ထူးဆန်းသော ခရာကလေး အပိုင်း-(၁)
“ဒီ ပိတ်ရက်တွေမှာ တစ်နေရာ သွားမလို့ဆိုဗျ။”
စိန့်ဂျိမ်း ကောလိပ် ညစာစားပွဲတွင် ဇီဝဗေဒ ပါမောက္ခ ပက်ကင်၏ ဘေးတွင် ထိုင်နေသူတစ်ယောက်က
မေးလိုက်ခြင်း ဖြစ်သည်။
“ဟုတ်သဗျ..မနက်ဖြန်ပဲ သွားတော့မှာ..။” ပါမောက္ခ ပက်ကင်က ပြန်ဖြေသည်။
“ဂေါက်ကစားတာ သေသေချာချာလေး လေ့ကျင့်ချင်လို့ပါဗျာ..။ အရှေ့ဘက်ကမ်းခြေက ဘန်းစ်ထရိုး ကို
တစ်ပတ် နှစ်ပတ်လောက် သွားမယ်..။ လက်ရည် တက်လာအောင် ကစားဖို့ပါပဲ။”
ပါမောက္ခ ပက်ကင်သည် မည်သည့်အရာလုပ်သည်ဖြစ်စေ လေးနက်စွာလုပ်လေ့ရှိသည့် တည်တည်
ကြည်ကြည် လူရွယ် တစ်ဦးဖြစ်၏။
နောက်တစ်ဦးက ထပြောသည်။
“အဲ..ပက်ကင် ရေ..။ အဲဒီ ဘန်းစ်ထရိုးမှာ ရှေးတုန်းက ဝတ်ကျောင်းသူရဲကောင်းတွေရဲ့ ကျောင်းပျက်တစ်ခု
ရှိ ဆိုဗျ..။ ခင်ဗျား အဲ့ဒီဘက်များသွားဦးမလား..။ တကူးတက သွားကြည့်ထိုက်လား ကျွန်တော်က သိချင်တာဗျ..။”
“အသေအချာ သွားကြည့်ပါ့မယ်ဗျ..။ ခင်ဗျားကြိုက်မယ်ဆို မှတ်စုကလေးများတောင် ကျုပ်ထုတ်ထားဦးမှာ။”
“ကျောင်းက အတော်ပျက်နေပြီဆိုတော့ မြေပေါ်မှာ သိပ်တောင်ကျန်တော့မှာ မဟုတ်ဘူး..။ ကမ်းခြေနဲ့တော့
သိပ်မလှမ်း ဘူးထင်ပါရဲ့..။ ဂလုပ် အင်းနဲ့ဆို မိုင်ဝက်လောက်ပဲ ရှိမှာ။”
“ကျုပ် ဂလုပ်အင်းမှာ တည်းမှာ။” ပါမောက္ခ ပက်ကင်၏ အသံက အနည်းငယ် စိတ်ရှုပ်သွားပုံမျိုး ဖြစ်သွားသည်။
“ကျုပ်ရတဲ့ အခန်းက ခုတင်နှစ်လုံးနဲ့ဗျ။ အဲ..အလုပ်ကလေးနည်းနည်း လုပ်ဖို့လည်း စီစဉ်ထားလေတော့ အခန်း
ကျယ်ကျယ် နဲ့ စားပွဲကောင်းကောင်းတစ်လုံး လိုတာ။ တစ်ခန်းထဲ ခုတင်နှစ်လုံးဖြစ်နေတာတော့ သိပ်မကြိုက်လှ
ဘူးဗျ..။”
“ခုတင် နှစ်လုံး ဟုတ်လားဗျ..။ ခင်ဗျားအတွက်တော့ အတော်ဆိုးသဗျာ..။”
ရော်ဂျာ ဆိုသူက လှမ်းပြောသည်။
“ကိုင်းဗျာ..ကျွန်တော်လိုက်လာပြီး သုံးလေးရက်လောက် ခင်ဗျားနဲ့လာနေတာပေါ့..။ ခင်ဗျားလည်း အဖော်ရရော..
ဘယ့် နှယ်တုန်း။”
ပက်ကင်က ယဉ်ယဉ်ကျေးကျေး ရယ်လိုက်ပြီး –
“အဟင်း..ခင်ဗျား ပျင်းနေမှာ စိုးတာ..။ ခင်ဗျားက ဂေါက်ရိုက်တာလည်း မဟုတ်။”
“ဟင့်အင်း..အဲဒီဂေါက်ရိုက်တာ အတော်ပျင်းစရာကောင်းတဲ့ အလုပ်ပဲ။ နို့ပေမဲ့ ခင်ဗျား မလာစေချင်လည်း
အတည့်သာ ပြောပါဗျ..။ ကျွန်တော့်စိတ်ထဲ ဘယ့်နှယ်မှ မထားပါဘူး..။ ပြောပါဗျ..။ ခင်ဗျား အမြဲတမ်း မှန်ရာပဲ
ဆို လေ့ရှိတယ် မို့လား..။”
ပါမောက္ခ ပက်ကင် သည် ယဉ်ယဉ်ကျေးကျေးနှင့် အမှန်ကိုသာ ဆိုလေ့ရှိသူဟု အသိများရာ ရော်ဂျာသည်
အကြပ်ဆိုက်စေ မည့် မေးခွန်းများ ပက်ကင်ကို မေး၍ အရသာ ခံလေ့ရှိသူဖြစ်၏။ ပက်ကင်သည် မှန်လည်း
မှန်စေ ၊ ရိုင်းရာလည်း မကျသည့် အဖြေရရန် စဉ်းစားလျက်ရှိသည်။
“အဲ..ရော်ဂျာရေ..ဒီလိုဗျ..ခင်ဗျား ရှိနေရင် ကျုပ် အလုပ် လုပ်ရတာ နည်းနည်း အမ်းနေမလားလို့ပါဗျာ။”
ရော်ဂျာက အုန်းခနဲ ထရီသည်။
“ကောင်းပါလေ့ဗျာ..ပက်ကင်..ခင်ဗျား မစိုးရိမ်ပါနဲ့ဗျ..။ ခင်ဗျား အလုပ် အေးအေးသာ လုပ်ရပါစေ့မယ်..။
သရဲတွေ ဘာတွေ ခြောက်တောင် ကျွန်တော် မောင်းထုတ်ပေးနိုင်မှာနော..။”
ရော်ဂျာက ပြောင်ဖြီးဖြီးနှင့် စားပွဲတွင်ထိုင်နေသော အခြားသူများကို ကြည့်လိုက်သည်။ ပက်ကင်၏
မျက်နှာကား ရဲလျက်ရှိ လေပြီ။
“အိုး..အို..ကျွန်တော် မေ့လို့ ..ခင်ဗျားက သရဲတွေ တစေ ္ဆတွေ အကြောင်း လက်လွတ်စပယ် ပြောတာ
မကြိုက်ဘူး..။ ဟဲဟဲ ဆောရီးဗျာ..ဆောရီး။
“သိပ်မှန်တာပေါ့ဗျာ..။” ပက်ကင်၏ အသံမှာ ပိုကျယ်လာသည်။
“ဒီ တစေ ္ဆ သရဲဆိုတာတွေ ကျုပ်လုံးလုံး အယူမရှိဘူး။ ကျုပ်ယုံကြည်တာနဲ့ ဆန့်ကျင်ဘက်တွေကိုးဗျ။ ခင်ဗျား
တို့သိတဲ့ အတိုင်း ဒီကိစ္စမှာ ကျုပ်အယူအဆက ခိုင်ခိုင်မာမာပဲ။
ရော်ဂျာက ဆက်ပြောသည်။
“အိုး..ဟုတ်ပ ဟုတ်ပ။ ဟီဟီ ကျွန်တော်တို့ ဘန်းစ်ထရိုး ရောက်မှ ထပ်ပြောကြသေးတာပေါ့။”
ဤအခြင်းအရာကို ကြည့်ခြင်းဖြင့် ပါမောက္ခ ပက်ကင်သည် ထိုကိစ္စမျိုးတွင် အတော်အကဲဆတ်သူ တစ်
ယောက်ဖြစ် ကြောင်း သိသာပေသည်။ အပျော်အပျက် သဘောမျိုးပင် မမြင်နိုင်သူဖြစ်သော်လည်း မိမိ
အယူအဆကို ရိုးရိုးနှင့်ရဲရဲ ယုံကြည်ထားသူသာ ဖြစ်ပေသည်။
နောက်တစ်ရက်တွင် ပက်ကင်သည် ဘန်းစ်ထရိုးရှိ ဂလုပ် အင်းတွင် ရောက်ရှိနေပေပြီ။ အခန်းမှာမူ ကြား
ထားသည့်အတိုင်း ခုတင်နှစ်လုံးနှင့် ဖြစ်၏။ ပက်ကင် သည် အထုပ်အပိုးများချပြီး ပစ္စည်းများကို ထုတ်ယူ
ကာ နေရာကျအောင် ပြင်ဆင်လေ သည်။ စာအုပ်နှင့် စာရွက်များကို ပြတင်းပေါက်နားရှိ စားပွဲကြီးတစ်
လုံးပေါ် တင်ထားလိုက်၏။ စားပွဲမှ ထိုင်ကြည့်လျှင် ပြ တင်းပေါက် သုံးပေါက်မှ အပြင်သို့ ကောင်းစွာမြင်
ရလေသည်။ အလယ်ပြတင်းပေါက်ကြီးမှ ကြည့်လျှင် ပင်လယ်ကို တန်း တန်းကြီး မြင်ရ၏။ လက်ယာပြ
တင်းပေါက်မှ ကြည့်လျှင် တောင်ဘက်ကျကျရှိ ဘန်းစ်ထရိုးရွာကလေးကို မြင်ရသည်။ လက် ဝဲပြတင်းမှ
ကြည့်လျှင် မြောက်ဘက်တစ်လျှောက်အတိုင်း ကမ်းခြေကို မြင်ရပြီး ၎င်းနောက်တွင် ကမ်းပါးနိမ့်နိမ့်များ
ကိုပါ မြင် ရလေသည်။ အင်း နှင့် ပင်လယ်ကြားတွင် မြက်ရိုင်းများလွှမ်းလျက်ရှိသည်။ ပင်လယ် တစ်နှစ်
ထက် တစ်နှစ် ကမ်းဘက်တိုး လာပုံရပြီး ယခုအခါ အင်းနှင့် ကမ်းခြေသည် မီတာငါးဆယ်ထက် ပို
မဝေးတော့ချေ။
ဂလုပ်အင်းတွင် တည်းခိုသူအများစုသည် ဂေါက်ရိုက်ရန် လာကြခြင်းဖြစ်ရာ ထိုအထဲတွင် ဗိုလ်မှူးကြီး
ဝီလ်ဆင်ဆိုသည့် စစ် သားအိုကြီး တစ်ဦးလည်း အပါအဝင်ဖြစ်သည်။ ကာနယ် ဝီလ်ဆင်ကား အသံ
ကျယ်ကျယ်ဩဩနှင့် တယူသန်သမား ဖြစ် ပေသည်။
ပါမောက္ခ ပက်ကင်သည် ပထမဦးဆုံးနေ့၌ ကာနယ် ဝီလ်ဆင်နှင့်ဂေါက်ကစား၍ လက်ရည်သွေးလျက်ရှိ၏။
လက်ရည်တက် မတက် မသေချာသော်လည်း နေ့လည်အကျော်တွင် ကာနယ်ကြီး၏ မျက်နှာထားကား
ပြောင်းလာခဲ့ချေပြီ။ နှုတ်ခမ်းမွှေး များသည်ပင် ဒေါသကြောင့် ထောင်ထလာသည်ဟု ပက်ကင်စိတ်ထဲ
ထင်မြင်မိပေရာ မိမိဘေးကင်းရေးအတွက် အင်း သို့ ပြန်ရာတွင် ဤသူနှင့် နှစ်ယောက်တည်း မပြန်ဟု
ဆုံးဖြတ်လိုက်၏။ ကမ်းခြေတစ်လျှောက် လမ်းလျှောက်ပြန်လာပြီးလျှင် ဝတ်ကျောင်းတော်ဟောင်းကို
လည်း ရှာဖွေကြည့်ရှုမည်ဟု တေးထားလိုက်သည်။
ကစားပွဲ သိမ်းပြီးနောက် ပက်ကင်သည် ကမ်းခြေအတိုင်းလျှောက်ပြန်ခဲ့ရာ ဝတ်ကျောင်းတော်ဟောင်းကို
အလွယ်ပင်ရှာ တွေ့လေသည်။ ထိုနေရာသို့ တက်သွားပြီး ကြည့်ရှုရာ ကျောက်တုံးအိုများ၊ တွင်းတိမ်တိမ်
များနှင့် ကျောက်နံရံအပိုင်းအစ များကို မြက်ပင်များဖုံးလွှမ်းလျက် တွေ့မြင်ရလေသည်။ ကျောင်းတော်မှာ
အဝိုင်းပုံစံဖြစ်ကြောင်း အလွန်ထင်ရှားလှရာ နောင် အနှစ်တစ်ရာ တိုင်အောင် ဤလက္ခဏာသည်
ပျောက်ပျက်ဦးမည် မဟုတ်ဟု ပက်ကင်တွေးမိ၏။
ပက်ကင်သည် ကျောင်းတော်ရာဟောင်းဝန်းကျင်တွင် လှည့်လည်ကြည့်ရှုရင်း အတိုင်းအတာများကို
ခန့်မှန်း၍ မှတ်စုရေး သွင်းလေသည်။စက်ဝိုင်းပုံ ကျောင်းတော်ရာ အလယ်ခေါင်တည့်တည့်လောက်တွင်
ဧရာမကျောက်တုံးကြီး တစ်တုံးရှိ၏။ ထိုကျောက်တုံး ကြီး၏ ထောင့်တစ်နေရာ မြက်ပင်များသည် ဆွဲနှုတ်
ထားသည့်ပမာ ကျဲပါးရှင်းလင်းလျက်ရှိသဖြင့် ပက်ကင် သွားရောက် စူးစမ်းကြည့်ရှုလေသည်။ အိတ်ဆောင်
မောင်းချဓားကို ထုတ်၍ ဒူးထောက်ကာ မြက်ပင်အနည်းငယ်ကို ဖယ်ရှားရာ ကျောက်တုံးအောက်ခြေကို
ပိုမိုရှင်းလင်းစွာမြင်ရလေသည်။ မြေကြီးများကျွံဝင်သွားသဖြင့် သေချာစွာကြည့်ရှုလေရာ တွင်းကလေး
တစ်တွင်းရှိကြောင်း သိရသဖြင့် မီးခြစ်ဆံတစ်ချောင်းကို ခြစ်၍ကြည့်၏။ လေမှာ အတော်ထန်လျက်ရှိသဖြင့်
မီးငြိမ်းသွားလေ၏။ ဓားကိုင်လက်ဖြင့် အပေါက်ထဲသိုနှိုက်ပြီး ဓားဖြင့် လျှောက်စမ်းလေသည်။ အပေါက်ငယ်
မှာ ချောမွေ့သေ သပ်သဖြင့် သဘာဝ အလျောက်မဟုတ်ဘဲ လူလုပ်ထားခြင်း ဖြစ်မည်ဟု ပက်ကင် စဉ်းစား
မိလေသည်။ ဓားကို ဆွဲထုတ် လိုက်သော အခါ သတ္တု အချင်းချင်း ထိခတ်သည့် အသံကို ကြားလိုက်၏။
တစ်စုံတစ်ခု ရှိလိမ့်မည်ဟုတွေးပြီး ဓားကို ပြန် ဆွဲထုတ်၍ လက် ချောင်းများဖြင့် စမ်းသပ်သည်တွင်
ရှည်မျောမျာ အရာတစ်ခုကို စမ်းမိသဖြင့် ဆွဲထုတ်ကြည့်ရာ တစ်ဆယ် စင်တီမီတာခန့် ရှည်သည့်
သတ္တုပိုက်ကလေး တစ်ခု ပါလာ၏။ လူလုပ်ပစ္စည်းတစ်ခုဖြစ်ပြီး အလွန်အိုမင်းဟောင်းနွမ်းလျက်
ရှိကြောင်း သိ သာလှသည်။ ထိုအချိန်တွင် အတော်ပင် မှောင်လာခဲ့ပြီဖြစ်ရကား ပက်ကင်သည်
သတ္တုပိုက်ကလေးကို အင်္ကျ ီအိတ်အ တွင်းသို့ထည့်ပြီး ကမ်းခြေအတိုင်း လျှောက်ပြန်ခဲ့တော့သည်။
ဝတ်ကျောင်းတော်ဟောင်းသည် လင်းတစ်ဝက် မှိန်တစ်ဝက် ညဆည်းဆာအောက်တွင် အရိုင်းဆန်ဆန်
အထီးကျန်လျက် ရှိသည်ဟု ပက်ကင် အတွေးဝင်မိသည်။ အေးစက်သော မြောက်လေများသည်
ပက်ကင်၏ ကျောဘက်ကို မညှာတမ်း တိုက်ခတ်လျက်ရှိ၏။ ရှေ့အတော်ဝေးဝေးတွင်ကား မီးများထွန်း
လျက်ရှိပြီဖြစ်သော ရွာကလေးကိုမြင်နေရလေသည်။ ပက်ကင် ခမျာမှာမူ လူသူကင်းမဲ့လျက်ရှိသော
ရှည်လျားသည့် ကမ်းခြေတွင် မဲနက်နေသည့် သစ်သား လှိုင်းတား နံရံများ၊ အရိပ်မဲမဲများနှင့် ပင်လယ်
၏ တီးတိုး လှိုင်းခတ်သံများကိုသာ နားဆင်ကြည့်ရှုရင်း လျှောက်လှမ်းနေရလေသည်။
ကျောက်တုံးတစ်တုံးကို ကျော်ပြီးနောက် ပင်လယ်ကမ်းစပ်က လျှောက်ရလျှင် ကောင်းမည်ဟု ပက်ကင်
တွေးမိသဖြင့် ကမ်း စပ်သို့ဆင်းချလာခဲ့သည်။ လမ်းလျှောက်ရ အဆင်ပြေသော်လည်း မီတာအနည်း
ငယ်လျှောက်ပြီးတိုင်း လှိုင်းတား နံရံများကို ကျော်ပြီး တက်ဖို့တော့ ရှိပေသည်။
ဘာရယ်မဟုတ် မိမိလျှောက်လာသည်မှာ မည်မျှဝေးခဲ့ပြီနည်းဟု သိလိုသဖြင့် ပက်ကင်သည် နောက်
လှည့်ကြည့်မိသည်။ အတော်ဝေးဝေးတွင် တစ်စုံတစ်ယောက်လမ်းလျှောက်လာနေသည်ကို မြင်ရသည်။
မဲမဲ အရိပ်လောက်သာ လှမ်းမြင်ရပြီး သူ့ကို အမှီလိုက်ရန် ပြေးလာနေသည်ဟု ပက်ကင် ထင်မိသော်
လည်း နီး၍မလာသဖြင့် အစဉ်းစားရကျပ်နေသည်။ မိမိ သိ သူတစ်ယောက်ယောက်လည်း မဖြစ်နိုင်
သဖြင့် မစောင့်ရန် တွေးမိသည်။ သို့သော် ဤကဲ့သို့ အေးစက်မဲမှောင်နေသော ကမ်းခြေတွင် အဖော်
တစ်ယောက်နှင့်ပြန်ရသော် ကောင်းလေစွဟူ၍လည်း တွေးမိပြန်၏။ ထိုခဏ၌ အသိမကြွယ် ငယ်
ရွယ်စဉ်က ဖတ်ရှုဖူးသော ပုံပြင်များကို သတိရမိလေသည်။ လူသူကင်းမဲ့ တိတ်ဆိတ်သောနေရာ
များတွင် ဆုံရလေ့ရှိသော လူစိမ်း အဖော်ဆန်းများအကြောင်း ဖြစ်ပေသည်။ ဘယ့်နှယ်လုပ်ရပါ့ ဟု
ပက်ကင် စဉ်းစားပြန်သည်။ ငါ နောက်ပြန်လှည့် ကြည့်တဲ့အခါ အဲဒီမဲမဲကောင်မှာ အတောင်ပံကြီးတွေ
နဲ့၊ အမြီးချွန်ကြီးတွေ ပါနေရင် ထွက်ပဲပြေးရမလား၊ ခံပဲ ချရမလား။ နို့ပေမဲ့ ငါ့နောက်ကလူကတော့
အတောင်တွေ အမြီးတွေ မပါလောက်ဘူး။ ပထမ စမြင်ရတဲ့အတိုင်း နီးလည်းမလာ။ အိုး.. ညစာ
စားချိန်နီးပါရော့လား၊ ပြေးမှ။
ညစာစားပွဲတွင် ကာနယ်ကြီးကိုတွေ့ရသည်မှာ နေ့လည်က ကဲ့သို့မဟုတ်ပဲ ဒေါသပြေလျက် အေးအေး
သာသာ ရှိနေပုံရ၏။ ခဏအကြာတွင် သူတို့နှစ်ယောက် ဖဲကစားကြသည်။ ဖဲကစားခြင်းတွင် ပက်ကင်
သည် ဂေါက်ကစားခြင်းထက် ပိုမို အကျွမ်း ဝင်ပုံရှိရကား မကြာမီပင် နှစ်ယောက်သား အတော်အတန်
ရင်းနှီးခြင်းသို့ရောက်၍ မနက်ဖြန်ဂေါက်ကစားရန်ပင် ချိန်းဆိုကြ သေး၏။
ပက်ကင်သည် အခန်းသို့ပြန်ရောက်သောအခါ စားပွဲပေါ်တွင် တင်ထားခဲ့သော သတ္တုပိုက်ကလေးကို
မြင်မိသဖြင့် သေချာ စွာစူးစမ်းကြည့်ရှုလေရာ ခရာကလေးတစ်ခုဖြစ်ကြောင်း သိရလေသည်။ မှုတ်
ကြည့်သောအခါ မြေကြီးများ ဆို့နေသဖြင့် အ သံမထွက်ပေ။ စာရွက်တစ်ရွက်ပေါ်သို့ ခရာကလေး
ထဲမှ မြေကြီးများကို မောင်းချဓားကလေးဖြင့် ကော်ထုတ် ချလိုက်ပြီး ပြ တင်းပေါက်မှ သွန်ရန် ပြတင်း
တံခါးကို ဖွင့်လိုက်သောအခါ မြက်ခင်းများကြား၌ လူတစ်ယောက် ရပ်လျက်ရှိသည်ကို တွေ့ရ သဖြင့်
အံ့အားသင့်မိလေသည်။ အချိန်မှာလည်း သန်းခေါင်ယံတိုင်လုပြီဖြစ်သဖြင့် ပက်ကင် အံ့အားသင့်ခြင်း
မှာ အပြစ်မဆို သာချေ။
အပြင်ကလူအကြောင်း ထွေထွေရာရာ ဆက်လက်၍ မစဉ်းစားတော့ဘဲ ပြတင်းတံခါးကို ပိတ်ပြီး
ခရာကလေးကိုသာ မီးအလင်းအောက်တွင် သေသေ ချာချာ ထပ်မံကြည့်ရှုပြန်သည်။ ဖုံ အညစ်
အကြေးများကို ပွတ်တိုက် သန့်စင်လိုက် သောအခါ ခရာပေါ်တွင် နက်ရှိုင်းစွာထွင်း ထုထားသော
စာအချို့ကို တွေ့ရလေ၏။
“QUIS EST ISTE QUI VENT”
“လက်တင် ဘာသာနဲ့ရေးထားတာကိုး..။ အင်း..အဓိပ္ပါယ်က လာနေတဲ့သူ ဘယ်သူလဲ ဖြစ်မယ်
ထင်ပါ့။ ကိုင်း ဘယ်သူလဲ သိရအောင် မှုတ်ကြည့်ရတာပေါ့။”
ပက်ကင်သည် မိမိဘာသာ တစ်ကိုယ်တည်း ရေရွတ်ပြီး ခရာကလေးကို နှုတ်ခမ်းတွင်တပ်ကာ
မှုတ်လိုက်လေသည်။
21 comments
ကေဇီ
October 1, 2014 at 8:33 pm
Horror..??
Look fwd to part 2…
:k:
မောင်ဘလိူင်
October 2, 2014 at 1:18 pm
ဟုတ်ပ အစ်မ.. ဒီဇာတ်လမ်းက ကြာလှပါပြီ..။
Montague Rhodes James ရဲ့ Oh, Whistle, and I’ll Come to You My Lad (1904)
ကို အကျဉ်းချုပ်ပြီး ဘာသာပြန်တာပါ။
ခေါင်းစဉ်ကတော့ သူ့အတိုင်းမပေးချင်လို့ပါ..။ ကဗျာခေါင်းစဉ်ကို ယူထားတာတဲ့။
“ခရာသာ တွတ်၊
ဖွတ်ခနဲ အရောက်လာမယ် ငါ့ကောင်ရေ” အဲ့လိုပြန်ရမလား 😀
ကေဇီ
October 2, 2014 at 3:51 pm
အဲလာ။
အဲလာ။
မောင်ဘလှိုင်ကို အဲဒီ စွမ်းရည်ကို သဘောကျသေးတာ။
အင်္ဂလိပ်ကနေ မြန်မာ ကဗျာ
မြန်မာ ကဗျာက နေ အင်္ဂလိပ်လို အထာကျအောင် ပြန်နိုင်တာရော သဘောကျသဗျ။
🙂
D Tin
October 1, 2014 at 10:25 pm
ကိုဘလိုင်ကြီး ရေးတဲ့ ခရားအကြောင်း ဖတ်ပြီး ကျွန်တော် ရဲ့ ထူးဆန်း တဲ့ ခရားဖြစ်ရပ်မှန် အကြောင်းရေးပြချင်လာတယ် ဒါပေမဲ့ တနေ့ ကို၁ပိုစ်ဘဲ ဆိုတဲ့ စည်းကမ်းအရ နောက်မှရေးမယ်ဗျာ…
အလင်းဆက်
October 2, 2014 at 12:09 am
တစ်နေ့ကို နှစ်ပုဒ်ပါခည။
:k:
မောင်ဘလိူင်
October 2, 2014 at 1:21 pm
ရေးပါ ခင်ဗျ..။ အဲ…ကျွန်တော်ရေးတာ မှုတ်ရတဲ့ ဝီစီ လို ခရာ ကို ပြောတာပါ။ ကို ဒီတင်
က ရေထည့်တဲ့ ခရား လား မသိ။
မြစပဲရိုး
October 1, 2014 at 10:36 pm
စာဖတ်ရတာ အင်မတန်ချော နေတော့ မောင်ဘလှိုင် ရဲ့ ဘာသာပြန် စွမ်းရည် ကို အားကျလို့ မဆုံးပါ။
ဖဲသမား တွေ က ဂေါက်ရိုက်လဲ ဝါသနာ ပါတယ်လား။
စောင့်ဖတ်စရာ တစ်ခု ရပြီပေါ့။
ကျေးဇူးပါ။ :))
Crystalline
October 2, 2014 at 11:53 am
အဲ့ဒါမှန်တယ်အရီး.. အောက်ဒိုးရိုက်ပြီး အင်ဒိုးရိုက်… ဖဲရိုက်ပြီး ဂေါက်ရိုက်ဖို့ပိုက်ဆံရှာလိုက်.. ဂေါက်ရိုက်ပြီး ဖဲရိုက်ဖို့ပိုက်ဆံပြန်ရှာ.. သများအစ်ကိုတွေပြောပါတယ်.. :mrgreenn:
ဒုတိယပိုင်းကို မြန်မြန်လေးတင်ပါဆရာလေး :))
မောင်ဘလိူင်
October 2, 2014 at 1:24 pm
ဘာသာပြန်တာတော့ သဘောကိုပဲ ပြန်တာပါ အရီး။ စာကတော့ အသံထွက်ဖတ်ကြည့်လို့ စိတ်ထဲ
မချောရင် ပြန်ပြင်ကြည့်တယ်..။ ဒီလောက်ပါပဲ ခင်ဗျာ။
စတိုင်လ်ကတော့ ဆရာကြီး ရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေမျှားတို့ ၊ မောင်ထင်တို့ စတိုင်လ် ခိုးထားသပေါ့။
🙂
ဂျက်စပဲရိုး
October 2, 2014 at 9:01 am
အဟင့်..
အဲ့လို ဖတ်ကောင်းတဲ့ သရဲဝတ္ထုတွေကို အပိုင်းလေးတွေ ခွဲပြီး စောင့်ဖတ်ရတာ သားသိပ်မုန်းတာပဲ မေမေ…. 😛
အပိုင်း ၂ မြန်မြန်ရေးပါဗျို့ း)
Mr. MarGa
October 2, 2014 at 10:35 am
horror လို့ မသုံးချင်ဘူးဗျာ
mystery ဒါမှမဟုတ် thriller လို့ပဲ သုံးရင်ကောင်းမလား 😛
ဟီးး စိတ်ပါတဲ့တစ်နေ့ အဲ့ဒီ အမျိုးအစားခွဲပုံတွေ ရှာဦးမှပါ
မောင်ဘလိူင်
October 2, 2014 at 1:35 pm
တင်ပါ့မယ် ဂျက်ရေ..။
အဲ..မောင်မာဃ ရေ..ဟော်ရာလို့သုံးရင် သရဲ တွေ၊ မိစာ္ဆတွေ၊ သတ္တဝါဆန်းတွေ ပါမှာပေါ့။
အဲဒီမှာ အားရင် ဖတ်ကြည့်ပေါ့။
http://en.wikipedia.org/wiki/List_of_genres
Mr. MarGa
October 2, 2014 at 1:51 pm
ဟီးး အဲ့ကိုရောက်ပြီးပြီဗျ
genre အကြောင်းလေး ရေးဖို့ တွေးထားပြီးမှ စာဖတ်ရင်း ခေါင်းစားနေတာ
တစ်ရက်တော့ အဲ့အတွေး ပို့စ်တစ်ပုဒ် ဖြစ်လာမှာပါ :mrgreenn:
ကေဇီ
October 2, 2014 at 3:47 pm
ဟွန့်။
သူများ ဦးမှ ငိုမဲ့ တဂျားး
အင်မတန်လက်နှေးတယ်။
:k:
kyeemite
October 2, 2014 at 10:52 am
.ဖတ်လို့ကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းသဗျ မောင်ဘလှိုင်ရေ
.အပေါ်က မစ္စတာD Tin ခီများ..ကိုယ်တွေ့ဝတ္ထုလေးဖတ်ချင်ပါသဗျ..ရေးပါအုံး
.ဗွီသယိုဖိုင်ဂျီးနဲ့တော့မလုပ်ပါနဲ့နော်…စာနဲ့ပဲရေးပါ :k:
Ma Ei
October 2, 2014 at 11:14 am
ဖတ်ဖူးသလိုလို ဖြစ်နေတယ်…မှတ်တော့ မမှတ်မိဘူး…
စိတ်ဝင်စားစရာကောင်းတာမို့ အပိုင်း ၂ ကိုစောင့်မျှော်နေပါမည်…
မောင်ဘလိူင်
October 2, 2014 at 1:37 pm
ကျေးဇူးပါ ဦးလေး မိုက် ရေ။
ဟုတ် အန်တီ အိ ဖတ်ဖူးမလား မဆိုတတ်ဘူး။ တခြားသူ ဘာသာပြန်တာတော့
ကျွန်တော် မဖတ်ရသေးဘူး ခင်ဗျ။
manawphyulay
October 2, 2014 at 2:05 pm
မောင်ဘလှိုင်ရေ… ဆက်ရေးမှာ ရမယ်နော်
ဘာသာပြန်တွေကို ဖတ်ရင် တစ်ထိုင်တည်း ဖတ်မှ မနောက ဇာတ်လမ်းကို ဇာတ်လည်နားလည်တာ။
မောင်ဘလိူင်
October 2, 2014 at 2:13 pm
ဆက်ရေးမှာပါ မ မနော။
pooch
October 2, 2014 at 4:02 pm
စိတ်ဝင်စားစရာပဲ ဖတ်လို့ ကောင်းတယ် ဆက်ပါအုန်း
nicolus agral
October 2, 2014 at 8:26 pm
Knights Templar ခရာပေါ့