( နှင်းနံနက်ခင်း )
အောက်တိုဘာ ၂ ရက် ဒီမနက်မှာ
ငါမျှော်နေကြ သင်္ကေတ
နှင်းတွေကဖြင့် ကျခဲ့ပြီ ၊
ပျော်သည်အတွေး ဟိုဒီငေးရင်း
နှင်းတွေကြားမှာ ချမ်းမြေ့လာ
တီတာဟစ်ကြွေး ငှက်ကလေးများက
ငါ့အားဝန်းခ သီဆိုကြတော့
မော့ကြည့်ကောင်းကင် နှင်းများဆင်သ
မြင်ရခဲ့တာ မင်းမျက်နှာ ။
Post Views: 677
13 comments
manawphyulay
October 2, 2014 at 1:47 pm
တောင်ပေါ်မှာ နှင်းပိတ်တယ်လား…
ရန်ကုန်မှာ… မိုးရွာနေဗျား….
တောင်ပေါ်သား
October 2, 2014 at 1:51 pm
ဒီမနက်အစောကြီး ရန်ကုန်မှာ နှင်းကျခဲ့ပါတယ်ဗျား ၊
ဘယ်အချိန်မှ အိပ်ယာထခဲ့တာတုန်း 🙂
Ma Ei
October 2, 2014 at 2:33 pm
ဟုတ်တယ်…
ဒီမနက် ရန်ကုန်မှာ မနက် ၆ နာရီ ရ နာရီလောက်က
နှင်းကလေးတွေကျတဲ့ နှင်းမနက်ခင်းလေးဖြစ်ခဲ့တယ်……
ရနာရီခွဲ ရုံးသွားတော့နေကျဲကျဲပူလို့
…
ကေဇီ
October 2, 2014 at 3:41 pm
ရန်ကုန်မှာ နှင်း ရောက်လို့ နေလို့ နေမှာ။
နောက်မနက်ကျ ကျောက်ခဲ မိုးရွာလိမ့်မယ်။
:kwi:
တောင်ပေါ်သား
October 2, 2014 at 3:46 pm
အဲ့ ကျောက်ခဲကြီး
ကျနော့်လည်း အကြောင်းမကြားဘူး ၊ လူဆိုး 🙂
ကိုပေါက်(မန္တလေး)
October 2, 2014 at 3:47 pm
တောင်ပေါ်သားရေ
ဓါတ်ပုံလေးက လှလိုက်တာ ဘယ်နားမှာရိုက်ထားတာလဲ မသိဘူးနော်
တောင်ပေါ်သား
October 2, 2014 at 3:53 pm
နှင်းကျတာ ဓါတ်ပုံ မရိုက်လိုက်ရလို့
google က ပုံလေးထည့်ထားတာပါ ကိုပေါက်ရေ ၊
အညာရှုခင်း ထင်တာပဲ ၊
kyeemite
October 2, 2014 at 3:57 pm
.ဓါ့ပုံကတော့တောင်သမန်နဲ့တူရဲ့
.အမှန်ပဲကိုညိုး..ဒီမနက်နှင်းတွေဝေတယ်..ဒါပေမဲ့ တကယ့်ကိုခဏလေးပါ..ကျောက်စ်ပြန်ခေါ်သွားပုံရတယ်
:k:
တောင်ပေါ်သား
October 2, 2014 at 4:03 pm
ဟုတ်ပါ့ ၊
အဲဒီကျောက်စ်ဟာ အတော်ဆိုးတယ်ကိုမိုက်ရေ ၊
အလင်းဆက်
October 2, 2014 at 5:14 pm
.ကောင်းကင်ကို မော့ကြည့်ရင်းးး
.တယောက်ယောက်ရဲ့ မျက်နှာကလေးကို
.မြင်ယောင်လာဖူးတယ်
.ကွယ်. . . တခါတုန်းက. . .ဝေတဲ့ . . .နှင်း နံနက်ခင်းထဲက..
.အတင်း . . .အသက်ကလေး ပြေးထွက်သွားခဲ့ပြီ. . .
.ဘယ်ဆီဘယ်ဝယ် . . .ကျနော် မျှော်မှန်းရမလဲ မသိတော့လေတိုင်း. . .
အဲ့ဒီကောင်းကင်ပေါ်မှာ ထင်ယောင် မြင်တွေ ့မိတဲ့. . .
.မျက်နှာကလေးကိုပဲ. . . .
.လွမ်းလို့. . .တမ်းလို့. . .ဝေးလို့. . .ဆွေးလို့ပေါ့ နှင်းနံနက်ခင်းလေးရယ်. . .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ဟိုက်ရှားးဘားးးးးး တယ် ကဗျာဆန်နေတဲ့ ငါကိုးးးး
:k:
ခင် ခ
October 2, 2014 at 7:53 pm
တစ်ဆောင်းသစ်ပြန်အုံးမှာပေါ့လေ။
ကိုပေါက်(မန္တလေး)
October 3, 2014 at 1:05 pm
ပြတင်းတံခါးမှာ နှင်းများလာရိုက်ခတ်
လအရိပ်မှာ ညအိပ်ယာဝင်ဆဲ…………..အိုးးးးးးးးးးးးးးးးးးးးးး
တဆောင်းသစ်ပြန်ပြီ…………………
(ထူးအိမ်သင်)
တောင်ပေါ်သား
October 3, 2014 at 1:13 pm
အမယ် ဒီမန်းသား ၂ ယောက် သီချင်းဆိုတာ အတော်ကောင်းမယ့်ပုံပဲ ၊
မန်းရောက်ရင် သွားဟဲရအောင်ဗျာ ၊ 🙂