( လွတ်လမ်းရှာသူ )
ဝန်ထမ်းဟူသည် သူ့ဝန်ထမ်းရင်း
ဝမ်းဝခြင်းသို့ မျှော်လို့တွေးရ
ပေးသမျှဂျူတီ ငြင်းသည်ဘယ်မရှိ
မသိလျှင်မေး သိရင်တွေးရင်း
ကြွေးပြင်းတွေကြား နစ်နေသားလည်း
အမှားနဲဖို့ ဟန်ကိုကိုယ့်
သူ့ဖို့ ကိုယ့်ဖို့ မျှလို့ရုန်းကန်
ဘုန်းကံကမွဲ သည်ဘဝပဲလို့
ကံကိုလွှဲမချ ငါဟ လူသား
သူများတွေလို သည်ကိုယ်သည်ခေါင်း
သည်လက်သည်ခြေ ရှိနေသည်မို့
သူတို့ဝန်ကို မထမ်းလိုသော
သည်ဇောသည်စိတ် ကြိတ်ကာကြိုးပမ်း
လွတ်လမ်းဆိုသည် ရှိရမည် ၊
10 comments
အလင်းဆက်
October 1, 2014 at 7:34 pm
လွတ်လမ်းလားးးး
ကိုယ်တိုင်ဖောက်ရမယ့်အရာ…
သူများဖောက်ပေးမှာ ကို မျှော်လင့်နေတာတို့…
သူများဖောက်ပြီးသားကို နင်းလျှောက်သွားဖို့တော့…
မတွေးသင့်တော့ဘူး
တောင်ပေါ်သား
October 2, 2014 at 8:42 am
ဒါပေါ့ ၊
ဝန်တမ်းဘဝကို စိတ်ကုန်လာပြီ ၊
မြစပဲရိုး
October 1, 2014 at 10:49 pm
မြနှင်းဆီ နဲ့ ဇာတ်သိမ်းလိုက် ပြီး တောင်ပေါ်မှာ လွတ်လမ်းရှာနေတာပေါ့လေ။ :))
တောင်ပေါ်သား
October 2, 2014 at 8:50 am
တောင်ပေါ်ပြန်တော့မယ် ၊
မြေပြန့်က မူယာမာယာများလွန်းတယ် ၊ 🙂
ကေဇီ
October 2, 2014 at 6:24 am
ခုကို ငွေတွင်းးကြီးးး ရချင်နေတာ
အလုပ်လည်းးး မလုပ်ချင် ပျင်းးးတာ
ရှာတာထက် သုံးးတာပို များးးမိနေလို့
:mrgreenn:
pooch
October 2, 2014 at 3:18 pm
အဲ့ငွေတွင်းတွေ့ရင် နေရာပြောအုန်းနော် ဆွိ :mrgreenn:
သများလည်း အဝင်ထက် အထွက်များနေလို့ 😥
kyeemite
October 2, 2014 at 10:13 am
.သူ့ဝန်ကိုထမ်း
.ဝန်ထမ်းဘဝ
.လွတ်လိုလှ၍
.ကိုယ်တိုင်ကြိုးကာ
.လွတ်လမ်းရှာလည်း
.အမိအဖ သမီးသားက
.တောင်းဆိုလာသည့်
.မိသားစုဂျူတီ
.ရှိလေသည်မို့
.ဘယ်မှ အသင်
.လွတ်လမ်းမမြင်…။ :p:
တောင်ပေါ်သား
October 2, 2014 at 10:32 am
လွတ်အောင်ရုန်းမှာ ၊
ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ နေချင်တယ်ဗျာ
kyeemite
October 2, 2014 at 3:13 pm
.ဆိုလိုတာက တာဝန်ဆိုတာကြိးနဲ့မလွတ်ဘူးပြောတာပါ
.ကြိုးစားပါလေ..ကိုယ်ပိုင်လုပ်ငန်းလေးနဲ့ကျိမ်းသေနေနိုင်မှာပါဗျာ…
တောင်ပေါ်သား
October 2, 2014 at 3:19 pm
ဖြစ်ပါစေဗျာ