အစားထိုးခြင်း
မင်းဟာ နှင်းဆီထက် နည်းနည်း ပိုသွယ်တယ် ၊
ဒါပေမယ့် ဆိုဒ်က သိပ်မကွာပါဘူး ၊
ငါ့အရိုးထဲအထိ စွဲနေတဲ့ နှင်းဆီရဲ့ အရသာကို မီမလား၊
သိပ်မသေချာသွားပေမယ့် မင်းမှာလည်း မင်းအစွမ်းများတော့ ရှိမပေါ့ ၊
ပေးရတဲ့ဈေးက တူသလို မင်းက အရောင်ပိုလှတယ် ၊
မင်းကို ကိုင်မိတာနဲ့ ကျစ်လစ်တဲ့ အတွေ့အထိကို ခံစားမိတယ် ၊
မင်းအသားပေါ်မှာ မွှေးနုစိမ်းကလေးတွေနဲ့ပါလား ၊
မင်းကို နမ်းကြည့်တော့ ရှတတ ၊
မင်းအရသာကို သိပ်သိချင်လာသမို့ အိပ်ထဲက အချစ်ကို ထုတ်လိုက်တယ် ၊
ဖျောက်ကနဲထွက်လာတဲ့ မီးတောက်ကလေးနဲ့ မင်းကို ထိတွေ့စေခဲ့ပြီးတဲ့နောက်
မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေကြားမှာ မင်းအရသာကို ငါသိသွားတယ် ၊
မွှေးတေးတေး နဲ့ ချိုအီအီ နှစ်ခုကြား သိပ်ကြိုက်သွားလို့ ထပ်ရှိုက်မိတယ် ၊
တစ်လိပ်မှ နှစ်ဆယ် ငါးလိပ်ကို တစ်ရာ
မင်း တန်ပါတယ်ကွာ ။
9 comments
ခင် ခ
August 30, 2014 at 2:38 pm
အရသာအကူးမှာ အခန့်မသင့်ရင် ချောင်းဆိုးမယ်နော် ကိုယ့်ဆရာ။
Myo Thant
August 30, 2014 at 2:41 pm
သတိထားဖွာပါ့မယ် ကိုခ ရေ 🙂
manawphyulay
August 30, 2014 at 3:32 pm
ငါးလိပ် တစ်ရာခေတ်ကော ရှိသေးလို့လား…။
ဖွာတာလည်း သေချာကြည့်ဖွာဦး
ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်တဲ့…
Myo Thant
August 30, 2014 at 3:43 pm
ဆေးပေါ့လိပ်က တစ်ရာဘိုး ငါးလိပ်ပါ မနောရေ 🙂
alinsett
August 30, 2014 at 4:34 pm
အဲ…အဲဒီ…
ရှတတအနမ်းဆိုတဲ့ စကားလုံးတွေ ့ရင်…
ရှတတ မဖြစ်မိဘူးရယ်…
kai
September 1, 2014 at 6:27 am
အီး-စီကရက်တွေခေတ်မစားသေးဘူးလား…
အဲဒါလေးတွေနဲ့ဆို.. အရသာမျိုးစုံ…
ကျန်းမာရေးအတွက်လည်း.. အဆင်ပြေ.. သတဲ့.. :k:
ရှတတအစား.. ရွှေမြမြလို့ အစားထိုးသုံးမယ်လေ..။
ကိုပေါက်(မန္တလေး)
September 1, 2014 at 11:13 am
ကမျိုး
ဆေးလိပ်တွေ သောက်နေတုန်းဘဲလား
ဆေးလိပ်အတုတွေ သောက်နေတုန်းဘဲလား
ဆေးလိပ်ကအဖော်ဖြစ်နေတုန်းဘဲလား
ဆေးလိပ်က သစ္စာရှိနေတုန်းဘဲလား
ဆေးလိပ်က…………………………………..
ဆေးလိပ်က…………………………………..
ဆေးလိပ်က…………………………………..
ဆေးလိပ်က…………………………………..
Myo Thant
September 1, 2014 at 12:52 pm
ဆေးလိပ်က သစ္စာရှိတယ်ဗျာ 🙂
kyeemite
September 2, 2014 at 8:50 am
ဆေးလိပ်ကတော့ ဖြတ်သင့်တယ်..ခုထိတော့ဖြတ်မရသေး…ကျုပ်လည်းလူမိုက်ပါပဲ :k: