မိုးတွေရွာတဲ့ နေ့ ၂၀၁၄။၀၈။၀၃ နဲ့ HDR
အပိုင်းက။ ဘုရားပေါ် က HDR
မထင်မှတ်ဘဲ ဘုရားရောက်သွားတဲ့ နေ့တနေ့ပေါ့ဗျာ
ဘာရယ်မဟုတ် မိုးတိတ်ချိန် ၁ရး၃ဝ ကနေ ၁၈း၃ဝ ကြား ရိုက်ဖြစ်ခဲ့တဲ့ ပုံတချို့ ဆိုပါတော့..။
လူရိုက်ဖို့ ချိန်းတာ ပျက်သွားတဲ့အတူတူ ဘုရားပဲ ရိုက်တော့မယ် လို့ စိတ်ဆုံးဖြတ်ပီးသကာလ..
(ကုသိုလ်တွေတော့ အတုံးလိုက် အတစ်လိုက်ရအုံးမယ်)
ဒီရက်ပိုင်း တော်တော်လေး တွေ့ရများတဲ့ dynamic range ကို ဆွဲချဲ့ တဲ့ပုံမျိုး တွေ ရိုက်ချင်မိခဲ့တယ် ဗျ (တိမ်တွေကလည်း ကိုယ့်ဘက်မှာ ကိုး)
အချိန်ရရင် ရင်ပြင်ထဲ ထပ်သွားရိုက်ချင်သေးပေမယ့် .. မိုးကျလာတာတကြောင်း
မှောင်သွားပြီး မီးတွေ ဖွင့်လာတာတကြောင်းမို့ စိတ်လျှော့ခဲ့ပါကြောင်းရယ်..။
၁။ Texture ပိုင်း ဦးစားပေးပြီး တို့ ထားတာဗျ။
မီးတွေ မဖွင့်သေးတာရော အလင်းရောင် ရှိနေသေးတာရောက ကံကောင်းတာပါ။
HDR Preset တွေ မသုံးထားဘဲ … အကုန် manual ပြန်ချိန်ပါတယ်။ contrast ကို ၃ခု အထိ ပြင်တယ်ဗျာ။
ပြီးတော့ color correction ပြန်လုပ်ပါတယ်။ မဆိုသလောက်ကလေး crop ချလိုက်တယ်..။
noise သတ်တယ်။ high pass filter တချပ်ထိုးပါတယ် ။ အဲ့လောက်ပါပဲ။.

၂။ ဒါကတော့ သိတဲ့အတိုင်း နေလ ဘုရားအနောက်ဘက် ခပ်ယွန်းယွန်းမှာ ရှိတဲ့ ကျောက်စာတိုင် နဲ့ ရိုက်ဖြစ်တဲ့ပုံပါ။
မီးတွေ စ-လင်းလာပေမယ့် စလိုက်တွေ မထွန်းသေးတာ ရော။ မှုန်နေတဲ့ ကောင်းကင် ပြန်လင်းလာတာကြောင့်ရော ရိုက်ဖြစ်သွားတယ်ဆိုပါတော့။
ဒီကျောက်စာတိုင်အကြောင်း ကို တိုးရစ်စ် တချို့ ကို ဂိုက်တယောက် မီးကျိုးမောင်းပျက် ရှင်းပြနေတာမကြားဟန်ဆောင်ပြီး ရိုက်ခဲ့ပါတယ်။
(တချို့ သမိုင်းတွေက အတိမ်းအစောင်း အကျအပေါက် မခံဘူးမဟုတ်လား) ထားပါတော့..
ဘုရားရဲ့ ညာဘက် အခြေနားက (မုဒ်ဦး ပြသာဒ် တဝိုက်) halo မထွက်အောင် အတော် သတိထား ချဉ်းကပ်ခဲ့ရပါကြောင်း။

၃။ ဗုဒ္ဓဟူး ထောင့် နားက ရိုက်ဖြစ်တဲ့ပုံပါ။ မီးတွေ အတော် ထွန်းလာပေမယ့် မီးမောင်းတွေ ကျန်နေသေးတဲ့ အခိုက် မှာ
နောက်ဆုံး ရိုက်ဖြစ်တဲ့ပုံဗျ။ distortion အတော် ဝင်ပါတယ်။ ဒါကြောင့် ပုံရဲ့ ၁၀% လောက်ကို crop ချလိုက်ပါတယ်။
မိုးဖွားလေးတွေ စကျလာတဲ့ အချိန်လည်း ဖြစ်တယ်ဗျ။ ထုံးစံအတိုင် းf stop အကျယ်ဆုံး ဖွင့်ရိုက်ထားပါတယ်။
တခြားတော့ အထွေအထူး မရှိခဲ့ပါ။

၄။ Distortion အတော်များတဲ့ပုံ လို့ ဝန်ခံပါတယ် (ဘုရား ပိန်သွားတယ်လေ)။ ပြင်မယ် စိတ်ကူးခဲ့ပေမယ့်လည်း wide ထားတဲ့ အရသာ ပျက်လို့ ..
ဒီတိုင်းထားလိုက်ပါတယ်။ မိုးကြောင့် ဒီကနေ့ အတော်အတန်လူရှင်းတာတော့ စိတ်သက်သာရာ ရပါတယ်။ ထုံးစံအတိုင်း ယပက်လက် ၊ တဝမ်းပူ နဲ့ ကကြီးတွေ
ရှေ့ လာ selfie တွေ ရိုက်ရီုက်နေလို့ အတော် စောင့်လိုက်ရတဲ့ ပုံလည်း ဖြစ်သဗျ။ ဂရုဖိုတို ရိုက်ပေးဖို့ ဖုန်းလာထိုးပေးနေတာတွေလည်း ရူးချင်ယောင်ဆောင်ရတဲ့
အချိန်လည်းဖြစ်သဗျာ… (phone maker တွေ front camera တွေမယ် built-in flash တွေ တပ်ဆင်လာမယ့် နေ့ ပိုတောင် မျက်စိနောက်အုံးမယ်ဗျား..)
ပုံအကြောင်း ပြန်ပြောရရင်တော့ flare တွေကိုတော့ နည်းနည်း စိတ်ပျက်မိသဗျာ.. တကယ်ဆို tripod ထောက်ပြီး long exposure ရိုက်သင့်တဲ့အခိုက်အတန့်ဗျ…
ခက်တာက ကျနော်လည်း ၇ရမမ အတွက် ND မဝယ်နိုင်သေး ..။
😛

၅။ ဒါလည်း နောက်ထပ် distortion ဝင်တဲ့ ပုံပါပဲ …။
ဘယ်ဘက်ခြမ်းက ရွက်ဖျင်မဏ္ဍပ် ပါနေပေမယ့် .. ကျနော် တကယ် အမိဖမ်းချင်ခဲ့တာ ရေမှာထင်တဲ့ အရိပ်ဗျ။
barrel နဲ့ အဲ့အမိုးကို ဖြတ်ထုတ်ရင် ပုံလည်း ပစ်ရမှာမို့ သည်တိုင်း ထားလိုက်ပါသည်။

၆။ golden hour မှာ အတော် လေး စိတ်တိုင်းကျတဲ့ ပုံ လို့ ဝန်ခံပါတယ်။ ရိုက်တဲ့နေရာက အောင်မြေ ထောင့်က ဆိုပါတော့။
ဒီပုံလည်း noise တော့ ပြန်သတ်ရတယ်ဗျ။ ISO စွတ်တင်လိုက်ရင် ပိုမြန်လာနိုင်ပေမယ့် ..200 အထိပဲ တင်ထားလိုက်ပါတယ်။
အဲ့တော့လည်း ကိုယ့် ဒုက္ခ ကိုယ်ရှာပြီး 1/20s ကို hand-held နဲ့ ရိုက်ပေါ့ဗျာ…။

အပိုင်း- ခ HDR ဆိုသည်မှာ
Dynamic Range အကြောင်းတွေ ပြောနေဖြစ်လို့ အဲ့ဒါ ဘာလည်း ဆိုတာ ကြုံလို့ ရေးရရင်
အလွယ် အားဖြင့် အလင်းအမှောင် ခွဲခြား သိမှု အကျယ်အဝန်း လို့ ပဲ ဆိုပါရစေတော့…။
ကျနော်တို့ မျက်လုံးတွေဟာ မှောင်လွန်းရင် (အလင်းနည်းလွန်းရင်) အရာရာမည်းနက်ပြီး မမြင်ကြရတော့ဘူး .
လင်းလွန်းပြန်ရင်လည်း ဖြူဖွေးပြီး (မျက်စိကျိန်းပြီး) မမြင်ကြရတော့ပြန်ဘူး..။
သည်ကိစ္စ ကို Dynamic Range နဲ့ ယှဉ်ထိုးပြောရရင် ဘယ်လောက်အမှောင် ထိ မြင်နိုင်သလဲ ၊ ဘယ်လောက် အလင်းထိမြင်နိုင်သလဲ
ဆိုတဲ့ ပမာဏ ကို ဆိုလိုတာပါဗျ။ (ဝါ) အလင်း အနည်းဆုံး နဲ့ အများဆုံး အခြေအနေကြားက မြင်တွေ့နေနိုင်သေးတဲ့ ပမာဏ ကို ဆိုလိုတာပါ။

စိတ် ဝင်စားဖို့ ကောင်းတာတခုက လူမျက်လုံး ရဲ့ အလင်းအမှောင် ခွဲခြား သိမှု ဟာ ကင်မရာတွေ ထက် သာနေတယ် ဆိုတာပါပဲ ။ (ယနေ့ခေတ် နောက်ဆုံးပေါ် ကင်မရာတွေထက်တောင်)
ဒီတော့ ကင်မရာ သမားအဖို့ ဒီအချက်က challenge တခု ဖြစ်သလို ဖန်တီး တီထွင်ဖို့ ရာ နယ်ပယ်သစ်တခုလည်း ဖြစ်ပြန်သဗျ။

သည်ပုံကို ကြည့်ရင် ရှင်းမှာပါ…..။ ကျနော်တို့ မျက်လုံးတွေ ဘယ်လောက်အလင်းအမှောင်ကို ခွဲခြား မြင်တတ်သလဲ ဆိုတာ။
တခါတခါ ပုံမှန် ဓါတ်ပုံ ရိုက်တဲ့အခါမှာ.. (အထူးသဖြင့် sunset ) လိုမျိုးပေါ့…။ ကိုယ်ကြုံတွေ့ခံစားဖူးတဲ့ အနေအထားထက်
ကင်မရာနဲ့ ရိုက်လိုက်ခါမှ မှောင်လွန်းနေ .. (ဒါမှမဟုတ်) လင်းလွန်းနေတာ မျိုး ကြုံရတဲ့အခါ ဆိုပါတော့။

ဒီပုံက တော့ လူမျက်စိနဲ့ မြင်ရတာကို ဖုန်းကင်မရာကင်မရာနဲ့ ရိုက်တဲ့အခါ ဖြစ်တတ်တာကို simulation လုပ်ထားတဲ့ပုံပါ..
လူမျက်စိနဲ့မှာ ကောင်းကင်အပြာရောင်နဲ့ တိမ်တွေ ကွဲကွဲပြားပြား မြင်ရပေမယ့် ကင်မရာ နဲ့ ရိုက်တဲ့အခါမှာတော့ ကောင်းကင်တခုလုံး ဖွေးထွက်သွား (burn out)
ဖြစ်သွားတာကို ဆိုလိုချင်တာပါ။
အဲ့သည်မှာပဲ HDR (High Dynamic Range) ဆိုတဲ့ နည်းစနစ် တခုက တွင်ကျယ်လာပါတော့တယ် ။ HDR လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့
လူမျက်လုံးနဲ့ မြင်ရတဲ့အတိုင်း (နီးနီးစပ်စပ်) မြင်လို့ ခံစားလို့ ရအောင် ရိုက်မယ် ဆိုတာပါပဲ။

သည်တော့ ကင်မရာ သမားတွေဟာ တူညီတဲ့ ရှုခင်းကိုပဲ ၃ ပုံ ရိုက်ပြီး ၁ပုံတည်းဖြစ်အောင် ပြန်ပေါင်းတဲ့ နည်းစနစ်ကို အသုံးပြုပြီး HDR ပုံရိပ်တွေကို ဖန်တီးကြပါတော့တယ်။
(တချို့ ဆြာတွေများ ၅ ပုံ တချို့ ရပုံ)
အပေါ်ပုံက ပုံက သက်သေပါပဲ။ ပုံအကြီးဟာ final image ဖြစ်ပြီး လူမျက်စိနဲ့ မြင်ရတဲ့ မြင်ကွင်း ဖြစ်ပါတယ်။
ကင်မရာနဲ့ ရိုက်တဲ့အခါ မတော့
ပုံအသေး ၁။ အလင်းအမှောင်ကို average ချယူထားတဲ့ ပုံ ဖြစ်ပါတယ်။ (အလင်းသက်ရောက်မှုနည်းတဲ့ ) exposure နည်းတဲ့ ။ ထိုင်ခုံနဲ့ သဲသောင်ပြင် ခပ်မှောင်မှောင် မြင်ရပေမယ့်
အလင်းများနေတဲ့ ကောင်းကင် နဲ့ တိမ်တွေ ကတော့ burn out ဖြစ်နေတာ တွေ့ရမှာပါ။
ပုံအသေး ၂။ တိမ်နဲ့ မိုးကောင်းကင်ကို အသားပေးပြီး ရိုက်ပြန်တော့ ထိုင်ခုံနဲ့ သဲသောင် မည်းမှောင်သွားပါတယ်။
ပုံအသေး ၃။ ထိုင်ခုံ နဲ့ သဲသောင်ကို exposure အမှန်ရအောင် ရိုက်တော့ ကောင်းကင်သာမက ရေပြင် တစိတ်တဒေသပါ ဖြူဖွေး သွားပါတော့တယ်။
ဒီ ၃ပုံကို ပြန်လည် ပေါင်းစည်းလိုက်တဲ့အခါမှာတော့ (နောက်ခံပုံ အကြီး လိုမျိုး) မျက်စိနဲ့ ပကတိ မြင်ရသကဲ့သို့ dynamic range ကျယ်တဲ့ ပုံတပုံဖြစ်လာပါတော့တယ်။

ဒီပုံနဲ့ ဆိုပိုရှင်းပါလိမ့်မယ် final image ရဖို့ ပုံ ၉ပုံအထိ ထပ်ထားရတာ ပါ..။
(ပြောပါတယ် ဘယ်ကင်မရာထက်မဆို လူ့မျက်စိ က အသာကြီးပါလို့)
ပုံတပုံရဲ့ အလင်းအမှောင်ကို ပြ တဲ့ histogram မှာ HDR range ကို သည်လို ဖော်ပြပါတယ်။
ဒါဆို ကျနော်တို့ ရိုက်သမျှ ပုံတိုင် း HDR လုပ်ကြရတော့မှာလား ..???
အဲ့လိုလည်းမဟုတ်ဘူးဗျ။ HDR လုပ်ဖို့ သင့်တော်တဲ့ ပုံဆိုတာ ကိုယ် ဘောင်ခတ်လိုက်တဲ့ ပုံတပုံဟာ
အလင်းများလွန်းတဲ့ အပိုင်း ရော အလင်းနည်းလွန်းတဲ့အပိုင်းပါ ပါဝင်နေတော့မှသာ HDR လုပ်သင့်တယ် ဆိုတာပါပဲ။
ဥပမာပြောရရင် နေထွက် နေဝင် လိုအချိန်မျိုးတွေ နဲ့ လှိုင်ဂူ အတွင်းအပြင် ၂ခုစလုံးကို မြင်သာစေချင်တဲ့ ပုံရိပ်မျိုးတွေ ဆိုပါတော့..။
သာမန် (အလင်းသက်ရောက်မှု အစွန်းတွေမပါတဲ့) ပုံတွေမှာ HDR သွားလုပ်ရင် ပုံရဲ့ ရသပိုင်း (သဘာဝကျမှုပိုင်း) ပျက်စီးစေသဗျ..။
အလင်း နဲ့ သဘာဝ နိယာမ အရတော့ လင်းတဲ့နေရာ လင်းပြီး မှောင် ရိပ်ကျတဲ့နေရာ မှောင်ရမှာပါပဲ။
အားလုံး ပျမ်းမျှ နှုန်းနဲ့ မြင်ရမယ်ဆိုရင် ..အဲ့ဒါ အင်မတန် ကာတွန်း ဆန်တယ် လို့ တွေးမိပါတယ်။
(ကိုယ်ဂွမ်းထားတဲ့ ပုံတွေတော့ ရှက်သမို့ သူများ ဂွမ်းထားတဲ့ပုံပဲ sample ပြလိုက်ပါတယ်)

တကယ်ဆို ဒီပုံ ဟာ ပုံကောင်းလေး တပုံဖြစ်လာရမှာဗျ.
HDR အလုပ်လွန်ပြီး မှောင်သင့်တဲ့နေရာ မမှောင် လင်းသင့်တဲ့နေရာလည်း သာမန်လောက်သာ လင်းနေတာမို့
ရသပျက်ပြီး ကာတွန်းနဲ့ တူသွားတာ ဖြစ်ပါတယ်။
သည်တော့ HDR ဟာ လုပ်တိုင်းလည်း မကောင်းသလို လုပ်တဲ့အခါမှာလည်း သတိပြုရမယ့် အချက်တွေ ရှိပြန်သေးသဗျ။
Halos and Ghost Effects

ဒီပုံကလည်း ဆိုးဝါးတဲ့ HDR ပုံ sample တခုဖြစ်ပါတယ်။
ပုံ ညာဘက်ခြမ်းက okie ပါ ဘယ်ဘက်ခြမ်းကိုကြည့်ရင်တော့ အမိုး (အမည်းရောင်) နဲ့ ကောင်းကင် (ခဲရောင်)
ကြားထဲမှာ အဖြူရောင် အစင်းကြောင်းခပ်ထူထူ ထွက်နေတာ တွေ့ရပါလိမ့်မယ်…။ ဒါမျိုး က HDR လုပ်တိုင်းမှ မကြာခန တွေ့ရတတ်ပါတယ်။
အဲ့ဒါတွေကို အလင်းပေါက်တွေ halos တွေ လို့ အကြမ်းဖျဉ်းခေါ်လို့ရပါတယ်။
ဖန်တီးလိုက်တဲ့ HDR ပုံတပုံ ဟာ အပြင်မှာ တကယ် ရှိမနေတဲ့ effect တွေ အလင်း အကျအပေါက်တွေ ထွက်နေတာမျိုး ကို သတိထားဖို့ လိုအပ်ပါတယ်။

ဒါမျိုး ကလည်း နောက်ထပ် Sample ပါပဲ။
နောက်ထပ် သတိထားရမယ့် HDR ပုံ အမျိုးအစား ကတော့ portraits တွေဖြစ်ပါတယ်။

ဟုတ်ပါတယ် မျက်နှာမှာရှိတဲ့ အရေးအကြောင်း နဲ့ ချွေးပေါက်တွေကို ပိုမို သိသာထင်ရှားစေနိုင်တာမို့ …ပါ
(အဲ့ဒါနဲ့သာ model shoot မိရင်တော့ ပြေးပေတော့ပဲ… :P)
လူပုံကို လုံးဝ HDR မလုပ်ရဘူး လို့ မဆိုလိုပါဘူး feelings, mood, movement, pace စတာတွေ express လုပ်ဖို့အတွက်တော့ သုံးနိုင်ပါတယ်…
ဒါမျိုး ဆိုပါတော့…။

Sample HDR
လွန်ခဲ့တဲ့ ၃လ က ရိုက်ခဲ့တဲ့ ပုံ တွေပါ…။
နေဝင်တာကို တူးဆွထားတဲ့ ကျောက်တုံးတွေကြားကနေ slow shutter နဲ့ ရိုက်ထားတာ..ပါ။

အနှီ ၄ပုံကို merge လုပ် လိုက်တော့ သည်ပုံထွက်ပါတယ်။

သည်ပုံမှာ လိုချင်တဲ့ အလင်းအမှောင် နဲ့ အရောင် အတိအကျကြီး ထွက်မနေသေးပါဘူး..။
ဒီတော့ Additional retouch လုပ်ပါတယ်။ တခြားတော့မဟုတ်ပါဘူး local Contrast ကို ကစားတာနဲ့ vibrance ကိုနည်းနည်း ပြောင်းတာပါ..။
သည်တော့ final image က သည်လို ထွက်လာပါတယ်။
HDR ရိုက်ဖို့ ပြင်ဖို့ ဆိုရင် location က အတော် စကားပြောပါတယ် ..
တိမ်တွေနဲ့ ရာသီဥတု ကို လိုက်လိုက် တူညီတဲ့ Location မှာတောင် ပုံစံတူ မထွက်တတ်ပါ..။
ဒါကြောင့်လည်း မရိုးဆန်း ဖြစ်နေတာ လည်း ပါမယ်ထင်ပါတယ်။
HDR ကို ပိုင်နိုင်သွားရင်တော့ … ဆြာ့ ဆြာကြီးတွေ ရိုက်တဲ့ …ဒါမျိုး ဖိုတိုတွေ ရိုက်ယူနိုင်မယ် ဖြစ်ကြောင်းရယ်ပါ။



P.S Histogram အကြောင်းရေးတင်ဖူးတာ ဘယ်ချောင်ကပ်နေသည်မသိလို့ …
နောင်များမှပဲ ရှာပေးပါတော့မယ်။
(how to HDR လည်း ရေးချင် ရေးဖြစ် အုံးမပေါ့ဗျာ)
တော်သေးဘီဗျာ..
အိပ်ချင်ဘီ..
အောလ်ရိုက် ဂုတနိုက်။
၂၀၁၄။၀၈။၀၄ ဝ၂း၂၈ အေအမ်။
zzzzZZz…Zz..zZZZZ..
22 comments
TNA
August 4, 2014 at 6:01 am
ပုံတွေကလှလိုက်တာမိဂီရယ်။ နင်ကတော့စွယ်စုံပါပဲ။ နားတော့မလည်ဘူးဟယ်။ မှတ်တော့မှတ်သွာားတယ်။ ဖိုတိုရှော့နဲ့တူလားဟင်
ဇီဇီ ခင်ဇော်
August 4, 2014 at 7:08 am
ဂီ ရေ
လှ လိုက် တာ ကွယ်။
ဆရာ့ ပုံ တွေ ကြည့် တတ် ဖို့ တော့ လေ့ ကျင့် ရ ဦးး မယ်။
Thank you so much for the explanation and post.
:s:
weiwei
August 4, 2014 at 8:46 am
အဲလို ရိုက်တတ်ချင်လိုက်တာ …
JackSkellington
August 4, 2014 at 9:03 am
HDR မှာလေ exposure အမျိုးမျိုး ထားရိုက်တယ် 2 stops, 3 stops ချိန်းပြီး ရိုက်တယ် ဆိုတာ
nikon မှာ ဆိုရင် EV value ကို ပြောတာလားဗျ။
ကျနော် EV ကို အမျိုးမျိုး ပြောင်းထားပြီး ဓာတ်ပုံရိုက်ကြည့်တယ် (f, shutter speed တွေ ဒီတိုင်းထားပြီး)
ဒါပေမယ့် ပုံ က သိသိသာသာကြီး မှောင်သွား လင်းသွားတာမျိုး မရှိဘူး။
ဒါမှ မဟုတ် f, shutter speed နဲ့ ISO ကိုပဲ တက်လိုက်ချလိုက် ကစားပြီး ရိုက်ရမှာလားဟင်။
နှူးဘာ မိဂီ
August 4, 2014 at 1:59 pm
အလွယ်ပြောရရင်တော့ Shutter speed ကို ကစားပါ ပြောရမယ်ဗျ
EV Mode နဲ့ ရိုက်မယ်ဆိုရင် exposure meter မှာ တစိတ်ချင်းစီ (default ကတော့ 1/3 ရှိသဗျ)
အတင် အချ နဲ့ under-exposed, normal, over-exposed ၃ပုံရိုက်သင့်ကြောင်းပါ..
အဲ့မှာ သွားဖတ်ရင် ပိုရှင်းမယ်ထင်ကြောင်း.
http://digital-photography-school.com/ev-compensation-explained/
JackSkellington
August 5, 2014 at 8:44 am
ဟီး ရှင်းသွားပြီ။
ရှင်းသွားတာမှ ကိုယ် ဘယ်လောက် တောက်တုံးမကျသလဲ ဆိုတာကို ရှင်းသွားတာ။
EV က manual mode နဲ့ဆို ဘာမှ မထူးဘူး ဆိုပါသကောလား ဟီးဟီးဟီး။
ကောင်းကောင်း manual ချပြီး EV ကို တိုးလိုက် လျှော့လိုက် ဘာမှ လဲ မကွာပါလား ဆိုပြီး ကင်မရာ ကို ဆဲလိုက်နဲ့ လုပ်နေတာ။
နောက် ဖတ်ရင်း ဖတ်ရင်း နဲ့ bracketing နဲ့ ရိုက်တာက အနော်တို့လို စလုံးရေ စ သမားတွေ အတွက် အရိုးရှင်း ဆုံး ဖြစ်ဦးမယ် လို့ ထင်သွားပါကြောင်း။
kyeemite
August 4, 2014 at 9:19 am
ဘုရားပုံတွေကတော့လှတယ်ဗျာ..ဓါတ်သေအကြောင်းတော့ ..ကျုပ်နဲ့တော်တော်ဝေးပါတယ် :i:
Mr. MarGa
August 4, 2014 at 10:27 am
ပြင်ရင်း ပြင်ရင်း ချာချာလည် ဆိုတာမျိုးး
လောလောဆယ်တော့ ဖုန်းစုတ်လေးနဲ့ပဲ အာသာဖြေနေပါသည်
black chaw
August 4, 2014 at 11:39 am
ဂီဂီ ကတော့ ဂီဂီ ဖြစ်နေတုန်းပါပဲဗျာ။

အာဟီး။
ဇီဇီ ခင်ဇော်
August 4, 2014 at 11:47 am
နိ ဒီမှာလာပြီး နာ့ ကို သင်မလား ဂီ။
အရိုက်ရော အပြင်ရော။
:s:
ဒီလောက် တော်ပြီး ပညာမရှို မာန်မတက်တဲ့ လူငယ်မျိုး ရှားတယ်။
ဆရာခေါ်ဖို့ ဝန်မလေးးးဘူးး။
I am serious.
sorrow
August 4, 2014 at 11:49 am
ကိုခင်ဇော့် အဆိုကို .ကျော်ထောက်ခံပါတယ်ခည….ဒီလောက် တော်ပြီး ပညာမရှို မာန်မတက်တဲ့ လူငယ်မျိုး ရှားတယ်။
ဆရာခေါ်ဖို့ ဝန်မလေးးးဘူးး။
I am serious.
ဇီဇီ ခင်ဇော်
August 4, 2014 at 11:57 am
အာ့ ဆို နာ့ မောင်ဂလေးကို နာ့ ဆီ ခေါ်လာခဲ့ပေးးး
ပညာမရတောင် နာ ဓာတ်ပုံရိုက်ခံလို့ ရတယ်။
ဟို နု ဓာတ်ပုံတော့ ဟုတ်ဝူးနော်။
:kwi:
နှူးဘာ မိဂီ
August 4, 2014 at 2:00 pm
သံချောင်း ပါတီဝင်တွေလား ဟင်င်င်င်
မ-မယ် ဆိုတာချည်းပဲ (အချွန်နဲ့)
Crystalline
August 4, 2014 at 11:52 am
နာလည်း ဖိုးသကြားလက်ဆော့တာမြင်ပြီး အမ်ပီတီကွန်နက်ရှင်နဲ့ စနက်စိဒေါင်း ညည်းရှင်းထားတဲ့လင့်လည်းပေးသေးတာ.. ဒါပေမယ့် မအားတာနဲ့ တခါမှမစမ်းသပ်ရသေး..
လုံမလေးမွန်မွန်
August 4, 2014 at 12:36 pm
ခလုတ်နှိပ်ဖို့ပဲသိတော့ းဒိီပို့စ်က အရမ်းမြင့်နေတယ်… းဒါမယ့် အရေးကြုံရင် လာရှာဖို့ မှတ်ထားလိုက်တယ်.. အူးလေး
alinsett (gazette)
August 4, 2014 at 12:48 pm
အဟိ…
ပညာခန်းတွေ..မြင်ပြီး.. ဓါတ်ပုံ မရိုက်ရဲတော့ဘူး… ။
ဒါမျိုးပုံ..ထွက်လာအောင် ရိုက်တတ်ဖို ့….ဆယ်နှစ်လောက်…ကြိုးစားရဦးမယ်..ထင့်….
😆
ယူသွားတယ်ဗျာ.. ။
surmi
August 4, 2014 at 2:59 pm
တရက်လောက်အားရင် လာစပ်စုဦးမယ်
kai
August 4, 2014 at 3:17 pm
http://myanmargazette.net/120798
http://myanmargazette.net/188098
http://myanmargazette.net/127905
အဲဒီအပေါ်ကလင့်ခ်တွေမှာ… Histogram အကြောင်းပါပါကြောင်း…။
Kaung Kin Pyar
August 5, 2014 at 6:06 am
Genius
manawphyulay
August 5, 2014 at 11:26 am
ဆရာဂျီးတွေများတော့ ရိုက်ချက်က ဆရာ ကျပါ့။
အတော် ပညာသင်ရဦးမယ်…
ကင်မရာလည်း ဝယ်ပေးနော်။ အဟိ
ခင် ခ
August 5, 2014 at 11:30 am
ဓာတ်ပုံတွေကတော့ ရုပ်လုံး ကြွပြီး လှနေတာဘဲဗျာ။
နည်းပညာတွေတော့ သိပ်နားမလည်ပေမယ့် ကြည့်လို့တော့ အားရစရာပါဗျာ။
မဟာရာဇာ အံစာတုံး
August 7, 2014 at 12:12 pm
ကျနော်လည်း
ဝင်ပီး အားပေးတွားဘာဒယ်ဗျာ …