Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း – အောက်တိုဘာ ၂၀၁၄

kaiSeptember 10, 20141min133131

၂၀၁၄မတ်-ဧပြီတွင်ကောက်ယူသောသန်းခေါင်စာရင်းအရ မြန်မာ့အိမ်ထောင်စုပေါင်း၁၁သန်းခန့်တွင် လူဦးရေမှာ ၅၁.၄သန်းရှိသည်ဟုဆိုသည်။
ယခုထုတ်ပြန်မှုသည် ၁၉၈၃တွင်နောက်ဆုံးထားကောက်ယူခဲ့သော သန်းခေါင်စာရင်း(၃၅.၄သန်း)အား ကလေးမွေးဖွားနှုန်း ၃.၄ဖြင့်တွက်လျှင်ဖြစ်လာရမည့် သန်း၆ဝကျော်ထက် ၉သန်းမျှလျှော့နည်းနေပါလေသည်။ ဘယ်ဆီရောက်၍ပျောက်သနည်း။ ကိန်းဂဏန်းများသည် မလိမ်ညာ။

အတိတ်ကိုဖတ်နိုင်ရန် လှစ်ပြလိုက်ခြင်းသာဖြစ်၏။
အဆုံးသတ်ရလဒ်အားအခြေတည်ကာ ပြောင်းပြန်အင်ဂျင်နီယာနည်းပညာဖြင့် ပြန်ပြောင်းတွေးတွက်ကြည့်ကြပါစို့။

ပြောင်းခိုသူများ

လွတ်လပ်ရေးရသည့် ၁၉၄၈မှစ,ဖြစ်သော ပြည်တွင်းစစ်များ။ နိုင်ငံတော်ဘာသာပြုသည်မှထ,ဖြစ်သော ပြည်တွင်းပဋိပက္ခများ၊ နယ်မြေလုခြင်းကြောင့်တည်သော မတရားသည့်စစ်ပွဲများသည် လူပေါင်းမည်မျှကိုသုတ်သင်ပစ်ခဲ့ပါသနည်း။ လူ၉သန်းမျှကို

အမိမြေမှဖယ်ရှားပစ်လိုက်သည်နှင့်အလားတူနေလေသည်။
စစ်တမ်းများအရ ထိုင်းမြန်မာနယ်စပ်တလျှောက်မှ မြန်မာတိုင်းရင်းသား ၄၁၅၀၀ဝတို့ကမ္ဘာ့နိုင်ငံများသို့ ပြောင်းခိုခဲ့ကြသည်။ အမေရိကပြည်ထောင်စုသို့ပြောင်းခိုသူ(Refugees)များအဖြစ်အခြေချသူသည်ပင် ၁၃၂၂၃၁ဦးရှိသည်ဟု(Burmese American Community Institute – BACI)

မှစာရင်းကောက်ယူထားပါသည်။ ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမား၂သန်းမှ၄သန်းအထိ( The International Organization for Migration (IOM) ခန့်မှန်းတွက်ချက်)နှင့် အစ္စလမ်မစ်နိုင်ငံဖြစ်သော မလေးရှားတွင် ၅သိန်းကျော်၊ စင်္ကာပူတွင် ၁သိန်းကျော်တို့ရှိနေပါသည်။
စိနပြည်နှင့် အိနိ္ဒယသို့ကား လမ်းပေါက်နေသမျှ ဥဒဟိုဝင်ထွက်သွားလာခြင်းလွယ်ကူသည်ဖြစ်၍ မြန်မာတိုင်းရင်းသားဦးရေသန်းမည်မျှ ရောက်သွားသနည်းတွေးကြည့်ရန်သာရှိတော့သည်။
သို့သော်…။
မြန်မာတို့တွင်တောနေတောင်သားများနည်းလာသည်။ လူဦးရေ၏ ၃ဝရာခိုင်နှုန်းမျှ ( ၁၅သန်း)သည် မြို့ပြများသို့သာခိုလှုံနေထိုင်ကြခြင်းသည်ထင်ရှားပြ၏။ မဟာရန်ကုန်(ရန်ကုန်တိုင်း) မှာပင် လူ ၇.၄သန်းနေကြသည်ဟူ၏။ သို့သော်

ဒေါ်လာဘီလီယံပေါင်းများစွာအကုန်ကျခံတည်ခဲ့သောမြို့သစ်နေပြည်တော်တွင်ကား ၁.၁၅သန်းသာရှိနေလေကာ တလွဲကိုစနစ်တကျလုပ်ထားပုံပေါက်နေပါလေသည်။

ကျားမ

လက်ရှိထွက်လာသောစာရင်းများအရ မြန်မာအမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁.ရသန်းပိုများနေပေရာ ကျားများဘယ်ရောက်ကုန်သနည်းဟု အတွေးပိုရမည်ဖြစ်သည်။ ရှိသော”မ”ဦးရေတွင်လည်း ဖယ်ဒရယ်အဆင့်လွှတ်တော်အမတ်စာရင်းတွင် အယောက်၅ဝသာရှိနေပေရာ

ရာခိုင်နှုန်းအားဖြင့် ၅ရာခိုင်နှုန်းသာလျှင်ဖြစ်၍ မြန်မာအမျိုးသမီးတို့၏ နှိမ်ချခံထားရမှုနှင့်စွမ်းဆောင်မှုလျှော့နည်းလွန်းပုံကို မြင်သာနေသည်။
မြန်မာလူငယ်တို့၏ စံပြညွှန်းနိုင်သူများဖြစ်ကြသော ၈၈မျိုးဆက်ခေါင်းဆောင်များတွင် အိမ်ထောင်ပြုသူ သားမွေးသူ နောက်ကျသည်များနှင့် လူပျိုကြီးများပင်ရှိကြနေပေရာ ဤသည်မှာ အမျိုးသားခေါင်းဆောင်ဦးအောင်ဆန်း၏ ရှေ့မျှော်အမြင်မှ များစွာသွေဖယ်သည်ဟုအတတ်ဆိုရမည်။

ဗိုလ်ချုပ်အောင်ဆန်းသည် လူငယ်တို့အိမ်ထောင်ပြုကြရန်တ်ုက်တွန်းခဲ့လျှက် ကိုယ်တိုင်လည်းအသက်၂ရအရွယ်တွင် (အလွန်အလုပ်များသည့်ကြားမှ) ဒေါ်ခင်ကြည်နှင့်အိမ်ထောင်ပြုခဲ့သည်။ သားသမီး၃ယောက်ထွန်းကားခဲ့၍ မြန်မာတို့၏အကြီးဆုံးဆုလာဘ်အဖြစ်

ဒေါ်အောင်ဆန်းစုကြည်ကိုထားရစ်နိုင်ခဲ့ပါသည်။
ကျားဦးရေနည်းရသည့်အထဲ အိမ်ထောင်မပြုနိုင်သည့် သာသနာဝန်ထမ်းဦးရေနှင့် ကပ္ပိယ ကိုရင်မှီခိုသူများသည်လည်း သန်းချီနေပေရာ အိမ်ထောင်ရေးသုခ၊ လူမှုရေးဘဝလှလှတို့နှင့်များစွာလွဲချော်သော နိုင်ငံဖြစ်မှန်းမသိဖြစ်နေရဟန်ရှိသည်။ ကလေးမွေးဖွားနှုန်းမှာ လက်ရှိတွင် ၂.၁သာရှိနေပေရာ

သေနှုန်းနှင့်ချိန်စက်လျှင် ထိုထိုအကျိုးဆက်ကို နောင် ဆယ်စုနှစ် ၃ခုအတွင်းတွင် တိုင်းပြည်အနေဖြင့်ထိတ်လန့်စွာ မျက်မှောက်ပြုရမည့်သဘောရှိသည်။

အမျိုးသားထုတ်ကုန်

လူဦးရေနည်းနေသဖြင့် အမျိုးသားကုန်ထုတ်လုပ်မှု(GDP $51.8m World Bank Est. 2013) နှင့်အချိုးကျတွက်လျှင် မြန်မာသည် သမိုင်းတွင်မရှိဖူးသော တဦးဒေါ်လာ၁၀၀ဝကျော်ဝင်ငွေအခြေအနေကိုဆိုက်လာမည်ဖြစ်ပါသည်။
ဤမြေဤလေသည်ကောင်းသောရာသီဥတုရှိ၏။ စပါးရေစာပေါများကြွယ်ဝ၏။ ကျယ်ပြန့်သောမြစ်ဝှမ်းနှင့် တောတောင်တန်းတို့ဝယ် ကြေးလိုလျှင်ရွှေငွေသတ္တုအကုန်ထွက်သည်။ ရတနာလိုလျှင် နဝရတ်ကိုးပါးပေါ်သည်။ ယူရေနီယံပင်ထုတ်နိုင်ပါလေသည်။
တို့ပြည်တို့မြေတို့ရွှာမြေဝယ် သမိုင်းယဉ်ကျေး ထောင်နှစ်ကျော်လျှက် မည်သို့ဖြစ်ပျက် လူဦးရေတွက်နည်းသနည်း?
အိမ်နီးချင်းနိုင်ငံတို့တွင် ထိုင်း(၆ရသန်း) စိနပြည်(၁၃၆၆သန်း)၊ အိနိ္ဒယ(၁၂၄၉သန်း) ဘင်္ဂလားပြည်(၁၅၆သန်း)ရှိနေပါကြောင်း။

လူဦးရေအပေါ်တည်မှီပြီး စီးပွားရေးလုပ်ရသည့် နိုင်ငံခြားမှရင်းနှီးမြုတ်နှံထားသည့်ကုမ္ပဏီကြီးများအနေဖြင့် အကျိုးအမြတ်၊ ဈေးကွက်ဗျူဟာ ပြန်စိစစ်တွက်ချက်ကြရမည်ဖြစ်ကုန်လေသည်။ အူရီးဒူးနှင့် တယ်လီနော တို့ကဲ့သို့ ဖုံးဆက်သွယ်ရေးကုမ္ပဏီများဒုက္ခနှင့်မိတ်ဆွေဖြစ်ကြပြီ။
တကယ်တော့ လူ၅၁သန်းဆိုသည်မှာ အိနိ္ဒယနှင့်စိနပြည်ကြီး၏ ပြည်နယ်တခုတွင်နေသော လူဦးရေမျှပင်မရှိ။

လူဝင်မှုကြီးကြပ်ရေး

ယခုနှစ်ကုန်ပိုင်းတွင်အမေရိကပြည်ထောင်စုရှိ ၁၁သန်းမျှသောတရားမဝင်ရွေ့ပြောင်းဝင်လာမည့်သူများထဲမှ ၅သန်းကိုလွတ်ငြိမ်းချမ်းသာအခွင့်ပေးရန် အိုဘားမားအစိုးရမှ သမ္မတ၏အထူးအမိန့်နှင့်ပင်ခွင့်ပြုရန်ရှိနေပေရာ လူသန်း၃၁၃နေသောဤနိုင်ငံကြီးဝယ်

၅သန်းဟူသည်နည်းသောဂဏန်းသည်ကားမဟုတ်။
မြန်မာပြည်၏အနောက်ဖက်တံခါးဝတွင်တော့ ဘင်္ဂလားပြည်နေ ၈သိန်းမျှသော ဘင်္ဂလီအနွယ်စုများက မူလ မြန်မာနိုင်ငံသားများဖြစ်ပါသည်ဟုဆိုကာ ထိုင်စောင့်နေကြပါသည်။ လူ၃သန်းရှိသည်ဆိုသောရခိုင်ပြည်နယ်တွင် လူ ၁သန်းကျော်မှာ ဘင်္ဂလီများဖြစ်နေကြသည်လည်းဖြစ်၏။ မျိုးရိုးဗီဇတို့ကို

သိပ္ပံနည်းပညာနှင့်စစ်ထုတ်ကြည့်လျှင်မည်သည့်အဖြေထွက်လာမည်ကား မသိနိုင်။
တကယ်တော့ အဆိုပါဒေသကြီးနှင့် ဘင်္ဂလားဒေချ်နိုင်ငံ၏အရှေ့ဖက်ခြမ်းများ၊ အာသံ၊မဏိပူရတို့သည် ဟိုးတချိန်ခါက မြန်မာပိုင်၍ မြန်မာ့အင်ပါယာထဲပါနေခဲ့ဖူးသည်။ အင်္ဂလိပ်မှ(ထုံးစံအတိုင်း) လွတ်လပ်ရေးပေးချိန်ဝယ် မြေခွဲ၍ပြည်ထောင်မြေပုံသစ်ဆွဲချလိုက်သောအခါ ဖယ်ချကျန်ရစ်ခဲ့သည့်

နယ်နမိတ်များဖြစ်ပါသည်။ ထိုမှသည် မြေကိုလိုလျှင် လူတို့ပဋိပက္ခဖြစ်မည်/ဖြစ်သည်ဟု ကမ္ဘာ့သမိုင်းစာမျက်နှာများကပြဆိုသည်။
အချိန်ကိုက်ပင် အယ်လ်ကိုင်ဒါ အစွန်းရောက်အဖွဲ့၏ခေါင်းဆောင်မှ  အိနိ္ဒယ၊ ဘင်္ဂလားဒေ့ရ်ှနှင့်မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဆိုသည့် ကြေညာချက်ထုတ်လာပေရာ မြန်မာပြည်အနောက်တံခါးအရေးသည် သတိကြီးစွာထားသင့်ပါသည်။
တိုင်းပြည်၏ဝင်ငွေတို့ မပြီးဆုံးနိုင်သော ဘာသာရေးစစ်ပွဲမီးအား ငြှိမ်းရင်းလောင်ရင်းနှင့် အလဟသဖြစ်သွားနိုင်မည့်သဘောရှိသည်ကိုကားမငြင်းနိုင်။
မီးဟူသည် မလောင်ခင်တားရသည်မဟုတ်လော။

PR=GC (Green Card)

မြန်မာ့မြေအကျယ် စတုရန်းမိုင်၂သိန်း၆သောင်းကျော် တွင်ယခုလူဦးရေအချိုးနှင့်ဆိုပါက နေရေးများစွာချောင်ချိနိုင်ပေရာ မြန်မာတို့သည် လူဦးရေကိုထိုးသွင်းမြှင့်တင်နည်းဖြင့်မြှင့်တင်နိုင်ပါသည်။ ထိုးသွင်းမြှင့်တင်သည်ဆိုရာ၌ ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံကြီးများကဲ့သို့ လူသား/ငွေအရင်းအမြစ်နှင့်

ကျွမ်းကျင်လုပ်သားများအားဖြတ်ခုတ်ယူခြင်းဖြစ်သင့်သည်။
ငွေကြေးကြွယ်ဝမှုနှင့်ကာယ၊ဉာဏစွမ်းအားမြင့်ခြင်းအား စံနှုန်းအဖြစ်ထားခေါ်ယူသင့်ပေသည်။
အမေရိကားသည် E,L,H Visa အစီအမံများဖြင့်၎င်း၊ စွမ်းအားမြင့်လူသားများအား (O-1 Visa Extraordinary Ability or Achievement)ဖြင့်၎င်းလက်ခံကာ ပြည်ဝင်ခွင့်နှင့်အတူ GC လျှောက်ခွင့်ပါပေးပစ်၍ထိုမှသည် အမေရိကပြည်သားဖြစ်တည်မှုလမ်းကြောင်းပေါ်ဆွဲတင်ပေးပေရာ

ဤလုပ်ထုံးနည်းကိုများစွာအတုယူသင့်လှပါသည်။
မြန်မာပြည်၏ ယခုနှစ်အောက်တိုဘာတွင် စတင်မည်ဆိုထားသော PR စနစ်သစ်ကိုကြိုဆိုပါ၏။ နောင်တွင် Dual Citizenship လက်ခံခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီရောက်မြန်မာဇာတိနွယ်များအား သားရွှေအိုးထမ်းပြန်လာသည်ကိန်းဆိုက်အောင် ဥပဒေပြူသူများ လုပ်ကြစေချင်သည်။

တကယ်တော့ DC ခွင့်ပြုထားသောနိုင်ငံတို့မှာ ကမ္ဘာထိတ်တန်းနိုင်ငံကြီးများသာ အများစုဖြစ်နေသဖြင့် ထိုနိုင်ငံသားတို့အား ဤနိုင်ငံသားအဖြစ်လက်ခံလိုက်ခြင်းအားဖြင့် နစ်နာခြင်းမဖြစ်စကောင်း။ အနည်းဆုံးတော့ (အလုပ်စွမ်းအားမထွက်နိုင်တော့သည့်) ပင်စင်စားအရွယ်နိုင်ငံကြီးသားများထံမှပင်လျှင် မြန်မာပြည်တွင်ခေါင်းချခွင့်ဖန်တီးနိုင်က သူတို့၏ပင်စင်စုငွေနှင့်ပင်ဒေါ်လာဘီလီယံချီ ပုံမှန်ဝင်လာပါမည်။

ဤရာစုတွင် ကမ္ဘာရွာပြန့်ကား၍ လူမျိုးများရောထွေးသွားနေပြီဖြစ်သဖြင့် မိမိတို့ပိုင်ရာ/ဆိုင်ရာလူဦးရေသည်သာ တိုင်းပြည်တို့ယှဉ်ပြိုင်ခြင်းအတွက် အဆုံးအဖြတ်ဖြစ်လာမည်။
“ထလော့မြန်မာ အိုမြန်မာတို့။ ကိန်းများ ဂဏန်းပြခဲ့ပြီ”
“Give me good mothers and I will give you a good nation” – by Napoleon Bonaparte
မိခင်ကောင်းများပိုလွန်ရှိနေသော မြန်မာတို့နှင့် ပြည်ကောင်းတခုထူထောင်ကြပါစို့။ ။

 

31 comments

  • Mr. MarGa

    September 10, 2014 at 2:46 pm

    မီးးး ဆိုတာ
    မလောင်ခင် တားရတာမဟုတ်ဘူးလေ
    လောင်မှ ငြှိမ်းရတာ.. :mrgreenn:

    • kai

      September 10, 2014 at 3:45 pm

      ငြိမ်းရအောင်.. ဘင်္ဂ ်လီမလေး… လှလှ၂ယောက်သွားယူခဲ့..။ :k:

      • Mr. MarGa

        September 10, 2014 at 6:06 pm

        မိဖုရား လေးပါးက ဘင်္ဂါလီဆို လက်မခံဘူးတဲ့ဗျ :mrgreenn:

  • ဇီဇီ ခင်ဇော် (15102012)

    September 10, 2014 at 2:48 pm

    တစ်ရွာ တစ်ကျီ ဆောက် အံ့!!

    :mrgreen:

    • kai

      September 10, 2014 at 3:43 pm

      အမ်မ်…
      မြန်မာပြည်ထဲ..မိန်းမ ၁ဝယောက်မှာ.. ယောက်ျားကိုးယောက်ပဲရှိတာ..
      ဒီထဲ.. မိန်းမမယူနိုင်တဲ့.. ကံနာဝဋ်နာသမားတွေမပါသေးဘူး..

      မိန်းမဦးရေကများနေတာလေ…
      တရွာ ၂ကျီအဆောက်ခံနေရမှာ..ဖြစ်ကြောင်း..။။ :k:

      • ဇီဇီ ခင်ဇော် (15102012)

        September 10, 2014 at 3:45 pm

        ပို့(စ) ထဲ မိခင်ကောင်းတွေ လိုအပ်တယ် မြင်လိုက်မိသလားလို့။

        :kwi:

        • kai

          September 10, 2014 at 3:47 pm

          နပိုလီယန်က…
          “Let France have good mothers, and she will have good sons.” ကိုမှီပြောတာ…
          မိခင်ကောင်းက.. သားကောင်းတွေမွေးရမယ်..။
          များများမွေးစေသတည်း… ပေါ့..။ :k:

  • ခင် ခ

    September 10, 2014 at 3:21 pm

    ( မြန်မာ့မြေအကျယ် စတုရန်းမိုင်၂သိန်း၆သောင်းကျော် တွင်ယခုလူဦးရေအချိုးနှင့်ဆိုပါက နေရေးများစွာချောင်ချိနိုင်ပေရာ မြန်မာတို့သည် လူဦးရေကိုထိုးသွင်းမြှင့်တင်နည်းဖြင့်မြှင့်တင်နိုင်ပါသည်။ )
    ဒါကြောင့် အစိုးရကစေတနာနဲ့ ညဖက်ဆို လျှပ်စစ်မီးဖြတ် – ဖြတ် ပေးတာနေမှာ။

    • kai

      September 10, 2014 at 3:40 pm

      ညအင်တာတိန်းလုပ်တဲ့.. အလုပ်အကိုင်အခွင့်လန်းနဲ့.. စံနစ်တွေလည်း… မဖန်တီးနိုင်တော့… လူတွေမှာ.. ခြင်ထောင်ထဲ၂ပါးသွား.. ကိုယ့်ကိုယ်တိုင်အင်တာတိန်းကြရတာကိုး…..

      တကယ်တော့…
      လျှပ်စစ်မီးက တော်တော်အရေးကြီးသဗျ…
      ညအလုပ်တွေကို ချဲ့လုပ်နိုင်ကြသမို့… နေ့ခင်းရုံးချိန်.. ယဉ်ကားကြပ်ပိတ်တာတွေလည်း.. တဝက်မဟုတ်တောင်.. ၃ပုံ၁ပုံလောက်အသာလေးလျှော့ကုန်တယ်…။

      လူတွေလည်း.. ရုံးပြီးအိမ်တန်းမပြန်ပဲ.. မြို့ထဲ…အပေါင်းအသင်းများနဲ့..စားသောက်နေထိုင်ကြသေးသပေါ့…
      ငွေတွေလည်ပါတ်သွားပြီး.. အစားအသောက်အလုပ်အခွင့်အလန်းတွေထပ်ဖြစ်ပြန်ရော…

      အဲလို…

      • ခင် ခ

        September 10, 2014 at 4:13 pm

        တိုင်းပြည်တစ်ပြည်တိုးတက်ဖို့အတွက် လျှပ်စစ်မီးက အလွန်အရေးပါ ပါတယ်သဂျီးရေ။
        အခုခေတ်ကာလက စက်မှုခေတ် နည်းပညာခေတ်မို့ လျှပ်စစ်မီး ပြည်စုံအောင်မပေးနိုင်သေး သရွေ့ တိုးတက်သောပြည်နိုင်ငံ ဖြစ်လာမှမဟုတ်ပါဘူး၊ အစိုးရအနေနဲ့ အဓိက ဦးစားပေးလုပ်ရမှာ တိုင်းပြည်ကို လျှပ်စစ်မီးအပြည့်အဝ ရအောင် စီမံကိန်းတွေနဲ့လုပ်ကို လုပ်ရမှာလေ။
        အခုတော့ လျှပ်စစ်မီးရဖို့လုပ်တာကို လူထုကို နားလည်လက်ခံရအောင် ပြောပြစည်းရုံးရမယ့် အစား လက်တီးလက်မောင်းတန်းရင် ကို ခေါင်းရှုပ်မခံဘဲ စီမံကိန်းရွှေ့လိုက်တာတို့၊ ကိုယ်တိုင်းပြည်က ရတဲ့သဘာဝဓာတ်ငွေ့ ကို ဒေါ်လာရ ၊အိတ်ထဲထဲ့ရ ပြီးရော အလွယ်ရောင်း တာတို့တွေက ကြာရင်လုံးပါးပါးတဲ့ နိုင်ငံဖြစ်မလားဘဲဗျာ။

        • ဇီဇီ ခင်ဇော် (15102012)

          September 10, 2014 at 4:15 pm

          တော်ပါပြီဗျာ။
          ဒီ အစိုးရတော့ ဘာမှ လုပ်ခိုင်းမနေပါနဲ့တော့။
          လှုပ်လေ မြုပ်လေ ပြည်သူတွေ ဘွမို့။
          သူတို့ ငြိမ်ငြိမ်နေတာမှ ပိုကောင်းအူးမလားလို့။

          :a:

  • ကန္နားစီး မိဂီ

    September 10, 2014 at 3:53 pm

    ဒီအတွေးကြီးက ၉သန်းဟတယ် ဆိုတဲ့ အတွေးကို အခြေပြုထားတာပါဂျာ..။

    ကျော့်အမြင်ကတော့ အစကတည်းက သန်း၆ဝ ဆိုတဲ့ အယူကို ယူကိုမယူတာ ..

    တောတွေ နယ်တွေ (ဆင်းရဲသားတွေမှာ)
    အချမ်းသာဆုံးက ကလေးတွေ ဖြစ်နေတာကို….
    ယူဂျ ယူဂျ ဆိုပီး မြှောက်ပေးနေတေးတယ်….
    (သူကျ စားရိတ်ကြီးလို့ ကလေးတယောက်ပဲယူပီး)

    ဗြဲ…

    :mrgreen:

    • Crystalline

      September 11, 2014 at 11:57 am

      ဦးရီးတော်တစ်ယောက်..အဖိုးတွေလက်ထက်လမ်းစဉ်လိုက်ပြီး ဖယ်မလီထရီးကြီးဆွဲ..လူတိုးဖြည့်… သေနှုတ်ပေါ့.. တို့တွေလက်ထက်ရောက်တော့ အပင်တွေက ရာသီဥတုဖောက်ပြန်လို့ထင်ပါတယ်.. အညွှန့်မထွက်တော့ဘူး.. ကကျိုးကကျဲပေါ့.. :mrgreenn:

    • kai

      September 11, 2014 at 3:08 pm

      ကလေးအပိုမယူခိုင်းပါဘူးဗျာ..
      သေချာဖတ်ပါဦး..။
      ဖြတ်လမ်းလိုက်ပြီး.. ငွေရှိသူတွေနဲ့.. အိပ်စထြာအော်ဒင်နရီတွေကို.. ပီအာပေးခေါ်ဖို့ပြောတာ…

      ဒီလိုလုပ်ပြီး.. အမေရိကားပြည်ကိုထောင်ခဲ့တာပဲလေ..။
      ကိုယ်ကလည်း.. ဒီလိုလုပ်လို့… :k:

  • Wow

    September 10, 2014 at 4:38 pm

    အာ့ကျ ငါးဒွေက လောကီကော လောကုတ်တရာပါ အမြင်ရှိဒယ်..
    သူ့ဥ သွသူပြန်စားပစ်တော့ ငွေကုန်သက်သာ သံသရာလဲ ပြတ်ရော :mrgreen:

    • kai

      September 11, 2014 at 3:09 pm

      ငါးတွေကို.. ကုမ္မဏီကြီးတွေနဲ့လည်း နှိုင်းပြောသဗျ..
      ငါးသေးကိုငါးကြီးစားသတဲ့လေ…။

  • alinsett

    September 11, 2014 at 3:27 am

    တလွဲကို စနစ်တကျ တည်ဆောက်ပြထားတဲ့မြို့ကြီးလား
    အဲ့ဒီမြို့ကြီးမှာ လမ်းတွေကောင်းဖို့
    မီးတွေလင်းဖို့
    ရန်ကုန်လို တကယ့် တိုင်းသူပြည်သားတွေသက်ဝင်လှုပ်ရှားကြတဲ့
    မြို့တွေမှာ
    လမ်းတွေ ဆိုးသွားတယ်
    မီးတွေ ပျက်ထားရတယ်။
    ဒါက သချင်္ာနည်းနဲ့တွက်ရင်တော့ ဟုတ်နေတာပဲ

    အစိုးရမှာ ငွေတစ်ထောင်ရှိမယ်
    ရန်ကုန်နဲ့ နေပြည်တော်ကို ခွဲပေးရမယ် ဆိုရင်
    နေပြည်တော်ကို ပိုပေးချင်ရင် ရန်ကုန်က လျော့ကို လျော့မယ်။
    အခုဟာက နေပြည်တော်ကို တစ်ထောင်ထဲက ညီတူမျှတူ ငါးရာ မပေးပဲ ရှစ်ရာလောက်ပေးလိုက်တော့
    ရန်ကုန်က နှစ်ရာပဲ ရနေတာပါ။
    သချာင်္နည်းအရ ဒါ တော်တော် မလွဲတဲ့ စနစ်ပါ။

    အဲ့ဒီ စနစ်ကိုလုပ်ဖြစ်အောင် ထ လုပ်နေတဲ့ လူတစုကြောင့်ပါ။

    😆

    ———

    မြန်မာ့ မြေ အကျယ်အဝန်းနဲ့ လူဦးရေအချိုးကျ တွက်ကြည့်ရင်
    တော်တော်ချောင်ချိနေပေမယ့်
    တကယ့်တကယ်မှာတော့ မြေယာ အိုးအိမ်မဲ့ ဆင်းရဲသားတွေ ရိုက်သတ်ရင်တောင် မကုန်။

    ရန်ကုန်မြို့ မြေဈေးနှုန်းဟာ ဂျပန် တိုကျိူထက်တောင် မြင့်တယ်လို့ သိရပြီးနောက်မှာ
    ကျနော်တော့ ရန်ကုန်မှာ(ကျနော့်လုပ်ခ လစာ တစ်သိန်းကျပ်ကျော်ကျော်လေးနဲ့ စုစောင်းပြီး) မြေတစ်ကွက် ပိုင်ဆိုင်ချင်စိတ်ကို စွန့်လွှတ်လိုက်ပါတယ်။

    အမေရိကမှာ မြေဝယ်ပြီးသာ လာနေလိုက်ချင်တော့တယ် သဂျီးရယ်။

    :mrgreen:

    • kai

      September 11, 2014 at 3:10 pm

      ဘာလို့ရန်ကုန်နေမလည်း..
      အကုန် မြို့ပြပြေးလာစုတာကိုက.. ပြဿနာ…………..။

      ခါကာဘိုရာဇီတောင်ခြေရင်းမှာ.. ငွေတသောင်းလောက်ရင်းပြီး.. ကျောက်တိုက်ကလေးဆောက်နေပေါ့…
      သဘောပြောတာ…။ :k:

  • မြစာကလေး (23122011)

    September 11, 2014 at 6:43 am

    နှိမ်ခံရသူ ရှက်ရမှာလား။
    နှိမ်ဖို့ကြိုးစား နေသူတွေ ရှက်ရမှာလား။
    တကယ်က မြန်မာမိန်းမ တွေ ကို မြန်မာ ယောကျာင်္းတွေ က မနှိမ် ရဲပါဘူး။
    အဘရွှေ နဲ့ အဘွားကြိုင် ဘယ်သူက ပို အားဏာပြင်းတယ် ထင်လဲ သူကြီးမင်းရဲ့။
    တကယ်တော့ အာဏာရှင်စနစ် က ထက်မြက်သူ တွေ ကို နှိမ်နေတာလေ။
    မိန်းမ တွေ ကပိုတော် နေတော့ ပိုနှိမ်သလို ဖြစ်နေသပေါ့။

    (သူကြီး ဘယ်မှာမန့် ခဲ့တယ် မသိတော့ – မြန်မာမိန်းမ တွေ အနှိမ်ခံ ရတယ် ပြောနေလို့)
    ဒီမှာဘဲ မန့်ချက်ပြန်ချလိုက်ပြီ။ လူလဲ မူး နေပြီ။ lol:-))

    • pooch

      September 11, 2014 at 1:49 pm

      ဟုတ်ပါ့ ဟုတ်ပါ့ အခုခေတ် မိန်းမတွေ ပိုတော်ပိုတတ်နေတာ မို့ ပိုနှိမ်နေသလို ဖြစ်နေတာ
      :mrgreenn:

      အော် သူကြီးရယ် ကိုယ်တိုင်မွေးမှ မဟုတ်ပါဘူး
      မိဘမဲ့ကလေးတွေကို ထောက်ပံ့နိုင် ပညာမသင်နို်င်တဲ့ ကလေးတွေကို သင်နိုင်အောင် တဖက်တလမ်းက ကူညီထောက်ပံ့ပေးနိုင်ရင်လည်း သားကောင်းသမီးကောင်းတွေ ရဖို့ လုပ်ပေးနို်င်တယ် ဆိုရမှာပဲလေ

      Quantity ထက် Quality က ပိုအရေးကြီးပြီး ပိုထိရောက်တယ်ဆိုတာ

      ဒုတိယကမာ္ဘစစ်အတွင်း လူမျိုးတုန်း အသက်ခံရပေမဲ့ ကျန်နေသေးတဲ့ ဂျူးတွေ ဘယ်လောက်တော်ပြီး ဘယ်လိုရပ်တည်နေတယ်ဆိုတာ သက်သေရှိပါတယ်
      ကျန်ခဲ့တဲ့ သူတို့ လူမျိုး ၁၀ဝ မှာ ၁ ယောက်က scientist ပါ
      စာဖတ်နှုန်းကလည်း ကြောက်ခမန်းလိလိ

      အရေးကြီးတာက လူဦးရေထက် ပညာတကယ်တတ်တဲ့ အတွေးခေါ်ရှိတဲ့ ပညာတတ်တွေ မွေးထုတ်နိုင်ဖို့ အဓိက

      လိုရာတွေကို ဆွဲပြီး လျှောက်မပြောပါနဲ့ :mrgreenn:

      မိဘမဲ့ကျောင်းတွေ တောင်ပေါ်ဒေသတွေ ကို အရင်တပတ် ပတ်ကြည့်လိုက်အုန်း 😆

      • kai

        September 11, 2014 at 3:15 pm

        အမှန်က.. မိန်းမတွေကို.. ဥပဒေနဲ့ရော.. ဘာသာရေးအရရော.. စနစ်တကျနဲ့နှိမ်ထားလို့.. နှိမ်လို့နှိမ်ထားမှန်းတောင်မသိ.. ဖြစ်နေတာ…

        ကျိုက်ထီးရိုးကျောက်တုံးကို.. လက်နဲ့ထိမရ..
        ရွှေတိဂုံအထက်ပစ္စယံမတက်ရ…
        လွှတ်တော်ထဲ.. ၅ရာခိုင်နှုန်းတောင်နေရာမရ…
        မယားပြိုင်ဥပဒေလက်ခံထားရ…။
        ထမီအောက်ကထွက်လာတဲ့ယောက်ျားတွက.. ထမီအောက်ဝင်ရင်..ဘုန်းနိမ့်တယ်ပြောကြ..
        :k:

        • pooch

          September 11, 2014 at 3:25 pm

          အဲ့ကိစ္စ
          ဆရာတော်တပါးဟောတာ ကြားဖူးတယ်
          မိန်းမတွေ ဘုရားပေါ် မတက်ရဖူးလို့ ဘုရားက မဟောပါဘူးတဲ့ ဘုရားဟောမဟုတ်ပါတဲ့
          အဲ့ဒါ ရိုးရာအစဉ်အလာ အယူအဆပါတဲ့

          တို့ဘုရားက ကျားမ ခွဲခြားစိတ် မ ရှိပါဘူးတဲ့

          But the big but is ဒီအယူအဆထဲက ဘိုဖောက်ထွက်ရမှာတုန်း
          အကုန်လုံး သဘောင်္နဲ့တင် ပြီး ပင်လယ်ထဲ မျောပလိုက်ရမှာလား ဟင် :mrgreenn:

          ခုတော့ ရေလိုက်ငါးလိုက်နေတယ် ပြောလို့ရတဲ့ အသိုင်းဝိုင်းမှာ ပြောတယ် ပြောမရတဲ့နေရာ ရောက်ရင် ပါးစပ်ပိတ်ထားတယ်
          သက်ဆိုးမရှည်မှာ စိုးလို့ :mrgreen:

        • pooch

          September 11, 2014 at 3:33 pm

          ဒါပေမဲ့ အဲ့ မယားပြိုင် ဥပဒေကတော့ လုံးဝကို ဆန့်ကျင်တယ်
          လာမဲ့နှစ်တွေထဲ အမျိုးသမီးတွေတန်းတူူူူူူူူူူူူူူူူူူူူူူူညီမျှဖြစ်မဲ့ ဥပဒေတခု ပေါ်ပေါက်ဖို့ လုပ်ပေးနိုင်မဲ့သူကို လွှတ်တော်ထဲ သွင်းပြီး အရယူခိုင်းမယ် :mrgreen:

      • ကန္နားစီး မိဂီ

        September 11, 2014 at 6:56 pm

        ကေ့စ်ဘိုင်ကေစ့် …..ဗျ
        မဟာ အိပ်ထိယ ဝါဒီများရဲ့ ….

        အဟစ် အဟစ်

        :mrgreen:

  • မြစာကလေး (23122011)

    September 11, 2014 at 11:18 pm

    ဒီနေရာမှာ “နှိမ်တယ်” ဆိုတာ ကို အဓိပ္ပါယ်ဖွင့်ရမယ် ထင်ရဲ့။
    ကျွန်မ အထင်တော့ ဘာသာရေး အရ ဟိုမတက်ရ၊ ဒီမဆင်းရ၊ ဒါမကိုင်ရ ဆိုတာတွေ က နှိမ်တယ်ထားဦး။ နှိမ်ရာမမြောက်ပါဘူး။
    ဘာလို့လဲ ဆိုတော့ အဲဒါတွေ မလုပ်ရလဲ ကိုယ့်ဘဝ တိုးတက်ပြောင်းလဲ မှု ကို ဘာမှ မထိခိုက်လို့ပါ။
    ဒီတော့ မတက်ရ။ မတက်ဘူး ပေါ့။ ဒီအတွက် တော့ အပို အလုပ်တွေ မို့ အခွင့်အရေးတောင်းနေစရာမလိုပါ။
    နောက်တွေ့မြင်ရတာက သားလေး ထမိန်တန်းအောက် ဝင်ပြေးတာ ဆို အမေတွေ၊ အဖွားတွေ ဆူလို့ မဆုံး။
    သူတို့ဟာသူတို့ ပြန်ကြပ်နေတာလေ။
    ဒါပေမဲ့ သူတို့ သဘောတူနေတဲ့ အကြောင်း ဘာလို့ ဝင်ပြီး မဟုတ်ဘူး။ မိန်းမတွေ ကို နှိမ်တာ ဘာညာ ပြောမနေတော့ဘူး။
    ကိုယ့် ဂျန်နရေးရှင်းမှာတော့ ဒီ အယူ ပျောက်သွားချင်သွားမပေါ့။
    မပျောက်လို့ ပျော်လို့ ထိန်းချင်လဲ ထိန်းပေါ့။
    ကိုယ့်ကို တားတာမှ မဟုတ်တာ။
    ထမိန်တန်း အောက်ကို တိုးတဲ့ မျောက်တွေ အတားခံရတာဘဲ။
    သူတို့ ကမှပြန်မေးဖို့ကောင်းတာ။
    မိန်းကလေး တွေကျ ဝင်လို့ ရတယ်။
    ဘာလို့ သူတို့ကျ ဝင်လို့ မရတာလဲလို့။
    အဲဒါလဲ အဆင့်ခွဲတာလေ။ ဟိ။

    နောက် မယားပြိုင်ကိစ္စ။
    မှန်တာပြောရရင် အရင်က ရှိမှန်းတောင် မသိပါဘူး။
    သိဖူးတာကလဲ အငယ်လေးတွေ တော့ တိတ်တိတ် မိန်းမကြီး မသိအောင် ထားကြတယ်။
    ပြိုင်ထားတယ် ဆိုတာ အတော်လေးကြားရခဲပါတယ်။
    မိန်းမကြီး သိရင် ကွာချင်ကွာ၊ မကွာရင် ဟို ကိုဖြတ်။ ဒီလို ဘဲ ရှင်းကြသလားလို့။
    ရွာထဲ မယားပြိုင် ထား နေတဲ့ သူ ဘယ်နှစ်ယောက်များ ရှိလဲ စစ်တမ်းကောက်ကြည့်ပေါ့။
    ဒီတော့ ဒီ ဥပဒေ ကလဲ ဘယ်က ဘယ်လို မှီငြမ်းပြီး ထား တယ် မသိ။
    အမှု တစ်သောင်း မှာတောင် တစ်မှု ပါပါ့မလား။
    ထားပါတော့။
    ဒါမျိုး ကို အများဝိုင်းတောင်းဆိုရင် မပြင်နိုင်ဖွယ် မရှိပါ။
    တော်ရုံ လဲ ဘယ်သူကမှ ပြင်ဖို့ ကို ခါးခါးသီးသီး ကန့်ကွက်မယ် မထင်။
    ဒါကိုလဲ ဒီ ရွာထဲ ဘယ်မောင်မင်းကြီးသားများ ကန့်ကွက်လိုပါသလဲ။
    ပြောပါ။ အားမနာကြေး။
    ဒီလို အလွယ် တွေးလို့ ရနေတဲ့ အကြောင်းဖြစ်နေကထဲ က
    ဒီ ဥပဒေဟာ လက်ရှိမှာ မိန်းမ တွေ ကို နှိမ်ဖို့ ထက် သူ့ဟာသူ စာအုပ်ထဲ ညှပ်ပါနေတာလို့ ထင်ပါတယ်။
    လောလောဆယ် မပြင်နိုင်ခင် တော့ တို့ မိန်းမများ ကိုယ့်နွား ကို ကိုယ် ခြံလုံအောင် လုပ်ထားကြပေါ့။
    မြင်အောင် ပေးလိုက်မိတဲ့ ဥပမာမို့ ချိတ်ချိုးကြနဲ့။
    ယူ တို့ ကို နွားလို့ ကျောတာဝုတ်ဝူး။ ဟိ။

    လောလောဆယ် မိန်းမများ ကို နှိမ် တယ် လို့ ပြောနိုင်တာက ကျောင်းဝင်ခွင့် အမှတ်များ။
    တစ်ချို့ ပညာရပ် တွေ က မိန်းမ ရဲ့ ခန္တာဗေဒ အရ အလုပ်လုပ်ဖို့ မသင့်တော်တာ ရှိနိုင်တာ ကို နားလည်ပါတယ်။
    ဒါပေမဲ့ ဆေးပညာ လို မျိုး မှာ မိန်းကလေးတွေ အမှတ် ကို မြှင့်ထားတာကတော့ မတရားပါ။
    ထင်တာကတော့ မိန်းကလေး တွေ ရဲ့ အမှတ် က ကောင်လေး တွေ ထက် များ နေတော့ မိန်းမ % များများ က ထိပ်ရောက်နေတာမို့ ကျားများ နေရာ မရ မှာကြောင့် ဒီလို အမှတ် တွေ ခွဲထားတာ ထင်ပါတယ်။
    အဲလို အကြောင်း မို့ ဆိုရင်လဲ အလုပ်ခွင်ဝင်ရင် ကျားမ မျှစေချင်လို့ ဒီလို လုပ်ရပါတယ် လို့ ပွင့်ပွင့်လင်းလင်း ပြောရင် လက်ခံပါတယ်။
    အမှန်ကလဲ ဒါကြောင့်မို့ပါဘဲ။
    ဘယ်သူ ငြင်းချင်လဲ မသိ။

    ကျားမ မခွဲရ တင်းကြပ် နေတဲ့ အနောက်နိုင်ငံတွေမှာတောင် တစ်ချို့ နေရာ/ အလုပ် တွေမှာ (အဓိက ထိပ်ပိုင်းမှာ) ကျား ဆိုရင် လခ ပိုပြီး မိန်းမ ဆိုရင် လခ နဲ သတဲ့။
    မြန်မာပြည်မှာ ဒါမျိုး ခွဲ တာ ရှိတယ် ထင်လား။
    ကျွန်မ လုပ်ခဲ့ဖူးတဲ့ အလုပ် မှာတော့ လုံးဝမရှိပါ။
    နောက်ပြီး သိရသလောက် ဂျပန်မှာ ၊ ကိုရီးယားမှာ မိန်းမ တွေ ကို အသေအချာ နှိမ်ပါတယ်။
    မိန်းမ ခေါင်းဆောင် သိပ်မတွေ့ခဲ့ဘူး သလားလို့။
    သူတို့က မိန်းမ ဆိုရင် ဇိမ်မယ် တွေလို သုံးချင်ကြသလား။ မသိ။
    မှားရင်ပြင်ပေးကြပါ။
    ဒီတော့ မိန်းမတွေ ဟာ အာရှ မှာတော့ နောက်မှာချန်ထားခံ နေရဆဲပါ။
    ပြသနာက ကိုယ့်မိန်းကလေး တွေ ကလဲ မှီခို လုပ်ချင်နေကြတာ ဆိုရင်လဲ သူတို့ ပျော်သလို နေပေါ့လေ။
    ဒါပေမဲ့ မူစလင်နိုင်ငံ တွေက မိန်းမ တွေထက် မြန်မာမိန်းမ တွေ အများကြီး အပုံကြီး လုပ်ခွင့်ရှိပါတယ်။
    ကိုယ်သာ ရှေ့ရောက်ချင်စိတ်ရှိပါစေပေါ့။

    မြန်မာပြည်မှာ မိန်းမဌာနဆိုင်ရာ ခေါင်းဆောင် တွေ အများကြီးပါ။
    အရင်ကရော၊ အခုရောပါ။
    လက်ရှိ လွှတ်တော်ထဲ မှာ ၅% က ယူကေ ရဲ့ ၂၅% နဲ့ ယှဉ်ရင် နဲပေမဲ့ အပြင်မှာ မိန်းမတွေ လွတ်လပ်ခွင့် မနဲပါဘူး။
    ဒါကို ဘာလို့ ပြောလဲ ဆိုရင် မြန်မာပြည်ထဲ အလုပ်လုပ်ခဲ့တုန်း က လုပ်နိုင်ရင် လုပ်တတ်ရင် နေရာ ရနိုင်တာ တွေ့လို့ပါ။
    အဓိက မိန်းမ တွေ ကြိုးစားဖို့ဘဲ လိုမှာပါ။
    နောက်ပိုင်း လွှတ်တော်ထဲ မိန်းမတွေ အများကြီး ရှိလာမှာပါ။
    ဝန်ကြီး ထဲ တောင် မိန်းမ တွေ စဝင်နေပြီဘဲ။

    စကား တစ်ခွန်း ကြားဖူးတယ်။
    Men of Quality respect Women’s Equality (Real Men respect Women) ဆိုလား။
    ဒီတော့ မိန်းမ တွေ မတော်ဘဲ နောက်ကျန်နေရင် နောက်ချန်နေရင် မိန်းမ တွေ တာဝန်
    ကိုယ့်ထက် သာတဲ့ တော်တဲ့ မိန်းမ ဆိုရင် ကိုယ့်ခေါင်းဆောင် အရာထားဖို့ ဝန်မလေး ရမှာက ကျားအစစ် တို့ ရဲ့ တာဝန်။
    ဒီတော့
    တာဝန်ကျေပါ တပ်မှူးများ။
    :-)))))

    • kai

      September 12, 2014 at 9:57 am

      အင်း..
      မြန်မာယောက်ျားတွေက.. မြန်မာမိန်းမတွေကို.. မနှိမ်ပါဘူး..
      Individual တသီးပုဂ္ဂလ…တယောက်စီတွေကအနေနဲ့ပေါ့…။
      မယကတွေတောင် ပိုများမလားပဲ..။ :k:

      ဒါပေမယ့်.. အဆုံးသတ်ရလဒ်က.. ဒီလိုမဟုတ်..။
      ..လူမျိုး..နိုင်ငံအတိုင်းအတာနဲ့ခြုံငုံပြောရရင်… (အိနိ္ဒယရဲ့ဟိန္ဒူယဉ်ကျေးမှုလွှမ်းမိုးခံထားရသမို့.. ) ယောက်ျားနဲ့တန်းတူအခွင့်မရေးမရ.. မရှိကိုဖြစ်နေသဗျ..။
      တိုင်းတာနိုင်တဲ့အညွှန်းကိန်းတွေရှိမှာပါ..
      အဲဒါတွေနဲ့တိုင်းကြည့်စေချင်…

    • Mg Yit Htoke

      September 28, 2014 at 10:51 am

      လွှတ်တော်ထဲ ဒေါ် wild ကျီ လို ၂၅% ဆို တေပီ 😛

    • ဝင့်ပြုံးမြင့်

      September 30, 2014 at 5:18 am

      . အရီးလတ်ပြောတာ –နောက် မယားပြိုင်ကိစ္စ။
      တော်ရုံ လဲ ဘယ်သူကမှ ပြင်ဖို့ ကို ခါးခါးသီးသီး ကန့်ကွက်မယ် မထင်။
      ဒါကိုလဲ ဒီ ရွာထဲ ဘယ်မောင်မင်းကြီးသားများ ကန့်ကွက်လိုပါသလဲ။
      ပြောပါ။ အားမနာကြေး။
      ဒီလို အလွယ် တွေးလို့ ရနေတဲ့ အကြောင်းဖြစ်နေကထဲ က
      ဒီ ဥပဒေဟာ လက်ရှိမှာ မိန်းမ တွေ ကို နှိမ်ဖို့ ထက် သူ့ဟာသူ စာအုပ်ထဲ ညှပ်ပါနေတာလို့ ထင်ပါတယ်။
      အမှု တစ်သောင်း မှာတောင် တစ်မှု ပါပါ့မလား။
      —-
      ကွန်မင့်ဝင်တာ နောက်ကျနေတာ ခွင့်လွှတ်ပါတော့ အရီးရေ။ အမလတ် ရွာထဲပျောက်နေစဉ်တုန်းက ရွာထဲမှာ ပွဲဆူခဲ့ပါပေါ့။ ကထူးဆန်းရေးတဲ့ ဗျိ ု ့ ခရီးသည်ကြီး ဆိုတဲ့ပို့စ်ရယ်၊ ကျမရေးတဲ့ ရွာ့အရေးအဆက် ရယ် ဒီပို့စ် ၂ခုထဲနဲ့တင် အပေါ်က အမလတ်ပြောခဲ့တာ တက်တက်စင် မှားနေပြီဆိုတာ တွေ့ပါလိမ့်မယ်။ တစ်လင်တစ်မယားစနစ် မှာ ဒီရွာထဲမှာ ဘယ်မောင်မင်းကြီးသားမှ မထောက်ခံခဲ့ပါဘူး။ ရွာထဲ ရှေ့ဆုံးကပြေးနေတဲ့ ကိုဂီ တို့တောင် မထောက်ခံခဲ့ပါဘူး။

      မြန်မာပြည်မှာ မိန်းမတွေကို နှိမ်ထားတာ သေချာတယ်လို့ပဲ ဒက်ထိခံစားရတယ်။ ပြီးတော့ မယားပြိုင်ဥပဒေကို ဘယ်လိုခြွင်းချက်မျိ ုး နဲ့မှ ပြဌာန်းစရာအကြောင်းမရှိဘူး။ ဘယ်လိုခြွင်းချက်မျိုးနဲ့မှ လက်သင့်မခံသင့်ဘူး။ အို ..ထလော့ မြန်မာမများ လို့တောင် ဆိုလိုက်ချင်ရဲ့။
      .သဘောတရားတွေဟာ ဘာနဲ့တူသလဲဆိုရင် ဥပမာ တစ်ခုပြောချင်ပါတယ်။ ၄ နဲ့ ၄ပေါင်းရင် ၁ဝ တော့ဘယ်လိုလုပ်ရမလဲကွယ် ဆိုတာလိုမျိုး။ မှန်ပါတယ် ၁ဝ တော့ ဘယ်ရနိုင်ပါ့မလဲ။ ဒါပေမယ့် ၈ ရတယ်ဆိုတဲ့ အချက်အလက်မှန်ကို ဒီလိုသဘောတရားတွေက အသာဖုံးအုပ်ပစ်လိုက်နိုင်တယ်။ မယားပြိုင်ဥပဒေ ကို လက်သင့်ခံထားရဖို့ သဘောတရားတွေ အများကြီးရှိနိုင်တယ်။ လူဦးရေအချိုးတို့ (မိန်းမကပိုများနေတယ်လေ)။ မကျေနပ်ရင် ကွာရှင်းခွင့်တောင်းလို့ရတယ်တို့။ ပတ်ဝန်းကျင် ရှိတယ်လို့။ ကိုယ့်ယောက်ျားကိုယ် ခြံလုံအောင် ထိန်းသင့်တယ်တို့ စသဖြင့် အမလတ်တို့ ပိုပြောပြနိုင်မှာပါ။ ဒီလို သဘောတရားတွေ အများကြီးရှိတယ်။ ဒါပေမယ့် ၄နဲ့၄ပေါင်းရင် ၈ ရတယ်ဆိုတဲ့ အချက်အလက်မှန်တော့ မဟုတ်ဘူး။ အချက်အလက်မှန်ကတော့ မယားပြိုင်ဥပဒေဟာ ဒီမိုကရေစီရဲ့ ပြောင်းပြန်ပါ။ ဒီမိုကရေစီမှာ ယောက်ျားမိန်းမ အခွင့်အရေးတန်းတူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုခြွင်းချက်မျိုးနဲ့မှ မယားပြိုင်ဥပဒေကို လက်သင့်ခံထားစရာ မလိုအပ်ပါဘူး။

  • ဦးကြောင်ကြီး

    September 14, 2014 at 12:34 am

    ဦးမာမွတ်.. ပီးဂဲ့ဓဲ့လထုတ် ဒေါင်းမရဘူး.. အီးမေးလ်ထဲလဲ မဝင်ဒေါ့ဗူး.. ဘိုဖတ်ယမဲ

  • kai

    September 28, 2014 at 4:30 am

    အမျိုးသမီး ဖွံ့ဖြိုးရေး ကလင်တန် ဖောင်ဒေးရှင်း ကူမည်
    26 September 2014 22:02(+0630) (၁ ရက် ခန့်က)
    မြန်မာနိုင်ငံဒေသ(၆)ခုမှာ နေထိုင်ကြတဲ့ အမျိုးသမီးပေါင်း (၆) သောင်း ကျော်ကို ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ် အနေနဲ့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ကလင်တန် နိုင်ငံတကာ အကူအညီ ပေးရေး အစီအစဉ် CGI ကနေ အမေရိကန်ဒေါ်လာ (၇) သန်း ထောက်ပံ့ သွားမယ်လို့ CGI က ထုတ်ပြန် လိုက်ပါတယ်။ ကူညီထောက်ပံ့ရေး အစီအစဉ်ကို အမေရိကန်အခြေစိုက် pact အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့တွေဖြစ်တဲ့ Chevron ၊ Coca Cola foundation တို့ကနေ တာဝန်ယူ ကူညီပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ကလင်တန် နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်ရဲ့ အကူအညီ အကြောင်းကို ကိုစည်သူက ပြောပြပေးမှာပါ။

    အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် ဦးဆောင်တဲ့ Clinton Global Initiative (CGI) လို့ ခေါ်တဲ့ ကလင်တန် နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်ရဲ့ ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံဒေသ(၆)ခုက အမျိုးသမီးတွေအတွက် ဆင်းရဲမှုလျှော့ချရေး၊ စွမ်းဆောင်ရည်မြင့်တင်ရေးကဏ္ဍတွေ အတွက် အမေရိကန်ဒေါ်လာ (၇) သန်း ထောက်ပံ့ကူညီမယ်လို့ CGI အဖွဲ့က ထုတ်ပြန်ကြေညာ လိုက်တာပါ။

    အခုကူညီထောက်ပံ့မှုကို အမေရိကန်အခြေစိုက် pact အဖွဲ့ရဲ့ မြန်မာဌာနခွဲ pact Myanmar နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အကောင်အထည်ဖော် သွားမှာဖြစ်တယ်လို့ Pact Myanmar ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစည်သူစိုးမိုး က ပြောပါတယ်။

    ” အဲ့တာ ကျနော်တို့ Clinton Global Initiative (CGI) အဖွဲ့ အစီအစဉ်နဲ့ ထောက်ပံ့ တာပါခင်ဗျာ။ သူတို့ CGI ကတော့ သိတဲ့အတိုင်းပါပဲ အမေရိကန် သမ္မတဟောင်း ကလင်တန် ဖွဲ့သွားတဲ့ အဖွဲ့ပါ။ တကမာ္ဘလုံးမှာရှိတဲ့ Most Present Issues ပေါ့နော်။ အဲ့ဒီ့ Issues တွေကို သူတို့ကနေပြီးတော့ နိုင်ငံခေါင်းဆောင်တွေ ၊ ဒီNGO က အကြီးအကဲတွေ၊ ကမာ္ဘတဝှမ်းမှာရှိတဲ့ ထိပ်သီးကုမ္ပဏီကြီးတွေ ရဲ့ CEO တွေ စုပေါင်းပြီးတော့ ညှိနှိုင်းဆွေးနွေး အဖြေရှာပြီးတော့ ဘယ်သူကိုတော့ ကူညီ ထောက်ပံ့ ရင်ကောင်းမယ်ဆိုပြီးတော့ ဆွေးနွေးတဲ့အခါမှာ မြန်မာပြည်ကို အခု ဒီ CGI အကူအညီက လာပါပြီ လာတဲ့အခါမှာ ဒေါ်လာ ရသန်း ထောက်ပံ့ပါတယ်။ ထောက်ပံ့တဲ့အခါမှာ Pact Myanmar နဲ့ ပူးတွဲပြီးတော့ လုပ်တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ Coca Cola ရယ် Chevron ၊ ရေနံကုမ္ပဏီကြီးနှစ်ခုရယ် ပေါင်းပြီး ထောက်ပံ့ပါတယ်။”

    Pact Myanmar အဖွဲ့ဟာ ၁၉၉ရ ခုနှစ်ကတည်းက မြန်မာနိုင်ငံ တွင်း ကျေးရွာတွေ မှာ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း တိုးတက်ဖွံ့ဖြိုးရေးတွေ ကို ဆောင်ရွက်နေ တာဖြစ်ပါတယ်။ အခု အကူအညီမှာတော့ အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ Coca Cola ၊ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့နဲ့ ပူးပေါင်းပြီး လက်ရှိ လုပ်ကိုင်နေတဲ့ အကူအညီပေးရေး လုပ်ငန်းတွေ ဆက်လက်တိုးမြှင့် လုပ်ကိုင်သွားဖို့ ရှိတယ်လို့ Pact Myanmar က ပြောပါတယ်။

    ” အဲ့တာ ကျနော်တို့ လောလောဆယ် ပရိုဂျက်နှစ်ခုပေ့ါနော်။ Coca Cola က လုပ်တဲ့ စွမ်းရည်ရှိတယ် ခင်ဗျာ။ Cheveron က လုပ်တဲ့ ရှိုင်းဆိုတာရှိတယ်။ စွမ်းရည် ကတော့ မြန်မာအမျိုးသမီးတွေ ဒီစီးပွားရေး စွမ်းအား မြင့်တက်ရေးပေါ့။ မိသားစုတွေ ဝင်ငွေ ချောင်လည်လာပြီးတော့ ကျန်းမာရေးအခြေခံ အကုန်လုံးပေါ့။ လူနေမှု အဆင့်အတန်း မြင့်တက်ရေးအတွက်မှာလည်း သုံးပါ့မယ်။ ဘယ်လောက် သုံးမယ်ဆိုတာ ကျနော်တို့ ဆွေးနွေး ညှိနှိုင်းနေပါတယ်။ ကျနော်တို့ ရှိုင်းကျတော့ ကျန်းမာပျော်ရွှင်တဲ့ဘဝ ကနေ မိသားစု ဝင်ငွေ တိုးတက်လာဖို့အတွက် အဲ့ဒီ့အတွက် လုပ်တာပါ။ အဲ့ဒီ့အတွက် ဘယ်လောက်ဝင်ငွေ ထောက်ပံ့မယ်ဆိုတာ ဆက်ပြီးတော့ ညှိနှိုင်းနေတုန်း ရှိပါသေးတယ်။ ဒေါ်လာ ရသန်းကတော့ သေချာသွားပါပြီ။”

    Pact Myanmar ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစည်သူစိုးမိုး ပြောသွားတာပါ။

    Pact Myanmar နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ရန်ကုန်၊ မန္တလေး နဲ့ စစ်ကိုင်းဒေသတွေမှာ အကူအညီပေးနေပြီးတော့ CGI ရဲ့ အကူအညီကို အဲဒီဒေသတွေမှာ တိုးမြှင့်သုံးစွဲသွားနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။

    မြန်မာအမျိုးသမီးများအတွက် စီးပွားရေး စွမ်းအားမြင့်မားစေရေး အတွက် ငွေစု အသင်းတွေက တဆင့် ဘဏ္ဍာရေးစနစ်တစ်ခု တည်ဆောက်နိုင်တဲ့ သင်တန်းတွေ အပြင် ကျေးလက်ဒေသက အမျိုးသမီးတွေ စီးပွားရေး စွမ်းဆောင် ရည်မြင့်မားလာစေဖို့ ကူညီပေးသွားမယ်လို့ Pact Myanmar က ပြောပါတယ်။

    မြန်မာနိုင်ငံဟာ လူလေးဦးမှာ တစ်ဦးကျ ဆင်းရဲနွမ်းပါးနေတယ်လို့ သတ်မှတ်ခံ ထားရတာကြောင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး လုပ်ဆောင်ချက်တွေအ တွက် မြန်မာနိုင်ငံကို ကူညီဖို့ CGI ကရွေးချယ်ခဲ့တာဖြစ်တယ်လို့ CGI က ထုတ်ပြန်ပါတယ်။

    နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကလင်တန်ရဲ့ ၂၀၁၃ နိုဝင်ဘာလတုန်း က မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြန်မာသမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာလည်း ဆင်းရဲတဲ့ မြန်မာနိုင်ငံ အတွက် သမ္မတဟောင်းကလင်တန်ရဲ့ CGI Clinton Global Initiative အနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေး ပန်ကြားခဲ့ဖူးပါတယ်။

    မစ္စတာကလင်တန်ဟာ CGI လို့ခေါ်တဲ့ Clinton Global Initiative ကို ၂၀၀၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး CGI အနေနဲ့ ကမာ္ဘတဝန်း နယ်ပယ်အသီးသီးမှာ ဦးစီး ဦးဆောင်လုပ်နေသူတွေကို စုစည်းပြီး ကမာ္ဘကြီး ရင်ဆိုင်နေရတဲ့ အရေးတကြီး စိန်ခေါ်မှုတွေအတွက် ထိုးထွင်း ဆန်းသစ်တဲ့ အဖြေတွေ ရှာဖို့နဲ့ အကောင်အထည်ဖော်ဖို့ ထူထောင်ခဲ့တာဖြစ်ပါတယ်။

    ကိုစည်သူ / ဗွီအိုအေ (မြန်မာပိုင်း)
    http://burmese.voanews.com/content/clinton-global-initatives-to-promote-capacity-of-myanmar/2463325.html

Leave a Reply