” ဟိုတုန်းက ဒီနေ့ “

ခင္ခAugust 8, 20141min36518

” ဟိုတုန်းက ဒီနေ့ “

 

ဟေ့

မပြေးနဲ့ပစ်ထဲ့လိုက်မယ်

စစ်တပ်တဲ့ကွယ်

အမိန့်နာခံ စံနမူမို့

ရဟန်းသံဃာဘယ်သူပါပါ

ကြမ်းကြုတ်ရက်စက်နှိမ်နင်းလျှက်။

မရမက ခုံနေရာဦး

အာဏာရူးတို့

ရက်စက်မှုကို

ခေါင်းငုံမခံ

ပြန်တွန်းလှန်မယ်

သပိတ်ဆင်နွဲ

လူထုတိုက်ပွဲ

စတင်ခဲ့ရာ

၈ ရက် ၈ လ ၈၈ ပါ။

 

ခင်ခ။

18 comments

  • kai

    August 8, 2014 at 9:17 am

    ၂၆နှစ်တိုင်ခဲ့ပြီ…
    တွေးလိုက်ရင်.. မနေ့တနေ့ကလို…။

  • ဦးကျောက်ခဲ

    August 8, 2014 at 9:27 am

    ဒီနေ့ မြန်မာသစ်သမိုင်း မော်ကွန်းရေးထိုးခဲ့တာ ၂၆နှစ် ပြည့်ပြီ…
    စစ်တပ်က သူ့သမိုင်းသူရေးတယ်… သေနတ်ရယ် အာဏာရယ်…
    ကျောင်းသားပြည်သူက ကိုယ့်သမိုင်းကိုယ်ရေးတယ်… စိတ်ဓာတ်ရယ် ဘဝတွေရယ်…

  • kai

    August 8, 2014 at 9:49 am

    အောင်မြင်ခဲ့သလား.. ကျဆုံးခဲ့သလား သုံးသပ်ဖို့လိုမယ်ထင်မိတယ်…
    ကျုပ်အနေနဲ့ကတော့… ထိုက်သင့်တဲ့အောင်မြင်မှုရခဲ့တယ်ပြောရမှာပဲ..။

    မဆလလုံးဝပြုတ်ကျသွားပြီး.. စစ်အာဏာရှင်ပေါ်ခဲ့တာက.. ဒုတိယအခြေအနေပေါ့..။
    မြန်မာ့လူထုရဲ့ အဆင့်အခြေအနေအရ.. ဒုတိယပြုတ်လည်း.. တတိယ..စတ္ထုထ္တတွလာမယ်ထင်မိတယ်..
    ဒါက.. တပိုင်းထားပါ..။

    … အခုအခြေအနေနဲ့ယှဉ်ပြောရင်.. စစ်အာဏာရှင်ပြုတ်ထွက်သွားဖို့က.. လမ်းခုလတ်မှာရောက်နေပြီ..။
    ဆိုလိုတာက.. ၈၈ခေတ်အခြေအနေထက် အများကြီးပိုအားသာနေတဲ့ အခြေအနေနဲ့ အင်အားကို လူထုကရထားတယ်လေ..။

    ဘယ်လိုမြင်ကြသလည်းဗျ… ဘရိန်းစရုန်းလုပ်ကြည့်ကြပါဦး..

    • ခင် ခ

      August 8, 2014 at 10:06 am

      အဲဒီ ၈၈ အရေးက ထိုအချိန်က ပြည်သူပိုင်စီပွား ဆိုသော်လည်း ပြည်သူမပိုင်တဲ့ မြန်မာနည်းမြန်မာဟန် ဆိုရှယ်လစ်စနစ် မဆလ အစိုးရ သမိုင်းတစ်ခု ပြည်ဖုံးကားချနိုင်ခဲ့တယ်လေ။
      ဒါပေမယ့် စစ်အာဏာရှင်ကတော့ လုံးဝမချုပ်ငြိမ်းခဲ့ဘူးပေါ့၊ ဘာလို့ မချုပ်ငြိမ်းနိုင်တာလည်း ဆိုရင် လူထုက စည်းလုံးညီညွှတ်မှုအင်အားရှိသော်လည်း နိုင်ငံရေးလှည့်ကွက် မှိုင်းတိုက်မှုနောက်ကို ဒေါသတကြီး လိုက်ခဲ့ကြလို့ပါဘဲ၊ မြန်မာဇက ထိရင်ဆတ်ဆတ်ထိမခံဘူးဆိုတဲ့ အကျင့်ကဘဲ သူတို့ရဲ့ ခေါ်ဆောင်ရာ သပိတ်သွေဖီလမ်းပေါ်ကို အလိုက်မှားပြီး အဖျက်အမှောင့်ဘက် လမ်းလွဲခံခဲ့ခြင်းဖြစ်ခဲ့ရလို့ဘဲ။

  • ခင် ခ

    August 8, 2014 at 9:53 am

    ကိုယ်တိုင်မကြုံဖူးသူတွေတော့ ဘယ်လိုခံစားမိမယ် မပြောတတ်ပေမယ့်
    ကျုပ်တို့ကတော့ အဲဒီ ၈၈၈၈ အရေးတော်ပုံကို ကိုယ်တိုင်မြင်တွေ့ခံစား ဖြတ်ခဲ့ရလေတာမို့ ထိုနေ့ ထိုအချိန် သမိုင်းကြောင်းကို မေ့လို့ရမယ်မထင်ဘူး သဂျီး နဲ့ ဆြာကျောက်ရေ။

    ဝင်ရောက်လင့်ပေးသော ဇီဇီခင်ဇော်ရေ ကျေးဇူးနော်။

  • ဦးကျောက်ခဲ

    August 8, 2014 at 10:02 am

    ကိုခရေ မှန်တာပြောရရင် ဖွဘုတ်ပေါ်မှာတွေ့ရတဲ့ တချို့တွေကို စိတ်ကုန်မိပါရဲ့ …
    သမိုင်းအမှန်ကိုလည်းမသိ ၊ သိအောင်လည်းမကြိုးစား ၊ ရှင်းပြလို့လည်းလက်မခံ…
    ဘိုခင်ညွန့်နဲ့ မြသန်းစံရဲ့ “ပါပီမ”ကို ဇာတ်တော်ကြီး ၁ဝဘွဲ့လောက်မှတ်ပြီး…
    ဟိုလူ့ဆဲ သည်လူ့တိုက်ခိုက်လုပ်နေတဲ့ Bone Head တွေကို ချဉ်ပါ့ဗျာ…

    • ခင် ခ

      August 8, 2014 at 10:13 am

      ပညာရေး ကို ကသောင်းကနင်းဖြစ်သွားအောင်၊ ကျောင်းသားတွေ စိတ်ဓာတ်ပျက်သွားအောင် တက္ကသိုလ်ကျောင်းထဲ လူမစုအောင် ကျောင်းတွေ တစစီ မြို့ပြင်ထုတ် ၄လလောက်နဲ့ တစ်တန်းပြီး အဝေးသင်စနစ်ဖော် ဘွဲ့ရပေမယ် ဘာပညာမှ မယ်မယ်ရရမတတ်ဖြစ်စေ၊ တိုင်းပြည်စီးပွား နယ်စပ်သမားလက်အပ် အဲလိုတွေ လုပ်ခဲ့တဲ့ ဘိုခင်ညွှန်ကို မီဒီယာ အမွှန်းတင်နေတာတွေ ဖတ်ရတော့လည်း ရီမိတယ် ဆြာကျောက်ရေ။

  • manawphyulay

    August 8, 2014 at 10:14 am

    ၈ ရက် ၈ လ ၈၈ ခုနှစ်ကတော့ မနေ့တစ်နေ့ကလိုပါပဲ။
    ပြန်ပြောရင်း မြင်ယောင်မိတာကတော့
    အင်းစိန်ထောင် မီးလောင်တော့ ဘယ်ပြေးရမှန်းမသိဖြစ်နေတော့
    မေမေက ပြေးရင် ပြေးရအောင် ဖိနပ်စီးထားဆိုတော့
    ကယောင်ကတမ်းနဲ့ ဒေါက်ဖိနပ်ကောက်စီးမိတာကို ခုထိ သတိရနေမိတုန်းပဲ…

    • ခင် ခ

      August 8, 2014 at 10:20 am

      မမေ့အပ်တဲ့ မြန်မာသမိုင်းနေ့ရဲ့ မမှတ်တရလေးနဲ့အတူ သတိရနေတဲ့ မနော်ရေ ကောင်းပါ၏ဗျာ။

  • black chaw

    August 8, 2014 at 12:59 pm

    ကိုခင်ခရေ။
    ၈ လေးလုံး နှစ်ပတ်လည် နေ့အတွက်
    အမှတ်တရ ကွန်းမန့်လေး ရေးခွင့်ပြုပါခင်ဗျာ။

    မွန်းအောင် က ကျောင်းသားတပ်မတော် နဲ့ အတူ
    စီးရီးတစ်ခွေထုတ်ခဲ့ဖူးပါတယ်။
    ကိုငှက် ရေးခဲ့တဲ့ အဆုံးသတ်တိုက်ပွဲဆိုတဲ့ သီချင်းလေးပါခဲ့တဲ့ စီးရီးပေါ့။
    စ နားထောင်တဲ့ အချိန်က ကြက်သီးတွေတောင် ထခဲ့တဲ့ သီချင်းပေါ့။
    ခိုးကြောင်ခိုးဝှက် နဲ့ နားထောင်ခဲ့ရတာလေ။
    အဆုံးသတ်တိုက်ပွဲ သီချင်းရဲ့ စာသားလေး အလွတ်ရသလောက်ရေးလိုက်ပါရစေဦး။

    (အရေးကြီးပြီ ညီနောင်အပေါင်းတို့
    သွေးစည်းကာ ညီစေ ညီကြစို့
    ငါတို့ရဲ့ သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ ရေးခဲ့ပြီ
    သွေး…သစ္စာလည်း ပြုခဲ့ပြီ။) 2
    CHO ; ( နိုင်ငံတော် အတွက်ဆို အသက်ကိုလည်း ဘာမထီ
    သေပစေခွပ်ဒေါင်းသွေးဟေ့ ရဲရဲ ရှေ့ကိုချီ) 2
    လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည်
    အဆုံးသတ်တိုက်ပွဲ ငါတို့ နွှဲရမည်…။

    အဲဒီ အဆုံးသတ်တိုက်ပွဲ သီချင်းကို ကိုငှက် ရေးခဲ့တာပါလို့
    ကိုငှက်ရဲ့ ကျန်ရစ်သူမိသားစုတွေက
    လွတ်လွတ်လပ်လပ် မပြောရဲခဲ့ကြပါဘူး။
    အခုရော ပြောရဲ ကြပြီလားမသိ။
    ကျွန်တော်ကတော့ ဒီသီချင်းကို ကိုငှက်ရေးခဲ့တာပါလို့
    ဂုဏ်ယူဝံ့ကြွားစွာပြောလိုက်ပါရစေဗျာ။
    ကိုအောင်ဝေးကြီးတောင် ထုတ်ပြောနေတာ ဖတ်ရလို့ ပြောရဲတာပါ။
    နောက် အဲဒီ စီးရီးခွေထဲက သီချင်းလေးတွေ အခုထိ မှတ်မိနေပါသေးတယ်။

    အိမ်ရှေ့မှာ ကားရပ်ပြီးတော့ တံခါးကို ဖွဖွခေါက်ကာ
    လမိုက်ညရဲ့ အိုဧည့်သည်
    မမြင်ဖူးတဲ့ မျက်နှာစိမ်းရယ်
    ငါ့ကို လှမ်းပြောလိုက်တယ်
    ခဏလောက်လိုက်ခဲ့ပါဦးတဲ့

    ညဘက် ကျောင်းသားတွေကို လိုက်ဖမ်းတတ်တဲ့
    ထောက်လှမ်းရေးတွေအကြောင်း
    ရေးထားတဲ့ ဧည့်ဆိုး ဆိုတဲ့ သီချင်းပါ။

    နောက်တစ်ပုဒ်ရှိပါသေးတယ်။

    အမှန်ကို ဆိုတဲ့ ငါ့ပါးစပ်ကို ပိတ်စဉ်အခါ မှာ
    အမှန်ကို မြင်တဲ့ ငါ့မျက်လုံးကို ဖေါက်ပါတော့လား

    ဆိုတဲ့ သီချင်းလေး။
    အမှန်ကို ဆိုခွင့်မရမှတော့ အမှန်ကိုလည်း မြင်ခွင့်ပြုမနေပါနဲ့တော့လို့
    ပြောနေတဲ့သီချင်းလေး။
    နောက်…။
    သွေးမုန်တိုင်း ဆိုတဲ့ သီချင်းစာသားလေး ၂ ကြောင်းနဲ့ ကွန်းမန့်ကို
    အဆုံးသတ်ပါရစေတော့ ဗျာ။ (နည်းနည်းရှည်သွားတာ ခွင့်လွှတ်ပါ)

    လမ်းမထက်စီးကျခဲ့တဲ့ သွေးစက်တွေ
    ပျောက်ပျက်ကာ သွားပြီမထင်နဲ့လေ။

  • အလင်းဆက်

    August 8, 2014 at 4:04 pm

    A သွေး B သွေး… သွေးအမျိုး အစား စုံ…
    အဲ့ထက်..တစ်ဆင့်တက်ပြောရရင်… ကျောင်းသားသွေး.. သံဃာသွေး..
    အလုပ်သမားသွေး..အိမ်ထောင်ရှင်မသွေး..
    လူထုကြီးရဲ ့..သွေးတို ့… မြေခ ခဲ့ရတဲ ့…အချိန်တွေ…
    ဘယ်လောက် ဆိုးရွားရက်စက်လိုက်သလဲ…

    အဲဒီလို..အဖြစ်မျိုး..နောက်ထပ်..မကြုံရဖို ့ပဲ..ဆန္ဒပြုနေမိတယ်..

    • ခင် ခ

      August 8, 2014 at 4:25 pm

      ခေတ်တစ်ခုကို တစ်ခါတရံ လွယ်လွယ်နဲ့ပြောင်းလို့မရဘဲ ပြည်သူအကျိုးမငဲ့ အစိုးရကတင်းမာနေရင်တော့ သွေးမြေလည်း ကျရစမြဲပေါ့ဗျာ။
      ဖြစ်နိုင်ရင် ဘယ်သူကဖြစ်ချင်ပမလဲ ကိုအလင်းဆက်ရယ်။

  • ခင် ခ

    August 8, 2014 at 4:50 pm

    အဲဒီတုန်းက အခုအဝေးရောက်သူငယ်ချင်းတစ်ယောက်ရဲ့ တကယ့်အဖြစ်လေးတစ်ခု……………….
    ………….ပစ်တာမှ တစ်ဖြောင်းဖြောင်း ဒါပေမယ့် မိုးပေါ်ကိုထောင်ပစ်နေတာ အစ ပထမမှာ။
    ဆန္ဒပြနေတဲ့ လူအုပ်က ဓါတ်ဆီဆိုင်ရှေ ့တည့်တည့်မှာ
    ဆိုတော့..T-E လို ့ခေါ်တဲ့ လမ်းမကြီးအလယ်မှာရပ်ထားတဲ့ စစ်ကားကြီးရှေ ့က စစ်သားတွေ ပစ်ရခက်နေ တယ် ..မတော်တဆများ ကျည်ဆံက စင်ပေါ်တင်ဆောက်ထားတဲ့ ဓါတ်ဆီလှောင်ကန်ကြီးကိုသွားထိလိုက်ရင် တရပ်ကွက်လုံးပြာအကျပဲ..။
    အဲဒီတော့ သူတို ့ စနိုက်ပါစစ်သားက ဓါတ်ဆီဆိုင်နဲ ့ ဘေးဘက် သရက်ပင်တွေတောလို ပေါက်နေတဲ့ ခြံဝန်းထဲက နေတစ်တောင်ြ့ခင်းပစ်တာ..၊ စက်ဘီးပေါ်ခွပြီးအော်နေတဲ့တစ်ယောက် မေးရိုးကို ကိုထိပြီး ဖုန်းကနဲ ပစ်ကျသွားတယ်၊ နောက်တစ်ယောက် ခြေထောက်ကို ထပ်ထိတော့ အော်နေတဲ့လူအုပ်ကြီးလည်းပြေးပေ့ါ..။
    အဲဒီတော့မှ ဗြုံး ဆို သရက်ခြံထဲကထွက်လာတဲ့ စစ်သားတပ်စု တစ်စု၊ ဘယ်အချိန်ထဲကရောက်နေသလဲမသိဘူး ပေ ၁၀ဝ လောက်ပဲဝေးတယ်…
    ဟေး…ဆိုုပြီးထွက်လာတာ…။ ပြေးတာပေ့ါ ဘာပြောကောင်းမလဲ…စစ်သားလေးတစ်ယောက်က နောက်ကနေလိုက်တာ…ကိုယ်လည်း နီးစပ်ရာ ခြံဝန်းတစ်ခုထဲဝင်ပြေးတာ ။ အဲဒီခြံထဲက အိမ်ရဲ ့နောက်ဖေးဘက်ရောက် တော့ ကောင်မလေးတစ်ယောက် ထမီရင်ရှားနဲ ့ရေချိုးနေတာတွေ ့တယ် ..။ရွှေဉာဏ်တော်က ဘယ်လို စူးရောက်သွားလဲမသိဘူး ထမီရင်ရှားနဲ ့ရေခြိုးနေတဲ့ကောင်မလေးလဲတွေ ့ရော..ကိုယ့် အိင်္ကျ ီကိုယ်ချွတ်ပြီး အဲဒီကောင်မလေးလက်ထဲက ရေခွက်ကိုလုပြီး ဝုန်း ဝုန်းဆို ခေါင်းကနေလောင်းချ ပစ်လိုက်တယ်..ထမီရင်ရှားနဲ ့.ကောင်မလေးကလဲ လန် ့ပြီး အူကြောင်ကြောင်ဖြစ်နေတဲ့ အချိန် စစ်သား ၂ယောက်က ခြံထဲရောက်လာပြီး အိမ်ဘေးက အိမ်အောက်ကို ငုံ ့ကြည့်လိုက် ခြုံတွေထဲလိုက်ကြည့်လိုက်လုပ်နေတဲ့ အချိန်မှာ…အဲးဒီ အိမ်က နောက်ခလေးမလေးတစ်ယောက်က အိမ်နောက်ဖေးဘက်ကထွက်လာတယ် လက်ထဲမှာ ထင်းပြား ကြီး၂ ပြားကို တစ်ဖက်ဆီကိုင်ပြီး အဲဒီစစ်သားလေး ၂ယောက်ကို အော်ထုတ်နေတယ် ..တို ့ခြံထဲက ထွက်သွား ဒီမှာ ဘယ်သူမှ မရှိဘူး ..ထင်း ခြမ်းနဲ ့ထုထည့်လိုက်လို ့ ဆိုပြီး ကြမ်းပြလိုက်တာ့ စစ်သား ၂ယောက် နောက်ပြန်လျှောက်ပြီး ပြန်ထွက်သွားတယ် ကျောမလုံလို ့နေမယ် ကောင်မလေးကလည်း တကယ်ဆော်မယ့်ပုံ၊။ စစ်သား၂ယောက်ထွက်သွားမှ ကိုယ်လဲ ဆပ်ပြာတွေဘာတွေ တိုက်လိုက်သေးတယ်….။ အသက်လုပြီးရင်ခုန်ခဲ့ရတဲ့အမှတ်တရ တွေထဲကတစ်ခုပေ့ါဗျာ.။

    • ခင် ခ

      August 9, 2014 at 1:48 am

      ဝဲလည်း ဝဲသင့်စရာအဖြစ်ကိုးဗျ

  • ခင် ခ

    August 9, 2014 at 9:02 am

    ၈-၈-၈၈ အရေးတော်ပုံစတင်ပေါ်ပေါက်လာခြင်း
    —————————————————-
    ၁၉၈၈ခု မတ်လ ၁၂ရက် စနေနေ့ည ၉နာရီ၁၅မိနစ်ခန့်အချိန်တွင် အင်းစိန်မြို့နယ် ကြို့ကုန်းဘူတာအနီး စန္ဒာဝင်းလက်ဖက်ရည်ဆိုင်တွင် စက်မှုတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသားများဖြစ်ကြသော မောင်ကျော်ဆန်း ဝင်းမောင်ဝင်းမြင့်အပါအဝင် ကျောင်းသား(၄)ဦးနှင့် အရက်မူးနေသည့် ရပ်ကွက်ကောင်စီ ဥက္ကဌ၏သား ဇော်ဇော်(ခ)ညီညီလွင်အပါအဝင် အပေါင်းအပါ (၅)ဦးတို့က စိုင်းထီးဆိုင် သီချင်းခွေဖွင့်ခိုင်းရာမှ စကားများ ခိုက်ရန်ဖြစ်ပွားခဲ့သည်။ယင်းသို့ ကျောင်းသား ကိုဝင်းမြင့် အရိိုက်ခံရသဖြင့် ဦးခေါင်း၊ ကျောနှင့် လက်မောင်းတို့တွင် ပေါက်ပြဲ ဖူးရောင်သော ဒဏ်ရာများရရှိခဲ့ကြသည်။ ထို့ကြောင့် ကျောင်းသား(၃)ဦးသည် ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သည်။အင်းစိန်ရဲစခန်းမှလည်း လက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့သောအမှုနှင့်ပတ်သက်ပြီး ဥပဒေပုဒ်မ (၃၂၅/၁၄)အရ အမှုဖွင့် အရေးယူပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် ဇော်ဇော်(ခ) ညီညီလွင်နှင့် လူငယ်(၅)ဦးကို ဖမ်းဆီးခဲ့သည်။ သက်ဆိုင်ရာကျောင်းအာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အရေးယူဆောင်ရွက် ခဲ့ခြင်းကြောင့် ထိုကိစ္စမှာ ထိုညအတွက် ပြီးဆုံးသွားခဲ့လေသည်။
    ၁၉၈၈ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် အင်းစိန်ပြည်သူ့ရဲစခန်းမှ ဖမ်းဆီးထားသော ဇော်ဇော်(ခ)ညီညီလွင်သည် ရပ်ကွက်ကောင်စီ ဥက္ကဌ၏ သားဖြစ်သောကြောင့် ပြန်လည်လွှတ်ပေးခဲ့သည်။ ယင်းသို့ ဇော်ဇော်ဆိုသူအား ပြန်လည်လွှတ်ပေးလိုက်ကြောင်းကို ကျောင်းသားများသိရှိသွားသောအခါ စက်မှုတက္ကသိုလ် ကျောင်းသား(၂၀) ခန့်က ပြည်သူ့ကောင်စီရုံးသို့ သွားရောက်ကန့်ကွက်ခဲ့ကြသည်။ ရပ်ကွက်ကောင်စီဥက္ကဌက ဂရုမစိုက် နားမထောင်လိုကြောင်း ငြင်းပယ်လိုက်သဖြင့် ကျောင်းသားများ ဒေါသူပုန်ထကာ ကောင်စီရုံးကို ခဲများဖြင့် ပစ်ခတ်ခဲ့ကြသည်။ စက်မှုတက္ကသိုလ်ကျောင်းသားများ၊ရပ်ကွက် ကောင်စီ ဥက္ကဌသားနှင့် ကြို့ကုန်း အနောက်ပိုင်း လူငယ်များ ထပ်မံခိုက်ရန်ဖြစ်ပွားခဲ့ကြရာ ကျောင်းသားအချို့ ထပ်မံဒဏ်ရာရရှိခဲ့ကြပြန်သည်။ ထိုအခြေ အနေ၊ ထိုသတင်းကို သိရှိပြီးကြသည်နှင့်တပြိုင်နက် ကျောင်းသားများ စုစည်းပြီး စန္ဒာဝင်း လက်ဖက်ရည်ဆိုင်နှင့် ကြို့ကုန်းအနောက် ပြည်သူ့ ကောင်စီရုံးတို့အား ခဲများ၊ ခုံများဖြင့်ပစ်ပေါက်ခြင်း၊ အော်ဟစ် ဆဲဆိုခြင်းများပြုလုပ်ခဲ့ကြသည်။ ထိုအခြေအနေတွင် ရပ်ကွက်သမဝါယမဆိုင် မီးလောင်မှုဖြစ်ပွားရာ ရပ်ကွက်လူထုက ဝိိုင်းဝန်းငြိမ်းသတ်ပြီး ကျောင်းသားများကို ဝိိုင်းလိုက်ရန်ပြုကြသည်။ တင်းမာ ပြင်းထန်သော အခြေအနေ တစ်တစ်စ ကြီးထွားလာကာ နောက်ဆုံး အင်းစိန်လမ်းမကြီးပေါ်တွင် တစ်ဖက်နှင့် တစ်ဖက် ရန်စောင်ခဲ့ကြသည်အထိ ဖြစ်ခဲ့ကြသည်။

    ထိုသို့ဆိုးရွားစွာ ဖြစ်ပျက်နေသည်ကို သက်ဆိုင်အာဏာပိုင်တို့က ငြိမ်းချမ်းပြေလည်စွာ မဖြေရှင်းဘဲ လုံခြုံမှု ထိန်းသိမ်းရေးတပ် (လုံ/ထိန်း)များကိုစေလွှတ်ကာ အကြမ်းဖက်ဖြိုခွင်းခိုင်းခဲ့သဖြင့် မတ်လ ၁၄ ရက်နေ့ နံနက် ၃းဝဝ နာရီခန့်တွင် ခေတ္တ လူစုကွဲသွားခဲ့သည်။ ယင်းသို့ သေနတ်များဖြင့်ပစ်ခတ်လူစုခွဲမှုကြောင့် ကျောင်းသား (၅)ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်စက်မှုတက္ကသိုလ် နေ့ကျောင်းသားများဖြစ်သော မောင်ဖုန်းမော် (၂၃)နှစ်နှင့်မောင်စိုးနိုင်တို့ သေဆုံးခဲ့ကြသည်။မောင်ဖုန်းမော်သည် ယမန်နှစ်မှစကာစက်မှုတက္ကသိုလ် ဘောလုံးသင်း အတွင်းရေးမှူး တာဝန်ယူခဲ့ရာမှ လက်ရှိအတွင်းရေးမှူးထံ ငွေစာရင်းများလွှဲအပ်ရန် သွားရောက်စဉ် ဆူပူမှုဖြစ်ပွားမှုနှင့်ကြုံတွေ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် သေနတ်ကျည်ဆန် ထိမှန် ခဲ့ခြင်းဖြစ်သည်။ ဆရာနှင့် ကျောင်းသားများက သေနတ်ထိမှန်သောမောင်ဖုန်းမော်ကို ပွေ့ယူပြီး စက်မှုတက္ကသိုလ်အတွင်း ဝှက်ထားခဲ့ကြသည်။မောင်စိုးနိုင်သည် ဆေးရုံရောက်ပြီး မကြာမီပင် သေဆုံးသွား ခဲ့သည်။

    ထို့ကြောင့် မတ်လ ၁၄ ရက်နေ့တွင် စက်မှုတက္ကသိုလ်ကျောင်းသားများသည်သေဆုံး ဒဏ်ရာရသူများကို အကြောင်းပြုကာ ဆက်လက်ဆန္ဒပြခဲ့ကြသည်။ထို့ပြင် ကျောင်းသားများအရေးနှင့်ပတ်သက်သော တောင်းဆိုချက်များကိုလည်း အစိုးရအား တောင်းဆိုခဲ့ကြသည်။
    (က) ကျောင်းမပိတ်ရေး
    (ခ) ကျောင်းပတ်ဝန်းကျင် လုံခြုံရေးချထားသော ရဲများရုပ်သိမ်းပေးရေး
    (ဂ) တောင်းဆိုချက်များကို အမြန်ဆုံးဖြေရှင်းပေးနိုင်မည့် တာဝန်ရှိသူတစ်ဦးဦးနှင့် ကျောင်းသားကိုယ်စားလှယ် ခေါင်းဆောင် (၅)ဦးက လက်ခံတွေ့ဆုံညှိနှိုင်းပေးရန်နှင့် ဖြေရှင်းမပေးနိုင်ပါက အနီးသို့ မလာရောက်ရန်။

    ထို့ပြင် မတ်လ(၁၄)ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင် ကျောင်းအုတ်နံရံနှင့် ကွမ်းယာဆိုင်တိို့တွင် အောက်ပါ တောင်းဆိုချက်များကို ထပ်မံကပ်ခဲ့ကြသည်။
    (က) ၁၃-၃-၈၈ရက်နေ့ ဖြစ်ရပ်ကို သတင်းစာများတွင် အမှန်အတိုင်းရေးသားရန်။
    (ခ)သေဆုံးသူကျောင်းသားများ၏ ရုပ်အလောင်းများကို ကျောင်းသားများအား သင်္ဂြုဟ်ခွင့်ပြုရန်။
    (ဂ)အပြစ်မဲ့သော သေဆုံးသူကျောင်းသားများကို ဝမ်းနည်းကြောင်း မှတ်တမ်းတင်ပေးရန်။
    (ဃ)မျက်ရည်ယိုဗုံး၊ ကျည်ဆံတို့ဖြင့်ပစ်သူတို့ကို အရေးယူပေးရန်။
    (င) ကျောင်းသားများ၏ လိုလားချက်များကို တရားဝင်အဖွဲ့အစည်းတစ်ခုခုမှတာဝန်ယူဆောင်ရွက်ပေးရန်

    နောက်တစ်နေ့ဖြစ်သော မတ်လ ၁၅ ရက်နေ့တွင် ပညာရေး ဒုတိယဝန်ကြီး ဒေါက်တာ မောင်ဒီမှ ကျောင်းသားများကို သွားရောက်ညှိနှိုင်းသော်လည်း
    အဆင်မပြေဘဲ ဆက်လက်တင်းမာနေခဲ့သည်။ ထိုစဉ်မှာပင် လုံထိန်း (၅၀၀)ခန့်သည် ရန်ကုန်စက်မှုတက္ကသိုလ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းသားများကို ဝင်ရောက်ရိုက်နှက်ခဲ့ရာ ကျောင်းသား အများအပြားဖမ်းဆီးခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ကြသည်။ထို့ကြောင့် စက်မှုတက္ကသိုလ်ဝင်းအတွင်း ထိန်းမရလောက် အောင် ဆူပူအုံကြွလာခဲ့သည်။ ထိုအချိန်တွင်သက်ဆိုင်ရာအာဏာပိုင်တို့က နေရပ်ပြန်လို သူကျောင်းသားများ ပြန်နိုင်ကြောင်း ထုတ်ပြန်ကြေငြာကာ ကျောင်းများကို ခေတ္တပိတ်လိုက်သည် ရန်ကုန်စက်မှုတက္ကသိုလ် အရေး အခင်းသည် ရန်ကုန်တက္ကသိုလ် ပင်မသို့ရောက်ရှိသွားကာ အုံကြွမှုများ ပိုမိုကြီးထွားလာခဲ့သည်။ စက်မှုတက္ကသိုလ်ကျောင်းသားများသည် မတ်လ ၁၆ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ပင်မပရဝုဏ်ရှိ ကျောင်းသားများနှင့်ပူးပေါင်းကာ ထိုမှတဆင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)သို့ ကူးလူးရန် ပြင်ဆင်လာကြသည်။ ယင်းသို့ ရန်ကုန် တက္ကသိုလ်ကျောင်းသားများ လှိုင်နယ်မြေသို့အကူး တံတားဖြူအနီးသို့ အရောက်တွင် ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်ရိုက်နှက် လူစုခွဲခဲ့ကြသည်။ ကျောင်းသားများ အင်းလျားကန် ဘောင်တွင် ချောင်ပိတ်ရိုက်နှက်ခဲ့မှုနှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက (၈-၆-၈၈)ရက်စွဲဖြင့် ရေးသား ထားသော အိတ်ဖွင့်ပေးစာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

    ခေါင်းကိုရိုက်ခွဲ၊ နာနာရိုက်ဟု စက်ထဲမှာအမိန့်ပေးခဲ့ကြောင်း၊ မိန်းကလေးများကို ဆံပင်ဆွဲရိိုက်၊ ရေထဲကန်ချ၊ ထဘီကျွတ်ပြီး ပြေးသော မိန်းကလေးကို ဆံပင်ဆွဲပြီး ရိုက်ကြောင်း၊ မိန်းကလေးအလောင်း နှစ်လောင်းရေထဲမှ ပေါ်လာကြောင်းစသည်ဖြင့် ဖော်ပြထားသည်။ ၎င်းအပြင် အင်းလျားကန်ဘောင်ပေါ်တွင် ဖြစ်သည့်ညက လူများစွာသေဆုံးခဲ့ကြောင်း၊ အလောင်းများကို ညတွင်းချင်း မီးရှို့ခဲ့ကြောင်း၊သေဆုံးသူများနှင့်ပတ်သက်ပြီး တစ်လခန့်ကြာမှ မိဘများထံ စာဖြင့်အကြောင်းကြားခဲ့ကြောင်း၊ ထောင်ထဲတွင်လည်း လုံထိန်းပုလိပ်များက ဝင်ရောက် ရိိုက်နှက်ခဲ့ကြောင်း၊ ကျောင်းသူများကို အဓမ္မကျင့်ခဲ့ကြောင်း၊ထောင်ထဲတွင် များစွာညှင်းပန်း နှိပ်စက်ကြကြောင်း လူပေါင်း ၂၈၃ ယောက် သေဆုံးခဲ့ကြောင်း အစရှိသည်ဖြင့် ရေးသားခဲ့လေသည်။

    အလားတူ မတ်လ ၁ရရက်နေ့တွင်လည်း ရန်ကုန်တက္ကသိုလ်အတွင်း စုဝေးရောက်ရှိနေကြသော လူစုခွဲ အတင်းအဓမ္မအကြမ်းဖက် ဖြိုခွင်းခဲ့သည်။မဆလအစိုးရထုတ် သတင်းစာများတွင်မူ ဆန္ဒပြကျောင်းသား/သူ ၁၅၄ ယောက်ကိုသာ စိစစ်ထိန်းသိမ်းခဲ့သည်။ သေဆုံးသူ၊ ဒဏ်ရာရသူ လုံးဝမရှိဟု ဖော်ပြခဲ့ကြသည်။

    မဆလအစိုးရသည် ကျောင်းသားများ၏ ကျောင်းသားများအရေး တောင်းဆိုချက်များကို လုံးဝလစ်လျူရှု မရတော့သဖြင့် မတ်လ ၁ရ ရက်နေ့တွင် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ရသည်။ ထိုကော်မရှင်သည် ၁၂ – ၃- ၈၈ နေ့တွင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများ ဖြစ်ပွားခဲ့သော အရေးအခင်းကို စုံစမ်းတင်ပြရမည် ဖြစ်ပေသည်။

    ထိုကော်မရှင်အဖွဲ့ကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်ကောင်စီမှ ၁၉၈၈ခုနှစ် မတ်လ ၁ရရက် ရက်စွဲပါ အမိန့်ကြေငြာစာအမှတ်(၄၅/၈၈)ဖြင့်ထုတ်ပြန်ကြေငြာခဲ့ရာ ထိုအမိန် ့ကြေငြာစာအရ ကော်မရှင်တွင်
    (က) ဦးဘမော် ပြည်သူ့တရားသူကြီးအဖွဲ့ဝင် ဥက္ကဌ
    (ခ) ဦးလှတင့် ပြည်သူ့ဥပဒေအကျိုးဆောင် အဖွဲ့ဝင်
    (ဂ) ဒေါက်တာမောင်ရှိန် ပြည်သူ့လုပ်ငန်းစစ်ဆေးရေး အဖွဲ့ဝင်
    ထိုပြင် ယင်းအမိန့်ကြေငြာစာတွင် ကော်မရှင်၏ အတွင်းရေးမှူးအဖြစ် ဥက္ကဌမှတာဝန်ပေးအပ်သူက ဆောင်ရွက်ရမည်ဖြစ်ပြီး စုံစမ်းရေးကော်မရှင်သည် အရေးအခင်းမည်သို့ စတင်ပေါ်ပေါက် ခဲ့သည်၊ အရေးအခင်းတွင်ကျောင်းသားနှစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်းမှာ မည်သည့်သေနတ်ဖြင့် မည်သူ၏ လက်ချက်ကြောင့်ဖြစ်သည်ကို အချက်အလက်များ မှန်ကန်စွာရရှိအောင် စုံစမ်းစစ်ဆေး၍ အစီရင်ခံစာကို ၁၇-၄-၈၈ရက်နေ့အရောက် နိုင်ငံတော်ကောင်စီသို့ တင်ပြရန်ဟု ပါရှိသည်။ ထို့ပြင် ၎င်းအရေးအခင်းနှင့် ပတ်သက်သည့် ကော်မရှင်၏သုံးသပ်ချက်၊ အကြံပြုချက်များအပြင် အလားတူအရေးအခင်းမျိုး ထပ်မံ မပေါ်ပေါက်စေရန်အတွက် ဆောင်ရွက်သင့်သည့်အချက်များကို လိုအပ်ပါက ထည့်သွင်းဖော်ပြရမည် ဖြစ်သည်။

    အစိုးရမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်းမှာပင် ကျောင်းသားများနှင့် ပြည်သူလူထူပူးပေါင်းကာ ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားခဲ့သည်။ မတ်လအရေးအခင်းအတွင်း၌ အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းမှုများ ကြောင့် ကျောင်းသားများနှင့် ရဟန်းရှင်လူအမြောက်အများ သွေးမြေကျခဲ့သလို လူပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိကာ ဖမ်းဆိးထိ်န်းသိမ်းခြင်း ခံခဲ့ရသည်။

    မတ်လ ၁၈ရက်နေ့တွင် သိမ်ဖြူလမ်း၌ အေးချမ်းစွာ ဆန္ဒပြနေသူများအား ဖမ်းဆီး၍ ထိုနေ့ညသန်းခေါင်ကျော် အချိန်တွင် အချုပ်ကားဖြင့်အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ရာ အင်းစိန်ထောင်သို့ ရောက်ရှိလာသော အခါတွင် (၇၁)ဦးတင်ဆောင်လာသော အချုပ်ကား (၁)စီးတွင် (၄၁)ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ အစိုးရ၏ ထုတ်ပြန်ချက်များတွင်မူ အချုပ်မော်တော်ယာဉ်မလုံလောက်၍ ယာဉ်တစ်စီးတွင် တင်ဆောင်ရမည့် အချုပ်သားဦးရေထက် ပိုမိုတင်ဆောင်ခဲ့ရခြင်း၊၄၅မိနစ်သာ မောင်းနှင်ရမည့်ခရီးကို လမ်းပိတ်ဆို့မှုအခြေအနေ များအရ ၂ နာရီခန့်ကြာအောင် မောင်းနှင်ခဲ့ရခြင်းတို့ကြောင့် ဖြစ်ရသည်ဟူ၍ ထုတ်ပြန်ခဲ့သည်။

    သေဆုံးခဲ့သူများကို ဗိုလ်တထောင်မြို့နယ်၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက ၁၉-၃-၈၈ရက်နေ့တွင်ဗိုလ်တထောင်မြို့နယ်၊ မြို့နယ်တရားသူကြီးအဖွဲ့သို့ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးပေးပါရန် တင်ပြခဲ့ပါသည်။ ဗိုလ်တထောင်မြို့နယ် တရားသူကြီးအဖွဲ့သည် ထိုနေ့တွင်ပင် မြို့နယ်တာဝန်ခံဆရာဝန်သက်ဆိုင်ရာ ပြည်သူ့ရဲ အရာရှိများနှင့်အတူ အင်းစိန်အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့သည်။သေမှုသေခင်းဖွင့်လှစ် စစ်ဆေးချက်အရ ၎င်းတို့သည် မျက်ရည်ယိုဗုံး ဓာတ်ငွေ့ရှုရှိုက်မိ၍သော်၎င်း၊ အချုပ်ယာဉ်အတွင်း တင်ဆောင် ရမည့်ဦးရေထက် ပိုမိုတင်ဆောင်ခဲ့သဖြင့် အသက်ရှုမွန်းကျပ်၍သော်၎င်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၁၉-၇-၈၈နေ့တွင်မှ ထုတ်ပြန်ကြေငြာခဲ့ပြီး ထိုသတင်းထုတ်ပြန် ရန်အတွက် ကြန့်ကြာနေရခြင်းမှာ ငြိမ်ဝပ်ပိပြားမှုကိိုထောက်ရှု၍ ဆူပူမကြီးထွားစေရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။

    ယင်းကဲ့သို့ သေဆုံးခဲ့မှုများကြောင့် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမင်းဂေါင်နှုတ်ထွက်သွား ခဲ့ရသည်။ ထို့ပြင် ၁၉၈၈ မတ်လအတွင်း ဖြစ်ပေါ်ခဲ့သော အရေးအခင်းတွင် ဖြစ်ပေါ်လာခဲ့သော ကိစ္စများအတွက် တာဝန်မကင်းကြသည့် ဝန်ကြီးချုပ် ဦးမောင်မောင်ခနှင့် ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဌ ဦးမြင့်မောင်အား ၁၉၈၈ ဇူလိုင်လ ၂၆ရက်နေ့တွင် ရာထူးထုတ်ပယ်ခဲ့သည်။

    ၁၉၈၈ မတ်လတွင် ဖြစ်ပွားခဲ့သော အရေးအခင်းနှင့်ပတ်သက်၍ မေ ၉ရက်နေ့စွဲပါ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၏ ၄၁မျက်နှာပါရှိသော စာများသည်လူထုအတွင်းပျံနှ့ခဲ့ကြသည်။ ထို့ပြင် ဦးအောင်ကြီး သည် –
    (၁) ကိုင်း ခုတော့ ကောင်းနိုင်ကြသေးရဲ့လား ဟူသော စာတစ်စောင်ကိို ၁၂-၅-၁၉၈၈ခုနှစ်တွင် လည်းကောင်း
    (၂) အင်းလျားကန်ဘောင်ပြသနာ ဟူသော စာတစ်စောင်ကို ၈-၆-၈၈ရက်နေ့တွင်လည်းကောင်း
    (၃) စမ်ေးချာင်း၊ မြေနီကုန်း၊ ရတနာပုံရုပ်ရုင်ရုံကိစ္စများ ဟူသော စာတစ်စောင်ကို ၂၂-၇-၈၈နေ့ တွင်လည်းကောင်း
    (၄) ကျွန်တော်တို့ နှစ်ဦးတည်းအတွက်သာဖြစ်သည် ဟူသောစာတစ်စောင်ကို ၉-၇-၈၈ရက်နေ့တွင် လည်းကောင်း
    (၅)လူ့အခွင့်အရေး အပြည့်အဝရရှိရေးကိစ္စဟူသောစာတစ်စောင်ကို၁၉-၇-၈၈နေ့တွင် လည်းကောင်း ဖြန့်ဝေခဲ့သည်။
    မည်သို့ပင်ဆိုစေကာမူ ထိုအချိန်ကဖြန့်ဝေခဲ့သော ဦးအောင်ကြီး၏စာတမ်းများသည် ပြည်သူလူထုကို နိုင်ငံရေးနိုးကြားစေခဲ့သည်။ ၎င်းရေးသားထားသော စာတမ်းများကို တစ်ခုချင်း လေ့လာကြည့် မည်ဆိုပါက အောက်ပါအတိုင်းတွေ့ရှိရသည်။

    (က)၁၂-၅-၈၈ ရက်စွဲဖြင့် ရေးသားထားသောစာ၌ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး ၂၆နှစ် အကြာ အခြေအနေသည် ယိုယွင်းလာယုံသာမက ပျက်စီးခြင်းမက ပျက်စီးသွားပြီး နိိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအားလုံးကျဆုံးခြင်းမက ကျဆုံးခဲ့ကြောင်း၊ လက်အောက်ရှိ တာဝန်ရှိသူများ က တာဝန်ယူရန် ခေါင်းခံရန်လိုအပ်ကြောင်း၊ မိမိအနေဖြင့် စာတမ်းတစ်စောင် ရေးသားတင်ပြ ခဲ့ ကြောင်း၊ ဗိိုလ်မှူးချုပ်အောင်ကြီးနှုတ်ထွက်ခါနီးတွင် ပါတီဥက္ကဌကြီးက သုံးနှစ်လုပ်မယ်၊ မအောင်မြင်လျှင် ဗိုလ်အောင်ကြီးတို့ လုပ်ကြပါဟု ပြောခဲ့ကြောင်း၊ နိုင်ငံရေးသမားလုပ်ဖော်ကိုင်ဖက် တွင် ဦးနုနှင့် ဥက္ကဌကြီး၊ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့သာ ကျန်ရှိပြီး အခြားလူများမှာ ကွယ်လွန်ကုန်ကြပြီဖြစ်ကြောင်း၊ မကြာမီတိုင်းပြည်၌ ဆန်ပြဿနာပေါ်လာတော့မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း အားလုံးလိုလို ရပ်ဆိုင်းထားရပြီ ဖြစ်သောကြောင့်တိုင်းပြည်ဒုက္ခရောက်မည့်အရေးကို သတိပေးရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

    (ခ) ၈-၆-၈၈ရက်စွဲဖြင့် ရေးသားထားသော စာတမ်းတွင် ကျောင်းသားအရေးအခင်းကို ဦးစားပေး ရေးသားဖော်ပြထားသည်။ စာတမ်း၏ နိဒါန်းတွင် ယခင်ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဖြိုဖျက်သူတရားခံမှာ မိမိမဟုတ်ကြောင်း၊ ရှင်းလင်းရေးသားထားသလို ၁၉၈၈ မတ်လ ကျောင်းသား အရေးအခင်းနှင့်ပတ်သက်၍ ပါတီဥက္ကဌကြီးအနေဖြင့် တာဝန်မယူရန်၊ ၎င်းကိစ္စ၏တရားခံမှာ ပါတီ ဥက္ကဌကြီး မဟုတ်ကြောင်း၊ ကြို့ကုန်းရပ်ကွက် သမဝါယမဆိုင် မီးရှို့မှုသည် ကျောင်းသားများ မဟုတ်ကြောင်း၊ အလွဲသုံးစားလုပ်ခဲ့မှုအားဖုံးကွယ်ရှင်းလင်းလို၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသား များကို အင်းလျားကန်ဘောင်တွင် ချောင်ပိတ်ရိုက်ကြောင်း၊ မိန်းကလေးများကို ဆံပင်ဆွဲရိုက်၊ ရေထဲ ကန်ချ၊ ထမိန်ကျွတ်၍ ပြေးသောမိန်းကလေးကိုပင် ဆံပင်ဆွဲ၍ ရိုက်ကြောင်း၊ မိန်းကလေး အလောင်းနှစ်လောင်း ရေထဲကပေါ်လာကြောင်း စသည်ဖြင့် ရေးသားထားရာ အမှန်တကယ် သေဆုံးခဲ့ခြင်း၊ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းမရှိဟု အစိုးရထုတ် သတင်းစာများ၏ မမှန်မကန် ဖော်ပြမှုကိုအရှိုက်ထိုး တုံ့ပြန်ခဲ့သည်။ ထို့ပြင် ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး၏ စာတမ်းတွင် အင်းလျား ကန်ဘောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သည့်ညက လူအများအပြားသေဆုံးခဲ့ကြောင်း၊ အလောင်းများကို ညတွင်းချင်း မီးရှို့ခဲ့ကြောင်း၊ သေဆုံးသူများနှင့် ပတ်သက်၍ တစ်လခန့်ကြာမှ မိဘများထံစာဖြင့် အကြောင်းကြားခဲ့ကြောင်း၊ ထောင်ထဲတွင်လည်း လုံ/ထိန်းပုလိပ်များက ဝင်ရိုက်ကြောင်း၊ ကျောင်းသူ များကို လည်း အဓမ္မကျင့်ယုံသာမက ထောင်ထဲတွင် ညှင်းပမ်းနှိပ်စက်မှုကြောင့် လူပေါင်း ၂၈၃ယောက် သေဆုံးခဲ့ကြောင်း စသည်ဖြင့် ရေးသားခဲ့သောကြောင့် ဖတ်ရှုရသူများ တုန်လှုပ် ချောက်ခြားကာ ခံပြင်းဒေါသထွက်ခဲ့ကြလေသည်။

    (ဂ) ၇-၃-၈၈ရက်စွဲဖြင့် ရေးသားထားသည့် စာတမ်းတွင်မူ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးသည် ဂျပန်နိုင်ငံမှ နိုင်ငံရေးသမားများနှင့် တွေ့ဆုံ၍ တိုင်းပြည် အတွက် အကျိုးရှိမည့် ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ကြီးများနှင့် နိုင်ငံခြားဆက်ဆံရေး အဆင်မပြေသဖြင့် ၎င်းထံ လာရောက်တွေ့ဆုံပြီး ဥက္ကဌကြီးထံတင်ပြပေးရန် ပြောဆိုခြင်းဖြစ်ကြောင်း ရေးသားထားသည်။

    ဤကဲ့သို့ ဦးအောင်ကြီး၏ဖြန့်ဝေစာများ ပြင်ပလောက၌ ပျံ့နှံ့နေချိန်အတွင်းမှာပင် ၁၉၈၈ မေလ၁၃ ရက်နေ့တွင် (၁၇-၃-၈၈)ရက်နေ့က ဖွဲ့စည်းပေးခဲ့သည့်ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသာတချို့နှင့် ကြို့ကုန်း အနောက်ရပ်ကွက် လူထုအချို့တို့ ဖြစ်ပွားခဲ့သော အရေးအခင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ ကိုတင်သွင်းခဲ့သည်။ ထိုအစီရင်ခံစာကို အခန်း(၁၄)ခန်းခွဲ၍ စာမျက်နှာ ၂၉၂မျက်နှာဖြင့် အသေးစိတ် စုံစမ်းဖော်ထုတ်ရရှိချက်များကို တင်ပြထားသည်။

    ဖုန်းမော်အရေးအခင်းကို သုံးသပ်ကြည့်ှလျှင် မဆလ စစ်အာဏာရှင်များ၏ ကြီးမားသည့်အမှားတစ်ခုမှာ ရပ်ကွက်ကောင်စီဥက္ကဌကို ဘက်လိုက်ကာကွယ်ပေးမှုနှင့် လုံထိန်းတပ်ဖွဲ့အင်အား အဆမတန်သုံးပြီး ကျောင်းသားများကို အကြမ်းဖက် နှိမ်နှင်းမှုပင်ဖြစ်သည်။ ဒုတိယအမှားမှာ သတင်းစိစစ်တင်းကြပ်မှု ပြုလုပ်ထားရုံသာမက သတင်းလိမ်လည်ကြေငြာခြင်းပင်ဖြစ်သည်။ လုံထိန်းတပ်ဖွဲ့ဝင်များအား ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ရဲချုပ်တို့က အုပ်ချုပ်ရသော်လည်း မဆလ၏အုပ်ချုပ်ရေးယန္တရား ဖွဲ့စည်းပုံ အရ အမိန့်ပေးစနစ်သည် ရောနှောနေခဲ့ပြီး အထက်မှ စွက်ဖက်မှုများစွာ ရှိနေခဲ့သည်။ ့ရန်ကုန်တိုင်း`၌ လည်း ဒေသပါတီဥက္ကဌ၊ တိုင်းကောင်စီ ဥက္ကဌနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟူ၍ အမိန့်ပေးနိုင် သည့် အာဏာပိုင် (၃)ဦး ဖြစ်နေခဲ့သည်။ ရန်ကုန်မြို့လုံခြုံရေးအတွက် တပ်မ(၂၂)၊ (၄၄)၊ (၇၇)တို့ကိို ဆွဲခေါ်ရာတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ချက်ချင်းမသိလိုက်ရသလို အဓိကရုဏ်း နှိမ်နှင်းရာတွင်လည်း လုံထိန်းများနှင့်စစ်တပ်ရောထွေးနေသည်ကို တပ်မှူးများက မကြိုက်နှစ်ကြချေ။
    ၁၉၈၈ မေလ ၃ဝရက်နေ့တွင် ကျောင်းများပြန်ဖွင့်သည့်အခါ အကျဉ်းထောင်များမှ ပြန်လွတ်လာသည့် ကျောင်းသားများက ၎င်းတို့၏အတွေ့အကြုံများကို ပြန်ရှင်းလင်းရာ ဇွန်လ ၁၅ရက်မှ ၂ဝရက်နေ့ထိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာတွင် ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြန်သည်။ ရဟန်းသံဃာတော်များ၊ အလုပ်သမားများ၊ အထက်တန်းကျောင်းသားများပါမကျန် ပြည်သူလူထုအမြောက် အများပါဝင်လာကြသည်။
    ဇွန်လ ၂၁ရက်နေ့တွင် ကျောင်းများကိုပြန်ပိတ်ကြောင်း ကြေငြာခဲ့သော်လည်း သပိတ်မှောက်မှုများ တပြည်လုံးသို့ ပျံ့နှံသွားခဲ့သည်။ ယင်းနေ့၌ ရန်ကုန်တက္ကသိုလ်(ပင်မ)၊ လိပ်ခုံးဆေးတက္ကသိုလ်(၁) ကျောင်းသား များသည် တက္ကသိုလ်ဝင်းအတွင်းမှ ပြင်ပသို့ထွက်လာပြီး ပြည်သူလူထုနှင့်ပူးပေါင်းကာ လှိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ အင်းစိန်မြို့နယ်များတွင် ဆန္ဒပြခဲ့ကြသည်။ စမ်းချောင်းမြို့နယ် တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက လက်နက်မပါ အေးချမ်းစွာဆန္ဒပြနေသူများကို ပစ်ခတ်နှိမ်နှင်း ဖြိုခွင်းခဲ့ရာ သေကြေ ထိခိုက်ဒဏ်ရာရသူ များ ရှိခဲ့သည်။ ထိုနေ့မှာပင် ရန်ကုန်မြို့တွင်းရှိ ဆေးတက္ကသိုလ်သို့ ကျောင်းသားထုသည် ပြည်လမ်းအတိုင်း ဆက်လက်ချီတက်သွားရာ ဟံသာဝတီအဝိုင်းအကျော် မြေနီကုန်းအရောက် လုံထိန်းတပ်ဖွဲ့များ၏ တားဆီးမှု ကြောင့် ကျောင်းသားများနှင့် လုံထိန်းတပ်ဖွဲ့ ပဋိပက္ခဖြစ်ပွားရာ အနီးအနားရှိ ရပ်ကြည့်နေသည့် ပြည်သူလူထု၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် လုံထိန်း ၂ဝနှင့် ပြည်သူ တစ်ရာကျော် သေဆုံးခဲ့ရသည်။
    အစိုးရသတင်းစာများ၌ ဆူပူအကြမ်းဖက်သမားများ၏ လက်နက်မျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်မှုကြောင့် ပြည်သူ့ရဲတပ်ဖွဲ့ (၆)ဦး ကျဆုံးပြီး၊ (၂၅)ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု လိမ်ညာရေးသားခဲ့ပြီး ပြည်သူလူထု ၏သေကြေထိခိုက်မှုကိုမူ ဖုံးဖိထားခဲ့သည်။

    ထိုအချိန်အတွင်း တောင်ကြီးမြို့နှင့် ပြည်မြို့များတွင်လည်း လူထုဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ ရသည်။ သို့သော် ပြည်မြို့၌ဖြစ်ပွားလျက်ရှိသော အုံကြွဆန္ဒပြမှုများမှာ လုံးဝထိန်းမရ တော့သဖြင့် ၁၉၈၈ ဇူလိုင်လ ၂၂ ရက်နေ့တွင် အစိုးရမ စစ်အုပ်ချုပ်ရေးကြေငြာကာ စစ်တပ်မှလက်နက်သုံး အကြမ်းဖက် ဖြိုခွင်းခဲ့သည်။

    ယင်းသို့ နိုင်ငံအနှံ့ရှိမြို့ကြီးများတွင် ဆူပူအုံကြွမှုများ ဖြစ်ပွားနေစဉ် ၁၉၈၈ခု ဇူလိုင်လ ၂၃ရက်နေ့တွင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် အရေးပေါ်ညီလာခံကို ခေါ်ယူကျင်းပခဲ့သည်။ ယင်းအစည်း အဝေး၌ ပါတီ ဥက္ကဌ ဦးနေဝင်းသည် ၎င်းတွင် အပြစ်ရှိမှုကြောင့် ပါတီနှုတ်ထွက်ခဲ့ရသော်လည်း စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပြီးတော့ ပစ်တာမဟုတ်ဘူး။ ပစ်ရင် မှန်အောင်ပစ်တယ် ဟူသော စကားအား ၎င်း၏ နိုင်ငံရေး သမိုင်း၌ အမည်းစက်စွန်းထင်စေမည့် စကားတစ်ခွန်းအဖြစ် တရားဝင်ပြောကြားပြီး ကျောင်းသားများနှင့် ပြည်သူလူထုအား ခေါင်းဆောင်မပီသစွာ စိန်ခေါ်စကားပြောကြားသွားခဲ့သည်။

  • TNA

    August 10, 2014 at 4:16 pm

    အင်းမနေ့တနေ့ကလိုပဲ။ တကယ်ပြန်တွေးတော့ ၂၆ နှစ်။ အသက်တွေလဲကြီးခဲ့ပြီပဲ

Leave a Reply