” ညနေခင်းဆည်းဆာ “
” ညနေခင်းဆည်းဆာ “
နေမင်းရယ်ကအနောက်ကိုယွန်း
နေညိုချိန်ပန်းချီတစ်ချပ်လိုလှ
ဆည်းဆာအလှနေဝင်ချိန်
လယ်သမားတွေ လယ်တောကပြန်
နွားကျောင်းသားတို့အိမ်ပြန်သလေ
တစ်နေ့တာခရီး လုပ်ကာပြီးလို့
အိမ်ပြန်ကြပေါ့ အလုပ်သမားတွေ
ကျောင်းသားတွေ စာသင်လို့ပြီး
ထိုးပါပေါ့ ကျောင်းဆင်းခေါင်းလောင်းသံလေ
ကျေးဌက်ရယ်သာသကာတို့
တစ်နေ့တာအနားယူအိပ်စက်ဖို့
အိပ်တန်းတက်အပင်ဆီသို့
တိုးဝှေ့တာ ဆူဆူညံလို့
နေလင်းရောင်အားတွေဖျော့ရွယ်
ညနေခင်းဆည်းဆာ အချိန်အခါပါကွယ်။
ခင်ခ။
2 comments
manawphyulay
September 25, 2014 at 12:53 pm
နေညိုညို
တိမ်တောက်တဲ့အချိန်
ရွာလမ်းနဘေးမှာ
သာအေးကို သတိရလိုက်တာ…
ခင် ခ
September 25, 2014 at 1:14 pm
သူရေးမှဘဲ အဲဒီသီချင်းတောင် သတိရမိသွားတယ်လေ