Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာသာမတူ..လူမျိုးကွဲလည်းချစ်တာ..(၁)

padonmarOctober 6, 20141min68014

သူ့ကို ကျမစသိခဲ့တာ သူငယ်တန်းတုံးကပါ။
ကျမတို့ခေတ်က သူငယ်တန်းလေး၊သူငယ်တန်းကြီးဆိုပြီး ၂နှစ်နေကြရပါတယ်။
သူငယ်တန်းလေးမှာ ပထမအစမ်းစာမေးပွဲဖြေအပြီး ကျမအပါအဝင် ၃ ယောက်ကို ဆရာမက သူငယ်တန်းကြီးကို အတန်းတင်ပေးလိုက်ပါတယ်။
အဲဒီမှာ ဒုက္ခနဲ့ လှလှနဲ့ စတွေ့တာပါပဲ။
သူငယ်တန်းကြီးရဲ့ကျောက်သင်ပုန်းပေါ်မှာ ရေးထားတဲ့ သချင်္ာတွေကို ကျမ မဖတ်တတ်ပါဘူး။
သူငယ်တန်းလေးမှာ သင်တာ (+) နဲ့ (-) ပဲ ရှိသေးတယ်။
ကျောက်သင်ပုန်းပေါ်မှာ ဆရာမရေးပေးထားတာက (x)တဲ့၊အဲဒါ ဘာကြီးမှန်းမသိဘူး။ဘေးက ဂဏန်းတွေတော့ ဖတ်တတ်ပါရဲ့။အဲဒီဟာကြီးက ဘာလုပ်ရမှန်းကိုမသိဘူး။ဘယ်လိုရေးရ၊ဘယ်လိုအသံထွက်ရမှန်းလည်းမသိဘူး။

ဒါနဲ့ အတန်းသစ်မှာ ဆရာမ နေရာချပေးထားတဲ့ ရှေ့ဆုံးခုံကနေ ဘေးဘယ်ညာကို အားကိုးရှာလိုက်တော့ သူ့ကိုတွေ့ပါတယ်။
သူက ကျမကို သူ့စာအုပ်လေးထိုးပြတော့ သူရေးထားတဲ့အတိုင်း ကူးရေးလိုက်ပါတယ်။
(အဲဒီနေ့က အိမ်ရောက်မှ အကိုတွေ အမတွေကိုမေးကြည့်တော့ အဲဒါ အမြှောက်လို့ခေါ်တယ်ဆိုပြီး ဘယ်လိုတွက်ရတယ်ဆိုတာ အနီးကပ်အသင်ခံလိုက်ရပါတယ်။)
အဲဒီနေ့ကစပြီး ကျမသူ့ကို ခင်သွားမိပါတယ်။
သူငယ်တန်းကြီးကစလို့ ဆယ်တန်းရောက်သည်ထိ ကျမတို့ တူတူ(သို့)နီးနီးကပ်ကပ် အမြဲထိုင်ကြပါတယ်။
သူ့နာမည်က သင်းသင်းနွယ်တဲ့။
ဒါပေမယ့် ကျမက သူ့အိမ်နာမည် ဟဝှာဘီဘီကို ဖျက်ပြီး ဟလဝါလို့ စစခေါ်တတ်ပါတယ်။ သူက ဘယ်တော့မှ စိတ်မဆိုးပါဘူး။
မူလတန်းကျောင်းမှာတုံးက သူတို့အိမ်က မြို့အနောက်ပိုင်း၊ကျမတို့ အိမ်က မြို့အရှေ့ပိုင်း၊မြို့လယ်မှာရှိတဲ့ ကျောင်းမှာလာဆုံရတာဆိုတော့ ကျောင်းရောက်မှ အတူတူဆော့ကြရပါတယ်။
၄တန်းအောင် ၅တန်းရောက်ချိန် မြို့အနောက်ဖျားမှာ ရှိတဲ့ ကျောင်းကြီးကို ပြောင်းတက်ကြရတော့ ကျောင်းသွားရင် သူ့အိမ်ကို ကျမက ဝင်ဝင်ခေါ်သွားပါတယ်။
၆တန်းရောက်တော့ သူက ဘာသာရေး အတော်လိုက်စားလာပါတယ်။သူတို့ဥပုသ်လဆိုရင် ဥပုသ်စောင့်တယ်ဆိုပြီး နေ့ဖက်ကျောင်းတက်တာတောင် အစာမစားပါဘူး။တံတွေးတောင် မမျိုရဘူးဆိုတော့ ကျမတော်တော်အံ့ဩပါတယ်။
ကျမတို့က အဲဒီအရွယ် ကျောင်းမှာ ဆရာမလစ်ရင် ကျောက်ကျောရွက်တွေခူး၊အရည်ညှစ်၊စက္ကူခွက်တခုလုပ်ပြီး ကျောက်ကျောခဲတမ်းဆော့နေကျ ၊တခါတလေ ကျောင်းက ခေါင်ရမ်းပန်းတွေ ခူးပြီး ကပ်ကျေးသေးသေးလေး အိမ်က ဖွက်ယူလာတာနဲ့ ညှပ်ညှပ်ပြီး ဆီချက်လုပ်တမ်းလည်း ဆော့တတ်သေးတယ်။
အဲဒီ ထည့်တဲ့စက္ကူ ခွက်လုပ်နည်းကို ကျမပဲကျွမ်းတာ။အဲတော့ သူတံတွေးထွေးထည့်ဖို့ စက္ကူခွက်လေးတွေ ကျမဗလာစာအုပ်ဖြဲပြီး လုပ်လုပ်ပေးရတယ်။ နို့မို့ ဆရာမ စာသင်နေတုံး သူအတန်းပြင် ထထထွက်နေရင် ဆရာမရိုက်မှာပေါ့။

သူနဲ့ ကျမနဲ့ အတန်းတူပေမယ့် သူက ကျမထက် အသက် ၁နှစ်ခွဲတိတိ ကြီးပါတယ်။
အဲဒါကြောင့် ၆တန်းမှာ ကျမက ကလေးပဲရှိသေးပေမယ့် သူက အပျိုဖော်စဝင်ပါပြီ။
အဲဒီမှာ အပျိုဖော်ဝင်စ ဟော်မုန်းတွေ မမှန်ပဲ ရာသီသွေးတွေ သွန်တဲ့ရောဂါကို သူခံစားခဲ့ရပါတယ်။
ကျောင်းပိတ်ရက် တညနေ ကျမတို့ အိမ်ရှေ့ကနေ သူနဲ့ သူ့အမေ ဆိုက်ကားကြီးနဲ့ ဖြတ်သွားလို့ ဘယ်လဲမေးတော့ ကျမတို့အိမ်နားက ဒေါက်တာ ထားထားလေး ဆေးခန်းကို လာတာတဲ့။
အဲဒီဆေးခန်းကို လိုက်သွားကြည့်တော့ အန်တီဒေါက်တာက ဆေးရုံတက်မှ ဖြစ်မယ်လို့ပြောနေပါတယ်။ဆေးခန်းကြမ်းပြင်မှာလည်း သူ့ဆီက မနိုင်လို့စီးကျတဲ့သွေးတွေ တစက်စက်ကျထားလို့။
သူတို့ မိသားစုက မောင်နှမများပြီး သူ့အဖေက နာရီပြင်တဲ့အလုပ်ပဲ ရှိတော့ ဆင်းရဲပါတယ်။
ဒါနဲ့ ကျမလည်းအိမ်ပြန်ပြေးပြီး ကျမမုန့်ဖိုးတွေရယ်(ကျမက ကပ်စေးနည်းတယ်။ကျောင်းမှာ မုန့်ဝယ်စားလေ့မရှိဘူး)တရုတ်နှစ်သစ်ကူးအန်ပေါင်းရထားတာတွေရယ် ရှာဖွေပြီး သူ့အမေကို သွားပေးလိုက်ပါတယ်။ဘယ်လောက်လည်းတော့ မမှတ်မိတော့ပါဘူး။သူတို့မိသားစုအတွက်တော့ အဆင်ပြေသွားပါတယ်။သူ့အမေကဆို ကျမကို ကျေးဇူးတင်လိုက်တာလို့ အမြဲပြောတတ်ပါတယ်။
(ဆရာသော်တာဆွေရဲ့ ကျနော့ဘဝဇာတ်ကြောင်း ထဲမှာ သူငယ်ငယ်က အိမ်ကကုန်စုံဆိုင်က ဆီကို ပါးစပ်နဲ့ ငုံသွားပြီး သူငယ်ချင်းအိမ်ကို ယူယူသွားပေးတယ်ဆိုတာ ဖတ်ရတော့ သူလည်း သူငယ်ချင်းကို ချစ်လို့နေမှာပဲလို့ ကိုယ်ချင်းစာနားလည်ခဲ့ပါတယ်)
ဆေးရုံပေါ် တပတ်လောက်တက်ပြီး နေကောင်းသွားလို့ သူပြန်ဆင်းတော့လည်း လွတ်သွားတဲ့စာတွေကို ကျမပဲပြန်ပြပေးရပါတယ်။ကျမတို့တုန်းက ကျူရှင်မှ မရှိသေးပဲ။

ကျမတို့က တော်တော် အဆော့မက်ပါတယ်။ရတန်းရောက်တဲ့အထိ အိုးပုတ်တမ်းဆော့ကောင်းတုံး။ရတန်းစာမေးပွဲဖြေပြီးတော့ အိမ်မပြန်ပဲ ကျောင်းနားက စာရေးကုန်းရပ်ကွက်ထဲမှာ ရှိတဲ့ ကျမတို့ အတန်းပိုင်ဆရာမ အပျိုကြီး ဒေါ်မာဂရက်အိမ်ကိုသွား၊ဆရာမတို့ ခြံစည်းရိုးက
ကျောက်ကျောရွက်တွေခူးပြီး သွားဆော့ကြတုံး။

ဆရာမက ကရင်ခရစ်ယာန်ဘက်ပတစ်၊ကျမက တရုတ်ကပြားဗုဒ္ဓဘာသာ၊သူက ကုသလမွတ်ဆလင်၊ဒါပေမယ့် ကျမတို့ သုံးဦးသုံးဖလှယ် အခုထိချစ်ကြတုံးပါပဲ။ဆရာမကတော့ ဆုံးသွားတာ ၂နှစ်ရှိပါပြီ။သူကတော့ ဘယ်ဆီရောက်နေတယ်မသိသေးပါဘူး။

14 comments

  • padonmar

    October 6, 2014 at 10:22 pm

    ဒီပို့စ်ကို လွန်ခဲ့တဲ့ ၂လလောက်က ရေးပြီး Draft ထဲထားတာ အခုမရှိတော့တာနဲ့ အသစ်ပြန်တင်လိုက်ပါတယ်။Draft က ဘယ်လောက်ဆို ပျက်သလဲ ဆိုတာလည်း မသိ။
    တကယ့် ဝလုံးတန်းပါပဲ။
    ခုတလော ကိုယ်ရေးကိုယ်တာ ငယ်တုံးက အကြောင်းတွေပဲ ခေါင်းထဲရှိလို့ ဒါတွေပဲတင်တာ ခွေးရော ကြောင်ရော လွှတ်ကြပါကုန်လော့။

  • kai

    October 7, 2014 at 4:52 am

    ဒရပ်ဖ်ထဲ သာမန်အားဖြင့်မပျက်တတ်ပါဘူး..
    ဆာဗာသန့်ရှင်းရေးထဲပါသွားတာထင်တယ်..

    ဆိုတော့..
    မွတ်ဆလင်တွေမှာလည်း နိုင်ငံရေးစီးပွားရေးကစားတာတွေကြားထဲ… တဝဲလည်လည်နဲ့အမုန်းခံ…အခွဲခြားခံနေကြရပါလေရော..
    ငယ်သူငယ်ချင်းများအချင်းချင်းလည်း မျက်နှာပူ…
    ဒီခေတ်ကြီးကိုက… :i:

  • ဦးဦးပါလေရာ

    October 7, 2014 at 5:59 am

    မြန်မာနိုင်ငံတွင်းမှာ ယခင် ဘိုးဘလက်ထက်ကတည်းက နေထိုင်လာခဲ့တဲ့ မွတ်ဆလင်တွေထဲမှာ အယူအဆ ပြင်းထန်သူ နည်းပါတယ်။ အစွန်းရောက်သူကတော့ အလွန်ကို နည်းပါတယ်။
    အခုတစ်လောသုံးလေးနှစ်မှပဲ အစွန်းကို တွန်းပို့တာခံရကုန်တာ……

    ကိုယ့် ကိုယ်ပေါ်က အစိတ်အပိုင်းတွေ ပျက်စီးကုန်ရင် ကိုယ်တိုင်အတွက် ဝမ်းနည်းစရာကောင်းပါတယ်…..
    နိုင်ငံတစ်ခုမှာ နိုင်ငံ့ရေမြေပေါ် တစ်သားတည်းရှိနေပြီးသား နိုင်ငံသားတွေဟာ နိုင်ငံ့အစိတ်အပိုင်းတွေဖြစ်ပါတယ်…။
    သူတို့တွေ (ဘယ်နည်းနဲ့ဖြစ်ဖြစ်) ပျက်စီးကုန်ရင် နိုင်ငံအတွက် ဝမ်းနည်းစရာကောင်းပါတယ်…။

  • ကေဇီ

    October 7, 2014 at 6:37 am

    ကျနော် ကတော့ ….
    တစ်ယောက်ချင်းးစီ ရဲ့ ဘာသာတရားး နဲ့ ပတ်သက်ပြီးး ခွဲခြားးရ မယ် ဆိုတဲ့ အသိ ခုထိမဝင်သေးးး
    တသားးတည်းပေါင်းးခဲ့ တဲ့ ထဲ ဘာသာစုံ ပါပါတယ်။
    စည်းးကမ်းး တို့ အလိုက်သိတဲ့ စိတ်တို့
    ကူညီချင်တဲ့ စိတ်တို့ မှာ တောင် သူတို့ က အားးသာချက်ရှိပါတယ်။
    လူပီသရင် လူ ချင်းးတူတူပါပဲနော်။

    😆

  • ခင် ခ

    October 7, 2014 at 9:44 am

    ဘာသာကိုးကွယ်ယုံကြည့်မှု့က တစ်သီးပုဂ္ဂလ ပက်သက်မှုပါ
    ပေါင်းသင်း ဆက်ဆံ ခင်မင် ရင်းနှီး မိတ်ဆွေပြုမှုက အများနှင့်သက်ဆိုင်မှုပါ
    အဲဒီနှစ်ခုကို ရောထွေးသူတွေအတွက် ပြသနာဆိုတာရှိတတ်တာပါ။
    အဲဒီ တစ်သီးပုဂ္ဂလ နဲ့ အများ သက်ဆိုင်မှုကို ကွဲကွဲပြားပြားသိဖို့လိုတာပါဘဲ။
    မွတ်စလင်ဆိုင်မှာထမင်းစားတာကို တရုတ်မိတ်ဆွေနဲ့သွားခဲ့ပြီး ဆိုင်ရောက်တော့ခရဇ်ယာန်ဘာသာဝင် သူငယ်ချင်းကို ထမင်းအတူလာစားဖို့ဖိတ်တဲ့ ဗုဒ္ဓဘာသာမြန်မာတစ်ယောက် ဖြစ်လို့ရပါတယ်ဗျာ အဲဒါ အဲဒါ………။

  • Mr. MarGa

    October 7, 2014 at 10:05 am

    ဘာသာမတူ လူမျိုးကွဲတာနဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့က တခြားစီပါ။
    သူငယ်ချင်းထဲမှာ ဘာသာ အစုံရှိတယ်
    ဘယ်သွားသွား တတွဲတွဲ
    ပေါ့ပေါ့ပါးပါးပါပဲ

  • kyeemite

    October 7, 2014 at 10:37 am

    .အာတီဒုံလိုပဲ ငယ်သူငယ်ချင်းတွေထဲဘာသာစုံပေါင်းဖူးသလို ခုထိလည်းခင်မင်ရင်းနှီးဆဲပါ
    .အလယ်တန်းကျောင်းသားဘဝက မေမြို့မှာနေခဲ့တော့ အတန်းထဲ မူဆလင်၊ဟိန္ဒူ ၊ ဂေါ်ရခါး၊ တရုပ်
    .စုံလို့ပါပဲ..ငါးတန်းတုန်းက အတန်းထဲ မောင်မောင်နှစ်ယောက်ရှိလို့ တစ်ယောက်ကို ကုလားမောင်မောင်
    .တစ်ယောက်ကို တရုတ်မောင်မောင်လို့ခေါ်ခဲ့ခင်ခဲ့ကြတာမှတ်မိသေးတယ်…
    .အင်္ဂလိတ်ဆရာမဆို ဆာရီကြီးနဲ့…သိပ်သဘောကောင်းတာ
    .အစ်နေ့ဆိုလည်းမုန့်စားရတယ်…ဒေဝါလီနေ့ဆိုလည်းမုန့်စားရတယ်..ပျော်စရာကြီး 😆

  • kai

    October 7, 2014 at 1:25 pm

    အမ်..
    ကျုပ်ကထိပ်ကနေ…ပိတ်ရေးလိုက်တော့.. စာဖတ်သူတွေပို့စ်မူရင်းရဲ့အနှစ်သာရကို.. လမ်းလွဲလိုက်မိသွားမှာစိုးလို့ပါ…
    အရီးဒုံက.. ဘာကိုဆိုလိုချင်မှန်းမသိ..။ :k:
    ===================
    ကျုပ်ဆိုလိုချင်တာက…
    သတင်း(၁).. ဧပြီလ ၃ရက် ၂၀၁၄ အရ.. ရေဒီယွန်ကထုတ်တဲ့.. တွန်မဟော့ခ်ဒုံးကျည်တွေ ယူအက်စ်တပ်ကမဝယ်တော့တဲ့အကြောင်း…။
    http://www.ibtimes.com/military-budget-cuts-force-us-navy-discontinue-raytheons-rtn-iconic-tomahawk-missile-1567211
    Military Budget Cuts Force US Navy To Discontinue Raytheon’s (RTN) Iconic Tomahawk Missile Purchases After 2015
    By Christopher Harress@Charressc.harress@ibtimes.com on April 03 2014 3:58 PM
    Raytheon Company (NYSE:RTN), the maker of the U.S. Navy’s Tomahawk cruise missiles, is working hard to keep the military from halting purchases of the missile, a threat to the giant military contractor’s revenue that emerged from the Pentagon’s cost-cutting plans.
    ===========
    သတင်း(၂). စက်တင်ဘာ၂၆ ၂၀၁၄ အရ.. တွန်မဟော့ခ်တွေပြန်ဝယ်တော့မယ်ဆိုတဲ့အကြောင်း..။
    http://money.cnn.com/news/newsfeeds/articles/prnewswire/NE23327.htm
    Raytheon awarded $251 million Tomahawk missile contract
    September 26, 2014: 05:29 PM ET

    TUCSON, Ariz., Sept. 26, 2014 /PRNewswire/ — The U.S. Navy awarded Raytheon Company (NYSE: RTN) a $251 million contract to procure Tomahawk Block IV tactical cruise missiles for fiscal year 2014 with an option for 2015.

    The contract calls for Raytheon to build and deliver Tomahawk Block IV cruise missiles to the U.S. Navy and U.K. Royal Navy. Raytheon will also conduct flight tests and provide life-cycle support. Production and delivery of the missiles is scheduled to begin in 2015.

    ရေဒီယွန်ကုမ္ပဏီက.. တနှစ်အရောင်းဝင်ငွေ ၂၄ဘီလီယံမှာ.. အလုပ်သမားဝန်ထမ်း ၆၃၀၀ဝ ရှိပါသတဲ့..။
    ၂၄ဘီလီယံဟာ.. လူသန်း၅ဝကျော်ရှိတဲ့မြန်မာတနိုင်ငံလုံးဂျီဒီပီရဲ့ တဝက်လောက်ရှိပါတယ်..။

    ဆိုလိုချင်တာက…
    အမေရိကားက.. အမေရိကန်၂ယောက်ကို..အင်္ဂလန်က..အင်္ဂလိပ်(ဗြိတိန်အသံထွက်နဲ့စကားပြောသူတယောက်)က..ဗီဒီယိုတင်လို့… ခေါင်းဖြတ်သတ်ပြလိုက်ပြီးနောက်ပိုင်း.. အခုလိုအိုင်းစစ်(ISIS) တွေအပေါ်… အထွေထွေစစ်ကြီးဆင်နွဲလိုက်တာမှာ… ချဲ့တွေးတွေး.. ချုံ့တွေးတွေး..ဖြန့်တွေးတွေး.. တွေးကြစေလို…

    ကြားထဲက..ခရစ်ရှန်တွေ.. မွတ်စလင်တွေ.. ထေရာဝါဒဝင်တွေလည်း… နိုင်ငံရေးနဲ့ စီးပွားရေးသမားတွေရဲ့.. “အချဉ်”ဖြစ်နေပြီလားရယ်လို့.. သုံးသပ်ကြည့်ကြစေချင်…

    ကဲ..
    ငယ်သူငယ်ချင်းတွေ.. သူငယ်ချင်းလို့ပဲ..ဆက်၍ချစ်ကြစို့…။ :k:

  • aye.kk

    October 7, 2014 at 4:05 pm

    ​မေတ္တာ စိတ်​နဲ့​နေသူ​တွေမှာ ခွဲခြားမှုဆိုတာမရှိတာ အမှန်​ပါ ဘာသာလူမျိုးမခွဲခြားတာ ​မေတ္တာ စိတ်​ပါ။
    အဓိက အ​ရေးကြီးတာကလည်​း ​မေတ္တာ လို့ဆိုရမှာပါ။

  • Ma Ma

    October 7, 2014 at 10:33 pm

    ဟိုးတုန်းက အစွန်းရောက်မွတ်စလင်ဆိုတာ မရှိသလို
    အစွန်းရောက်ဗုဒ္ဓဘာသာဆိုတာလည်း ခုနောက်ပိုင်းမှပဲ ကြားဖူးတော့တယ်။
    ပခုံးနှစ်ဖက်ကြားမှာ ခေါင်းပေါက်ပြီး မတ်မတ်သွားနိုင်တဲ့ လူ ဆိုတာနဲ့တင် လူလူချင်းတန်ဖိုးထားတတ်၊ လူသားချင်းစာနာတတ်တဲ့ စိတ်ကလေးနဲ့ စဉ်းစားကြစေလိုပါတယ်။ (CD to FR)

  • မြစပဲရိုး

    October 8, 2014 at 7:42 pm

    သများ မှာ စတိတ်ကျောင်း တုန်းက ခရစ်ယာန်မလေး နဲ့ အတွဲဆုံး။
    တက္ကသီလာ မှာတော့ အခင်ဆုံး ကိုး ယောက်ထဲ မွတ် မလေး တစ်ယောက်ပါတယ်။
    အစ် ဆိုသွားတီး တာ။
    တရုတ် နှစ်ကူး မှာလဲ သူ လိုက်တီး တယ်။

    ဘာသာမတူ၊ လူမျိုးခြား လဲ ခင်ဖို့ ကောင်ရင်ခင်မှာဘဲ။
    ချစ်ဖို့ကောင်းရင်ချစ်မှာဘဲ။ မတားနဲ့။

    ဘာသာတူ၊ လူမျိုးတူ လဲ မဟုတ်တာ တွေ လာပြောရင် ဗျင်း မှာဘဲ။
    မတားနဲ့။
    :))

  • Paing Lay

    October 9, 2014 at 2:46 pm

    ဂျီကျတာ၊ ရစ်တာ၊ အတိုင်အတောထူတဲ့နေရာမှာ စလုံးနိုင်ငံသားတွေနဲ့ အင်မတန်တူတယ်လို့ ဆရာ အတ္တကျော်က ပြောဖူးတယ်ဗျ။ တစ်ခုပဲ ကွာပါတယ် အဲဒါကတော့ စလုံးတွေက ကွယ်ရာကနေ လက်သီးပုန်းမထိုးဘူးတဲ့။ အူးကျောက်စ်တို့ မဇီတို့ အသိဆုံးဖြစ်မှာပါ။ :mrgreenn:

    ကျွန်တော်ကတော့ မူလတန်းတုန်းက မွတ်ဆလင်မလေး တစ်ယောက်နဲ့ အလကားနေရင်း ပေးစားခံရတယ်ပေါ့ဗျာ။ ကုလားမယောက်ျားဆိုပြီးတော့။ အလယ်တန်းရောက်တော့လည်း မထူးပါဘူး။ အလကားနေရင်း တရုတ်မနဲ့ပေးစားခံရပြန်တယ်။ ကျွန်တော့်မှာ ဘယ်သွားသွားဘယ်လာလာ အနှောင့်အသွားလွတ်တယ်ကိုမရှိဘူး။ ကျွန်တော့်ဘက်ကတော့ သဘောရိုးနဲ့ မောင်နှမသားချင်းလိုပါပဲ။ အဲဒီထက်လည်း မပိုပါဘူး။ အခုတော့ ပေးစားခံရတာ သိပ်မရှိတော့ပြန်ပါဘူး။ ဒါပေမယ့် အခုလို သီတင်းကျွတ်တော့သိတယ်မလား။ မထိတထိ ကလိလာကြတယ်ပေါ့ဗျာ။ ဘယ်ဘာသာ ဘယ်လူမျိုးဖြစ်ဖြစ် ဘာသာရေးနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးဆိုတာ သက်သက်စီဆိုတာ ဦးမာဃပြောသလိုပါပဲဗျာ။

    • ကေဇီ

      October 9, 2014 at 2:58 pm

      ဟုတ်တယ်။
      လက်သီးပုန်းမထိုးပါဘူးးး
      အဆင်း ဘီးတပ်တာ။
      :kwi:

  • uncle gyi

    November 9, 2014 at 11:07 pm

    ဟုတ်ပpadonmarရေ
    ကျောင်းတုန်းကဘာသာစုံသူငယ်ချင်းတွေဘာမှရှော့မရှိ
    ချစ်ခင်နိုင်ကြပြီးအခုမှရှော့ရကြတာတကယ်စိတ်မကောင်းစရာပါ

Leave a Reply