာပါ )
———————-
တကယ်ကြည်နူးရတယ်ဗျာ..
ကျနော်က…မမမျိုးရေ..ဆိုပြီး..ခရီးသွားဆောင်းပါးကို.. ရသစာပေဆန်ဆန် ရေးလိုက်တာ..
အဲဒီနောက်… မမမျိုးရဲ့ ပြန်ရေးတဲ့ စာလို…
ရသဆန်တဲ့ခရီးသွားစာလေး…ထပ်ဖတ်လိုက်ရတော့…
ကြည်နူးစရာ ကောင်းသွားတယ်.. ။
———————-
ပုံလေးတွေ ပြန်ကြည့်ပြီး…
ဘားအံကို..ပြန်လွမ်းသွားပြန်ပြီဗျာ.. ။
ကျနော်တော့.. ဇွဲကပင်တောင် နဲ ့..သံလွင်မြစ်ဆီကို….
လေးကြိမ်မြောက်… ထပ် သွားလိုက်ချင်လာပြီ… ။
ပြီးခဲ့တဲ့..သုံးကြိမ်လုံးမှာ…
သံလွင်ရယ်…
ရွှေယာဉ်မျှော်ပြည်တော်ဧစေတီတော်ရယ်…
ဇွဲကပင်ခန်းမရယ်…
ကျောက်ကလပ်( ကြောင့်ကမ်လာဘ်)စေတီတော်ရယ်…
တိမ်တွေ ရစ်ပတ်နေတဲ့..ဇွဲကပင်တောင်ကြီးရယ်…
တောင်စဉ်တောင်တန်းတွေကို ဖြတ်သွားရပြီး..
ထိုင်းနိုင်ငံ နယ်စပ်ဘက်ခြမ်းနားလောက်က…သိပ်လှတဲ့… ကျုံထော်ရေတံခွန်ရယ်….
သိပ်လှတဲ့..ကျောက်တောင်ကြီး…ဝဲပျံရယ်….
အဲဒီတုန်းက… သိပ်ချစ်မြတ်နိုးခဲ့တယ်.. ။
အခုထိလ်ညး… ..ချစ်လို ့မဝ..မြတ်နိုးလို ့..မဝသေးဘူး.. ။
ကရင်ပြည်နယ်ထဲမှာ…
ကျနော် ထပ် ရောက်ချင်တဲ့ နေရာတွေ ရှိသေးတယ်.. ။
ဇွဲကပင်တောင်ကြီးရဲ ့ ထိပ်ဆုံး..တိမ်တွေကြားထဲမှာလည်း..နောက်ထပ်…အခေါက်ပေါင်းများစွာ..
သွားတက်ထိုင်နေလိုက်ချင်သေးတယ်…
အခုတော့…ခရီးသွားလို ့ သိပ်မကောင်းတဲ့..မိုးရာသီမို ့..
ဦးမျိုးရဲ ့…ခရီးစဉ်ပုံရိပ်ကိုပဲ.. ခံစားလိုက်ရဦးမယ်.. ။
😆
Myo Thant
July 31, 2014 at 1:56 pm
မနက် ၄ နာရီခွဲရောက် ၊ တစ်ရေးအိပ် ၊
ပြန်ထပြီး ကားဂိတ်ဘက် နဲ့ ဘုရားဘက်သွား ၊
ခဏပြန်နားပြီး နေ့လည် တစ်နာရီမှာ ရန်ကုန်ပြန် ဆိုတော့ နေရာအစုံမရောက်ဖြစ်ပါဘူ း ၊
နောက်တစ်ခါမှ မောင်လေးလက်ကိုဆွဲပြီး သွားကြဦးစို့နော် ၊ 🙂
alinsett (gazette)
July 31, 2014 at 2:03 pm
အမငီးးး
လက်ဆွဲပြီးတောင်..သွားဦ်းမတဲ့…
ဝတ္ထုထဲက..ဇာတ်ကောင်မမမျိုးတော့.. အသက်တကယ် ဝင်လာပြီပေါ့.. .
manawphyulay
July 31, 2014 at 2:01 pm
အလင်းဆက်ရဲ့ မမမျိုးက ဘယ်သူပါလိမ့်လို့ စိတ်ဝင်တစား သိချင်နေတာ
ခုတော့ ကျွန်မ သိပြီ
အဲ
မမမျိုးက ဦးဦးညှိုးတန့် ဖစ်နေတာကိုး …. 😛
alinsett (gazette)
July 31, 2014 at 2:09 pm
တိန်…
အထင်လွဲသွားပြီ.. ။
မဖြစ်ဘူး..
ဒီမမမျိုးနဲ ့.. ဟိုဝတ္ထုထဲက..မမမျိုး..ခပ်ဆင်ဆင်လေး..တူရုံသာ တူကြောင်း..
သတင်းစာထဲ..ထည့်ကြေငြာရမယ်
Myo Thant
July 31, 2014 at 2:12 pm
ဟယ် အဲသလို ဒဲ့ဂျီးဆိုတော့ သများ ရှက်တာပေါ့ လို့ ၊
အလက်ဆင်းရေ ၊ တကယ် ၆ ချင်လာပြိနော် ၊ 🙂
alinsett (gazette)
July 31, 2014 at 2:23 pm
အော်…မမမျိုးရယ်…
အဲ… .မွှားလို ့.. ဦးဦမျိုးရယ်..
kyeemite
July 31, 2014 at 2:52 pm
မမမျိုးက အတွေးကောင်း အရေးကောင်းလေးပါလား….ကြောင်ဝင်ကုတ်မှာတော့
မြင်ယောင်မိသေးတော့ ခိခိ
ကျုပ်လည်း မော်လမြိုင်ထိပဲရောက်ဖူးသေးတယ်…တစ်နေ့တော့….
Myo Thant
July 31, 2014 at 3:02 pm
ဟုတ်ပကိုမိုက်ရေ ၊ ကျနော်လည်း ကျိုက်ထိုအထိပဲ ရောက်ဘူးတာ ၊
မထင်မှတ်ပဲ သွားဖြစ်တာ ၊
နွေဘက်ဆို ခြောက်ခြောက်သွေ့သွေ့နဲ့
သွားလို့ ပိုကောင်းမှာ ၊
အရီးခင်
July 31, 2014 at 10:33 pm
မျိုးမမ ပကာသနီ ရဲ့ ပုံ နဲ့ ဆက်ဆက်ပြောပြတဲ့ ရွှေယဉ်မျှော်ဘုရား ကို တွဲလိုက်တော့ ပိုပြီး ရသမြောက် သွားတယ်။
ကရင်ပြည် ရဲ့ ဇွဲကပင် က အရမ်းလှပြီး သာယာလွန်းတယ် ဆိုတာ လက်ခံလိုက်ပြီ။
အဲဒီဘက်မှာတော့ သစ်ပင် သစ်တော စိမ်းစိမ်း တွေ ရှိနေသေးသလိုဘဲ။
သံလွင်က ဧရာဝတီ ထက် ကြမ်းတာ ကိုတော့ သတိထားမိတယ်။
ကျေးဇူးပါရှင့်။ :-)))
alinsett (gazette)
August 1, 2014 at 11:01 am
ဦးမျိုး… 51 ဂိတ်နားရောက်တာ.. ကျနော့်တော့ လှမ်းမခေါ်ဘူး ..။
သုံးမိနစ်နဲ ့..အရောက် လာလို ့ရတယ်.. ။ ဟီဟိ ။
မမမျိုးကို…အပြင်မှာတွေ ့ဖူးချင်နေတာ.. ။
Myo Thant
August 1, 2014 at 11:14 am
အပြင်မှာတွေ့ပြီးမှ စိတ်ပျက်သွားမှာစိုးတယ်ကွယ် ၊
ဒီတော့ အိပ်မက်မင်းသမီးလေးပဲလုပ်ပါရစေလား မောင်လေးရယ် ၊ နော်
🙂
Yae Myae Tha Ninn
August 2, 2014 at 1:15 pm
ကျိန်းသေတာတော့.. လာပြန်ပြီ.. ရေမြေ့သနင်းနောက်တကောင်လို့… တဂျီးကထင်မှာ.. ဟီး.. ပုံတွေ မနည်းဘူး.. တင်ထားတာ.. အားပေးသွားတယ်ဗျို့… 🙂
Myo Thant
August 2, 2014 at 1:28 pm
ကျေးဇူးပါဗျာ ၊ 🙂
ဦးကျောက်ခဲ
August 2, 2014 at 2:03 pm
♫ ♫ စိုးရိမ်မိတယ်… မျိုးရယ်… ဒညင်းဝက်လက်ထဲကို လုံးဝ အပါမခံနိုင်ဘူး… ♫ ♫
♫ အပြစ်မဆိုဝံ့ပါ… မျိုးရယ်… ကျောက်စ်အနား ခီညားဂျီးရှိရင် ပိုအဆင်ပြေလိမ့်မယ် ♫
အဟိ အဟိ… ဘာမှမဟုတ်ဘူး … ဂျက်မြသောင်းကို သတိရသွားလို့….
Myo Thant
August 2, 2014 at 2:08 pm
မမမျ ိုးက ဒညင်းသီး အသေကြိုက်တော့
ဒညင်းဝက်လက်ထဲ ဖြစ်ချင်ရာ ဖြစ်ပါစေတော့ကွယ် ၊ 🙂
alinsett (gazette)
August 4, 2014 at 1:03 pm
ဒညင်းဝက်က… အတင်းမဖက်တဲ့…
အရင်းမြတ်ကလေး ပါ…အောက်ကျူး…အဲ…အဲ… .အူးကျောက်…