Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သျှားထွဋ်အိန္ဒြာ…

kaiAugust 17, 20142min50317

 သျှားထွဋ်အိန္ဒြာ = အသက် (၂၀)၊ ဒုတိယနှစ် ဒဿနိကဗေဒ (Philosophy)၊ ဒဂုံတက္ကသို်လ်၊ ရန်ကုန်မြိ ု့

IMG_2088Q. သျှားထွဋ်အိန္ဒြာ… ဖိလစ်ပိုင်ခရီးစဉ်ရှိတယ်လို့ သိရပါတယ် ။ အဲဒီအစဉ်နဲ့ပက်သက်ပြီးတော့ဘယ်သူ့ အစီအစဉ်လဲ… ဘယ်သူကကမကထလုပ်ပေးတာလဲ… ဆိုတာလေးတွေ ပြောပြပေးပါလား ။

ဟုတ်ကဲ့ပါ…အခုသမီး ၁၅ . ၈ .၂၀၁၄ ကနေ…၂၃ . ၈ .၂၀၁၄ ထိ… ဖိလစ်ပိုင်ကိုသွားရမယ်ပေါ့နော်..  သမီးကိုHoliday Television Co.,Ltd ကနေစီစဉ်ပေးမှုရယ်..  ဒီကMiss Universe Myanmar Organizationတို ့ ပံ့ပိုးကူညီမှုတွေနဲ ့ သွားရမှာပါ…. ။

Q. ထိုင်းနိုင်ငံ Holiday Television Co.,Ltdက  Mr.Nawat Itsaragisilတို ့နဲ့အတူ… Miss Universe Myanmar Organization က စီစဉ်ပေးတာပေါ့နော် ။ အဲဒီတော့… ဖိလစ်ပိုင်ခရီးစဉ်မှာအစီအစဉ်တွေကဘာတွေပါလဲ။ သူတို့ရဲ့ Training အစီအစဉ်တွေကဘယ်လိုအနေအထားရှိလဲ ။ အကျဉ်းချုပ်ပြီးတော့ ပြောပြပေးပါလား ။

အဓိကကတော့..သူတို့ကသမီးကိုလမ်းလျှောက်ပုံတွေ သင်ပေးမယ် ။ဒီထက်ပိုပျော့ပျောင်းအောင် ။ပြီးတော့ ဒီထက်ပိုပြီးတော့လည်းနေတတ်ထိုင်တတ်အောင်ကအစအကုန်သင်ပေးမယ် ။ပြီးတော့ မိတ်ကပ်ပိုင်းတို ့ ဆံပင်ပိုင်းတို့ကအစသူတို့  သေချာသမီးကိုသင်ပေးသွားမယ်လို့ ပြောပါတယ် ။

Q. လမ်းလျှောက်ပုံဆိုတာ Miss တွေရဲ ့ ပြိုင်ပွဲမှာအဓိကဖြစ်တဲ့ cat walk လား ။

ဟုတ်ကဲ့ ။ Cat walk ပေါ့နော် …။သမီးတို့ ဒီ Miss ပွဲကြီး … တကယ့်ပွဲကြီးမှာကျရင် စင်ပေါ်ရောက်တဲ့အခါ လှလှပပထွက်လာနိုင်အောင် ၊သူ ့ထက်ပိုလှပြီးတော့  ထွက်လာနိုင်ဖို့အတွက် သူတို ့ သေချာလေ့ကျင့်ပေးမှာပါ ။

Q. အဲဒီတော့  သူတို့လေ့ကျင့်ပေးမယ်ဆိုတဲ့ အထဲမှာMiss Universe ပြိုင်ပွဲဟာ အဝတ်အစားသုံးမျိုးနဲ ့ပြိုင်ရတယ် ဆိုတော့… ပထမက National Costumeနောက်တစ်ခုက Swimsuit နောက်တစ်ခုက Evening Gown ။ ဆိုတော့…Swimsuit  နဲ ့ Evening Gowns ကတော့ နိုင်ငံတကာထုံးတမ်းစဉ်လာမှာအားလုံးလိုလို အတူတူနီးပါးလောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကလေ့ကျင့်ပေးကောင်းလေ့ကျင့် ပေးနိုင်ပါလိမ့်မယ် ။ National Costume နဲ ့ပတ်သက်ပြီး  ဘယ်လိုများ  သျှားထွဋ် စဉ်းစားပြင်ဆင်ထားလဲ။

ဥပမာဆိုကြပါစို ့မနှစ်ကဆိုမိုးစက်ဝိုင်ကသူ ့ကိုယ်သူရခိုင်အမျိုးသမီးပုံစံနဲ့  အကုန် ပြင်ဆင်ပြသွားတယ် ။အဲ့တော့…အခု သျှားထွဋ်ကရော National Costume အပိုင်းကိုဘယ်လိုများစဉ်းစားထားလဲ ။

ဒါကတော့ သမီးအမြင်တစ်ခုတည်းနဲ့လည်းမဖြစ်ဘူး ။ အဲဒီတော့ သမီးတို ့ Organizationနဲ့ ပူးပေါင်းပြီးတော့ သမီးတို့ တိုင်ပင်ဆွေးနွေးနေပါတယ် ။ ဟိုရောက်သွားတဲ့အခါကျရင် ကိုယ့်မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ဓလေ့ထုံးစံကိုယ့်ရဲ့မြန်မာတွေရဲ့ အဝတ်အစားကိုပဲ….. မနှစ်တုန်းကဆိုမိုးစက်ဆိုရင် ရခိုင် ၊ သူအဲ့ဒီလိုလုပ်ပြသွားခဲ့ပြီ  ။  အခုသမီးကဒီထက် ပို ပြီးတော့ကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာကိုဆွေးနွေးနေကြပါတယ် ။ အခုထိအတိအလင်းကြီးတော့မဖြစ်သေးပါဘူး ။ ဟုတ် ။

Q. ပြီးတော့   တခြားMiss ပြိုင်ပွဲတွေကိုသွားပြိုင်တဲ့  မြန်မာနိုင်ငံက Miss တွေလည်း  သျှားထွဋ်ရှေ့မှာ ဖိလစ်ပိုင်မှာပဲ..သွားရောက် လေ့ကျင့်တယ်ဆိုတာတွေ့ ရတယ် ။ အဲဒီတော့ လမ်းလျှောက်ပုံ၊ Hair , Dressing ,Make-Up … ဒါတွေအပြင်ဘာတွေများထပ်စီစဉ်ထားသေးလဲ။ ဘာလို့ဆိုတော့   Miss Universeပြိုင်ပွဲတွေကျရင်  … Make-up တို ့ Hair, Dress တို ့ ဘယ်သူမှလာလုပ်ပေးလို့မရတော့ဘူး … မိတ်ကပ်ပညာရှင်လည်းခေါ်လို့မရတော့ဘူးလေ။ ဆိုတော့ ကိုယ့်ဟာကိုယ် လုပ် ရတော့မှာဆိုတော့  ဒီဖိလစ်ပိုင်ကဆရာတွေက   Cat Walkရယ်..Hair ,Dressရယ်…  Make-up ရယ်အပြင် ဘာများနောက်ထပ်… စီစဉ်ထားသေးလဲ။Miss တစ်ယောက်အနေနဲ ့ ပြိုင်ပွဲဝင်နိုင်ဖို ့…သူတို ့ ဘယ်လိုများ Training ပေးဖို ့ အစီအစဉ်တွေ ရှိသေးလဲ…

သူတို့ကတော့…အဓိကသမီးကိုပြောတဲ့ ထဲမှာတော့…လမ်းလျှောက်ပုံအပိုင်းကိုသူတို့ ပိုင်ပိုင်နိုင်နိုင် လုပ်ပေးမယ်ပေါ့နော်။ တခြားကတော့စကားပြောပုံဆိုပုံကအစ…ပြီးတော့ကိုယ့်ဘာသာကိုယ် အချိန်လေးစားဖို့ကအစအစစအရာရာပေါ့နော်…ဒီပြိုင်ပွဲကြီးမှာအဆင်ပြေအောင်လူတွေနဲ့ ဘယ်လိုသွားမယ်ဘယ်လိုဆက်ဆံမယ်ကအစပေါ့နော်… သင်ပေးမယ်လို ့ပြောထားပါတယ် ။

Q. ဪ…နေပုံထိုင်ပုံကအစTraining ပေးမယ်ပေါ့

ဟုတ်ကဲ့..သူတို ့သေချာ Training လုပ်ပေးမယ်ပေါ့နော် ။ သမီးကဒီရန်ကုန်မှာလည်းကိုယ့်ကိုဒီလို Training လုပ်ပေးနေတဲ့သူရှိတော့နေပုံထိုင်ပုံနဲ့ ပတ်သက်ပြီးတော့ကိုယ့်ကိုယ်ကိုသိပ်ပြီးတော့  စိုးရိမ်မှုမရှိပါဘူး ။ ဒါပေမယ့်လမ်းလျှောက်ပုံအပိုင်းကိုတော့  သူတို့တွေနဲ့လိုက်ပြီးတော့  International အတိုင်းဖြစ်အောင်သမီးကြိုးစားရဦးမယ်.. ။

Q. နောက်ပြီးတော့…Miss တွေကိုမေးတဲ့မေးခွန်းတွေ ရှိတယ် ။ ဒီMiss တွေ Intelligence ပေါ့။ ဘယ်လောက်ဉာဏ်ပညာထက်မြတ်လဲဆိုတာကိုဉာဏ်ပညာစွမ်းရည်ကိုစူးစမ်းမေးမြန်းတဲ့ မေးခွန်းမျိုးအတွက်ကရောသျှားထွဋ်အနေနဲ့ ဘယ်လို ပြင်ဆင် သွားဖို ့ စဉ်းစားထားလဲ။

နောက်တစ်ခု ကျွန်တော်တို ့သိထားတာက  သျှားထွဋ်ဟာဖိလစ်ပိုင်နိုင်ငံကိုTraining သွားဖို့ မတိုင်မီမှာထိုင်းနိုင်ငံကိုသွားရောက်ပြီးတော့ ခန္ဓာကိုယ်အနေအထားနဲ့ ပတ်သတ်ပြီးပြုပြင်တယ်လို့ သိရပါတယ် ။ အဲဒါဘယ်လို ခန္ဓာကိုယ်အစိတ်အပိုင်းကို ပြုပြင်ခဲ့သလဲဆိုတာလေးကိုလည်းပရိသတ်သိအောင်နည်းနည်းရှင်းပြပေးပါ ။ ဘယ်နှစ်ရက်ကြာလဲ ။ ဘာတွေလုပ်ခဲ့သလဲပေါ့

..

မှတ်ချက်။  ။ အင်တာဗျုးသူမှ တိုက်ရိုက်ပေးပို့လာသော အသံဖိုင်မှဖေါ်ပြခြင်းဖြစ်သည်။

IMG_2082IMG_2063

 

17 comments

  • surmi

    August 17, 2014 at 3:29 pm

    အော……… ဆန်းဒေးမှာ သဂျီး ဆားချက်နေပါလား :kwi:

  • မဟာရာဇာ အံစာတုံး

    August 17, 2014 at 5:53 pm

    သဂျီးရာ …
    နောက်ခါ ဗျူးတာကို နည်းနည်းလျှော့ပြီး
    ဟော့တာလေးတွေ များများ ထည့်ပေးဗျာ …
    အခုနောက်ပိုင်း သတင်းတွေက စနစ်ပြောင်းလာဘီ ..
    သဂျီးလည်း ပြောင်းဖို့ သင့်ဘီ … :mrgreenn:

  • ကထူးဆန်း

    August 17, 2014 at 6:49 pm

    သူကြီးခင်မျာ ..သူကြီးကတော် ဆူမှာစိုးလို့ သူဘာမှ မသိပါဘူး စတိုင်နဲ့ ပုံမှားထည့်ထားသေး ..
    သူတင်ထားတဲ့ ထိပ်ဆုံးကပုံက ဇွန်သံစဉ် ပုံ မဟုတ်လား …. :kwi:

    • kai

      August 18, 2014 at 2:28 am

      အမ်…
      အဲဒါဟိုလူကြီးမှားပို့တာ…
      ဘာဘာဘာမှမသိ… :i:

      • အာဂ

        August 18, 2014 at 4:38 pm

        အဲဒါအနော်ပို့တာမဟုတ်ဘူးနော့

  • naywoon ni

    August 17, 2014 at 11:34 pm

    ဘယ်​​မော်​ဒယ်​ ဘယ်​မင်​းသမီးဖြစ်​ဖြစ်​ အင်​တာဗျူးဆိုရင်​ ဒီ​လေသံပဲ အ​ပြောင်​းအလဲ မရှိ …….. 🙂

  • အလင်းဆက်(24/05/2011)

    August 18, 2014 at 8:21 am

    ဗျူးတာက အဆုံးထိလည်း မပါဘူး။

    ဆိုတော့. . .
    အဆုံးထိ ဖတ်ချင်ရင် သဒါဇင်းမှာ ဖတ်ရမယ်ပေါ့နော်။

    အဲဒီ ဗျူး ပါတဲ့ သဒင်းစာတစ်စောင်
    သားသားအတွက် လူကြုံပို့ပေးပါသဂျီး။

    အဲ့ဒီ Sharr လေးကို အသံရော ရုပ်ရော ဂျစ်မိသွားလို့။
    အဲ . . . စိတ်နေသဘောထားကြီးကို မဂျစ်ပါဘူး။

    ဘာပဲဖြစ်ဖြစ် ဖက်ချင်တယ် အဲ ဖတ်ချင်တယ်

    :mrgreen:

    • kai

      August 18, 2014 at 4:42 pm

      အဲဒါဒီလရောနောက်လရော.. ပါမယ့်ပုံမပါဘူး..
      ဗီအိုအေမှာ ပါသွားရင်ပေါ့..။
      စဉ်းစားကာ.. နေရဦးမယ်..။ :k:

  • kyeemite

    August 18, 2014 at 8:31 am

    ဟိုပေါ့နော်….ဒီ ပေါ့နော် ပေါ့နော် ပေါ့နော် ပေါ့နော် ပေါ့နော် ပေါ့နော်။ :mrgreenn:

  • Mr. MarGa

    August 18, 2014 at 9:07 am

    ပေါ့ဘူးပေါ့နော်.. လေးတယ်ပေါ့နော်.. :mrgreenn:

  • ဇီဇီ ခင်ဇော် (15102012)

    August 18, 2014 at 9:27 am

    ဘယ် တစ်ယောက်တုန်း ဟမ်?
    ဪ!!
    ခေတ် နဲ့ မက်ခြေပြတ်ပြီး အာလဖွားဂျီး ဖြစ်သွားပါပကောလားးး
    :a:

  • manawphyulay

    August 20, 2014 at 10:28 am

    ဟုတ်ကဲ့ရှင့်… သာမီးကတော့ ဘယ်မှမသွားသေးဘူးပေါ့နော်…
    သွားပေါ့လား သွားဖို့တော့ ရှိတော့ ရှိတယ်ပေါ့နော်…. ဘယ်လိုပြောရမလဲ… ခေါ်မယ့်သူမရှိသေးတာလဲ ပါတာပေါ့နော်… မီးကတော့ သွားချင်တာပေါ့…
    အစီအစဉ်လား..
    ခုလုပ်နေတဲ့ အစီအစဉ်တွေကတော့ သာမီးရဲ့ဝမ်းစာအတွက် ကိုယ်တိုင် ရုန်းကန် ရှာဖွေစားသောက်နေတာပေါ့နော်… စပွန်ဆာ မရှိတော့လည်း ဒီလိုပဲပေါ့….. ခုတောင် သာမီးက သိပ်အားတာမဟုတ်ဘူး။ မအားတဲ့ကြားက ဖြေရတာဆိုတော့လေ… သိတယ်မလား… သာမီးက အရမ်း အရမ်း ပြောချင်နေလို့ပါရှင်…. :mrgreen:

  • ခင် ခ

    August 24, 2014 at 4:59 pm

    သဂျီး တင်လာလို့ ဖတ်ရလို့သာ သူအကြောင်းသိရတာလေ အရင်ကဘာမှသိဘူးဗျ

  • ဦးကြောင်ကြီး

    August 25, 2014 at 1:48 am

    ခိုမ်သံစဉ်
    ပြိုင်ဟန်ဝင်
    ဒိုင်မှန်လျင်
    နိုင်စံအင်..

Leave a Reply