Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပျောက်ဆုံးသွားသော ငါးဆယ်တန်

တောင်ပေါ်သားSeptember 22, 20141min49712

(မြေနီကုန်း…တစ်ရာ….မြေနီကုန်း…..တစ်ရာ……ဆူးလေ ၊ ဗိုလ်တစ်ထောင်အထိ ရောက်မယ်….။)
သံလမ်းမှတ်တိုင်တွင် ရပ်နေသော ကျနော်၏နားထဲသို့ တိုးဝင်လာသော ၂၂၆ ဘတ်စ်ကား စပယ်ရာ၏ အသံ ဖြစ်ပါသည်။
မြေနီကုန်းအထိ တစ်ရာဆိုတော့ အနည်းဆုံး ကားပေါ်တက်တာနဲ့ တစ်ရာပေးရတော့မှာပါလား ဟု ကိုယ့်ကိုယ်ကို တွေးမိလိုက်သည်။
ယခင်က ငါးဆယ်ခရီး ရှိခဲ့သေးသော်လည်း ယခုမူ ငါးဆယ်တန်တစ်ရွက်ဖြင့် ဘတ်စ်ကားပေါ် တက်မရတော့သည့် ကာလသို့ ရောက်ရှိခဲ့လေပြီ….။

———————————————————————

ကျနော်သည် နာနတ်တောလမ်း ပြည်ရိပ်မွန်အိမ်ရာတွင် နေ၍ အလုပ်သည် သံလမ်းမှတ်တိုင်အနီးတွင် ဖြစ်သဖြင့် ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ စနေနေ့အထိ

လှည်းတန်းမှတ်တိုင်မှ သံလမ်း ၊ သံလမ်းမှတ်တိုင်မှ လှည်းတန်းခရီးကို မရိုးတမ်း သွားနေရသူဖြစ်သည်။
ကျနော့်တွင် အကျင့်တစ်ခုရှိသည်။ သည်လမ်း သည်ခရီးအတွက် သည်မျှလောက်သော တန်ဘိုးဖြင့် ရောက်နိုင်လျှင် ထို့ထက်ပိုပေးရိုး ထုံးစံမရှိခြင်းပင်။
ဆိုလိုသည်မှာ လှည်းတန်းမှ သံလမ်းသို့ နှစ်ဆယ်နှင့်ရောက်နိုင်လျှင် နှစ်ဆယ်၊ ထို့နောက်ပိုင်း အနိမ့်ဆုံး ငါးဆယ် သတ်မှတ်လိုက်၍ ငါးဆယ်သာ ပေး၍

စီးတတ်ခြင်း ဖြစ်သည်။
ထို့အတွက် မနက် ၈ နာရီဝန်းကျင် လှည်းတန်း မှတ်တိုင်သို့ ရောက်လာသော ကျနော်သည်

ငါးဆယ်ဖြင့် စီးနိုင်သော ၄၈ မီနီဘတ်စ်၊ ၂၂၆၊ ၅၀၊ ၁၇၄ စသော ကားများကိုသာ ရွေးစီးတတ်သူ ဖြစ်သည်။
၄၅ နှင့် ၁၈၈ တို့မှာ သမိုင်း အင်းစိန်ဘက်သွားသော ကားများမှန်သော်လည်း ဘူတာရုံလမ်း မှတ်တိုင်ကျော်လျှင် တစ်ရာပေးရ၍ ကျနော်မစီးပါ။
ကျနော့် ထိုအကြောင်းကို သိသော သူငယ်ချင်းများက ကပ်စေးနဲလိုက်တာဟု ဆိုကြသော်လည်း ကျနော့် အကျင့်ကပင်

ငါးဆယ်နှင့်ရောက်နိုင်သည့်ခရီးကို ပိုမပေးလိုခြင်း ဖြစ်သည်။
ခရီးချင်းအတူ ကားချင်းအတူမို့ ငါးဆယ်သာပေးရသောကားကို ရွေးစီး၊ အသွားအပြန် နှစ်ရာကုန်မည့်အစား တစ်ရာသာမို့

ပိုထွက်လာသော ပိုက်ဆံသည် ကျနော့်အတွက် နှင်းဆီ ဆေးပေါ့လိပ် တစ်ရက်စာ ရလာပါလိမ့်မည်။

———————————————————————

ကျနော့်အနေနှင့် ယခုအလုပ်တွင် ၁ဝ နှစ်ခန့် ကြာခဲ့ပြီဖြစ်ပြီး ကားခ တစ်ဆယ်၊ နှစ်ဆယ်ကတည်းက စီးခဲ့ရသူ ဖြစ်သည်။
ရသော လစာ၊ ရှိသည့် မိသားစု၊ တက်မဆုံးသော ကုန်ဈေးနှုန်းများကြားတွင် ချွေတာ၍ရသည့် နေရာ၌ ချွေတာကာ

ရက်များ လများကို ဖြတ်သန်းနေရသူလည်း ဖြစ်ပါသည်။
နေ့စဉ်နှင့်အမျှ လိုင်းကားများနှင့် နှစ်ပါးသွားနေရသဖြင့် ကားလိုင်းအသစ်များ ပေါ်လာပါကလည်း မည်သည့်မှတ်တိုင်မှ မည်သည့်မှတ်တိုင်သို့

ကားခမည်မျှ ဆိုသည်ကို စပယ်ရာထက်ပင် မှတ်သားမိနေမည့်သူလည်း ဖြစ်သည်။
၁၇ရ လိုင်းကား ငါးဆယ်မှ နှစ်ရာ အထူးကား ဖြစ်သွားခြင်း၊ ၂၁၁ လိုင်းကား ငါးဆယ်မှ နှစ်ရာ အထူးကား ဖြစ်သွားခြင်းများ ကို မသိ၍ မဖြစ်သော

နှမျောတတ်သူ ခရီးသည်တစ်ဦးသည်လည်း ကျနော်ပင် ဖြစ်ပါလိမ့်မည်။
တစ်ရာတန်ပေးမိ၍ ငါးဆယ်တန် ပြန်မအမ်းတတ်သော၊ မေ့ချင်ယောင်ဆောင်တတ်သော အချို့ စပယ်ရာများကြောင့်

ကျနော်၏  ပိုက်ဆံအိပ်ထဲတွင် ငါးဆယ်တန်လေးများ အစီအရီ ရှိခဲ့ကြပါသည်။
တစ်ခါသောအခါက ဘူတာရုံလမ်းတွင်နေသော ရုံးမှဝန်ထမ်းမလေးမှာ ၁၇၄ ဟု ထင်မှတ်ပြီး ၁၇ရ ပေါ်တက်ခဲ့မိသဖြင့်

၂ မှတ်တိုင်စာ နှစ်ရာပေးလိုက်ရသည်ကို ရုံးတွင် ငိုမဲ့မဲ့နှင့် လာပြောနေသည့်နေ့ကိုလည်း အမှတ်ရမိပါသေးသည်။
နယ်မှလာ၊ အဆောင်နေ၍ ရုန်းကန်နေရသော ထိုမိန်းကလေးသည်လည်း ပိုပေးခဲ့ရသော တစ်ရာ့ငါးဆယ်အတွက် နှမျောမိမည်ကိုလည်း ကိုယ်ချင်းစာမိပါသည်။
ထို့အတူ ကျနော့်လို ကားရွေးစီးရသော…ကားခကို ချွေတာနေရသော ခရီးသည်များသည်လည်း မဟာရန်ကုန်မြို့ကြီးတွင် အများကြီး ရှိကြပါလိမ့်မည်။
ကားအို ကားဟောင်းများကို သံရည်ကျိုစက်ပို့၍ ကားသစ်များ တင်သွင်းခွင့်ပြုခဲ့ပြီးနောက်တွင် ကားဈေးနှုန်းများ ထိုးကျ သွားခဲ့သည်။
သိန်းထောင်ကျော်တန်ကားများသည် ယခုအခါ သိန်း သုံး-လေးရာ၊ သိန်း သုံး-လေးရာ ကားများက သိန်းရာကျော်သို့ ထိုးဆင်းလာခဲ့သည်။
ထိုသို့ ကားဈေးများကျလာ၍ ကားဝယ်စီးနိုင်သူ လူတန်းစားများ များလာသည်နှင့်အမျှ မီးပွိုင့်အသီးသီးတွင်လည်း ကားပိတ်ဆို့မှုများ ပိုဆိုးလာစေခဲ့သည်။
ကားဈေးနှုန်းများ ကျသွားခဲ့ပြီး ကားသစ်များ တိုးပွားလာခဲ့သော်လည်း ဘတ်စကားခ ဈေးနှုန်းမှာမူ ကျရိုးထုံးစံမရှိ တက်လာခဲ့လေသည်။
ယခုပင် ကားခသည် ကားပေါ်တက်လာသည်နှင့် တစ်ရာပေးရလေပြီ၊ သမိုင်းမှ မြေနီကုန်းသွားသူက တစ်ရာမှာ တန်သည်ဟု ဆိုသာနိုင်သော်ငြား

ဟိုနား ဒီနား ၂ မှတ်တိုင် ၃ မှတ်တိုင် သမားအတွက်မူ စိတ်ထဲမတန်ဟု ထင်မိသည်မှာ အမှန်ပင်။
ထို့အပြင် ထိုတစ်ရာမှာ တရားဝင်သတ်မှတ်ထားသော ဈေးနှုန်းမဟုတ်ပေ။
တစ်နေ့က သတင်းစာထဲတွင် ခရီးသည်တင် ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက်မှုကြောင့် တိုင်ကြားစာများ ပိုမိုများပြား လာကြောင်း၊

ယာဉ်စီးခပို၍တောင်းခံခြင်းကြောင့် တိုင်ကြားမှုသည် ခရီးသည်များ တိုင်ကြားမှုများအနက် တစ်ဝက်ခန့်ရှိကြောင်း၊

တိုင်ကြားမှုများမှာ ၂၀၁၃ တွင် ၃၃ဝ မှုရှိခဲ့ပြီး ၂၀၁၄ ဇန်နဝါရီမှ စက်တင်ဘာ ၁၅ အထိ တိုင်ကြားမှု ၈၈၂ မှု ရှိပြီး ၂၈၈ မှုကိုသာ အရေးယူပြန်ကြားနိုင်သေးကြောင်း

မ.ထ.သ (ဗဟို) ကြေညာချက်ကို ဖတ်လိုက်ရပါသည်။
ကားခ ပိုတောင်းနေသည်မှာ တိုင်ကြားရန်ပင် မလိုပဲ လူတိုင်းသိနေကြပြီဖြစ်၍ မ.ထ.သ တာဝန်ရှိသူများသာ ဘတ်စ်ကား လာစီးစေချင်ပါတော့သည်။
စပယ်ရာများ အတင်းဆွဲတင်မှုကိုခံ ၊ အတင်းတွန်းချသည်ကိုလည်း ခံနေရပြီးနောက် တောင်းသမျှ ပေးရသည့်ဘဝ ရောက်လာသော ခရီးသည်များဘဝအတွက်

ကျနော်တို့ ဘာတတ်နိုင်ဦးမည်နည်း။
ယခုတွင် ကျနော့် ပိုက်ဆံအိပ်ထဲ၌ ငါးဆယ်တန်လေးများအစား တစ်ရာတန်များကို ဆောင်ထားရလေပြီ။
ငါးဆယ်တန်လေးများ ဘဝသည်ကား လမ်းဘေး သူတောင်းစားသို့ ပေးရုံမှတစ်ပါး……..။

9f

12 comments

  • ဇီဇီ

    September 22, 2014 at 3:50 pm

    ဒီ ကဘာ မှာ ဘယ် အရာ တည်မြဲမလဲလို့ တစ်ယောက်တည်း တွေးမိတော့
    ငါ လိုချင်တာတွေ ယုံကြည်တာတွေ မသေချာဘူး အချစ်ရေ အလကားးးးး ပဲ~~~~~
    ~~~~~~~

    ကျနော်တို့ ဆီမှာ အနိစ္စ ဒုက္ခ အနတ္တကို ပိုသိမြင်ရတယ် အကိုဂျီးမျိုးရဲ့။
    ဒါကိုပဲ ကံကောင်းတယ်လို့ သတ်မှတ်ရမှာလားဟင်?
    :a:

    နေ့စဉ်နေတိုင်း အကြောင်းအရာ မျိုးစုံနဲ့ ဘုရား တရား ပို တ ဖြစ်နေတာပေါ့။
    :b:

  • Myo Thant

    September 22, 2014 at 4:17 pm

    ဘုရား တရား တ ဖို့ထက်

    မသထာရေစာ စားသူ ပိုများလာနေတဲ့ ဒီမြေပေါ်မှာ ဒေါသပေါင်းစုံနဲ့ ဖြတ်သန်းနေရတာပါ ၊

  • ခင် ခ

    September 22, 2014 at 4:28 pm

    ပြီးခဲ့သောလက ဆန်ဝယ်တော့
    ” ပေါ်ဆန်းမွေး တစ်ပြည်ဘယ်လောက်လဲ ”
    ” ၁၆၀ဝ ပါ ”
    ” တစ်ပြည်ပေးပါ ”
    အခုလ ဒီတစ်ပတ်ဆန်ဝယ်တော့
    ” ပေါ်ဆန်းမွေး ၁၆၀ဝ တန် တစ်ပြည်ပေးပါ ”
    ” ရော့ ဒီမှာတစ်ပြည် ”
    လက်ထဲရောက်လာတဲ့ဆန်သားကိုကြည့်ပြီး
    ” ခါတိုင်းဝယ်နေကျ ဆန်သားလဲဟုတ်ဘူးဗျ ”
    ” ဪ နောင်ကြီးက ၁၆၀ဝ တန်ဆိုလို့ပါ၊ နောင်ကြီးဝယ်နေကျဆန်က ၁၇၅ဝ ဖြစ်နေလို့ ”
    ကဲ ငွေတန်ဖိုးနဲ့ ပုံသေသတ်မှတ်လို့မှ မရလေတော့လဲ
    ” ပြန်လဲပေးပါဗျာ လိုတဲ့ ၁၅ဝ ထပ်ပေးပါမယ် ”
    အဲဒီလိုပါဘဲလေ ငယ်ငယ် ပြား၅ဝ အကြွေတွေ ကလေးဂေါ်လီထောင်ပစ်ဖို့တောင် အသုံးမတည့်လို့ မယူကြတော့ဘူးလေ။ အဲဒီတော့လဲ…………………………
    တိုးတက်တဲ့ခေတ်နဲ့အညီပေါ့နော်။

    • Myo Thant

      September 24, 2014 at 3:49 pm

      ရုန်း၍ ကန်၍ ရင်ဆိုင်၍ပေါ့ ကိုခ ရေ

  • manawphyulay

    September 23, 2014 at 8:41 am

    အကြွေမရှိလို့ အစ်ကို။ နောက်မှ ယူတော့….. :mrgreen:

    ခင်ဗျားတို့က ပြန်မအမ်းရင်လည်း ပြောတယ်။ အကြွေကျတော့ ဆောင်မလာဘူး။ :mrgreen:

  • kyeemite

    September 23, 2014 at 10:23 am

    .ဘာပြောရမှန်းတောင်မသိတော့ပါဘူးကိုမျိုးရေ 😯

  • kai

    September 23, 2014 at 1:48 pm

    အကြွေဆိုတာ… Coin ကိုခေါ်တာဖြစ်မယ်လို့.. ထင်ခဲ့ဖူးတယ်..
    ဆိုတော့…
    ကျုပ်များ..ကျောင်းတက်ဆုံးကစီးတဲ့ကားခက.. တမတ်.. ပြား၃၀၊ :k:

    ငွေကြေးဖောင်းပွတာကတော့.. သဘာဝတရားပါ…။
    အစိုးရပေါ်လစီတွေကသာ.. မသိမသာဖြစ်အောင်.. ဖြည့်သွားပေးရတာ…

  • လုံမလေးမွန်မွန်

    September 23, 2014 at 3:02 pm

    ဟုတ်တယ်.. အနော်လည်း ပြောချင်နေတာကြာပြီ.. လှည်းတန်းနဲ့မြေနီကုန်းကို တစ်ရာပေးစီးနေရတာ ကြာပေါ့.. ယာဉ်စီးခစာရွက်ရော.. တိုင်ရမယ့်ဖုန်းနံပါတ်ရေးထားတဲ့စာရွက်ရော.. ကားတွေမှာ မရှိတော့တာကြာပြီ.. ဒီကြားထဲ အထူးကားဆိုတာတွေကလည်း လူတွေပြည့်ကျပ်အောင်တင်ပြီး ၂၀ဝ တောင်းတယ်..အမြင်ကတ်ဆုံးကားကတော့ ၁၂၄ ပဲ… တစ်ခြားကားတွေက ကားရပ်တဲ့အချိန်၊ မီးပွိုင့်မိနေတဲ့အချိန် တက်လာတဲ့လူတွေကို တင်တာ.. အဲဒီကားက သူ့ကိုယ်သူ ၂၀၄ များမှတ်နေလား မသိဘူး.. အဲဒိလို ပြည့်ကျပ်ညပ်အောင် ဖြစ်မနေမချင်း ကားမထွက်ဘဲ စောင့်တင်တာ.. ပြောလိုက်သေးတယ်..ကားချောင်တယ်တဲ့… အော်.. စနစ်.. စနစ်…

  • Myo Thant

    September 23, 2014 at 3:27 pm

    အခု အစိုးရဂတ်စ်ဆိုင်တွေက အောက်တိုဘာ ၁ ရက်ကစပြီး ဈေး ၂ ဆတက်မတဲ့ ၊

    ကားခ ပိုတက်လာမှာက အသေအချာ ၊ ဒါပေမယ့် တရားဝင် သတ်မှတ်တာမျိုးကို ဘာမှ မပြောလို ၊

    ကားသမားတွေ လူပါးဝ လူလည်ကျတာမျိုးကို မခံချင်တာပါ ၊

  • မ " တတ် ပါ့ "

    September 24, 2014 at 10:50 am

    ဒါဆို ၅ဝ တန်လေးလည်း ရှေ့က ၂ဝ တန် ၊ ၁ဝ တန် ၊ ၅ ကျပ်တန်၊ ၁ ကျပ် တန်လေးတွေ လမ်းစဉ်လိုက်ပြီး နောက်ဆို ပြတိုက်ထဲ ပို့လို့ရတော့မှာပေါ့နော်…ခ်ွခွ်။

  • alinsett

    September 24, 2014 at 4:13 pm

    50 တန်တွေတော့ မသိ..
    ငါးထောင်တန်တွေတော့… အရည်အသွေးမြှင့်တော့မယ်ဆိုပါလား…

    မယောင်ရာ ဆီလူး

    အဟိ

  • Yae Myae Tha Ninn

    September 24, 2014 at 4:48 pm

    သူတို့ မအမ်းတော့ ဘာဖြစ်လဲ… ဘာမှ မဖြစ်ဘူး.. နောင်ဘဝ ကိုယ်ဘောစိဆို သူက ဝန်ထမ်းလာဖြစ်မှာပေါ့… ခုကတည်းက ဝန်ထမ်းကြိုစုထားတဲ့ သဘောပေါ့… ၂ ခါစာ မပေးရင် သူက ကိုယ့်လူယုံ ခိုင်းဖတ်ကြီး ဖြစ်လာမှာပေါ့… 😛

Leave a Reply