အစွန်းနှစ်ဖက်နဲ့ငြိမ်းချမ်းရေး

min khant kyaw

ဘယ်တော့မှငြိမ်းချမ်းရေး မဖြစ်နိုင်မဲ့
အဖွဲ့နှစ်ဖွဲ့ရှိတယ်။
အဲဒါက
အစ္စရေး နဲ့ ပါလက်စတိုင်း။
ငြိမ်းချမ်းရေးကို ပါလက်စတိုင်းကလိုချင်
ပေးမဲ့
အစ္စရေးကမပေးဘူး။
ပေးလိုက်ရင် ကမ္ဘာ့မြေပုံပေါ်ကနေ
အစ္စရေးခဏလေးနဲ့ပျောက်သွားမယ်လို့
အစ္စရေးဘက်ကယုံကြည်နေတယ်။
ဒါကြောင့် ဘယ်တော့မှငြိမ်းချမ်းရေးဆိုတာ
အရှေ့အလယ်ပိုင်းမှာမရနိုင်ဘူး။
ခု
မြန်မာပြည်မှာလည်း
ကချင်နဲ့မြန်မာစစ်တပ်
ငြိမ်းချမ်းရေး ရဖို့ ကလည်း မျော်လင့်
လို့ ရနိုးနိုး အဆင့်ပဲရှိတယ်။
အစွန်းနှစ်ဖက်မှာ နှစ်ဖွဲ့စလုံး ရပ်နေကြ
တယ်။
ငြိမ်းချမ်းရေးလိုချင်ရင် ကိုယ်ရပ်နေတဲ့
အစွန်းကနေ တခြားတဖက်အစွန်းကို
ပြောင်းရပ်ရမယ်။ ကိုယ်ရပ်တည်နေတဲ့
အစွန်းကို စွန့်လွတ်ရမယ့်သဘောမျိုး။
ဘယ်သူကကိုယ့်အစွန်းကို အရင် စွန့်လွတ်
နိုင်မလဲ။
တဖက်အစွန်းပေါ်မှာရော အဆင်ပြေနိုင်ပါ့
မလား။ နှစ်ဖက်စလုံး ဒါကိုပဲအသေအချာ
ဆုပ်ကိုင်စဉ်းစားလာကြတာ။
ဒီတော့ တခါတလေ ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး နဲ့ ပြောကောင်း ဆိုကောင်း
လှပေမဲ့ တကယ့်ဇာတ်ကောင်တွေအတွက်တော့
မဟာ့မဟာစွန့်စားခန်းကြီးလိုမြင်မိတယ်။
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားစေမဲ့
အမေရိကန်-ဂျပန် စာချုပ်မျိုး ငြိမ်ချမ်းရေး
ပဲဖြစ်လာနိုင်စရာရှိတယ်လို့မြင်မိတယ်။

8 comments

  • ဇီဇီ ခင်ဇော်

    August 6, 2014 at 5:38 pm

    လှံဖျားးး မှာ ပုစဉ်းးး နားးတဲ့ ကိတ်စတေပါ ဗျာ
    နားးးတိုင်းးးး
    ကိုယ့် မှာ အင်အင်းးးပါချင်နေလို့ လဲ မဖြစ်။
    :mrgreenn:

    • မင်း ခန့် ကျော်

      August 8, 2014 at 9:51 am

      ငြိမ်းချမ်းရေးဆိုတာ
      ဗလနဲ့လုပ်ရမယ် ထက်
      နှလုံးသားနဲ့ လုပ်ရမဲ့ကိစ္စတွေဆိုတော့
      ချစ်တတ်အောင်အရင်သင်ရအုံးမဲ့ပုံ။
      အဂ္ဂပေချစ်ခြင်းလိုနေပြီ :mrgreen:

  • ခင် ခ

    August 6, 2014 at 10:45 pm

    အစွန်း၂ဖက်မှာရပ်တာ မစွန့်လွှတ်သေးတာ အမြတ်တွက်လို့ မပြီးကြသေးလို့ပါ

    • မင်း ခန့် ကျော်

      August 8, 2014 at 9:44 am

      အမြတ်တွက်လို့မပြီးသေးတာထက်
      လက်ရှိအနေအထားတွေတွေကို ကျေနပ်နေကြတယ်လို့လဲမြင်
      နေတယ်ဗျာ။
      လက်ရှိအနေအထာကိုနှစ်ဖက်လုံးက မက်မောနေတုန်းပဲခဗျ။

  • kai

    August 8, 2014 at 9:57 am

    ဂျူး/အစ္စလမ်သူတို့အခြေအနေကို အဖြေရှာချင်ရင်.. ခရုးဆိတ်စစ်ကို အမြစ်ပြန်လှန်ရမယ်လို့ထင်တယ်…
    အသိမမှားရင်.. စစ်ကြီးမှာ.. ဂျူးတွေကသူတို့ကိုသစ္စာဖောက်ခဲ့တယ်လို့.. မွတ်စလင်တွေက.. ယူဆကြတယ်..။
    အဲဒီတုံးက.. မွတ်စလင်တပ်ကြီးပြုတ်ထွက်သွားတာပေါ့..။
    စစ်ထဲသေတဲ့စစ်သားတွေရဲ့.. ကျန်ရစ်သူမုဆိုးမတွေကို.. စောင့်လျှောက်ဖို့.. မွတ်စလင်တွေဟာ.. မုဆိုးမမိန်းမတယောက်မက တာဝန်ယူရဖို့.. ကျားတယောက်မိန်းမ ၄ယောက်ယူရမယ့်တာဝန်ကို.. ရခဲ့တယ်လို့.. အဆိုရှိခဲ့တယ်..။

    ထားတော့..
    မြန်မာပြည်အတွက်ကရော.. အနော်ရထာခေတ်လောက်.. ပြန်မလှန်သင့်ဖူးလား…။
    နှစ်၁၀၀ဝ ကျိန်စာ.. :k:

    • မင်း ခန့် ကျော်

      August 8, 2014 at 11:03 am

      ဂျူးအရေးအဖြေရှာမယ်ဆိုရင်
      သမ္မာကျမ်းစာ ရဲ့ဓမ္မဟောင်း မောရှေ ခေတ်ထိပြန်လှန်ရမယ်ထင်တယ်။
      မူလအမြစ်ကအဲဒီခေတ်ကနေစခဲ့တာပါ။
      နှစ်ဖက်စလုံးက လက်ခံတဲ့ကျမ်းကိုပဲသတ်မှတ်မှရမယ်။
      မူကွဲလို့မဖြစ်။
      မြန်မာပြည်အတွက်ကတော့ နှစ်ဖက်စလုံး
      ပင်လုံစာချုပ်ကို အလယ်မှာထားလိုက်ရင် ပြီးပါပြီ။

      ဒါက ကျတော်အမြင်ပါသူကြီးရေ။

    • ဦးကြောင်ကြီး

      August 8, 2014 at 12:29 pm

      မနဲ့ဂက မတည့်တာ အစ္စလာမ်ဘာသာ မပေါ်ထွန်းခင်ထဲက အဲဒီဒေသမှာရှိတယ်လို့ မှတ်ဖူးတာပဲ။ ဂတွေက အယင်က ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာ နေထိုင်တဲ့ ဓလေ့ရှိသူများပါ။ ဒါကြောင့်ပဲ သူတို့မှာ ကိုယ်ပိုင်နယ်မြေ မရှိဖြစ်ခဲ့ရတယ်။ အစ္စလာမ်ဘာသာကြောင့် အာရပ်ကမာ္ဘ စုစည်းမိသွားပြီး တမန်တော် မိုဟာမက် မပေါ်ခင်ထဲက ဖြစ်နေတဲ့ ရန်ဖက် ဆက်ဖြစ်ပုံရတယ်။ ပိုဆိုးတာ တမန်တော် မိုဟာမက် အဆိပ်မိသေတာ ဂတွေကြောင့်လို့ စွပ်စွဲတာပါ။ ဂနဲ့ခ ပေါင်းမိသွားတော့ ကမာ္ဘရန်ဖက်တင်မက စတြာဝဠာရန်ဖက် အဆင့်ဖြစ်ကုန်တာ နေပါမယ်။

      • မင်း ခန့် ကျော်

        August 8, 2014 at 4:13 pm

        ဇာတ်ကြောင်းကတော့ရှုပ်သမှ အတော်ကိုရှုပ်ခဲ့တာလားဦးကြောင်ရေ။
        ရှင်းလို့မပြီးမဲ့ဇာတ်လမ်းပါ။
        ဒါပေမဲ့ ဗျာဒိတ်ကျမ်းအရ ဂ တွေရဲ့နေဝင်ချိန်ရောက်လာမှာပါ။
        ကမ္ဘာပျက်မဲ့နေ့ပေါ့ :mrgreen:
        မ တွေရဲ့ မြေအောက်စီးပွားရေးတော့စိတ်ဝင်စားတယ်။
        နည်းပညာပေါ့ဗျာ။
        အီဂျစ်ထိ မြေအောက်ခရီးဖောက်နိုင်တာကိုစိတ်ဝင်စားတယ်။
        အဲဒါထက်
        ပင်လုံစာချုပ်ကိုပိုစိတ်ဝင်စားမိသေး။
        လက်ရှိမြန်မာ ဟာ ပင်လုံကစတာလားမသိ။

Leave a Reply