ကျမျက်ရည်ခမ်းပါစေသား
ကျမျက်ရည်ခမ်းပါစေသား
ရတက်မအေး ပူးဆွေးမှု့ကြုံ
လောဘဘေးမှ လွတ်ချင်ပါလည်း
သောကအတွေး နေရာပေးရင်း
မောဟသက်ပြင်း ပင့်သက်ခိုက်မှာ
ပါးပြင်ထက် ကျမျက်ရည် ခမ်းဖူးတယ်
အဆင့်အတန်း အမြင့်မမှန်းပေမယ့်
လူလူချင်းဆက်ဆံမှုက နိ်မ့်ကျသတဲ့လား
အတိတ်ဘဝ အခြေမလှပေမယ့်
ငါလေ ကြိုးစားစဲပါ ဘဝကတော့ တမာမျိုးမို့
သကြားဆိုတာ ဘယ်လိုအရသာပါလိမ့်
မာနရှိတာပေါ့ မိသားစုဆိုတာလေး
အသိစိတ်နဲ့ ခဝါချထားတာ မင်းမသိပါဘူးလေ
ရက်စက်တက်တာပေါ့ ဒါပေမယ့် ငါမိုက်ရူးရဲ မဆန်တက်ဘူး
ပြောကြတယ်နော် တရားသောလောကကြီးတဲ့
ဟုတ်မယ် သူတို့ပြောတဲ့စကား ဖြူပါတယ်ဆိုတဲ့
စံပယ်တောင် ညစ်သွားတယ်
သံသရာခရီးမှာ အနာတရရှိတာ မဆန်းပါဘူး
လွမ်းခြင်း ဆွေးခြင်းဆိုတာ ငါ့တို့အတွက်
အမောပြေရေတစ်ခွက်လောက် တန်ဖိုးမရှိပါဘူးလေ
ပန်းတိုင်မရောက်သေးတော့လဲ နွေနေပူ ခရောင်းလမ်း
ကျောခိုင်းရင်း ကျမျက်ရည် ခမ်းပါစေသား
ကာရံ ၁၉ ့၉ ့၂၀၁၄
4 comments
alinsett
September 21, 2014 at 7:12 am
တမာလို ဘဝမျိုးတဲ့လားကွယ်
မန်းလေးက သဂျားကတော့
ချောကလက်ရောင်နဲ့
အပြုံးတော့ ချိုချိုပါပဲ။
ခင် ခ
September 21, 2014 at 11:00 pm
အလွမ်းခံစား
မျက်ရည်များတောင်
ခမ်းစေရောက်ရင်
ငိုချင်းသင်္ကေတဘာနဲ့ပြပါ့။
manawphyulay
September 22, 2014 at 11:21 am
စိတ်သာချ နွေနေပူက ဒီလောက် ပြင်းတာ ကျမျက်ရည် ခမ်းရုံတင်မဟုတ်ဘူး။ ခြောက်သွေ့သွားစေရမယ်…
ကာရံ
September 22, 2014 at 10:37 pm
မှန်လိုက်လေ သစ်တောတွေအတော်ပြု န်းသွားတာကိုး